ရခိုင်ပြည်နယ် အတွင်း ဇွန်လနဲ့ သြဂတ်စ်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မူအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် မိသားစုတွေကို MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့က အကူ အညီတွေ ပေးနေတဲ့ နေရာမှာ ရခိုင်ပြည်နယ် အတွင်းမှာ နှောင့်ယှက် ခြိမ်းခြောက်မူတွေ ရှိနေတယ်ဆိုပြီး အဲဒီအဖွဲ့က တာဝန်ရှိသူ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote ကနေ ဒီလ ၇ ရက်နေ့က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
လောင်းကစား တစ်မျိုးဖြစ်သော ချဲထီ သည် မင်းပြားမြို့တွင် လွတ်လပ်စွာ ရောင်းချ နေကြပြီး လွတ်လပ် စွာ ချဲထိုး လို့ရကြောင်း လူတိုင်း ပါးစပ်တွင် ချဲထီ အကြောင်း ပြောကာ ခေတ်စား နေပြီး သက်ဆိုင်ရာ အာဏာပိုင် များက အရေးယူခြင်းမရှိဘဲ လိုင်းကြေးကောက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန် ဖေဖော်ဝါရီ ၈
ရွှေပြည်သာ မြို့နယ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ယာဉ်အမှတ် ၆က/.... ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
၎င်းယာဉ်သည် ကမ္ဘာ (၁) အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများအား ကြိုရန် အင်းစိန်မြို့နယ် ဒညင်းကုန်း ဘက်မှ ရွှေပြည်သာ မြို့နယ် အမှတ်(၉) ရပ်ကွက်သို့ အခြားယာဉ် တစ်စီးနှင့် အတူ ယှဉ်မောင်း လာစဉ်
အစိုးရ၀န်ထမ်း ၁၇,၀၀၀ ကို ထောင်ဒဏ်အပါအ၀င် ကျူးလွန်ခဲ့တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေအလိုက် အရေးယူ ခဲ့ပါ တယ်လို့ အစိုးရက တုန့်ပြန်ရှင်းလင်းပြီး မကြာခင်မှာပဲ ပြည်ထောင်စုလွှတ်တော်ကနေ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး ဥပဒေကို ဒီကနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ် ပြဌာန်းပြီး တဲ့အခါ ဘယ်သူတွေကို အရေးယူသွားမှာတဲ့လဲ။ အသေးစိတ်ကို မဲခွဲအတည်မပြုမီမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ပုလဲလွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်ကို ဒေါ်ရီရီအောင်က မေးကြည့်ထားပါတယ်။
မြောက်ဦးမြို့နယ် ဒုံးဘွယ်ကျေးရွာမှ ရခိုင်မိသားစု တစ်စုကို ၄င်းအနီးအနားရှိ ဘင်္ဂလီကျေးရွာ ရှင်းတောင် ရွာမှ ဘင်္ဂလီများတစ်စုက ဖေဖော်ဝါရီလ(၇)ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒုံးဘွယ်ကျေးရွာမှ အကြမ်းဖက်တိုက်ခိုက်ခံရသူများမှာ သားဖြစ်သူ ဦးမောင်ရွှေသန်း အသက်(၂၅)နှစ်ခန့် နှင့် အဖဖြစ်သူ ဦးသာထွန်း(၅၂)နှစ်ခန့်တို့ဖြစ်ပြီး ကြာသပတေးနေ့ ည(၁၂)နာရီအချိန်တွင် စိုက်ပျိုးခြံ ၌ ညအိပ်စောင့်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ တိုးတက်လာပြီး (င) လိုင်စင်ပြုလုပ်သူ အထူးများပြား လာကြောင်း သိရသည်။
၂၀၁၁ ခုနှစ် မတိုင်မီ ကာလအထိ တစ်ရက်လျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၀) မှ(၁၀၀) ၀န်းကျင် ရှိသော်လည်း ယခုအချိန်တွင် တစ်ရက် ပျမ်းမျှ (၁၅၀)မှ (၂၀၀) အတွင်း မြင့်တက်လာကြောင်း ကျော်စိန် လင်း(စစ်ဆေးရေးမှူး ၂) က.ည.န(ရွာသာကြီး)က ပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ-၉
နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင် ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။
သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော် ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံး များဖြင့် ည ၁၂ နာရီခန့်အထိ ဖျော်ဖြေခဲ့သည်။
ပြည်နယ် အစိုးရ၏ ညွှန်ကြား ချက်ကြောင့် ဟုဆိုကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးနှင့် မြေစာရင်း ဦးစီးမှူး တို့မှ နောင်ချို မြို့နယ် တောင်ရပ် ကွက်ရှိ အိမ်ခြံမြေ ၁ဧက အပါအ၀င် စိုက်ပျိုးမြေဧက (၂၀)အား လျော်ကြေး တစုံတရာ မပေးပဲ သိမ်းယူမည့် အစီအစဉ်ကို ဒေသခံ တောင်သူ များက ကန့်ကွက်ခဲ့သည်။
သီလ၀ါ အထူး စီးပွားရေး ဇုန်ဧရိယာ အတွင်းရှိ ကျေးရွာ(၄)ရွာမှာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ဆုံး ထားကာ အပြီး ရွှေ့ပြောင်းပေး ရမည်ဖြစ်ကြောင်း ရွာခံတို့က ဆိုသည်။
ဂျပန်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်း အကောင် အထည် ဖော်မည့် သီလ၀ါ စက်မှုဇုန် စီမံကိန်းမှာ သန်လျင် မြို့နယ် သီလ၀ါဆိပ်ကမ်း ရှိ မြေအကျယ် ၂၄၀၀ ကျော်တွင် တည်ဆောက် မည်ဖြစ် သောကြောင့် ၄င်းမြေပေါ်ရှိရွာ ၄ ရွာအား ရွှေ့ပြောင်း ခိုင်းခြင်းဖြစ်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
ဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်းရ လောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။
ရေစကြိုကိုမင်းကိုနိုင်တို့ရောက်သွားတော့ မဟောရ မပြောရလို့ပိတ်ပင်ထားကြောင်းသိလိုက်ရသတဲ့ ။ဒေ သ ခံတွေ ဘယ်လိုပဲကြီုးစားကြိုးစား မရပါဘူးတဲ့။အဲဒီမှာအနီးက ရွာကြီးတစ်ရွာက သူတို့ဆီမှာ လာဟော ဖို့ဖိတ် ပါ တယ်။မင်းကိုနိုင်က “ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ပေတော့ ဟောမယ် ပြောမယ်”လို့ဆုံးဖြတ် လိုက်ပါ တယ်။ အဲဒီအခါ “ဟောတော့ဟော ပါ အသံချဲ့စက်မသုံးရ”လို့ အမိန့်သံ ပြောင်းသွား ပါတယ်။မင်းကိုနိုင် တို့အဖွဲ့နဲ့ အတူ ဒေ သခံတွေက “ဟောလည်းဟောပါ ကြားလည်းကြားအောင်ဟောပါ” ဆိုတော့ သတ္တိတွေ တိုးသွားပြီး လော်စပီကာ သုံးဖြစ် သွားပါတယ်။ ဒီအခါ “လော်စပီကာ သုံးတော့ သုံးပါ မကျယ်ပါစေ နဲ့”လို့ အမိန့် သံကပြောင်းသွားပြန်ပါတယ်။
ရန်ကုန်..ဖေဖေါ်ဝါရီ. ၁ရက်
မြန်မာ နိုင်ငံရှိနိုင်ငံ ရေးသမားများ နွားလို မကျင့်ရန်နှင့် လွတ်လပ် သော အတွေး အခေါ် များကို ထိုးဖေါက် ကျင့် သုံးကြ ရမည်ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမား သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဇန်န၀ါရီ ၃၁ရက် က ကျင်း ပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော် ဆုပေးပွဲ အခမ်း အနား တွင်ပြောကြား ခဲ့သည်။
From : ဒီဗွီဘီ
၂၀၁၀ ဒီဇင်ဘာလ အတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်း အင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်း အင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ ဖွဲ့လိုက် ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက် အရ သိရပါတယ်။