လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် အာဖဂန်နစ္စတန်မြို့တော်
ကဘူးလ်မြို့ ဆင်ဖြေဖုံးရပ်ကွက်ရှိ ဟိုတယ်တစ်ခုအားတိုက်ခိုက်ခဲ့ပြီး ဓားစာခံများအဖြစ်
ဧည့်သည်များအားဖမ်းဆီးထားကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း
အာဖဂန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ဗုံးပစ်လောင်ချာများနှင့် စက်သေနတ်များကိုင်ဆောင်ထားသော
အဆိုပါအဖွဲ့သည် အပန်းဖြေရာနေရာဖြစ်သော Qargha ရေကန်အနီးရှိ ဟိုတယ်တစ်ခုအား ဇွန်လ ၂၁ ရက်နေ့တွင်
တိုက်ခိုက်ခဲ့ကြပါသည်။ အဆိုပါဖြစ်စဉ်တွင်သေကြေဒဏ်ရာရရှိမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊
သေနတ်သမားများသည် ဓားစာခံ ၁၈ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment