မလေးရှားနိုင်ငံမှာ ရှာရီးယားလို့ခေါ်တဲ့ ဘာသာရေးတရားရုံးက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် မိန်းမငယ်လေးကို လပ်ထပ်ခွင့်ပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင် ငံ ရှေ့နေချုပ်က နိုင်ငံပြဌာန်းဥပဒေအရ အရေးယူနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
အသက် ၄၀ အရွယ်အမျိုးသားဟာ ၁၃ နှစ်အရွယ်မိန်းမငယ်လေးကို လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုနဲ့ ကနဦး စွဲချက်တင်ခံရပေမယ့် မိန်းမငယ်လေးကို အဆိုပါအမျိုးသားက လက်ထပ်လိုက်တဲ့အခါမှာတော့ အဓမ္မပြုကျင့်မှုစွဲဆိုချက်ကို ပလပ်ခဲ့ပါတယ်။
ဒါပေမယ့် အဓမ္မပြုကျင့်မှုထင်ရှားရင် ကျခံရမယ့် ထောင်ဒဏ်ကို ရှောင်ရှားချင်တဲ့အတွက် လပ်ထက်ထိမ်းမြားဖို့ ရှာရီးယားဘာသာရေးတရားရုံးမှာ လျောက်ထားခဲ့တာကို ရှာရီးယားတရားရုံးက ခွင့်ပြုခဲ့တဲ့အတွက် အဓမ္မမှုမမြောက်သယောင်ဖြစ်ပြီး ပြစ်ဒဏ်လွတ်ခဲ့ရတဲ့အပေါ် မကျေမနပ်ဝေဖန်သံတွေ ထွက်လာပြီးနောက်မှာ ရှေ့နေချုပ်က အခုလိုကတိပြုလိုက်တာဖြစ်ပါတယ်။
Sisters in Islam လို့ခေါ်တဲ့ လူမှုအဖွဲ့တဖွဲ့ကတော့ အဓမ္မပြုကျင့်သူဟာ ပြစ်ဒဏ်ရှောင်ရှားဖို့ သူအဓမ္မပြု ကျင့် ခဲ့တဲ့ အသက် မပြည့်သူ မိန်းမငယ်ကို လပ်ထပ်တာကို ရှာရီးယားရုံးက ခွင့်ပြုခဲ့တာအပေါ် အတော်လေးအမျက်ဒေါသထွက်ရတယ်လို့ ပြောလိုက်ပါတယ်။
အသက်မပြည့်သေးတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အခုလို မလျော်မကန်လုပ်ခဲ့တာကို မနှစ်မြို့နိုင်ကြောင်းလည်း ပြောထားပြီး ရှာရီးယားတရားရုံးအနေနဲ့ တရားဆုံးဖြတ်မှုတွေမှာ ပွင့်လင်းမြင်သာရှိဖို့လိုနေတယ်လို့လည်း ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ မွတ်စလင်မဟုတ်တဲ့သူတွေအတွက် လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်အရွယ်ဟာ ၁၈ နှစ်အထက် ဖြစ်ပါတယ်။ မွတ်စလင် တွေအတွက်ကတော့ အမျိုးသားတွေအတွက် အသက် ၁၈ နှစ်အထက်နဲ့ အမျိုးသမီးတွေအတွက် အသက် ၁၆ နှစ်အထက်ရှိမှသာ တရားဝင်လက်ထပ်ထိမ်းမြားခွင့် ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရှာရီးယားလို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေးတရားရုံးကသာခွင့်ပြုရင် အသက်ပြည့်ပြီး အမျိုးသားတွေက အသက် ၁၆ နှစ်မပြည့်သေးတဲ့ ငယ်ရွယ်သူ မိန်းမငယ်လေးတွေကို ကာမပိုင်အဖြစ် လက်ထပ်ပေါင်းသင်းနိုင်တယ်လို့ သိရပါတယ်။
From: ABC Radio