အခါလည်လွန်ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့်
ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင် ဘယ်လ်ဂျီယံ၊
ဘရပ်ဆဲလ်အခြေစိုက် International Crisis Group ၏ ၂၀၁၂ ဧပြီ ၁၁ ရက်စွဲဖြင့်
ထုတ်ပြန်လိုက်သော “Reform in Myanmar: One Year On” အမည်ရှိ
စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင်ဂရုဓမ္မထားစောင့် ကြည့်နေမိသည်။ အဆိုပါ စာတမ်းက
မြန်မာ့ဒီမိုကရက် တိုင်ဇေရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို
မီးမောင်းထိုးပြထားသလိုဖြစ်တန်ရာ စိန်ခေါ်ချက်များ ကိုလည်း
ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို
“အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်လားလာချိန်၊
ကာလတာရှည်ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သိုသော အခြေအနေ
အချိန်အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည်...”
စသဖြင့်။