ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ
Jose Abad Santos နှင့် Davao del Sur မြို့တို့ရှိ ပြည်သူ တပ်မတ်ာအမည်ခံသောင်းကျန်းသူတပ်ဖွဲ့များနှင့်
ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ဝင်များအကြား ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူ
၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
နံနက် ၀၇၁၅ အချိန်ခန့်တွင် အစိုးရတပ်ဖွဲ့ဝင်များသည် Sitio Datalab မြို့ဝန်းကျင်တွင်
တစ်နာရီခွဲခန့် အကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူများဖမ်းဆီးရမိခဲ့ကြောင်း အရေအတွက်အတိအကျ
တွက်ချက်မှု မပြုလုပ်နိုင်သေးကြောင်း အမှတ်(၁၀)ခြေမြန်တပ်မမှပြောရေးဆိုခွင့်ရှိသူ
Lyndon Paniza ကပြောကြားခဲ့ပါသည်။ သောင်းကျန်းသူများသည် ရှုံးနိမ့်ဆုတ်ခွာသွားခဲ့ကြောင်း၊
သောင်းကျန်းသူအဖွဲ့များ၏အကြွင်းအကျန်များကိုအစိုးရတပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက်
ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ (Xinhuanet.com;Jun-24(sun))
Tel Aviv မြို့ရှိဘဏ်ကိုဖျက်ဆီးမှုဖြင့် ဆန့်ကျင်ကန့်ကွက်သူ ၈၅ ဦးကို ဖမ်းဆီး
ချုပ်နှောင်ထားခဲ့ရကြောင်း
အစ္စရေးတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။
မြို့တော် Tel Aviv အတွင်း ဘဏ်ကိုဖျက်ဆီးသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဆန့်ကျင်ကန့်ကွက်သူ ၈၅ ဦးကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။
အစ္စရေး၌ ဆန္ဒပြသူများသည် Tel Aviv မြို့လယ်တွင် ဇွန်လ ၂၄ ရက်နေ့နံနက်အစောပိုင်း၌
ဘဏ်ပြတင်းပေါက်များရိုက်ချိုး
ဖျက်ဆီးပြီး ကားလမ်းများပိတ်ဆို့ခဲ့ကြပါသည်။ နောက်လိုက်များက ၂ ရက်အတွင်း လူထုအား
ဖွဲ့စည်း၍ ကန့်ကွက်မှုပြုလုပ်ခဲ့ကြပါသည်။ ဇွန်လ ၂၃ ရက်နေ့
ညနေပိုင်းတွင် လမ်းများပေါ်၌ရာ ပေါင်းများစွာသော လူစုကြီးရောက်ရှိနေပြီး အချို့မှာ ကားလမ်းမကြီးများအား ပိတ်ဆို့ခြင်း၊ ရဲများနှင့် လုံးထွေးသတ်ပုတ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။
ရဲများက ကန့်ကွက်ဆန္ဒပြသူများ သည် ဘဏ် ၅
ခု၏ ပြတင်းပေါက်များအား ရိုက်ချိုးဖျက်ဆီးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ (
Aljazeera.com;Jun-24(sun)
)
အိန္ဒိယနိုင်ငံသည်ယူရိုဇုန်၏ငွေကြေးအကြပ်အတည်းအားကူညီရန်နိုင်ငံတကာငွေကြေး
ရန်ပုံငွေအဖွဲ့ (IMF) သို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကတိက၀တ်အတိုင်း အကူအညီ ပေးခဲ့ကြောင်း
ဇွန်လ ၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ IMF သို့ငွေကြေးကူညီခြင်းသည် မှားယွင်းမှုတစ်စုံတစ်ရာမရှိကြောင်း၊
အိန္ဒိယနိုင်ငံ၏ အရန်ငွေတစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုအပ် လျှင် ၎င်းငွေကိုအသုံးပြုနိုင်ရန်
ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက နိုင်ငံစီးပွားရေးကမောက်ကမဖြစ်နေချိန်
အတိုက်အခံပါတီများ၏တောင်းဆိုမှုကို ဘေးဖယ်ထား ပြီး ကတိက၀တ်အတိုင်း အချိန်မီပေးအပ်ခြင်းဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ မက္ကဆီကိုတွင် G 20 ထိပ်သီးအစည်းအဝေးပွဲကို မကြာမီကပြုလုပ်ခဲ့ပြီး
မိမိနိုင်ငံအား ငွေကြေးအကူအညီပေး မည်ဟုကြေညာခြင်းမပြုမီတွင် BRICS (ဘရာဇီးလ်၊ ရုရှား၊
အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) နိုင်ငံခေါင်းဆောင်များ၏ အကြံဉာဏ်ကိုလည်း ရယူခဲ့ကြောင်း
၎င်းကဆက်လက်ပြောကြားခဲ့ပါ သည်။ (
Xinhuanet.com;Jun-24(sun)
)
အီရန်၏ရေနံတင်ပို့မှုများအပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများသည်
အီရန်၏ ရေနံလုပ်ငန်းအား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ကြောင်း အီရန်ရေနံဝန်ကြီး
Rostam Qasemi ကဇွန်လ ၂၄ ရက်နေ့ကပြောကြားခဲ့သည်ဟု ISNA သတင်းဌာနကထုတ်ပြန် ကြေညာခဲ့ပါသည်။
အီရန်ကိုဆန့်ကျင်သော ဥရောပသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများသည်စတင် ခဲ့ပြီဖြစ်သော်လည်း ၂၀၁၂ခုနှစ်
ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ပြီးမြောက်မည်ဖြစ်ကြောင်း Qasemi ၏ပြောကြားမှုအား ကိုးကား၍
၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများသည် အီရန်နိုင်ငံအတွက်
အခက်အခဲဖြစ်စေမည်မဟုတ်သလို ၎င်း၏ နျူကလီးယားအစီအစဉ်အားလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း
၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်သည် စစ်ရေးအတွက် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း
အနောက်အုပ်စုနိုင်ငံများက သံသယရှိနေသော်လည်း အီရန် နိုင်ငံအနေဖြင့် ထိုစွပ်စွဲချက်များအား
ငြင်းဆန်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ (Xinhuanet.com;Jun-24(sun)
အီရန်-ကာဇက်စတန်မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်ခြင်းအား အရှိန်အဟုန်မြှင့်
ဆောင်ရွက်ရန် အီရန်ဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီးက တောင်းဆိုခဲ့ပါသည်။ အဆိုပါ မီးရထားလမ်းဖြင့်