Friday, January 24, 2014

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Friday, January 24, 2014, under | No comments


နေပြည်တော် ဇန်နဝါရီ  ၂၄

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်၌ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများနှင့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများက အတည်မပြုနိုင်သော သတင်းများကို အခြေခံချက်လွဲမှားစွာ ကောက်ချက်ချပြီး သတင်းများ ထုတ်ပြန်နေသည်ကို တွေ့ရှိရ ပါသည်။ ဤသတင်းမှားများ၊ စွပ်စွဲပြောဆို ချက်များသည် ရခိုင်ပြည်နယ်ရှိ လူ့ အသိုက် အဝန်းနှစ်ခု အကြား အထင်အမြင် လွဲမှားစေရန် ပုံကြီးချဲ့ ဖန်တီးပြောကြား လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယင်းသတင်းမှားများ၊ စွပ်စွဲပြောဆိုချက်များမှာ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများအား စုံစမ်းမေးမြန်းခြင်း၊ အတည်ပြုချက် ရယူခြင်းများမရှိပဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤဖြစ် စဉ်နှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် (၅) ဦးပါသည့် ရဲလှည့်ကင်းအဖွဲ့သည် ပုံမှန်လှည့် ကင်းတာဝန် ထမ်းဆောင်စဉ် မောင်တော်မြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင် ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကိုခံခံရသဖြင့် လူစုခွဲ ရှောင်ပေး ခဲ့သည်။ ယင်းသို့ လူစုခွဲတိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက်နက် နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက်ရှိပါသည်။ နယ်မြေခံရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံးကျန်ရစ်ခဲ့သူအား ပြန်လည်ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ရာတွင် တုတ်၊ ဓါးကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စုအင်အား (၅၀၀) ကျော်၏ ဝိုင်းဝန်းရန်မူမှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့်အတွက် မိမိဘက်မှ သေနတ် (၈) ချက်ဖောက်၍ သတိပေးခဲ့သည်။ ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဖက် ပြည်သူတစ်စုံတစ်ဦး တစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိခဲ့ပါ။

တာဝန်ထမ်းဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီးအား နောက်ပိုင်းရက်များတွင် ဆက်လက်ရှာဖွေ ခဲ့သော်လည်း သွေးစွန်နေသည့် ယူနီဖောင်း၊ ခါးပတ်၊ ဖိနပ် စသည့် သဲလွန်စအချို့တို့ကိုသာ တွေ့ရှိခဲ့ပါသည်။ တာဝန် ရှိသူများအနေဖြင့် မောင်တောမြို့၌ အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်များ၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများအားတွေ့ဆုံပြီး ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခဲ့ခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသအာဏာပိုင်များ၊ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ UNHCR၊ OCHA ဌာနေကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ဒုချီးရားတန်းရွာမှ ရွာသူရွာသားများကို လည်းကောင်း၊ သတင်းဖော်ထုတ်ရန် စစ်ဆေးမှုကိုစိုးရိမ်၍ တိမ်းရှောင် လာသူများကိုလည်းကောင်း တွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့ပါသည်။ ဖြေကြားချက်များအရ ယခင်ရက်များအတွင်း ဖြစ်စဉ်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တွေ့ရှိရသလို ပျောက်ဆုံးနေသူနှင့် ၎င်း၏လက်နက်အားလည်း မတွေ့ခဲ့ပါ။

လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား အကွက်ကျကျ ကြိုတင်စီစဉ်ဖန်တီးကာ တိုက်ခိုက်ခဲ့သည့် ဤသို့သော အကြမ်းဖက်လုပ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူများတွင် ရိုဟင်ဂျာညီညွတ်ရေး အဖွဲ့ဟုခေါ်သော အဖွဲ့၌ လက်နတ်ကိုင်ဆောင်မှုဆိုင်ရာသင်တန်း တက်ခဲ့သူများ ပါဝင်ကြောင်း သိရပြီး ယင်းတို့ကို ဖော်ထုတ်လျက် တရားဥပဒေအရ စီရင်နိုင်ရန် တည်ဆဲဥပဒေ ဘောင်များအတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဒေသအာဏာပိုင်များသည် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့်ပြန်လည် သင့်မြတ်ရေး တို့အတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေသည့် သိမ်မွေ့သောကာလတွင် ဘက်လိုက်မှုမရှိ သော၊ အပြုသဘောဆောင်သော၊ ရည်ရွယ်ချက်ကောင်းမွန်သော ဆောင်ရွက်ချက်များကသာ မြန်မာပြည်သူ များကို ကူညီရာရောက်မည် ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာသတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်စုံစမ်းအတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ရာ ရောက်မည ဖြစ်ပါသည်။ မြန်မာနိုင်ငံအခြေစိုက် သံတမန်များ အနေဖြင့်လည်း ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယက်နာကွန်ဗင်းရှင်းနှင့်အညီ သံတမန်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း ဖော်ပြပါအပ်ပါသည်။



Ministry of Foreign Affairs Press Release

Nay  Pyi Taw 24 Jan

It is learnt that foreign media and some international agencies are issuing Press Releases base on unjustified conclusions drawing from unverified information in relation to the incidents which took place on 13 January 2014 in  Dcheeatan (Middle) village, Maungtaw Township. Such misinformation and unjustified conclusions amount to exaggeration and distorting the situation eventually leading to misunderstanding between the tow communities in Rakhine State. It is also confirmed that those Press Releases were issued without any attempt to inquire or verify the information with responsible government officials. The truth about the situation of the incident is as follows:

During the routine patrol duty in Ducheertan (Middle) village in the vicinity on the night of 13 January 2014, a five-member police patrol team was surrounded and threatened by over on hundred Bengali mob wielding sticks and knives. As the mob advance with visible threat, the patrol team had to leave the vicinity. During the withdrawal, the leader of the police patrol team was lost in the mob. Remobilized police and security forces revisited the same vicinity in search of the lost Police Sergeant. They were again threatened by over 500 Ben gali mob armed with sticks and knives. In order to deter from being physically attached, eight warning shots were fired. However, there were no civilian injuries or causalities.

In search of the missing Police Sergeant in the following days, only clues such as blood-stained uniform, belt, and a pair of boot were discovered. The Chief Minister of Rakhine State, local authorizes, police and security personnel, religious leaders, Rakhine State Hluttaw (Parliament) Representatives, resident representatives from UNHCR and OCHA together made a tour to the area including Ducheertan Village and met with the villagers.

A planned and pre-determined violent attack on the security personnel in the line of duty is an offence punishable by law. The attackers include those who took part in the arms training courses run by so-called Rohingya Solidarity Organization-RSO.  Law enforcement agencies will continue their efforts to expose and bring them to justice within the existing framework of law.

The Union Government of the Republic of the Union of Myanmar and the local authorities are taking every step to ensure security, rule of law, justice, humanitarian access, and reconciliation in Rakhine State. At this critical juncture of political, socio-economic and administrative reform  process in Myanmar, will only unbiased, constructive and well-objective activities be helpful to the people of Myanmar.

The international media and international agencies should release only information which is verified with  responsible officials of the government. Failing to do so, releasing unverified information would tantamount to interfering internal affairs of  the host country. Resident Diplomatic Missions are also required to faithfully observe fundamental diplomatic practices in line with the 1961 Vienna Convention on Diplomatic relations.

Ministry of Foreign Affairs
Nay Pyi Taw

From: ပြန်ကြားရေးဝန်ကြီးဌာန
          Ministry of Information

Monday, November 25, 2013

မုန်တိုင်းသတင်း

Posted by drmyochit Monday, November 25, 2013, under | 1 comment

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာ စံတော်ချိန်(၀၅း၃၀)နာရီ အချိန်တိုင်းထွာချက် များ အရ ယမန်နေ့ ကကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း၊“လီဟာ“(LEHAR)သည်၊ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းစု၊ ပို့လ်ဘလဲယားမြို့၏ အနောက်မြောက်ဘက် မိုင်(၃၀)ခန့်  ၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ ၏တောင်-အနောက်တောင်ဘက် မိုင်(၁၄၀)ခန့် ၊ ပုသိမ်မြို့ ၏အနောက်တောင် ဘက် မိုင်(၃၂၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး ၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင်နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)ထိ တိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိပြီး၊ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ် ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

Yatanarpon Call Center

Friday, November 22, 2013

ရှမ်းလူမျိုးစုရေးရာ အဖွဲ.ချုပ်(ကချင်ပြည်နယ်)၏ သဘောထား ထုတ်ပြန်ချက်

Posted by drmyochit Friday, November 22, 2013, under | No comments

Credit>>Shan News


Tuesday, November 12, 2013

ကြေးစားလူသတ်မှုများနှင့် အမှုအခင်းကြီးများကို ကျူးလွန်သူများမှာ ထောင်မှလွတ်မြောက်လာသူများ အဓိကပါဝင်နေ

Posted by drmyochit Tuesday, November 12, 2013, under | No comments


ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ငွေကြေးရယူပြီး ပြစ်မှုကျူးလွန်ခြင်းများ၊ ကြေးစားလူသတ်ခြင်းများနှင့် အခြားသော အမှုအခင်းကြီးများအား ကျူးလွန်ကြသူများမှာ ထောင်မှလွတ်မြောက်လာသူများ အများ ဆုံးပါဝင်နေကြောင်း မှုခင်းမှတ်တမ်းများအရ တွေ့ရှိရသည်။

ယင်းသို့သော အကြောင်းအရင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လုံခြုံရေး အားနည်းခြင်းနှင့် ပြစ်မှုကျူး လွန်သူတို့၏ စာရိတ္တပြုပြင်ပေးရေး၊ နောင်အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်မှု မရှိစေရန် ပြုပြင်ပေးရ သော အကျဉ်းထောင်များ၏ အားနည်းချက်များကြောင့် ဖြစ်ပေသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ခဲ့သူများအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွယ်လွယ်ကူကူ လွတ်မြောက်ခွင့်ပေးခြင်း ကြောင့် ဤသို့သော အမှုခင်းကြီးများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလုပ်ဆောင်နေသူများက ထောက်ပြနေကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က “ပြစ်မှုကျူးလွန်သူတွေကို ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်။ အဲဒီလိုလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး လွယ်လွယ်ကူကူ ပြန်မလွှတ်သင့်ပါဘူး၊ အပြစ်ရှိသူကို ထိရောက်တဲ့ ပြစ်ဒဏ်မပေးတာဟာ အပြစ်မရှိသူကို ဒဏ်ခတ်တာနဲ့ အတူတူပါပဲ” ဟု ပြောပြခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးအား ဓားဖြင့်လှီးခြစ်ခဲ့သူများမှာ ထောင်မှလွတ်မြောက်လာသူများဖြစ်ပြီး ငွေပေးစေခိုင်းမှုတို့ကြောင့် ထောင်မှလွတ်မြောက်လာသူ လေး ဦးတို့က ပူးပေါင်းပြီး ပြစ်မှုကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ မြို့နယ်မှာပင် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ရန် သိန်းငါးဆယ်ဖြင့် အခကြေးငွေရယူ ပြီး ပြစ်မှုကျူးလွန်မှုတစ်ခု ဖြစ်ပွားခဲ့ရာတွင် စက်တင်ဘာလလယ်ခန့်၌ ပြစ်မှုကျူးလွန်ရန် ပူးပေါင်းကြံ စည်သူ ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။

အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သိန်းပေါင်း ၁၈၀ ကျော်ဖောက်ထွင်းခဲ့မှုတွင်လည်း ပြစ်မှုကျူးလွန်သူ မှာ ခိုးမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ် ကျခံနေရသည့် ရဲဘက်ပြေးတစ်ဦး ဖြစ်နေသည်။
အောက်တိုဘာ ၂၁ ရက်က သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုသမီးတစ်ဦးထံမှ ကျပ် ၄၇ သိန်း တန်ကြေးရှိ လက်ဝတ်ရတနာပစ္စည်းများ လုယက်ခံရမှုတွင်လည်း ပြစ်မှုကျူးလွန်ခဲ့သူမှာ ပြစ်ချက် ဟောင်းများရှိနေပြီး အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးဖြစ်သည်ကို တွေ့ရှိရသည်။

“အခုလို တရားဥပဒေစိုးမိုးမှုမရှိတာတွေ၊ လုံခြုံရေး လျော့တိလျော့ရဲ ဖြစ်နေတာတွေဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေမှာ အဓိက တာဝန်ရှိနေပါတယ်။ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့မှာလည်း တာဝန်ယူ မှု၊ တာဝန်ခံမှုတွေ လိုအပ်နေတာပါ” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။

ထို့ပြင် အကျဉ်းထောင်များအနေဖြင့်လည်း ပြစ်မှုကျူးလွန်ခဲ့သူများကို အလားတူပြစ်မှုများ ထပ်မံမကျူး လွန်စေရန် အကျင့်စာရိတ္တပိုင်းဆိုင်ရာများကို အဓိကထား လုပ်ဆောင်ပေးရန် လိုအပ်နေသေးသည်ဟု ဆိုသည်။
ထောင်များမှ လွတ်မြောက်လာပါကလည်း ပြင်ပတွင် ကောင်းမွန်စာလုပ်ကိုင်စားသောက်နိုင်ရန် အသက် မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများကို သင်ကြားပေးရန် လိုအပ်ကာ လူမှုအသိုင်းအ၀ိုင်းအတွင်း တွင် ၀င်ဆံ့နိုင်အောင်လည်း ပြုလုပ်ပေးရန် လိုအပ်နေပေသည်။

ဦးသိန်းစိန်အစိုးရသစ်တက်ပြီး နောက်ပိုင်း အကျဉ်းသားများကို ၁၂ ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စုစုပေါင်း အကျဉ်းသားနှစ်သောင်းလေးထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၁၀၃၆ ဦးသာပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားမဟုတ်သည့် အခြားပြစ်ဒဏ်ကျခံနေရသူ ၂၃၁၄၀ ဦး ပါဝင်ခဲ့သည်။

အထက်လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ပိုက်ဆံရှိတဲ့သူ ထောင်ကျရင် အထဲမှာ ဇိမ်နဲ့နေရ တယ်။ ထောင်ထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပိုက်ဆံရှိသူကို မျက်နှာသာပေးမှုတွေက အများဆုံး ကြားနေရတယ်” ဟု ထောက်ပြသည်။

ထို့ကြောင့် အကျဉ်းထောင်များတွင် အောက်ခြေထောင်ဝန်ထမ်းမှစ၍ အကြီးဆုံးရာထူးရှိသူအထိ ပြုပြင် ပြောင်းလဲပေးရန် လိုအပ်နေသည်။ ထို့ပြင် ၎င်းတို့အားလုံးကိုလည်း အကျဉ်းထောင်နှင့် ပတ်သက်သော လိုအပ်ချက်များ၊ လိုက်နာစောင့်ထိန်းရမည့်အချက်များကို စနစ်တကျ ပညာပေးလုပ်ဆောင်ရန် လိုအပ် နေသည်ဟု ၎င်းကဆိုသည်။

ထို့ပြင် လွန်ခဲ့သော ရက်ပိုင်းက လှိုင်သာယာတွင် ဖြစ်ပွားခဲ့သော သိန်း ၂၀၀၀ ရလိုမှုဖြင့် ပြန်ပေးဆွဲမှု တွင်လည်း ပြန်ပေးသမားများအား လိုက်လံဖမ်းဆီးရာတွင် ဖမ်းဆီးရမိခြင်းမရှိဘဲ ရဲတစ်ဦးပင်လျှင် ပြန် ပေးသမားတစ်ဦး၏ ဓားဖြင့်ခုတ်ခြင်းကို ခံခဲ့ရသည်။

“ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရာမှာ ဥပဒေအသိပညာပါရအောင်လုပ်ဖို့လိုတယ်၊ ထိရောက်ဟန့်တား တဲ့ ပြစ်ဒဏ်ချဖို့လိုတယ်။ လွယ်လွယ်လွတ်ရင်တော့ ပြစ်မှုတွေက ထပ်ကျုးလွန်ဦးမှာပဲ၊ ဒါကြောင့် လွတ် ငြိမ်းချမ်းသာခွင့်မှာ ဒုစရိုက်မှု ကျူးလွန်ထားသူတွေမပါဖို့ စဉ်းစားနေသင့်ပါပြီ” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီစနစ်ကျသော အဖွဲ့အစည်းတစ်ခုဖြစ်ရေးအတွက် လေးနှစ်သက် တမ်းရှိ ရဲသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်သင်ကြားပေးရန် ရှေ့နေဦးခင်ဇော်က လွှတ်တော်သို့ တင်ပြ ထားသည်။ အစိုးရအနေဖြင့် ယင်းသို့သော အဖွဲ့အစည်းဂိုဏ်းဂဏ္ဏများအား စနစ်တကျ ထိန်းချုပ်ကန့် သတ်နိုင်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ခေတ်မီပြီး အင်အားတောင့်တင်းသော အဖွဲ့စည်းတစ်ခုဖြစ်အောင် လုပ်ဆောင်ထားသင့်နေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ဖြစ်ပွားခဲ့သော အမှုကြီးများတွင် လူသတ်မှု ၁၃၂၃ မှု၊ ဓားပြမှု ၁၀မှု၊ လုယက်မှု ၉၁ မှု၊ ပြန်ပေးဆွဲမှု ၃၇ မှု၊ မုဒိမ်းမှု ၆၅၄မှု၊ ဖောက်ထွင်းမှု ၃၅မှုနှင့် လက်နက်မှု ၁၁ မှုထိ ပါဝင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင်လည်း လူသတ်မှု ၁၂၄၅ မှု၊ ဓားပြမှု ၁၃ မှု၊ လုယက်မှု ၁၀၄ မှု၊ ပြန်းပေးဆွဲမှု ၄၁ မှု၊ မုဒိမ်းမှု ၆၀၅ မှု၊ ဖောက်ထွင်းမှု ၃၉ မှုနှင့် လက်နက်မှု ၁၁ မှုတို့ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Thursday, October 03, 2013

သံတွဲဖြစ်ရပ်နဲ့ အစိုးရရဲ့အောက်တိုဘာ ၂ သတင်းထုတ်ပြန်ချက်

Posted by drmyochit Thursday, October 03, 2013, under | 3 comments


ဒီရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ ညနေပိုင်း အစိုးရရဲ့ သတင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဒါကို ည ၈း၀၀ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။

မဖတ်ရသေးသူ များအတွက်  ကူးယူ ဖော်ပြလိုက်ပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ပြည်သူချင်း အငြင်း ပွားမှုဖြစ် စဉ်ကိုအကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ် ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်များအတွင်း နှစ်ဘက် လုံးမှ ထိခိုက် ဒဏ်ရာရသေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိ ရပါသည်။ အဆိုပါ ထိခိုက် နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူ များနှင့် ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မှု အတွက် အားသွန် ခွန် စိုက်ကြိုး ပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ် ပွားရခြင်းသည် ရခိုင်ပြည်နယ် အတွက် သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ် ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး၊ပြစ်မှု ကျူးလွန်သူ များအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည် တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် လည်း ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ဖော်ပြအပ်ပါသည်။

Sunday, August 11, 2013

စစ်တွေတွင် ဘင်္ဂလီနှင့် ရဲ ပဋိပက္ခ အစိုးရ ပြန်ကြားရေး ရှင်းလင်းချက်ထုတ်ပြန်

Posted by drmyochit Sunday, August 11, 2013, under | No comments


စစ်တွေမြို့နယ် အုန်းတောကြီးကျေးရွာအနီးတွင် သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလီ အမျိုး သမီးတစ်ဦး သေဆုံးနေသည်ကို တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သောကြောင့် အဆိုပါသေဆုံးနေသည့် အလောင်းကို စစ်ဆေးမှုများပြုလုပ်ရန် သယ်ယူလာပြီး ၄င်းအလောင်းကို စစ်ဆေးမှုများပြုလုပ်နေစဉ် အတွင်း ဘင်္ဂလီ များနှင့် ရဲတပ်ဖွဲ့ဝင်များတို့ ရုန်းရန်းဆန်ခတ်ဖြစ်ပွားရာကနေ ဘင်္ဂလီတချို့ ဒဏ်ရာရ ရှိသွားကြောင်း မြန်မာ အစိုးရ ပြန်ကြားရေးဌာနမှ ရှင်းလင်းချက်ထုတ်ပြန်ခြင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။
စစ်တွေမြို့ ညမထွက်ရအမိန့် ညဆယ်နာရီမှ နံနက် လေးနာရီအထိထုတ်ပြန်ထားသော အမိန့်ကို နောက်ထပ် ရက်ပေါင်း ခြောက်ဆယ်ကို သြဂုတ်လ ၈ ရက်နေ့တွင် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရ သည်။ (ဓါတ်ပုံမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်းက တာဝန်ကျ ရဲလုံထိန်းများကိုတွေ့ရပုံ။ ဓါတ်ပုံ- အင်တာနက်)

စစ်တွေမြို့ ညမထွက်ရအမိန့် ညဆယ်နာရီမှ နံနက် လေးနာရီ အထိထုတ်ပြန် ထားသော အမိန့်ကို နောက်ထပ် ရက်ပေါင်း ခြောက်ဆယ်ကို သြဂုတ်လ ၈ ရက်နေ့တွင် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။ (ဓါတ်ပုံမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်းက တာဝန်ကျ ရဲလုံထိန်းများကိုတွေ့ရပုံ။ ဓါတ်ပုံ- အင်တာနက်)

စစ်တွေမြို့နယ်၌ အလောင်းတစ်လောင်း တွေ့ရှိရာမှ ရဲတပ်ဖွဲ့ ဝင်များအား အကြမ်းဖက်မှု အချို့ ပြုလုပ်လာ ခဲ့သဖြင့် သက်ဆိုင်ရာက ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ

နေပြည်တော် သြဂုတ် ၉

ယနေ့ နံနက် ၈ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက လာရောက်ကြည့်ရှုခဲ့ကြောင်း၊ ကြည့်ရှုသူအင်အား ၅၀၀ ခန့်ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောကြားစဉ် အာလန် (၁၆ နှစ်) က ဒုတိယ ရဲမှူးဌေးဝင်းအား ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ကျန်လူများကလည်း ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် သတိပေးပစ်ခတ်တားဆီးခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်လူစုခွဲမှုကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ဖွယ် မရှိကြောင်း၊ ပြန်လည်ဆုတ်ခွာသွားသော လူအုပ်စုများက အုန်တောကြီး ရဲကင်းအား မီးရှို့ခဲ့သဖြင့် ယာယီလူနေတဲလေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ၊ မီးရှို့ဖျက်ဆီးသူ ရှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုမေကျေးရွာအုပ်စု ကော်ကာဒီရွာနှင့် သုံးဖာလုံခန့် အကွာ ပင်လယ်ဝတွင် ငါးဖမ်းလှေတစ်စင်း နစ်မြှုပ်ခဲ့ရာ လှေပေါ်ပါသူ ဘင်္ဂါလီ ခုနစ်ဦးအနက် အဒူရော်ရှိ(၃၄ နှစ်) ဆိုသူ တစ်ဦးပျောက်ဆုံးခဲ့ကြောင်း ၊ ယခုတွေ့ရှိရသော အလောင်းမှာ ရေနစ်သေဆုံးသော အလောင်းဖြစ်နိုင်သဖြင့် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ဘောဒူဖရွာတွင် စုဝေးနေသော လူအုပ်စုအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အဖွဲ့မှ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

From:  Arakan Times

Sunday, July 28, 2013

ဖြစ်ပြီးခဲ့သမျှ မြန်မာ - ကုလား အဓိကရုဏ်း များနှင့်ပတ်သက်၍ အစိုးရသတင်းထုတ်ပြန်

Posted by drmyochit Sunday, July 28, 2013, under | No comments



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (  ၁၀  / ၂၀၁၃ )
၁၃၇၅ ခုနှစ် ၊ ဝါဆိုလပြည့်ကျော်    ၄    ရက်
( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ    ၂၆   ရက် )

၁။   ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အေးချမ်းသာယာ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အားကြိုး မာန်တက် တည်ဆောက်လျက်ရှိပါသည်။

၂။   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။ သမိုင်းစဉ်တစ်လျောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတ ဖြစ်ဖြစ် နေထိုင်လျက်ရှိပါသည်။

၃။   ၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အဝန်းနှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအတွက် များစွာစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်းအကြမ်းဖက်လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

၎။   မြန်မာနိုင်ငံတော်အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် နှင့် တရားဥပဒေစိုးမိုးရေးကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ ဆောင်ရွက် ရာတွင်လည်း အင်အားအလွန်အကျွံသုံးစွဲခြင်းမပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့သလို အကြမ်းဖက်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများ ကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာအရ ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ပါသည်။ ဖမ်းဆီး အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုများ၊ စစ်ဆေးဆဲ ပြစ်မှုများကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၅။   မြန်မာနိုင်ငံတော်အစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။ စေတနာရှင် နိုင်ငံအသီးသီး၏ အစိုးရများမှတစ်ဆင့် ထောက်ပံ့ကူညီမှုများကိုလည်း နှစ်ဖက်အသိုက်အဝန်းသို့ မျှတစွာ ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရက တာဝန်ယူဆောက်လုပ် ပေးသော လူနေအဆောက်အဦ လုံးချင်းအိမ် (၉၆၀) လုံး ဆောက်လုပ်ရန်အနက် (၉၄၅)လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၄၃) လုံး ဆောက်လုပ်ရန်အနက် (၁၄၁၃)လုံး ဆောက်လုပ်ပြီး၍ ဒုက္ခသည် များအား နေရာချထားပေးပြီးဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ယူသော အဆောက်အဦ လုံးချင်းအိမ် (၂၈၂) လုံး ဆောက်လုပ်ရန်အနက် အားလုံးဆောက်လုပ်ပြီးစီးပြီး၊ တဲတန်း လျား (၉၃၇) လုံး ဆောက်လုပ်ရန်အနက် (၅၃၈)လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူ များအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးများကိုလည်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၆။   ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသီးသီးမှ ခေါင်းဆောင်များက ကောင်းစွာသိမြင်သလို အလေးထားဆောင်ရွက်နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာသည်းခံမှုများရှိရန်လည်း လိုအပ်သည်။ ထို့ပြင် ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် နှင့် ဘာသာရေးပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ဝိုင်းဝန်း ဆန့်ကျင်သွားရန်လည်း လိုအပ်ပါသည်။

၇။   ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိပါသည်။ ထိုသို့သော ပုံဖော်စွပ်စွဲမှု များကြောင့် ပြဿနာများ ပို၍ ရှုပ်ထွေးသွားစေနိုင်မည်ကို သတိပြုသင့်ပါသည်။

၈။   တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်း ညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျောက် ဂုဏ်သိက္ခာမြင့်မားစွာနေထိုင်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက်သွားကြရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ် အား အောင်မြင်စွာတည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။   နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ အထက်ပါဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူ များအား ပြန်လည်နေရာချထားရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်ရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

From : .. သမ္မတရုံး

Friday, July 12, 2013

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း

Posted by drmyochit Friday, July 12, 2013, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊    ၅၉  /၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း  ၅  ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ  ၁၂  ရက်)

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း



 နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်း လိုက်သည်။



                                                                                       (ပုံ)                        

                                                                                    သိန်းစိန်              

                                                                              နိုင်ငံတော်သမ္မတ        

                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

From: နိုင်ငံတော်သမ္မတရုံး

Sunday, June 16, 2013

အမျိုးသမီး အဖွဲ့အစည်းလေးဖွဲ့ပေါင်း ပြီး အမျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်း ရန် ကြိုးပမ်း မှု နှင့် ပက်သက် ၍ သဘော ထား ထုတ်ပြန် ချက်

Posted by drmyochit Sunday, June 16, 2013, under | No comments

ရက်စွဲ ။ ။ ဇွန်လ ( ၁၆)ရက် ၊ ၂၀၁၃ ခုနှစ်

တနင်္ဂနွေနေ့
၁) ၂၀၁၃ ခုနှစ် ဇွန်လ (၁၃)ရက် နေ့ တွင်ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိ နှိုင်း ပွဲမှ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များအား ဘာသာခြား နှင့် အိမ်ထောင်ပြုခြင်း ကို ကန့်သတ်သည့် ဥပဒေမူကြမ်း ကို တရားဝင် အတည်ပြုနိင်ရေး အတွက် လွှတ်တော် ကိုတင်ပြ မည့် အစီအစဉ် ကို ကြေညာခဲ့သည်။
၂)၄င်းကဲ့ သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစား မှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ -- အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်ခြင်းဖြစ် သည်။

၃)အမျိုးသားရေး နှင့် ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ် ကို အခြေခံသော မျိုးစောင့်ဥပဒေ အယူ အဆ သည် လူတစ်ဦးချင်းလွတ်လပ် မှု အခွင့် အရေး ကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သ ကဲ့ သို့၊ လူ တစ်ဦး (သို့မဟုတ်) အမျိုး သမီး တစ်ဦးချင်းစီ ၏ ပုဂ္ဂလ ရွေးချယ် မှု အပေါ် စွက်ဖက် ထိမ်းချုပ်ခြင်းလည်းဖြစ်သ ဖြင့် လက်ခံ နိုင်ဖွယ် မရှိချေ။

၎) ဤ အမျိုးစောင့် ဥပဒေ ကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့၏ ပုဂ္ဂလိ က လွတ်လပ်မှု ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့် အပြင် ၊ အမျိုးသမီး တို့ ၏ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကားခြင်းလည်းဖြစ် သည်။

၅)လက်ရှိ မြန်မာနိင်ငံ ၏အသွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာ သော လူတစ်စု ၏ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား -မ မရွေး ၊ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ၊ ဒီမိုကရေစီ အင်အားစု အားလုံး အပါအဝင် ပြည်သူ တစ်ရပ်လုံး မတူ ကွဲ ပြား သည့် ဖြစ် တည် မှု များ ကို အပြန် အလှန် လေး စား တတ် သည့် အလေ့ အထ ကို မွေး မြူ ရင်း ၊ ညီညွတ်ကြရမည့် အချိန်ဖြစ်သည်။

၆) မျိုးစောင့် ဥပဒေ ကို သာ အတည်ပြုခဲ့ ပါ က ဗုဒ္ဓဘာသာ သည် အခြား ဘာသာဝင်များ နှင့် ရော စပ် ယှဉ် တွဲ နေထိုင်ရန် ယုံ ကြည် မှု ကိုယ်ခံ အား နည်း သော ၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံ ခံစား နေ ရသော ဘာသာ ၊ သာသနာ ဖြစ် သည် ဟု ဆိုလို ရာရောက်ပေလိမ့်မည်။

၇) ဤသို့သော ၊ လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ၊ နိင်ငံရေး ၊ ဘာသာရေး နှင့် စိတ်ပညာ အမြင် များကို အခြေခံ ၍ - မျိုးစောင့် ဥပဒေ မူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချ ပြီး၊ ဗုဒ္ဓဘာသာ ဝင် အမျိုးသမီး ထု အနေဖြင့် မိမိ တို့ လွတ်လပ်မှု ကိုစွက်ဖက် ထိမ်းချုပ်လိုသော ၊ အမျိုးသမီး ထု ၏ ဆင်ခြင်တုံ တရား ကို ထိပါး စော် ကား သော ဤ မျိုးစောင့်ဥပဒေ ကို ညီညွတ်စွာ ဆန့်ကျင် ကြပြီး၊ ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဒီမို ကရေစီ အသွင်ကူးပြောင်း မှု ကို နှောက်ယှက် ဟန့်တား လိုသော မသမာ သူ တစ်စု ၏ မရိုးဖြောင့်သော နည်းပရိယာယ် ကို အစဉ် မပြတ် သတိရှိ ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

၈) ယခု ကြေညာချက် ကို လွတ်လပ်မှု့ နှင့် လူသား ၏ ဆင်ခြင်တုံ တရား ကို လေးစား တန်ဖိုးထား မြှင့်တင်လို သော မည့်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီး မဆို မိမိ တို့ နှင့် သဘောထား တူ မျှ ပါက လွတ်လပ်စွာ ဖြန့် ဝေ ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ပါသည်။

RAINFALL - အမျိုးသမီး အဖွဲ့ အက္ခရာ အမျိုးသမီးအဖွဲ့ Colourful girls ရောင်စုံ မိန်းကလေး များ အဖွဲ့ KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့

Kumudra

Thursday, June 13, 2013

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုအပေါ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထား ထုတ်ပြန်ချက်

Posted by drmyochit Thursday, June 13, 2013, under | 1 comment

ကျေညာချက်အမှတ် ၈/၂၀၁၃

ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၂) ရက်

၁။ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အရေးအခင်း၊ မိတ္ထီလာအရေးအခင်းနှင့် နောက်ဆုံး ဖြစ်ပွားခဲ့သော လားရှိုးအရေးအခင်း များကို မြန်မာနိုင်ငံအတွင်း၌ တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဘာသာယဉ်ကျေးမှု မတူသော လူအုပ်စုနှစ်စု တို့အကြား ဆူပူမှုများ၊ ငြိမ်သက်အောင် ဖန်တီးနိုင် ခဲ့သော်လည်း အပြန်အလှန် လေးစားနားလည်၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်သော အနေအထားသို့ ရောက်ရန် အချိန်ကာလ နှင့် ပံ့ပိုးစောင့်ရှောက်မှုများ လိုအပ်နေဦးမည်သာ ဖြစ်သည်။ ထိုသို့ အချိန်ကာလ အတန်ကြာ ရယူဖြေရှင်းရဦးမည့် အနေအထားတွင် ဥပဒေအရ ထိန်းချုပ်နိုင်လင့်ကစား စိတ်ခံစားချက်များ အပေါ် တည်မှီသော ပေါက်ကွဲမှုများ ဖြစ်မလာရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများအတွက် အထူးအရေးကြီးပေသည်။

၂။ ယခုအခါ မလေးရှားနိုင်ငံတွင် သွားရောက်၍ မိမိတို့ဝမ်းစာအတွက် အလုပ်လုပ်ကိုင် နေကြသော အပြစ်မဲ့ မြန်မာပြည်သားများကို ပြည်ပတွင် လက်တုန့်ပြန်ခံရ၍ အသက်ဆုံးပါးရမှု များကို ကြားသိလာရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ဖြစ်ရသည်သာမက အလွန်ပင် စိုးရိမ်ကြောင့်ကြရသော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖြစ်ပွားရာ နိုင်ငံဒေသ ပြင်ပတွင် ယင်းကဲ့သို့ သတ်ဖြတ်မှုများ၊ ဒေသတွင်းသို့ ကူးစက်မလာဟု ပြော၍မရပါ။ ထို့အတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအဖြစ်သို့ မရောက်စေရန် အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရန် လိုသကဲ့သို့ ဤကဲ့သို့သော တရားမဲ့ ကျူးလွန်သတ်ဖြတ်မှုမျိုးကို ကြိုတင်ကာကွယ်ရေးနှင့် ပြည်တွင်းသို့ သယ်ဆောင်မလာနိုင်ရေး တို့ကို လုံခြုံရေးသတိ၊ နိုင်ငံရေးအသိ ရှိရှိဖြင့် စုပေါင်းကာကွယ်ရန် တောင်းဆို တိုက်တွန်းလိုက်သည်။

၃။ အမျိုးသားဒီမိုကရေ စီအင်အားစု ပါတီသည် လူမျိုးပေါင်းစုံညီညွတ်ရေး၊ သဟာဇာတဖြစ်ရေး တို့ကို အစဉ်တစိုက် ကြိုဆိုနေမည် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ အမျိုးသား အကျိုးစီးပွားတို့ကို ထိပါးမည့် အကြောင်းကိစ္စ ဟူသမျှ တို့ကို ဆန့်ကျင်သွားမည် ဖြစ်သည်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားရေး စသည်တို့ကို အမြတ်တနိုး ပွေ့ပိုက်မည် ဖြစ်သော်လည်း နိုင်ငံနှင့်လူမျိုး အကျိုးကို ထိခိုက်မည့်အရေးကို အမျိုးသားရေး အမြင်ဖြင့် တားဆီးကာကွယ်ရေးကို တောင်းဆို၍ ဤသို့သော အပြစ်မဲ့ မြန်မာပြည်သားများ သတ်ဖြတ်ခံရမှုကို ပြင်းထန်စွာရှုံ့ချလိုက်သည်။

(၁၂-၆-၂၀၁၃ ရက်နေ့တွင် ကျင်းပသော ဗဟို အလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

The Voice Weekly

Thursday, May 30, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်

Posted by drmyochit Thursday, May 30, 2013, under | No comments



၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေ သူမှ ၄င်း၏ သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေး ယူပေးရန် တိုင်တန်း သဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှု ကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ် တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့ တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊

ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ ကြောင်း၊

မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက် မှ လိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအား မီးရှို့ပြီး ဒေါ်လှ ရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊

၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား ၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။

အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦး အား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက် ထားခဲ့ပါသည်။

ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊

လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။

မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးဥက္ကဌဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။

၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊

၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊

ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊

ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်