Monday, July 16, 2012
နိုင်ငံတကာအကူအညီလိုအပ်နေသော်လည်း အကူအညီကို မှီခိုနေရသောနိုင်ငံအဖြစ် မရပ်တည်လိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
Eleven Media စာမျက်နှာတွင် အစိုးရအဖွဲ့ နှင့် ဝန်ကြီးများကို သဘောမကျကြောင်း Comment ပေး၍ရသော်လည်း ဒေါ်စုကို သဘောမကျကြောင်း Comment ပေးလျှင် Block လုပ်
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
Bandoola Ban : ဒေါ်စုကြည်ကို သဘောမကျလို့ မကျတဲ့အကြောင်းလေးကို Eleven မှာရေးမိပါတယ်...ငါ့ကိုပိတ်လိုက်ကြတယ်....အော်..Eleven..Eleven... လက်ရှိအစိုးရနဲ့သမ္မကိုမကောင်းပြောတဲ့ဟာတွေပဲ.. လက်ခံတာထင်တယ်
Bandoola Ban : Eleven Journal ၀ယ်မဖတ်တော့ဘူး..ဒါပဲ!!!!!!!!!!!!!
Mg Shindy : ဟုတ်တယ်မဖတ်ကြနဲ့..
Posted by drmyochit
Monday, July 16, 2012, under | No comments
ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။

ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
နေပြည်တော်၊ဇူလိုင်-၁၆
ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေး န၀မမြောက်နေ့တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
မေးခွန်းခြောက်ခုတွင် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်က လယ်သမားများ လယ်ယာမြေပြန်လုပ်ခွင့်ပြုရန်နှင့် စပ်လျင်းသည့်မေးခွန်း၊ဦးတင်မောင်ဦး ရွှေပြည်သာ မဲဆန္ဒနယ်မှ နိုင်ငံ၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှုဆိုင်ရာ မေးခွန်း၊လသာ
မဲဆန္ဒနယ်မှ ဦးကြီးမြင့်က စရိတ်မျှပေး ကျန်းမာရေး စနစ်နှင့် စပ်လျင်းသည့် မေးခွန်း၊ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် စပ်လျင်းသည့်မေးခွန်း အစရှိသည့်
မေးခွန်းများအား မေးမြန်းကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုနှစ်ခုမှာ ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် စပ်လျင်းသည့်အဆိုနှင့် မြောက်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်းက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့
ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချလုပ်ဆောင်ရန်နှင့် စပ်လျင်းသည့် အဆိုများအား တင်သွင်းကြမည်ဖြစ်သည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့တ၀က်သာကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတအသစ်အား အတည်ပြုခန့်အပ်ဖွယ်ရှိပြီး ကျန်းသစ္စာကျိန်ဆိုခြင်းပါပြုလုပ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။
7Day News Journal

ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၁)
Posted by drmyochit
Monday, July 16, 2012, under ဆောင်းပါး | No comments
စားပွဲခုံတွေမှာ လူသူကင်းမဲ့နေတယ်။ ထောင့်တနေရာမှာတော့
ကွန်ပျူတာနှစ်လုံး ငိုက်မြည်းလို့ ။ အမျိုးသမီးငယ် တဦးသာ သတင်းစာ
တစောင်ကို ဟိုလှန်ဒီလှန်နဲ့။ ဒါ မြန်မာ့ စီးပွားရေးစနစ်ရဲ့အချက်အခြာ
ဗဟိုဘဏ် က ကြိုဆိုနေတဲ့ မြင်ကွင်းပါ။
နိုင်ငံခြား သတင်းထောက် တယောက် မြို့တော် နေပြည်တော်မှာရှိတဲ့ ဗဟိုဘဏ် ဌာနချုပ်ထဲ ပထမဦးဆုံးအကြိမ် ရောက်သွားခြင်း က အသက်မဲ့ အဆောက်အအုံကြီး အကြောင်း ဖော်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ ငွေကြေး မူဝါဒဌာနမှာ ကွန်ပျူတာ သုံးလုံးပဲ ရှိတယ်။ ဘဏ်လုပ်ငန်း ကြီးကြပ်ထိန်းသိမ်းရေးဌာနနဲ့ အတူတူပဲ။ သင်တန်းဌာနမှာတော့ ကွန်ပျူတာ ငါးလုံးထက် မပိုဘူး။ တလုံးက ဗီဒီယို ဂိမ်းဆော့ဖို့ သုံးထားတယ်။ ကလေးနှစ်ယောက်က ထောင့်တနေရာမှာ တခစ်ခစ် ရယ်နေကြတယ်။
“ဗဟိုဘဏ် တခုတည်းမှာပဲ ၀န်ထမ်း မလုံလောက်တဲ့ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး၊ တိုင်းပြည်တ၀န်း တခြား ၀န်ကြီးဌာနတွေမှာလည်း ဒီလိုမျိုးပဲ”လို့ ဗဟိုဘဏ် ဒု အုပ်ချုပ်ရေးမှူး ဦးနေအေး က ပြောပြတယ်။ “ကျနော်တို့ နည်းပညာ အကူအညီတွေလိုပါတယ်” လို့လည်း ပြောပါတယ်။ ဒီအချက်ကို ပိုသေချာသွားစေအောင် အင်တာဗျူးလုပ်နေချိန်အတွင်း မီး၂ခါ ပြတ်ပါတယ်။
စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ၅၀ နီးပါး ဖြတ်သန်းလာအပြီး လူဦးရေ သန်း ၆၀ နဲ့ သဘာဝသယံဇာတ ပေါများတဲ့ ပွင့်လင်းစ မြန်မာ နိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ခြေချလာနေချိန်အတွင်းမှာ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့တဲ့ အင်စတီကျူးရှင်း တွေက အမီလိုက်ဖို့ မနည်းရုန်း နေကြရတယ်။ ဒါက ပေါ်ထွန်းစ ဒီမိုကရေစီနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနိုင်တဲ့ ပေါ်လစီ ခြေလှမ်း မမှားဖို့ သတိ ပေးနေသလိုပါ။
အရှိန်ရပြီးဖြစ်တဲ့ အပြောင်းအလဲရဲ့ဟာ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်လို့ မိန့်ခွန်း ထဲ မှာ ထည့်ပြောလိုက်တာကြောင့် အရှိန် ပိုမြင့်သွားတဲ့ပုံ ရှိပါတယ်။ ရည်မှန်းချက်က ငါးနှစ်အတွင်း စီးပွားရေးအင်အား သုံးဆပိုကြီး လာအောင်၊ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုအောက် ရောက်နေပြီး လူဦးရေ သုံးပုံတပုံက လျှပ်စစ်မီးမရှိ ခေတ် နောက်ကျနေတဲ့ တိုင်းပြည်ကို ခေတ်မီလာရေး ပါ။

ထိုင်းနယ်စပ် တိုက်ခိုက်မှုအတွင်း မူးယစ်မှောင်ခို ၈ ဦးသေဆုံး
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
ထိုင်းနိုင်ငံနယ်စပ်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး မှောင်ခိုသမားနှင့် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် မူးယစ်ဆေးဝါးမှောင်ခိုသမား ၈ ဦးသေဆုံးသွားကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးဖြစ်သူ Somsak Nilbanjerdkul ကပြောကြားသည်။ လက်နက်ကိုင်အုပ်စုတစ်စုသည် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်လျက် အိမ်နီးချင်းနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာမည်ဟု ကြိုတင်သတင်းရရှိခဲ့ကြေင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပုဂ္ဂလိက အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုတော့မည်
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားစေခဲ့ရာ လျှောက်လွှာ ပိတ်ချိန်တွင် လျှောက်လွှာ ၁၈၀ အနက် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူ ၂၀ ဦးသာရှိကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားလာသော လုပ်ငန်းများအနက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြပြီး သြဂုတ်လကုန်ပိုင်းတွင် စတင်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ လာရောက် လျှာက်ထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနက် ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ရာ အာမခံလုပ်ငန်း ခြောက်မျိုးကို ပုဂ္ဂလိကဘဏ်များ အပါအဝင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များအား စတင်လုပ်ကိုင်ခွင့် ပေးသွားမည်ဟု သိရသည်။ လုပ်ကိုင်လိုသော ကုမ္ပဏီများ၏ ကျွမ်းကျင်မှုနှင့် ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏပေါ် မှုတည်ကာ အာမခံအမျိုးအစားများကို ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သန်း ၄၆၀၀၀ ကို အစိုးရ ဘဏ်တစ်ခုခုတွင် တင်ထားရန်လိုကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း (၉) ချက်ရှိကြောင်း၊ ယင်း (၉) ချက်နှင့် ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာအာမခံလုပ်ငန်းမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
From : ခေတ်လူငယ်
Posted by drmyochit
Monday, July 16, 2012, under | No comments
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု မြင့်တက်
From : ခေတ်လူငယ်
ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို) အောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆမှုမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း ယာဉ်မတော်တဆမှု အကြိမ်ပေါင်း (၁၃၀) ရှိရာ (၆၄) ဦး သေဆုံးပြီး (၄၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ဇွန်လ တစ်လတည်း၌ပင် (၂၀) ဦးရှိခဲ့ရာ သေဆုံးမှု အများဆုံးလဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ဇွန်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု (၂၅) ကြိမ်တွင် သေဆုံးသူ ခုနစ်ဦးရှိပြီး (၅၄) ဦး ဒဏ်ရာရရှိခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု ခြောက်ကြိမ်ဖြစ်ပွားရာ (၁၃) ဦး သေဆုံးပြီး (၅၃) ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆမှုတွင် ယာဉ်အချင်းချင်း တိုက်မှု၊ ယာဉ်နှင့် လူတိုက်မှု၊ ယာဉ်နှင့် အရာဝတ္ထုတိုက်မိမှု၊ ယာဉ်နှင့် စက်ဘီး၊ ယာဉ်နှင့် မော်တော်ဆိုင်ကယ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတို့ပါဝင်ပြီး ယာဉ်မောင်းများနှင့် လမ်းအသုံးပြုသူများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုကြောင့် ယာဉ်တိုက်မှုများ မြင့်တက်ရခြင်းဖြစ်ကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူများက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မည်
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မယ့် အစီအစဉ်တရပ်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဇူလိုင် လ ၁၃ ရက်၊ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ဒေသတွင်းအစည်းအဝေးနဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတွေအတွင်း ကြေညာခဲ့တာပါ။ အဲဒီအစည်းအဝေးတွေ အတွင်းမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် ကနေဒါနိုင်ငံအနေနဲ့ ဆက်ပြီး အားတက်ရတဲ့အကြောင်း၊ မိမိတို့ရဲ့ ဆက်ဆံရေးကို မကြာသေးခင်က တိုးချဲ့ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံမှာ သံရုံးတခုဖွင့်လှစ်ရေး ကနေဒါနိုင်ငံ က စီစဉ်နေတယ်ဆို တာကို မိမိ ၀မ်းမြောက်ဝမ်းသာ ကြေညာပါတယ်လို့ မစ္စတာ ဘာ့ဒ်က ပြောခဲ့ပါတယ်။
အဲဒီလိုဖွင့်လှစ်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမယ့် အကြောင်း၊ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံနဲ့ မိမိတို့အကြားဆက်ဆံရေးမှာ အပြု သဘောဆောင်တဲ့ တခြားတိုးတက်မှုတွေကိုလည်း တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ထည့်ပြောသွားပါတယ်။
မစ္စတာဘာ့ဒ်ဟာ ဒီနှစ် မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆီ လာရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံဆီ သမိုင်းဝင် လာရောက်တဲ့ ပထမဆုံး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။
Myanmar Express
ဂရိတ်ဝေါလ် သကြားစက်မှ ရေဆိုးဒဏ် ဒေသခံများ ခံစားနေရ
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
သကြားစက်မှ ရေဆိုးများ လျှံကျမှုကြောင့် ဇူလိုင်လ ၄ ရက်နေ့က စက်ရုံအနီးဝန်းကျင်ရှိ မလိုင်ခြုံကျေးရွာမှ ခိုင်းနွားတကောင် သေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။
“စက်ရုံက ရေဆိုးကန်ကနေ ဧရာဝတီ မြစ်ထဲကို ဖောက်ချတယ်။ အဲဒီနေ့ကတော့ ရေတက်တဲ့အချိန် မြစ်ကနေ ရွာဘက်ကို လာတဲ့ ချောင်းရိုးလေးအတိုင်း ရေတွေက တက်လာတာ။ ငါးအသေတွေပါ ပါလာတယ်။ အဲဒါကို ကလေးတွေက ပြေးကောက်တယ်။ ရေတွေက နီနေတယ်။ အဲဒီရေကို သွားသောက်မိတဲ့ နွားက သောက်ပြီးချက်ချင်းပဲ ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး သေသွားတာ” ဟု ၎င်းက ရှင်းပြသည်။
ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဗုဒ္ဓဘာသာ ကူးပြောင်း (ရုပ်/သံ)
Posted by Anonymous
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး အစ္စလာမ်ဘာသာ
ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြောင်း သူရဲ့ အင်တာဗျူး ရုပ်/သံ တခုမှာ
ပြောဆိုထားပါတယ်။ အင်တာဗျူး ရုပ်/သံ မှာ ဘာကြောင့် ဘာသာကူးပြောင်းခဲ့
တယ်ဆိုတာကို အင်တာဗျူး ရုပ်/သံ မှာ ရဲတိုက် ရဲ့ ပြောဆိုချက်တွေကို ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

သမ္မတ ကမ်းလှမ်းချက် UNHCR လက်မခံ
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တရားမ၀င် ရိုဟင်ဂျာများ ကိစ္စ
ကမ်းလှမ်းချက်ကို ကုလသမဂ္ဂ ဒုက္ခ သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
အကြီးအကဲ Mr. Antonio Guterres က လက်မခံကြောင်း သိရသည်။
ရခိုင်အရေး သတင်း တွေ့ရင် ဖတ်ကြည့် (ကုလားမ၊ ကုလား၊ ကုလားမယား၊ စုကြည်၊ ရိုဟင်ဂျာ နဲ့ အတိုက်ခံ မီဒီယာတွေ က တစ်သံတည်း ထွက်တယ်) မြန်မာတွေက တစ်သံထွက်တယ်
Posted by Anonymous
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
တရားခံ ဇနီးသည်ကို ကိုယ်တိုင် ရဲလက်အပ်မည်ဟု ဆို
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
ပဲခူးတိုင်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအလုပ်သမ
မအေးယုအောင်ကို လက်ရောက် ကျူးလွန်မှုဖြင့် အမှုဖွင့် တိုင်ကြားခံထားရပြီးနောက်
ပုန်းရှောင်နေသူ ဒေါ်ဖြူဝင်းသက်အား သက်ဆိုင်ရာ ရဲစခန်းသို့ ခင်ပွန်းဖြစ်သူ
ပဲခူးဒုတိယ တရားသူကြီး ကိုယ်တိုင် လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း
သတင်းရ ရှိသည်။
လက်ရောက်ကျူးလွန်မှုဖြင့် မအေးယုအောင်က အိမ်ရှင် ဒေါ်ဖြူဝင်းသက်အား
ပဲခူးမြို့ အမှတ် (၁) ရဲစခန်း တွင် မေလ ၃ ရက်နေ့က
အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ဒေါ်ဖြူဝင်းသက်မှာ ၂ လကျော်
တိမ်ရှောင်နေခဲ့ပြီး ခင်ပွန်ြး ဖစ်သူ ဦးအောင်ဖုန်းဝင်းက ၎င်းကိုယ်တိုင်
ရဲစခန်းသို့ လာရောက်အပ်နှံမည်ဟု ပြောဆိုလာကြောင်း အမှတ် (၁) ရဲစခန်းမှ
စခန်းမှူး ဦးသိန်းဦးက ပြောသည်။
မြန်မာသံရုံးရှေ့ မွတ်ဆလင် များ ဆန္ဒပြ
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က
မြန်မာသံရုံးရှေ့မှာ သဘောထားတင်းမာသူ မွတ်စလင် အဖွဲ့ဝင် တွေက ဘင်္ဂါလီ
ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလမ် ကာကွယ်ရေးတပ်ဦး ( FPT ) နဲ့ ( JAT ) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ကိစ္စ ရပ်ဆိုင်းရေး ဆိုပြီးဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင်တစ်ယောက်က မြန်မာသံရုံးအရာရှိတွေ နဲ့တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့် ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀)လောက် စောင့်ကြပ်ပေးနေတဲ့ မြန်မာသံရုံးထဲကို ၀င်ရောက် ဖို့မကြိုးစားဘဲ၊ ကုလသမဂ္ဂရုံးတစ်ရုံးဆီကို ဆန္ဒုပြဖို့ထွက်ခွာသွားခဲ့ကြတယ် လို့ သိရပါတယ်။ ဒီအတွင်း အာရပ်စောဘွားများနိုင်ငံ ( UAE ) နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင်တွေ ဖိနှိပ် ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေး အတွက် အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကို မနေ့ကတိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာန က ဖေါ်ပြပါတယ်။

ဆွေးနွေးပွဲနီးရင် ပိုကြောက်နေတဲ့သူများ . . .
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့
အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့
အဖွဲ့နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ အလွတ်သဘောဆွေးနွေးခဲ့တာ
(၃)ကြိမ်ရှိခဲ့ပါပြီ။ သို့သော် လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက်
ရေရာတဲ့အဖြေမရရှိသေးတဲ့အပြင် ဆွေးနွေးပွဲနီးရင် စစ်တပ် က စခန်းတွေကို
ခဏခဏသွား ပစ်ခိုင်းနေလို့ KIA တပ်ဖွဲ့ဝင်များအကြား ဘာဆက် လုပ်ရမည်ကို
ဝေခွဲ၍မရကြောင်း ကြားသိရပါတယ်။ လဂျားယန်အပေါ်ကုန်းမှာနေရတဲ့ KIA
တပ်ကြပ် ကြီးတစ်ဦးကတော့ `` မိုင်ဂျာယန်မှာ ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုရင်
ကျွန်တော်တို့ အဖွဲ့တွေဆီ လှမ်းပြောတယ်။ အစည်းအဝေးလုပ်တော့မယ်
ဆိုတဲ့အကြောင်းပေါ့၊ တစ်ပတ် လောက် ကြိုပြောတယ်၊ လွယ်ဂျယ်လမ်းကြောင်းပေါ်မှာ
ဆွေးနွေးမဲ့အဖွဲ့တွေလာရင် မပစ်ဖို့ မခတ်ဖို့ပေါ့၊
ပုဂ္ဂလိက အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုတော့မည်
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားစေခဲ့ရာ လျှောက်လွှာ ပိတ်ချိန်တွင် လျှောက်လွှာ ၁၈၀ အနက် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူ ၂၀ ဦးသာရှိကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားလာသော လုပ်ငန်းများအနက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြပြီး သြဂုတ်လကုန်ပိုင်းတွင် စတင်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ လာရောက် လျှာက်ထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနက် ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ရာ အာမခံလုပ်ငန်း ခြောက်မျိုးကို ပုဂ္ဂလိကဘဏ်များ အပါအဝင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များအား စတင်လုပ်ကိုင်ခွင့် ပေးသွားမည်ဟု သိရသည်။ လုပ်ကိုင်လိုသော ကုမ္ပဏီများ၏ ကျွမ်းကျင်မှုနှင့် ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏပေါ် မှုတည်ကာ အာမခံအမျိုးအစားများကို ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သန်း ၄၆၀၀၀ ကို အစိုးရ ဘဏ်တစ်ခုခုတွင် တင်ထားရန်လိုကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း (၉) ချက်ရှိကြောင်း၊ ယင်း (၉) ချက်နှင့် ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာအာမခံလုပ်ငန်းမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
From : ခေတ်လူငယ်
ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး မီးလောင်
Posted by drmyochit
Monday, July 16, 2012, under ဓါတ်ပုံသတင်း | No comments
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့  ညနေ ၆ နာရီ ၅ မိနစ်ခန့် တွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့်ပန်းဆိုးလမ်းထောင့် ရှိ အိန္ဒိယ သံရုံး အပေါ်ဆုံးထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အိန္ဒိယ သံရုံး (၃)လွှာ ဗီဇာဌာနစိတ်ရှိ ကွန်ပျူတာဆာဗာအတွက်တပ်ဆင်ထားသော အင်ဗာတာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ကွန်ပျူတာ ၃ လုံး၊ အဲယားကွန်း၊ စာရွက်စာတန်းအချို့၊ ပရိဘောဂပစ္စည်းအချို့နှင့် ၀ိုင်ယာကြိုးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ယခုမီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၈ စီးထက်မနည်းဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသောကြောင့် မီးစတင်လောငကျွမ်းပြီး မကြာမီတွင်ပင် မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ အခြားနေရာများသို့ မီးဆက်လက်ကူးစက်ခြင်းမရှိခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
တောင်ရွာကမ်းခြေသို့ ပင်လယ်ဘက်မှ
ချည်းကပ်လာသော မသင်္ကာဖွယ်စက်လှေ ၃ စီးအား မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ
လိုက်လံဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် တပ်မတော်(ရေ)မှ
ထပ်မံလိုက်လံဖမ်းဆီးမှုကြောင့် စက်လှေသုံးစီးအနက် တစ်စီးကို
ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို M-16 သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦး ခေါင်း၌ ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကို ယနေ့နေ့လယ် ၄ နာရီခွဲတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ပြောသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။
စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှလာသူများဖြစ်ကြောင်း သိရသည်ဟု စစ်တွေမြို့မှ မျက်မြင်သက်သေတစ်ဦးက YPI သို့ပြောသည်။
စက်လှေရပ်တန့်စေရန် ရေတပ်က ခြောက်လှန့်ပစ်ခတ်စဉ် စက်လှေပေါ်မှ လက်နက်များ ရေထဲသို့ပစ်ချခဲ့သည်ဟု ယူဆရသောကြောင့် ၎င်းနေရာတစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေလျှက်ရှိသည်။
ဆင်တပ်မော်ကျွန်းသည် စစ်တွေမြို့မှ စက်လှေဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်ရှိသည့် ရခိုင်လူမျိုးများနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သည်။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
Browse › Home › ဆောင်းပါး » ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
……………………………………………………………………