Monday, July 21, 2014

မလေးရှားလေယာဉ်ကို ပစ်ချရာတွင်အသုံးပြုခဲ့ဖွယ်ရှိသော ဒုံးကျဉ်အကြောင်း တစေ့တစောင်း။

Posted by drmyochit Monday, July 21, 2014, under | No comments

 ဆောင်းပါး၊ ဇူလိုင် (၂၀) သမန်းကျား

ဇူလိုင်လ (၁၇) ရက်နေ့ က ယူကရိန်းနိုင်ငံအရှေ့ ဖက်၊ ရုရှားနယ်စပ်အနီး၊ သူပုန်များထိန်းချုပ်ရာနယ်တွင် လူပေါင်း ၂၉၈ ဦးကိုတင်ဆောင်ကာ အမြင့်ပေ ၃၃၀၀၀ မှပျံသန်းနေသော မလေးရှားလေကြောင်းပိုင် Boeing 777 MH 17 ပျက်ကျခဲ့ရာ ဒုံးကျဉ်ဖြင့်ပစ်ချခံခဲ့ရခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတက ချက်ခြင်းလိုလိုပြောကြားလိုက်ပြီး နောက် တစ်နေ့ တွင် အမေရိကန်သမ္မတအိုဘားမားကလည်း မလေးရှားလေယာဉ်သည် ဒုံးကျဉ်ဖြင့်ပစ်ချခံရခြင်းဖြစ် ကြောင်း၊ ယင်းဒုံးကျဉ်သည် သူပုန်နယ်မြေမှပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

အမြင့်ပေ ၃၃၀၀၀ တွင် တစ်နာရီမိုင် ၆၀၀ နှူန်းဖြင့် ညအမှောင်တွင်ပျံသန်းနေသော Boeing 777 ဂျက်လေယာဉ် ကြီးကို မြေပြင်မှမည်ကဲ့သို့ ထိမှန်အောင် ပစ်လိုက်ပါသနည်း။ MH 17 ကို မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ဖြင့် ပစ်ချ ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း အိုဘားမားကပြောကြားခဲ့သည်ဖြစ်လေရာ မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ် အလုပ် လုပ်ပုံကို လေ့လာကြည့်ကြပါစို့ ။

မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို လေကြောင်းအန္တရယ်ကာကွယ်ရန်၊ ရန်သူ့ ဒုံးကျဉ်များကို ပစ်ခတ်ဖျက်စီးရန် အသုံးပြု လေ့ရှိသည်။ ရုရှားလိုလားသူ သူပုန်များက မကြာသေးမှီကပင် ယူကရိန်းကုန်တင်လေယာဉ်တစ်စီးနှင့် ဂျက်တိုက် လေယာဉ်တစ်စီးကို အလားတူဒုံးကျဉ်ဖြင့်ပင် ပစ်ချခဲ့သေးသည်။
မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ် ၃-မျိုးရှိသည်။ တာဝေး၊တာလတ်၊တာတိုဖြစ်ပြီး တာဝေးပစ်ဒုံးကျဉ်များမှာ ကြီးမားလေးလံ ကာ သတ်မှတ်ထားသောနေရာတွင် အသေတပ်ဆင်ထားလေ့ရှိသည်။ တာလတ်ပစ်ဒုံးကျဉ်များကို မော်တော်ယာဉ် များပေါ်တွင် တပ်ဆင်ထားလေ့ရှိပြီး တာတိုပစ်ဒုံးကျဉ်များကိုမူ ပခုံးပေါ်ထမ်းကာပစ်ရသည်။

မလေးရှားလေယာဉ်ကို ပစ်ချခဲ့သောဒုံးကျဉ်မှာ Buk အမျိုးအစားဖြစ်ပြီး ရုရှားလုပ်လက်ဟောင်းအမျိုးအစား၊ ကိုယ် တိုင်တွန်းကန်အားပေးနိုင်၊ တာလတ်ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးကျဉ်အမျိုးအစားဖြစ်သည်။ Buk ဒုံးကျဉ်များကို ၁၉၇၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ခရုစ်ဒုံးကျဉ်များ၊ လေယာဉ်များ၊ စမတ်ဗုံးများကိုဖျက်ဆီးရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တာလတ်ပစ်ဒုံးကျဉ်များကို ပြင်ဆင်ချိန်အနည်းဆုံးအတွင်း ပစ်ခတ်နိုင်ရန် စီစဉ်ပြုလုပ် ထားသည်။

မလေးရှားလေယာဉ်သည် ဘိုးအင်းဂျက်လေယာဉ်ကြီးများ ပုံမှန်ပျံသန်းလေ့ရှိသော အမြင့်ပေ ၃၃၀၀၀ တွင်ပျံသန်း နေရာမှ ရေဒါပေါ်မှ ရုတ်တရက်ပျောက်သွားကြောင်း အင်တာဖက်ယူကရိန်းသတင်းဌာနက တင်ပြသည်။ Buk ဒုံး ကျဉ်ပစ်စင်သည် ဒုံးကျဉ်များကို အမြင့်ပေ ၇၂၀၀၀ အထိပစ်ခတ်ပေးနိုင်ရာ မလေးရှားလေယာဉ်ကို အလွယ်တကူ ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

Buk ဒုံးကျဉ်များသည် ပစ်မှတ်ကို semi-active radar homing စနစ်ဖြင့်ခြေရာခံသည်။ ရေဒါက ပစ်မှတ်ရှိသော ဖက်သို့  ဒုံးကျဉ်ကိုလွတ်လိုက်သည်။ ဒုံးကျဉ်က ပစ်မှတ်ရှိရာဖက်သို့  ဦးတည်ပျံသန်းရင်း ပစ်မှတ်မှထုတ်လွတ်သော signal ကိုဖမ်းယူကာ ဒုံးကျဉ်ကိုယ်ထည်တွင်တပ်ဆင်ထားသော ထရန်စမီတာက ပစ်မှတ်တည်နေရာကို ရေဒါထံ သို့  ပြန်ပို့ ပေးသည်။ ထိုအခါ ရေဒါက ဒုံးကျဉ်လမ်းကြောင်းကို ပစ်မှတ်ထံ ဆင့်ကဲဆင့်ကဲတည့်ပေးသော စနစ်ဖြစ် သည်။

သို့ သော် အမြင့်ပေ ၃၃၀၀၀ တွင်ပျံသန်းနေသော ဘိုးအင်း ၇၇၇ လေယာဉ်ကြီးကို စစ်လေယာဉ်တစ်စီးနှင့်မူ မမှား တန်ကောင်းရာ။ MH-17 က ကုဒ်အလွဲများပေးပို့ နေခြင်းသော်လည်းကောင်း၊ အပူကိုခြေရာခံပြီး ပစ်မှတ်ကိုဖျက်ဆီး လေ့ရှိသော ဒုံးကျဉ်က လေယာဉ်မှထုတ်လွတ်သောအပူကို ခြေရာခံမိပြီး လေယာဉ်အမျိုးအစားမခွဲခြားနိုင်တော့ပဲ ပစ်ချမိခြင်းသော်လည်းကောင်း ဖြစ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ သယ်ယူပို့ ဆောင်ရေးဌာနမှ လေကြောင်းပျံသန်းမှုဆိုင်ရာကျွမ်းကျင်သူ မေရီရှီယာဗို ကသုံးသပ်သည်။

မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်များတွင် ရန်သူ၊မိတ်ဆွေ ခွဲခြားသောစနစ် Identification friend-or-foe (IFF) ပါဝင်ပြီး ဒုံးကျဉ်မပစ်လွတ်မှီ အသေးစိပ်အချက်အလက်များကို ရှေးဦးစွာခွဲခြမ်းစိပ်ဖြာလေ့ရှိသည်။

မတ်လတွင် MH 370, ယခု MH 17 ဆုံးရှုံးလိုက်ရပြီဖြစ်သော မလေးရှားလေကြောင်းသည် MH 17 နှင့် အဆက် အသွယ်ပြတ်တောက်သွားပြီဖြစ်ကြောင်း၊ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သောနေရာမှာ ယူကရိန်းလေပိုင်နက်တွင် ဖြစ်ကြောင်း တွစ်တာတွင်ဖော်ပြခဲ့သည်။

ဘိုးအင်းကုမ္ပဏီကလည်း ယူကရိန်းလေပိုင်နက်ထဲမှာပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားလေကြောင်းပေါ် လိုက်ပါသွား ခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းများအတွက် ကျွန်တော်တို့  အလေးအနက်ဆုတောင်းပေးပါတယ်။ အာဏာပိုင် များက အကူအညီလိုလာခဲ့ရင် ဖြစ်တဲ့နည်းနဲ့  ကူညီသွားဖို့  ဘိုးအင်းကုမ္ပဏီက အသင့်ရှိပါတယ်ဟု ထုတ်ပြန် ကြေငြာခဲ့သည်။

လေယာဉ်ပျက်ကျလျင်ကျခြင်းလိုလို ယူကရိန်းသမ္မတက အဆိုပါလေယာဉ်သည် ပစ်ချခံရခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောဆိုလိုက်ပြီး အမေရိကန်သမ္မတအိုဘားမားကလည်း မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို သူပုန်နယ်မြေမှ ပစ်လွတ် လိုက်သည့် အထောက်အထားများကိုတွေ့ ရကြောင်း နောက်တစ်နေ့ တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

သမ္မတအိုဘားမားကလည်း ရုရှားလိုလားသူ သူပုန်များသည် ရုရှားအကူအညီမပါဘဲ မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်ကို ပစ်ခတ်နိုင်စွမ်းမရှိဟု ပြောကြားထားပြီး ရုရှားကလည်း လေယာဉ်သည် ယူကရိန်းလေပိုင်နက်ထဲတွင် ပစ်ချခံရခြင်း ဖြစ်သဖြင့် ယူကရိန်းတွင်သာ တာဝန်အပြည့်ရှိသည်ဟု တုန့် ပြန်ထားသည်။

ဇူလိုင်လ (၂၀) ရက်နေ့ အထိတွင် လူ (၁၉၆) ဦး၏ အလောင်းများကို ရှာဖွေတွေ့ ရှိခဲ့သည်။ သက်ဆိုင်ရာက ယင်း အလောင်းများကို အိတ်များတွင်ထည့်ကာ အအေးခန်းရထားပေါ်တွင် တင်ဆောင်ထွက်ခွာသွားသော်လည်း မည် သည့်နေရာသို့  ပို့ ဆောင်မည်ကိုမူ မသိရသေးချေ။

ရုရှားလိုလားသူ သူပုန်များကလည်း အနောက်အင်အားစုကို လေယာဉ်ပျက်ကျရာသို့  ၀င်ထွက်သွားလာခွင့်ပြုရာ တွင် ကန့် သတ်မှုများရှိနေပြီး လေယာဉ်ပျံသန်းမှုမှတ်တမ်းပါဝင်သော သေတ္တာနက်ကိုလည်း နိုင်ငံတကာ အရပ်ဖက် လေကြောင်း အဖွဲ့ အစည်းကိုသာ လွဲပြောင်းပေးအပ်နိုင်မည်ဆိုကာ လက်ဝယ်ထားရှိကြောင်း လေ့လာရေးသား တင်ပြအပ်ပါသည်။

Lashio News Diary

Friday, February 21, 2014

ဆွီဒင်လူမျိုးများရဲ့ ပြင်မရတော့တဲ့ အကြီးမားဆုံးနောင်တ ၊ မြန်မာပြည်သို့ရောက်နိုင်သလော?

Posted by drmyochit Friday, February 21, 2014, under | 6 comments


ဆွီဒင်လူမျိုးတွေ ပြင်မရတော့တဲ့ အကြီးဆုံး နောင်တကတော့ မူဆလင်တွေကို မိမိနိုင်ငံတွင်းမှာ

နေထိုင်ခွင့် ပေးလိုက်တာပါပဲ။

ဥရောပမှာ ဆွီဒင်က အင်မတန် ငြိမ်းချမ်းတဲ့ နိုင်ငံ။ စီးပွားရေးလည်း ကောင်းတယ်။ ဆွီဒင်လူမျိုးတွေက သနားတတ်တယ်။ အာဖရိကမှာ၊ အရှေ့ဥရောပမှာ မူဆလင်တွေ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခရောက်တာ မြင်ရတော့ သနားမိတာနှင့် နိုင်ငံထဲမှာ ခိုလှုံခွင့် ပေးမိတယ်။ လူနည်းနည်းပဲ ရှိတုန်းကတော့ မုတ်ဆိတ်တွေက သနားစရာမျက်နှာလေးတွေနဲ့။ ဆွီဒင်တွေက ဒါကိုကြည့်ပြီး သနားပြန်တာနှင့် ကျန်ခဲ့တဲ့ မူဆလင်ဆွေမျိုး၊ မိတ်ဆွေတွေကိုပါ နေထိုင်ခွင့် ပေးလိုက်ကြတယ်။

မာမူတွေလဲ အင်အားစုမိသွားရော။ ဖြစ်လိုက်တဲ့ မူဆလင် အကြမ်းဖက်မှု။ စတော့ဟုမ်းမြို့တော်ကြီးတောင် မီးဟုန်းဟုန်းတောက်သွားတယ်။ ဖြစ်လိုက်တဲ့ မူဆလင်မုဒိမ်းမှု။ အရင် အေးချမ်းလှပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံက ဥရောပမှာ မုဒိမ်းမှုအမြင့်ဆုံး နိုင်ငံဖြစ်သွားတယ်။

ဟိုအရင် ဒုက္ခရောက်နေစဉ်က ပလီပလာ တစာစာနှင့် မုတ်ဆိတ်တွေ။ ဆွီဒင်မှာ မူဆလင်အင်အားစုလည်း ဖြစ်လာရော လေသံက တစ်မျိုးပြောင်းသွားတယ်။

သူတို့ကို ကယ်တင်တာ အလ္လာဟ်အရှင်မြတ်သာ ဖြစ်ပါသတဲ့။ သူတို့ ဒုက္ခရောက်နေတာ မမြင်ရက်လို့ ခုလို ကယ်တင်လိုက်ခြင်းသာ ဖြစ်ပါသတဲ့။ ဆွီဒင်တွေဟာ ကာဖိရ်တွေဖြစ်လို့ ဆွီဒင်မတွေကို မုဒိမ်းကျင့်တာ ကုသိုလ်တောင် ဖြစ်ပါသတဲ့။မိုဟာမက်တပည့်တွေက မိုဟာမက်လိုပဲ မိုက်ရိုင်း၊ စော်ကား၊ ကျေးဇူးကန်း

ချက်က ကမ်းကုန်တယ်။

ဒီလိုနဲ့ပဲ မူဆလင်တွေက အခါအခွင့်သင့်ရင် သင့်သလို နိုင်ငံတွင်း အကြမ်းဖက်၊ ဆွီဒင်မိန်းမပျိုတွေကို မုဒိမ်းကျင့်၊ ဒါမျိုးတွေကျူးလွန်နေတာ ခုဆိုရင် ဆွီဒင်အမျိုးသမီးတွေရဲ့ ဘဝတွေ မလုံမခြုံဖြစ်နေပြီး အိမ်ထဲက အိမ်ပြင် မထွက်ဝံလောက်အောင်တောင် ဖြစ်နေပြီ။

ဘယ်လောက်ထိ မူဆလင်တွေကို ဆွီဒင်အမျိုးသမီးတွေ ကြောက်လန့်နေရတယ်ဆိုတာကို ဆွီဒင် သတင်း website မှာ ဖော်ပြထားတာတစ်ချို့ကို highlight လုပ် ဖော်ပြပေးလိုက်ပါတယ်။

"ဆွီဒင်အမျိုးသမီးလေးယောက်တွင် တစ်ယောက်မှာ ၎င်းတို့ နေထိုင်ရမှုသည် လုံခြုံခြင်းမရှိဟု ခံစားနေရပြီး ဆယ်ဦးတွင် တစ်ဦးမှာ ညအချိန် တစ်ယောက်တည်း အပြင်မထွက်ရဲဟု ဆွီဒင်အမျိုးသား မှုခင်းတားဆီးရေးကောင်စီမှ ၎င်းတို့၏ အမျိုးသားလုံခြုံရေးလေ့လာမှု၌ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားသည်။"

မူဆလင်တွေက သနားစရာပါ၊ နိုင်ငံသား ဖြစ်ခွင့်ပေးသင့်တယ် ဆိုသူတွေ ဆွီဒင်ကို နမူနာကြည့်

ထားကြလို့ပဲ ပြောလိုက်ပါရစေ။

Credit to: Myo Min Thant

From: OE

Saturday, February 08, 2014

( ချစ်သူများနေ့ ) တကယ်ချစ်တဲ့ သူတွေအတွက် ဝတ္တုလက်ဆောင်

Posted by drmyochit Saturday, February 08, 2014, under | No comments


အလွန်ချစ်ကြသော ချစ်သူနှစ်ဦး ရှိပါတယ်။ ရည်စား သက်တမ်းကလည်း အတော်ကြာပြီ ဆိုတော့ ၎င်းတို့နှစ်ယောက်ဟာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ အခြားသူတွေ အားကျလောက်အောင် လည်း အလွန်လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကောင်မလေး၏ ချစ်သူဟာ ခရီးတစ်ခု သွားပါတယ်။ ကံမကောင်းစွာပဲ ကားမှောက်ခဲ့တယ် ဆိုပါတော့။ ဒါကြောင့် ကောင်လေး၏ လက်တွေ ခြေထောက်တွေ အကုန်လုံးကို ဖြတ်လိုက်ရပါတော့တယ်။
ဒါကြောင့် ဆေးရုံးမှာ ရက်ပေါင်း အတော်ကြာအောင် ဆေးကုသမှုတွေ ခံယူရပါတယ်။ ဆေးရုံမှာ ရက်အတော်ကြာ နေပြီးနောက် ဆေးရုံကနေ ဆင်းရပါတော့တယ်။ ခြေမရှိ ၊ လက်မရှိနဲ့ ဆိုတော့ အလွန်ပဲ ဒုက္ခရောက်တာပေါ့။

ကောင်လေးဟာ အလွန်ပဲ စိတ်ဓာတ်ကျ သွားပါတော့တယ်။ ဘယ်လောက်ထိတောင် စိတ်ဓာတ်ကျသွားလည်း ဆိုတော့ လူ့လောကထဲမှာ မနေချင်တော့လောက်အောင် ကောင်လေးစိတ်ဓာတ် ကျသွားပါတော့တယ်။

ထိုအချိန်ကနေ စပြီး ကောင်လေး၏ ချစ်သူဟာ မညဉ်းမညူဘဲနဲ့ ကောင်လေး၏ ဝေရာ ဝစ္စတွေကို ရက်ပေါင်း များစွာ၊ လပေါင်း များစွာ၊ နှစ်တွေ ကြာအောင် ပြုစု စောင့်ရှောက် ပေးခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုရင် ကောင်လေး သွားချင်တဲ့ နေရာတိုင်းကို ဂုံးပိုးပြီး လိုက်ပို့ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးဟာ ကံမကောင်းဘူးလို့ပဲ ဆိုရမှာလား မသိပါဘူး။ လက်ထပ်ခါနီးမှ အခုလို အဖြစ်ဆိုကြီးနဲ့ တိုက်ဆိုင်စွာ ကြုံတွေ့ လိုက်ရတယ်။ အလွန်ဝမ်းနည်း စရာလည်း ကောင်းလွန်ပါတယ်။ အခုလက်ရှိ အတိုင်းဆို သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။

တစ်နေ့ ဆေးရုံကို သူတို့နှစ်ယောက် သွားကြတယ်။ ဆရာဝန်ဆီက မင်္ဂလာ သတင်းတစ်ခုကို ကြားသိ လိုက်ရတယ်။ အဲဒါကတော့ လူကောင်း ပကတိလိုမျိုး ခြေထောက်နှင့် လက်တွေကို အစားထိုးပေးမယ် ဆိုတဲ့ သတင်းပါပဲ။ ဒါကြောင့် သူတို့ ချစ်သူနှစ်ဦး အရမ်းပျော်သွားကြပါတယ်။ ကောင်မလေး ဖြစ်သူဆိုရင် ပျော်လွန်းလို့ မျက်ရည်တွေတောင် ကြပါတယ်။

ဒီလိုနဲ့ ကောင်းလေး၏ အစားထိုး ကုသတဲ့ အောင်မြင်သွားပါ တော့တယ်။ လူကောင်း ပကတိလိုမျိုးတော့ မဟုတ်ပေမယ့် သွားလာလှုပ်ရှား လို့ရနိုင်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက် မင်္ဂလာဆောင်လိုက် ကြပါတယ်။

ကံဆိုးမှုတွေကို သူတို့နှစ်ယောက် ရင်ဆိုင် ကြုံတွေ့လိုက် ရပေမယ့် ကောင်မလေးဟာ ကောင်လေး၏ အပေါ် စိတ်ပျက် ငြီးငွေ့ခြင်း မရှိဘဲ ပြုစု စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ကောင်မလေး၏ စိတ်ဓာတ်ကို လေးစားဖို့ ကောင်းလွန်းပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာတော့ အတူ ဘဝလက်တွဲဖော် ဖြစ်သွားကြပါတယ်။

ကောင်မလေးသာ အဲဒီလိုပြုစု ယုယ မှုတွေ မပေးဘူးဆိုရင် ကောင်လေးဟာလည်း လူ့လောကမှာ ရှိတော့မည် မဟုတ်ပါဘူး။ သူတို့ချစ်သူနှစ်ဦးဟာ အရင်လိုမျိုး ပျော်ရွှင်စရာကောင်းပြီး၊ အများအားကြထိုက်တဲ့ ဆုံတွဲ ဘဝကိုလည်း ပြန်လည်ရောက်ရှိလို လာမည်မဟုတ်ပါဘူး။

အချစ်ဆိုတာဟာ အေးချမ်းမှုတွေကိုပဲ ပေးတာ မဟုတ်ပါဘူး ပှုလောင်တွေကိုလည်း ရရှိစေပါတယ်။ ပှုလောင်မှုတွေ ရရှိလာချိန်မှာ မခံစားနိုင်ဘူးဆိုလျှင် ရင်ထဲမှာ အချစ်စစ် မဟုတ်လို့ပါ။

From : ကျော်လင်းနိုင် (MM Social Sky)

Monday, December 09, 2013

THE LADY-KILLERS FILES (မိန်းမပျိုလေးများ အပျော်ကျူးတာလား၊ ကိုယ်ကိုကိုယ် ဖျက်ဆီးနေကြတာလား)

Posted by drmyochit Monday, December 09, 2013, under | No comments


Casanova ဒါမှမဟုတ် Lady Killers တွေလို မြာပွေတတ်တဲ့ သူတွေက အပြောညက်ပြီး အပျော်ကျူး ကြသူ တွေလား၊ ကိုယ့်ကိုကိုယ် ဖျက်စီး နေကြတဲ့ စိတ်ခံစားမှု မူမမှန်သူ တွေလား။

ယောက်ျားတွေမှာ မိန်းမ တွေကို ညို့ယူဖို့ ဗျူဟာတွေ ရှိကြပါတယ်။ သူတို့ သုံးတတ်တဲ့ ဗျူဟာတွေနဲ့ သူတို့ရဲ့ အတွင်းက စိတ်အခြေအနေကို လေ့လာ ကြည့်ကြ ရအောင်လား။ ဇာတ်ညွှန်း ရေးဆရာ Paul Janka တစ်ယောက် ပထမတန်းစား 'မ'ညှို့ရှင် ဖြစ်ခဲ့တုန်း ကဆိုရင် သူ့မှာ သေ ချာ စမ်းသပ် ထားတဲ့ ဗျူဟာ တစ်ခု ရှိခဲ့ပါတယ်။ အရပ်မြင့်မြင့် ရုပ်ချောချော ဟားဗတ် ကျောင်းထွက် Janka ဟာလမ်းပေါ်မှာ တွေ့တဲ့ သူ့ပစ် မှတ်ကို ချစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ အပြောလေးနဲ့ ချဉ်းကပ်ပြီး တစ်နေ့နေ့ တစ်ခုခု သွားသောက် ရအောင်လို့ စလိုက်တာပါ။ အခြေအ နေတွေ ကောင်းနေ ရင်တော့ Janka ကသူ့အခန်း အနီးမှာရှိတဲ့ အေးအေးဆေးဆေး ထိုင်လို့ရတဲ့ တစ်နေရာမှာ တွေ့ကြပါတယ်။ "မိန်းမ တွေဟာ စိတ်ညို့ရ လွယ်ပြီး သူတို့ အကြောင်းတွေကို ပြောတတ် ကြပါတယ်။" လို့ Janka ကပြောပါတယ်။ အဲဒီတော့ သူက ချိန်းတွေ့တဲ့ နေရာ လေး အကြောင်းလို စိတ်ခံစားမှုကို ဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုကို စလိုက်ပြီး မိန်းမတွေကို ရင်ဖွင့်စေ ပါတယ်။ ညနေစောင်း လာပြီဆို သူ့မဒီကို အထိအတွေ့တွေ စပေးပြီး တုန့်ပြန်မှုကို လေ့လာ ပါတယ်။ နောက်တွန့် သွားသလား၊ တိမ်းညွတ် လာသလား စသဖြင့်ပေါ့။ သူနဲ့အိမ် လိုက်လာမယ့် မိန်းမမျိုး မဟုတ်ဘူး ဆိုရင် အချိန်နဲ့ ငွေကို ချွေတာတဲ့ အနေနဲ့ ချိန်းတွေ့ချိန်ကို ခဏလေးနဲ့ ဖြတ်လိုက် ပါတယ်။ ဒါပေမယ့် မိန်းမတွေက ပါလာကြတာ များပါတယ်။ Janka ဟာမိန်းမ အယောက် တစ်ရာကျော်နဲ့ အိပ်ခဲ့ဖူး ပါတယ်။



Janka ဟာသူ့ဗျူဟာကို အသက် သုံးဆယ် နီးနီးမှာ အကောင်းဆုံး ဖြစ်အောင် ပြုပြင်ယူ နိုင်ခဲ့ ပါတယ်။ "နယူးယောက်မြို့မှာ သိမ်းသွင်းခြင်း - လူလွတ်တို့ အတွက် နည်းပညာ" "Getting Laid in NYC: Technology for the Single Man" လို့အမည် ပေးထားတဲ့ စာမျက်နှာ ၁၇မျက်နှာရှိ လုပ်ထုံး လုပ်နည်း စာစဉ်လေးကို ရေးသားခဲ့ ပါသေးတယ်။ ဒီစာအုပ်ကို အင်တာနက် ပေါ်မှာ ရယူနိုင် ပါတယ်။ အခုတော့ တစ်လင် တစ်မယား စနစ်ကို ပျော်ရွှင်စွာ ကျင့်သုံးပြီး ခြေငြိမ်သွား ပြီဖြစ်တဲ့ Janka ဟာသူ့ရဲ့ မြာပွေတဲ့ နေ့ရက် တွေကို ပြန်ပြောင်း ပြောပြ ပါတယ်။ "မိန်းမ တစ် ယောက်ဆီမှာ ကျွန်တော် လိုချင်တာ ရှိနေပြီ ဆိုရင် သူ့ဝတ်လဲတော်ကို လှစ်ဟဖို့ အခြေအနေ ဖန်တီးရ တာပေါ့ဗျာ။ မိန်းမ တစ်ယောက်ကို မိ မွေးဖမွေး အတိုင်း မြင်ရတာ ဘာနဲ့မှ မတူဘူးဗျ။ လက်ဆောင် ထုပ်ကို ဖွင့်ရသလို ပဲပေါ့။ စိတ်လှုပ်ရှားဖို့ အကောင်း ဆုံး ကတော့ အဲဒီ အ ခြေအနေကို ရောက်အောင် ကျွန်တော် ဘယ်လောက် မြန်မြန် ဖန်တီး နိုင်သလဲ ဆိုတာပါပဲ။" မြာပွေသူ လူရှုပ်လူပွေ တွေဟာ သူတို့ရဲ့ စွမ်း အင်တွေ အတော် များများကို မိန်းမ များနိုင် သမျှ များများနဲ့ အိပ်စက်နိုင်ဖို့ မြှုပ်နှံထား တတ်သူ တွေပါ။ သူတို့ဟာ နှစ်လိုဖွယ် နေတတ် ကြ ပြီး (ဒီလို နေတတ်မှလည်း ဖြစ်မှာပါ။) မိန်းမတွေရဲ့ စိတ်ခံစားမှု အကြောင်းတွေကို နောကြေနေ တတ်ကြလို့ မိန်းမတွေ တစ်ခါတည်း မြောက် ပြီး ကြွေသွား လောက်အောင် လုပ်တတ်ကြ သူတွေပါ။ ဒါပေမယ့် ဒီအကျင့်ဟာ သူတို့လိုက်တဲ့ မိန်းမတွေ အတွက် သာမက သူတို့ကိုယ် တိုင် အတွက်ပါ အပျက် သဘောတွေ ရှိနေတတ် ပါတယ်။ မိန်းမတွေကို တစိုက်မတ်မတ် လိုက်နေရလို့ သူတို့ရဲ့ အလုပ်ရှေ့ရေးနဲ့ လူမှု ဆက်ဆံ ရေး တွေမှာ အာရုံတွေ နည်းသွား ပါတယ်။ မိန်းမကျမ်း ကျေသူ တစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ လူ့စိတ်ကို လှည့်ဖျား ကိုင်တွယ် တတ်တဲ့ အ ကျင့်ဟာလည်း ကိုလူရှုပ်တို့ ခြေရှုပ်ပြီး သေချာ အခြေချ တော့မယ် ဆိုရင် သူတို့ကို ဒုက္ခပြန် ပေးတတ် ပါတယ်။



Janka ငါးနှစ် အရွယ်မှာ မိဘတွေ ကွာရှင်းခဲ့ ကြပါတယ်။ သူ့အဖေဟာ လမ်းတကာ လှည့်ပြီး မိန်းမအရှာ ထွက်ခဲ့တာကို အားကျခဲ့ တာတွေကို သူအမှတ်ရ နေတတ် ပါတယ်။ "ယောက်ျား ပြည့်တန်ဆာ လောက်နီးနီးကို ဖြစ်ခဲ့တာ။" လို့ Janka ကပြောပြပါတယ်။ စိတ်ကုထုံး ပညာရှင်နဲ့ "အထိ မခံသော ယောက်ျား" "The Irritable Man" စာအုပ်ကို ရေးတဲ့ Jed Diamond ကတော့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ဆွဲ ညှို့သူ တွေဟာ ဖခင် အုပ်ထိန်းမှု လွတ်ပြီး ကြီးပြင်းလာ သူတွေ ဖြစ်တတ် ကြပါတယ်လို့ ဆိုပါတယ်။ ဖခင် တစ်ယောက်လို စံပြုရမယ့် သူမ ရှိဘဲ ကြီးပြင်း လာရတာမို့ သူတို့ကို လူတွေ လက်မခံ မှာကို စိုးရိမ်ပြီး စိတ်လုံခြုံမှု မရှိတတ် ကြဘဲ မိန်းမတွေကို ဖြားယောင်း သွေး ဆောင်ပြီး ကုစားတတ် ကြပါတယ်လို့ Diamond ကဆိုပါတယ်။ Janka ကိုယ်တိုင် ကလည်း သူ့ရဲ့ မြာပွေတဲ့ အကျင့်ဟာ သူအသက် ၁၇နှစ် အထိ ကြိုး သိုင်း အကျီင်္ကို ဝတ်ဆင်ပြီး ကြီးထွား ရင့်ကျက်မှု နောက်ကျတာ၊ ကောလိပ်ရောက် တဲ့အထိ လူပျိုစစ်စစ် အဖြစ်နဲ့ ကုန်ဆုံးခဲ့ ရတာနဲ့ ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ သူက ဒီလိုပြော ပါသေးတယ်။ "အထက်တန်း ကျောင်းတုန်းက အခွင့်အရေး တွေကို နမော်နမဲ့နဲ့ လက်လွတ်ခံ ခဲ့ရပါတယ်။ အထက်တန်း အောင်တော့ ကြိုးသိုင်း အကျီင်္ မဝတ်တော့ဘဲ ဆိုင်ကယ် တစ်စီးရ လာတာရယ်၊ သဲသောင်ပြင် ဘော်လီဘော ကစားပြီး အသားအရေ ကြေးနီရောင် ဖြစ်လာတာ တွေကြောင့် အရာရာက ပြောင်းလဲစ ပြုလာတာပါ။" အရောင်းရဆုံး စာရင်းဝင် မှတ်တမ်း တစ်ခုဖြစ်တဲ့ "The Game: Penetrating the Secret Society of Pick Up Artists" "ကစားပွဲ - မြာပွေသူ တို့၏ လျှို့ဝှက် အသိုင်းအ ဝိုင်းထဲ ထွင်းဖောက် ဝင်ရောက်ခြင်း မှတ်တမ်းများ" စာအုပ်ကို ရေးသားခဲ့တဲ့ Neil Strauss ကလည်း ဒီလို အခြေအနေ တွေဟာ သူတွေ့ဖူးတဲ့ ကို လူပွေတို့ရဲ့ ဘဝ အခြေအနေ တွေနဲ့ ထပ်တူပါပဲလို့ ဆိုပါတယ်။ ဘဝင်စိတ်က ဘယ်က ဖြစ်လာတာ လဲဆိုရင် အရင် အထက်တန်း ကျောင်း တုန်းက လူမသိ သူမသိ ရှက်ရွံ့တတ်သူ တစ်ယောက်ဟာ ဘားသို့မဟုတ် ပါတီတစ်ခုကို ရောက်ပြီး မိနစ်ပိုင်းအတွင်း လူတိုင်းက စိတ်ဝင်စား မှုကို ရရှိတဲ့အခါ ဖြစ်ပေါ်လာ တာပါလို့ ဆိုပါတယ်။



မိန်းမတွေကို များနိုင်သမျှ များများလိုက် နေချင်ကြတဲ့ စိတ်ဆန္ဒရဲ့ အဓိက သော့ချက်က ကိုယ့်ကိုကိုယ် တန်ဖိုးထား လေးစားမှု ပြဿနာတွေ ကြောင့်လို့ Diamond က ယုံကြည်ပါတယ်။ "မြာပွေသူ တွေဟာ အမြဲ ပျော်ပါး နေကြတယ်လို့ ထင်နိုင်စရာ ရှိပေမယ့် သူတို့ဟာ တကယ်တော့ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်လုံခြုံမှု မရှိကြဘူး" လို့ဆိုပါတယ်။ "ကျွန်တော် လူလွတ် ဘဝတုန်း ကတော့ မိန်းမလိုက်လို့ ဖြစ်ပေါ် လာတဲ့ စွဲဆောင်နိုင်မှုနဲ့ ကိုယ့်ရဲ့ အစွမ်းအစ တွေကို နှစ်သက် ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က SAT စာမေးပွဲ ဖြေမယ့် ကျောင်းသား တွေကို စာပြခဲ့ပြီး ကျွန်တော့်ရဲ့ တီထွင် ကြံဆနိုင် စွမ်းတွေ အားလုံး ရပ်တန့် နေပါတယ်။ အခုတော့ ကိုယ့်အစွမ်းအစကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ကျေနပ် လာပြီမို့ မိန်းမလိုက်ပြီး သက်သေ ပြစရာ မလိုတော့ ပါဘူး။" လို့ Janka ကပြောပါတယ်။ "လူတကာနဲ့ အိပ်စက်ရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ထဲက တွန်းအားက တစ်ခါတစ်ခါမှ ဖြစ်တာမို့ စွဲလမ်းမှု ဖြစ်စေပါတယ်။" လို့အသုံးချ စိတ်ပညာရှင် Nando Pelusi က ဆို ပါတယ်။ "အအောင်မြင်ဆုံး ငပွေးတစ်ယောက် တောင်မှ နောက် အခြေအနေ တစ်ခု ဘယ်လို ဖြစ်လာ လိမ့်မယ်ဆိုတာ မသိနိုင်ပါဘူး။ အမြဲ တမ်း အောင်မြင် နေတာ မဟုတ်ဘဲ တစ်ခါတစ်ခါမှ ဖြစ်ပေါ် ရရှိလာတဲ့ အရာတိုင်းဟာ လူစိတ်ထဲမှာ စွဲလမ်းမှုကို ဖြစ်စေတတ် ပါတယ်" လို့ သူက ဆိုပါတယ်။ ယောက်ျားသား တွေရဲ့ ကိုယ့်ကိုကိုယ် ခံယူချက် ကလည်း အသော မသတ်နိုင်တဲ့ အဖော်အသစ် ရှာဖွေရေး ဖြစ်စဉ်ကို အားပေးရာမှာ ပါဝင်နေ ပါတယ်။ "များလေ ကောင်းလေလို့ ခံယူထားရင် မတူတာတွေ များများ လိုက်ရှာ ဖြစ်သွားပြီး ရလာလေလေ ထပ်ရှာဖို့ စိတ်တွန်းအား ပိုလာလေလေ ဖြစ်လာ တာပါ။ သူတို့ဟာ တစ်ယောက် ပြောင်းတိုင်း လိင်ကိစ္စမှာ ကျွမ်းကျင် လာပေမယ့် လိင်ကိစ္စ သက်သက် ကြောင့်တော့ မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်တည်းနဲ့ ဆက်ဆံရင် ရိုးသွားတတ် ကြပါတယ်။



မြာပွေသူ တွေဟာ စိတ်ပိုင်း ဆိုင်ရာ မူမမှန်မှု အရိပ်အယောင် တွေလည်း ပြတတ် ပါတယ်လို့ "Without Conscience" "ဆင်ခြင်တုံ တရား ကင်းမဲ့၍" စာအုပ်ကို ရေးသားသူ University of British Columbia မှဂုဏ်ထူးဆောင် ပါမောက္ခ Robert Hare ကဆိုပါတယ်။ "သူတို့တွေဟာ Brad Pitt လိုစွဲဆောင်မှု မရှိ သရွေ့ မိန်းမတွေကို ဖြားယောင်း သွေးဆောင် နေကြဦး မှာပါ" လို့သူက ဆိုပါတယ်။ သစ်စိမ်းချိုး ချိုးသလို မ နှစ်မြို့ဖွယ်ရာ နည်းလမ်း တွေကို သူအပါအဝင် အခြား လူပွေတွေ ဘယ်လို သုံးတတ် ကြသလဲ ဆိုတာကို သူ့စာအုပ် ထဲမှာ အသေးစိတ် ရေး သား ထားပါတယ်။ ကိုလူရှုပ် တစ်ယောက် မိန်းကလေး တစ်ယောက်ကို အိပ်ရာ ထဲမှာ နမ်းနေတယ် ဆိုပါစို့။ မိန်းကလေးဟာ ရှေ့ဆက် မတိုး နိုင်ဖို့ ကြိုးစား ရုန်းနေတဲ့ အချိန်မှာ အေးတိအေးစက် အမူအရာနဲ့ ရုတ်တရက် ခွာလိုက်ပြီး laptop ထဲမှာ email ထစစ်လိုက် သလိုပေါ့။ တဒင်္ဂ အခိုက်အတန့်မှာ သူမဟာ သင့်ရဲ့ ဂရုစိုက်မှုကို ကြည်နူးစွာ ခံစားနေပြီး ရုတ်တရက်ကြီး ဒါတွေ အားလုံးကို ပြန်ရုပ်သိမ်း လိုက်သလို ဖြစ်သွား တာမျိုးပါ။ Janka ကတော့ သူလှည့်ဖြား ခဲ့တဲ့ တစ်ခု တည်းသော အချက်က သူအရက် မသောက် တတ်တာကို သောက်တတ် ဟန်ဆောင်ခဲ့ တာပါပဲလို့ ပြောပါတယ်။ မိန်း ကလေး တွေနဲ့ ပတ်သက်ပြီး သူက အကြံအစည် တွေနဲ့ မလှည့်ဖျား ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လိင်စိတ် မွှန်ထူလို့ လိင်ဆက်ဆံ လိုစိတ်တွေ မဖြစ်မနေ လုပ်ရတော့ မတတ် ပြင်းပြ နေခြင်းဟာ စိတ်ဝေဒနာ ရှင်တွေမှာ တွေ့ရ တတ်တဲ့ စိတ်ခံစားမှု တိမ်ခြင်းနဲ့ တခြားသူ အပေါ် တွယ်ငြိမှု မရှိနိုင် ခြင်းစတဲ့ လက္ခဏာ တွေနဲ့ အလားသဏ္ဍာန် တူပါတယ်လို့ Hare ကဆိုပါတယ်။ ဒါပေမယ့် လူတစ်ဦး က မိန်းမတွေနဲ့ လိုက်အိပ် နေရုံနဲ့တော့ သူဟာ စိတ်ခံစားမှု ဝေဒနာ တစ်ခုခု ရှိတယ် လို့တော့ ပြောလို့ မရပါဘူး ဆိုတာ သတိပြု ဖို့လည်း ပြော သွားပါ သေးတယ်။ Janka ကတော့ သူပွေလီခဲ့တဲ့ နေ့ရက် တွေကို ရှက်စိတ် နည်းနည်း လေးမှ မဖြစ်မိ ပါဘူးတဲ့။ ဒါပေမယ့် ခုလက်ရှိမှာ အချစ်ရေး ဖြောင့်ဖြူးဖို့ အတွက်တော့ အတတ်ပညာ အသစ်တွေချည်း သူလေ့လာ ခဲ့ရပါတယ်။ "ကျွန်တော် အရင်တုန်းက လူ့အန္ဓ တစ်ဦးလို နေလာ ခဲ့တာပါ။" မိန်းမတွေကို မျှားခေါ်တာမျိုး မဟုတ်ဘဲ မိန်းမ တစ်ယောက်ကို သူ့ဘဝမှာ နေရာပေးဖို့ ကြိုးစားခဲ့တာ ခုဆို သူရလဒ်ကောင်း တွေ ရရှိခံစား နေရပါပြီ။ "ကျွန်တော့် ကောင်မလေးရဲ့ နွေးထွေးမှု၊ အားပေးမှုနဲ့ အချစ် တွေဟာ မိန်းမလိုက် ရတဲ့ စိတ်လှုပ်ရှား မှုထက် အများ ကြီး သာလွန် ပါတယ်လို့ သူက ပြောသွား ပါသေး တယ်။


သင်လည်းပဲ မြာပွေသူ တစ်ယောက် ဟုတ်မဟုတ် အောက်ပါ မေးခွန်းတွေကို မိမိကိုယ်မိမိ မေးကြည့် နိုင်ပါတယ်။ တဒင်္ဂ ဆန္ဒအတွက် လိင်ဆက်ဆံရပြီး ရလာတဲ့ စိတ်ခံစားမှု ဒီလှိုင်းအပေါ် တွယ်တာ နေခြင်း ဟာ သင့်ဘဝရဲ့ တခြားသော အစိတ်အပိုင်း တွေကို ထိပါးလာ စေပါ တယ်။ တဏှာကို ခုံမင်စွဲလမ်း နေတာလား၊ ပေါ့ပေါ့ပါးပါးပဲ အပျော်ရှာ ချင်နေတာ လားဆိုတာကို ဆန်းစစ် ကြည့်လိုက် ကြရအောင်။

(၁) သင့်အတွက် အရေးကြီးတဲ့ သူတွေကို သင့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထား ပါသလား။

(၂) သူငယ်ချင်း တွေရဲ့ ကာမပိုင် ဇနီးမယား တွေနဲ့ ပွေရှုပ်ခြင်း မပြုတော့ပါလို့ မိမိကိုယ်ကို ကတိတွေ ပေးပြီး တည်ရန် ခက်ခဲနေ ပါသလား။

(၃) မစားကောင်းတဲ့ အသီးကို စားမိနေ ပါသလား။

ဒီမေးခွန်း သုံးခုလုံးကို 'ဟုတ်တယ်' လို့ဖြေခဲ့ရင်တော့ သင့်ရဲ့ လိင်မှုဘဝဟာ အကျိုးထက် အဆိုးဘက်ကို ဦးတည် နေပါပြီ။ စိတ်ပညာရှင် Nando Pelusi ကတော့ လိင်စိတ်ရှိ နေနိုင်ပေ မယ့်လည်း မလုပ်မဖြစ် လုပ်ရမယ် ဆိုတဲ့ စိတ်အယူကို ခွာချဖို့ အကြံပြု ပါတယ်။ သင့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို သတိပေး နေရမှာ က "ရနိုင်ပေမယ့် အရယူဖို့ မလိုဘူး" ဆိုတာပါပဲ။ ကိုယ့်ကိုကိုယ် အဖိုးမတန် သလို ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ မိန်းမတွေ ဆီကနေ ကိုယ့်ကို လူမှု အသိုင်းအဝိုင်းက လက်ခံကြ တယ်ဆိုတဲ့ ခံစားမှုကို သက်သေထူဖို့ လိုတယ် ဆိုတဲ့ စွဲလမ်းမှု ပြဿနာ တွေအတွက် စိတ်ကုထုံး တွေက အကူအညီ ပေးနိုင်ပါ လိမ့်မယ်။

The Lady Killers Files

Friday, December 06, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက်မှာလား

Posted by drmyochit Friday, December 06, 2013, under | 1 comment

မြန်မာပြည် မတိုးတက်ဘူးဟုပြောသည်၊

အဆင်းရဲဆုံးနိုင်ငံ(LDC)ထဲမှာ ပါနေသည်ဟုပြောသည်။ အရှေ့ တောင်အာရှမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဟုပြောသည်။ မှန်ပါသည်။ ပြောသာပြောနေကြသည်။ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ကြိုးစားပြီး လုပ်ပေးတဲ့သူက မရှိသလောက်ဖြစ်နေသည်။ တိုင်းပြည် အတွက် အခြေခံ အုတ်မြစ်တွေ ပြင်ဆင်ချမှတ်ပေးပြီး တည်ဆောက်ပြုပြင်မှုတွေ ပြုလုပ်ပေးတဲ့အတွက် လွှတ်တော် အဖွဲ့အစည်းကြီး ပေါ်လာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြည်သူကအတည်ပြု ပေးခဲ့ပြီးသဖြင့် နောက်ဆက်တွဲ ဒီမိုကရေစီ မျိုးစေ့စတင် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ constitutions အရ မြန်မာနိုင်ငံတွင် လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည့် ပြည်ထောင်စုဖြစ်ပြီး ပြင်သစ်နိုင်ငံကဲ့သို့ပင် ဗဟိုမှ အရာရာကို ကြီးကြပ်ကွပ်ကဲသည့် Unitary စနစ်ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ်တွင် စော်ဘွားများ အုပ်ချုပ်သော်လည်း ဗဟိုအစိုးရမှ ကွပ်ကဲမှုရှိခဲ့မှု အနေအထားဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် consitutions သည် programmatic ဖြစ်ပြီး Libral democratic institutions ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံနှင့် မတူညီပေ။ ယခု ၂၀၀၈ constitutions သည် neutral ဖြစ်ပါသည်။

အင်္ဂလန်ရှိ constitutions သည် ရေးသားထားခြင်းမျိုးမဟုတ်ဘဲ tradition အရ သတ်မှတ် ဆောင်ရွက်ခြင်း၊ အလေ့အထအရ ဆောင်ရွက်ခြင်းမျိုးဖြစ်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ဆိုလိုတာက House of Lord သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်၍ flexible ဖြစ်ကြောင်းတွေ့ရသည်။ ၀န်ကြီးချုပ်သည် လွှတ်တော်သို့ လာရောက်ပြီး မေးခွန်းများဖြေကြားရကြောင်း လေ့လာနိုင်သည်။

အမေရိကန်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၉ ခုနှစ်က ပထမဦးဆုံး ရေးသားခဲ့တဲ့ နိုင်ငံ ဖြစ်သည်။ ပြည်သူတွေမကြိုက်သည့် အချက်ဆိုတာရှိတာ မထူးဆန်းပေ။ သို့သော်ပြင်ဆင်ရန်ခက်ခဲကြောင်း တွေ့ရသည်။ ပြည်နယ်အများစုက သဘောတူရန် လိုအပ်သည်။ တင်းကြပ်ထားခြင်းဖြစ်သည်။ Federal စနစ် ကျင့်သုံးသော်လည်း လက်တွေ့တွင် ပြည်နယ်များအကြား ပိုပြီး တူညီမှုရှိရန်နှင့် စနစ်တကျရှိရန် ဗဟိုချုပ်ကိုင်မှု ပြုလုပ်သည်ကို တွေ့ရသည်။ ဥပမာ-အမြန်လမ်းများ၌ မောင်းနှင်ရမည့် အမြန်နှုန်းကို ပြည်နယ်အားလုံး တစ်ပြေးညီ သတ်မှတ်သည်။ ကုန်ကားအရွယ်အစား သတ်မှတ်မှု တစ်ပြေးညီဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု ပို၍ရယူသည်။ သမ္မတသည် တပ်မတော်၏အကြီးအကဲဖြစ်သည်။ လွှတ်တော်သို့ မိန့်ခွန်းများပေးပို့ခြင်းသာရှိပြီး လွှတ်တော်ကို လူကိုယ်တိုင် မလာရောက်ပေ။ constitutions တိုင်းမှာ မရေး ထားတဲ့ သတ်မှတ်ချက်တွေ ရှိပါသည်။ ဥပမာ- Supreme court သည် legistation လုပ်ခွင့်ရှိခြင်းများ ဖြစ်ပါသည်။ နိုင်ငံတကာအကြောင်း ပြောပြရင် ပြီးနိုင်မည်မဟုတ်ပေ။ ကျွန်တော်ပြောချင်တာ မြန်မာနိုင်ငံ constitutions ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲစဉ်က ပါတီအားလုံး၊ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူထုကိုယ်စားလှယ်များအားလုံး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ဖိတ်ခေါ်ခဲ့သည်။ ဖွဲ့စည်းပုံရေးဆွဲရန် ဘယ်သူတက်သည် မတက်သည်မပြောလို။ ရေးဆွဲချိန် တွင်ပါဝင်ရန် ဖိတ်ခေါ်မှုကိုငြင်းဆိုတာလဲ မပြောလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြည်လုံး ဆန္ဒခံယူခဲ့သည့် အချိန်တွင်လည်း ကန့်ကွက်တာ လဲမပြောလိုပါ။ မကြိုက်လို့ ကန့်ကွက်တာရှိသည်။ မဲမပေးတာလည်းရှိသည်။ ကျွန်တော့်အိမ်က ကျွန်တော့် အမေသည်ပင် မဲသွားမပေးပါ။ ဒါလည်းမပြစ်မဟုတ်။ ပြည်သူတွေက တစ်နိုင်ငံလုံး ၉၀% ကျော်မဲပေး အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါသည်။ ကြောက်လို့ဘဲမဲပေးပေး၊ လိုအပ်လို့ဘဲ မဲပေးပေး သမိုင်းက အဖြေပေးမည်ဖြစ်ပါသည်။ ပြည်သူအတည်ပြုထားသည့် အခြေခံဥပဒေဖြစ်ပါသည်။ အဲဒီတော့ မရွှေချောတို့ အံ့သြပြီး ဘာလုပ်ရမှန်း မသိဖြစ်သည်။ သူများတွေ လွှတ်တော်မှာပါတော့ သူလည်းပါချင် လာသည်။ သူများတွေ ရာထူးရတော့ သူလည်းရချင်လာသည်။ သူများတွေလူရာဝင်တော့ သူလည်း ၀င်လာချင်သည်။ အစိုးရက ဒီမိုကရေစီစနစ်နှင့်အတူ ဖြေလျော့မှုများ လုပ်ပေးခဲ့သည်။ တိုင်းပြည်တိုးတတ် ချင်လို့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

တိုင်းပြည်အတွက် ဘာမှမလုပ်ခဲ့ဘူးတဲ့သူအဖို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို မသိနိုင်ပေ။ အပြောတခြား အလုပ်တခြားဖြစ်နေပေသည်။ လွှတ်တော်မှာ ပါဝင်လာတာကို ကြိုဆိုသည်။ နိုင်ငံခြားသား ကို ယောက်ျားတော်ထားပြီး အခြားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့သူ၊ အခြားနိုင်ငံမှာသာ ပညာသင်ခဲ့တဲ့သူအဖို့ အင်္ဂလိပ်လို ပြောတတ်တာမထူးဆန်းပါ။ နံနက်စာကို ဗိုလ်စားဘဲစားတတ်တာ လဲမထူးဆန်းပါ။ နိုင်ငံခြား ရောက်ရှိချိန်မှာ မျက်နှာအရွယ်မကျအောင် အလှပြင်တာ၊ ကိုရီးယားရောက်ချိန် မျက်ခုံးမွှေးပြင်၊ မျက်နှာ အလှပြင်တာတွေလဲ မထူးဆန်းပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အသုံးပြု သည်မှာ သုံးနှစ်ပင်မပြည့်သေးပါ။ မပြည့်စုံဘူး။ သုံးမရဘူးဆိုပြီး ပြင်ဆင်ဖို့လုပ်တာတော့ ထူးဆန်းသည်။

ပြည်သူတွေ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို သုံးမရဘူးဟုပြောတာ၊ ဝေဖန်တာ ပြည်သူကို စော်ကာခြင်း ဖြစ်သည်။ လူကြီးမဆန်တာတွေ့ရသည်။ သူ့မှာ မြန်မာဓလေ့တွေ၊ မြန်မာလူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာတွေ ဆိုတာမရှိတော့။ မကြားဘူးတော့။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)က သူ့ကို လွှတ်တော် ကိုယ်စားလှယ်ဖြစ်အောင် လုပ်ပေးထားသည်ကို မေ့နေသည်။ မြန်မာစကားပုံရှိသည်။ “ယုန်သား“ မရခင်က သံပုရာသီးရှာနေသည်။ သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ သူဘာတတ်လဲ မေးချင်သည်။ အမှန်တော့ သူပညာတတ်သူဖြစ်သည်။ သူတတ်သည့်ပညာမှာ အနောက်နိုင်ငံကြီးတွေက ပြောတာကို ခေါင်းငြိမ့် ဖောက်သည်ချသည့် အတတ်ပညာ တစ်ခုသာရှိသည်။ အနောက်နိုင်ငံကြီးတွေက ပြောတဲ့ လူ့အခွင့်အရေးကို မြန်မာပြည်မှာ အင်္ဂလိပ်လိုပြောပြီး ဂုဏ်ယူနေသည်။ သူ့အဖေက အမျိုးသား ခေါင်းဆောင်၊ တပ်မတော်ကို ထူထောင်ခဲ့သည်။ သူက မြန်မာပြည်ကို ကျွန်ပြုသည့် အင်္ဂလိပ်ကို လင်တော် သည်။ ပြည်ပတောက်ပမှုတွေ ရယူပြီး သူတို့အလိုကျလုပ်နေသည်။ အန္တရာယ်ကို မမြင်တော့ပေ။ တစ်ခု သတိပေးချင်သည်။ မြန်မာလူမျိုးများမှာ သိက္ခာရှိသည်။ ကြီးကြီးကျယ်ကျယ် ပြောရရင် အမျိုးသား ဂုဏ်သိက္ခာဆိုတာ ရှိပါသည်။

ကိုယ်လုပ်ရမဲ့ အလုပ်ကို ကိုယ်လုပ်ပါ။ ကျွန်တော်မေးပါမည်။ အစ်မကြီး တိုင်းပြည်အတွက် ဘယ်လောက်တာဝန် ကျေပြီးပြီလဲ။ နိုင်ငံသားတစ်ဦးလို့ ခံယူတယ်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လောက်တာဝန် ကျေပြီးပြီလဲ။ တာဝန်ကျေပြီးတာတွေကို ကျွန်တော့်ကို ပြောပါအုန်း။ အစ်မကြီး တာဝန်ကျေသလောက်တော့ ကျွန်တော်ရယ်ချင်သည်။ အစိုးရကို ဆန့်ကျင်လို့ ထောင်ထဲဝင်ရခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။ ကျွန်တော်သည် ဘယ်သူ့ကိုမှ အထင်မကြီးပါ။ ဘယ်ပါတီမှလည်း မဲမပေးပါ။ ဘယ်ပါတီမှလည်း မယုံပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသား ဖြစ်ရတာကိုတော့ ဂုဏ်ယူသည်။ တိုင်းပြည်အတွက် အသက်ပေါင်း မြောက်များစွာ ပေးဆပ်ခဲ့တဲ့စစ်သည်တွေကို လေးစားသည်။ ပြည်သူချစ်တဲ့ ၀န်ထမ်းတွေက တိုင်းပြည်ကို ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင် ကြိုးစားတည်ဆောက် ခဲ့တာလေးစားသည်။ ကျရာတာဝန် ကျေပွန်ခြင်းသည် သိက္ခာရှိသော ၀န်ထမ်းဖြစ်ပါသည်။ ကျွန်တော် ၀န်ထမ်းဖြစ်ရတာ ဂုဏ်ယူသည်။ လွှတ်တော် ကိုယ်စားလှယ်လဲ မဖြစ်လိုပါ။ နိုင်ငံခေါင်းဆောင်လဲ မဖြစ်လိုပါ။ ကျွန်တော့်ရဲ့အသိပညာက အဲ့ဒီလောက် မမြင့်မားပါ။ ကိုယ့်အဆင့်က သာမန်ဝန်ထမ်းအဆင့်သာ ရှိတာမို့ ကိုယ်နဲ့တန်တဲ့ အဆင့်မှာ ရပ်တည်ခွင့်ရတာကို ကျေနပ်ပါသည်။

ပင်စင်ခံစားရတဲ့ အချိန်မှာလည်း နိုင်ငံတော်က ချီးမြှင့်တဲ့ ပင်စင်သည် ကျွန်တော် တစ်ဦးစားဖို့အတွက်တော့ လုံလောက်ပါသည်။ ဘုရားရိပ်၊ တရားရိပ်မှာ နေပျော်ပါသည်။ နေထိုင် တတ်ရင် ပင်စင်မှရသည့်ငွေဖြင့် ဘ၀ကူးကောင်းအောင် လှူလို့ရသေးသည်။ အစ်မကြီးရဲ့ စိတ်ထဲမှာတော့ ဗုဒ္ဓဆိုတာလည်း ရှိမယ်မထင်ပါ။ ကုသိုလ်ဆိုတာလဲ လုပ်ရကောင်းမှန်း သိမယ်မထင်ပါ။ အသက်ကြီးလာပြီ ဆိုတာလဲ သိမယ်မထင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ချင်တိုင်း ပြင်လို့မရဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ကိုယ်သေရင် ကိုယ့်နောက်မှာ ဘာမှ မပါဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထက် ဗုဒ္ဓဘုရားအောက်မှာ တရားဘာဝနာပွားများနိုင်ဖို့ ဆောင်ရွက်စေချင်ပါသည်။ လုပ်ဖော်ကိုင်ဖက် မဟုတ်သော်လည်း ကောင်းတဲ့အကြံပေးချင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက် မှာလားလို့ အစ်မကြီးကို မေးလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်သည်။ ပါတီကောင်းစားရေး၊ လူတစ်ဦး ကောင်းစားရေးအတွက် လုပ်ပေးထားတာမဟုတ်ပါ။ ကျွန်တော်သည် ပြည်သူတစ်ယောက်အနေနှင့် ဝေဖန်ခြင်းဖြစ်သည်။ ကိုယ်ကဘယ်လိုလူမျိုးလဲ… မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား ဟုတ်ရဲ့လား… မြန်မာပြည်ကို တကယ်ချစ်ရဲ့လား မေးလိုပါတယ်… အစ်မကြီး တိုင်းပြည်ချစ်တယ်ဆိုရင် လက်တွေ့ပြပါ။ အချိန်မရှိတော့ဘူးဆိုတာ သတိရပါ။ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုး လုပ်ငန်းများဆောင်ရွက်ရန် အချိန်မီပါသေးသည်။ ဖခင်ရဲ့မျက်နှာကို မထောက်ဘဲ လုပ်ချင်တာလုပ်ခဲ့ပြီးပြီ မဟုတ်လား။ ဒါပေမဲ့ ပြည်သူရဲ့မျက်နှာ၊ လူမျိုးရဲ့မျက်နှာကို ထောက်ဖို့ အကြံပြု လိုသည်။ အသိတရားရဖို့ အချိန်တန်ပါပြီ… နိုင်ငံခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်ရမှာလဲ…မေးရင် အဖြေရှိပါသည်။ တိုင်းပြည်အတွက် ကျွန်တော်အကြံပြုခြင်းဖြစ်ပါသည်။

From: ( မောင်ငြိမ်းချမ်း)

Monday, December 02, 2013

ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ချင်ရင်

Posted by drmyochit Monday, December 02, 2013, under | 1 comment

ဖွဲ့ချင်ရင်ဖွဲ့ပါ 
ဒါပေမယ့် အရည်ချင်းတော့ တန်းတူအောင်တန်းညှိလာခဲ့

၁၀ တန်းမအောင် ဘွဲ့မရတဲ့ကောင်ကို ဗိုလ်ချုပ်ရာထူးပေးလိုက်လို့
လက်ရှိတပ်မတော်က ဒုဗိုလ်အဆင့်ကတောင်အလေးပြုမှာမဟုတ်ဘူး

လက်ရှိတပ်မတော်က အင်အား၅သိန်းရှိတယ်

ခင်ဗျားတို့ ကချင်တပ်မတော် ကရင်တပ်မတော်က ကာချုပ်အပါဝင် လူအယောက်၂၀၀၀ လောက်နဲ့
တပ်မတော်ဖွဲ့ ချင်တာလား

တိုက်စရာရှိရင် ကျုပ်တို့ငါးသိန်းကအသေခံတိုက် ခင်ဗျားတို့ အယောက်၂၀၀၀ ကမှောင်ခိုလုပ်မယ် ဘိန်းစိုက်မယ် 
ဆိုတဲ့သဘောလား

ကျုပ်တို့က အရပ်သားအစိုးရ လက်အောက်ခံတပ်
ခင်ဗျားတို့က ပြည်နယ်အစိုးရလက်အောက်ခံတပ်လို့ ခွဲခြားပြီး

နယ်ကျော်လာရင် ပြန်ဆော်မယ်ဆိုတဲ့သဘောလား

ကချင်တပ်မတော်က ဗမာတပ်မတော်ကိုကြည့်မရတဲ့အခါ 
ခြုံခို မိုင်းဆွဲ မခံနိုင်တော့ ဗမာတပ်မတော်က ပြန်ဗျင်း

ကရင်တပ်မတော်နဲ့ ရှမ်းတပ်မတော်နဲ့က အချင်းချင်း စားခွက်လုရင်း တိုက်ပွဲဖြစ်နဲ့ 

အရမ်းကြည့်လို့ကောင်းလိုက်မယ့်
ဖဒရယ်ပြည်ထောင်စုတပ်မတော်

ကာချုပ်တာဝန်ကို အလှည့်ကျစနစ်တဲ့

ဘာလဲ 

မဲနှိုက်ပြီး အလှည့်ကျလုပ်ရမှာလား

တိုင်းရင်းသား၁၃၅မျိုး
တပ်မတော်၁၃၅ တပ်

ဘယ်တပ်ကို ကာကွယ်ဦးစီးချုပ်အရင်ခန့်ရင်ကောင်းမလဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်ပွဲကြီးကျင်းပ ပေးသလိုဖြစ်မနေဘူးလား

အဲ့ဒီတပ်မတော်တွေအားလုံးကို လက်နက်ရိက္ခာလစာ အပြည့်ဝ ထုတ်ပေးဖို့ ဘယ်မှာလဲ ဘက်ဂျက်

အဲ့ဒီတပ်မတော်တွေ အင်းအားတောင့်တင်းလာတဲ့အခါ 
သူပြည်နယ် နဲ့ သူပြန်သိမ်းပြီး
ခွဲထွက်မသွားပါဘူးလို့ အာမခံနိုင်လား

ခွဲထွက်သွားတဲ့ အချိန်ရောက်မှ ကျုပ်တို့ ၅ သိန်းက အသေခံပြီး ပြည်ထောင်စု မပြိုကွဲအောင်ပြန် လိုက်သိမ်းပေးရမှာလား

ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းပေးခဲ့တဲ့ 
မျိုးချစ်တပ်မတော်မှာ
ကချင် ကယား ကရင် ချင်းတွေမခွဲခြားဘူး
တိုင်းရင်းသားတိုင်း
တန်းတူစစ်မှုထမ်းခွင့်ရှိတယ်
ရာထူးလည်းတန်းတူပေးခဲ့တယ်

တပ်မတော်ကို စိတ်ဝမ်းမကွဲ အောင်တပ်စုတစ်စည်းထဲဖွဲ့စည်းပေးခဲ့တာ

ဗိုလ်ချုပ်လက်နဲ့ရေးခဲ့တဲ့ မျိုးချစ်တပ်မတော်ကို
သူ့သမီးဖြစ်သူက ဖက်ဒရယ် တပ်မတော် ပြင်ဖို့ ခြေနဲ့လိုက်ဖျက်နေတယ်

ကျွန်တော် စစ်သားတစ်ယောက်အနေနဲ့
ဘယ်လိုမှသည်းမခံနိုင်အောင်ဒေါသထွက်မိပါတယ်

ဗိုလ်ချုပ်သာ ရှိနေသေးရင် 
ခင်ဗျားကို ပါးဆွဲရိုက်မှာသေချာတယ်



From: ရဲရင့်လင်း

ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ

Posted by drmyochit Monday, December 02, 2013, under | No comments


(ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာ၏ အယ်ဒီတာ့အာဘော်)
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ ဆောင်ပုဒ်မှာ “ခွဲခြား နှိမ်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART ဖြင့် ကုသပေး” ဟူ၍ဖြစ်သည်။ ဆောင်ပုဒ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက အကြောင်းအရာနှစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။

ပထမအကြောင်းအရာအဖြစ် HIV/AIDS ဖြင့် အသက်ရှင် နေထိုင်သူများကို ခွဲခြားမှု၊ နှိမ်ချဆက်ဆံမှုတို့ကို ရှောင်ကျဉ်ရန် ဆိုထားသည်။ ဒုတိယအကြောင်းအရာမှာ သေဆုံးလျော့ပါးရန် ART ဖြင့် ကုသရမည်ဟုဆိုထားသည်။

ဤဆောင်ပုဒ်ပါ အကြောင်းအရာများသည် တစ်ကမ္ဘာလုံးသို့ ရည်ညွှန်းထားပြီး လိုက်နာရန်နှင့် လုပ်ဆောင်ရန် လိုအပ်လှသည့် အကြောင်းအချင်းရာများ ဖြစ်သည်ကိုလည်း ငြင်းဆိုဖွယ်ရာမဟုတ်ပေ။ မိမိတို့ မြန်မာနိုင်ငံအတွင်းတွင်လည်း ခွဲခြားဆက်ဆံမှုများရှိနေသည်ဟု HIV/AIDS ဖြင့် အသက်ရှင် နေထိုင်သူများက ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာကြသည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းက မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်းဟု စောကြောကြည့်မည်ဆိုပါက မည်သည့်ကောင်းကျိုးမျှ ရရှိမည်မဟုတ်ဘဲ ဆိုးကျိုးများသာ ဖြစ်စေပါလိမ့်မည်။

ခွဲခြားဆက်ဆံမှုကြောင့် ဆေးကုသမှုခံယူရန် စိုးရွံ့ကာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရခြင်း၊ ခွဲခြားဆက်ဆံခြင်းကြောင့် သိမ်ငယ်စိတ်ဖြစ်ပေါ်ကာ အသက်ရှင်စဉ်အတွင်း လူ့အဖွဲ့အစည်ကောင်းကျိုးအတွက် တာဝန်မထမ်းဆောင်နိုင်တော့ခြင်းစသည့် အနုတ်လက္ခဏာဆောင်သော အချင်းအရာများသာ ပေါ် ထွက်လာမည်သာ ဖြစ်သည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများသည် လူသားများသာဖြစ်ရာ ယင်းတို့သည်လည်း လူ့အဖွဲ့ အစည်းအတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်နိုင်သူများအဖြစ် ရှုမြင်ကြရန်လည်း လိုအပ်သည်။ နှိမ်ချခြင်း၊ ခွဲခြားခြင်း၊ ပြစ်တင်ခြင်းတို့မှ ရှောင်ရှားကြရန် လိုအပ်သည်။

ကမ္ဘာ့ AIDS နေ့၏ဆောင်ပုဒ် ဒုတိယပိုင်းတွင် “ကူးစက် သေဆုံးမရှိရေး ART ဖြင့်ကုသပေး” ဟု ဆိုထားသည်။ မြန်မာနိုင်ငံတွင် HIV ဖြင့်အသက်ရှင်နေထိုင်သူ စုစုပေါင်း ၁၇၀,၀၀၀ မှ ၂၂၀,၀၀၀ ကြားရှိနေသည်ဟု ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့က ထုတ်ပြန်ထားရာ ဤသူအားလုံး ART ဆေးရရှိရန် လွယ် ကူနိုင်ချေမရှိသော်လည်း အများစုရရှိရန် အစိုးရအပါအ၀င်၊ အကူအညီပေးနေသည့် အဖွဲ့အစည်းများမှ ကြိုးစားသင့်လှသည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရှောင်ကျဉ်ခြင်းအပြင်၊ ART ဆေးရရှိနိုင်ရန် ဆောင်ရွက်ကြမှသာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ “ခွဲခြားနှိမ့်ချကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေးART ဖြင့်ကုသပေး” ဟူသည့် ဆောင်ပုဒ်သည် အနှစ်သာရ ပြည့်ဝပေလိမ့်မည်။

Mizzima - News in Burmese 

Wednesday, November 27, 2013

သစ်လုံးတင်ကားနှင့်သုံးခွ-ရန်ကုန်သို့ပြေးဆွဲသည့်ဘတ်ကားယာဉ်တိုက်မှု

Posted by drmyochit Wednesday, November 27, 2013, under | No comments





သုံးခွနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော မထသ တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်နှင့် သစ်လုံးကြီးများတင်ဆောင်လာသော အဝေးပြေး သစ်လုံးတင်ကားတို့  ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် မွန်လွှဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ နယ် တာဝ ခြောက်လမ်းသွားလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ဖြစ်ပွားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) ၄င်းယာဉ်တိုက်မှုတွင် တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်မှ ခရီးသည် ကျား ၁၆ ဦး နှင့် မ ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ ခရီးသည်တင်ယာဉ်မောင်း ကိုနေလင်း ဖြစ်သည်ဟု သန်လျင်ဆေးရုံမှ ကျန်းမာရေးတာဝန်ရှိသူများမှ မဇ္ဈိမသို့ ပြောကြားသည်။

Mizzima - News in Burmese

Sunday, November 17, 2013

၁၁.၁၂.၁၃နေ့ ရက် မဝေးတော့လို့ ရင်တောင်ခုန်မိရပါရဲ့ 

Posted by drmyochit Sunday, November 17, 2013, under | No comments

၂၇ကြိမ်မြောက်ဆီးဂိမ်းအားကစားပွဲတော်ကြီးဖွင့်ပွဲအတွက်ကြိုတင်ပြင်ဆင်မူပုံရိပ်တွေကို ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ ဖေ့ဘုတ်မှာရင်ခုန်ဖွယ်တွေ့ ရပုံ။






photo credit-Zin Yaw Mg Mg

Wednesday, November 13, 2013

EU မှ ရဲတပ်ရင်း(၈) တွင် သင်တန်းပေးမှုများ ပြုလုပ်နေ

Posted by drmyochit Wednesday, November 13, 2013, under | No comments




လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး အလေးထား ဆောင်ရွက်တတ်ဖို့ မြန်မာ့ရဲတပ်ဖွဲ့ဝင်များကို EU (ဥရောပသမဂ္ဂ)မှ ကူညီပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရဲတပ်ရင်း(၈) တွင် သင်တန်းပေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) အဆိုပါ သင်တန်းသည် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်ဖွဲ့ဝင်များအားလုံး ပါဝင်တက်ရောက်ရမည့် ပထမဆုံးသင်တန်းဖြစ်ပြီး လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းမှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို အခြေခံသည့် ရဲလုပ်ငန်း စီမံခန့်ခွဲမှုစသည့် နည်းစနစ်များကို အဓိကထား လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ EU အနေဖြင့် အဆိုပါ သင်တန်းများအတွက် ယူရို ၁၀ သန်း သုံးစွဲသွားမည်ဖြစ်ပြီး ၁၈လကြာ သင်ကြားပေးခြင်းအပြင် Equipment များလည်း တပ်ဆင်ပေးသွားမည်ဖြစ်သည်။



Sunday, September 15, 2013

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ

Posted by drmyochit Sunday, September 15, 2013, under | No comments


ကျွန်တော်တို့ နေထိုင်ရာ လူ့ပတ်ဝန်းကျင်ဆိုတာ တစ်နေ့တစ်မျိုး မရိုးနိုင်သော ပြဿနာပေါင်း သောင်းခြောက် ထောင်ကို မြင်တွေ့ကြားသိနေရခြင်းမှာ လူ့သဘောသဘာဝ လို့ ပြောနိုင်ပါတယ်။ တောလက်ကျေးရွာတွေမှာ ဆိုရင် လင်နဲ့မယားရန်ဖြစ်လို့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား ဆဲဆိုအော်ဟစ်သံတွေကြားရ၊ ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုးပါလာပြီး အုံ့အုံ့ကြက်ကြက်ဖြစ်ကာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အချိန်တန်တော့ အဲဒီ လင်မယားနှစ်ယောက် ပြန်ပေါင်းပြီး အဆင်ပြေသွားကြတာပါပဲ။ နှစ်ဖက်ဆွေမျိုးတွေသာ မျက်နှာတွေပူပြီး မခေါ် မပြောရဲဖြစ်ကြတာပဲ အဖတ်တင်ပါတယ်။

ဒါပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတဲ့ ထောင်ထွက်လူဆိုးတစ်ယောက် ရွာပြန်လာပြီး လူကောင်းအဖြစ် ဟန်ဆောင် ရင်းကနေ သရုပ်မှန်ပေါ်တတ်တဲ့ သဘောသဘာဝကိုတော့ ရွာတစ်ရွာမှာ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်က နယ်မြို့တစ်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ကျပါတယ်။ အဲဒီရွာမှာ တစ်ရွာလုံး အော့ကြောလန်တဲ့ လူဆိုးလူမိုက်တစ်ယောက်ရှိတယ်။ မိဘတွေက ကြေးရတက်တွေဆိုတော့ ရွာမှာ အရှိန်အ၀ါ ရှိတယ်၊ အဲဒီလူမိုက်ကလည်း မိဘမျက်နှာနဲ့ တစ်ရွာလုံး ဘယ်သူ့မှ လူထင်တာမဟုတ်ဘူး။ တစ်နေ့ အဲဒီ လူမိုက်ဟာ ရွာပြင်က ထန်းတောမှာ မူးရူးရမ်းကားပြီး လူသတ်မှုဖြစ်လို့ ထောင်ကျသွားတယ်၊ ကံကောင်းချင် တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တယ်။
အဲဒီနောက်ပိုင်း ရွာမှာ လူကြီးလူကောင်းပုံစံနဲ့ ပြောင်းလဲသွားခဲ့တယ်။ တစ်ရွာလုံး အံ့အားသင့်ကုန်ကြတာပေါ့။ အဖေဆုံးသွားတော့ အမေကပဲ စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်ရင်း ထောင်ထွက်သားကို နေရာပေးတယ်။ ရွာအတွက် အလှူအတန်းတွေလုပ်ပြီး လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရာကနေ ရွာမှာ မျက်နှာပွင့် ဂုဏ်တက်ပြီး သားထောင်ထွက်ကိုလည်း ရွာက လက်ခံလာကြတယ်။ သူ့ကို အမေလုပ်သူက လူဝင်ဆန့်အောင် ရယ်ဆိုပြီး ရွာက လူမှုရေးအဖွဲ့တစ်ဖွဲ့ထဲမှာ နေရာတစ်နေရာရအောင် လုပ်ပေးခဲ့တယ်။ အမေ့မျက်နှာနဲ့ တစ်ရွာလုံးက သူ့ကို ယုံကြည်ပြီး အဲဒီအဖွဲ့ထဲမှာ ငွေထိန်းတာဝန်ပေးလိုက်တယ်။

လအနည်းငယ်ကြာလာတော့ ငွေအလွဲသုံးစားမှုပေါ်လာလို့ စစ်ဆေးလိုက်ရာမှာ အဲဒီလူက ရံပုံငွေတွေကို ချဲထိုး၊ ဘောလုံးပွဲတွေ လောင်းပစ်လိုက်တာ ကုန်ပါလေရော၊ အမေလုပ်သူက သူ့မျက်နှာအိုးမဲသုတ်ရပါ့မလားဆိုပြီး သားဖြစ်သူကို အပြစ်တင်တာပေါ့၊ အဲဒီငွေတွေကိုလည်း ပြန်လျော်ပေးမယ်ပေါ့။ ဒါပေမယ့် ရွာကတော့ သူ့ကို အဲဒီအဖွဲ့ထဲကနေ ထုတ်လိုက်ပါတယ်။ အမေလုပ်သူရဲ့ ရွာအပေါ်ကောင်းခဲ့သမျှဟာလည်း သဲထဲရေသွန်သလို ဖြစ်ပြီး ရွာရဲ့ယုံကြည်မှုကို မရတော့ပါဘူး။ ဆိုလိုချင်တာက လူဆိုးလူမိုက်ဆိုတာ ဘယ်လောက်ပဲ လူကောင်း ယောင်ဆောင်ပြီး လိမ္မာပါတယ် လို့ပြောပြော အချိန်တန်ရင် သရုပ်မှန်ကပေါ်လာတတ်တာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။

အဲဒီရွာလေးကနေ ကျွန်တော် ၂၀၁၀ ခုနှစ်ရောက်တော့ ခွဲခွာခဲ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ က အထက်တန်းကျောင်းကို အထက်တန်းပြအဖြစ် ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အဖြစ်အပျက်လေး တစ်ခု ဒီမြို့မှာ ထပ်ကြုံရပြန်ပါတယ်။ ကျွန်တော်က ကျောင်းဆရာဖြစ်နေတော့ နိုင်ငံရေးတွေ စိတ်မ၀င်စားသလို ဘယ်ပါတီအဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အစွဲမထားတတ်ပါဘူး။ ကျွန်တော်ပြောချင်တာက လူ့သဘော သဘာဝကိုပဲ သင်ခန်းစာယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

မြို့သူမြို့သားအားလုံးနီးပါးက ပုဂ္ဂိုလ်တစ်ယောက်ကို ယုံကြည်ထောက်ခံလိုက်လို့ မြို့နယ်ပါတီတစ်ခုရဲ့ လွှတ်တော်အမတ်ရာထူးထိ ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး အာပေါင်အာရင်း သန်သန်နဲ့ ပြောသွားတဲ့ စကားတွေမှာ မြို့သူမြို့သားတွေ နစ်မျောခဲ့ကြတယ်။ ဟော. အခု နေရာလည်းရရော ကိုယ့်မြို့သူမြို့သားတွေကို စော်ကားလိုက်ပြီ၊ ဒီတော့ မြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန်နေကြပြီလေ၊ အဲဒီ ရာထူးနဲ့ မထိုက်တန်ပါဘူး၊ ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်ဆိုပြီး လက်မှတ်တွေ လိုက်ထိုးနေတာ ကျွန်တော် တွေ့နေရပါတယ်။ မြို့သူမြို့သားတွေက ပင့်ပေးလိုက်လို့ အမြင့်ရောက်သွားကာမှ အောက်ကို တံတွေး ထွေးတတ်တဲ့အကျင့် ဒါမှမဟုတ် စော်ကားမောက်မာတဲ့ အကျင့်မျိုးရှိတဲ့ လူဖျက်ဟာ အချိန်တန်တော့လည်း သရုပ်မှန်တွေ ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပဲ ကျွန်တော်တို့ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သတင်းထွက်နေတာ ကြားရပြန်ပါတယ်။ ဂျာနယ် တစ်စောင်အတွက် သိန်း ၁၈၀၀ အလွဲသုံးစားမှုဖြစ်နေလို့ အဖွဲ့ဝင်တွေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် အပြစ်ဖို့နေကြပြီး အဲဒီပါတီအပေါ် ပြည်သူရဲ့ ယုံကြည်မှုတွေလည်း လျော့သွားပြီလို့ အသံတွေ ထွက်နေပါတယ်။ အဲဒီသတင်းမှန်ခဲ့ရင် အဖွဲ့အစည်းရဲ့ ကိုယ်စား ယုံကြည်လို့ တာဝန်ပေးအပ်တာကို နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် အလွဲသုံးစားလုပ်တတ်တဲ့ သရုပ်မှန်ပေါ် လာတယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ အပြုသဘောသက်သက်ပါ။ ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့အစည်းကိုမှ ပုတ်ခတ်ဝေဖန်စော်ကားခြင်း ဆန္ဒလုံးဝမရှိပါ။ ကျွန်တော်တို့က ကြားနေလူတန်းစား အစိုးရကျောင်းဆရာ တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကောင်းစားတာကိုတော့ မြင်ချင်တွေ့ချင် ပါတယ်။ ဒီတော့ ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါပြီလို့ မြင်မိပါတယ်။ အများစု အထင်ကြီးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ဆိုတာကလည်း အချိန်တန်တော့ သရုပ်မှန်တွေ ပေါ်လာတတ်တာ တွေ့ရပါတယ်။ ဒါဆိုရင် အများပြောနေတဲ့ ၂၀၁၅ ခုနှစ်အတွက် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းတွေ တာဝန်ယူနိုင်မလဲဆိုတဲ့ အဖြေဟာ လည်း အင်မတန်အရေးကြီးလာပါပြီ။ နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် တိုင်းပြည်ကိုတောင် ရောင်းစားမယ့် လူတွေ လက်ထဲ မှာတော့ ကျွန်တော်တို့တွေရဲ့ အနာဂတ်ကို ၀ ကွက် မအပ်ချင်တာအမှန်ပါ။

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ… အထက်မှာပြောခဲ့သလို ထောင်ထွက် လူမိုက်ကို ငွေထိန်း ထားမိ လို့ အလွဲသုံးစားဖြစ်တာက ငွေလျော်ခိုင်းပြီး အဖွဲ့ထဲက ထုတ်ပစ်လို့ရတယ်၊ ရွာလည်း မနစ်နာပါ၊ ကောင်းမယ် ထင်လို့ အများက ၀ိုင်းပြီး ထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို မကျေနပ်လို့ ရာထူးတွေ ပြန် ရုပ်သိမ်းပေး ပါလို့ တောင်းဆိုတာကလည်း အဲဒီပုဂ္ဂိုလ်ပဲ နစ်နာရုံကလွဲပြီး မြို့နယ်တစ်ခုလုံး မနစ်နာနိုင်ပါ၊ ဒါပေ မယ့် နိုင်ငံ တစ်ခုလုံးကို အကျင့်စာရိတ္တမကောင်းတဲ့ အဖွဲ့အစည်းတွေ လက်ထဲမှာ ယုံယုံကြည်ကြည် အပ်မိ လို့ မှားသွား ရင်တော့ တိုင်းသူပြည်သားအားလုံးအတွက် နစ်နာဆုံးရှုံးမှုကြီးမားပြီး ဘ၀ပါ ပျက်ရမှာပါ၊ ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို အားကိုးယုံကြည်ရမလဲဆိုတဲ့ အဖြေကို ကိုယ်တိုင်အသိတရား ကိုယ်စီနဲ့ လေးလေးနက်နက် စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလိုက်ခြင်း ဖြစ်ပါတယ်။

From: Myanmar Express

Monday, August 19, 2013

ဒေါ်စုကို နိုင်ငံခြားဘယ်သူပို့ လိုက်တာလဲ? ဘာကြောင့်နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့ရသလဲ?

Posted by drmyochit Monday, August 19, 2013, under | 2 comments



ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ်ဆိုပြီးလေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။
တကယ် အဖြစ်မှန် ကသန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ဒေါ်ခင်ကြည်ကဦးနုရဲ့သန့်ရှင်းဘက်က
မဲဆွယ်ပေး ခဲ့တယ်၊၊ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်းမဲနိုင်သွားပြီးအစိုးရဖွဲ့နိုင်တော့ဒေါ်ခင်ကြည်ကို
ကျေးဇူး ဆပ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော
အမျိုးသမီး သံ အမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး
ချီးမြှောက်ခဲ့တာပါ၊ ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ ရှိအုံးမယ်၊၊ဒေါ်စုမွေးတာက
(၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီးပဲရှိသေးတယ်၊၊
အိန္ဒိယမှာ ကျောင်းဆက်တက်တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် အိန္ဒိယမှာ
ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက
လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင်ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင်
အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကိုသတိပေးစကားပြောကြား
ခဲ့တာတွေ သမိုင်းအနေနဲ့ ရှိပါတယ်၊ ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် ဦးနေ၀င်းက
ပထုတ်လိုက်တာလား၊သူ့ဘာသာသူပညာလိုလားလို့သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊
ဒေါ်ခင်ကြည်ကိုအိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊
တွေ့ကရာနဲ့ယူပြီးတော့မှဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာကတော့ မကောင်းပါဘူး၊၊
မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ
အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ
ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊
ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့သင့်တာပေါ့၊၊

သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊
အမျိုးသားအရေးမှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါပဲ၊၊
လွန်ခဲ့တဲ့ လေးနှစ်လောက်ကတောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက်သမ္မတလီမြောင်ဘတ်က
အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း အမျိုးသမီးကကိုရီးယား
အချင်းအိမ်ထောင်ပြုပြီး သားသမီးမွေးတဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ အဲဒီမှာမွေးရင်
natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေးအတွက် ဒီလိုကြံစည်ပြီး ဆောင်ရွက်ခဲ့တာပါ၊၊
ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦးကအမေရိကန်မှာပညာသင်ကြားပြီးအမေရိကန်နိုင်ငံသား
ခံယူကြပါတယ်၊ အဲဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်း
ခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက အမေရိကန်နိုင်ငံသားတွေဖြစ်နေကြလို့ပါလီမန်ကကန့်ကွက်ခဲ့ပါတယ်၊
သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊၊

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို
ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊၊နိုင်ငံတော်
အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း အဲဒီအချက်ကိုပဲ
မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့ကြိုးစားနေတာပါ၊၊

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊၊
ဒေါ်စုအနေနဲ့ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ သူကိုယ်တိုင်ကို
အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့ တားမြစ်ခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ
လုပ်သင့်ပါတယ်၊၊ သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊၊ သူ ဦးဆောင်ရင် တိုင်းပြည်
တိုးတက်မှုမြန်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့
နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ်အောင် မလုပ်သင့်ပါဘူး၊၊သူ့တစ်ယောက်တည်းအတွက်
အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို ၀င်ချင်သူဝင်၊
ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ ဖြစ်သွားပါလိမ့်မယ်၊၊အဓိကကလူထက်စနစ်ကသာ
အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊
ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက်သင့် လိုက်နေရုံပါပဲ၊
အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ ဒီမှာလည်း
လူတစ်ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်း
တည်ဆောက်သင့်ပါတယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်
တိုးတက်ခဲ့တာပါပဲ၊အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ ရှိသေးတာပါ၊သူလုပ်မှ
တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သက်သက်သာ
ဖြစ်ပါတယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကိုအပြစ်တင်ပြီး
နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစားပဲတိုင်းပြည်
ခေါင်းဆောင်သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက်
အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ ဘယ်နေရာကပဲလုပ်ရလုပ်ရ
နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ်
ဆိုရင်မိမိကြောင့် ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် ဆောင်ရွက်သင့်ပါတယ်။

...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ
မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ...

Kyi Soe
From: Oppositeye

Tuesday, April 09, 2013

ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

Posted by drmyochit Tuesday, April 09, 2013, under | No comments


ပြီးခဲ့တဲ့ ရွှေလီ ဆွေးနွေးပွဲ

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက်မှု ကြောင့်လို့ ကချင် လူထု အခြေပြု အဖွဲ့ တွေကပြော ပါတယ်။

တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

တရုတ်တို့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ ကြား ဝင်ပေး မယ်ဆိုပြီး ကမ်းလှမ်း ပါဝင်လာခဲ့ တာဖြစ်တယ်၊ ဒီလိုပါလာရတာကလည်း တရုတ်နယ်စပ်ဖြစ်နေတာ၊ စီးပွား ကုန်သွယ် ဘက် ဖြစ်နေ တာနဲ့ ရင်းနှီးမြှုတ်နှံမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ တုန်းက တရုတ် အစိုးရရဲ့ အစီ အစဉ်နဲ့ ရွှေလီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကို ထောက်ခံ ရပ်တည်ဖို့ တက်ရောက် ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက် ဆွေးနွေး ပွဲကို တရုတ်တို့က သူ့နိုင်ငံထဲမှာဘဲ ဖြစ်စေချင်ပြီး၊ တရုတ်၊ မြန်မာအစိုးရနဲ့ ကေအိုင်အို သုံးဖွဲ့ ဆွေးနွေးဖို့သာ လိုလားတယ်၊ ကုလသမဂ္ဂ အမေရိကန် ယူကေ တို့ပါလာခြင်းဖြင့် အခြေအနေကို ပိုရှုတ် ထွေးစေမယ်လို့ ယူဆပြီး အခုလောလော ဆယ် ပါဝင်ဖို့ မလိုအပ်သေးဘူးလို့ သဘော ထားပေး တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန် လာချိန်မှာ နိုင်ငံ တကာက ကြားဝင်ဖို့ ကမ်းလှမ်း လာခဲ့ကာ ချိန်မှာ သူမဝင်ရင် သူ့ရဲ့ နယ်စပ်မှာ တခြား နိုင်ငံတွကေ ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အမြင်၊ သူ့ရဲ့ ရေရှည် အကျိုးစီးပွား စတာတွေကြောင့် တရုတ်တို့က ကမန်းကတမ်း ပေါ်လစီကို ပြောင်းပြီး ကြားဝင်ဖို့ ကမ်းလှမ်း ခဲ့တာလို့ ယူဆ ကြောင်း ဦးခွန်ဥက္ကာ က ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ပထဝီ နိုင်ငံရေးအနေအထားအရ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သူတို့ရဲ့ အမျိုးသား လုံခြုံရေး ပေါ်လစီတွေအရ တွက်ချက်ပြီး တရုတ်နဲ့ အနောက် နိုင်ငံတွေ မြန်မာ့ အရေးမှာ အားပြိုင် နေကြ တာ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက သုံးသပ်ပါတယ်။




From: VOA

Saturday, March 23, 2013

ကုလားကို ထိလျင်မခံသော ဒေါ်စု နှင့် ဘင်္ဂလီကို ထိလျင် မကြိုက်သော ၈၈ မင်းကိုနိုင် ဖတ်ရန်

Posted by drmyochit Saturday, March 23, 2013, under | 13 comments



ကိုယ့်မြန်မာအချင်းချင်း - သတ်ဖို့- မုန်းဖို့ - စိတ်ဝမ်းကွဲဖို့ - လှုံ့ဆော်ဖို့ဆိုရင်တော့ - ခြင်္သေ့ကြီးတွေလို - သောက်သံကြီးတွေ - ဟိန်း ထွက်လာတတ်ပြီး

မွတ်စလင်မ် တွေနဲ့ ပက်သက်လာရင်တော့-
( ခဲပစ်ခံ ရမှာကြောက် တဲ့ခွေးလို ) သောက်ပြစ် တစ်ခွန်းမှ မပြော ရဲတော့ပဲ-
( ကြောက် လွန်းလို့ - ရူးကြောင်ကြောင် ဖြစ်သွားသော ) ကြောက်ရူးများ

မွတ်စလင်မ် အရေးနဲ့ ပက်သက် လာရင်တော့- မြန်မာတွေ ကို နှစ်ပြား မတန်အောင်ပြော ရဲပေ မယ့်- ပြော ထွက်ပေမယ့်-

အစ္စလာမ်နဲ့ ပက်သက်လာရင် ကြောက်လန့်ပြီး - အသံတောင် မထွက်ရဲတော့တဲ့-

အထူအပါး-နားမလည်သော- ဂေါက်ကြောင်များသို့-

" မွတ် ဆလင် ကို ထိလျှင် - အဖေ ကို အစော်ကား ခံရ တာထက် ပိုနာသော -လောက်ကောင်များ" နှင့် " အစ္စ လာမ် ထိလျှင် - မချိအောင် နာတတ်သော ဂေါက်ကြောင်များ " - သို့


မြန်မာတွေကမှားတယ်၊ မွတ်ဆလင်တွေက မှန်တယ်တဲ့။ မူဆလင် လောက်ကောင် တွေပြောတဲ့စကား-

ဒါဆိုရင် -

တစ်ကမ္ဘာလုံးမှာ ဟိန္ဒူနဲ့ - ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ- မြန်မာပြည်မှာ မှ - မြန်မာနဲ့ ဟိန္ဒူနဲ့ ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာလက်ခံပေးလို့ရတယ်

တစ်ကမ္ဘာလုံးမှာ ခရစ်ယာန်နဲ့ ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ-
မြန်မာပြည်မှာမှ - မြန်မာ နဲ့ ခရစ်ယာန်ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာ လက်ခံပေးလို့ရတယ်

တစ်ကမ္ဘာလုံးမှာ ဘာသာမဲ့တွေနဲ့ ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ-
မြန်မာပြည်မှာမှ - မြန်မာ နဲ့ ဘာသာမဲ့တွေနဲ့ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာ လက်ခံပေးလို့ရတယ်

အခု-တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းမှာ သောက်ပြဿနာပေါင်း
သောင်းခြောက်ထောင်လိုက်ရှာပြီးတော့-
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းနဲ့ သောက်ပြဿနာဖြစ်နေတဲ့ မူဆလင်ချီးထုပ်တွေကြောင့်-
မြန်မာမှားတယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိတော့ဘူး။

မူဆလင်တွေက ဘယ်နိုင်ငံ၊ ဘယ်လူမျိုးနဲ့ မှ ဘယ်လိုအဓိကရုဏ်း၊ ဘယ်လိုပြဿနာမှ မဖြစ်ခဲ့ဖူးပဲ နဲ့-

မြန်မာတစ်နိုင်ငံတည်းမှာမှ ထူးပြီး - မူဆလင်တွေနဲ့ ဖြစ်တယ်ဆိုရင်တော့ပြောပေါ့ဗျာ။

Logic နဲ့ အဓိပ္ပါယ်ရှိရှိ၊ ကျိုးကြောင်းဆက်စပ်ဆီလျှော်မှုရှိရှိပြောကြပါ။

ဘာသာတိုင်းက ငြိမ်းချမ်းမှုကို ရှေးရှုတယ်ဆိုရင်-

အစ္စလာမ်ကုရ်အာန်အယူဝါဒကို အတိအကျကျင့်သုံးနေတဲ့
မွတ်ဆလင်ဌာန ချုပ်ဆော်ဒီမက်ကာမှာ စေတီပုထိုးတစ်ခု ( ဘာသာတိုင်းညီညွတ်မှု၊ သာတူညီမျှအတွက် ) တည်ပြလိုက်ပါ။

အဲဒီလို ဦးတည်ချက်ရှိတဲ့ အစ္စလာမ်ကုရ်အာန်အယူဝါဒကိုယ်၌ကို - ဘာသာတရား အဆင့် အတန်း- မရှိရုံမျှမက - အောက်တန်းစားအယူဝါဒတစ်ခုမျှသာဖြစ်ပါတယ်။

From:လူထု မောင်ကာဠု

Friday, March 22, 2013

မင်းကိုနိင် ဆိုတဲ့ လူကို မေးချင်တာက

Posted by drmyochit Friday, March 22, 2013, under | No comments



လက်ပံတောင်းကိစ္စမှာ သွေးမဆူပဲ ပုံမှန်အခြေအနေပဲ ရှိတဲ့ လူထု ကိုတောင် ခင်ဗျား နားဝင်အောင် နားချနိင် ခဲ့လို့လား ။

ဦးနှမ်းဖြူး ၊ အသက် (၈၈) နှစ်ဆိုပြီး ပါဖောင့်မန့်လုပ် ခင်ဗျားတို့နှင်ထုတ် ခံရတာ သိပ်မကြာ သေးပါဘူး  မိတ္ထီ လာ ကိစ္စမှာ ဒေါ သ ထွက်နေတဲ့ သွေးဆူနေတဲ့ လူအုပ်ကို ရဲအယောက် (၈၀) နဲ့ ဘာများ လုပ်စေချင် လို့ လဲ ?
နောက် ခင်ဗျားပြောသွားတဲ့ ခင်ဗျားတို့ရဲ့ကွန်ယက်တွေကနေ သတင်းတွေရနေတယ် ဆိုတာ..

ခင်ဗျား ကွန်ယက်မှာ မွတ်စလင် ဘယ်နှစ်ယောက်ပါလဲ ဆိုတာ ခင်ဗျား ဘာလို့ ထည့်မပြောခဲ့သလဲ ??

၈၈ မြအေး မွေးထားတဲ့ ကုလား ကိုကိုအောင် ထောင်ထားတဲ့ Myanmar muslin.net ကနေ

သတင်းမှားတွေ တောက်လျှောက်တင်နေတဲ့ လုပ်ရပ်အပေါ် ခင်ဗျား သိသိကြီးနဲ့ ဘာလို့

ငြိမ်နေပါသလဲ ??

ခေတ်က အရင်လို မဟုတ်တော့ပါဘူး ကိုမင်းကိုနိင် ..

တခုခုဆို အစိုးရကိုပဲ လက်ညှိုးထိုးရမယ့် ခေတ်မဟုတ်တော့ပါဘူး ...

ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် အပြု သဘော ဆောင်တဲ့ သဘောထား ထုတ်ပြန် ချက်တွေ လိုပါ တယ် ။

ခင်ဗျား နာမည် ကောင်းရဖို့ အတွက် ခင်ဗျား စတေး လိုက်တာ ဗုဒ္ဓ သာသာနာ မဖြစ်ပါစေနဲ့ ...


From : ..မောင်ကာဠု

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်