KIA ဌာနချုပ် လိုင်ဇာ၏ အဓိကခံစစ် တောင်ကုန်းဖြစ်တဲ့ လဂျားယန် တောင်ကြောကို ဒီနေ့ မနက်(၉)နာရီ အချိန်ခန့်က မြန်မာအစိုးရ စစ်လေယာဉ်များမှ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကြောင့် KIA ဘက်မှ အထိအခိုက် အကျအဆုံးများပြီး ဒဏ်ရာရ သူများ ကို လိုင်ဇာဆေးရုံကို သယ်ဆောင် နေကြောင်း မျက်မြင်တွေ့သူများမှ ပြောပါတယ်။
KIA အားပေးသော၊ တိုက်ပွဲများ ပိုမိုပြင်းထန်စေရန် မဟုတ်မမှန် လုပ်ကြံရေးသားနေသော ကချင် Website များကို ဖြုတ်ချခဲ့ပြီးနောက် ကျန်ရှိနေသော ကချင် Website နှစ်ခု ဖြစ်သည့် Kachin Net.net နှင့် Kachin Land News , Phophtaw.org တို့အား 01.01.2013 ရက်နေ့တွင် DDos နှင့် ဆက်လက် တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ KIA မှ ပြည်ပစစ်ရေး အကူအညီဖြင့် မြန်မာကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ကချင်နိုင်ငံခွဲထွက်ရေး စီမံကိန်းအားဖျက်သိမ်းကာ ငြိမ်းချမ်းရေး စားပွဲရောက် ရောက်လာရန် ရည်ရွယ်ကြောင်း သိရသည်။
ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို ၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွား နေသည်မှာ နှစ်နှစ် နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် ဒေသခံရှမ်း ၊ ကချင် ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည် များ အဖြစ်သို့ ရောက်ရှိနေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ် များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသ များ တွင် ဖြစ်သလို နေထိုင် စားသောက် နေကြ ရပါသည်။
၁။ တပ်မတော်မှ လမ်းကြောင်းရှင်း ခြောက်လှန့်ပစ်ခတ်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်း အား ကချင် လူမျိုးအား ဗမာ လူမျိုးကြီး ၀ါဒဖြင့် နှိပ်စက် ပစ်ခတ်ကြောင်း ပြောမည်။
ယနေ့နံနက် (၉)နာရီခန့်တွင် KIA တပ်ဖွဲ့များ ခံစစ်ဆင်ထားရာ လဂျားယန်တောင်ကုန်းကို အစိုးရ စစ်တပ် က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမောင်းသင်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကချင် တိုက်ပွဲမှာ လေယာဉ်တွေသုံးပြီး ပြည်ပ ကျူးကျော်စစ်လို တိုက်ခိုက်တဲ့ အပေါ် ကေအိုင်အေ ပြော ခွင့် ရသူ ဦးလနန်က ဝေဖန်လိုက်တဲ့ အကြောင်း ဒီဗွီဘီ သတင်းထောက် ကိုထွေးမှ ဦးလနန်ကို ဆက် သွယ်မေမြန်းထားချက် ဖြစ်ပါတယ်။
အနီတစ်စင်း အဖြူတစ်စင်းဆိုကာ အော်ဟစ်ကြသည့် ဗီဒီယို။ သတ္တိကြီးစွာဖြင့် သေနတ်ဖြင့်တောင် ပစ်လိုက်သေးသည်။ ကချင် KIA,ဌာနချုပ် လိုင်ဇာ ရဲ့ ရှေ့ တန်း ခံစစ်တောင်ကုန်းတွေကို တိုက် လေယာဉ်များ ရဟတ်ယာဉ်များ သုံးပြီး ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် မနက် (၉း၄၅)မီနစ် အချိန် လာရောက် ဗုံးကျဲတိုက်ခိုက်နေစဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်း ။
ရခိုင်ပြည် တောင်ကုတ်မြို့နယ်တန်းလွဲချောင်းရွာမ စံပြကျေးရွာတွင် ကျေးရွာလူကြီးများနှင့် အပေါင်း
ပါ တစ်ချို့မှ ရွာမ-တောင်ကုတ်လမ်းခွဲကို ပြုပြင်မွမ်းမံရန်အတွက်တစ်အိမ်ထောင်လျှင် ကျပ်ငွေ ငါးထောင် ( ၅၀၀၀) နှုန်းဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်ကတည်းက ခွဲတန်းကျ ကောက်ခံ ရယူခဲ့ရာ အချိန်တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း အဆိုပါ ရွာမ-တောင်ကုတ်လမ်းခွဲကို ယနေ့ အချိန်ထိ ပြီးစီးအောင် လုပ်မပေးဘဲ ငွေကြေးများကိုသာ အလွဲသုံးစား ပြုလုပ်ထားကြကြောင်း သတင်း ရရှိသည်။
KIA ငြိမ်းချမ်ရေး တစ်ကယ်လိုလားတယ်ဆိုရင်
တရုတ် အားကိုး ပြည်တွင်းကို ဒုကမပေးဘူးဆိုရင်
ကချင်ပြည်နယ်-ကချင်လူထု အမှန်တစ်ကယ် ကောင်းစားစေချင်တယ် ဆိုရင်
မြန်မာစစ်တပ်က ပစ်နေလို့  စစ်ပွဲမရပ်တာပါလို့  ခိုင်မာစေချင်တယ်ဆိုရင်
ယခင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း မှ KIA အဖွဲ့နှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများကိုယ်စား ထုတ်ပြန်ကြေငြာချက် ၁ စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ကေအိုင်အေမှ လဆိုင်းဆိုသူ DVB မှ မောင်တူးက ဖုန်းဆက် မေးမြန်းချက်ဖြစ်ပါသည်။ တိုက်ပွဲလက်ရှိ အခြေအနေအား သိနိုင်ရန် အသံဖိုင်ကို ဒီမှာ နားထောင်ပါ။
မြန်မာအစိုးရ တပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ တိုးမြှင့်၍ ကချင်ပြည်နယ် လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကာ လေကြောင်းမှ ထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာယူထားပြီး လိုင်ဇာကို ထိုးဖို့ တက်လာတာ။ မြေပြင်က တပ်တွေ ရှေ့တက်လို့ ရအောင် လေကြောင်းကနေ ပစ်တာပါ။
ရှမ်းပြည် မြောက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်ထဲ၌ အစိုးရ တပ်ဖွဲ့ များ၏ စစ်ရေး လှုပ်ရှားမှု များကြောင့် ယမန် နေ့မှ စတင်ပြီး ဒေသခံ ပြည်သူများ နေရပ် စွန့်ခွာ ထွက်ပြေး လျှက် ရှိကြောင်း တအာင်း(ပလောင်)ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးတာဘုန်းကျော်က ပြောသည်။
ချင်းမိုင်(မဇ္စျိမ)။ ။ သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်များပင် အသုံးပြု တိုက်ခိုက် နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများ ပို့ဆောင်နိုင်မည်ကို ကေအိုင်အေ တို့ ကြိုတင်သိရှိထားကြသည်။ အစပိုင်း တွင် မိမိတို့ တပ်မတော်အနေဖြင့် ရိက္ခာပို့ ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက် သဘောတူညီချက်များ ရရှိသည်အထိ အပစ် ရပ်စဲထားမည် ဖြစ်ကြောင်းမြန်မာ့ တပ်မတော် အရာရှိကြီးများက ကေအိုင်အေနှင့် တိုက်ရိုက် ညှိနှိုင်း ခဲ့ကြသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တပ်မဟာ(၃)အခြေစိုက်ရာ တရုတ်နိုင်ငံနယ်စပ် မိုင်ဂျာယန် ဒေသ တစ်ဝိုက်ရှိ သွားလာရန်ခက်ခဲသော နယ်မြေသို့ ရောက်ရှိနေကြသည့် ကချင်စစ်ပြေးဒုက္ခသည် ၄,၀၀၀ ခန့်သည် လက်ရှိအချိန်တွင် အစာရေစာငတ်မွတ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။
ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မ တော် ဗိုလ်ကြီး တစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
မလေးရှား နိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ် စွန့်ခွာ ခဲ့ရပြီး ၁၄၀၀၀ အရေးပေါ် စခန်းတွေကို ရောက်ရှိ နေပါတယ်။ ဒီအထဲမှာ မိုးရေကို မထိမ်း နိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချ လိုက်ရတဲ့ အတွက် ရေပိုလျှံ ခဲ့ရတယ်လို့ သိရပါ တယ်။ မိုးက လာမဲ့ မတ်လ လောက် အထိရွာ သွန်းနေ အုန်းမှာ ဖြစ် ပါတယ်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့် ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။
KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် တိုင်းရင်း သားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက် နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။
လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒ ထုတ်ဖော်ပွဲ များတွင် ပါဝင်သည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ
ကျောင်း သား သမဂ္ဂ အဖွဲ့ဝင်ကျောင်းသား ခေါင်းဆောင် များကိုအရေးယူ ထားသည့် စီတန်း လှည့်လည်မှု ဥပဒေ ပုဒ်မ ၁၈ ကြောင့် ပြည်သူ့ ဆန္ဒ ထုတ်ဖော်ရာတွင် အခက်တွေ့ စေကြောင်း ဗကသ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော် ကိုကို က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံမှာ နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ ဝူကုန်း အပူပိုင်းမုန်တိုင်းကြောင့် လူလေးဦးထက် မနည်း သေဆုံး ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီလအစောပိုင်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Bopha ကြောင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ရတာမို့ အခုထိ ပြန်ပြီး နလံမထူနိုင်သေးချိန်မှာဘဲ နောက်ထပ် မုန်တိုင်း ဝင် မွှေခဲ့တာပါ။
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင်ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်
သက် လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အ တွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေ တယ်လို့ သိရပါတယ်။
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့် တင် ရေး ကော်မတီ ဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြား ခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်း လိုင်းတွေ အပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ် ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက် ရုံးက မစုမြတ်မွန် တင်ပြပါမယ်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တနင်္သာ
ရီတိုင်း၊ ထားဝယ်မြို့ တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်သမားရေးရာများနှင့် ပတ်သက်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေမှုအား သက်တမ်းတိုးပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ခေတ္တ ရပ်ဆိုင်းထားပေးရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှမန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ၅၀၅(ခ) အား လက်မခံကြောင်း ယနေ့
မွန်းလွဲ ၂နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
CDMA ဖုန်းတွေကို Internet Setting ချိန်နည်းလေးပေါ့ဗျာ......
ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ......
အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသူ အမျိုးသမီးငယ်သည် ယခုအခါ ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နယူးဒေလီတွင် မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်၌ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသော ဆေးကျောင်းသူမှာ စင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ခရစ်စမတ်က ကချင်ပြည်နယ်နှင့်ပတ်သတ်သော သတင်းများ၊ KIA အဖွဲ့နဲ့ပတ်သတ်သော သတင်းများ ကို အဓိက ထား ဖော်ပြလျက်ရှိသော kachinnews.com website သည် ၂၄.၁၂.၁၂ ရက်နေ့ ညပိုင်းလောက်ကစပြီး DDos နည်းပညာဖြင့်စတင်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ခရစ္စမတ်နေ့ (၂၅ရက်နေ့) ညအထိ အသုံးပြု၍မ ရကြောင်း သိရှိရပါသည်။ ၄င်း Website ကို တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ကိုမကျေနပ်သည့် လူင ယ် များက ကြေငြာခဲ့ထားကြောင်းလည်းသိရှိရသည်။