Tuesday, October 16, 2012
မြန်မာနိုင်ငံတွင် OIC ရုံးများ လာရောက်ဖွင့်လှစ်ခြင်းများအပေါ် ကန့်ကွက်သည့်အနေဖြင့် သံဃာတော်များမှ ဆန္ဒဖော်ထုတ်
Posted by drmyochit
Tuesday, October 16, 2012, under ဓါတ်ပုံသတင်း | No comments
ဦးဘရန်ရှောင်အမှု ရှေ့အပါတ်တွင် အမိန့်ချမည်
Posted by drmyochit
Tuesday, October 16, 2012, under သတင်းများ | No comments
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဟု စွပ်စွဲ ခံရသူ ဦးလထော် ဘရန်ရှောင် အား စွဲချက် တင်သင့် မတင် သင့် ကို လာမည့် အောက်တို ဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု သိရှိရသည်။
မြစ်ကြီး နားမြို့နယ် ဂျန်မိုင်ကောင်နှစ်ခြင်း ဘုရားကျောင်းရှိ ဒုက္ခသည် စခန်း အတွင်းမှ ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည့် ကိုဘရန်ရှောင်အား ဇူလိုင်လတွင် မတရားသင်း ဆက်သွယ် မှုဖြင့် ပြောင်းလဲ စွပ်စွဲ ခဲ့ခြင်း ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဆူဇူကီးကားစက်ရုံ တည်ဆောက်မည်
Posted by drmyochit
Tuesday, October 16, 2012, under သတင်းများ | No comments
ဂျပန် ထိပ်တန်း ကားထုတ် လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဆူဇူကီး ကားထုတ် လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့မှ ၂၅ မိုင် အကွာ သီလဝါ အထူး စီးပွားရေး ဇုန်၌ ကား ထုတ် လုပ်ရေး စက်ရုံ တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆူဇူကီး မော်တော်ကော် ပိုရေး ရှင်းက ပြောကြား သည်ဟု အောက် တိုဘာ ၁၁ ရက်တွင် အာဆီယံ ဆိုင်ရာ သတင်း တစ်ရပ်၌ ဖော်ပြ ထားသည်။ အဆိုပါ ကားထုတ် လုပ်ရေး စက်ရုံသည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးလိမ့် မည်ဖြစ်ကြောင်း အဆာ ဟိရှင်ဟွန်း သတင်းစာ ဆောင်းပါး တစ်ပုဒ် တွင် ဖော်ပြ ထားသည်။ ယင်းစက်ရုံမှ တစ်နှစ်လျှင် ကားစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း ဆူဇူကီး ကုမ္ပဏီ တာဝန်ရှိ သူများက ပြောကြား သည်။ လက်ရှိ မြန်မာနိုင် ငံတွင် မှတ်ပုံ တင်ထားသော ကားစီးရေ ၂ ဒသမ ၃ သန်းခန့်ရှိရာ အများစုမှာ ဂျပန်နိုင်ငံမှ တင်သွင်းသော ကားများဖြစ် သည်။ ဆူဇူကီး ကုမ္ပဏီသည် သီလဝါ အထူး စီးပွားရေး ဇုန်၌ မြေဧရိယာ အကျယ်အဝန်း ဟက်တာ ၄၀ ပေါ်တွင် တည်ဆောက် သွားမည် ဖြစ်ကြောင်း အဆာဟိ ရှင်ဘွန်း သတင်းစာ ကရေး သားဖော်ပြ ခဲ့သည်။
ပြည်တွင်းတွင် လျှပ်စစ်ကားစမ်းသပ် ထုတ်လုပ်ပြီးဖြစ်
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ဓာတ်ဆီ၊ ဒီဇယ် စတဲ့ စက်သုံးဆီ မလိုအပ်ဘဲ လျှပ်စစ် အားသွင်းပြီး မောင်းနှင် နိုင်တဲ့ လျှပ်စစ်ကား ကို ပြည်တွင်းမှာ စမ်းသပ် ထုတ်လုပ်ပြီး ဖြစ်တယ်လို့ရူပါသိဒ္ဓိကုမ္ပဏီမှ သိရပါတယ်။ အဆိုပါ ကားကို ပြည် တွင်းမှ အင်ဂျင်နီယာ တွေနဲ့ ILBC ပုဂ္ဂလိက ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတွေ ပူးပေါင်း တီထွင် ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ လျှပ်စစ်ကား စမ်းသပ်မှုကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ကတည်းက စမ်းသပ်ခဲ့ တာ ဖြစ်ပါတယ်။
စိတ်ကြွဆေးပြား ကျပ်သိန်း (၁၃၀၆၀) တန်ဘိုးရှိ မူးယစ် ဆေးဝါးများနှင့် တရားခံ (၅)ဦး ဖမ်းဆီးရမိ
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းကချင်းတွင်း မြစ်အတွင်း အစုန်စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း (၁၃၀၆၀)တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ကလေးဝမှ စုန်ဆင်း လာသော မြင်းကောင်ရေ ၂၅ တရုတ်အင်ဂျင် တပ်ဆင် ထားသော အစိမ်းနုရောင် စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်း (၁၃၀၆၀) တန်ဖိုးရှိ မူးယစ်ဆေးများ မုံရွာမူးယစ် အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ ၅ ဦးနှင့်အတူ တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ (သတင်းအပြည့်အစုံ)
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ပြည်သူကို လှည့်ဖျားရန်မလို-စာချုပ်ကို ဖျက်သိမ်းရန်သာလိုသည်
Posted by drmyochit
Tuesday, October 16, 2012, under သတင်းများ | No comments
မနက်ဖန် တနိုင်ငံ လုံးက -OIC- ရုံးခမ်း ဖွင့်မည် ဆိုခြင်းကို လက်မ ခံကြောင်းကြေ ညာချက် ထုတ်ပြန် သည်နှင့် အစိုးရ ကတာဝန် ရှိသူ များ၏ ရှင်းလင်း ချက်များ ထုတ်ပြန် လာသည်။ ၄င်း ရှင်းလင်း ချက်များ မှာ -OIC-ရုံးခမ်း ဖွင့်လှစ်ရန် စိုးရိမ်စရာ မရှိ ဟုဖေါ်ပြ ထားသည် ။
နိုင်ငံတော် သမ္မတကြီး၏ ထုတ်ပြန် ချက်မှာလည်း
KIO နှင့် KIA ခေါင်းဆောင်များပိုင်တဲ့ လုပ်ငန်းနှင့်ပစ္စည်းတွေကို တရုတ်အစိုးရက သိမ်းလိုက်ပြီ
Posted by drmyochit
Tuesday, October 16, 2012, under သတင်းများ | No comments
စက်တင်ဘာလကုန်ပိုင်းတွင် တရုတ်အစိုးရမှ တရုတ်နိုင်ငံအတွင်းတွင်ရှိသော KIO/KIA ခေါင်းဆောင် များပိုင်ဆိုင် သည့် လုပ်ငန်းကြီးများ၊ ပစ္စည်းများအား သိမ်းယူခဲ့ကြောင်း သိရှိရပါတယ်။သိမ်းယူ ရခြင်းမှာ KIO/KIA အဖွဲ့မှ စစ်ပြေးဒုက္ခသည်များနှင့်ပတ်သက်ပြီး တရုတ်အစိုးရအား လူသားချင်း စာနာထောက် ထားမှုမရှိကြောင်း၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းများ ဆောင်ရွက်နေကြောင်းနှင့် KIO ၏ ငွေကြေးနှင့် ရိက္ခာဆိုင်ရာ စီးပွား ရေးလမ်းကြောင်းများအား ပိတ်ပင်နေကြောင်းများ စသော ကိစ္စရပ် များနှင့် ပတ်သက်ပြီး စွပ်စွဲပြစ်တင်ဝေဖန်ပြောဆိုခဲ့မှုနှင့် နိုင်ငံ တကာ အမြင်စောင်းစေခြင်း မျိုး ပြုလုပ်ခဲ့ သဖြင့် ထိုသို့ သိမ်းဆည်းခြင်း ဖြစ်ကြောင်း KIA မှ အမည်မဖော်လိုသူ အရာရှိကြီး တစ်ဦးမှ KDN သို့ ပြောကြား ပါတယ်။ တရုတ်အစိုးရမှသိမ်းဆည်းရာတွင် KIO/KIA အဖွဲ့အစည်းအမည်ပေါက် ပစ္စည်းများ အား သိမ်းဆည်းခြင်းမဟုတ်ဘဲ ခေါင်းဆောင်ကြီးများ၏ ပုဂ္ဂလိက ပိုင်ဆိုင်သော လုပ်ငန်းများ သာဖြစ်ကြောင်း၊ အဆို ပါ အရာရှိကြီးမှ ဆက်လက်ပြောကြားပါတယ်။
နီပေါ နိုင်ငံတွင် စိတ် ဝေဒနာရှင် ၃ဝဝဝဝဝ ဦးခန့်ရှိ
Posted by drmyochit
Tuesday, October 16, 2012, under သတင်းများ | No comments
KIA သိစေချင်တဲ့ ကျွန်တော့်ရဲ့ လွတ်လပ်သော သဘောထားအမြင်
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ဒီမိုကရေ စီခေတ်မှာ သဘောထား အမြင်တွေကို လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြော ကြားနိုင် တယ် လို့ လူတကာက ပြောနေကြတော့ ကျွန်တော့်ရဲ့ အမြင် သဘောထား ကိုလည်း တင်ပြချင် ပါ တယ်။
ပြည်သူတွေကို ချစ်လို့ ပြည်သူတွေအလိုကိုလိုက်လျောပေးတဲ့ သမ္မတကြီးဦးသိန်းစိန်
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ယနေ့ပြု လုပ် လျက်ရှိသော အနယ်နယ် အရပ်ရပ်ရှိ OIC အခြေစိုက်ရုံး ဖွင့်လှစ်ခြင်း ကိစ္စအား ကန့်ကွက် သည့် ဆန္ဒေ ဖ်ာထုတ်ပွဲ များကြောင့် အစိုးရ အနေဖြင့် OICရုံးဖွင့် ခွင့်ပြုတော့ မည်မဟုတ်ကြောင်း သမ္မတရုံး က သတင်းထုတ်ပြန်ကြေငြာလိုက်သည်။" ပြည်သူများ၏ စိုးရိမ်ကြောင့်ကျမှုကို နားလည် ပါကြောင်းနှင့် ပြည်သူ့အစိုးရဖြစ်သည့် အတွက် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင် သွားရန် အစီအစဉ်မရှိကြောင်း" သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသွားပါသည်။ သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင်လည်း OIC ရုံးဖွင့်လှစ်ရေးကိစ္စကို "၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း" နိုင်ငံတော် သမ္မတရုံး မှကြေညာ လိုက် သည်။
ပူတာအိုဒေသခံများ စားစရာဆန်မရှိဖြစ်နေ
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဆန်ပြတ် လပ်မှုနှင့် အတူ အခြား ကုန်ပစ္စည်း များမှာလည်း ဈေးနှုန်း အဆမ တန်မြင့် တက်လျှက် ရှိသောကြောင့် ဒေသခံများမှာ စားဝတ်နေရေး အခက် အခဲကြုံတွေ့နေရ သည်။
ယခုအခါ ပူတာအိုမြို့ပေါ်တွင် ဆန်ရောင်းမည့်ဈေးသည်များ မရှိကြောင်း၊ယခင် ဆန်တစ်ပြည်လျှင် ကျပ် (၁၀၀၀) ၀န်းကျင်ရှိ ဆန်များအား လက်ရှိအချိန်တွင် မြို့နယ် အုပ်ရေးမှူးရုံးက ဆန်နို့ ဆီနှစ်ဘူး ခွဲလျှင် ငွေ(၅၀၀) ကျပ်ဖြင့် ဆန် အရေအတွက် အနည်းငယ်သာ ရောင်းချပေးနေခြင်းဖြစ်သည်။
ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို ယနေ့ နယ်စပ်သို့ပြန်သယ်ဆောင်လာ
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယမန်နေ့ည ၁၀နာရီခွဲကျော်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန် သွားခဲ့ သူ ပဒိုစောဒေး ဗစ်ထော၏ ရုပ်အလောင်းကို မနက် ၁နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ဘက်သို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။
ကမ္ဘောဒီယား မင်းသားကြီး သီဟာနု ကွယ်လွန်
Posted by drmyochit
Tuesday, October 16, 2012, under နိုင်ငံတကာသတင်းများ | No comments
ကမ္ဘော ဒီယား နိုင်ငံက ဘုရင်ဟောင်း အသက် ၈၉ နှစ်ရှိ မင်းသားကြီး နိုရိုဒွန် သီဟာနုဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ မနေ့က တနင်္လာနေ့မှာပဲ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်း မီဒီ ယာက ကြေညာ သွားပါ တယ်။ မင်းသားကြီး သီဟာနုဟာ ကာလ အတော်ကြာကြာ ကျန်းမာရေး မကောင်း ဖြစ်နေခဲ့ တာလည်း ဖြစ် ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြည်တွင်း အပျော်စီး သင်္ဘောခရီးစဉ် စတင် ပြေးဆွဲ သွားမည်
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Ayravata Cruise မှ ပေါက္ကံ ၂၀၁၂ လို့ အမည်ပေး ထားတဲ့ အပျော် စီး သင်္ဘော ကို လာမယ့် အောက်တို ဘာလ၁၄ ရက်နေ့မှာ စတင် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက (၂၄)နှစ်ပြည့် အခမ်းအနားကျင်းပ
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
ပြည်သူ အကျိုးအားရှေး ရှုသည့် ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ ၏တန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရှိရေး အပါအ၀င် ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး လုပ် ငန်းစဉ် များ ပါဝင်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အနာဂါတ် လုပ်ငန်းစဉ် များအား ပါတီ ဥက္ကဋ္ဌ က ပါတီ၏ (၂၄)နှစ်ပြည့် အခမ်းအနားတွင် ရှင်းပြခဲ့သည်။
ပဒိုစောဒေးဗစ်ထော ကွယ်လွန်
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
KIA ရဲ့ မိုင်းကွဲလို့ ကချင်ပြည်သူတစ်ယောက် သေပြန်ပြီ
Posted by drmyochit
Tuesday, October 16, 2012, under ပြည်တွင်းသတင်းများ | No comments
KIA ထောင်ထားသောမိုင်းနင်းမိ၍ သေဆုံးသွားသူ
၂၀၁၂ ခုနှစ် အောက်တို ဘာလ (၁၂) ရက်နေ့တွင် မိုးကောင်းမြို့နယ် ၊ နန့်ဟိုင် ကျေးရွာ၏ အရှေ့ ဘက် တွင် KIA ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ၍ ဒေသခံရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိပါခဲ့ပါတယ်။