အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က
မြန်မာသံရုံးရှေ့မှာ သဘောထားတင်းမာသူ မွတ်စလင် အဖွဲ့ဝင် တွေက ဘင်္ဂါလီ
ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလမ်
ကာကွယ်ရေးတပ်ဦး ( FPT ) နဲ့ ( JAT ) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ကိစ္စ
ရပ်ဆိုင်းရေး ဆိုပြီးဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင်တစ်ယောက်က
မြန်မာသံရုံးအရာရှိတွေ နဲ့တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့်
ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။
ဒါပေမဲ့
ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀)လောက် စောင့်ကြပ်ပေးနေတဲ့
မြန်မာသံရုံးထဲကို ၀င်ရောက် ဖို့မကြိုးစားဘဲ၊ ကုလသမဂ္ဂရုံးတစ်ရုံးဆီကို
ဆန္ဒုပြဖို့ထွက်ခွာသွားခဲ့ကြတယ် လို့ သိရပါတယ်။ ဒီအတွင်း
အာရပ်စောဘွားများနိုင်ငံ ( UAE ) နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ
အစ္စလမ်ဘာသာဝင်တွေ ဖိနှိပ် ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေး အတွက်
အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကို
မနေ့ကတိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာန က ဖေါ်ပြပါတယ်။
Myanmar Express
Monday, July 16, 2012
မြန်မာသံရုံးရှေ့ မွတ်ဆလင် များ ဆန္ဒပြ
Posted by drmyochit
Monday, July 16, 2012, under ပြည်တွင်းသတင်းများ | No comments
0 comments:
Post a Comment