Wednesday, September 12, 2012

CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ

Posted by drmyochit Wednesday, September 12, 2012, under | No comments

 See video
CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ

အမေရိကန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ Think Tank ဖြစ်တဲ့ CSIS အဖွဲ့ဟာ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတအပါအ၀င် Stakeholder အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
CSIS ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒချမှတ်မှုမှာ လွှမ်းမိုးမှု ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ (အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ဟာ အရင်က CSIS က ဖြစ်ပါတယ်။)

သူတို့အဖွဲ့ရဲ့ ပေါ်လစီအကြံပြုချက် အကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ကြတဲ့ အခါ သမ္မတအိုဘားမားအနေနဲ့ နိုင်ငံတော်သမ္မတကြီးကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ (၂)ဦးစလုံးကို တွေ့ဆုံရန်၊

၂။ မြန်မာ့ပို့ကုန်တွေ ပိတ်ဆို့ထားတာကို ခြွင်းချက်နဲ့ ဖယ်ရှားပေးရန်၊ မြန်မာနိုင်ငံမှာ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီရေးစီမံကိန်းတွေကို အမေရိကန်အစိုးရက ပံ့ပိုးကူညီရန်၊

၃။ အရပ်ရပ်နယ်ပယ်စုံ Capacity Building ကို ထောက်ပံ့ကူညီရန်၊

၎။ မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန်၊

၅။ ရေရှည်တည်တံ့ပြီး တန်းတူညီမျှမှုရှိတဲ့ စီးပွားရေးတိုးတက်မှု ရရှိဖို့ လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲရာမှာ အကူအညီပေးရန်၊

၆။ ဒေသတွင်းအဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ ထွက်ပေါ်လာဖို့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊

၇။ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေဆောင်ရွက်ရန်။ 

လေ့လာတွေ့ရှိချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ မြန်မာနိုင်ငံဟာ အမှန်တစ်ကယ် ပြောင်းလဲနေပြီ၊

၂။ နိုင်ငံတော်သမ္မတကြီးဟာ လမ်းကြောင်းမှန်ပေါ် သွားနေပြီ၊ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံမှု အတိုင်းအဆကိုတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး၊

၃။ မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတယ်၊

၎။ မြန်မာနို်င်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ လျင်မြန်တဲ့နှုန်းထားနဲ့ ဖြစ်ပေါ် လာနိုင်တယ်၊

၅။ ပြုပြင်ပြောင်းလဲရေးကို နှေးကွေးစေတာက စနစ်တကျသင်တန်းပေးမှုတွေ၊ တစ်ကယ် ကျွမ်းကျင်သူတွေ နည်းပါးနေတာ ဖြစ်တယ်။ 

၆။ စက်တင်ဘာလအတွင်းမှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွတ်လာဖို့ မျှော်လင့်ရတယ်၊

၇။ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေနိုင်တုန်းပဲ၊

၈။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြန်လည်ပေါင်းစည်းရေးဟာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်၊

၉။ ရိုဟင်ဂျာအရေးကိစ္စနဲ့ ရခိုင်ပြည်နယ်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို အားနည်းစေအောင် ခြိမ်းခြောက်နေတယ်။

၁၀။ တပ်မတော်ဟာ ဘာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဆောင်ရသလဲ။

၁၁။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်။

၁၂။ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်တွေဟာ ခေါင်းဆောင်အနည်းစုရဲ့ ကြိုးပမ်းမှုကြောင့် ထွက်ပေါ်နေတာ ဖြစ်တယ်။

၁၃။ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမှာက ၂၀၁၅ ရောက်မှလား၊ အခုအချိန်လား။

၁၄။ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကြောင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံး နှုတ်ထွက်သွားလဲ့ရတယ်။ 

၁၅။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်နေတယ်။

၁၆။ FDI Law အသစ် အတည်ပြုလိုက်ပြီ။

၁၇။ အမေရိကန်ပိတ်ဆို့မငတွေကြောင့် အလုပ်အကိုင်ဖန်တီးပေးရေးကို ထိခိုက်စေတယ်။

၁၈။ ရွေးကောက်ပွဲစနစ် ပြောင်းလဲဖို့ လှုပ်ရှားမှုတွေကို သတိပြုပါ။

၁၉။ ဘားမား လား၊ မြန်မာ လား။ 
http://csis.org/publication/csis-myanmar-trip-report?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+CSIS+%28NEW+%40+CSIS.ORG%29 

ကချင်လူထုမှ KIA လုပ်ရပ်နှင့်ပတ်သက်သော သက်သေများ ပေးပို့လျက်ရှိ

Posted by drmyochit Wednesday, September 12, 2012, under | No comments



ကချင်ပြည်နယ်အတွင်း စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ကလည်း KIA ရဲ့ ကချင်ပြည်နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေ၊ လူသစ်စု၊ ဆက်ကြေးကောက် မှုတွေ၊ အပြစ်မဲ့အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေကို ထောက်ပြနေပြီး KIA ကလည်း စစ်တပ် ကို ပြန်လည်စွပ်စွဲ ပြောဆိုလျက်ရှိပါတယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာသိဖို့ သက်သေလိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တွေကပေးပို့တဲ့ သက်သေအချို့ ကချင်သတင်းဌာနကို ရောက်ရှိလာပါတယ်။ KIAက လူသစ်စု၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ဗုံးခွဲလုပ်ရပ်တွေ လုပ်နေတာအမှန်ပင်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ဖော်ပြပေးဖို့လည်း ပေးပို့သူတွေက တောင်းဆိုထားကြပါတယ်။ ကချင်သတင်းဌာန ကို ရောက်ရှိ လာတဲ့ ပထမဆုံးသက်သေကတော့ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ KIO စစ်ရုံးကနေ လက်အောက်တပ် မဟာတွေကို အကြောင်းကြားတဲ့ လူသစ်စုဆောင်းရေးစာ ဖြစ်ပါတယ်။

မူရင်းစာက ကချင်လိုဖြစ်ပေမယ့် အားလုံးသိရအောင် မြန်မာဘာသာပြန်ဆိုပေးလိုက်ပါတယ်။ အဓိ ကအချက်တွေကတော့ KIO အဖွဲ့အတွင်း တိုက်ပွဲတွေမှာ အကျအဆုံးများခြင်း၊ တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးခြင်းများရှိနေတဲ့အတွက် အင်အားနည်းပါးလာကြောင်း၊ တပ်သား အသစ် များရရှိဖို့ ဖမ်းဆီးစုဆောင်းခြင်းများ ဆောင်ရွက်ရန်နဲ့ ထွက်ပြေးတဲ့ တပ်သားများကို သတ်ပစ်ရန် စတဲ့ အချက်များ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒုတိယပေးပို့လာတာကတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီးမှာရှိတဲ့ ရွှေကြယ် ကုမ္ပဏီနဲ့ ရွှေဒေါင်းမင်းကုမ္ပဏီ လူကြီးတွေဆီကို KIA စီးပွားရေးတာဝန်ခံဆိုသူက သူ့ဆီကိုဆက်သွယ်ဖို့ ရေးသားပေးပို့ ထားတဲ့စာဖြစ်ပါတယ်။ မှတ်ချက်မှာတော့ မြင်တဲ့အတိုင်း ပျက်ကွက်ပါက အရေးယူခြင်း ခံရမယ်လို့ပါတယ်။ အဓိကငွေတောင်းဖို့ပါ။ “သူတောင်းစားကတော့ လူရှေ့မှာ ဗြောင်တောင်းပါတယ်။ လူရှေ့မထွက်ရဲတဲ့ KIA က တောထဲကနေ စာနဲ့ရေးပြီးတောင်းပါတယ်။ သူတောင်းစားနဲ့ KIA ဒါပဲကွာတယ်။”လို့ပါ ဖော်ပြပေးဖို့ သတင်းပေးပို့သူက ဆိုလာပါတယ်။
တတိယပေးပို့လာတာကတော့ ၃၁-၈-၂၀၁၂ ရက်စွဲနဲ့ လွယ်ယာန်ဘွန်မြို့နယ်မှူးဆိုသူကနေ ကသာမြို့နယ် အတွင်းက မြို့လှ၊ မှတ်တိုင်နဲ့ ဂိုဒေါင်ကြီးကျေးရွာဘေးတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက် အရ မိုင်းထောင်ထား ကြောင်း အသိပေးတဲ့စာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသား ၄ ဦး KIA ရဲ့မိုင်းတွေ နင်း မိသေဆုံးပြီးမှသာ အကြောင်းကြား လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ကချင်ဒေသခံ လူထုတွေကပေးပို့တဲ့ သက်သေများအရတော့ KIA အတွက် ဘယ်လိုမှ ငြင်းမရနိုင် ပါဘူး။ အများသိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားပေးပို့သူ များကို ကျေးဇူးတင် ရှိကြောင်း ကချင်သတင်းဌာနက ပြောပါရစေ။ ထပ်မံပေးပို့လိုသူများ ရှိပါကလည်း အချိန်မရွေး ပေးပို့ နိုင် ပါကြောင်းနဲ့ KIA အကြောင်း တစ်ကမ္ဘာလုံးက အမှန်အတိုင်းသိအောင် ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ်။

ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီ ဆရာတော် စုံစမ်းရေး ကော်မရှင်ကို ဘာတွေ ပြောလိုက်သလဲ (အပြည့်အစုံ ဖတ်ရှု့နိုင်ပြီ)

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ  ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့  တစ်ရွာလုံး မီးရှို့ခံလိုက်ရတဲ့  မောင်တောမြို့နယ် အလယ်သံကျော် အပိုင် မောရ၀တီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောရ၀တီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ်ခဲ့ပါတယ်။ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား ပြောဆိုခဲ့ပါသလဲလို့ မောင်ရမ္မာက ဆက်သွယ် မေးမြန်းတဲ့ အခါ နိရဉ္စရာ သတင်းဌာနကို အောက်ပါ အတိုင်း
 ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


မေး။  ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ပါလဲဘုရား။

ဖြေ။  ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။ပြီးမှ ဦးဇင်းနဲ့ အတူ  ဒုက္ခသည်စခန်းကို သွားပါတယ်။
ဒုက္ခသည်စခန်းမှာလဲ ကျေးရွာသူ ကျေးရွာသားတွေကို မေးမြန်းပြီးတော့ အင်တာဗျူးလုပ်သွား ပါတယ်။

မေး။ ဦးဇင်းနဲ့ လာတွေ့တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။

ဖြေ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဦးဇင်းက  ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် တို့လောက်ဘဲ သိတာပါ။  ဘာသာပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံက ကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

 မေး။ ။ အရှင်ဘုရားနဲ့ ရွာသားတွေကို သူတို့က ဘာတွေကို မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။

ဖြေ။ ။ မေးမြန်း သွားတာကတော့ ရွာသားတွေကိုပါ။  အခြေအနေ စုံစမ်းပြီးတော့ ဒီမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ဘယ် လိုပုံစံ ဖြစ်သွားသလဲဆိုတာကို မေးမြန်းသွားပါတယ်။ ဒီမှာ၆လပိုင်း ၈ ရက်နေ့ က မီးတိုက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်၊ဘယ်သူ့ဘက်က များတယ်ဆိုတာကို ချိန်ဆပြီးတော့ မေးမြန်းသွား ပါတယ်။ဒီက လူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်းစုံကို အသေးစိတ်ရှင်းပြ လိုက်ကြပါတယ်။

မေး။ ။ အသေးစိတ် ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်း မိန်းကြားပေးပါလားဘုရား။

ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်က စတင်ပြီးတော့ ဘယ်လို သတင်းတွေ ရရှိလဲ၊သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက တနာရီလောက်က ဘင်္ဂလီလူအုပ်စုက မောင်တောမြို့မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်းကို ကြားသိရတယ်။

 နောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသူ ရွာသားတွေ ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့နေကြတယ်။

ရွာမှာအစည်းအဝေးတခု လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရ မယ် ဆိုပြီး နေကြတဲ့အခါမှာ ညနေ ၃ နာရီခန့်မှာ သရီကုန်ဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ မြင်ပါတယ်။ မြင်သော်လည်းဘဲ ရွာသူ ရွာသားတွေက  မီးတိုက်တာ ဟုတ်မှဟုတ်ရဲ့လား၊ ကောက်ရိုးပုံကို မီးလောင်တာလားဆိုပြီး တွေဝေနေကြတဲ့ အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာက လူတွေကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို မီးတိုက်တာလား အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ၇နာရီလောက်မှာ ကုလားရွာအနီးက ရခိုင်အိမ် တစ်အိမ်ကိုမီးစတိုက်ပါတယ်။

 နောက်ပြီး ချိန်ခါလီ အုန်းတောကျေးရွာက ရခိုင် အိမ်တအိမ်ကို ၇နာရီခွဲလောက်မှာ မီးတိုက်ပါတယ်။ အဲဒီအခါမှာ ငါတို့ ရွာကို မီးတိုက် လာပြီဆိုပြီး သိကြတယ်။ ညနေ ၉ နာရီလောက်မှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကိုအသေးစိတ်ရှင်းပြကြပါတယ်။

ဒီလို ရှင်းပြတဲ့အခါ ဘင်္ဂလီ မူဆလင်ကုလားတွေ ဘယ် လောက် ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာသားတွေက လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလို ညဥ့်ကာလမှ လူဦးရေ ၅၀၀၀ လောက်လို့ ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။

ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓါတ်မီး (လက်နှိပ်ဓါတ်မီး) ကိုယ်စီ ပါလာကြတဲ့ အတွက်ကြောင့်အဲဒီ ဓါတ်မီးကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓါတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာ ကိုမသိနိုင်ပါ။

 အဲဒီ ဘင်္ဂလီ လူအုပ်စုကြီးဟာ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန် ယူပြီးတော့ အိမ်တွေကို လောင်စာဆီ ပက်ဖျန်းပြီး တတန်းပြီးတတန်းမီးတိုက်သွားတယ်ဆိုတာကိုရှင်းပြကြပါတယ်။

မေး။နောက်ထပ်ဘာများမေးမြန်းသွားပါသေးလဲဘုရား။

ဖြေ။ နောက်ပြီး ဒီဒေသမှာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး နေနိုင်လိုသေး သလားလို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အစိုးရက ဘယ်လောက်ထိ လုံခြုံရေး ပေးနိုင်မလဲ။

ဘယ်အတိုင်းအတာထိ ချထားနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ အယင်တုန်းကလဲ ၁၉၉၄ ခု နှစ် မေလ ၁ ရက်နေ့မှာလဲ အိမ်ခြေ ၁၄ ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့တာကို ခံခဲ့ရတယ်။ လူတယောက် သေဆုံးပြီးတော့ တယောက် ဒဏ်ရာရရှိခဲ့တယ်။

 ဒါတွေကိုတော့ မြန်မာနိုင်ငံက လူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြုံရေးပေးမယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေကအာမခံပြောခဲ့ပါတယ်။အခုအချိန်မှာလည်းဘဲလုံခြုံရေးပေးမယ်။စိတ်ချပါဆိုပြီး နိုင်ငံတော် အစိုးရက ကတိပေးထားပါတယ်။ သို့သော်လည်း နိုင်ငံတော် အစိုးရက ဘယ်အတိုင်းအတာထိ လုံခြုံရေး ပေးနိုင် မလဲ။ တကယ်လက်တွေ့မှာ မြန်မာ တိုင်းရင်းသားတွေကို ကာကွယ်ပေးသလား ဆိုတာကို ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။လုံခြုံရေးရှိရင်နေထိုင်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်လို့ပြောကြပါတယ်။

 မေး။  ။အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံတဲ့ခါ  ဘာတွေများ မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။

ဖြေ။  ။ ဒီနေရာမှာ ခုလို ဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီး သိလား၊ ဖြစ်ပြီးမှ သိသလားလို့ ဦးဇင်းကို ကိုယ်တိုင် သူတို့ မေးပါတယ်။ ဦးဇင်းက ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။သို့သော် ဘယ်နေ့ ဘယ်ရက် ဖြစ်လာမလဲ ဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့်အသတ်နဲ့ မသိပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာဖြစ်သွားခဲ့တဲ့ တကြိမ်၊ နောက် ၁၉၈၈ မှာ တကြိမ်၊ ၁၉၉၄ ခုနှစ်ကတကြိမ် စသည်အားဖြင့်
အဲဒါတွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်း ဖြစ်လာမယ် ဆိုတာကိုဦးဇင်းတို့ သိထားတယ်လို့ ဖြေကြားလိုက်ပါတယ်။

 နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာ ရှိသလား စသဖြင့်တော့ မေးပါတယ်။ နိုင်ငံတော်အစိုးရက လုံခြုံရေးချပေးမယ်လို့ တော့ ပြောပါတယ်။ ဦးဇင်းက ပြည်သူ့စစ်တွေကိုလည်း အခါအားလျော်စွာ ချပေးတာရှိတယ်။ သို့သော် ဤနေရာ ဤဒေသမှာ  ပြည်သူ့စစ်တွေဘယ်လောက် ဘဲ ချထားစေကာမူ လက်နက် အပ်နှံမှု မရှိခဲ့ရင် ဘာမှ လုံခြုံရေးကယူလို့ မရဘူး။

 ပြည်သူတွေမှာလည်း လုံခြုံမူ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရ၀တီ ကျေးရွာသည် အနီးကပ်ဆုံး ဘင်္ဂလီ ကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာ ဖြစ်တဲ့အတွက်ကြောင့် ၅ မိနစ် ၁၀ မိနစ် အတွင်းမှာ ဘင်္ဂလီ မွတ်ဆ လင်တွေက ပြာကျအောင်လုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

အဲဒီ အတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့ မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာ ဖြစ်တာနဲ့ အထက်လူကြီးတွေက အစည်းအဝေး ထိုင်ဖို့တမျိုး၊ အောက်က ငယ်သားတွေက အထက်ကလူကြီးတွေရဲ့ အမိန့်အာဏာ စောင့်ဆိုင်း ရတာက တမျိုးနဲ့၊ အဲဒီ စောင့်ဆိုင်း နေချိန် အတွင်းမှာဘဲ  ဒီကျေးရွာတွေဟာ  ၅ မိနစ် ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။

 ဒါကြောင့် သူတို့မှာ (ဘင်္ဂလီ) ခုလို ပြုလုပ်မယ့် စီမံကိန်းတွေကို ရေးဆွဲပြီးသား ဖြစ်နေတဲ့ အတွက်ကြောင့် နောင် လာလတ္တံ့သော ကာလမျိုးမှာလည်း ခုလို မီးရှို့မူတွေ၊ လူသတ်တာတွေ ဆက်လက်ပြီး ဖြစ်နိုင်တယ် ဆိုတာကို ဦးဇင်း ပြောပြလိုက်ပါတယ်။

မေး။  ။ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တစ်ခြား ဘယ်နေရာတွေကို သွားရောက် မေးမြန်းခဲ့တယ်လို့ ကြားရပါလဲဘုရား။

ဖြေ။ ။ နှစ်နေရာကိုဘဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံး စစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရ၀တီကိုဝင်ပါတယ်။အဲဒီကနေခရေမြိုင်ကိုဝင်ခဲ့တယ်လို့သိရပါတယ်။

မေး။  ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလီမူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက် မေးမြန်းခဲ့ပါသေးလား ဘုရား။

ဖြေ။  ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော မြို့နယ်
မှာက သူတို့ ဘင်္ဂလီတွေကို ဘယ်တိုင်းရင်းသားတွေက လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲတာမရှိခဲ့ပါဘူး။

သူတို့ကဘဲ တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင် မောင် တောမြို့နယ်မှာ ဘင်္ဂလီ ဒုက္ခသည်စခန်းဆိုပြီးမရှိပါ။

( မှတ်ချက်။ ဦးဝိဇယ အရှင်ဘုရားသည်  မောရ၀တီ ကျေးရွာသို့ သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင်ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ကျောင်းကိုဘင်္ဂလီများက မီးရှို့ခဲ့သည်။ ယခု တစ် ကြိမ် ၂၀၁၂ ခု ဇွန်လ ၈ရက်နေ့တွင်တကြိမ် ကျောင်းကိုမီးရှို့ခံခဲ့ရသည်။)

နိရဉ္စရာ

ရခိုင်တစ်ဦး ဘင်္ဂလီကုလားတွေရဲ့ လည်ပင်းလှီးသက်ဖြတ်ခံကိုခံရ

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် လေးမိုင်ကျော်လောက်ဝေးသည့် သရက်အုပ်ကျေးရွာသား တဦးသည် ကျောက်
တော်မြို့မှ ငွေထုတ်၍အပြန် လမ်းခုလတ်တွင်ဘင်္ဂလီလူအုပ်စုထံ လည်လှီးအသတ်ခံရ သည်ဟု ရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။
သေဆုံးသူမှာ သရက်အုပ်ရွာမှ ဦးကျော်မောင်ချေ အသက် (၆၃)နှစ်ဖြစ်ပြီး ၄င်းပုဂ္ဂိုလ်တွင် သားသ မီး၇ ယောက် ကျန်ရစ်ခဲ့သည်ဟု သူကပြောသည်။“စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၅နာရီလောက်မှာ လည်လှီးအသတ်ခံရ တာဖြစ် ပါတယ်။အလောင်း ကိုတော့ သရက်အုပ်နဲ့ ၁မိုင်လောက်မှာ တွေ့တယ်လို့ သိရပါတယ်”၄င်းအပြင်သူက ဖြစ်ပုံနှင့် ပတ် သက် ပြီး “ရွာသားတွေက စပါးခင်းမှာ သွေးစက်တွေ့တယ်။ သွေးစက် အတိုင်းလိုက် ရှာတော့ စပါးခင်းနဲ့ လေးငါး ပြန်လောက်မှာလည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကိုတွေ့တာပါ။

 ပြီးမှ ရဲကိုအကြောင်း ချက်ချင်းကြားပြီး လူသတ်မှုမှာ ပါဝင်သည်ဟုယူဆရတဲ့ ဘင်္ဂလီ ၂ဦးကိုလည်း ဖမ်းမိပါတယ်” ဟု ကျောက်တော် မြို့သစ်ရပ်ကွက်မှ ရခိုင်အမျိုးသားတဦးက ရွှေမြန်မာမီဒီယာသို့ပြောသည်။သူသည် ကျောက်တော်မြို့သို့ မလေးရှားနိုင်ငံနေ သားဆီကပို့ပေး သောငွေကိုထုတ်ယူပြီး အပြန်တွင်ယခုလို လည်လှီးသတ်ဖြတ်ပြီး ဘင်္ဂလီလူအုပ်စုက အကောင်ဖျောက်ရန် ကြိုးစားခြင်း ဖြစ်သည်ဟုဆို သည်။“ဒီဘင်္ဂလီလူအုပ်စုက အဲဒီလူကငွေကိုယူ လူကိုသတ်ပြီး အကောင်ဖျောက်ဖို့ ကြိုးစားကြတာဖြစ်ပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ပုံက မသေသတ်တော့ ခုလိုဖမ်းတွေ့တာ ဖြစ်ပါတယ်
”ဟုပြောသည်။
ယခုအခါ ကျောက်တော်မြို့နယ် ဆေးရုံတွင် ၄င်းအလောင်းအား စစ်ဆေးမှုများပြု နေပြီး အခင်းဖြစ် ပွားသည့် နေရာမှ မသင်္ကာသူ ဘင်္ဂလီ ၂ဦးအား ရဲကဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

""ဘင်္ဂလီသောင်းကျန်းသူများအား ဘင်္ဂလာမှ ထပ်မံ ဖမ်းဆီးမိပြန်ပြီ""

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းနေသော ဘင်္ဂလီမူဆလင်များမှ ဆီးရီးယားနှင့် အာဖကန်နယ်စ္စတန်နိုင်ငံသို့ ထွက်ခွာပြီး ဖေါက်ခွဲရေး စစ်ပညာသင်တန်းများ တက်ရောက်ရန်ကြိုးပမ်းသွားရောက်မည့်သူ (၄) ဦးအား ကော့စ် ဘဇားမြို့နယ်အတွင်းမှ ယခုလအစောပိုင်း (၃)ရက်နေ့က ဖမ်းဆီးရမိကြောင်း ဒေသထုတ်သတင်းစာနှင့် Website စာမျက်နှာများတွင် ဖေါ်ပြချက်အရသိရှိရသည်။

ယင်း သောင်းကျန်းသူ ဘင်္ဂလီမူဆလင်များအား ကော့စ်ဘဇားခရိုင်အတွင်းရှိ နတ်ချောင်းဆိုးရီနယ်မြေ တောထဲမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလာ အခြေစိုက် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ JMBနှင့် ဆက်စပ်မှုများရှိကြောင်း (၄) ရက်နေ့ထုတ်The Dainik Ajker Cox's Bazar သတင်းစာက ဆိုသည်။ဖမ်းဆီးရမိသူ အာဘ်ဒူလ္လာဟေလ် ကာဖိ (၂၆)နှစ်၊ ဖာရုက် (၃၃)၊ မိုဟာမတ် ရုဘေလ် (၁၈)နှင့် အာဘ်ဒူလ် မော်တိန် (၃၇)နှစ်တို့ ဖြစ်ကြောင်း၊ ဒီကနေ့ ရုံးထုတ်စစ်ဆေးရန် ရုံးရက်ချိန်းပေးထားကြောင်း နှင့်ယင်းတို့၏ ထွက်ဆိုချက်အရလက်ရှိ နေရပ်လိပ်စာ မှာကော့စ်ဘဇားမြို့အတွင်းမှ ဖြစ်ကြောင်း ဖေါ်ပြသည်။

ယခုအခါ ယင်းသောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ဂျီဟက်(ဘာသာရေး) စစ်ပွဲဆင်နွဲရန် အင်အား (၅၀) မှ (၅၅) ဦးခန့်မှာ ဘင်ဒရိုဘင်ခရိုင် အလယ်ခေါင်ဒေါင်နယ်မြေနှင့် ဘိုင်ဆရီနယ်မြေအတွင်းတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြကြောင်းနှင့် လူစုဝေပြီး ဆီးရီးယား၊ပါကိစ္စတန်နှင့် အာဖကန်နိုင်ငံတို့တွင် သင်တန်းများ တက်ရောက်နိုင်ရန် ၂၀၁၂ ခုနှစ် မတ်လတွင် ကော့စ်ဘဇားမြို့သို့ တက်ရောက်လာခြင်းဖြစ်ကာ သတင်းများအရ သက်ဆိုင်ရာက ဖမ်းဆီးခြင်းဖြစ်ကြောင်း လေ့လာသူများက ထုတ်ဖေါ် ပြောဆိုသည်။

ဖမ်းဆီးရရှိသူများထံမှ ဂျီဟက်-အကြမ်းဖက် စာအုပ် (၂၀) အုပ်၊ ဂျီဟက်မှတ်စု (၁) အုပ်၊ မိုဘိုင်း ဖုံး (၄) လုံး၊ အီလတ်တရစ်နစ် စက်ပစ္စည်းတချို့၊ အာဖကန်သို့ သွားရောက်မည့် လမ်းစာရိတ်ရရှိရန် မော်တော်ဆိုက္ကယ်ရောင်းရငွေ တာကာ (၅၀၀၀၀) အနက် တာကာ(၁၈၆၀၅) ကျော်ကို ဖမ်းဆီးခံရပြီး တခြားတချို့သောပစ္စည်းများ လက်ရဖမ်းဆီးရမိကြောင်းသက်ဆိုင်ရာ ရဲထောက်လှမ်းရေးမှ ပြောသည်ဟု (၄) ရက်နေ့ထုတ် The Daily Saikat သတင်းစာကဖေါ်ပြသည်။

ယင်း ရခိုင်ပြည်နယ်ကို အကြမ်းဖက်တိုက်ခိုက်ပြီး အကြမ်းဖက်နယ်မြေအဖြစ် သတ်မှတ်ရန် ကြိုးပမ်းလုပ်ဆောင်နေသော သူများမှာ ပါကိစ္စတန်နိုင်ငံမှ အကူအညီများ ရရှိနေကြောင်းနှင့် စစ်တကောင်းတောင်တန်းဒေသများဖြစ်သော ဘင်ဒရို ဘင်ခရိုင်အတွင်း၊ ကော့စ်ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော တောင်တန်းဒေသများအတွင်း အခြေစိုက်ကြောင်း ဒေသထုတ် သတင်းစာနှင့် ၀ပ်ဆိုက်အများအပြားက ဖေါ်ပြသည်။အဆိုပါ သတင်းစာများက မြန်မာပြည်ဖွား ယင်းသောင်းကျန်းသူ ဘင်္ဂလီများမှာ ဘင်္ဂလာသို့ နည်းမျိုးစုံဖြင့် ကျူးကျော်ဝင်ရောက် လာနေကြပြီး ဖေါ်ပြပါနိုင်ငံများသို့သွားရောက်၍ စစ်အတတ်ပညာများ သင်ယူနေကြကြောင်းနှင့် တောင်တန်းဒေသနေ လူထုများအား ပုံစံမျိုးစုံဖြင့်ခြိမ်းခြောက်လျက်ရှိနေကြောင်းစုံစမ်းသိရှိရသည်။

ထို့ပြင် ကော့စ်ဘဇားမြို့အတွင်းမှ ဖမ်းဆီးရမိသူများနှင့် ဆက်စပ်မှုရှိနေသည်ဟု ယူဆရသူ မြန်မာပြည်ဖွားနှင့် ဘင်္ဂလီ (၉) ဦးအား (၃) ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယခုအခါ ကော့စ်ဘဇားမြို့အတွင်းတွင် ယင်းတို့နှင့်ဆက်စပ်နေသူများ အများအပြား ၀င်ရောက် ခိုအောင်းနေကြကြောင်း မျက်မြင်သက်သေများက ထုတ်ဖေါ်ပြော ဆိုနေကြသည်။ ကော့စ်ဘဇားမြို့ ရဲထောက်လှမ်းရေး အကြီးအကဲ ဆေလိမ် မိုဟာမ္မဒ် ဇာဟာဂီးရ်၊လက် ထောက် ဘာဘူလ်နှင့် DSB တာလေဘူရ် ရော်ဟာမာန် ဇော်ဂိတို့က ဖေါ်ပြပါ သတသင်းအချက်အလက်များမှာ တိကျမှန်ကန်ကြောင်း ၃ ရက်နေ့က ဒေသသတင်းထောက်များနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရှင်းလင်းခဲ့ကြောင်း ဒေသသတင်းထောက်များက အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သော ဇွန်လ (၈) ရက်နေ့မှစတင်သည့် ပဋိပက္ခကာလတွင် ယင်းအကြမ်းဖက် သောင်း ကျန်းသူများနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသူ (၁၃) ဦးအား ဘင်္ဂလာ ကော့စ်ဘဇားမြို့ ရဲကဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြန်လည်၍ ရက်ချိန်းသတ်မှတ်လွှတ်ပေးခဲ့ရာ ယခုအချိန်ထိ အရေးယူဆောင်ရွက်မှုများ မရှိသေးပေး။ထို့ပြင် မြန်မာသမ္မတ ဦးသိန်းစိန် အနေဖြင့်လည်း ယင်းအကြမ်းဖက်မှုကို တိုက်ရိုက်ကြိုးကိုင်တွယ်ခဲ့သူဟူ၍ စစ်ဆေးချက်များအရ တွေ့ရှိပြီး ထောင် ဒဏ်ပေးခံရသူများနှင့် စစ်ဆေးမှုကာလတွင် သက်ဆိုင်ရာသို့ လာဒ်ပေး၍ ကုလ၀န်ထမ်း (၁၀) ဦးကို လွှတ်ပေးခဲ့သည်။

 Arakan Times

Western Union ငွေလွှဲလုပ်ငန်း မြန်မာပြည်လာပြီ

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နိုင်ငံတကာက မြင်သိလာတာကြောင့် နိုင်ငံတကာ က မြန်မာကို စိတ်ဝင်စားမှု မြင့်မားလားပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ပြင်ဆင်လေ့လာနေကြချိန်မှာ Western Uninon နိုင်ငံတကာ ငွေလွှဲပြောင်းမှု ကုမ္ပဏီလည်းပါလာပါပြီ။Western Union ဆိုတာကို နိုင်ငံခြား တိုင်းပြည်ရောက်တဲ့သူတော်တော်များများ သိကြပါတယ်။ပြည်တွင်းနေ နိုင်ငံခြားနဲ့ ငွေကြေး လွှဲပြောင်းရေး လုပ်ငန်း ထိတွေ့ ဖူးသူတွေလည်း သိကြပါတယ်။

Western Union ဆိုတဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းတာတွေ လုပ်ပေးတဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု ကုမ္ပဏီ ဟာ ပထမ ဆုံးအနေနဲ့ ပြည်တွင်း ဘဏ်တခုနဲ့ တွဲဖက်ပြီး မြန်မာနိုင်ငံမှာ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း လည် ပတ် မှုတွေ လုပ်ပါတော့မယ်။
WU ဟာ မြန်မာနိုင်ငံက မြန်မာ အရှေ့တိုင်းဘဏ် (Myanmar Oriental Bank- MOB) နဲ့ အတူ ပူးပေါင်း လုပ်ဖို့ လက် မှတ်ရေးထိုးခဲ့ပါပြီ။ MOB ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WU ရဲ့ အေ့ဂျင့်အဖြစ်နဲ့ ငွေကြေး လွှဲပြောင်း တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။WU ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အေ့ဂျင့်ပေါင်း ၅ သိန်းကျော် ရှိပါတယ်။ ငွေကြေး ၀န်ဆောင်မှုလုပ်ရာ မှာ ငွေစက္ကူ၊ အကြွေးဝယ် ကတ်၊ ဒစ်ဂျစ်တယ် စနစ်တွေနဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု ၀န်ဆောင်မှုလုပ်နေတာဖြစ်ပါတယ်။

WU ဟာ နိုင်ငံလုံးဆိုင်ရာ ထိပ်တန်း ငွေကြေးလွှဲပြောင်းတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ သြစတြေးလျ တို့ ဦးဆောင်တဲ့ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်း ပလပ်လိုက်ပြီး ၃ လ ကြာပြီးနောက် မြန်မာနဲ့ နိုင်ငံတကာငွေကြေး ပုံမှန်အခြေအနေကို ဖြစ်စေဖို့ လမ်းခင်း လုပ်ဆောင် လိုက်တာ လည်းဖြစ်ပါတယ်။


ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီယား၊ အမေရိကန်၊ ဥရောပနဲ့ သြစတြေလျ စတဲ့ နိုင်ငံတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာပြည်က လူတွေက ၂ သန်းကျော်မယ်လို့ ခန့်မှန်း ထားတာကို StockAnalist အွန်လိုင်း သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။MOB ကတော့ မြန်မာနိုင်ငံမှာ ၁၉ နှစ်ကြာ လည်ပတ်နေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တ ခုလည်းဖြစ်ပါ တယ်။ အခုဆို ရင် နိုင်ငံခြားငွေ ၀န်ဆောင်မှုကို လုပ်ခွင့်ရတဲ့ ဘဏ်လည်းဖြစ်လာတာပါ။WU က MOB နဲ့ ငွေကြေး လွှဲပြောင်းရေးအတွက် မဏာမအဆင့်မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မုံရွာ အပါအ၀င် ပြည် တွင်းက နေရာ၁၉ခုအတွက်အဆင်ပြေမယ်လို့ဆိုပါတယ်။



(ဧရာဝတီ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Wednesday, September 12, 2012, under | No comments



Photo: ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံသည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
(နေပြည်တော် စက်တင်ဘာ ၁၁)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘော တူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံ သည် ယမန်နေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာ ကို ပေးအပ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Wednesday, September 12, 2012, under | No comments



Photo: ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး မစ္စာ ချပ်ဝူဒီ နီဝင်တန် အိုကာဖောသည် ယနေ့ နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
(နေပြည်တော် စက်တင်ဘာ ၁၁)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ပြည်ထောင်စု သမ္မ တမြန်မာနိုင်ငံတော် ဆိုင်ရာ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံ အမတ်ကြီး မစ္စာ ချပ်ဝူဒီ နီဝင်တန် အိုကာဖော သည် ယမန်နေ့ နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာ ကို ပေးအပ်သည်။

အငြင်းပွားနေတဲ့ ကျွန်းစုတွဆေီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ် အငြင်းပွားနေတဲ့ ကျွန်းစုတွဆေီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ် အငြင်းပွားနေတဲ့ ကျွန်းစုတွဆေီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ်

Posted by drmyochit Wednesday, September 12, 2012, under | No comments


 

တရုတ်နိုင်ငံကရော ဂျပန်နိုင်ငံကပါ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အရှတေ့ရုတ် ပင်လယ်ပြင်က လူမနေတဲ့ ကျွန်းစုတွနေားဆီ တရုတ်အစိုးရက ကင်းလှည့်ယာဉ် နှစ်စင်း စေလွှတ်လိုက်ပါတယ်။
ဂျပန်က ဆဲန်ကာကူလို့ ခေါ်ပြီး တရုတ်က ဒေါင်ယူလို့ အမည်ပေးထားတဲ့ အဲဒီ ကျွန်းစုတွအေပေါ် တရုတ် နိုင်ငံက အချုပ်အခြာ အာဏာပိုင်ကြောင်း ပြဖို့ တရုတ်အစိုးရက ပြင်ဆင်ထားတယ်လို့ ရှင်ဝါ တရုတ်အစိုးရ သတင်းအေဂျင်စီ မှာ ဖေါ်ပြထားပါတယ်။
ဂျပန် သတင်းမီဒီယာတွထေဲမှာတော့ ဂျပန် အစိုးရဟာ အဲဒီကျွန်းစုတွကေို ပုဂ်ဂလိက ပိုင်ဆိုင်သူတွဆေီကနေ ဝယ်ဖို့ သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဂျပန်အစိုးရမှာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်သာ ရှိကြောင်း ဖေါ်ပြထားပါတယ်။
ဒီကိစ်စကို ကန့်ကွက်ဖို့ တရုတ်အစိုးရက တရုတ်နိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးကို အစောပိုင်းတုန်းက ဆင့်ခေါ်ခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ်ဂိုလ် Hong lei က ဂျပန် အစိုးရရဲ့ မှားယွင်းတဲ့ ဒီဆုံးဖြတ်ချက်ကြောင့် တရုတ် နိုင်ငံက လူငယ် အမျိုးသား အမျိုးသမီးတွေ အားလုံး အကြီးအကျယ် အမျက် ထွက်နေကြကြောင်း၊ ဒါကို နားလည်နိုင်စွမ်း ရှိကြောင်း၊ တရုတ် ပြည်သူတွအေနေနဲ့ သူတို့ရဲ့ မျိုးချစ်စိတ်ကို ထိန်းထိန်းသိမ်းသိမ်း ဖေါ်ထုတ်ပြမယ်လို့ပဲ မျှော်လင့်ရပါကြောင်း ပြောသွားပါတယ်။

9/11 နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား နိုင်ငံတဝှမ်း ကျင်းပ

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
 သမ္မတအိမ်ဖြူတော်တွင် ၉၁၁ နှစ်ပတ်လည် အမှတ်တရ သမ္မတနဲ့ သမ္မတကတော် ၀မ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်စွာဖြင့် အောက်မေ့ဖွယ် ဂုဏ်ပြုခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က သေဆုံးခဲ့ရသူအများစုဟာ မိမိတို့နိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းဝတ်စုံကို ဘယ် တုန်းကမှ မ၀တ်ဆင်ခဲ့ကြဖူးဘူးဆိုတာ မှန်ပေမဲ့ သူတို့ဟာ အမေရိကန်နိုင်ငံသား ၅ သန်းကျော်ကို စိတ်ခွန် အားတက်ကြွှအောင် လှုံ့ဆော် ပေးနိုင်ပါတယ်လို့ အမေရိကန်သမ္မတ ဘရာ့် အိုဘားမားက ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်က အကြမ်းဖက်သမားတွေ တိုက်ခိုက်လို့ သေဆုံးခဲ့ရသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ပန်တဂွန် စစ်ဌာနချုပ်မှာကျင်းပတဲ့ အခမ်းအနားအတွင်း သမ္မတအိုဘားမားက အဲဒီလိုပြောသွားတာပါ။ နှစ်ပေါင်း ဘယ်လောက်ပဲ ကြာသွားသည်ဖြစ်ပါစေ၊ သူတို့ချစ်ခင်မြတ်နိုးရသူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။စက်တင်ဘာလ ၁၁ ရက်နေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေကို နယူးယောက်၊ ၀ါရှင်တန်နဲ့ ပန်ဆယ်လ်ဗေးနီး ယားမြို့တွေမှာ ကျင်းပတာမှာ လူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတာပါ။သမ္မတအိမ်ဖြူတော်မှာ အင်္ဂါနေ့မနက် ဒေသစံတော်ချိန် ၈ နာရီလ ၄၆ မိနစ်ကကျင်းပတဲ့ အခမ်းအနားမှာလည်း သမ္မတ ဘရာ့်ခ် အိုဘားမားနဲ့ သမ္မတကတော် မီရှဲလ် အိုဘားမားတို့ တက်ရောက်ခဲ့ကြပြီး အောက်မေ့သတိရခြင်း အထိမ်းအမှတ် ဦးခေါင်းငုံ့ပြီး ခေတ္တ ငြိမ်သက်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးဌာန WTO မိုးမျှော် အဆောက်အဦးနှစ်ခုကို အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ်နှစ်စင်းကို ပြန်ပေးဆွဲပြီး ၀င်တိုက်ခဲ့တဲ့အချိန် အတိအကျ ဖြစ်ပါတယ်။အမေရိကန်စစ်ဘက်ဌာနချုပ်ဖြစ်တဲ့ ပန်တဂွန်ကိုလည်း တတိယလေယာဉ်တစင်းနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။စတုတ္ထခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ရှန့်က်စ်ဗီးလ်မြို့က အခမ်းအနားမှာတော့ ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန်က စကားပြောခဲ့ပါတယ်။

ပြည်သူတစ်ရပ်လုံးကြည်ညိုတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ဖို့ သခင်ချန်ထွန်းတိုက်တွန်း

Posted by drmyochit Wednesday, September 12, 2012, under | No comments



 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မဟာဗောဓိ ကျောင်းတိုက်တွင် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက တိုင်းပြည် တိုးတက်ဖို့ဆိုရင် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း ပြည်သူတွေ လေးစားတဲ့ တပ်မတော်ဖြစ်အောင် လုပ်ဆောင်ကြဖို့ ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ (၉၁) နှစ်မြောက် မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သခင်ချန်ထွန်းရဲ့ မွေးနေ့ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းမှာရှိတဲ့ မဟာဗောဓိ ကျောင်းတိုက်မှာ သံဃာတော် အပါး ၂၈၀ ကို ဆွမ်းကပ်ပြီး နိုင်ငံရေး မိတ်ဆွေတွေနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့ကြောင်း သခင်ချန်ထွန်းက ပြောပါတယ်။
"အမှတ်တရ ပြောချင်တာကတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် တိုင်းပြည် တစ်ပြည်လုံးဟာ ညီညွတ်ဖို့ လိုတယ်လေ။ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြဖို့ လိုတယ်။ ကမ္ဘာကနေ အလေးပြု ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှုကို ယူပြီးတော့ တစ်တိုင်း တစ်ပြည်လုံးက တိုင်းပြည်ရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရင် အမှန်ကြီးပွား တိုးတက်လာမယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ ဒါက နိုင်ငံရေး ကင်းကင်းရှင်းရှင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကြည်ညိုခံရတဲ့ တပ်မတော် ဖြစ်အောင် ကြိုးစား ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်"
သခင်ချန်ထွန်းရဲ့ မွေးနေ့ပွဲကို NLD ပါတီ ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင် တချို့နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တချို့ စုစုပေါင်းလူ ၆၀ နီးပါး တက်ရောက်ကြောင်း သိရပါတယ်။

ကချင်အဖွဲ့ ငြိမ်းချမ်းရေး ယူမှာလား

Posted by drmyochit Wednesday, September 12, 2012, under | No comments



 

လူတိုင်းစိတ်ဝင်စားတဲ့မေးခွန်းဖြစ်ပါတယ်။ သဘာဝအားဖြင့်တော့ ကချင်အဖွဲ့ဟာ ခေါင်းဆောင်ပိုင်းဂျိန်းဖောလူမျိုးကြီးဝါဒကိုင်စွဲမှု၊ အပြန်အလှန်စွပ်စွဲမှု၊ အချင်းချင်းသတ်ဖြတ်မှုတွေနဲ့ ရှုပ်ထွေးနေပါတယ်။ သမိုင်းကြောင်းအရ KIO ရယ်လို့ဖွဲ့စည်းတာ ၁၉၆၁ ခုနှစ် နှစ်ဆန်းပိုင်းမှာဖြစ်ပါတယ်။ ဖွဲ့စည်းပြီးမကြာမီ၁၉၇၅ ခုနှစ်မှာပဲ အဖွဲ့အစည်းရဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်ပြီး ထိုင်းကို ထွက်ပြေးသွားတဲ့ KIO ခေါင်းဆောင် ဇော်ဆိုင်း၊ ဒုတိယခေါင်းဆောင် ဇော်တူးနဲ့ ပုံရွှေဇော်ဆိုင်းတို့ကို လက်အောက်မှာရှိတဲ့ တပ် ရင်း(၁၁)တပ်ရင်းမှူး ဆိုင်းတူတို့က ထိုင်းနိုင်ငံအတွင်းထိ လိုက်ပြီးသတ်ဖြတ်ခဲ့ပါတယ်။
 
၁၉၆၈ မှာ စခုန်တိန့်ယိန်းက ဗကပစစ်ဒေသ(၁၀၁)အနေနဲ့ KIAကခွဲထွက်ခဲ့ပါတယ်။ KIA ခေါင်းဆောင် ပိုင်း ဟာ ဂျိန်းဖောလူမျိုးကြီးဝါဒကိုသာကိုင်စွဲပြီး ကျန်မျိုးနွယ်တွေကိုနှိပ်ကွပ်တဲ့အတွက် ခွဲထွက်ခဲ့တာဖြစ် ပါတယ်။ စခုန်တိန့်ယိန်းခွဲထွက်ခဲ့ပြီး သယံဇာတပေါတဲ့ ခေါင်လန်ဖူးနယ်မြေကို KIA ကလိုချင်လာတဲ့အတွက် ၁၉၇၀ မှာ စခုန်တိန့်ယိန်းအဖွဲ့နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ၁၀-၁၂-၂၀၀၄ ရက်နေ့မှာ စခုန်တိန့် ယိန်း စီးလာတဲ့ ကားကို ၀ါရှောင်ဆည်နဲ့ မလှမ်းမကမ်း ဂေါ် ဆက်ယန်ရွာနားက တံတားအလွန်မှာ KIA က မိုင်းခွဲပြီး လုပ်ကြံခဲ့တာတွေ၊ စခုန်တိန့်ယိန်း သွားလာ တတ်တဲ့နေရာတွေမှာ ချောင်းပစ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်။
 
၂၀၀၄ ခုနှစ်မှာ အဲဒီအချိန်က KIO ဥက္ကဋ္ဌ လမုန်တူးဂျိုင်နဲ့ စစ်ဦးစီးချုပ် အင်ဘန်လတို့က လဆန်အောင်ဝါကို အာဏာသိမ်းရန် ကြံစည်တယ်ဆိုတဲ့သတင်းအရ ထိန်းသိမ်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် လဆန်အောင်ဝါက ကြိုတင်သတင်းရပြီး ခွဲထွက် တိမ်းရှောင်ခဲ့ပါတယ်။ KIA ဟာ အဖွဲ့အစည်းအတွင်းမှာ ဒီလိုရှုပ်ထွေးမှုတွေ ရှိနေခဲ့တာအမှန်ပါ။
 
ဒီကြားထဲ ဆက်ကြေးကောက်ပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ခေါင်းဆောင်တွေက ကိုယ်ပိုင် စီး ပွားရေးတွေ လုပ်နေခဲ့ပါတယ်။ KIO စဖွဲ့ကတည်းက ကချင်ပြည်နယ်အတွက် ဘာတစ်ခုမှလုပ် မပေးခဲ့ပေမယ့် ဇောင်းဟရားတို့၊ အင်ဘန်လတို့၊ ဂမ်ရှောင်တို့၊ ဂွမ်မော်တို့ ပိုင်ဆိုင်တဲ့ ဇိမ်ခန်းတွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေက တရုတ်နိုင်ငံမှာ အများကြီးပါ။ အခုမြန်မာအစိုးရနဲ့ တရုတ်အစိုးရ တို့အဆင်ပြေနေတော့ သူတို့ဆီကငွေတွေကို ယွမ်နဲ့ လဲလှယ်ခွင့်တွေ ကန့်သတ်ခံရတဲ့ အခါ ငွေဖြူမဟုတ် တဲ့ ငွေတွေဟာ လိုင်ဇာမှာ သုံးလို့မရဘဲ ဒီအတိုင်းပိတ်မိနေပြီး လက်အောက်အတွက် ရိက္ခာတွေမပေးနိုင် ဘူးလို့ ခေါင်းဆောင်တွေက အကြောင်းပြနေပါတယ်။ တကယ်တော့ လက်အောက်က ကိုယ့်ဟာကိုယ်ရှာစားနေရတာပါ။ ရှာစားနေရတော့ စာရင်း ပြစရာမလိုဘူး။ တောင်းချင်တိုင်း တောင်းနိုင် တာပေါ့။ ပြဿနာက လူထုပဲခံရတာပါ။
ကချင်နဲ့ ဗမာ ဘာမှမဆိုင်ဘူးလို့ KIO က အမြဲပြောတယ်။ ဟုတ်မှာပါ။ KIO အချင်းချင်းတောင် သတ်ဖြတ် လုပ်ကြံတာတွေ လုပ်နေတာပဲ၊ ဗမာကို သတ်ဖို့ကတော့ ဘယ်ဝန်လေးမလဲ၊ ဗမာစစ်တပ်ကိုဆို ပိုဆိုးတာပေါ့။ လုပ်မှာဘဲ၊ အချင်းချင်းတောင် သတ် နေတာ။ ဒါဆို ငြိမ်းချမ်းရေးယူပါ့မလား၊ ရှင်းနေတာပဲ၊ ဒါကြောင့် နိုင်ငံရေးအရပဲ  ဆွေးနွေးမယ်လို့ ပြောနေတာပေါ့။ ဆက်တိုက် မယ်ဆိုတဲ့သဘောပေါ့ဗျာ။
KIO ကို အကြမ်းဖက်လို့ သတ်မှတ်ထားတာပဲ၊ အမေရိကန်မှာဆို အကြမ်းဖက်အဖွဲ့အစည်း ကို ဆွေးနွေးစရာ အကြောင်း မရှိဘူးလို့ အိုဘားမားအစိုးရက ပြောထားတယ်။ ဘာဆွေးနွေးစရာလိုလဲ တိုက်သာ တိုက်ပစ်လိုက်တော့၊ မတိုက်လဲ ပြည်သူ တွေခံနေရတာပါပဲ၊ တိုက်လည်း ခံရမှာပဲ၊ တိုက်လို့ KIO ကုန်သွားရင် နောင်ကောင်းမှာပဲ၊ သူ့ဟာသူသတ်လို့ သေမယ်ဆိုတာက ကြာအုံးမှာ၊ ငြိမ်းချမ်းရေး လဲမလုပ်မဲ့အတူတူ တိုက်ပါတော့လို့  စစ်တပ်ကို ပြောချင်တယ်။
 
ကျုပ်တို့ ကချင်ပြည်နယ်အတွက် တံတားတစ်စင်း ဆောက်မပေးဘူးတဲ့ KIA ဟာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တော့ တံတားတွေ တစ်စင်းပြီးတစ်စင်း ဖျက်ဆီးပစ်ခဲ့ပါပကောလား၊ တံတားတွေတင်မက မီးရထားလမ်း၊ ကားလမ်းတွေလည်း အပိုင်းပိုင်းဖြစ်၊ ကချင်တွေ ကျီးလန့်စာစားဖြစ်ကြ၊ စီးပွားပျက်ကြ၊ သားတစ်ကွဲ မယားတစ်ကွဲ ဖြစ်ကြ၊ ပူဆွေးသောကရောက်ကြ၊ သေကြ၊ ကြေကြ၊ သူတို့ကတော့ ဟိုဘက်နိုင်ငံက ဟိုတယ်ထဲမှာ ဇိမ်ကျနေ…. ကောင်းပါပေ့ဗျာ။
ဒါကြောင့် ကချင်အဖွဲ့ ငြိမ်းချမ်းရေးယူမှာလားလို့မေးယင် ဒီအတိုင်းတော့ ယူမှာမဟုတ်ဘူး၊ ကျုပ်တို့ ကချင်တစ်မျိုးသားလုံးက KIA ကိုဆန့်ကျင်မှသာ ငြိမ်းချမ်းရေးယူမှာဖြစ်တယ်။ ဒါကြောင့် စစ်တပ်ကလဲ KIAကိုတိုက်၊ ကျုပ်တို့ ကချင်မျိုးနွယ် ၆ ခုလုံး ပူးပေါင်းပြီးတော့လဲ KIA ကိုဆန့်ကျင်ချေမှုန်း …. ဒါဆို အမိုက်ကောင်တွေ နိဂုံးချုပ်မယ် …..။
From : Kachinnews
လဖိုင်နော်အောင်

Coca Cola ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

Posted by drmyochit Wednesday, September 12, 2012, under | No comments


ကိုကာကိုလာ ကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံမှ ဖောက်သည်များအတွက် အချိုရည်များ သင်္ဘောတင်ပြီး ဖြစ် ကြောင်းနှင့် နှစ်ပေါင်း၆၀အတွင်း ပထမဆုံး အကြိမ်အဖြစ် တင်ပို့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့ အပြီးတွင် Cokeသည် မြန်မာနိုင်ငံမှ ပင်းယကုမ္ပဏီနှင့် တွဲ၍ ကိုကာကိုလာ ၊ကိုကာ ကိုလာ(Light)နှင့် Sprite တို့ကို နိုင်ငံအဝှမ်း ဖြန့်ချိမည် ဖြစ်သည်။

ပြိုင်ဘက် ပက်စီကုမ္ပဏီက  ပြီးခဲ့သည့်လက ၎င်း၏အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ရောင်းချရန်စီစဉ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ရာ ဆယ်စုနှစ် ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် အထီးကျန်ဖြစ်မှုမှ လွတ်မြောက်လာသော မြန်မာနိုင်ငံတွင် ဧရာမအချိုရည် ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများ ကြီးမားလာတော့မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးအချိုရည် ထုတ်လုပ်သူဖြစ်သော Coke သည် ပင်းယကု မ္ပဏီနှင့် ပေါင်း၍ မြန်မာ နိုင်ငံတွင် အချိုရည် ပုလင်းများသွပ်၍ ထုတ်လုပ်မှု အမြန်ဆုံး စတင်ရန် လုပ်ဆောင်လျက် ရှိသည်ဟု Cokeကပြောသည်။
ဇွန်လက Cokeသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းသည် ၎င်း၏လှူဒါန်းမှုများ ပြုလုပ်သော ဖောင်ဒေးရှင်းမှ တစ်ဆင့် NGOတစ်ခုသို့ မြန်မာ နိုင်ငံတွင် အမျိုးသမီးများ ၊ စီးပွားရေး ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် ဖန်တီးရန် ဒေါ် လာ ၃သန်း ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။
သမ္မတ ဦးသိန်းစိန်၏ ဝက်ဆိုက်တွင် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြထားသော ထုတ်ပြန်ချက်အရ ကို ကာကိုလာသည် လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်နေရာ ၂၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး David Carden၊ အမေရိကန် သမ္မတနှင့် အာဆီယံ ၁၀နိုင်ငံ ခေါင်းဆောင် များ ဖွဲ့စည်းထားသော ASEAN Eminent Persons Group တို့ကလည်း ဖော်ပြခဲ့သည်။
သို့သော် Cokeမှ ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါ အစီအစဉ်ကို အတည်ပြုခြင်း မရှိဘဲ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် မည်၍မည်မျှ ရင်းနှီး မြှုပ်နှံ မည် ဆိုသည်ကို အတိအကျပြောရန် စောလွန်းသေးကြောင်း ပြော ကြားခဲ့သည်။ ၎င်းက အဆိုပါ အစီအစဉ်မှာ လာမည့်နှစ်များအတွင်း အရေးကြီးသော ငွေအရင်းအနှီးကို ရင်းနှီးမြှုပ်နှံရန် ဖြစ်ကြောင်း ပြောခဲ့သည်။
Coke၏ ရှယ်ယာသည် နယူယောက် စတော့အိတ်ချိန်းတွင် 17cents သို့မဟုတ် ၀.၄ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ(၃၇.၇၃)တွင် ရှိနေသည်။
From - Yangon Chronicle

အယ်လ်ကိုင်းဒါး ထိပ်တန်းခေါင်းဆောင်တဦး ယီမင်မှာ သေဆုံး

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ Al-Qaida ကွန်ယက်အဖွဲ့ရဲ့ ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင်ကို အစိုးရလုံခြုံရေး တပ်ဖွဲ့ တွေကသုတ်သင်နိုင်ခဲ့တယ်လို့ ယီမင်အစိုးရက ကြေညာပါတယ်။ယီမင်နိုင်ငံတောင်ပိုင်း ဟက်ဒရာမောက်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အယ်လိခိုက်ဒါး ဒုတိယခေါင်းဆောင် ဖြစ်တဲ့ ဆော်ဒီအာရေးဘီယားနိုင်ငံသား Said al-Shihri အပါအ၀င် စစ်သွေးကြွ အတော်များများ သေဆုံးသွား တယ်လို့ ယီမင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက် ၀ဘ်ဆိုက် စာမျက်နှာမှာ တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။ယီမင်မှာ အခြေစိုက်တဲ့ Al-Qaida  ကွန်ယက်အဖွဲ့နဲ့ အာရေဘီယမ် ကျွန်းဆွယ် မှာရှိတဲ့အယ်လ်ခိုက်ဒါး အဖွဲ့တွေဟာ တောင်ပိုင်းယီမင်မှာ အခြေပြုထားဆဲဖြစ်ပါတယ်။အဲဒီစစ်သွေးကြွတွေဟာ ယီမင်အစိုးရခေါင်းဆောင်တွေကို ရည်ရွယ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ကြံမှုတွေ ပြုလုပ်နေ သူတွေလို့သံ သယရှိ ထားကြသူတွေပါ။

အဲဒီကွန်ယက်ဟာ အမေရိကန်နိုင်ငံပိုင် အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိထားပါတယ်။ ၂၀၁၀ ခုနှစ်တုံးက ပုံနှိပ်မှင်ဗူးတွေထည့်တဲ့သေတ္တာအတွင်း ဖေါက်ခွဲရေးပစ္စည်းထည့်ပြီး အမေရိကန် ကုန်တင်လေယာဉ် တစီးကို ဖေါက်ခွဲဖို့ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့သတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း  Said al-Shihri  သေဆုံးသွားတာဖြစ်တယ်လို့ ယီမင် လုံခြုံ ရေးတပ်ဖွဲ့က ရိုက်တာ သတင်းဌာနကိုပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ အဝေးထိန်းဒုံးနဲ့ ပစ် ခတ်မှုလည်း ပါဝင်ခဲ့တယ်လို့ပြောပါတယ်။

 VOA (မြန်မာပိုင်း)

ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် တစ်နှစ်တာ ကာလအတွင်း ဘီလီယံ ၉၀၀ ကျော် ရှာဖွေနိုင်မည်

Posted by drmyochit Wednesday, September 12, 2012, under | No comments



From:Internet

ဆက်သွယ်ရေး ကဏ္ဍအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ကျပ်ငွေဘီလီယံ ၉၀၀ ကျော်ကို နိုင်ငံအတွက် ရှာဖွေပေး သွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ တိုင်းပြည်ဝင်ငွေ ထောက်ပံ့မှု အနေဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး တိုးတက်မှုအနေဖြင့် ၁၀၅.၅ ရာခိုင်နှုန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လက်ရှိကာလ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စတင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပုဂ္ဂလိကအနေဖြင့် ယှဉ်ပြိုင်လုပ်ကိုင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ “၂၀၁၂-၂၀၁၃ မှာ ၉၈၄ ဘီလီယံလောက် ကျွန်တော်တို့ ရှာပေးဖို့ ရှိနေပြီးတော့ မြင့်တက်မှုနှုန်း အနေနဲ့က ၁၀၅.၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ တိုင်းပြည်ဝင်ငွေပေါ်မှာ ထောက်ပံ့ပေးနိုင်တာကတော့ ၂.၁ ရာခိုင်နှုန်းလောက် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက် ရှိနေပါသေးတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းကို မကြာမီ၌ ဖျက်သိမ်း၍ Myanmar Telecom ကုမ္ပဏီဟု ပုဂ္ဂလိကအနေဖြင့် ပြန်လည်ဖွဲ့စည်းသွားပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်း ၄ သန်းကို ချထားပေးသွားမည်ဟုလည်း ၎င်းတို့က ခန့်မှန်းထား သည်။ လေးနှစ်တာကာလ စီမံကိန်းအရ ကုမ္ပဏီလေးခု အနေဖြင့် မိုဘိုင်းဖုန်းလိုင်းများကို ချထားပေးရာတွင် အရေအတွက် ၃၉.၅ သန်း ရှိမည်ဟု သိရပြီး အများဆုံး အရေအတွက် ပမာဏကို ဆက်သွယ်ရေးအတွက် ပမာဏကို ဆက်သွယ်ရေး အသွင်ပြောင်းMyanmarTelecomအနေဖြင့်သာလုပ်ကိုင်ချထားပေးသွားမည်ဟုသိရှိရသည်။

ကချင်လူထုမှ KIA လုပ်ရပ်နှင့်ပတ်သက်သော သက်သေများ ပေးပို့လျက်ရှိ

Posted by drmyochit Wednesday, September 12, 2012, under | No comments



ကချင်ပြည်နယ်အတွင်း စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့တာ တစ်နှစ် ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ကလည်း KIA ရဲ့ ကချင်ပြည်နယ် အတွင်း ဖောက်ခွဲ ဖျက်ဆီးမှုတွေ၊ လူသစ်စု၊ ဆက်ကြေးကောက် မှုတွေ၊ အပြစ် မဲ့အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေကို ထောက်ပြ နေပြီး KIA ကလည်း စစ်တပ် ကို ပြန်လည် စွပ်စွဲ ပြောဆို လျက်ရှိပါတယ်။



ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာသိဖို့ သက်သေလိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တွေကပေးပို့တဲ့ သက်သေအချို့ ကချင်သတင်းဌာနကို ရောက်ရှိလာပါတယ်။ KIAက လူသစ်စု၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ဗုံးခွဲလုပ်ရပ်တွေ လုပ်နေတာအမှန်ပင်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ဖော်ပြပေးဖို့လည်း ပေးပို့သူတွေက တောင်း ဆိုထားကြပါတယ်။ ကချင်သတင်းဌာန ကို ရောက်ရှိ လာတဲ့ ပထမဆုံးသက်သေကတော့ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ KIO စစ်ရုံးက နေ လက်အောက်တပ် မဟာတွေကို အကြောင်းကြားတဲ့ လူသစ်စုဆောင်းရေးစာ ဖြစ်ပါတယ်။

မူရင်းစာက ကချင်လိုဖြစ်ပေမယ့် အားလုံးသိရအောင် မြန်မာဘာသာပြန်ဆိုပေးလိုက်ပါတယ်။ အဓိကအချက်တွေကတော့ KIO အဖွဲ့အတွင်း တိုက်ပွဲတွေမှာ အကျအဆုံးများခြင်း၊ တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးခြင်းများရှိနေတဲ့အတွက် အင်အားနည်းပါးလာကြောင်း၊ တပ်သားအသစ်များရရှိဖို့ ဖမ်းဆီးစုဆောင်းခြင်းများ ဆောင်ရွက်ရန်နဲ့ ထွက်ပြေးတဲ့ တပ်သားများကို သတ်ပစ်ရန် စတဲ့ အချက်များ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒုတိယပေးပို့လာတာကတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီးမှာရှိတဲ့ ရွှေကြယ် ကုမ္ပဏီနဲ့ ရွှေဒေါင်းမင်းကုမ္ပဏီ လူကြီးတွေဆီကို KIA စီးပွားရေးတာဝန်ခံဆိုသူက သူ့ဆီကိုဆက်သွယ်ဖို့  ရေးသားပေးပို့ ထားတဲ့စာဖြစ်ပါတယ်။ မှတ်ချက်မှာတော့ မြင်တဲ့အတိုင်း ပျက်ကွက်ပါက အရေးယူခြင်း ခံရမယ်လို့ပါတယ်။ အဓိကငွေတောင်းဖို့ပါ။ “သူတောင်းစားကတော့ လူရှေ့မှာ ဗြောင်တောင်းပါတယ်။ လူရှေ့မထွက်ရဲတဲ့ KIA က တောထဲကနေ စာနဲ့ ရေးပြီး တောင်းပါတယ်။ သူတောင်းစားနဲ့ KIA ဒါပဲကွာတယ်။”လို့ပါ ဖော်ပြပေးဖို့ သတင်းပေးပို့သူက ဆိုလာပါတယ်။ 




တတိယပေးပို့လာတာကတော့ ၃၁-၈-၂၀၁၂ ရက်စွဲနဲ့ လွယ်ယာန်ဘွန်မြို့နယ်မှူးဆိုသူကနေ ကသာမြို့နယ် အတွင်းက မြို့လှ၊ မှတ်တိုင်နဲ့ ဂိုဒေါင်ကြီးကျေးရွာဘေးတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက် အရ မိုင်းထောင်ထား ကြောင်း အသိပေးတဲ့စာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသား ၄ ဦး KIA ရဲ့မိုင်းတွေ နင်း မိသေဆုံးပြီးမှသာ အကြောင်းကြား လာခဲ့ တာဖြစ် ကြောင်း သိရပါတယ်။
ကချင်ဒေသခံ လူထုတွေကပေးပို့တဲ့ သက်သေများအရတော့ KIA အတွက် ဘယ်လိုမှ ငြင်းမရနိုင် ပါဘူး။ အများ သိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားပေးပို့သူ များကို ကျေးဇူးတင် ရှိကြောင်း ကချင်သတင်းဌာနက ပြောပါရစေ။ ထပ်မံပေးပို့လိုသူများ ရှိပါကလည်း အချိန်မရွေး ပေးပို့ နိုင် ပါကြောင်းနဲ့ KIA အကြောင်း တစ်ကမ္ဘာလုံးက အမှန်အတိုင်းသိအောင် ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ်
 
 
 
 
 
 
 
From -ကချင်နေ့စဉ်သတင်း 

မီးလောင်နေရာ ထောက်လှမ်းရှာဖွေနိုင်ရေး CCTV ကင်မရာ မန္တလေး၌ တပ်ဆင်

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
From : မြန်မာ့အလင်း

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် တားဆီးရေးအတွက် လည်းကောင်း၊ မီး လောင်မှုဖြစ်စဉ်များ အမြဲမပြတ် စောင့်ကြည့်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လည်းကောင်း မီးလောင်နေရာ အား ထောက် လှမ်းရှာ ဖွေရေး ကိရိယာ CCTV ကင်မရာကို မန္တလေးမြို့၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သော မန်းမြန်မာ ပလာဇာ (ဈေးချို) အပေါ် ဆုံးထပ်၌ တပ်ဆင်ထားပြီး ဖြစ်သည်။ ထိုထောက်လှမ်းရှာဖွေရေး ကိရိယာသည် ဆုံလည်ကင်မရာ အမျိုးအစားဖြစ်ပြီး မီးလောင် မှုဖြစ်စဉ် နေရာကို Digital Zoom ဖြင့် အဆနှစ်ရာ ပုံကြီးချဲ့၍ ဆွဲယူကြည့် ရှုနိုင်ခြင်း၊ နေ့ညမပြတ် စောင့်ကြည့်နိုင်သော အနီအောက်ရောင်ခြည်ဖြင့် ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ ပုံဖော်နိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်ပြီး အဆိုပါ ကင်မရာဖြင့် မန္တလေးခရိုင် အတွင်းရှိ မီးလောင်မှုဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုကွပ်ကဲနိုင်ခြင်း၊ မီးလောင်မှုနေရာ ခန့်မှန်းဆောင်ရွက်နိုင်ခြင်းဖြင့် မီးလောင်မှုအခြေအနေ အနည်းအများပေါ် မူတည်၍ မီးသတ်ယာဉ် အုပ်စုများ အချိန်နှင့်တစ်ပြေးညီ စေလွှတ်နိုင်ပြီး မီးလောင်ဆုံးရှုံးရမှု တန်ဖိုးလျော့ကျနိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒါတွေဖတ်ပြီးမှာမြန်မာပြည်က အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား?

Posted by drmyochit Wednesday, September 12, 2012, under | No comments



From:WattPauk

ရွှေလို့ခေါ်သောရွှေဗမာများ သင်သိဒါတွေသိပြီးကျပါပြီလား? ဘယ်လောက်အန္တရယ်များတယ် မြန်မာပြည်က စားသောက် ကုန်တွေ ထုတ်လုပ်နေကျတယ်ဆိုတာ ကို voaburmese မှာဖတ်လိုက် ရသောအခါမှာတော့.....ကျွှန်တော်မြင်တာက ဒီလိုစားသောက်ကုန်တွေကိုက "စားသုံးသူတွေကို နှစ်ရှည်အဆိပ်ခတ် အသေသတ်နေကျတဲ့ အဖြစ်မျိုး အခြေနေ နှင့်မတူဘူးလား ကြည့်လိုက်စမ်းပါ!"အဲ ! ပြောစရာဖြစ်နေတာက တခြားသောနိုင်ငံထုတ်ကုန်တွေကောဘယ်လိုနေလဲ? စားသုံးသူအတွက် အန္တရယ်ကင်းရဲ့လားလို့ မေးစရာဖြစ်နေပါတယ်? ဒါက သူနိုင်ငံနှင့်သူ သေချာစီစစ် လေ့ရှိတဲ့ စားသောက်ကုန်စီစစ်ရေးဌာနဖြစ်ကျသော စကာင်္ပူဆိုရင် AVA or Agri-food & veteringry Avthority of Singapore (http://www.ava.gov.sg/) ဆိုတာတွေရှိတော့ အန္တရယ်ရှိသော စားသောက်ကုန်တွေရဲ့ပညာပေးသတင်းတွေနှင့် ပိတ်ပင်လေ့ရှိတာကို တွေ့ရပါတယ်၊ အမီမြန်မာပြည်မှာတော့ ပညာပေးမှုနှင့် ပိတ်ပင်စီစစ်မှုတွေ အားနည်း နေသေးတာကိုတွေ့ရပါတယ်၊ ဒါတွေကြောင့် မိမိရဲ့ကျန်းမာရေးကို မိမိကိုယ်ကိုကိုယ်ဆင်ခြင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်၊ ဒီမှာဆေးရုံကုသစရိတ်က ဂဏာန်းငါးလုံးလောက် အနည်ဆုံးရှိတာကြောင့် တော်ရုံတန်ရုံလူဆိုရင် ဒီကုန်ကျစရိတ်တွေကို ဘယ်လိုကျခံနိုင်မလဲ? အခုတလော မြန်မာပြည်ကအသိတွေ ဒီမှာ ဆေးလာကု နေတာတွေတောက်လျှောက် ဆိုသလိုတွေ့မြင်ကြားသိနေရတာ ကြောင့် ရောဂါတွေကတော့ အစုံပါဘဲ၊ ကုလို့ရ တဲ့လူတွေရှိသလို ကုလို့မရလို့ ငွေကုန်လူပင်ပန်းပြီးပြန်သွားတဲ့လူတွေလဲရှိနေတာကြောင့် voaburmese က ဒီပညာပေးလေးကိုကူးယူပြီး ပြန်အသိပညာပေးလေးအဖြစ်ဆက်ရေးသွားတာပါ၊အမိမြန်မာပြည်က အစားအ သောက်တွေ ကိုမှာ အာတွေရှာတွေသော ရွှေဗမာများ ဒီစာပိုဒ်တွေကို သေသေချာဖတ်ပြီးမှ သင်တို့ရဲ့ အာသာပြေ ဗမာပြည်က ထုတ်လုပ်သော အစားအစာများနှင့် ထွက်ရှိသောအစာများကို ဆက်လက်စားသင့်ပါသလား? တားဆီးပိတ် ပင်သင့်ပါ ကြောင်း အသိပေး ပါရစေ!ဘယ်လိုဆက်လုပ်သင့်ပါသလဲ? အကြံဥာဏ်တွေပေးကျပါအုံး! အပေါင်းအသင်း သူငယ်ချင်းများ အသိပညာပေး ဆက်လက်ဖြန့် လက်ဆင့်ကမ်းဖြန့်ဝေသင့်ပါကြောင်း အသိပေးပါရစေ....ခင်မျိုးသက်(voa burmese) 17.07.2012 09:00မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေ အတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေ တာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။ဥပမာ ၀က်အူချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေလည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင် ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါမှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေးအတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။ ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်မလင်ထည့်လေ့ ရှိတယ်။ နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။

ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ?ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို့က ဖေါ်မလင်တွေ ထိုးကြတယ်။ ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။ အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။ ဒါတွေကိုဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ်ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက်ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေလည်း ပုပ်ကုန်ကြတာပါ။ အဲဒီလို မဖြစ်အောင် ရေခဲနဲနဲထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြားတွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြတယ်လို့ သိရတယ်။

အဲဒီတော့ ဖေါ်မလင်ကို တကယ့်ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တ၀ိုက် ပေါ့လေ၊မြန်မာပြည်နဲ့ တရုတ်ပြည် တ၀ိုက်မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။ ဖေါ်မ လင် က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင် တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက၀င်ရောက် သွားပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ၀မ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီးတော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာလည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီးကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့ စစ်ဆေး ရေးနည်းလမ်းတွေလည်း ဘယ်သူမှ မသိကြဘူးပေါ့။ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နိုက်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီ နိုက်ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာ။
လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေ အပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့ လိုအပ်တဲ့ တခြား ဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော့  သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေသြဇာလိုပေါ့။ ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆိုင်ယာနိုက် ဖြစ်လာတဲ့ အထိကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင် ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးတာ တွေ့ရတယ်။ နောက် ၀က်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။

အဲဒါတွေက ၀က်အူချောင်းမှာ သုံးကြတာ။ ၀က်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိ ထားစရာပါ၊ ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ၀က်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား?တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော်လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက်ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံးဝ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အ၀ါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီးတို့ ကို ဆေးစိမ် လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေသြဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ၀င်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါ ပဲဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ နောက်တပါတ်မှာတော့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာနဲ့ ပလပ်စတစ်မှာပါတဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ အကြောင်းကို ဆက်ပြီးပြောပြပေးမှာပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်