Monday, September 22, 2014

ထူးခြားအံ့သြဖွယ်ရာများနှင့် Ba Na Hills

Posted by drmyochit Monday, September 22, 2014, under | No comments










Ba Na Hills သည် ဗိယက်နမ်နိုင်ငံ ဒါနန်မြို့တွင် တည်ရှိသော နေရာ တစ်ခု ဖြစ်ပါတယ်။ ၎င်းတောင်ကြီးဟာ ထူးခြားအံ့သြဖွယ်ရာ များစွာတည်ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
ထိုတောင်ကုန်ကြီးပေါ်မှာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူထားရှိထားပြီး ကြည်နူးစရာအလွန်ကောင်းသော ပန်းခင်များနှင့် လာရောက်လည်ပတ် သူများ ဆော့ကစား နိုင်ရန် ဝင်္ကမ္ဘာတစ်ခုကိုလည်း ပြုလုပ်ပေးထားပါတယ်။ ယခင်က အမေရိကန် စစ်စခန်းချခဲ့သော အဆောက်အအုံများကို ထိုနေရာတွင် လေ့လာနိုင်ပါတယ်။

ဒါ့အပြင် ထိုတောင်ပေါ်မှာ Cable Car များနှင့် တက်ရောက်ရတာ ဖြစ်ပါတယ်။ ထိုတောင် စားသောက်ဆိုင်များ ဟိုတယ်များ ထားရှိပေးထားလို့ နေရေး စားရေး အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒါကြောင့် ထူးခြားအံ့သြဖွယ်ရာများနှင့် Ba Na Hills သည် သွားရောက် လှည်ပတ် သင့်သော နေရာများထဲမှ တစ်ခုလို့ ရေးသားပေး လိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Friday, September 05, 2014

ထီအကြောင်း ဂဏန်းတွက် ကြည့်ရအောင်

Posted by drmyochit Friday, September 05, 2014, under | No comments

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲဟာ အခုအောက်တိုဘာမှာ ထီလက်မှတ် တွေကို ပုံမှန်ထုတ်လုပ်ရောင်းချနေတာထက် ၁၅ ရာခိုင်နှုန်း လောက်ပိုပြီး ရောင်းချပေးမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ နဂို အက္ခရာ ၃၅ လုံး ထုတ်နေရာကနေ နောက်ထပ် ၅ လုံး ထပ်တိုးပြီး အက္ခရာအလုံး ၄၀ ထုတ်ရောင်းမယ်လို့ ဆိုလိုတာပါ။ ထီလက်မှတ် များများရောင်းမယ်၊ ဆုတွေလည်း များလာမယ်ဆို တော့ ပြည်သူတွေ အတွက် ပိုပြီးပျော်စရာ ဖြစ်လာ မလား၊ ထီလက်မှတ် တိုးပြီးထုတ်တော့ တိုင်းပြည် အတွက်လည်း အခွန်ဘဏ္ဍာတွေ ပိုပြီး ရလာမလား၊ တကယ့် ပြဿနာ အစစ်က ဘာလဲဆိုတာ ဆွေးနွေး ကြည့်ရအောင်။ ကိန်းဂဏန်း တွက်ပြတာတွေ များတော့ စိတ်မညစ်ပါနဲ့လို့ ကြိုပြီးတောင်းပန်ပါရစေ။

ပြည်သူတွေ ပျော်နိုင်မလား၊ မပျော်နိုင်ဘူးလား မဆန်းစစ်ခင် အစိုးရရဲ့ ထီလက်မှတ်ရောင်းချရေးဆိုင်ရာ စနစ်ကိုအရင် လေ့လာကြည့်ဖို့ လိုပါမယ်။ အစိုးရဟာ လက်ရှိထီလက်မှတ်တစ်စောင် ကျပ် ၂၀၀ နှုန်းနဲ့ ထုတ်လုပ် ရောင်းချပါတယ်။ လက်ကားရောင်းဝယ်သူ ထီဆိုင်ကြီးတွေဟာ အစိုးရဆီကနေ ၁၁ စောင်ပါ ထီ တစ်အုပ်ကို ကျပ် ၂,၀၀၀ နဲ့ ၀ယ်ဖို့ သတ်မှတ်ထားပါတယ်။ ပြောရရင် ထီကုန်သည်တွေဟာ အစိုးရက သတ်မှတ်ထားတဲ့ ထီတစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းတယ်ဆိုရင်ပဲ တစ်စောင်ကို ကျပ် ၂၀ နီးပါး အမြတ် ရအောင် ဖန်တီးပေးထားပါတယ်။ ရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးပါ။ အဲဒီရောင်းရငွေထဲကမှ ၄၀ ရာ ခိုင်နှုန်းကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် ရယူ၊ ကျန် ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ထီမဲ ပြန်ဖွင့်ပေး တာမျိုးပါ။

ဒီထက်သေချာအောင် ထပ်ပြီးရှင်းပြပါဦးမယ်။ ပြည်သူတစ်ယောက်ဟာ ထီလက်မှတ်တစ်စောင်ကို အစိုးရ သတ်မှတ်ထားတဲ့ ကျပ် ၂၀၀ နှုန်းနဲ့ ၀ယ်ယူကံစမ်းနိုင်တယ် ဆိုပါစို့။ အဲဒီငွေထဲက ၁၈ ကျပ် လောက်ဟာ ထီကုန်သည်တွေ ရကြမှာဖြစ်ပြီး အစိုးရကတော့ အခွန်အဖြစ် ၇၂ ကျပ် လောက်ယူပါမယ်။ ကျန် ၁၀၉ ကျပ် လောက်ကိုမှ ဆုငွေအဖြစ် မဲဖောက်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြည်သူတွေ ထီ ၁၀၀ ဖိုး ထိုးတိုင်း ထိုးတိုင်း အစိုးရက ၅၅ ကျပ်ဖိုးနီးပါး ထီမဲပြန်ဖွင့်ပေးတယ်လို့ ဆိုလိုတာပါ။ ဒါဟာထီကို တစ်စောင် ကျပ် ၂၀၀ နဲ့ ထိုးရပါမှပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အဲဒီလောက်ကံ မကောင်းပါဘူး။ အကြောင်းက တော့ အစိုးရက ကျပ် ၂၀၀ နှုန်း သတ်မှတ်ထားတဲ့ထီကို စနစ်ဆိုးနဲ့ လက်ဝါးကြီးအုပ် ထီကုန်သည်ကြီးတွေ ကြောင့် ကျပ်ငွေ ၂၅၀ ကနေ ၃၀၀ အထိ ပေးပြီး ကံစမ်းနေကြရပါတယ်။ အဲဒါဆို ထီပေါက်ဖို့ အခွင့်အ လမ်း ဘယ်လောက်ပဲ ရှိတော့မှာလဲ။ ဆက်ပြီး တွက်ချက်ပြပါ့မယ်။

အခုဆို အစိုးရဟာ ထီအက္ခရာ အလုံး ၄၀ ထုတ်မယ်လို့ ကြေညာရောင်းချနေပါပြီ။ ထီအက္ခရာ တစ်ခုမှာ ထီစောင်ရေ ၉ သိန်း နီးပါးရှိပါတယ်။ အက္ခရာအလုံး ၄၀ ဆိုရင် ထီစောင်ရေ ၃၆ သန်း နီးပါးပါ။ ထီတစ် စောင် ကျပ် ၂၀၀ ဆိုရင် စုစုပေါင်း ကျပ် သန်း ၇,၂၀၀ ဖိုးလောက် ရှိပါတယ်။ အဲဒီ အထဲကမှ ထီကိုယ် စားလှယ်တွေက အမြတ် ကျပ် သန်း ၆၅၀ လောက်ရပါမယ်။ နိုင်ငံတော်က ကျပ်ငွေ သန်း ၂၆၀၀ အခွန် ရပြီး ပြည်သူတွေကို ကျပ်ငွေ သန်း ၄,၀၀၀ ဖိုး နီးပါး ထီဆုအဖြစ် ပြန်ပြီးခွဲဝေပေးမှာဖြစ် ပါတယ်။ ဒါပေမဲ့ ဒါပေမဲ့လည်းပေါ့လေ။ ပြည်သူတွေဟာ ထီတစ်စောင်ကို ကျပ် ၂၀၀ နဲ့ ၀ယ်လို့မရတဲ့အတွက် ထီဆုကို အဲဒီ အချိုးအစားအတိုင်း ရမှာတော့မဟုတ်ပါဘူး။ ဒါဆိုရင် ဆက်ပြီးတွက်ကြည့်ရအောင်။

ပြည်သူတွေဟာ ထီကို တစ်စောင် ကျပ် ၂၅၀ ပေးပြီး ၀ယ်ထိုးရတယ် ဆိုပါတော့။ နိုင်ငံတော်က အခွန်ရ မှာ ပြည်သူတွေက ဆုမဲရမှာ အထက်က ပမဏအတိုင်းပဲ အပြောင်းအလဲ မရှိပါဘူး။ ပြည်သူတွေ ပိုပြီး ကုန်ကျမှာက ကျပ်ငွေ သန်း ၁,၈၀၀ ဖြစ်ပြီး အဲဒီငွေတွေအားလုံး ထီကိုယ်စား လှယ်တွေနဲ့ ထီရောင်းချသူ တွေရဲ့ အိတ်ထောင်ထဲ ရောက်သွားမှာဖြစ်ပါတယ်။ နည်းတဲ့ ငွေမဟုတ်ပါဘူး။ ထီလက်မှတ် ၁၀၀ ဖိုး အတွက် အချိုးအစားကလည်း ခုလိုပြောင်းသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က အခွန် ၂၉ ရာခိုင်နှုန်း၊ ထီကုန် သည်နဲ့ ထီရောင်းသူတွေက ၂၇ ရာခိုင်နှုန်း၊ ပြည်သူတွေကို ပြန်ပြီး ထီမဲခွဲပေးမှာက ၄၄ ရာခိုင် နှုန်းပဲ ရှိပါ တော့တယ်။ ဒါပေမဲ့ ပြည်သူတွေဟာ ဒီလောက်လည်း ကံမကောင်းပြန်ပါဘူး။ အကြောင်းကထီတစ်စောင် ကျပ် ၂၅၀ နဲ့ ၀ယ်ခွင့်ရတာ ခပ်ရှားရှားပါ။

အများစုက ကျပ်ငွေ ၃၀၀ လောက်လို့ ပြောကြပါတယ်။ ထီတစ်စောင် ကျပ်ငွေ ၃၀၀ နဲ့ ထိုးရရင် ဘယ်လို ဖြစ်သွားမလဲ။ ကြည့်ကြရအောင်ပါ။ ထီတစ်စောင် ကျပ် ၂၀၀ နှုန်းနဲ့ နှိုင်းယှဉ်ရင် ပြည်သူတွေပိုပြီး ကုန်ကျ မှာက ကျပ်ငွေ သန်း ၃,၆၀၀ ဖြစ်ပြီး အဲဒီငွေတွေအားလုံး ထီကိုယ်စားလှယ်တွေ နဲ့ ထီရောင်းချ သူတွေရဲ့ အိပ်ထောင်ထဲ ရောက်သွားမှာ ဖြစ်ပါတယ်။ အလွန့်အလွန်များတဲ့ ငွေပမာဏကြီးပါ။ ထီလက်မှတ် ၁၀၀ ဖိုးအတွက် အချိုးအစားကလည်း ခုလို ပြောင်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခွန် ၂၄ ရာခိုင်နှုန်း၊ ထီကုန်သည်နဲ့ ထီ ရောင်းသူတွေက ၃၉ ရာခိုင်နှုန်း၊ ပြည်သူတွေကို ပြန်ပြီး ထီမဲခွဲပေးမှာက ၃၇ ရာခိုင် နှုန်းပဲ ရှိပါတော့တယ်။

အဲဒီစာရင်းကို ပြန်ကြည့်ရင် အစိုးရရဲ့ ထီရောင်းချမှုစနစ်အောက်မှာ ပြည်သူတွေ ဘယ်လောက် ခေါင်းပုံ အဖြတ် ခံနေရသလဲ၊ ထီကိုယ်စားလှယ်ကြီးတွေနဲ့ ထီရောင်းသူတွေလက်ထဲ ငွေပမာဏ ဘယ်လောက် ရောက်သွားပြီလဲ တွေ့ကြရမှာပါ။ ထီတစ်စောင် ကျပ် ၃၀၀ နဲ့ ထိုးရရင် အဲဒီငွေ အများစု ထီကုန်သည်တွေ နဲ့ ထီရောင်းသူ တွေလက်ထဲရောက်သွားနေတာပါ။ ထီ အက္ခရာ အလုံး ၄၀ ဆိုရင် အဲဒီထီကုန်သည်တွေ အမြတ်ရတာ တစ်လ ကျပ်သန်း ၄,၂၀၀ လောက် ရှိနေပါတယ်။ တစ်နှစ်ဆို ကျပ် ဘီလျံ ၅၀ လောက်ပါ။ အလွန့်အလွန်များပါတယ်။

ဒါကို အသေးစိတ်ထပ်ပြီး တွက်ချက်လို့ ရပါသေးတယ်။ လက်တစ်ဆုပ်စာ ထီ ကိုယ်စားလှယ် အကြီးစား တွေက ဘယ်လောက် ရမယ်၊ လက်တွန်းလှည်းတွေနဲ့ လိုက်ရောင်းတဲ့ များပြားလှတဲ့ ထီရောင်းသူတွေက အချိုးအစား ဘယ်လောက်ရမယ် တွက်နိုင်ပါသေးတယ်။ အဓိက အမြတ်ငွေ အများစုကြီးဟာ လက်တစ် ဆုပ်စာ ထီ ကုန်သည်ကြီးတွေရဲ့ အိတ်ထဲ သပိတ်ဝင် အိတ်ဝင်ရောက်သွားတာပါ။ လုံးဝ အဆုံးအရှုံး အလေအလွင့် မရှိပါဘူး။ ဒီထဲမှာ ထီဖြန့်ဖြူးမှု စနစ်မကောင်း တာရယ်၊ အဂတိ လိုက်စားတာတွေကလည်း ပတ်သက်နေပါသေးတယ်။ နောက်တစ်ကြိမ် ထပ်တင်ပြ ပါဦးမယ်။


အခု ဒီ စာရင်းဇယားတွေ ကြည့်ရင်ပဲ ပြည်သူတွေ ထီထိုးနေတာ ဘယ်သူတွေကို အလုပ်အကျွေးပြုနေ တာလဲ၊ တိုင်းပြည်ကပဲ အခွန်ရနေသလား၊ တကယ်ပဲ ထီဆုတွေကို ခံစားနေရသလားဆိုတာ ရှင်းလင်းပြီ လို့ ယူဆပါတယ်။ ထီဖြန့်ဖြူးမှုစနစ် အမြန်ပြောင်းဖို့ လိုပါပြီ။ ပြည်သူတွေ ထီတစ်စောင် ကျပ် ၂၀၀ သတ် မှတ်ရင် ကျပ် ၂၀၀ နဲ့ ထိုးခွင့်ရဖို့ အစိုးရက စနစ်တကျ စီစဉ်ပေးရမှာ ဖြစ်ပါကြောင်း။

Mizzima

Wednesday, September 03, 2014

ပြောနေကြတဲ့ ဓမ္မစေတီ ခေါင်းလောင်း အကြောင်း တစေ့တစောင်း

Posted by drmyochit Wednesday, September 03, 2014, under , | No comments

ဓမ္မစေတီ ခေါင်းလောင်းသည် ပိဿာချိန် (၁၈,၀၀၀) တန်ချိန်၂၉ ဒသမ ၃၃ တန်သာ ရှိရမည်။ ၂၉၄ တန် လုံးဝမဟုတ်ပါ။

သမိုင်းဆိုတာ ဖျောက်ဖျက်၍ရသော အရာတစ်ခု မဟုတ်သလို သမိုင်းတိုင်းကိုလည်း မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့ ပြန်လည်ဆန်းစစ် ဝေဖန်တတ်ဖို့ကလည်း အလွန်လိုအပ်လှပါတယ်။ သမိုင်းဆိုတာ ခေတ်တစ်ခုရဲ့ အမှတ်အသားတွေသာ ဖြစ်သလို ခေတ်တစ်ခုရဲ့ Transition timeline တွေမှာလည်း ဝေခွဲမရနိုင်လောက်တဲ့ Error အမှားတွေလည်း ရှိနေတတ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ ဓမ္မစေတီ ခေါင်းလောင်းက ရေပန်းစားနေသလို တူးဖော်နေသူတွေကလည်း ပြည်သူတွေကို ပုံပြင်ဒဏ္ဍာရီဆန်တဲ့ ဂမ္ဘီရလမ်းကြောင်းပေါ်ကို ဆွဲတင်နေကြသလိုလည်း ဖြစ်နေပြီး ပြည်သူတွေကို နိမ့်ကျတဲ့ အတွေးခေါ်နဲ့ အယူမှား၊ အတွေးမှား၊ ကိုးကွယ်မှားအောင် ဂမ္ဘီရ အမှောင်တိုက်သို့ သွေးဆောင်နေသလိုလည်း ဖြစ်နေပါတယ်။

တကယ်တော့ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာက သိရခြင်းက ၁၅၈၃ စက်တင်ဘာ နောက်ပိုင်းမှာ ဗင်းနစ် (Venence) မြို့သား ကုန်သည် Gaspero Balbi (ဂါးစ်ပါရို) ၏ ခရီးသွားမှတ်တမ်း တစ်ခုကြောင့်ပင် ဖြစ်ပါတယ်။ အဲဒီ ဂါးစ်ပါရိုရဲ့ ခရီးသွားမှတ်တမ်းကို (Voyage to Pegu, and Observations There, Circa 1583) Gaspero Balbi လို့ ပုံနှိပ်ထုတ်ဝေလိုက်တဲ့ အချိန်ကစပြီး ကမ္ဘာ့သမိုင်း သုတေသီတွေက ဓမ္မစေတီမင်းနဲ့ ဓမ္မစေတီ ခေါင်းလောင်းကို စိတ်ဝင်စားခဲ့ကြတာပဲ ဖြစ်ပါတယ်။ Gaspero ဟာ သူ ရွှေတိဂုံဘုရား ကုန်းမြင့်ပေါ်ရောက်တော့ ခန်းမလို့ပင် တင်စားလောက်တဲ့ အလွန်ကြီးတဲ့ ခေါင်းလောင်းကြီးကို တွေ့ခဲ့ကြောင်းနဲ့ ခေါင်းလောင်းကြီး အဝန်းက လူသုံးယောက်ဖက်စာလောက် ရှိနေပြီး အမြင့်က ခြေလှမ်းကျဲ ခုနစ်လှမ်းလောက် ရှိမယ်လို့ ခေါင်းလောင်းရဲ့ ကြီးမားပုံကို တင်စားထားခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်း၏ သမိုင်းတစ်လျှောက်လုံးမှ ယနေ့တိုင် ခေါင်းလောင်း၏ အလေးချိန်ကို ပိဿာချိန် ၁၈၀,၀၀၀ (မက်ထရစ်တန် ၂၉၄ တန်) ရှိတယ်လို့ ခေါင်းလောင်းကို တွင်တွင်တင်စားလို့ နေကြတာတွေကိုသာ တွေ့နေရသလို ဒီကိန်းဂဏန်းတွေက ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကိုတော့ ဘယ်သူကမှ မတွေးခေါ်ခဲ့ကြပါဘူး။ တကယ်ဆို ဒီကိန်းဂဏန်း တန်ချိန် ၂၉၄ တန် ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။

အဲဒီ ကိန်းဂဏန်းအတိုင်း ခေါင်းလောင်း အလေးချိန်က ရှိနေခဲ့ရင်လည်း အဲဒီဓမ္မစေတီ ခေါင်းလောင်းက ပဲခူးကနေ ရွှေတိဂုံဘုရားကုန်းပေါ် ဘယ်လိုမှ ရောက်နိုင်စရာ မရှိသလို အပြန်အလှန်အားဖြင့် ရွှေတိဂုံကနေ လက်ရှိ ရှာနေကြတဲ့ မြစ်ဆုံကို မဆိုထားနဲ့၊ ကမ်းနားကိုတောင် ရောက်သွားနိုင်စရာအကြောင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်လောက်ကို မဆိုထားပါနဲ့၊ ယနေ့ခေတ်ကြီးမှာတောင် တန် ၃၀၀ လောက်ရှိတဲ့ ဝန်ထုပ်တစ်ခုကို တစ်နေရာကနေ တစ်နေရာကို သယ်ဖို့ မလွယ်လှပါဘူး။ ယနေ့ ဆိပ်ကမ်းမှာသော်မှ ကုန်သေတ္တာ (Container) တန် ၄၀ ကို မ,နိုင်တဲ့ Crane တွေလောက်ကိုသာ ထားရှိသလို တံတားတွေကိုတောင် တန် ၆၀ ဒဏ် ခံနိုင်ရုံလောက်ပဲ ဆောက်ထားကြတာပါ၊၊ ပြီးတော့ ထိုနှစ် ၄၀၀ ကျော်လောက်က Duch တွေက ရွက်သင်္ဘောတွေနဲ့ သွားလာနေကြတာမို့ တန်သုံးရာဝန်ကို တင်ဖို့ဆိုရာမှာ အနည်းဆုံး တန် ၄၀၀ ရှိတဲ့ သဘောမျိုး ရှိနေဖို့ လိုပါတယ်။ အဲဒီခေတ်မှာ ရွက်သင်္ဘောမျိုးတွေလောက်သာ ရှိနေခဲ့တာမို့ တန် ၃၀၀ ကို ဒီလို ရွက်သင်္ဘောတစ်စင်းပေါ် သို့မဟုတ် နှစ်စင်းတွဲပေါ်ကို ဘယ်လိုမှ တင်ယူနိုင်စရာအကြောင်း လုံးဝမရှိပါဘူး။

ဒါကြောင့် ဓမ္မစေတီခေါင်းလောင်း သမိုင်းမှာ ပိဿာချိန် ကိန်းဂဏန်း Error ဧကန် ရှိနေပြီ ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ ခရီးသွားမှတ်တမ်းမှာ Gaspero ကလည်း ခေါင်းလောင်းရဲ့ အရွယ်အစား ပမာဏကို အဝန်း လူသုံးဖက်မျှ၊ အမြင့် ခြေလှမ်းခုနစ်လှမ်းလောက် ဆိုတာ ခန့်မှန်းရေးသားထားခြင်းသာ ဖြစ်သလို ခေါင်းလောင်းပေါ်က ပိဿာချိန် ၁၈၀,၀၀၀ ဆိုထားရာမှာလည်း ကိန်းဂဏန်း Error ဧကန် ရှိနေပြီး ဖြစ်ပါတယ်။

တကယ်ဆို ကိန်းဂဏန်းက ၁၈၀,၀၀၀ မဖြစ်နိုင်ဘဲ ခေါင်းလောင်းပေါ်က ကိန်းဂဏန်းက ၁၈,၀၀၀ မျှသာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ခေါင်းလောင်းပေါ် ကမ္ပည်းထိုးသူက Zero သုံညတစ်လုံး ပိုထုမိသွားတာ ဖြစ်နိုင်သလို ခေါင်းလောင်းပေါ်က ကူးယူသူတို့၏ အမှားလည်း ဖြစ်နိုင်ပါတယ်။ ပိုမိုရှင်းလင်းအောင် ပြောရမယ်ဆိုရင် ပိဿာချိန် ၆၁၃ ဒသမ ၅ ပိဿာဟာ မက်ထရစ်တန် တစ်တန်နဲ့ ညီမျှပါတယ်။ ဒီတော့ ပိဿာချိန် ၁၈၀,၀၀၀ ကို (၆၁၃ ဒသမ ၅) ပိဿာနဲ့ စားလိုက်ရင် ယခုဖော်ပြနေကြတဲ့ မက်ထရစ်တန်ချိန် ၂၉၃ ဒသမ ၃၉ တန်ကို ရပါတယ်။ တစ်ခါ ပိဿာချိန် ၁၈,၀၀၀ ကို ၆၁၃ ဒသမ ၅ နဲ့ စားမယ်ဆိုရင် မက်ထရစ် တန် ၂၉ ဒသမ ၃၄ တန်ကို ရပါတယ်။

ဒီတော့ ဒီခေါင်းလောင်းရဲ့အလေးချိန် အမှန်က အထက်ပါ ၂၉ ဒသမ ၃၄ တန်ပဲ ဖြစ်နေရမှာပါ။ အဲဒီလို တန် ၃၀ သာ ရှိနေခဲ့တာမို့ DeBrito (ငဇင်ကာ) အလွယ်တကူ ခိုးယူနိုင်ပြီး ပုဇွန်တောင်ချောင်းအထိ ဆင်နဲ့ ဆွဲနိုင်ခဲ့တာ ဖြစ်သလို သူ့ရဲ့ Duch သင်္ဘောနှစ်စင်းကို ယှဉ်ပြီး တင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် သူ့သင်္ဘောနှစ်စင်းက ဒီတန် ၃၀ မျှကိုတောင် မနိုင်ဝန်ထမ်းရတဲ့ အခြေအနေ ဖြစ်သွားတာမို့ အဲဒီ သင်္ဘောနှစ်စင်းလုံး မှောက်သွားရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ရဲရဲဝံ့ဝံ့ စိန်ခေါ်ပြီး ပြောနိုင်တာက ဓမ္မစေတီခေါင်းလောင်းဟာ လက်ရှိ ဖော်ပြနေကြတဲ့ ပိဿာချိန် ၁၈၀,၀၀၀ (၂၉၄ တန်) လုံးဝ မဟုတ်ကြောင်း၊ ခေါင်းလောင်းက ပိဿာချိန် ၁၈,၀၀၀ မက်ထရစ်တန် (၂၉ ဒသမ ၃၄) တန်သာ ရှိရမည် ဖြစ်ကြောင်း အတိအလင်း ကြေညာအပ်ပါတယ်။ ကမ္ဘာပေါ်မှ မည်သည့်ပညာရှင်နှင့်မဆို ယှဉ်ပြိုင် ဖြေရှင်းပေးနိုင်ကြောင်းကိုလည်း အာခံချက် ပေးထားပါတယ်။

ဓမ္မစေတီခေါင်းလောင်းဟာ Duch ကုန်သည် ခရီးသွားမှတ်တမ်းအရ ခေါင်းလောင်းအဝ ကျယ်လွန်းနေလို့ out of bell shape ဖြစ်နေနိုင်သလို Thickness (အထူ) က ပုံမှန်ရှိသင့်တာထက် ပါးနေနိုင်ပါတယ်။ ပြီးတော့ လူတွေ ပြောနေသလို မီးကျောင်းနက္ခတ်နဲ့ ထုလို့ အသံမထွက်ဘူး၊ အသံမမှန်ဘူး ဆိုတာကလည်း နက္ခတ်ကြောင့် မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြထားသလို out of bell shape ဖြစ်နေပြီး အထူအပါး မညီတာရယ်ကြောင့် ရွှေ+ကြေး+ငွေနဲ့ သံ Alloy metal တွေကို စပ်တဲ့နေရာမှာ Ratio အချိုးအစား စံမညီမျှခဲ့ရင် အဲလိုဖြစ်တတ်ပါတယ်။ နောက်ပြီး ခေါင်းလောင်းဟာ တန် ၃၀ မျှသာ ရှိနေပြီး နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့ပြီးမို့ လက်ရှိ အခြေအနေမှာ ခေါင်းလောင်းဟာ မြစ်ရေအောက်မှာ အနည်းဆုံး ပေ ၂၀ အောက် မြေကြီးထဲကို နစ်မြုပ်ဝင်သွား နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တည်နေရာအမှန်ကို ဘယ်သူမှ အတိကျသိနိုင်မှာ မဟုတ်တော့သလို ခေါင်းလောင်းတင်သွားတဲ့ သင်္ဘောနှစ်စင်းကလည်း သစ်သားသင်္ဘောတွေပေမို့ နှစ် ၄၀၀ ကြာသွားပြီမို့ သင်္ဘောတွေကိုလည်း အလုံးလိုက် တွေ့နိုင်စရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိ ရှာဖွေနေတဲ့အဖွဲ့ဟာ ဆလုံ ၁၀ ယောက်လောက်ကို ငုပ်ရှာခိုင်းတယ် ဆိုကတည်းက သူတို့ဟာ နှစ်ပေါင်း ၄၀၀ ဆိုတဲ့အချိန်ရဲ့ နက်ရှိုင်းမှု မသိနားမလည်ကြသလို ဘိုးတော်ဦးစီးတဲ့ အဖွဲ့မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ အာမခံချက်တွေ လျှောက်ပေးခဲ့ပြီး တဖြည်းဖြည်း အဖျားရှူးသွားနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ အရင်အစိုးရ အကူအညီတောင်းလို့ အင်္ဂလိပ်ရေကြောင်း သိပ္ပံပညာရှင် Mr.Mike Hatcher ဦးစီးတဲ့ အဖွဲ့က ၂၀၀၁ ခုနှစ် မတ်လကစပြီး ခေတ်မီကိရိယာတွေနဲ့ under water ground survey ကို ကိုးလတိုင် လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့က မသိသလို နောက်ဆုံး ၂၀၁၀ ပြည့်နှစ်ရောက်မှ Damien Lay ရဲ့ စီမံကိန်းမှာ side scan Sonar survey ကို မြစ်ရေအောက် မြေကြမ်းပြင် (လေးကီလိုမီတာ) ပတ်ပတ်လည်ကို ခေတ်မီ ရေငုပ်ဝတ်စုံ ရေငုပ်သမားများနှင့် Survey လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့ မသိကြသလို ၂၀၁၂ ဇွန်မှာလည်း ရှေးဟောင်းသုတေသန ဌာနနဲ့ စင်ကာပူက SD Mark International LLP Co. ကုမ္ပဏီတို့က ခေါင်းလောင်း ပြန်လည်ရှာဖွေရေးအတွက် USD 10 million အမေရိကန်ဒေါ်လာ ဆယ်သန်းကို မတည်ဖို့ သဘောတူခဲ့ကြပါသေးတယ် ဆိုတာတွေကိုလည်း သူတို့မသိခဲ့ကြပါဘူး။

ဒါတွေကို မလေ့လာဘဲ လက်ရှိ အဖွဲ့ခေါင်းဆောင်က ဘိုးတော်တွေ ပြောတဲ့အတိုင်း သတင်းမီဒီယာတွေ လျှောက်ပြော၊ စာရွက် လျှောက်ဝေတာမျိုးတွေကို လုပ်နေခဲ့ကြတာပါ။ တကယ်တော့ ဒီခေါင်းလောင်းကို တွေ့သည့်တိုင် ခေတ်မီသိပ္ပံနည်းပညာတွေ မရှိဘဲ ဒီခေါင်းလောင်း အပေါ်မရောက်နိုင်သလို လက်ရှိအဖွဲ့က တူးဖော်ခဲ့ရင် ခေါင်းလောင်း ပျက်စီးသွားရုံကလွဲလို့ ဘာမှဖြစ်လာစရာ မရှိပါဘူး။ နှစ်ပေါင်း ၄၀၀ တိုင် စွတ်စိုတဲ့ မြစ်ရေအောက်မှာ ရှိနေတဲ့ Alloy Metal အကောင်းပကတိ မရှိနိုင်ပါဘူး။ Alloy မှာ သံပါနေတာမို့ အဲဒီခေါင်းလောင်းမှာ ဆန်ခါပေါက်တွေ ဖြစ်နေမှာ ဖြစ်သလို ထိလိုက်တာနဲ့ ကြွေသွားမှာပါ။ ဒါတွေကို လက်ရှိအဖွဲ့က ဘာမှမသိကြဘဲ ဆလုံတွေ ခေါ်ငုပ်ခိုင်းပြီး တွေ့တာနဲ့ ကရိန်းနဲ့ ဆွဲတင်လို့ ရမယ်လို့ လွယ်လွယ်ထင်နေခဲ့ကြတာပါ။ အချိန်ရဲ့ နက်ရှိုင်းမှုနဲ့ မြစ်ရေအောက် သဘာဝအပြင် သစ်သားတစ်တုံးက ရေအောက်မှာ နှစ်လေးရာ ကြာသွားရင် ဘယ်အဆင့်ကို ရောက်နေမယ်ဆိုတဲ့ သုတတွေလည်း မရှိတာမို့ ယခုလို လွယ်လွယ်လျှောက်ပြောပြီး ပြည်သူတွေကို နတ်မှိုင်း၊ ဘိုးတော်မှိုင်းတွေကို တိုက်နေကြပြီး ကိုးကွယ်မှုတွေ မှားအောင် ဖန်တီးနေကြသလိုလည်း ဖြစ်နေပါတယ်။

ပြည်သူတွေမှာ အတွေးအခေါ်တွေ နိမ့်ကျလာနေရင် ကိုးကွယ်မှုတွေ မှားလာပြီး တဖြည်းဖြည်း လူမျိုးရေးတွေကိုပါ ကျဆင်းလာစေနိုင်သလို ပြည်သူတွေကို အတွေးအခေါ် နိမ့်ကျအောင်၊ ကိုးကွယ်မှု မှားအောင် ဖန်တီးသူတွေကလည်း နံပါတ်တစ် အမျိုးသားရေး ရန်သူတွေလည်း ဖြစ်သွားနိုင်ပါတယ်။

by ဘဲလားလေဘာတီ (Astro-Political Scientist)
Credit – ထားနွယ်

Monday, September 01, 2014

အလုပ်မှာ နောက်ကျမှ နေ့လည်စာစားရတဲ့အခါ လွယ်ကူပြီး အာဟာရဖြစ်စေမယ့် အစားအစာ(၃)မျိုး

Posted by Unknown Monday, September 01, 2014, under | No comments



ရုံးမှာ လုပ်စရာတွေကလည်းများ။ အစည်းအဝေးပွဲတွေကတစ်မျိုး၊ အပြီးသတ်လုပ်ဆောင်ရမယ့် အလုပ်တွေ ကလည်း ရှိနေတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ စားကောင်းတဲ့ နေ့လည်စာကို မြန်မြန်စားပြီး အလုပ် ဆက်လုပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်မိနေပါလိမ့်မယ်။ လွယ်ကူပေမယ့် နေ့လည်စာအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတော့ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုနေ့လည်စာမျိုးတွေက သင့်အတွက် အဆင်ပြေစေနိုင် သလဲဆိုတာ ပြောပြပေးချင်ပါတယ်။ 

၁။ အသားညှပ်ပေါင်မုန့်
အိမ်ကအလွယ်တကူ ထည့်ယူလာတဲ့ ပေါင်မုန့်ကို ကိုယ့်စိတ်ကြိုက် ကြက်ဥချောင်း၊ ကြက်ဥစတာတွေနဲ့ တွဲစားလိုက်ရုံပေါ့။ ဒါမှမဟုတ်လည်း အသားညှပ်ပေါင်မုန့်သပ်သပ် ၀ယ်စားရင်လည်း ကရိကထနည်းပြီး အရသာရှိတဲ့ နေ့လည်စာကို စားရမှာပါ။

၂။အသင့်စား ငါးသေတ္တာဟင်း
နောက်ထပ် အလွယ်တကူ သယ်ယူပြီး အချိန်ပေးစရာမလိုတဲ့ ဟင်းကတော့ ငါးသေတ္တာဟင်းပါ။ ငါးအစား အခြား ကြက်သားကို စည်သွပ်ဗူးနဲ့ ထည့်ထားတာမျိးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်စိတ်ကြိုက် ပေါင် မုန့်၊ ထမင်းဖြူစတာတွေနဲ့ တွဲဖက်စားလိုက်ရင်ကို အဆင်ပြေနေပါပြီ။

၃။အသီးအနှံနဲ့ အရွက်သုပ်
အရွက်စုံသုတ်တွေ၊ ခရမ်းချဉ်သီးသုပ် စတဲ့ အသုပ်မျိုးတွေကို စားသုံးပေးခြင်းဟာ သင့်အတွက် ကျန်းမာစေသလို အဆီလည်းကျစေပါတယ်။ ဒါ့အပြင် အသီးအနှံတွေကိုစားပေးရင်း ဗိုက်မတင်းဘူးဆိုရင် အဆီလွတ် ဒိန်ချဉ်၊ တစ်ခြား ထောပတ်သီးစတာတွေနဲ့ တွဲသုံးဆောင်ပေးနိုင်ပါတယ်။ နေ့ခင်းနေ့လည် ဒီအတိုင်း စားပေးမယ်ဆိုရင် ဒါဟာ အချိန်ကုန်သက်သာစေသလို ကျန်းမာရေးအတွက်လည်း အထောက် အကူပြုတယ်ဆိုတာ မယုံမရှိပါနဲ့။

Ref:womenshealthmag.com
Trend Myanmar

ရေအားလျှပ်စစ်ကို အကျိုးဖြစ်ထွန်းအောင် အသုံးပြုခြင်း၏ ထူးခြားချက်များ

Posted by Unknown Monday, September 01, 2014, under | No comments


ရေအားလျှပ်စစ်သည် ထုတ်ယူ၍မဆုံးရှုံး၍ မကုန်နိုင်သော ပြန်လည်အသုံးပြုနိုင်သည့်
သန့်ရှင်းသော စွမ်းအင်တစ်မျိုးဖြစ်သည်။ သဘာဝရေစွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနိုင်အလို့ငှါ
ရေစီးကို စုပေါင်းထိန်းညှိနိုင်သော အဆောက်အဦးကို လူအင်အားဖြင့် ဆောက်လုပ်ရမည်။ 
ဥပမာ- ရေလှောင်တမံ၊ ရေသွယ်ပေါင်းကူး၊ ရေလွှဲပေါက် စသည်တို့ဖြစ်သည်။

ရေအားလျှပ်စစ်လုပ်ငန်းမှာ အရင်းအနှီးများသည်။ ဆောက်လုပ်ရန်အချိန်ကြာမြင့်သည်။ 
သို့သော် လျှပ်စစ်အကျိုးဖြစ်ထွန်းမှုမှာ မြင့်မားသည်၊ ကုန်ကျစရိတ်လည်းနည်းပါသည်၊ 
လုပ်ငန်းစတင်ရန် မြန်ဆန်ပြီးထိန်းညှိရန် လွယ်ကူသည်၊ သုံးစွဲသူအျား စရိတ်သက်သာစေသည်။ ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ဖော်သုံးစွဲခြင်းသည် အဓိကအားဖြင့် ရေသယံဇာတကို 
အကျိုးရှိစွာ သုံးစွဲခြင်းပင်ဖြစ်သည်။ ယေဘုယျအားဖြင့် ရေလွှမ်းမိုးမှုကာကွယ်ရန်၊ 
မိုးခေါင်ဒဏ်ခုခံ ကာကွယ်ရန်၊ လယ်ယ်ာရေသွင်းရန်၊ ရေထွက်ကုန်မွေးမြူရန်၊ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရန်၊ ခရီးသွားလာရန်၊ ဇိဝလက္ခဏာကောင်းမွန်အောင် ပြုပြင်ရန် 
စသည့်စုပေါင်း အကျိုးများဖြစ်ထွန်စေပါသည်။

နဂါးပဲစောင့်စောင့်၊ နတ်စောင့်စောင့် မပါမဖြစ်သော အဆင့်များ

Posted by Unknown Monday, September 01, 2014, under | No comments








ခေါင်းလောင်းကြီးဆယ်ယူရန်ကြိုးပမ်းနေကြခြင်းကို အဓိပ္ပါယ်မရှိ ခေါင်းလောင်းလည်း တကယ်မရှိဟုတခါမှမပြောပါ။ ကျနော်တို့ အားမလိုအားမရြုဖစ်နေသည်မှာ အင်ဂျင်နီယာများ၏တွက်ချက်မှုအစီအစဉ်များ စနစ်တကျမရှိပဲ ဂမ္ဘီရလိုလို
နဂါးတွေနတ်တွေ ကူညီနေသလို ရိုးသားမျှော်လင့်နေသောသူတွေကို
 လျှောက်ပြောတာကိုလုံးဝလက် မခံနိုင်ခြင်းဖြစ်သည်။ 

ဤမျှလေးလံပြီးမစ်ကြမ်းပြင် ရွံ့နွံထဲ နှစ် ၄၀၀ မြုပ်နေသော ခေါင်းလောင်းကြီးကို ဆယ်ယူရန်
အတွက် ဖြစ်သင့်သော နည်းလမ်း (Method Statement)ကို ၂၀၁၂ က ကျနော်
သူငယ်ချင်း Civil Engineer ကိုနေမင်းဟိန်းက အင်ဂျင်နီယာ ညီလာခံမှာ
တင်ပြခဲ့ဘူးသည်။ စာမျက်နှာ (၃၀)ကျော် ရှည်လျားသော သူ၏အစီရင်ခံစာ
ထဲက ပုံ ( 11)ပုံလောက်ကို ကောက်နှုတ်ကာ မြန်မာလို သာမန်လူများနားလည်အောင် ကျနော် ပြန်ရှင်းပြရေးပြပါမည်။ အစီအစဉ်အတိုင်းကြည့်စေချင်ပါသည်။


ဖြစ်နိုင်ခြေ (၂) ခုအနက် သဲနွံထဲမှာ မြုပ်နေဖို့က ပိုများပေရာ ရှိနိုင်သောနေရာကို
ဘူမိရူပ အသံလှိုင်းပြန်ဖမ်းယူခြင်းနည်း ( Seismic sonic rador surveying) များဖြင့် နေရာကိုတိကျအောင်အရင်ရှာရမည်။ နေရာသေခြာသောအခါ ခေါင်းလောင်းအပေါ်ရှိ နံဘေးရှိ 
သဲများကို ဒီတိုင်း သယ်မထုတ်နေလို့မရ။ (သည်မျှထူအောင်အုပ်နေသာ သဲများကိုကျော်ကာ ခေါင်းလောင်းကိုယ်ထည်ကို ရေငုပ်သမား မည်သို့စမ်းမိသည် မသိပါ ။) ဘောင်ခတ်မထားပါက သဲနှစ်များက ပြန်ကျ ပြန်အုပ်သွားမည်သာဖြစ်သဖြင့် Temporary Cofferdam (Retaining walls/ sheet piles..etc ) များခတ်ကာ ပတ်ပတ်လည် ရှင်းသွားအောင် အရင် ခြစ်ထုတ်ရ (dredge) မည်။

ခြစ်ထုတ်ကလော်ယူလာသော သဲများကို dredging barge ဖြင့်သယ်ကာ ဝေးရာမှာသွားပြန်သွန်ချရမည်။ ကြိုးချည်နှောင်ရမည့်နေရာ hooks နှင့် ချည်နှောင်မည့်နည်းစနစ်တို့ကို အသေအချာတွက်ချက်လုပ်ဆောင်ရမည် (ဒါတောင် နောက်ကျိနေသောရေအောက်မှာ လုပ်ကြရမည်မှာ အလွန် ခက်ခဲပါလိမ့်မည်။ စင်ကာပူမှာကုန်းပေါ်မှာ သာမန် ၃-၄ တန် အလေးချိန်လေး ပစ္စည်းတင်ဖို့ကြိုးချည်ကြ တာတောင်Lifting supervisor / safe work load..etc) တွေဘာတွေနှင့် ရှုတ်ယှက်ခတ်နေသည်) ခေါင်းလောင်းကြီး တန် ၂၉၀ ဆိုသည်မှာ နည်းနည်းနောနောမဟုတ် ။ရှေးကသမိုင်းဆရာတွေ ချဲ့ကားတာမဟုတ်ဘူးဆိုလျှင် လေယာဉ်တစီးစာလောက်လေးနေပြီ။
ပြီးမှ လေဘူဘောင်းများ တပ်ဆင်ထားသော ဖောင်ပေါ်သို့ အလေးချိန်အသေအချာတွက်ထားသော ကရိန်းဖြင့်မတင်ရနည်။ ပြီးမှ ကုန်းပေါ်သို့သယ်ရမည်။ ရွှေတိဂုံဘုရားလမ်း ကမ်းနားလမ်းတို့က အလေးချိန် ခံနိုင်ရဲ့လားတွေးရဦးမည်။

ရျွေတိဂုံရင်ပြင်ရောက်သည်အထိ ရထားလမ်းသီးသန့်ဖောက်ရမည်။
ခုပြောသည်မှာ မပါမဖြစ်သော အဆင့်များကို အကြမ်းတင်ပြခြင်းဖြစ်သည်.။ 
အသေးစိတ်တွက်ချက်မှု များစွာလိုအပ်သည်။ 
မဟုတ်ပါက လမ်းတွင် နောက်တခါ ပြန်ပြုတ်ကျ 
ဒုက္ခများဘွယ်ရာရှိပေသည်။

Friday, August 01, 2014

ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ

Posted by drmyochit Friday, August 01, 2014, under | No comments


ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။

အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။

အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။

၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။

၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။

၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။

၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။

Ref: Entrepreneur
Mr. Guy
World Myanmar

Wednesday, July 23, 2014

ကမ္ဘာ့ပေါ်မှာ အရှည်ဆုံး နေကြာပင်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရမည်

Posted by drmyochit Wednesday, July 23, 2014, under | No comments


၂၀၁၃ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ ကာရက်မြို့တွင် မှတ်တမ်းတင်ခဲ့သည့် အမည်မသိ နေကြာပင်ဟာ 8.75 မီတာ(၂၈ ပေ ၈.၄၉ လက်မ) အရှည်ရှိပြီး ဟန်းပီတာစချီဖာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုနေကြာပင်မှာ ယခင်နေရာပင်ထက် ၂ ဆနီးပါးရှိကြောင်း ဟန်းပီတာက ပြောကြားခဲ့ပြီး သူရဲ့ လျှိုဝှက်ချက်ကို သိချင်နေကြသည်။ ဒါကြောင့် ယခုနေကြာပင်ဟာ၂၀၁၃ခုနှစ်ကမှတ်တမ်းတင်ထားတဲ့ နေကြာပင်ကို ကျော်ဖြတ်သွားမည်လားဆိုတာ မကြာမီသိရတော့မည်ဖြစ်သည်။


Ref : Guinness World Records
Yangon Media Group

အမျိုးသမီး များ အသက်ကြီးမှာ ကြောက်ရွံ့မနေဖို့

Posted by drmyochit Wednesday, July 23, 2014, under | No comments

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့ တတ်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါ အတိုင်း ဖော်ပြ ပေးထားပါတယ်။

(၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်
မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊ အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ … စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။



ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ် လှပနေအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၂) တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်
အိမ်ထောင်ဖက် သေဆုံးတာဟာ အမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာ ထိပ်တန်းက ပါဝင်နေပါတယ်။ အိမ်ထောင်ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ ဝေဒနာကို ရရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီး နာကျင်ရတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်
တစ်ယောက်တည်း ကျန်ခဲ့ရင် ဆိုတဲ့ အတွေးဟာ ဘဝကို ဆက်လျှောက်ဖို့ ကြမ်းတမ်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်း နေထိုင်ကာ လူမှုရေး ဝင်ဆံ့အောင် ကြိုးစားပေးပါ။

(၃) ငွေတွေကို လုယက်မှာ ကြောက်တယ်
အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေး တောင့်တင်းပြီး ငွေကြေး ချမ်းသာလာလေလေ၊ လူတွေကြား ဝင်ဆံ့ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနားကပ်လာတဲ့ သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေ ပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေနဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရ ခက်ခဲတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်
ငွေတွေကို စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းတတ်အောင် ကြိုးစားပါ။ အဲဒီလို လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ အသက် ဘယ်လောက်ငယ်ငယ် စိုးရွံ့စိတ် မရှိတတ်ကြပါဘူး။

The Express Times

Monday, July 21, 2014

ခွေလေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းလာတဲ့ သခင်မလေး

Posted by drmyochit Monday, July 21, 2014, under | No comments


Monday, July 21, 2014
Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီဒန့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။
ဆရာဝန်များက သူမကို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖြတ်တောက် ပြီးတော့ ကုသဖို့လိုရင်တောင် လိုအပ်မယ်လို့ ပြောခဲ့ ပါသေးတယ်။ ဖြတ်တောက်ဖို့တော့ သူမ လက်မခံ ခဲ့ ပါဘူး။ ဒါနဲ့ နောက်ဘက် ခြေထောက် မသန်တဲ့ ခွေးတစ်ကောင်ကို မွေးပါတယ်။ သွေးကြော ခဲပြီး နောက်ခြောက်ထောက် နှစ်ဘက် မလှုပ်ရှားနိုင်တဲ့ ခွေးကလေးနဲ့ အတူ နေပြီး ဘဝ ဖြတ်သန်း ပါတယ်။ ခွေးကလေး လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးပြီး သူမက အလိုလို လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။
ထင်မှတ်မထား လောက်အောင် ကျန်းမာရေး ကောင်းသွားပြီး သာမန် လူတစ်ယောက်လို ပြန်ဖြစ် လာပါတယ⁠ယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးရင်း နောက်ဆုံးတော့ ခွေးရော Lindsey ဟာ သာမန် အကောင်း ပကတိ ကို ပြန်ရောက် သွားပါတယ်။
သူမဟာ ယခုဆိုရင် သူ ဝါသနာ ပါတဲ့ အက ဘက်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ Lindsey ဟာ အများ လေးစား အတုယူ ရလောက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)

Monday, June 30, 2014

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ်မွေးခွေးလေးများ

Posted by drmyochit Monday, June 30, 2014, under | No comments

လူသားများ၏ အကောင်းဆုံးသော မိတ်ဆွေများအဖြစ် ခွေးများကို သတ်မှတ် ညွှန်းဆိုလေ့ ရှိကြသည်။ ခွေးများ၏ ပင်ကိုသဘာဝ၊ သစ္စာစောင့်သိမှု၊ ရိုးသားမှုနှင့် လိမ္မာတတ်သိမှုများကြောင့် သမိုင်းတစ်လျှောက် လူသားများအတွက် ခင်မင်စရာ အကောင်းဆုံး အဖော်များအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ပေါက်ဖွားမှု ကွဲပြားသည့် ခွေးမျိုးစိတ် အမျိုးမျိုး ရှိနေသလို ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မျိုးရိုးတို့ကိုလိုက်ပြီး တန်ဖိုးသတ်မှတ်ချက်များလည်း ကွာဟလေ့ရှိသည်။

အိမ်မွေးခွေးမျိုးနွယ် အများအပြားအနက် ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး၊ တန်ဖိုးအရှိဆုံးအဖြစ် ရပ်တည်နေသည့် (၁၀)မျိုးကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ Chow Chow


အမွေးပွပွနှင့် ခွေးကြီးများသည် တရုတ်နိုင်ငံ ဇာတိဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကတည်းက အဆင့်ဆင့် ပေါက်ဖွားဆင်းသက်လာသည့် မျိုးနွယ်များ ဖြစ်ကြသည်။

ကြီးမားသော ဦးခေါင်းနှင့် အမွေးစုတ်ဖွား အမြီးများ ရှိတတ်သည်။ ၎င်းတို့သည် လူကို သေသည်အထိ ကိုက်နိုင်သည့်အတွက် အန္တရာယ်ရှိသော ခွေးမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။ အိမ်စောင့်ခွေးများအဖြစ် အသုံးပြုရန်မူ အထူးသင့်လျော်သည်။

Chow Chowတို့သည် လူစိမ်းများကို ရန်လိုလေ့ရှိသော်လည်း သခင်ဖြစ်သူ အပေါ်တွင်မူ အလွန်ရင်းနှီး ကျွမ်းဝင်ပြီး သစ္စာစောင့်သိလေ့ ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် တစ်ကောင်လျှင် ပျမ်းမျှ ဒေါ်လာ(၃၀၀၀)မျှဖြစ်သည်။

၉။ Pharaoh Hound


ရှေးဟောင်းအီဂျစ် လူ့အဖွဲ့အစည်းများ ကတည်းက အိမ်မွေးခွေး ဖြစ်ခဲ့သည့် မျိုးစိတ်အဖြစ် လူအများက ယူဆထားကြသည်။ အီဂျစ်ဖာရိုး ဘုရင်များ၏ သင်္ချိုင်းဂူများတွင် နံရံ၌ Pharaoh Hound ခွေးများ၏ ပုံကို ရေးဆွဲထားလေ့ရှိသောကြောင့် ဖြစ်သည်။

သို့သော်လည်း Pharaoh Houndတို့၏ မူရင်းဇာတိမြေမှာ မော်လ်တာဘက်မှဖြစ်ပြီး ယုန်လိုက်သည့် ခွေးများအဖြစ် မုဆိုးများက လေ့ကျင့် အသုံးချလေ့ရှိသည်။

Pharaoh Hound ခွေးများအကြောင်း ပြောဆိုသည့်အခါ ယင်းတို့၏ ခွန်အားကောင်းမွန်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ သစ္စာရှိမှု၊ ဇွဲကြီးမှုတို့က အဓိက ဝိသေသများ အနေဖြင့် ပါဝင်မည် ဖြစ်သည်။

သို့သော်လည်း လွတ်လွတ်လပ်လပ် နေတတ်ပြီး ခြေဦးတည့်ရာ သွားလာချင်သည့် ဉာဉ်မျိုးကြောင့် အတူတကွ လမ်းလျှောက်ထွက်သည့်အခါ ယင်းတို့ကို မဖြစ်မနေ သိုင်းကြိုးချည်ထားရန် လိုအပ်မည် ဖြစ်သည်။ Pharaoh Hound ခွေးတစ်ကောင်၏ ပျမ်းမျှတန်ဖိုးသည် ဒေါ်လာ (၃၀၀၀)ကျော်မျှ ကျသင့်သည်။

၈။ Akita


Akita ခွေးများကို မြစ်ဖျားခံရာ ဇာတိဒေသ နှစ်ခုတွင် ကွဲပြားတွေ့မြင်နိုင်သည်။ တစ်နေရာမှာ အမေရိကန်ဖြစ်ပြီး တစ်နေရာကမူ အာရှတိုက်မှ ဂျပန်နိုင်ငံ ဖြစ်သည်။

အနီ၊ အဖြူ၊ အညို အစရှိသဖြင့် အရောင်အမျိုးမျိုး ကွဲပြားလေ့ရှိပြီး တုတ်ခိုင်သန်စွမ်းသော ခန္ဓာကိုယ်မျိုး ရှိသည်။ လူစိမ်းများနှင့် အခြားသော ခွေးများကို ရန်လိုတိုက်ခိုက်လေ့ ရှိသဖြင့် ကိုယ်ပိုင်ဝင်းခြံနှင့် သီးခြားမထားရှိနိုင်ပါက မမွေးသင့်သော ခွေးမျိုးဖြစ်သည်။

Akita ခွေးများကို ငယ်စဉ်ကတည်းက အခြားသော သတ္တဝါများနှင့် လိုက်ဖက်ညီစွာ နေထိုင်တတ်အောင် သင်ကြားပေးထားပါက ပတ်ဝန်းကျင်နှင့် သဟဇာတ ပိုဖြစ်နိုင်သည့် အခြေအနေရှိသည်။

သစ္စာရှိမှု၊ သခင်အပေါ် တွယ်တာရင်းနှီးမှုများကြောင့် နာမည်ကောင်းရသည့် ခွေးမျိုးစိတ်သည် တစ်ကောင်လျှင် ဒေါ်လာ (၃၅၀၀)ဝန်းကျင်မျှ တန်ဖိုးရှိတတ်သည်။

၇။ Chinese Crested Hairless


Hairlessဟူသော အမည်သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ခန္ဓာကိုယ်ပေါ်တွင် အမွေးအမှင် မရှိသော ခွေးကလေးများ ဖြစ်ကြသည်။ သို့သော်လည်း တစ်ကိုယ်လုံး အမွေးကင်းမဲ့နေခြင်း မဟုတ်ဘဲ ဦးခေါင်း၊ အမြီးနှင့် ခြေလက်အောက်ပိုင်းတို့တွင် အမွေးများ ထူထူထပ်ထပ် ရှိနေတတ်သည်။

ယင်းတို့နှင့် ဆက်နွှယ်သည့် Powderpuff မျိုးနွယ်များမှာမူ ခန္ဓာကိုယ် တစ်ခုလုံး အမွေးများ ဖုံးအုပ်နေလေ့ ရှိသည်။ အမွေးကင်းမဲ့သော ခွေးလေးများသည် နေလောင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အသားအရေ ခန်းခြောက်ခြင်း အစရှိသည့် အရေပြား ပြဿနာများကို ကြုံရလေ့ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် ဒေါ်လာ(၅၀၀၀)ဝန်းကျင် ဖြစ်သည်။

၆။ Tibetan Mastiff


အာရှအလယ်ပိုင်းမှ အစပြု ပေါက်ဖွားလာသည့် ခွေးကြီးများသည် ခွန်အားသန်မာပြီး ဉာဏ်ရည် မြင့်မားသည်။ တိဗက်တွင် ယင်းတို့ကို လမ်းပြခွေး အဖြစ်လည်းကောင်း၊ ကျွဲနွားများကို စောင့်ရှောက်ထိန်းကျောင်းပေးသည့် အစောင့်အရှောက်ခွေး အဖြစ်လည်းကောင်း အသုံးပြုလေ့ရှိသည်။

ဦးခေါင်းက အရွယ်အစား ကြီးမားပြီး လည်ဆံမွေးများ ထူပြောစွာ ရှိနေရာ ယင်းတို့၏ အသွင်အပြင်သည် ခြင်္သေ့ကြီးများသဖွယ် ဖြစ်နေတတ်သည်။

သဘာဝအားဖြင့် သူစိမ်းများကို ရန်လိုတတ်သော်လည်း လူအများနှင့် ရင်းနှီးကျွမ်းဝင်အောင် သင်ပြပေးသည့်အခါ အဆင်ပြေသည့် ဉာဏ်ရည်ထက်မြက်သော ခွေးများဖြစ်သည်။ ဒေါ်လာ(၅၀၀၀)ကျော်တန် ခွေးကြီးများသည် နေ့ဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး ညပိုင်းတွင် နိုးနိုးကြားကြား ကင်းလှည့်နေတတ်သည့် အစောင့်ခွေးများ အနေဖြင့်လည်း လူသိများသည်။

၅။ Canadian Eskimo Dog


မြောက်အမေရိကတွင် မျိုးရိုးအခြေပြု ဆင်းသက်လာသည့် ခွေးကြီးများသည် ယနေ့တိုင် မျိုးနွယ်ရောစပ်ခြင်း မရှိသည့် အရှားပါးဆုံး မျိုးစိတ်တစ်ခုလည်း ဖြစ်သည်။

ဖြူလွသော အရောင်အဆင်းရှိပြီး အမေရိကန် နှင်းဝံပုလွေများသဖွယ် ခံ့ညားလှပပြီး သန်မာအားကောင်းသည့် ခန္ဓာကိုယ် တည်ဆောက်မှုကိုလည်း ပိုင်ဆိုင်ထားသည်။

ဉာဏ်ရည်ထက်မြက်ခြင်း၊ သစ္စာရှိခြင်း၊ သတ္တိကောင်းခြင်း၊ နိုးကြားခြင်းနှင့် သခင်အပေါ် တွယ်တာခြင်းတို့သည် ဒေါ်လာ (၆၀၀၀)ကျော်တန် ခွေးကြီးများ၏ ထူးခြားသော အရည်အသွေးများ ဖြစ်ကြသည်။

၎။ German Shepherd

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် ခွေးမျိုးစိတ်တစ်ခု ဖြစ်သည့်အပြင် ယင်း၏ ထူးခြားသော အရည်အသွေးကောင်းများကြောင့် ဂျာမန်သိုးထိန်းခွေးများကို ခွေးချစ်သူများက အလွန်လိုလား နှစ်သက်လေ့ရှိသည်။

ဂျာမနီမှ စတင်ပေါက်ဖွားလာသော ခွေးများသည် အစောင့်ခွေးအဖြစ်လည်းကောင်း၊ သိုးအုပ်များကို ဝံပုလွေရန်မှ ကာကွယ်စောင့်ရှောက် ပေးရာတွင်လည်းကောင်း လူအများကို ကူညီပေးလေ့ရှိသည်။

သတ္တိရှိခြင်း၊ နိုးကြားခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း၊ သခင့်အလိုကို နားလည်ခြင်း၊ ခွန်အားကြီးခြင်းနှင့် ခိုင်းစေမှုကို အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း အစရှိသည့် ဝိသေသကောင်းများကို အခြားသော ခွေးမျိုးစိတ်များထက် ပီပြင်ထင်ရှားစွာ ပိုင်ဆိုင်ထားတတ်ကြသည်။

သခင်၏ အမိန့်ကို တစ်သဝေမတိမ်း နာခံတတ်ပြီး လူစိမ်းများကို ယဉ်ပါးမှုမရှိဘဲ သံသယကြီးလွန်းခြင်းက အစောင့်ခွေး ကောင်းကောင်း ပိုင်ဆိုင်လိုသူများအတွက် အကြိုက်တွေ့စေမည့် အရည်အသွေးများ ဖြစ်သည်။

ဂျာမန်သိုးထိန်းခွေးများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်များတွင်လည်း အသုံးပြုလေ့ရှိပြီး စစ်ရေးနှင့် မှုခင်းရေးရာ အထောက်အကူပြု ခွေးများအဖြစ် လေ့ကျင့်ပေးနိုင်သည်။ အဆိုပါခွေး တစ်ကောင်၏ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ(၆၅၀၀)မျှရှိသည်။

၃။ Samoyed

အမွေးနုနုများနှင့် ချစ်စရာ ခွေးကြီးများသည် ဆိုက်ဘေးရီးယား ဒေသမှ စတင်ပျံ့နှံ့ပေါက်ဖွားလာခြင်း ဖြစ်သည်။ ယင်းတို့ကို Bjelkierဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိသည်။

ဆိုက်ဘေးရီးယားတွင် စွပ်ဖားဆွဲသော ခွေးများဖြစ်ပြီး အုပ်စုဖွဲ့ နေထိုင်လေ့ ရှိကြသည်။ ပျော်ပျော်နေတတ်ပြီး အဆော့သန်သည့် ခွေးများဖြစ်ရာ ကလေးငယ်များနှင့်ပင် စိတ်ချလက်ချ လွှတ်ထားနိုင်မည် ဖြစ်သည်။

အခြားသော လူနှင့် တိရစ္ဆာန်များကို ရန်လိုလေ့ မရှိသောကြောင့် အစောင့်ခွေး အနေဖြင့်မူ Samoyedများက အသုံးဝင်မည် မဟုတ်ချေ။ ဒေါ်လာ (၆၅၀၀)ကျော်တန် ခွေးကြီးများသည် နေအိမ်သို့ ဧည့်သည်လာပါက ဝမ်းပန်းတသာ ကြိုဆိုတတ်သည့် ဧည့်ကြိုခွေးများဖြစ်သည်။

၂။ Rottweiler

ကမ္ဘာအနှံ့အပြားတွင် ပေါက်ဖွားရှင်သန်နိုင်သည့် ခွေးများဖြစ်ကြသည်။ ယခင်က ကျွဲနွားအုပ်များကို စောင့်ရှောက် ထိန်းကျောင်းရန်အတွက် Rottweilerများကို လူအများက အသုံးပြုခဲ့ကြသည်။

ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်မျိုး ရှိနေပြီး အလွန်ခွန်အားသန်မာကြသည်။ ဒေါ်လာ(၇၀၀၀)တန် ခွေးကြီးများသည် လူစိမ်းသူစိမ်းများကို ရန်လိုတိုက်ခိုက်တတ်သည့် အစောင့်ခွေး အမျိုးအစားကောင်းများ ဖြစ်ကြသည်။

ယင်းတို့ကို သင်တန်းပေး လေ့ကျင့်စေပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့တွင် အထောက်အကူပြု ခွေးများအဖြစ်လည်း အသုံးပြုလေ့ရှိသည်။

၁။ Lowchen



ကမ္ဘာပေါ်တွင် အရှားပါးဆုံး စာရင်းဝင် ခွေးမျိုးစိတ် တစ်ခုဖြစ်ပြီး တန်ဖိုးလည်း အမြင့်ဆုံးဖြစ်သည်။ Lowchenတို့ကို Little Lion Dogဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

ဥရောပ ဒေသမှ စတင်ဆင်းသက် ပေါက်ဖွားလာသည့် ခွေးလေးများသည် ခြင်္သေ့များနှင့် သဏ္ဌာန်တူပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့တွင် အိမ်မွေးတိရစ္ဆာန်လေးများအဖြစ် စတင်ရေပန်းစား လူကြိုက်များလာခဲ့သည်။

Lowchenတို့တွင် ကျယ်ပြန့်သော ဦးခွံဖွဲ့စည်းမှု ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် အမွေးများ ထူထူထပ်ထပ် ဖုံးအုပ်ထားသည်။ ဉာဏ်ရည်ထက်မြက်ပြီး အဆော့သန်ကာ လူအများကို ခင်မင်ရင်းနှီးစွာ နေထိုင်တတ်သည်။

ထို့အပြင် သစ္စာရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အမိန့်နာခံလွယ်ခြင်း၊ ကလေးများနှင့် အကျွမ်းတဝင် နေထိုင်တတ်ခြင်းတို့ကြောင့် မိသားစု မွေးမြူသင့်သည့် ခွေးလေးများအဖြစ် လူသိများသည်။ ယင်းတို့၏ ဈေးနှုန်းသည် ဒေါ်လာ(၇၀၀၀)ကျော်မျှ ရှိသည်။

Top Teny
7 Day

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ

Posted by drmyochit Monday, June 30, 2014, under | No comments



(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း

(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း

(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀

ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး

အမည် - အေးချို(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈

ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)

အမည် - တိုက်ချွန်း

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့်စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်းအသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက်နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - လှသောင်း(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့ဝင်များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက်အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။

(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603

ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား

အမည် - စောမြင့်(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲရရှိစဉ် တာဝန်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။

ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။

(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ

ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား

အမည် - စောဘရီ (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်းဝင် ကေအင်ဒီအိုဟောင်းဖြစ်သည်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------

ကိုယ်ပိုင်အမှတ် - ၀၁၉၁၄

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည် မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝိုင်းဝန်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ၀ိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ ရဲဝံ့စွန့်စားစွာဝင်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

Reference :
-------------
From Tea Shot

Sunday, June 22, 2014

ယောကျာင်္းယူရန် အသက်အပိုင်းအခြား

Posted by drmyochit Sunday, June 22, 2014, under | No comments


မိန်းကလေးတွေအတွက်က ဈေးဝယ်တာနဲ့ ဥပမာပေးပြီးတဲ့နောက် အခုယောကျာ်းလေးတွေအတွက် ဟင်းချက်တာလေးနဲ့ နမူနာပြပါ့မယ်။

အသက် ၂၀ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဈေးကဝယ်လာတဲ့ အသားလိုပါပဲ။ အတုံးလိုက်အတစ်လိုက်ပဲ ရှိပါသေးတယ်။ ချက်စားဖို့အတွက် ခုတ်ထစ် ရပါအုန်းမယ်။

အသက် ၂၅ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဟင်းချက်ဖို့ အသင့်ပြင်ဆင်ထားသလိုပါပဲ။ တစ်လုတ်စာအရွယ်ကလေးတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသင့်နှပ်ထားတဲ့ အဆင့်ရောက်နေပါပြီ။

အသက် ၃၀ ဝန်းကျင်
ဒီအသက်မှာဆိုရင်တော့ ဟင်းစချက်နေပါပြီ။ နူးအောင်လို့ ထည့်ထားတဲ့ရေဟာခန်းလို့ နောက်တရေကို ထပ်ထည့်ရတော့မယ့် အနေအထားပါ။

အသက် ၃၅ ဝန်းကျင်
ခုချိန်ကတော့ ထည့်ထားတဲ့အသားက နူးစပြုနေပါပြီ။ စသုံးဆောင်မယ်ဆိုရင် သုံးဆောင်လို့ရပါပြီ။

အသက် ၄၀ ဝန်းကျင်
ဟင်းကျက်ပါပြီ။ ဒီအချိန်စားမယ်ဆို အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။ လေးဆယ်ကျော်အချစ်ရဲ့ အစပေါ့။

အသက် ၄၅ ဝန်းကျင် ဒီအချိန်မှာတော့ အသားတွေက နူးအိနေပါပြီ။ ခုချိန်မှာ ချက်ထားတဲ့ဟင်းအိုးကို မီးဖိုပေါ်ကချဖို့လိုနေပါပြီ။ တော်ကြာ ဆီမကျန် ရေမကျန်ဖြစ်တော့မှာပါ။

အသက် ၅၀ ဝန်းကျင်
ဒီအချိန်ကတော့ တူးနံ့စထွက်နေပါပြီ။ ဆီလည်းကုန်ခါနီး ရေလည်းမရှိတော့ပါဘူး။ ကြိတ်မှိတ်ပြီး စားချင်တဲ့လူ အနည်းငယ်သာ ရှိပါတော့တယ်။

အသက် ၆၀ ဝန်းကျင် ခုအနေအထားကိုသာ ပန်းကန်ထဲထည့်ထားလို့ကတော့ ဟင်းခွက်ကိုနှိက်ချင်တဲ့လူ တော်တော်ရှားသွားပါပြီ။

Credit>> Bush-Man JD

Tuesday, June 17, 2014

ချွတ် မရတဲ့ လက်စွပ်ကို ဒီလို ချွတ်မယ်

Posted by drmyochit Tuesday, June 17, 2014, under | No comments


လက်စွပ်ဝတ်ထားရင်း ကိုယ့်လက်က လက်စွပ်ကို ပြန်ချွတ်ရ ခက်လောက်အောင် ဖြစ်နေလား။

ဒီနည်းလေးက လက်တွေ့ အသုံးဝင်တာ သိရပါလိမ့်မယ်။ အထူးသဖြင့် လက်စွပ် ပြန်ချွတ်ဖို့ လက်ချောင်း က ဝတုတ်လာတာမျိုးမှာ အဖြစ်များကြပါတယ်။

ပထမဆုံး အပ်ချည်ကြိုးထက် အနည်းဆုံး ၅ ဆ လုံးပတ်ကြီး တဲ့ ကြိုးတကြိုး ရှာပါ။ နိုင် လွန်ကြိုးဆိုရင် ပိုကောင်း ပါလိမ့်မယ်။ ဗွီဒီယိုမှာ ပြထားတဲ့အတိုင်း လက်စွပ်နဲ လက်ချောင်းကြားကနေ ကြိုးစ တဖက်ကို တထွာအနည်းဆုံးလောက် ထုတ်ထားပါ။

ပြီးတော့ ကြိုးကို လက်စွပ်ကို ပြန် ချွပ်မယ့် လမ်းကြောင်းအတိုင်း ကြိုးကို စေ့စေ့လေး တပတ်ချင်း ပတ်သွားပါ။ လက်ချောင်း အဖျားနားလောက်ထိ ပတ်သွားပါ။

ပြီးရင် လက်စွပ်တဖက်မှာ အစထုတ်ထားတဲ့ ကြိုးကို ဖြည်းဖြည်းချင်း လက်ဖျားထိပ်ရှိရာကို ဦးတည်ပြီး ဆွဲထုတ်ပါ။ လက်စွပ်ဟာ လက်ချောင်းကို အနာတရ မဖြစ်ပဲ ချောချောမောမော ကျွတ်သွားပါလိမ့်မယ်။

အိမ့်သံစဉ်
ဧရာဝတီ

Sunday, June 15, 2014

ငွေရေးကြေးရေး ကိစ္စတွေက သင်တို့ရဲ့အချစ်ရေးကို ပျက်စီးစေနိုင်

Posted by drmyochit Sunday, June 15, 2014, under | No comments



မေသော်

သင်ဟာ သင့်ရဲ့ဒီဇိုင်နာထုတ်အိတ်တွေရဲ့ဈေးနှုန်း၊ တစ်နေ့တာအသုံးစရိတ်၊ တစ်လ အသုံးစရိတ် စတာတွေ ကို ဖွင့်မပြောပဲ သင့်ချစ်သူကို လိမ်ညာထားမိမယ်ဆိုရင် ဒါတွေဟာ သင်တို့ရဲ့အချစ်ရေးအတွက် ဆူးညှောင့်ခ လုတ်တွေပါပဲ။ MoneySupermarket.com က စစ်တမ်းကောက်ချက်အရ အတွဲ ၁၀တွဲမှာ ၅တွဲသာ ကိုယ့်ချစ်သူကို ကိုယ့်အသုံးစရိတ်တွေကို အမှန်အတိုင်းဖွင့်ပြောလေ့ရှိကြပါတယ်တဲ့။ ဘာလို့များ ကိုယ့်အသုံးစရိတ်ကို အမှန်အတိုင်းမပြောကြပါလိမ့်လို့ သင်တွေးမိလိုက်တယ်မလား။ သူတို့တွေဟာ တစ်ခုခုကို ၀ယ်တော့မယ်ဆိုရင် ကိုယ့်ချစ်သူကို ပြောချင်ပေမယ့် ချစ်သူက ၀ယ်ခွင့်မပြုမှာ၊ ကိုယ့်အသုံးစရိတ်ကြောင့် ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ကြလို့ပါတဲ့။ ဒီလိုကြားလိုက်ရရင် ဒါဟာ အပြစ်ကင်းပါတယ်လို့တော့ ထင်ကြမှာပါပဲ။ ဒါပေမယ့် ဒီအရာတွေက အတွဲတွေ ပြတ်သွားအောင် ဖန်တီးပစ်လိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပါဘူး။

ယုံကြည်မှုဆိုတာ အချစ်ရေးမှာ နံပါတ်တစ်အရေးအကြီးဆုံး အရာပါပဲ။ နှလုံးသားရေးရာအကြံပေးဖြစ်တဲ့ Terri Orbuch, Ph.D. ကတော့ ယုံကြည်မှုနည်းပါးသွားရင် အချစ်ရေးဟာ သာယာမှုတွေ တဖြည်းဖြည်းလျော့ ပါးသွားမှာပါပဲတဲ့။ အထူးသဖြင့် ရေရှည်တွဲလာပြီးဖြစ်တဲ့ အတွဲတွေဟာ ပိုက်ဆံကိစ္စ နဲ့ပတ်သက်ပြီး ဖုံးကွယ်ထားတာကို သိရာကနေ ကွဲသွားတာ များတယ်လို့ ဆိုပါတယ်။

ကိုယ်ဒီနေ့ ဘယ်လောက်သုံးတယ် ဆိုတာမျိုးကို ကိုယ့်ချစ်သူကို စာရင်းတင်ခိုင်းနေတာမျိုး မဟုတ်ပေမယ့် သူမေးတဲ့အခါ သုံးသမျှပိုက်ဆံတွေကို စာရင်းဖျောက်ပစ်လိုက်တာမျိုးတွေ မလုပ်ပဲ အမှန်အတိုင်း ဖွင့်ပြောဖို့ပါပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးတယ်ဆိုပေမယ့် တစ်ဖက်ကလည်း နှစ်ဦးသားရှေ့ရေးကို တွေးရတော့မယ်ဆိုရင် ကိုယ့်အသုံးစရိတ်တွေကိုပါ ထည့်စဉ်းစားတော့မှာပေါ့လေ။ နောက်တစ်ချက်က ကိုယ်တစ်လဘယ်လောက်ရသလဲဆိုတာကို အတိအကျဖွင့်ပြောဖို့ နှစ်ဦးသားတွဲတဲ့အချိန်က နည်းနေသေးတယ်ဆိုရင်တောင် ရေရှည်တွဲတော့မယ်ဆိုရင်တော့ ဒါတွေကိုပါ ဖွင့်တိုင်ပင်သင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရေရှည်လက်တွဲတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ အရေးအကြီးဆုံး အချက်ဖြစ်လာလို့ပါပဲ။

Ref:womenshealthmag.com

Wednesday, June 11, 2014

တာ့က်မန်နစ္စတန်နိုင်ငံက “ ငရဲတံခါးပေါက်”

Posted by drmyochit Wednesday, June 11, 2014, under | No comments


တာ့က်မန်နစ္စတန် (Turkmenistan) နိုင်ငံ၊ ကာရာကန် သဲကန္တာရအလယ်မှာရှိတဲ့ ဒါဝီဇီ ရွာအနီးမှာရှိတဲ့ ငရဲတံခါးပေါက်ပါ။ အချိန်ပြည့်လောင်ကျွမ်းနေတဲ့မီးတွေ၊ ချော်ရည်တွေနဲ့ လိမ္မော်ရောင်မီးလျံတွေကြောင့် “ ငရဲတံခါးပေါက်” ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးပါတယ်။ အချင်း ၇၀ မီတာ ( ၂၃၀ ပေ) ၊ အနက် ၂၅ မီတာ ကျော်ရှိတဲ့ တွင်းပေါက်ကြီးထဲမှာ ဒီမီးတွေ တောက်လောက်နေခဲ့တာ ဆယ်စုနှစ်လေးခုရှိခဲ့ပါပြီ။

၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်သိပ္ပံပညာရှင်တွေရဲ့ ရေနံရှာဖွေရေးပရောဂျက်ကနေ ဒီ ငရဲတံခါးပေါက် ပေါ်ပေါက်လာခဲ့တာပါ။ ဆိုဗီယက်သိပ္ပံပညာရှင်တွေဟာ ကာရာကန် သဲကန္တာရအလယ်မှာ ရေနံ ရှာဖွေရင်းနဲ့  သဘာဝဓာတ်ငွေ့ တွေကို တွေ့ ရှိခဲ့ပါတယ်။ သူတို့ ဟာ အနီးနားမှာ စခန်းချပြီး ဒီဒေသက ဓာတ်ငွေ့ တွေကို စတင် ထုတ်ဖော်ပါတော့တယ်။ ဆီုဗီယက်တွေဟာ များပြားလှတဲ့ဓာတ်ငွေ့ အရင်း အမြစ်ကြီး ကို ရှာဖွေတွေ့  ရှိခဲ့မှုအပေါ် ကျေနပ်အားရခဲ့ပြီးနောက် ထုတ်ဖော်လို့ ရတဲ့ ဓာတ်ငွေ့ တွေကို စတင် သိုလှောင်ပါတော့တယ်။

မကြာခင်မှာပဲ ဆီုဗီယက်တို့ ရဲ့ ဓာတ်ငွေ့ တူးဖော်ရေးအခြေစိုက်စခန်းနဲ့  တူးဖော်ရေးလုပ်ငန်းကြီးတစ်ခုလုံးရဲ့ အောက်ခြေမြေပြင်ဟာ ဓာတ်ငွေ့ သိုက်ကြီးထဲကို ကျွံကျပြီး တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးခြင်းမရှိခဲ့ပေမယ့် ဓာတ်ငွေ့ သိုက်က မီသန်းဓာတ်ငွေ့ တွေ လွတ်ထွက်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်အတွက် ပြဿနာကြီးတစ်ခုဖြစ်ခဲ့တဲ့အပြင် အနီးဝန်းကျင်က ရွာသားတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးထဲက အဆိပ်ရှိတဲ့ မီသိန်းဓာတ်တွေ့ တွေအန္တရာယ်ကြောင့် သိပ္ပံပညာရှင်တွေဟာ ဒီဓာတ်ငွေ့ တွေကို မီးရှို့    ပစ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ပထမတော့ သူတို့ ဟာ အခုလို မီးရှို့ ခြင်းက အကောင်းဆုံးနဲ့ စိတ် အချရဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဓာတ်ငွေ့ သိုက်ထဲက ဓာတ်ငွေ့ တွေ လောင်ကျွမ်း ကုန်ဆုံးသွားလိမ့်မယ်လို့ တွေးထင်ခဲ့ပေမယ့် သူတို့ အထင် မှားခဲ့ပါတယ်။

ဒီတွင်းပေါက်ကြီးထဲက ဓာတ်ငွေ့ တွေဟာ လောင်ကျွမ်းနေခဲ့တာ အခုဆိုရင် နှစ်ပေါင်း လေးဆယ်ကျော် ပါပြီ။ တာ့က်မန်နစ္စတန်ကန္တာရကြီးကို အပူချိန်တွေ ထပ်မြင့်စေခဲ့ပြီး ညအချိန်ခါတွေမှာဆို ဒီတွင်းပေါက်ကြီး ထဲက မီးလျှံတွေကို မိုင်တော်တော်ဝေးဝေးကနေတောင် လှမ်းမြင်ရပါတယ်။ တာ့က်မန်နစ္စတန်သမ္မတ Gurbanguly Berdimuhamedow ဟာ ၂၀၁၀ ခုနှစ်က ဒီ ငရဲတံခါးပေါက်ဆီ ရောက်လာခဲ့ပြီးနောက် တွင်းပေါက်ကြီးကို ပိတ်ပစ်သင့်ကြောင်း ဒါမှမဟုတ် ဒီဒေသမှာရှိတဲ့ တခြားဓာတ်ငွေ့ သိုက်တွေအပေါ် ဒီ ငရဲတံခါးပေါက်ကြီးရဲ့ အရှိန်သက်ရောက်မှုကို တိုင်းတာသင့်ကြောင့် အမိန့် ပေးခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ငရဲတံခါးပေါက်ကြီးဆီ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့လာကြပြီး ကမ္ဘာလည့်ခရီးသည်ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။



Ref: Metro.co.uk,Wikipedia.org
Trend Myanmar

ကြောက်စရာကောင်းတဲ့ အလက်ဆကာမှ လမ်း သတိပေး ဆိုင်းဘုတ်များ

Posted by drmyochit Wednesday, June 11, 2014, under | No comments

ယာဉ်မောင်းများအတွက် သတိပေး ဆိုင်းဘုတ်တွေ အများအပြား ရှိပေမယ့် အခုဖော်ပြပေးမယ့် သတိပေး ဆိုင်းဘုတ်တွေကတော့ သူမတူအောင် ကြောက်စရာကောင်းနေပါတယ်။

အကြောင်းကတော့ လူကို အန္တရာယ်ပေးနိုင်တဲ့ အင်းဆက်ပိုးကောင်ကြီးတွေ ရှိတဲ့အကြောင်းနဲ့ အခြား အသက်အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေ ရှိတဲ့အကြောင်း ဆိုင်းဘုတ်ထောင်ပြီး သတိပေးထားတဲ့အတွက် ဖြစ်ပါတယ်။


အလက်ဆကာ ဟိုတယ်တစ်ခုဟာ လမ်းတလျှောက် ယာဉ်မောင်းတွေ ဂရုပြုသင့်တဲ့ အချက်တွေကို ဖော်ပြပေးမယ့် တမူထူးခြားတဲ့ ဆိုင်းဘုတ်အတွဲလိုက်ကို ဒီဇိုင်းဆွဲပေးခဲ့ရပါတယ်။ အဆိုပါ ဟိုတယ်ဟာ McKinley တောင် အပါအ၀င် ဒီနာလီ အမျိုးသား ပန်းခြံနဲ့ ဆက်စပ်နေတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

အလက်ဆကာပြည်နယ်၊ ဒီနာလီမှာ ရှိတဲ့ Grande Denali Lodge ကို ဦးတည်ဖောက်လုပ်ထားတဲ့ Grande Drive အမည်ရ လမ်းဆိုးတစ်ခု ရှိပါတယ်။ အဲဒီ လမ်းတစ်လျှောက်မှာတော့ အုန်းသီးကြွေကျနိုင်သည်။ သတိထားရန် နဲ့ ဖရီးဝေး မရှိတော့ဘူး စတဲ့ ထူးခြားတဲ့ လမ်းဆိုင်းဘုတ်တွေကို  တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ့အပြင် ထူးခြားတဲ့ ဆိုင်းဘုတ်တွေကတော့ ခြင်အကြီးကြီးတစ်ကောင်က လူကို မချီ ပျံသန်းသွားတဲ့ ဆိုင်းဘုတ်မျိုးနဲ့ သမင်အကြီးစား တစ်ကောင်က ကားကို တိုက်ခိုက်နေတဲ့ ပုံစံကဲ့သို့ ဆိုင်းဘုတ်မျိုးတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဆိုပါ လမ်းဟာ အတော့်ကို စွန့်စွန့်စားစား သွားရမယ့် လမ်းမျိုးဖြစ်ပြီး တစ်နှစ် တစ်ခြား လမ်းညွှန်ဆိုင်းဘုတ်တွေ ထပ်ထပ်တိုးလာခဲ့ပြီး ဒါဟာ မပြီးဆုံးနိုင်သေးဘဲ နောက်ထပ် ဘယ်လို လမ်းညွှန်ဆိုင်းဘုတ်တွေ ထပ်တိုးလာဦးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

World Myanmar
ref: dailymail.co.uk

Tuesday, June 10, 2014

ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး


ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။

ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။ ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။

ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။

နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း
ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။
ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။

သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျလူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။
ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။

၉။ ကီဗင်စပေဆီ
IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။

ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။

စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာနယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။

၈။ နာတာလီပို့တ်မန်း

ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။

ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။

ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။

ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။

“ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။

၇။ မက်ဒေါနား
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီးသည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။

မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရပြီးနောက် မျှော်လင့်ချက်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။

မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။

၆။ ဟီလာရီကလင်တန်
ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတကတော်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။

ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။

နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အအုံထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

၅။ စတိဗ်မာတင်

Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။

၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။

ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။

မာတင်သည် အောင်မြင်သည့် ဟာသဇာတ်ဆောင်တစ်ဦးအပြင် ပြဇာတ်ရေးဆရာ၊ စာရေးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

၎။ ရှရွန်စတုန်း
IQ အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။

မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။

တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ပြီးနောက် မော်ဒယ်လောကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။

Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

၃။ ကွန်တင်တာရန်တီနို
အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။

တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။

စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။

၂။ ဘီလ်ဂိတ်စ်


ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။

Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။

ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

၁။ ဂျိမ်းစ်ဝုဒ်စ်


ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။

ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။

အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။

Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။

_THE RICHEST
7 Day Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်