From : popular
ပြည်သူ ရင်ပြင်၌ အဆောက် အဦးဆောက် လုပ်ရန် အတွက် တွင်းတူး စဉ်မြေ ဆယ်ပေ အနက် အရောက် တွင် ရှေးဟောင်း အမြောက်ကြီး တူးဖော်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း အမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊ လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်း အချင်း ၁၈ လက်မ ၊ ကျည်ထွက် ပေါက် ၉ လက်မ ရှိကြောင်း သိရသည်။
ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က
အမြောက် ဖြစ်ကြောင်း ကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။ယင်းအမြောက်ကြီးကို
ယန္တရား စက်မောင်း ဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment