Thursday, February 14, 2013
မြောက်ဦး ဒုံဘွယ်ကျေးရွာ ကွမ်းခင်း လုပ်ကိုင် စားသောက်နေသော မိသားစု (၂) စုအားတိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး
Posted by drmyochit
Thursday, February 14, 2013, under ပြည်တွင်းသတင်းများ | No comments
ကလေးမြို့က မကျေနပ်သူတွေ
Posted by drmyochit
Thursday, February 14, 2013, under ပြည်တွင်းသတင်းများ | No comments
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနက်ဖြန်ကျရင် ဒုသမတ ဒေါက်တာစိုင်းမောက်ခမ်း လာမယ်ဆိုပြီးတော့ စည်ပင်က ရှင်းလင်းရေးတွေ လုပ်နေတာဟာ နည်းလမ်းတကျမဟုတ်တဲ့အတွက် ကလေးမြို့ မီးခွက်ဈေး လို့ခေါ်တဲ့ ဒေသခံတောင်သူတွေ လာရောင်းတဲ့ ဈေးလေးက ဈေးသည်တွေ ဒုက္ခရောက်နေရတယ်လို့ ဈေးသည်တွေက ဧရာဝတီကို ဆက်သွယ်ပြောပြ လာပါတယ်။
မြန်မာ့ ပထမဆုံး One billion rising
Posted by drmyochit
Thursday, February 14, 2013, under သတင်းများ | No comments
ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားများ တရားစွဲ
Posted by drmyochit
Thursday, February 14, 2013, under ပြည်တွင်းသတင်းများ | No comments
ပျောက်ဆုံးနေသောအသံများ
Posted by drmyochit
Thursday, February 14, 2013, under ဆောင်းပါး | No comments
ပျောက်ဆုံးနေသောအသံများ
နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၂.၂ဝ၁၃ (ဗိုလ်ချုပ်မွေးနေ့) နံနက် (၉းဝဝ) နာရီအချိန်ခန့် တွင် အလုပ်အမှုဆောင်ရုံးခန်းသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် စစ်တွေဆေးရုံကြီးမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတစ်ဦးအား လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြစ်သည်။
စစ်တွေမြို့မိ မြို့ဖများက မောင်တောနဲ့ ဒေသအနှံ့အပြားတွင် ရခိုင်များ တိုက်ခိုက် သတ်ဖြတ်ခံနေရမူ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို တင်ပြ
Posted by drmyochit
Thursday, February 14, 2013, under မြန်မာသတင်းများ | No comments
ရခိုင်ပြည်နယ်ကို နှစ်ရက်အကြာ အလည် အပတ် ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ် စားလှယ် မစ္စတာ ကင်တေးနားကို စစ်တွေ မြို့မိ၊ မြို့ဖ တွေက မောင်တောမြို့နယ် အပါ အ၀င် ဒေသ အနှံ့အပြားမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မူကြောင့် ရခိုင်လူမျိုးတွေ သေဆုံး ထိခိုက် ဒဏ်ရာရနေကြရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်
Posted by drmyochit
Thursday, February 14, 2013, under သတင်းများ | No comments
လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိ ကန်ပြည်ထောင် စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့် ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။
အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေး အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စိုင်းလိန်၏အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
အလောင်းဖော်ကြည့် ရာတွင် ၄င်းတို့ ထင်ထား သည်ထက် ဒဏ်ရာများ ပိုပြင်း ထန်နေ သည် ကိုတွေ့ရ ကြောင်း၊ မသေ မချင်း ဓါးနှင့် ခုတ်သတ်မှု အဖြစ် ပြစ်မှု ထင်ရှားကြောင်း၊ အမှု မှန်ပေါ်ပေါက် ရေး အတွက် တရားမျှ တစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည် စစ်ဆေးပေးသော ဒေသခံ ဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး ဆေး သူနာပြု ဆရာမ ၂ ဦးနှင့် ဆေးရုံ အကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်း လိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။
လိုက်ဘေးရီးယား၌ လေယာဉ်ပျက်ကျမှုတွင် ဂီနီစစ်ဘက်ခေါင်းဆောင်နှင့် အရာရှိများသေဆုံး
Posted by drmyochit
Thursday, February 14, 2013, under သတင်းများ | No comments
လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားအနီး ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်တစ်စင်း ပျက်ကျ မှုတွင် ဂီနီစစ်ဘက် ခေါင်းဆောင်အပါအ၀င် အခြား ၁၀ ဦး သေဆုံးကြောင်း သိရသည်။ ဂီနီတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆောလီမာနီကလီဖာဒီယာလိုသည် လိုက်ဘေးရီးယားနိုင်ငံ နှစ်ပတ်လည် တပ်မတော်နေ့ ကို တက်ရောက်ဂုဏ်ပြုရန် ဂီနီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လိုက်ပါ လာခြင်းဖြစ် သည်။
ကာဂျစ်စတန်သမ္မတဟောင်း ရာထူးယူစဉ်ကာလအတွင်း အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ
Posted by drmyochit
Thursday, February 14, 2013, under နိုင်ငံတကာသတင်းများ | No comments
လန်ဒန်၊ ဖေဖေါ်ဝါရီ ၁၃ ။
ကာဂျစ် စတန် သမ္မ တဟောင်း ကာမန် ဘက်ခ်ဘာ ကီယက်ဗ် သည် သမ္မတ ရာထူး ယူစဉ် ကာလ အတွင်း အာဏာ အလွဲ သုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ် ခံခဲ့ ရကြောင်း သိရသည်
ကာဂျစ် စတန် တရားရုံးသည် သမ္မတ၏ ညီအကိုတော် စပ်သူ ဇန်ယက်ရှ် ကိုလည်း နိုင်ငံတော် လုံခြုံရေး ဌာန အကြီး အကဲ အဖြစ် တာဝန် ယူစဉ် လူသတ် မှုနှင့် အခြား ပြစ်မှုများ အတွက် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ သည်။ ၎င်းတို့ နှစ်ဦးအား စွဲချက် များတွင် ၎င်းတို့ ညီ အကိုနှင့် အတူ ရာထူး မှပြုတ် ကျခဲ့သည့် ကာဂျစ် ထိပ်တန်း အာဏာ ပိုင်ဟောင်း မီဒတ်ဆတ်ဒယူယော့ကို သတ်ဖြတ် ခဲ့မှုလည်း ပါဝင် သည်။
Acer Aspire 4250 Drivers Download For Win 7 အတွက်
Posted by drmyochit
Thursday, February 14, 2013, under နည်းပညာ | No comments
ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး
ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ South Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ် ဆင်းသက် ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ လေယာဉ် သည် အရေးပေါ်ဆင်းသက်ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ သုံးပိုင်းကျိုးပျက်စီးခဲ့သည်။ AN-24 အမျိုးအစား အဆိုပါလေယာဉ်ပေါ်တွင် လူ ၄၅ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ၃၉ ဦးကို ကယ်ထုတ်နိုင် ခဲ့သည်။
NATO လေကြောင်းတိုက်ခိုက်မှုအတွင်း အာဖဂန်အရပ်သား ၁၀ ဦးသေဆုံး
Posted by drmyochit
Thursday, February 14, 2013, under နိုင်ငံတကာသတင်းများ | No comments
နိုင်ငံ အရှေ့ပိုင်း ဝေးလံသီခေါင်သော နေရာတစ်ခုတွင် NATO စစ်လေယာဉ်များက တာလီဘန် စစ်သွေးကြွများ ပုန်းခိုနေသည့် အခြေစိုက် စခန်းများကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အရပ်သားများပါ ထိခိုက် သေဆုံးခြင်းဟု သိရသည်။
NATO စစ်မဟာမိတ် အဖွဲ့၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အရပ်သား (၁၀)ဦး သေဆုံးသွားကြောင်း အာဖဂန် နစ္စတန်မှ ဒေသခံ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်
ပြီးခဲ့သော ရက်ပိုင်းများ အတွင်း ပြည်တွင်း အခြေဆိုက် ဝက်ဘ် ဆိုက်များ တိုက်ခိုက် ခံရမှု၊ သတင်းထောက် များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှု များသည် ဟက်ကာများ အနေဖြင့် စည်းလွတ် ဝါးလွတ် လုပ်ကိုင်ခွင့် ရနေကြောင်း ဖော်ပြသော အချက်ဖြစ် သလို အကယ်၍ တပ်မတော် အရာရှိများပါ ပါဝင်ပတ် သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှ...ာ သမ္မတ ဦးသိန်းစိန် အနေဖြင့် အပြစ်ပေး အရေးယူ မှုများ လုပ်သင့် သည်ဟု အမေရိ ကန်ပြည်ထောင်စု အခြေစိုက် သတင်းစာ ဆရာများ ကာကွယ်စောင့်ရှောက်ရေးကော် မတီက ရေးသား သည်။
လက်ပံတောင်းတောင်အရေး အထူး စိတ်ဝင်စားနေသည့် ကင်တားနား
Posted by drmyochit
Thursday, February 14, 2013, under သတင်းများ | No comments
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား
၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တုန်းကတော့ မစ္စတာ ကင်တားနားဟာ အင်းစိန်ထောင်ကို သွားရောက်ခဲ့ တဲ့ အပြင် မြန်မာ လူ့အခွင့်အရေးကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့ လည်း တွေ့ ဆုံပြီး၊ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေ အနေတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို
တမူး နန့် သလက်ချောင်း တံတားအား အိန္ဒိယ အစိုးရ အာသံ ရိုင်ဖယ် တပ်မှမြန်မာ ပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့ သည်ဟူသည့် UNLF အဖွဲ့၏ သတင်း ထုတ်ပြန် ချက်ကို အာသံ ရိုင်ဖယ်မှ ပြင်းပြင်း ထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေး ဌာနက ထုတ်ပြန် ထားသည်။
“ မြန်မာနှင့် အိန္ဒိယ ပြည်သူများအကြား သပ်လျှိုဖြိုခွဲဖို့ သူပုန်အုပ်စုများ၏ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပျက်ဆီး ရာ ပျက်ဆီးကြောင်း လုပ်ကြံသည့် အပေါစား ထွင်လုံး များသာ ဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့ ထုတ် Sangai Express သတင်းစာက ဖော်ပြထားသည်။
ရွှေရာသီကုမ္မဏီ ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရမှုမှာ တစ်ဖက်သက်ဖြစ်ဟုဆို
Posted by drmyochit
Thursday, February 14, 2013, under ပြည်တွင်းသတင်းများ | No comments
မကွေး တိုင်းဒေသကြီး သရက်မြို့ ပိတောက် ပင်ကျေး ရွာရှိ ရေနံ တွင်းများ တူးဖော်ခြင်း လုပ်ကိုင်နေ သည့်  ရွှေရာသီ ကုမ္မဏီ၏ ရေနံ ထုတ်လုပ်ခွင့် ပါမစ် ပိတ်သိမ်း ခံရခြင်းသည် တစ်ဖက် သက်ဖြစ်နေ ကြောင်း အဆိုပါ ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မျှော်လင့်ချက် ခွန်အားကို မြန်မာပြည်တွင် မြင်ခဲ့ကြောင်း သမ္မတ အိုဘားမား ပြော
Posted by drmyochit
Thursday, February 14, 2013, under သတင်းများ | No comments
ဒုတိယမြောက် အမေရိကန် သမ္မတသက်တမ်းတွင် ပထမဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောနေသည့် သမ္မတ အိုဘားမား (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံတွင် မျှော်လင့်ချက် ခွန်အားများ ရှိနေ သည်ကို ယမန်နှစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ ရကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘား မားက ပြောကြားလိုက်သည်။
သမ္မတ အိုဘားမားက ကမ္ဘာသူ ကမ္ဘာသား များ၏ အခွင့် အရေးနှင့် လွတ်လပ်မှု တို့အတွက် သူ့ အနေဖြင့် အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့်လည်း အမေရိ ကတိုက်မှ အာဖရိက၊ ဥရောပမှ အာရှအထိ ခိုင်မာသည့် မဟာမိတ် ဆက်ဆံရေး ဆက်လက် ရှိနေ မည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့က နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။