Thursday, October 11, 2012
ဦးသိန်းစိန် နိုဘယ်ဆု မရနိုင်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
မုန်တိုင်းငယ် အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
ရန်ကုန်- အောက်တိုဘာ ၁၁
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖြတ်ကျော် ၀င်ရောက် နေသော မုန်တိုင်း ငယ်ကြောင့် မြန်မာ နိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေ သကြီး လေးနေရာတွင် ယနေ့ နံနက် ၅ နာရီမှ ၂၄ နာရီအတွင်း မိုးသည်း ထန်စွာ ရွာသွန်း နိုင် ပြီး နေရာ ကွက်ကြား မိုးကြီး နိုင်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးချစ်ကျော် ကပြောသည်။
တာလီဘန်တို့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ကျောင်းသူတစ်ဦး၏ ဦးခေါင်းအတွင်းမှ ကျည်ဆန် အောင်မြင်စွာ ခွဲထုတ်
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ မြန်မာသို့ ငွေထုတ်ချေးနိုင်ရန် အမေရိကန် ပိတ်ဆို့မှုရုပ်သိမ်း
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
ဝါရှင်တန်၊အောက်တိုဘာ-၁၁
အမေရိကန် သမ္မတ အိုဘားမားသည် ကမ္ဘာ့ဘဏ် ကဲ့သို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း များအား မြန်မာသို့ ငွေ ထုတ်ချေး မှုကို အမေရိကန်က ပိတ်ဆို့ အရေးယူ ထားမှုအား ရုပ်သိမ်း လိုက်ကြောင်း သိရ သည်။
အမေရိကန် အစိုးရသည် ယခုအခါ စစ်အုပ်ချုပ်ရေး လက်အောက်၌ ဆယ်စုနှစ် များစွာ ရှိခဲ့သော မြန်မာ အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူ ထားမှုများ အားလုံးကို ထင်ထင် ရှားရှားပင် ရုပ်သိမ်းပြီး သလောက် ဖြစ်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်း ကလည်း အမေရိကန် ကွန်ဂရက်သည် အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အပါအ၀င် ကမ္ဘာ့ ဘဏ္ဍာရေး အဖွဲ့ အစည်း များအား မြန်မာသို့ ငွေထုတ် ချေးပိုင်ခွင့် ပိတ်ပင် ထားခြင်းကို သမ္မတ အိုဘားမားမှ အဆုံးသတ် စေနိုင်မည့် ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြု ခဲ့ပြီး ဖြစ်သည်။
အုန်းဖျန်စခန်း ဒုက္ခသည်များ ရာသီဥတု ဆိုးရွားမှုဒဏ် ခံစားနေရ
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
တောင်ကို ရီးယား နိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေး ခရီးသွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ဟာခရီးစဉ် အဆုံး သတ်ပြီး ဒီကနေ့ ညပိုင်းမှာ မြန်မာ နိုင်ငံကို ပြန်လည်ရောက် ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေး ခဲ့ သလို အရေး ပါတဲ့ သဘောတူ စာချုပ် နှစ်ခု ကိုလည်း လက်မှတ် ရေးထိုး ခဲ့တယ်လို့ သမ္မတ ရုံးရဲ့ ညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။ အကြောင်း စုံကို ဦးစံမိုဝေက တင်ပြပေးထား ပါတယ်။
ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေး ခဲ့ သလို အရေး ပါတဲ့ သဘောတူ စာချုပ် နှစ်ခု ကိုလည်း လက်မှတ် ရေးထိုး ခဲ့တယ်လို့ သမ္မတ ရုံးရဲ့ ညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။ အကြောင်း စုံကို ဦးစံမိုဝေက တင်ပြပေးထား ပါတယ်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
ခရမ်းချဉ်သီးတွင် ပါဝင်သော Lycopene ဓာတ်သည်လေသင်တုန်းရောဂါဖြစ်ပွားမှုအန္တရာယ်လျော့ကျနိုင်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
Miss International 2012 ပြိုင်ပွဲဝင် နန်းခင်ဇေယျာ လူမှုကွန်ရက်တွင် အားပေးမှု အထူး ရရှိ နေ
အိုကီနာဝါ အောက်တိုဘာ ၁၀ ရက်
ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပ
နေသော Miss International 2012 ပြိုင်ပွဲ ဝင်နေသူ နန်းခင်ဇေယျာ မှာလူ မှု ကွန်ရက်မှ
အားပေးမှု အထူးရရှိ နေသည်။
နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အလှမယ်
၆၉ဦး ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိရာ အောက်တိုဘာ ၂၁ ရက်တွင် နောက်ဆုံး အဆင့် ရွေးချယ်
မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ရုပ်ရည် ချောမော မှုသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝ
ရမည့်အပြင် ပရိသတ် များ၏ မဲပေးရွေး ချယ်မှုလည်း အရေးပါ သဖြင့် Miss International
2012 ပြိုင်ပွဲ၏ တရားဝင်ဆု တစ်ဆုဖြစ်သောMiss Internet ဆုအတွက် နန်းခင် ဇေယျာ အား အွန်လိုင်းမှ
မဲပေး ရွေးချယ် ခြင်းကို www. flicker.com/photos/64086169@ n03/sets/ 72157631640709082
တွင် မဲပေး ရွေးချယ် နိုင်ကြောင်း နန်းခင် ဇေယျာက သူမ၏ ဖေ့စ်ဘွတ် စာ မျက်နှာမှ တစ်ဆင့်
ပြောကြားထားသည်။
ရန်ကုန်ကို ပျာပုံဖြစ်အောင် လုပ်ခဲ့တဲ့ အင်္ဂလိပ်တို့၏ အမြှောက်ကြီးများ ရွှေတိဂုံအနီးတွင် တူးဖော်ရရှိ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
ပါကစ္စတန်တွင် လူ့အခွင့်အရေးလှုပ်ရှားသူ မိန်းကလေး ပစ်ခတ်ခံရ
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
ပါကစ္စတန် နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးအား တာလီဘန် တပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အသက်(၁၄)နှစ်ရှိ မာလာလာ ယူဆက်ဖ် ဇိုင်းသည် နိုင်ငံအတွင်း မိန်းကလေးများ ကျောင်းတက်ခွင့်အတွက် လှုပ်ရှားစည်းရုံးမှုကြောင့် လူသိများပြီး လူအများ ရိုသေလေးစား ခံရသူ ဖြစ်သည်။ ကျောင်းသူလေး တစ်ဦးသာ ဖြစ်နေသေးသော မာလာလာ သည် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် ဒဏ်ရာ ရရှိသွားခဲ့သည်။ သူမသည် တာလီဘန်တို့ကို ဆန့်ကျင် လှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားပြီး ကျောင်းကားပေါ်တွင် ရှိနေစဉ် သေနတ်သမား တစ်ဦးက သူမကို ပစ်မှတ်ထား လုပ်ကြံခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၊ ဂျပန်နှင့် တရုတ် ငွေထုတ်ကတ်လေးမျိုး ပြည်တွင်း၌ သုံးခွင့်ရပြီ
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
နိုင်ငံ တကာသုံး ငွေထုတ် ကတ်လေး မျိုးကို ပြည်တွင်း၌ စတင်အသုံးပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က အောက်တို ဘာလ ၃ ရက်နေ့၌ ခွင့်ပြု လိုက် ပြီဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်တစ် ခုမှ စုံစမ်း သိရှိရ သည်။ ပြည်တွင်း ၌ သုံးစွဲခွင့်ရသည့် နိုင်ငံတကာ သုံး ငွေထုတ်ကတ် ၄ မျိုးမှာ အမေရိကန်နိုင်ငံထုတ် VISA နှင့် MASTER Card၊ ဂျပန်နိုင်ငံထုတ် JCB Card နှင့် တရုတ်နိုင်ငံထုတ် CUP Card တို့ ဖြစ် သည်။ ငွေပေးချေမှု အဆင့်မြှင့်တင်ရေး အတွက် International Card များဖြစ်သည့် VISA၊ Master၊ CUP နှင့် JCB ကတ်များအား ပြည်တွင်း၌ သုံးစွဲခွင့်ပြုရေးအတွက် MPU အဖွဲ့ဝင် ဘဏ်များနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် MIT တို့မှ မြန်မာနိုင်ငံဘဏ်များ အသင်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို သက်ဆိုင်ရာသို့ တင်ပြထားခဲ့ရာ ဗဟိုဘဏ်မှ အချက် ၄ ချက်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်ပြုချက်များအရ နိုင်ငံတကာ ကတ်ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှ လက်ခံရယူပြီး ပထမအဆင့် သုံးစွဲမည်ဖြစ်၍ ဘဏ်တစ်ခုချင်းစီနှင့် ATM စက်များတွင် စတင်သုံးစွဲနိုင်ရန် ဆောင်ရွက်ရေး အဆိုပါ ATM စက်များနှင့် ချိတ်ဆက်ရာတွင် လိုအပ် သည့် နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် MIT၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တို့နှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အဆိုပါ ကတ်များအား POS Terminal ထားရှိ၍ လက်ခံသုံးစွဲရန် အတွက် MPU POS အပြင် MPU, POS နှင့် ကွဲပြားသည့် International POS Terminal ကို ထပ်မံချထား၍ ၎င်းကတ်များအားလုံး စုပေါင်းသုံးစွဲနိုင်သည့် ပုံ စံဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာပိုင်းကို MIT နှင့် ညှိနှိုင်းရန်နှင့် ဆက်သွယ်ရေး လိုင်းများ အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက် သွားရေးအပြင် အဖွဲ့ဝင် ဘဏ်များမှ ၎င်းကတ်များ၏ Acquiring များ ဆောင်ရွက်ရန် အတွက် Settlement ဆိုင်ရာ ကိစ္စရပ် များ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရှင်းလင်းစွာ ဖော်ပြပေးရန်တို့ကို ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် များ သို့ ညွှန်ကြားထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် International Gateway အတွက် သီး သန့် Switch ကို MPU တွင် ထားရှိပြီး နိုင်ငံတကာကတ်များ သုံးစွဲမှုကို ဗဟိုဘဏ်မှ ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်သည်။ ယခုသုံးစွဲခွင့်ပြုသည့် နိုင်ငံတကာသုံး ငွေထုတ်ကတ် ၄ မျိုးကို လာမည့် ဆီးဂိမ်းအမီ အသုံးပြုနိုင်ရေး အတွက်ကိုလည်း ပုဂ္ဂလိက ဘဏ်များက စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘဏ် အသိုင်းအဝိုင်း အတွင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်ရှိပြီး ယင်း ထဲမှ ဘဏ် ၁၇ ဘဏ်သာ ATM အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသေးကြောင်း သိရှိရသည်။
မြန်မာအနေနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေး စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးနေကြောင်း သမ္မတပြောကြား
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာ အသိုင်း အ၀ိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီး ပွားရေး ၀န်းကျင်ကောင်းတစ်ခုကို ဖန် တီးနေ ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်ကေ အာက်တိုဘာ လ ၉ရက်တွင် တောင်ကိုရီးယားနိုင်ငံ KOTRA ဌာနချုပ်ရုံး၌ ပြု လုပ်သော မြန်မာရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသွားသည်။ မြန်မာနိုင်ငံအနေနှင့် ရရှိထားသောနိုင်ငံရေးဖြစ် ထွန်းမှုများကို ပံ့ပိုး ကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု့များနည်းပညာ အကူ အညီများ လိုအပ်နေ ချိန်ဖြစ်ကြောင်းလည်း ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာအင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိ ယနှစ်နိုင်ငံ အကြားတည်ရှိနေသည်ကို “မြန်မာနိုင်ငံသည် မဟာဗျုဟာမြောက် တည်နေရာဖြစ်သော ကမ္ဘာ့စီးပွားရေးအင် ဂျင်နှစ်ခုအကြားတွင် တည်ရှိနေကြောင်း” ရည်ညွှန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အနေနှင့် အလားအလာကောင်းသော်လည်း ရင်းနှီးမြုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍများ ရှိနေသေးခြင်းက လည်း မြန်မာနိုင်ငံ၏စီးပွားရေးအနာဂတ်အတွက် အားသာချက် များဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။
တိုင်းပြည်ကိုအမှန်တကယ်ဖျက်ဆီးနေသော သာကူးများ(ပေးစာ - ၁၈၆)
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
အင်္ဂလိပ်ခေတ် - ဟေးတို့အရေးပိုင်မင်းကြီးကွ၊ ငါတို့ဘုရင်မကြီးကွ။
ဂျပန်ခေတ် - ဟေးတို့ကင်ပေတိုင်ကြီးကွ၊ မာစတာကြီးကွ။
လွပ်လပ်ရေးကြိုခေတ် - ဟေးတို့မြန်မာ့တပ်မတော်ကွ၊ ဗိုလ်ချုပ်အောင်ဆန်းကွ။
၁၉၄၈ - တို့ဖဆပလကွ၊ သန့်ရှင်းဖဆပလကွ။
၁၉၄၈ လွန် - တို့ဗကပကွ၊ ကားမက်စ်လမ်းစဉ်အောင်ရမယ်ကွ။
၁၉၆၂ - တို့တပ်မတော်ကွ၊ ဗိုလ်ချုပ်ကြီးနေ၀င်းကွ၊ ဖဆပလဘာသုံးစားလို့ရလဲ။
၁၉၆၂ လွန် - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအောင်ရမည်။
၁၉၈၈ - အာဏာရှင်ကိုတွန်းလှန်ကြဟေ့၊ အမေစုကွ။
၁၉၉၀ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကွ၊ အမေစုကွ။
၁၉၉၀ လွန် - ဘာဒီမိုကရေစီလဲ၊အခြေခံဥပဒေမရှိမှတော့ရွေးကောက်ပွဲဟာဘာမှအကျုံးမ၀င်ဘူးကွ၊ တို့တပ်မတော်ကွ ဗိုလ်ချုပ်ကြီးစောမောင်ကွ၊ သွားစမ်းပါ ကုလားဖြူမယား။
၂၀၀၀ လွန် - တို့မြန်မာ့တပ်မတော်ကွ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကျန်းမာပါစေ။
၂၀၁၀ - ဟေး တို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးကွ၊ ပြည်ခိုင်ဖြိုးကွ။
၂၀၁၁ - ဦးသိန်းစိန်ကွ၊ သမ္မတကြီးကျန်းမာပါစေ။
၂၀၁၂ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကွ၊ အမေစုကွ။ မှတ်ထား အာဏာရှင်တွေနာတော့မယ်။
၂၀၁၂ လွန် - အင်းစောင့်တော့ကြည့်ရဦးမယ် (အမှန်ကသာကူးဖို့သာဖြစ်ပါကြောင်း)
ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီးတွင် အမျိုးသမီးအလောင်း တွေ့ရှိ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်သို့ အယ်လ်ဇော်နောင်( မြစ်ကြီးနား ခရစ်ယာန်အသင်းတော်)မှ အိတ်ဖွင့်ပေးစာ
Posted by drmyochit
Thursday, October 11, 2012, under ဓါတ်ပုံသတင်း | No comments
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲတော် ကျင်းပ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ရှင် တော်မြတ်များ ဒေသစာရီကြွချီပူဇော် ပွဲကို သီတင်းကျွတ် လဆန်း ၁ ရက် (အောက်တိုဘာ ၁၆ ရက်)မှ သီတင်း ကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ၂ ရက်) ထိ ကျင်းပ မည်ဖြစ်သည်။ ''အင်းလေးဒေသ ၂၁ ဌာနကို ကြွချီ အပူဇော်ခံမှာ ဖြစ်ပြီး ညောင်ရွှေမြို့မှာ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်ကြာ ကိန်းဝပ်အပူဇော်ခံကာ ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်း ကော်မတီ၊ဆပ်ကော်မတီ များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်''ဟု ညောင်ရွှေမြို့ သီတင်း ကျွတ် ဖောင်တော်ဦး ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
(အရေးကြီးသတင်းပေးချက်) ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်း စဖြစ်တော့မည် ဟုသိရ"
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန
ဘင်္ဂလား ပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော
မုန်တိုင်းငယ်သည် အစောဆုံး အနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ
၁၁ ရက် နံနက် တို့တွင် ရခိုင် ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး
ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။
အစိုးရသတင်းစာ အလွတ်သတင်းထောက် စတင်ခေါ်ယူ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ်၌ ရွှေလုပ်ငန်းရှင်များ အကြွေးတင်၊ ကျောက်လုပ်ငန်းရှင်များ လိုင်စင်မရ ဖြစ်နေ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် စီးပွားရေး လုပ်ငန်းရှင်ကြီး များမှာ လုပ်ငန်းရပ် ဆိုင်းခံရ သဖြင့် စီးပွားရေး ထိခိုက်မှုများစွာရှိနေကာ အစိုးရထံ အခွန်အကြွေးများတင်ရှိနေကြောင်း သိရ သည်။
ပြီးခဲ့သည့် နှစ်မှ စတင်ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်း ပြည်တွင်းစစ်အရှိန်ကြောင့် ရွှေလုပ်ငန်း လုပ် ကွက်များနှင့် ရပ်နားထားရသည်မှာ ၂ နှစ် နီးပါးရှိလာပြီဖြစ်ကာ စီးပွားရေး လုပ်ငန်းရှင်များ ထိခိုက် နစ်နာ မှုများ စွာရှိနေခြင်းဖြစ်သည်။ ကချင်ပြည်နယ်၏ ရွှေလုပ်ငန်းလုပ်ကွက်များကို ၀ိုင်းမော်မြို့နယ် - နာမ်ဆမ် ယာန်၊ ချီဖွေ ကားလမ်းမှ တစ်လျှောက်၊ ၅၉ မိုင် မှ မေခမြစ်ကမ်း နှစ်ဘက် တစ်လျှောက်၊ မချမ်းဘော့မ် မြို့ နယ်၊ ဗန်မော်မြို့နယ်ရွှေဂူမြို့၊မိုးညှင်းမြို့နယ်- အင်းတော်ကြီးကျေးရွာ များနှင့် ရွှေလုပ်ကွက် အများဆုံး တည်ရှိ သည့် တနိုင်း မြို့နယ်များတွင် စက်ယန္တယားများဖြင့်ရွှေတူးဖော်ကြခြင်း ဖြစ်သည်။
လုံးခင်းတွင်KIA နှင့်အစိုးရတပ်ဖြစ်တဲ့တိုက်ပွဲ အမှန်က ဒီလို
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တိုဘာလ (၉) ရက်နေ့ မနက် (၉) နာရီခန့်တွင် ဖားကန့်ဒေသ၊ လုံးခင်း၊ လီဖျင်ရွာ အနီး ကျောက် ဖျာကွေ့တွင် KIA တပ်မဟာ(၂) မှ အင်အား (၂၀) ယောက်ခန့်သည် ရွာဘေးမှဖြတ်လာသော အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲမှာ နံနက် (၁၀) နာရီခန့်အထိ တစ်နာရီလောက် ပြင်းထန် စွာဖြစ်ပွားခဲ့ပြီး KIA ဘက်မှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ကချင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ပေါက်များမှ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံအထိ မြင့်တက်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ မှောင်ခိုတင်သွင်းမှုများ များပြားနေသေးခြင်း၊ ကချင်နှင့် ရခိုင်ပြည် နယ်များရှိ နယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုအပြည့်အ၀မပြုနိုင်သေးသည့် အခြေအနေများရှိသော် လည်းနယ်စပ်ကုန်သွယ်မှုပမာဏမှာ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် အထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရသိရ သည်။
ဖားကန့် စစ်ပြေးဒုက္ခသည်အချို့အိမ်ပြန်၊ တိုက်ပွဲများ ထပ်ဖြစ်
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
မက္ကဆီကို မူးယစ်ခေါင်းဆောင် တဦးကိုအသေမိ
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
KIA ရဲ့ လွယ်ဂျေဘွမ်းထိုးစစ်လန်၊ အကျအဆုံးများ
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တိုဘာ(၉)ရက်တွင် အစိုးရတပ်များ ခံစစ်ယူထားသော ဒေါ့ဖုန်းယန်မှ ၅ မိုင်ခန့်အကွာရှိ လွယ်ဂျေ ဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း (၂၄) မှ ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် KIA တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃) နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။
အမေရိကန်ကို မြောက်ကိုရီယားက ဒုံးကျည်ဖြင့် ခြိမ်းခြောက်
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
မြောက်ကိုရီယားနိုင်ငံက သူတို့မှာ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ မဟာဗျူ ဟာမြောက် ဒုံးကျဉ်တွေ ပိုင်ဆိုင်ထားတယ်လို့ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ က ပြောလိုက် ပါ တယ်တဲ့။
နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှုကို အင်္ဂလိပ် ရေလက်ကြားမှ ထောက်လှမ်းနိုင် သည့် ရေငုပ် သင်္ဘောကြီး
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
BAE ကုမ္ပဏီက ဗြိတိန် တော်ဝင် ရေတပ်အတွက် တည်ဆောက်ခဲ့သည့်HMS Ambush နျူကလီးယား စွမ်း အင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို စက်တင်ဘာ ၁၄ ရက်က ရေချခဲ့ကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောသည် အဆင့်မြင့် နည်းပညာသုံး ရေငုပ်သင်္ဘော တစ်စင်း ဖြစ်ပြီး စတာလင်ပေါင် ၁ ဘီလီယံနီးပါး တန်ဖိုး ရှိကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောတွင် မိုင်၁၂ဝဝ အထိ ပစ်ခတ်နိုင်သည့် Tomahawk
စက်တင်ဘာလ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ သန်းကျော် ရှိခဲ့
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
From : mrtv4
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အ ရ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပမှပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံထား မှုမှာ အမေရိ ကန် ဒေါ်လာ ၆.၇၃၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ ထဲမှာ ဂျပန်နိုင်ငံနဲ့ ကိုရီးယား နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင် များဟာ အများဆုံး လာရောက် မြှုပ်နှံကြ တာ ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ၅ ခုကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့သီးနှံပြပွဲ စင်ကာပူတွင် ကျင်းပမည်
Posted by drmyochit
Thursday, October 11, 2012, under သတင်းများ | No comments
From : ခေတ်လူငယ်
မြန်မာ့သီးနှံထွက်ကုန် ပြပွဲကို စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွား မည် ဖြစ်ပြီး အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် များအား ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူက ပြောသည်။ “ဒီပွဲကို တောင်သူတွေအနေနဲ့ သူတို့ စိုက်ပျိုးတဲ့ သီးနှံတွေ ကို ပြည် ပဈေးကွက်ဝင်ပြီး ဈေးကောင်းလည်းရအောင် ရည်ရွယ်ပြီးလုပ်ဖို့ စီစဉ်ခဲ့တာပါ။ ပြပွဲမှာ လတ်ဆတ်တဲ့ ထွက်ကုန်တွေကိုပဲ ဦးစားပေးပြီးပြသဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် တောင်သူတွေဘက်က တန်ဖိုးမြှင့် ထွက်ကုန် အနေနဲ့ ပြချင်တယ် ဆိုရင်လည်း စီစဉ်ပေးသွားပါမယ်” ဟု ဒေါ်လဲ့လဲဦးက ပြောသည်။ အဆိုပါ ပြပွဲကို ပြည်ပသို့ သီးနှံများ တင်ပို့ရောင်းချလျက်ရှိသော မာလာမြိုင်ကုမ္ပဏီမှ ဦးဆောင်ကျင်း ပမည်ဖြစ်ပြီး ဝင်ရောက်ပြသလိုသော တောင်သူများအနေဖြင့် ကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုထိတော့ ဆက်သွယ်လာတဲ့ တောင်သူတွေ မရှိသေးဘူး။ တကယ်လို့ သူတို့က ဝင်ရောက်ပြသချင်တယ် ဆိုရင်လည်း ဘယ်သီးနှံမဆို ပြနိုင်ပါတယ်။ နောက်ပြီး တစ်ခါ တည်း သူတို့ရဲ့ တင်ပို့ရောင်းချမယ့် သီးနှံရဲ့ ဈေးနှုန်းကိုလည်း မြန်မာငွေနဲ့ ဘယ်လောက် အနေ အထား ထိ လိုချင်တယ် ဆိုတာလည်း တစ်ခါတည်း ပြောခဲ့ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကွန်မြူနစ် ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော ကွယ်လွန်
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
ကွန်မြူနစ် ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော အသက် ၉၃နှစ် သည် ယနေ့နံနက် ၃နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်ယူနန်ပြည်နယ် ၊ ကူမင်းဆေးရုံ၌ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ဦးကျော်ဇော သည် ၁၉၇၆ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျို့ဝှက် ထွက် ခွာသွားပြီး ၁၉၇၆ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်၌ စစ်အကြံပေးနှင့် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့ပြီးဗမာပြည် ကွန်မြူနစစ်ပါတီ ဗဟိုစစ်ဦးစီးဌာန ဗဟိုစစ်ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့သည်။
မြောက်ကိုရီးယား တာဝေးပစ်ဒုံးလက်နက် အမေရိကန်ထိရောက်နိုင်
Posted by drmyochit
Thursday, October 11, 2012, under နိုင်ငံတကာသတင်းများ | No comments
တောင်ကို ရီးယားနိုင်ငံက သူ့ရဲ့ပဲ့ထိန်းတပ် ဒုံးကျည်တွေ ပျံသန်းရောက်ရှိနိုင်တဲ့ အကွာအဝေးကို ထပ် ပြီးတော့ တိုးမြှင့်ဖို့ ခွင့်ပြုကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရတို့ သဘောတူ လက်မှတ်ထိုး လိုက်ပြီး တဲ့နောက် နှစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အမေရိကတိုက် ကို ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ သတိပေးသွားပါတယ်။
ရန်ကုန်မြို့တွင်းရှိ တက္ကစီယာဉ် များအား အဖွဲ့ဖွဲ့ကာ ထိန်းသိမ်း ကြပ်မတ်ကွပ်ကဲ သွားမည်
Posted by drmyochit
Thursday, October 11, 2012, under ပြည်တွင်းသတင်းများ | No comments
From : MRTV4
ရန်ကုန်မြို့တွင်း မောင်းနှင်နေတဲ့ တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမှုများ ဆောင်ရွက်မည့် အဖွဲ့တစ်ခု ဖွဲ့စည်း ဆောင်ရွက် သွားဖို့ ရှိတယ်လို့မ.ထ.သ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အ ရသိရပါတယ်။ အဲ့ဒီလို တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမယ့် အဖွဲ့ တစ်ခု ဖွဲ့စည်း ဆောင် ရွက်ဖို့ အတွက် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မှာကြား ထားတာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခု လက်ရှိမှာ အဆိုပါ အဖွဲ့ ဖွဲ့စည်းဖို့ အတွက် ရန်ကုန်မြို့တွင်းမှာ မောင်းနှင် သွားလာနေတဲ့ တက္ကစီ မော်တော်ယာဉ် အစီးရေ အတွက်၊ မှတ်ပုံတင် ထားတဲ့ ယာဉ်အစီးရေနဲ့ မြို့နယ် အလိုက်ရှိတဲ့ တက္ကစီယာဉ် အစီးရေ အတွက် အစတဲ့ရှိ စာရင်းဇယား တွေကို ကောက်ယူ နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း မောင်းနှင်နေတဲ့ တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမှုများ ဆောင်ရွက်မည့် အဖွဲ့တစ်ခု ဖွဲ့စည်း ဆောင်ရွက် သွားဖို့ ရှိတယ်လို့မ.ထ.သ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အ ရသိရပါတယ်။ အဲ့ဒီလို တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမယ့် အဖွဲ့ တစ်ခု ဖွဲ့စည်း ဆောင် ရွက်ဖို့ အတွက် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မှာကြား ထားတာ ဖြစ်တယ်လို့ သိရ ပါတယ်။ အခု လက်ရှိမှာ အဆိုပါ အဖွဲ့ ဖွဲ့စည်းဖို့ အတွက် ရန်ကုန်မြို့တွင်းမှာ မောင်းနှင် သွားလာနေတဲ့ တက္ကစီ မော်တော်ယာဉ် အစီးရေ အတွက်၊ မှတ်ပုံတင် ထားတဲ့ ယာဉ်အစီးရေနဲ့ မြို့နယ် အလိုက်ရှိတဲ့ တက္ကစီယာဉ် အစီးရေ အတွက် အစတဲ့ရှိ စာရင်းဇယား တွေကို ကောက်ယူ နေတယ်လို့ သိရပါတယ်။