Monday, June 25, 2012

ယူရိုဇုန်အတွက် အိန္ဒိယမှ ဒေါ်လာ ၁၀ ဘီလီယံအကူအညီပေးခဲ့ခြင်း

Posted by Anonymous Monday, June 25, 2012, under | No comments

အိန္ဒိယနိုင်ငံသည်ယူရိုဇုန်၏ငွေကြေးအကြပ်အတည်းအားကူညီရန်နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) သို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကတိက၀တ်အတိုင်း အကူအညီ ပေးခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ IMF သို့ငွေကြေးကူညီခြင်းသည် မှားယွင်းမှုတစ်စုံတစ်ရာမရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ အရန်ငွေတစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုအပ် လျှင် ၎င်းငွေကိုအသုံးပြုနိုင်ရန် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက နိုင်ငံစီးပွားရေးကမောက်ကမဖြစ်နေချိန် အတိုက်အခံပါတီများ၏တောင်းဆိုမှုကို ဘေးဖယ်ထား ပြီး ကတိက၀တ်အတိုင်း အချိန်မီပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မက္ကဆီကိုတွင် G 20 ထိပ်သီးအစည်းအဝေးပွဲကို မကြာမီကပြုလုပ်ခဲ့ပြီး မိမိနိုင်ငံအား ငွေကြေးအကူအညီပေး မည်ဟုကြေညာခြင်းမပြုမီတွင် BRICS (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) နိုင်ငံခေါင်းဆောင်များ၏ အကြံဉာဏ်ကိုလည်း ရယူခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါ သည်။ (
Xinhuanet.com;Jun-24(sun)
)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်