ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ကရင် အမျိုး သား အစည်းအရုံးKNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့စစ်ဦး ချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်၂ဦးကို ရာထူးက ဖယ်ရှားလိုက် ကြောင်းဒီရက်ပိုင်းအတွင်းသတင်းတွေ ထွက်ပေါ်နေပေမဲ့ တရားဝင်စာ သို့မဟုတ် ကြေးနန်းမရရှိ သေးကြောင်း ဖားအံခရိုင် ဥကဌ ပဒိုစောအောင်မော်အေးက ပြောပါတယ်။ ဒီလို ထုတ်ပယ်တာ မှန်ကန် တယ် ဆိုရင်တော့ အဖွဲ့တွင်း အကွဲအပြဲမဖြစ်စေဖို့ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။
ကချင်ပြည်သူလူထုအကျိုးနှင့် လူထုကိုယ်စားပြု အဖွဲ့အဖြစ် ကြွေးကြော်နေသည့် ကေကိုင်အို၊ ကေအိုင်အေ သည် လက်တွေ့တွင် မိုင်းခွဲ၊ လူသတ်၊ ဆက်ကြေးတောင်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ တို့၏ ယုတ်မာရက်စက်သည့် လုပ်ရပ်တစ်ခုအဖြစ် အောက်တို ဘာလ ၁ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ဖားကန့်မြို့၊ မော်ဝမ်းလေးရွာနေ ဦးမင်းနိုင်(၃၅) နှစ်သည် ၎င်း၏နေအိမ်ရှေ့ခုံတန်းလျား၌ ဂျာနယ်ထိုင်
အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထောက်ပံ့ပေးနေသော နိုင်ငံ တကာဘဏ္ဍာရေး အဖွဲ့အစည်းများအား အမေရိကန် ထောက်ခံအားပေးရာတွင် ပိုမိုလွယ်ကူစေမည့် ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ မဂ္ဂင်လမ်းကို ကွန်ကရစ်လမ်း အသစ် ခင်းနေပါ တယ်။ လမ်းအ သစ် ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ် နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟုသတိပေး တားမြစ် ထား ပါတယ်။
အခင်းဖြစ်ပုံမှာ လွန်ခဲ့သောစက်တင်ဘာလ ၃ဝ ရက် နံနက် (၁း၂ဝ) အချိန်လူငယ်(၄)ယောက် မိန်းကလေး (၂)ယောက်ပါသော super roof van ce106 ဖင်ကောက် တစ်စီးက လမ်းတွင်ပိတ်ဆို့ထား သောအုန်းတုံး များနှင့်တန်းများကို တိုက်ကာ ဝင်လာပါတယ်။
ဖြစ်တတ်တယ်၊ ရှိတတ်တယ်မဆီမဆိုင် ကျနော်တို့တောင် ပုံကို ကြည့်ပြီး စိတ်ထိခိုက်တာ ကိုးလလွယ် ဆယ်လဖွား ရတဲ့ မိဘတွေဆို ပိုခံစားရမှာပေါ့။ကလေးက မွေးကတည်းက မျက်လုံးကြီးတစ်လုံးပဲ ပါတယ်။ အထဲမှာ မျက်ဆံနှစ်လုံး၊ ပါးစပ် နှာခေါင်းမရှိ။ ခြေလက် ပုံမှန်။ လိင်အင်္ဂါ (ဖို၊မ)နှစ်ခုပါ။အဖရိကတိုက်လို့ပဲ ဖော်ပြထားတယ်။ သေ၊ ရှင် မဖော်ပြထားပါ။
ခမ်းကီး
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်)ခရိုင်
နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု၎ စု သည် ယခု ရက်ပိုင်းအတွင်း မြန်မာဘက်သို့
ပြောင်းရွေ့သွားကြောင်းသတင်း ရရှိသည်။ဘင်္ဂလာဒေခ်ျ့တွင် တည်ရှိသော ဘုန်းတော်ကြီး
ကျောင်းတစ်ကျောင်းပြောင်းရွေ့သွားသူများမှာ အခင်း ဖြစ်ပွားရာ ရာမူး (ပန်းဝါ)
အရှေ့ ဘက်တွင်တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း
ကျေးရွာသား တဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။ “ သူတို့ပြောင်းသွားတာက ဒီဘက်မှာ
ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေ အနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း
အခက်အခဲရှိ လာတဲ့ အတွက် မြန်မာ ဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်တွေ၊ ၀၆ အောက်တိုဘာ ၂၀၁၂ ၊ ရခိုင်ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ညံ့ဖျင်းမှုကြောင့် ရခိုင်ပြည်နယ် အတွက် သုံးစွဲရန်ကျပြီးသား
ကျပ်ငွေ ၂၄ဘီလီယံ ခန့် ကို သုံးစွဲနိုင်ခြင်းမရှိပဲ စာရင်း ပိတ် သိမ်းခြင်း
ခံရကြောင်း ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ်တစ်ဦးကCoral Arakan အား ပြောကြားသည်။
“လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့
ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ ဖွယ်ရာ၊ ခရီးသွား လုပ်ငန်းဝင်ငွေတိုးဖွယ်ရာ၊
စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီးဟာ
ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီး အဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့
ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ်
ဂင်းနစ် ကမ္ဘာ့ မှတ်တမ်းပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီသတင်းကြောင့် အဂူဆန် ဒယ်လ်ဆာ ခရိုင်အတွင်းက လူဦးရေ ၃၇၀၀၀သာရှိတဲ့ လယ်ယာစိုက်ပျိုးရေး
မြို့ငယ်လေး ဘူနာဝန်မှာ ဂုဏ်ပြုပွဲများပြုလုပ်ခဲ့ကြသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး
အက်ဒ်ဝင် ကော့စ် အယ်လော့ဒ်ကတော့ ရွာသားများ ငါးရှာထွက်လေ့ရှိတဲ့ စိမ့်မြေနဲ့ချောင်းအတွင်းမှာ
အလားတူဧရာမ မိကျောင်း ကြီးများ ကျန်ရှိနေဦးမှာကိုလည်း စိုးရိမ်မိနေကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ခံစားချက် နှစ်မျိုးကို ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒေသဟာ ဇီဝမျိုးကွဲတွေပေါကြွယ်ဝတဲ့နေရာ
ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း လိုလောင်လို မိကျောင်းကြီးမျိုး
တစ်ကောင် တည်းရှိတာ မဖြစ်နိုင်ဘူးလို့လည်း ကြောက်ရွံ့မိပါတယ်။”အယ်လော့ဒ်က တယ်လီဖုန်းနဲ့
ပြောကြား ခဲ့ပါတယ်။
လိုလောင်ဟာ ဘူနာဝန်မြို့ပြင်က သဘာဝ လေ့လာရေး ခရီးသွား ဥယျာဉ်နဲ့ သုတေသနစခန်းမှာ စူပါစတား
ဖြစ်နေခဲ့ပြီး ယင်းကို ဖမ်းမိကြောင်း သတင်းများထွက်ပေါ်လာပြီးကတည်းက ခရီးသွား ထောင်ပေါင်းများစွာကို
ဆွဲဆောင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
အယ်လော့ဒ်ရဲ့ အဆိုအရ ဘူနာဝန်မြို့လေးဟာ အဲဒီ ဥယျာဉ်ကို လာရောက်ကြသူတွေထံက ဝင်ကြေးအဖြစ်
ဖိလစ်ပိုင် ပီဆို သုံးသန်း (ဒေါ်လာ ၇၂၀၀၀) ရရှိခဲ့ပြီး ဝင်ငွေ အများစုကို မိကျောင်းကြီးအတွက်
အစာစရိတ်နဲ့ စောင့်ရှောက်စရိတ်အဖြစ်လည်းကောင်း၊ ဥယျာဉ် ထိန်းသိမ်းစရိတ်အဖြစ်လည်းကောင်းပြန်လည်
အသုံးပြု တယ်လို့သိရပါတယ်။
မိကျောင်းကြီး လိုလောင်ဟာ အရှည် ၆.၁၇ မီတာ ရှိပြီး အလေးချိန် ၁ တန်ကျော် လေးတယ်လို့
ဂင်းနစ် မှတ်တမ်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ အန်း-လိစ် ရို့စ်ရဲ့ ကြေငြာချက်မှာ
ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်း ကာလ နေအိမ် အဆောက်အအုံနှင့် ဈေးများ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို အောက်တို ဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ့အာမခံ လုပ်ငန်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
From : မြန်မာ့အလင်း
အောက်တိုဘာ ၃ ရက်က ပြုလုပ်သော မထသ(ဗဟို)နှင့် သတင်းမီဒီယာများ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲ တွင် ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ခရီးသည်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ယာဉ်လိုင်း သုံးလိုင်း အား တိုးချဲ့ပြေးဆွဲရန် စီစဉ်မှုများ ရှိနေကြောင်း အသိပေး ပြောကြားခဲ့သည်။ အဆိုပါ ယာဉ်လိုင်း သုံးလိုင်းမှာ မေတ္တာလှိုင်း(၁)၊ မထသ ၄၀(ယာဉ်ကြီး)၊ မထသ ၄၃(ယာဉ်ကြီး) တို့ဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များ အဆင်ပြေပြေ ပြေးဆွဲနိုင်ရေးအတွက် (CNG) ရရှိနိုင်ရန် ထောက်ခံတင်ပြ ပေးထားပြီးဖြစ်၍ မကြာမီသော
၂၀၀၉ ခုနှစ်အတွင်းက အိုစမာဘင်လာဒင်ရဲ့ အယ်ကိုင်ဒါအဖွဲ့ဟာ ဂျီဟတ်အတွက် အသေခံ မူဆလင် လူငယ်များစုဆောင်းရေးစီမံကိန်းမှာ အရှေ့အလယ်ပိုင်း အာရပ် အာဖရိကအပြင် တောင်အာရှဘက်ကိုပါ စီမံကိန်း ထည့်သွင်းခဲ့ပါတယ်.. အဲဒီမှာ မြန်မာ - ဘင်္ဂလားနယ်စပ်က အစ္စလာမ်ဘာသာကိုးကွယ်သော အငြင်း ပွားဖွယ် ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုကြတဲ့လူမျိုးစုကို သတိထားမိခဲ့ကြပါတယ်.. ၂၀၀၉ ဇွန်လမှာ အယ်ဂျီရီးယားနိုင်ငံသား(၁)ဦးနဲ့ ပါကစ္စတန်နိုငံသား(၂)ဦး ပါဝင်တဲ့ အယ်ကိုင်ဒါကေဒါအုပ်စုဟာ ဘင်္ဂလား မြန်မာနယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာလူမျိုးစုရွာတွေဆီသွား တရားဟောရင်း ဂျီဟတ်တိုက်ပွဲအတွက် လူငယ်(၂၀၀)ကျော်ကို စုစည်းပြီး အကြမ်းဖက်သင်တန်းပေးခဲ့ကြပါတယ်.
ပုဂ္ဂလိက ဘဏ်များနဲ့ပတ်သက်ပြီး ပေါ်ထွက်နေတဲ့ ကောလဟာလများ မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာ့ရုပ်မြင်သံကြား ၈ နာရီသတင်းမှာ ကြေညာသွားပါတယ် ။ကြေညာချက် အပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ် -
ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက် ကုန်ဈေး နှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့် ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့ နယ် မူလရှီဒီးရွာသားဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွား လမ်းနမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့် ထားကြောင်း KIA အ ရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
စံခလပူရီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ လက်အောက်ခံ တပ်များ တပ်စွဲထားသည့် ရှမ်းပြည်နယ် အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ် အနီးရှိ ကူးတိုးဆိပ် (တာဆန်ပူး) မှ တပ်များ အားလုံးကို သောကြာနေ့နောက်ဆုံးထားပြီး ဆုတ်ခွါပေးရန် ရှမ်းပြည် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က SSPP အား စာပို့၍ အကြောင်းကြားခဲ့ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြော သည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းတခု ထပ်ရွှေ့ရန် သျှမ်းပြည်နယ်အစိုးရ နယ်စပ် ရေးရာနှင့် လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူကအကြောင်းကြားလာကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်း မှအရာရှိတဦးကပြောပါသည်။“တပ်အပြောင်းအလဲ လုပ်မှာမို့ လို့ လမ်းမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ တာ့ဆမ်ပူး နမ့်ပန်ချောင်းကူး တပ်စခန်း ခဏ ဖယ်ပေးပါတဲ့။ မိုင်းအောတ် တောင်ဟျိုး တုန်းက လဲ အဲလို တခါဖြစ်ဖူးပြီးပြီ။
အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
စစ်ဦးစီးချုပ် အပါအ၀င် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ် ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန်ယူဗဟိုကော်မတီဝင်တစ်ဦးက ကေ အိုင်စီသို့ ပြောသည်။
အင်းဝ(စစ်ကိုင်း)တံတား အဆင်းရှိ တကောင်း၊ ပန်းတော ရပ်ကွက်မှ နေအိမ်တစ်ခုတွင် အောက်တိုဘာ လ ၅ ရက်နေ့က မိလ္လာကျင်း တူးရာမှ ဂျပန် ခေတ်လက်ကျန်ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဗုံးသီးများတွေ့ရှိ ခဲ့သည့်နေအိမ်မှာ ၁၉၄၅ ခုနှစ်ဝန်း ကျင်က ဂျပန် ကင်ပေတိုင်စစ်ဌာန ရုံးအခြေချ ဖွင့်လှစ်ခဲ့သော နေအိမ်ခြံ ဝင်းဖြစ်ေ ကြာင်း သိရှိရသည်။
ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က MRTV-4 နှင့် Sky Net တို့မှတစ်ဆင့် ယနေ့ညနေ ၆ နာရီမတိုင်မီ ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဘဏ်ပြန်ကြားရေးတာဝန်ခံ ကိုသီဟအောင်ကပြောသည်။
မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိ တဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။
လူအင်အား၊ စာဖတ်သူ ဝယ်ယူနိုင်စွမ်းအား လုံလောက်မှု မရှိသေးသော်လည်း
ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာများ ထွက်လာတော့မည် (ဓာတ်ပုံ- Reuters)
ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်
အချို့သည် နေ့စဉ် သတင်းစာများ ထုတ်လုပ်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင်နေကြောင်း ရန်ကုန်အခြေစိုက်
အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းစာဆရာ တချို့က ပြောသည်။
ပုပ္ပားတောင်နှင့် ပတ်ဝန်းကျင် မြင်ကွင်း (ဓာတ်ပုံ –
Ralf-André Lettau/Wikipedia)
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ
ပုပ္ပားတောင်ဒေသတွင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတ ချို့၏ နဂါးမောက်သီးနှင့် လက်ဖက်ခင်း
စိုက်ပျိုးမှုကြောင့် ရေထွက်ပေါက်အများအပြား ပျက်စီးပြီး ရေရရှိမှု နည်းပါးကာ ပုပ္ပားတောင်နှင့်
ကျောက်ပန်းတောင်း မြို့နယ်ဝန်းကျင်၌ ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ
သိရသည်။
ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ
ဘဏ်၏ ငွေကြေးအခြေအနေအပေါ် ယုံကြည်မှုမရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေသည်ဟု ထွက်ပေါ်ခဲ့သော
သတင်းများမှာ ကောလာဟလ သတင်း များသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက
ပြောသည်။
စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရာမူးနဲ့ကော့ဘဇားမြို့တွေမှာ ဆူပူ အကြမ်းဖက်သူအများစုက လူနည်းစုဗုဒ္ဓဘာသာဝင်ရခိုင်တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခဲ့ကြပါတယ်။
(၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဦးအောင်ကိုဝင်း နှင့် ဦးတေဇ ဖမ်းဆီးခံရသည့် ကောလဟလ သတင်းများ ကြောင့် ၄င်းတို့ပိုင်ဆိုင်သည့် ဘဏ်များမှ ငွေများအား ပြန်လည်ထုတ်ယူနေကြောင်း သိရှိရ ပါသည်။ သတင်းမှန်ကို သိရှိနိုင်ရန်အတွက် ၄င်းတို့နှစ်ဦး နှင့် ပုဂ္ဂိုလ်ရေး အလွန်နီးစပ် ရင်းနှီးသူများအား စုံစမ်းမေးမြန်းကြည့်ရာ သတင်းမှန်ကန်မှုမရှိကြောင်းနှင့် တမင်ကြံရွယ်၍ ကောလဟလဖန်းတီးမှုတစ်ခုသာ ဖြစ်ကြောင်း သိရှိရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် လက်ရှိ ၄င်းတို့၏ရုံးများတွင်သာ ရှိနေကြပြီး ပုံမှန် ရုံးလုပ် ငန်းများ ဆောင်ရွက်နေကြောင်း ထပ်မံသိရှိရပါသည်။
မြန်မာလူမျိုးသင်္ဘောသားနှစ်ဦး ပါဝင်သည့်ကုန်တင်သင်္ဘောတစ်စီး ယနေ့နံနက်ပိုင်းက မီးသင့်လောင် ကျွမ်းခဲ့သည်။
နေရာဒေသအချို့တွင် ထီပေါက်သဖြင့် ဆုငွေရရှိမည်ဖြစ်၍ ကော်မရှင်ပေးရန်နှင့် ခရီးစရိတ်ပေးရန် ဖုန်းဖြင့် လိမ်လည် ဆက်သွယ်ပြီး လုပ်စားနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါသည်။
( Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ လူသားခြင်းစာနာမှု အဖွဲ့အစည်းများ၏ ဒုတိယအကြိမ်အစည်းအဝေးကို မနေ့ ကဒိုဟာတွင်ကျင်းပသည်။ ပြည်တွင်း ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းအပေါင်း ၃၀ကျော် တက်ရောက်သော ယင်းအစည်းအဝေးကို OICနှင့် Qatar Charityတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပထမ အကြိမ် အစည်းအဝေးကို ကွာလာလမ်ပူတွင် သြဂုတ်လက ကျင်းပခဲ့သည်။
ရပ်ဆိုင်း ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းထက် ကြီးသော ရေအား လျှပ်စစ် စီမံကိန်း တစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင် နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။