စတော့ဈေး ကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုကရင်းနှီးမြှုပ်နှံသူများကို အလေး ထား စိုးရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
Google သည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်သည့်နောက် ရှယ်ယာဈေး များ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)ဘီလျံ နစ်နာသွားကြောင်း သတင်းများ က ဖော်ပြခဲ့သည်။
ရခိုင်ပြည် ကျောက်ဖြူမြို့တွင် မနက်ဖြန် ၂၀.၁၀ ၁၂ နေ့ တွင် OIC အလိုမရှိ၊ ၁၉၈၂ခု မြန်မာနိုင်ငံသား အက်ဥ ပဒေ ကိုလေးစားလိုက်နာပါဆိုပြီး စာသားပါအင်္ကျီ ကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ပွဲပြု လုပ်သွား မည်ဖြစ် သည်။
ကိုရီးယား အ ဆိုတော် PSY ရဲ့ ▶
Psy -Gangnam Style သီချင်း မှ Melody ကိုယူပြီး Oppa Myanmar Style ဆိုပြီး မလေး ရှားရောက်မြန် မာကျောင်း သူ/သားတွေ ကFunny Video အဖြစ် တင်ဆက် ထားပါ တယ်။
ကွန်ဂိုနိုင်ငံ အရှေ့ဘက် ကီဗူဒေသအတွင်း သူပုန်တို့၏ တိုက်ခိုက်မှုကြောင့်မတည်ငြိမ်မှုဖြစ်၍ ယင်းဒေသ၌ တနှစ် အတွင်း အမျိုးသမီး ၅၀၀၀ မုဒိမ်းပြုကျင့်ခံရသည်ဟု ဒေသဆိုင်ရာ ဆေးရုံတာဝန်ရှိသူ တဦး ကပြော ပြ ကြောင်း Newage သတင်းမှာ ဖေါ်ပြထားသည်။
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးေ ပါ် ၌အောက် တိုဘာ ၁၄ ရက် နံနက် ၃ နာရီ၃၀ မိနစ်တွင် ကားမီးလောင်သောကြောင့်သက်ဆိုင်ရာမှ လာရောက် စစ်ဆေးစဉ်မူး ယစ် စိတ်ကြွဆေးထုပ်များကိုတောစပ်တွင်ဖွက်ခဲ့၍ယာဉ်ပေါ်ပါလူများ ထွက်ပြေးတိမ်းရှောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။
နယူးယောက် ရှိ အမေရိကန် ဗဟိုဘဏ်အဆောက် အဦ ကို ဗုံးထောင် ဖောက်ခွဲ မည့် အသက် ၂၁ နှစ်အ ရွယ်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား ကာဆီ မိုဟာမက် ရဇ်ညူဝယ်(လ) အရှန် နာဖစ် ကို လျှို့  ၀ှက်တာ ၀န်ထမ်းဆောင် မှု ပြု နေသည့် အမေရိကန် ပြည်တွင်းလုံခြုံရေး အဖွဲ့  ၀င်များ ၏ အကူ အညီ ဖြင့်ဖမ်းဆီး နိုင်ခဲ့ သည် ဟု Fox သတင်း ရုပ်သံ က ထုတ် လွှင့် ခဲ့ သည်။
လူသိများ ထင်ရှားတဲ့ တူရကီ စန္နယားဂီတပညာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလကသူ့ရဲ့ တွစ်တာပေါ်မှာ အစ္စလာမ် ဘာသာကို ပုတ်ခတ် ရေးသားခဲ့ တာကြောင့်ဘာသာရေး စော်ကားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ တွစ် တာပေါ်မှာ ရေးသားခဲ့တဲ့ မှတ်ချက်ကို တွစ်တာသုံးစွဲသူ အတော်များများက မူဆလင်တွေကို ဟာသ လုပ်ခဲ့ကြတဲ့ အတွက် ဘာသာရေး စော်ကားမှု အဖြစ် စွဲဆိုခံရတာကို အစ္စတန်ဘူးလ်က တရားရုံးက တရား ခွင်မှာ အသက် ၄၂ နှစ် အရွယ် Fazil Say က ကိုယ်တိုင် ချေပခဲ့ပါတယ်။
အပြစ်ရှိ တယ်လို့ အမိန့်ချမှတ်ခံရရင်တော့ ထောင်ဒဏ် ၁၈ လ အထက် ကျခံရမှာဖြစ်ပါတယ်။ ချက်ချင်း တရားသေ လွှတ်ပေးဖို့ Say က တရားရုံးမှာ တောင်းဆိုပေမယ့် တရားသူကြီးက ဒီအမှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
Say ဟာ ဥရောပ ကော်မရှင်ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို New York Philharmonic နဲ့ Berlin Symphony Orchestra တို့ အပါအ၀င် သံစုံတီးဝိုင်း အတော်များများလည်း ပါဝင်တီခတ်ခဲ့သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J.Burns ဟာ ဒီကနေ့ နေပြည်တော် မှာရှိတဲ့မြန်မာ သမ္မတဦးသိန်းစိန်အပါအ၀င်မြန်မာအစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ရော၊ဒေါ်အောင် ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းဘိန်းစာရွက်ရောင်းချသူ ၆ ဦးအား ဖမ်းဆီးထားကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ဘိန်းစာရွက်(IMNA) ဖမ်းဆီးရမိထားသော ၄င်းဘိန်း စာရွက်ရောင်း ချသူများအား မော်လမြိုင်ထောင်၌ ဒုတိယ-ရမန်ဖြင့်ချုပ်နှောင် ထားဆဲဖြစ်ပြီး မကြာမီ တရားစွဲဆိုတော့ မည်ဟု သိရသည်။“ကျုံကရုတ်ရွာနဲ့ ကြံ့ခိုင်ရေးရပ်ကွက်တွေကပါ၊ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့ တာ တရားမစွဲ ရသေးဘူး၊ ဥပဒေအကြံပေးချက် တောင်းထားဆဲပဲ” ဟု အထက်ပါရဲအရာရှိကပြောသည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်တင်နေသော အကြွေးငွေ ဒေါ်လာ ၅၀၀ ဘီလျံ အနက်မှ ဘီလျံ ၃၀၀ အား ကြွေးလျော်ပေး လိုက်ပါသည်။ မြန်မာနိုင်ငံ၏ အခြားနိုင်ငံများအပေါ် တင်ရှိနေ သည့် အကြွေးများကိုလည်း ပြန်ဆပ်နိုင်ရန် ကူညီပေးသွားပါအုန်းမည်။ ဒါတွေက ဘယ်သူ့ကြိုးပမ်းအားထုတ်မှုကြောင့်လည်း…? မိဘဆို တာ သားသမီးကို တကယ်ချစ်ရင် အပြစ်ဆိုစရာရှိလို့ ပြောရမယ်ဆိုရင်တောင် အများရှေ့မှာ မ ကောင်းတဲ့ အပြစ် အနာအဆာ အားနည်းချက်တွေကို ထုတ်ဖော်ပြောပြီး ရိုက်နှက် ဆုံးမတာဟာ တကယ်ချစ်တာလား? သားသမီးကို အများသူငါရှေ့မှာ အရှက်ရ စေခြင်း၊ နောက်နောင် အမည်ဆိုး တွင်သွားအောင် အရှက်ခွဲလိုက်ခြင်းလား? ဒါကြောင့် သားသမီးကို တကယ်ချစ်ရင် ကောင်းစေချင်ရင် အိမ်ကျမှ ဆုံးမပါ။ အများ သူငါ ရှေ့မှာ ကိုယ့်သားသမီးရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြောဆိုပြီး အရှက်မခွဲပါနဲ့ လို့ လေ့လာ မှတ်သား ခဲ့ရတယ်။ သားသမီးတစ်ယောက်ရဲ့ အားနည်းချက်ကို အများသူငါရှေ့ထုတ် ဖော်ပြော ဆိုလိုက် ရင် သူ့စိတ်ထဲမှာ ငါ့အဖေ၊ ငါ့အမေ ဟာငါ့ဖက်က မကာကွယ်ပါလား။ သူက၀င်ပြီး အပြစ်တွေပြောနေတယ်။ ငါ့ဖက်မှာ ဘယ်သူမှ မရှိပါလား။ ဆိုတဲ့ အတွေးဝင်သွား မယ်။ အရွဲ့တိုက်ချင်စိတ် အရာရာဆိုးတိုင်ပင် ကောင်းတိုင် ပင်စိတ် မရှိတော့ပဲ ကိုယ့်သဘောနဲ့ ကိုယ် စိတ်လိုက်မာန်ပါ လုပ်တော့မယ်။ ကိုယ်နဲ့ရွယ်တူ ကလေးတွေရဲ့ မကောင်းတဲ့ အကျင့် စရိုက်တွေကို လိုက်လုပ်တော့မယ်။ ပြဿနာတစ်ခု ဖြစ်ရင် မိဘက မင်းမကောင်းလို့ မင်းကြောင့် စတဲ့ အပြစ်တင်ကြိမ်းမောင်းတာတွေကို လူေ၇ှ့သူရှေ့ အရှက်ခွဲခံရမဲ့ အတူတူ ဘာပြဿနာ ဖြစ်ဖြစ် မိဘကို ဖွင့်မပြောတော့ပဲ ကိုယ့်ဖာသာကိုယ် ရှင်းတော့မယ်။ ဒါဆို မိသားစု ဆိုတဲ့ စည်းလုံး ညီညွတ်မှု ပျက်စီးသွားရင် ကြားလူ အချောင်သမားဝင်လာမယ်။ လမ်းမှားကို ရောက်တော့မယ်။ နိုင်ငံ တစ်နိုင်ငံမှာ မိဘနဲ့တူတဲ့ အုပ်ချုပ်သူ ခေါင်းဆောင်တွေဟာ သားသမီးနဲ့တူတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အပေါ်မှာ ဘယ်လိုဆက်ဆံမလည်း။ နိုင်ငံတကာလှည့်ပြီ “ မြန်မာလူမျိုးတွေ အပျင်းကြီးတယ်။ အချင်းချင်း မတည့်ဘူး။ ရိုင်းစိုင်းတယ်။ ပညာမတတ်ဘူး။ အချင်းချင်း မနာလိုဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတာ” စသည်ဖြင့် သားသမီးကို အရှက်ခွဲ နေတဲ့ မိဘနဲ့ မတူတဲ့ မိဘကြောင့် မြန်မာလူမျိုး ဆိုတာ ကမ္ဘာမှာ သိမ်ငယ်နေရတယ်။ တစ်ချို့ကတော့ မိဘကောင်းစိတ်နဲ့ “မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံပါ။ ကျွန်တော် တို့နိုင်ငံမှာ လာရောက်လေ့လာကြည့်ပါ။ မြန်မာလူမျိုးတွေက ဖော်ရွေတယ်။ သဘောကောင်း တယ်။ ကူညီချင်စိတ် အပြည့်ရှိတယ်။ ရိုးသားတယ်၊ သံယောဇဉ်ကြီးတယ်။ ခင်ဗျားတို့ ဖက်က လိုချင်တဲ့ တရားဥပဒေစိုးမိုးအောင် အကာကွယ်ပေးပါ့မယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိုနှိုင်းပါ။ ကျွန်တော်တို့ ဆီမှာ လိုအပ်တာတွေ ကတော့ နည်းပညာပိုင်းဆိုင်ရာပါ။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံ သားတွေကိုလည်း နည်းပညာပိုင်းဆိုင်ရာ လက်တွဲခေါ်ယူ သင်ပြပေးပါ။ အဆွေတော်တို့ အတွက် အကျိုး ရှိမဲ့ စီမံကိန်းတွေပါ။ ဒါကြောင့် အဆွေတော်တို့ အတွက်လည်း ရင်းနှီးမြုပ်နှံရင် သေချာပေါက် အကျိုးရှိမယ့် စီးပွားရေး လုပ်ငန်းတွေပါ။ နောက်ပြီး မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော် စီးပွားရေးပိတ်ဆို့ထားခဲ့တော့ ကိုယ့်ပစ္စည်းလဲ မရောင်းရ သူတို့ပစ္စည်းလဲ မရောင်း စက်ရုံအလုပ်ရုံတွေလည်း မရှိတော့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ရတယ်။ ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ အလုပ်သွား လုပ်နေရတယ်။ ဒါကြောင့် စက်ရုံအလုပ်ရုံတွေ လည်း လာရောက်ရင်းနှီး မြုပ်နှံစေချင်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ကူးပြောင်းစ ကာလမှာ အဖက်ဖက်က လိုအပ်ချက်တွေ ရှိနေလို့ အကူညီပေးစေလိုပါတယ်” ဒီလို နိုင်ငံ တကာ အလယ်မှာ ကိုယ့်သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းနည်းပညာ အစစ ဘက်စုံ တိုးတက် ဖွံ့ဖြိုးအောင် မိဘကောင်းစိတ်နဲ့ ကြိုးစားတယ်။ အပြစ်အနာအဆာ တွေကို အိမ်ကျမှ တိုးတိုး တိတ်တိတ် ဆုံးမပြီး ပညာတွေ ကြိုးစားသင်ပြီး ကိုယ့်နိုင်ငံပြန်လာပါ။ စည်းလုံးညီညွတ်ဖို့ရာ ထင်းစည်းလေး ချိုးပြနေ ရတယ်။ ကိုရီးယားတွေလို ၀ိရိယ ရှိကြ။ သူများ တိုးတက်သလို တိုးတက်အောင် ကြိုးစား။ အလုပ် လက်မဲ့ပေမယ့် ထမင်းမငတ်တာ မြန်မာနိုင်ငံ မှာပဲ ရှိတယ်။ ဒီလို အရိုးပေါ် အရွက်ဖုံးပြီး ကောင်းတာလေးတွေ ရွေးချီးမွမ်း ကိုယ့်လူကိုယ် တိုးတိုးတိတ်တိတ် ဆုံးမ မှ တကယ်သားသမီးကို ချစ်တဲ့ မိဘပါ။ မိဘကောင်းရင် သားသမီးက မိကောင်းဖခင် သားသမီးဖြစ်လာမှာပါပဲ။ ဒါကြောင့် ဘယ်မိဘက ကိုယ့် အပေါ် တကယ်ကောင်းတာ လည်း စေတနာ တကယ်ရှိတာလည်း သားသမီးတွေ စဉ်းစားကြပါ။
HIV ရောဂါပိုး ရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုးရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာ အား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိ ကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။ အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက် သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။ ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံ ခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိ ကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။
ရန်ကုန် အဝေးသင် တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဥပဒေ ပညာရပ် သင်ယူ လိုသူများ အတွက် အွန်လိုင်းမှ လေ့လာရမည့် ဘွဲ့လွန်ဥပဒေ ဒီပလိုမာ သင်တန်းကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့် လှစ်သွား မည် ဖြစ်သည်။ ဆယ်လကြာမြင့်မည့် သင်တန်းအတွက် ဘွဲ့တစ်ခုရရှိထားသူများ တက်ရောက်နိုင် မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငါးသိန်း၊ မှတ်ပုံတင်ကြေး ကျပ်တစ်သောင်းနှင့် စာမေးပွဲကြေး ကျပ်သုံးသောင်း ပေးသွင်းရမည်ဖြစ်သည်။ “ဥပဒေပညာကို အကြောင်း အမျိုးမျိုးကြောင့် မသင်ယူလိုက် ရတဲ့ သူတွေ ဗဟုသုတ ရဖို့ ရည်ရွယ်ပါတယ်။ ယာယီအားဖြင့်ကတော့ သင်တန်းသား ၅၀ သတ်မှတ် ထားပြီး နောက်ပိုင်းမှာ တိုးခေါ်ဖို့ အစီအစဉ် ရှိပါတယ်။ သင်တန်းကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်သွားမှာပါ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန ဌာနမှူးဖြစ်သူက ပြောသည်။ ရန်ကုန်အဝေး သင်တက္ကသိုလ်၏ ရုပ်မြင်သံကြား ရိုက်ကူးရေး စတူဒီယိုတွင် ရိုက်ကူးထားသော သင်ခန်းစာများကို www.yudeonline.com.mm မှတစ်ဆင့် သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသားများ အနေဖြင့် အင်တာ နက် ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ သင်ခန်းစာများ ဖတ်ရှုလေ့လာခြင်း၊ လေ့ကျင့်ခန်းနှင့် လက်တွေ့များ ဖြေဆိုခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ရန်ကုန်အဝေးသင် တက္ကသိုလ်အနေဖြင့် အွန်လိုင်း ဒီပလိုမာ သင်တန်းကို ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သည် ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချလျက် ရှိကြောင်း သိရှိရသည်။
အများပိုင်ကုမ္ပဏီ တစ်ခုအနေဖြင့် ပြည်တွင်း ကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များမှ သိရသည်။ ယင်း အများပိုင် ကုမ္ပဏီသည် ယခုအချိန်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအထိ ပြုလုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)မှ အသင်း ဝင် အများစု ပါဝင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက ပြောသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA) အသင်းဝင် ကုမ္ပဏီများမှ စိတ်ဝင်စားသည့် Founding Member (၈၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ဖြစ်ကာ ယင်းအများပိုင် ကုမ္ပဏီတွင် ကနဦးအနေဖြင့် အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ နှင့် BOD (Board of Director) အရည်အချင်း သတ်မှတ်ချက်အရ အနိမ့်ဆုံးကျပ်သိန်း ၂၀၀ သတ်မှတ် ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးမင်းဦးက ပြောသည်။ “အများပိုင် ကုမ္ပဏီ အနေနဲ့ အိုင်စီတီ ကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ရည်ရွယ် ထားပါတယ်” ဟု ၎င်းက ပြောသည်။ BOD အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဦးက BOD အဖွဲ့ဝင် ကိုးဦးကို တည်ထောင်သည့် အစုရှယ်ယာရှင်(၈၅) ဦးမှ လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အများပိုင် ကုမ္ပဏီ မှတ်ပုံတင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ မြန်မာနိုင်ငံ ကွန်ပျူ တာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက “BOD အဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဒါရိုက်တာ အဖွဲ့ဝင် ကိုးဦးမှ တစ်ဦးကို ရွေးချယ် တင်မြောက်သွားမှာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီမှတ်ပုံတင်နဲ့ လုပ်ငန်း စတင်ဆောင်ရွက်ခွင့် ရရှိပြီးတာနဲ့ တရားဝင် ကြော်ငြာပြီး အစုရှယ်ယာများကို ရောင်းချပေး သွားမှာပါ” ဟု ပြောသည်။ အစုတစ်စုကို ကျပ်တစ်သောင်းဖြင့် ရောင်းချသွားရန် အစီအစဉ်ရှိပြီး BOD ဖြစ်နိုင်ရန် အတွက် အစု ၂,၀၀၀ ရှိလျှင် ဖြစ်နိုင်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီး များအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ် အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်းတမန် ခင်းနှိုင်းဆောင် ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေး မှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလော ဆယ်လည်း ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ် မယ် လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်အပြီး နောက်တစ်နေ့မှာတော့ အီရန်တော်လှန် ရေး တပ်ပေါင်းစု စစ်ဦးစီး ချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ် အပတ် စဉ်သတင်း တစ်ရပ် မှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေး ဌာနများကတော့ ဒါကို အလေးထားစုံစမ်းလျက်ရှိကြောင်း ဖော်ပြထား ပါ တယ်။ အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords)အဖြစ် “ရေဆိုး” (Muddy Water)လို့ နာမည်ပေးထား တယ်လို့ဆိုပါတယ်။ တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့ မယ်ဆိုရင် ဟောမုဇ်ရေလက် ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ နေကြတဲ့ ရေနံတင် သင်္ဘောကြီး တွေအ တွက် အန္တရာယ်ရှိမှာဖြစ် သလိုပတ်ဝန်းကျင်ဘေး အန္တရာယ်ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများ အတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်မှာဖော်ပြထားပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ''လက်ရှိ အတိုင်းပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမ အကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေး မှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါ အဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ် ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ် အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။ သို့သော်မေး ခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက် သည်ဟု တွဲဖက် ပါမောက္ခက ထပ် လောင်း ဆိုသည်။ ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့ က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်း တို့ကို အခြေပြုကာ ၄င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြု သည်။
မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ စက်သုံးဆီ အခြင်အတွယ် စနစ်ကို ဂါလံစနစ်မှ လီတာ စနစ်ကို ပြောင်းလဲ အသုံးပြုမှာ ဖြစ်ပြီး ဒီလို အသုံးပြုရာမှာ စက်သုံးဆီ ၁ ဂါလံကို ၄.၅၄၆ လီတာနှုန်းနဲ့ သတ်မှတ် ရောင်းချဖို့ စွမ်းအင်ဝန်ကြီး ဌာနမှ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စက်သုံးဆီ အရောင်းဆိုင် တွေမှာ လီတာ ပန့်များရဲ့ Display Unit မှာ ၄.၅ လီတာဟု ဖော်ပြတဲ့ အချိန်မှာ အမှန်တကယ် ဆီထွက်နှုန်းမှာ ၄.၅၄၆ လီတာ ပမာဏ ဖြစ်စေဖို့ အတွက် ပန့်ရဲ့ ဂါလန် မီတာကို ချိန်ညှိပြီး တိကျစွာ တပြေးညီ သတ်မှတ် ရောင်းချ ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် အချို့မှာ အရင်က ဂါလန်နဲ့ ရောင်းချခဲ့ ရာ ယခုအချိန်မှာ လီတာစနစ်နဲ့ သာရောင်းချ ရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာလည်း ရန်ကုန်မြို့ရှိ စက်သုံး ဆီ ဆိုင်အချို့မှာ လီတာ စနစ်နဲ့ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စက်သုံးဆီ ၀ယ်ယူသူ တွေဟာ ငွေကျပ် တစ်သောင်းဖိုး၊ နှစ်သောင်းဖိုး ၀ယ်ယူ ၀ယ်ယူတဲ့ အခါမှာလည်း သတ်မှတ် ထားတဲ့ လီတာ စနစ်နဲ့သာ ရောင်းချ ပေးရမှာ ဖြစ်ပါတယ်။ လီတာပန့် အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချနေတဲ့ စက်သုံးဆီ အရောင်းဆိုင်များ အားလုံး သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်ချက်များကို ဆက်လက် ညွှန်ကြား သွားမှာ ဖြစ်ပါတယ်။ ဒီလို ညွှန်ကြားမှုကို တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်း ဆိုင်များ အားလုံး သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်ချက် များကို ဆက်လက် ညွှန်ကြား ဆောင်ရွက် နိုင်ဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းနဲ့ ပြည်နယ်တိုင်း ဒေသကြီး ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်း သိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီကို အသိပေး အကြောင်းကြား မှုများ ဆောင်ရွက် ထားတယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံ တွင်းရှိ တိုင်းဒေသ ကြီး/ပြည်နယ်တိုင်း လျှပ်စစ် အင်ဂျင် နီယာများ အနေဖြင့် လျှပ်စစ် ဓာတ်အား ယူနစ်ပျောက်ဆုံး မှုလျှော့ နည်းစေရေးအတွက် အဖက်ဖက် မှ တွန်းအားပေးဆောင် ရွက်သွား ရန်ပဲခူးတိုင်းဒေ သကြီးတိုင်း လျှပ်စစ် အင်ဂျင်နယီယာရုံးမှ ဆောင်ရွက် သကဲ့သို့ လိုက်နာဆောင်ရွက်ရန် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှယူနစ်ပျောက်ဆုံးမှု လျှော့နည်းaစရေးအတွက် တွန်းအားပေးဆောင် ရွက်သွားရန် နှိုးဆော်မှုများ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများ အလိုက်ယူနစ် ပျောက်ဆုံးမှု လျှော့နည်းမှုဆောင်ရွက်ချက်အခြေအနေများကို လစဉ်(၁၅) ရက်နေ့အထိတစ်ကြိမ်နှင့် လကုန်ရက်နေ့အထိ တစ်ကြိမ်ဆောင်ရွက်ချက် တိုးတက်မှု အခြေ အနေ အား (၃) ရက်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသို့ ပြန်လည်တင်ပြရမည်ဖြစ် ကြောင်းသိရ သည်။ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လက်အောက်ရှိမြို့နယ် လျှပ်စစ်အင်ဂျင် နီယာ၊ မြို့လျှပ်စစ်မှူးရုံးတစ်ရုံးချင်းစီ၏ ဓာတ်အားပျောက် ဆုံးမှုအား စိစစ်ခဲ့ရာတွင် ဓာတ်အားပျောက် ဆုံးမှု များပြားနေကြောင်း ပေးပို့ သည့်အစီရင်ခံစာများအရ စိစစ်တွေ့ရှိရကြောင်း သိရသည်။ သို့အ တွက်ကြောင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုခေါ်ယူပြီး လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းအောင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်ရန် ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဓာတ်အားပျောက် ဆုံးမှု လျှော့နည်း အောင်ဆောင်ရွက်မှုအားနည်းသော မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ မြို့ လျှပ်စစ်မှူး တို့အား ခုံဖွဲ့စစ်ဆေးပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ တိုင်းလျှပ် စစ်အင် ဂျင်နီ ယာရုံးမှလည်း လိုအပ်သော နည်းပညာနှင့်ပစ္စည်းများပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ယူနစ်ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် ဆောင်ရွက် ခဲ့ရာ အောင်မြင်မှုများ ရရှိ ခဲ့ကြောင်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ရုံးမှတာဝန် ရှိပုဂ်္ဂိုလ်တစ်ဦး၏ပြောပြချက်အရ သိရသည်။
ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာ တံတား ညီနောင်တွင် ကေအိုင်အေ (ကချင်) အဖွဲ့မှ မိုင်းအား နင်းမိ၍ (၁) ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိ ၁၆-၁၀-၂၀၁၂ ရက်နေ့ ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ် (ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေး ရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁)ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ မိုင်းပေါက် ကွဲမှု ဖြစ်စဉ်အား သိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည် သူ့ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းထောင်မှု များကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိပြီး သေဆုံးမှု များစွာ ရှိနေ ကြောင်း သတင်း ရရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက် (တယ်လီဖုန်းလိုင်း အ သုံးပြုသည့် မြန်နှုန်းမြင့် အင်တာနက် စနစ်) စတင် တပ်ဆင် ခနှုန်းကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖေါ်ပြထား သည်။ မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီ ပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက် များ၏ ဈေးနှုန်းလျော့ ချမည် မချမည်ကိုမူ မသိရှိရသေးပါ။ ယခင် လစဉ်ကြေး ၆ သိန်းကျသင့် သည့်စတင် တပ်ဆင် ခကို နှုန်းထားသစ် တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့ ၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများ အကြား အမြင့်ဆုံးသော နှုန်းထားဖြစ် သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေး အဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။ တဦးချင်း ၀င်ငွေမြင့်မား သည့်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိ ကန်ပြည်ထောင်စု တွင် ADSL အင်တာနက်လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်ပြည် ဖားကန့်မြို့နယ်ေ
မှာ်မောင်ကုန်းရွာမှာ မနေ့ ညက
လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဆယ်အိမ်မှူးအပါအဝင်ယခင်ကစစ်ပွဲကြောင့်သေဆုံးခဲ့သူတစ်ဦးရွာသား ၆ ဦးသေဆုံးပြီး ၅ ဦး အပြင်း အထန် ဒဏ်ရာရရှိသွားပါတယ်။
နှစ်ရက်ကြာ ကျင်းပမည့် ‘လက်ပန်တောင်းတောင် စီမံကိန်း ရပ်စဲရေး ပြည်သူ့ညီလာခံ’ကို ဆားလင်းကြီးမြို့ နယ်၊ ဆည်တည်းကျေးရွာတွင် ကြာသပတေးနေ့ မနက်ပိုင်းကစတင်ကျင်းပခဲ့သည်။
အနယ်နယ် အရပ်ရပ်မှ သံဃာတော်များ၊ ကျောင်းသားများ၊ တိုင်းရင်သားများ၊ ကဗျာဆရာများနှင့် ဒေသခံ ရွာသူ၊ ရွာသားများ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြကြောင်းဆည်တည်း ဘုန်းကြီးကျောင်းမှ ဦးပဉ္ဇင်း ဦးနန္ဒာစာရ က မိန့်ကြားသည်။
ရွှေမြန်မာ မီဒီယာမှ တာဝန်ရှိသူများခင်ဗျာ .. ပြည်သူများအမှန်တစ်ကယ်ခံစားနေရသည့် အကျင့်ပျက်ခြ စား ၀န်ထမ်းတို့၏ လုပ်ရပ်များကို တာဝန်ရှိသူများသိရှိစေလိုပါသဖြင့် ယခုပို့ပေးသောသတင်းကို ရွှေမြန်မာ မီဒီယာ တွင်တင်ပေးစေလိုပါသည်ခင်ဗျား ..
ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံးဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသား
များနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက် (၉) နာရီက AZG ဆေးခန်းဖွင့်လှစ်မည်ကို စစ်တွေမြို့ခံလူထု (၁၃၀)ကျော်က ဆန္ဒထုတ်ဖော်၊ ကန့်ကွက်ခဲ့ခြင်းကြောင့် ဆေးခန်းဖွင့်လှစ်ခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ)သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုသို့ အကြောင်း ကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanogluက ယမန်နေ့က အတည်ပြု ပြောကြား သည် ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင်ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့လည် ၁၁ နာရီခွဲတွင် OIC အစ္စလာ မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့် ကွက်ဆန္ဒ ထုတ်ဖော်ပွဲ နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအား ထောက်ခံကြိုဆိုပွဲတရပ်ကို ရခိုင်လူမှုကွန်ယက်အသင်း (တောင်ကုတ်)က ဦးဆောင်၍ လူပေါင်း ၂၀၀၀ နီးပါးခန့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရ ရှိသည်။
စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသား(၃)ဦး ပွိုင့်ကမ်းခြေမှအပြန် ကမ်းနားလမ်း၌ မနေ့ညနေ (၇)နာရီ (၁၅) မိနစ်တွင် ပလက်ဖောင်းကို ဆိုင်ကယ်တိုက်မိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သတင်းရ ရှိ သည်။
၁၇.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀နာရီပတ်ဝန်ကျင်တွင်စစ်တွေမြို့ရှိမြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့ အ စည်းအသီးသီး များနှင့် ရခိုင်လူငယ်များမှစုဝေးပြီးAZG/MSF အဖွဲ့နှင့် ပတ်သတ်ပြီး ဆွေးနွေးပွဲ တခုကိုပြု လုပ် ခဲ့ကြ ပါသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖက် ကိုယ်စား လှယ်များ သည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေး ကြရန် သဘောတူ ထားကြကြောင်း သိရသည်။
ကချင်ပြည် နယ်ရှိ စစ်ဘေး ဒါဏ်သင့်ပြည် သူများအတွက် ရန်ကုန်တောင် ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ မှ ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများ သီဆို၍ အလှူငွေများ လိုက်လံကောက် ခံခဲ့ကြ ပါသည်။ အလှူငွေကောက်ခံမှုကို သန်လျင်မြို့ နယ် အတွင်းရှိ လူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်ဆိုင် များနှင့် ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ (ရတကသ)မှ ကျောင်းသား(၂၁)ယောက်ဖြင့် လိုက်လံကောက်ခံ ခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများ သီဆို အလှူခံထွက်ရင်း တပြိုင်နက် (ရတကသ)မှ ပြည်တွင်းစစ် ရပ်စဲ၍ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် တောင်းဆို သည့် ကြေငြာချက်များကိုလည်း ဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသား များသမဂ္ဂ (ရတကသ)မှ အလှူခံရရှိသော ငွေကျပ်၃၁၀၀၀၀ကျပ် (သုံးသိန်း တစ်သောင်းကျပ်)နှင့် လှူဒါန်းကြ မည်ဖြစ်သည်။ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊၀ါးခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံ ရရှိသော အလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံရရှိသော အလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျောင်းသား များသမဂ္ဂသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗန်းမော်ခရိုင် ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ၊အလှူငွေ လက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂသို့  ပြန်လည်ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာ ဖော်ပြ အပ်ပါသည်။ လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသား များသ မဂ္ဂ(ရတကသ)မှ ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေး ပါသော ဗန်းမော်ခရိုင် ကျောင်းသားများသမဂ္ဂအား ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂမှ ကျေးဇူးအထူးတင်ရှိပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေ တူးဖော် မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
၁၉၅၂ ခုနှစ်မှစ၍ ယနေ့ကာလအထိ တရားမ ဝင်ကြေညာ ထားပြီးဖြစ်သော ငွေစက္ကူ များမှအပ ကျန်ငွေ စက္ကူများဖြစ်သည့် (၁)ကျပ်တန်မှ ကျပ်တစ်သောင်း တန်အထိ ငွေစက္ကူ အားလုံးကို တရားဝင် လှည့်လည် သုံးစွဲနိုင်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာသည်။ တန်ဖိုးငယ်ငွေစက္ကူငယ်စက္ကူများ ပြန်လည် ရုပ်သိမ်း မည်ဆိုသည့် ကောလာ ဟာလများမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကိုလည်း သိရသည်။ "ဒီလို မသေချာပဲနဲ့ ပြောတဲ့စကားတွေကြောင့် ပြည်သူ လူထုတွေကို အလကားသက်သက် စိုးရိမ်သောက ဖြစ်စေတယ်။ နောက်ဆုံး ရုပ်သိမ်းမယ် ဆိုရင်တောင် စည်းမျဉ်းတွေအရ အစိုးရခွင့်ပြုချက်နဲ့ ပြည်သူလူထုကို တရားဝင်ထုတ်ပြန်ကြေညာပြီးမှ ရုပ်သိမ်းလို့ရမှာ" ဟု နိုင်ငံတော် ဗဟိုဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ အောက်တိုဘာလ ဒုတိယအပတ်အတွင်းက တန်ဖိုးငယ်ငွေစက္ကူများဖြစ်သော (၅) ကျပ်၊ (၁၀) ကျပ်၊ (၂၀) ကျပ်၊ (၅၀) ကျပ်တန်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြန်လည်ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများ ပြည်သူလူထုကြားထဲ၌ ပြန့်နှံနေသည့်အပေါ်တွင်ဗဟိုဘဏ်မှမဟုတ်မှန်ကြောင်း အောက်တိုဘာလ (၁၇) ရက်နေ့တွင်ယခုကဲ့သို့ ပြန်လည်၍ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အခုရက်ပိုင်း လူတွေကြားမှာ အကြွေတွေကို ပြန်ရုပ်သိမ်းမယ်ဆိုပြီး သတင်းတွေထွက်နေတော့ ကျွန်တော်တို့ လို မုန့်အေးဂျင့်လုပ်ငန်းတွေဆို ဘယ်အချိန်ထပြီး ရုပ်သိမ်းမလဲဆိုပြီး ရင်တမမနဲ့ ဖြစ်နေ ကြတာ။ ပြီးတော့ ဒီငွေအကြွေ လေးတွေက အောက်ခြေလူတန်းစားတွေထဲမှာ အများဆုံး သုံးနေတာ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ မုန့်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကိုစိုးစံက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ သုံးစွဲ ထုတ်ဝေခြင်း အခန်း(၆) အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ (သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန်လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာ ချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ (သို့) ဒင်္ဂါးများ အတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင် ကြောင်း နိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ လွန်ခဲ့သော သြဂုတ်လအတွင်းက နိုင်ငံခြားငွေလဲလှယ်နိုင်သောလက်မှတ် (FEC) ကိုလာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဏာနှစ်အကုန်တွင် ရုပ်သိမ်းမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌမှ မီဒီယာတစ်ခုသို့ တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။