Saturday, August 11, 2012

သီလ၀ါတွင် ရင်းနှီး မြှုပ်နှံရန် မြန်မာ လုပ်ငန်းရှင်များကို ဖိတ်ခေါ်

Posted by drmyochit Saturday, August 11, 2012, under | No comments


 From-  thevoicemyanmar.com

မြန်မာ နှင့် ဂျပန် နှစ်နိုင်ငံ ပူးပေါင်း အကောင် အထည်ဖော်မည့် သီလ၀ါ အထူး စီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရေး အများ ပိုင် ကုမ္ပဏီ လုပ်ကိုင်ရန် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဌ ဦးဝင်းအောင်က ယနေ့တွင် ပြောကြားသည်။


အဆိုပါ အသင်းချုပ်တွင် သြဂုတ်လ ၁၁ ရက်နေ့ ပြုလုပ်သော သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် လုပ်ငန်းရှင်များကို အသိပေးပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။သီလ၀ါ အထူး စီးပွားရေး စီမံကိန်းကို မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက မစ်စုဘီချီ ကုမ္ပဏီ၊ ဆူမီတိုမို ကုမ္ပဏီ၊ မာရူဘနီ ကုမ္ပဏီများ အဓိကထား လာရောက် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်းဦးဝင်းအောင်ကဆိုသည်။

သီလ၀ါ အထူး စီးပွားရေး ဇုန်ကို အများပိုင် လုပ်ကိုင်မည်ကို ကြိုဆိုသော်လည်း ယင်းအထူး စီးပွားရေးဇုန် စတင် အကောင်အထည် ဖော်မည့် ကာလ၊ ပါဝင်မည့် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှု ပမာဏများကို ရှင်းလင်း ပြောဆိုရန် လိုအပ် ကြောင်း အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင် တစ်ဦးက အကြံပြု ပြောကြားသည်။အဆိုပါ စီမံကိန်းတွင် ရှယ်ယာများ ၀င်နိုင်မည့် အချိန်ကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ကြေညာ ပေးသွားမည်ဖြစ်ပြီး မည်သည့် လုပ်ငန်းရှင် မဆို ပါဝင်နိုင်ကြောင်း၊ အဆိုပါ အထူး စီးပွားရေးဇုန် စီမံကိန်းမြေ အကျယ်အ၀န်းမှာ ဟတ်တာ ၂၄၀၀ ရှိကြောင်း ဦးဝင်းအောင်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် မေးမြန်းချက်

Posted by drmyochit Saturday, August 11, 2012, under | No comments


ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မူဝါဒ၊ ပါတီရဲ့ လမ်းညွှန်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဒီဗွီဘီ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မေးမြန်းထား ပါတယ်။လွှတ်တော်ထဲမှာရှိနေတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေကို လမ်းညွှန်မှု ဦးဆောင်မှု ဘယ်လိုပေးသလဲ၊ ကိုယ်စား လှယ်တွေဟာ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့နေရာမှာ သူတို့ တဦးချင်းဆန္ဒအရ ဆွေးနွေးတာလား၊ ဒါမှမဟုတ် ပါတီရဲ့ လမ်းညွှန်မှု၊ ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်ဆွေးနွေးကြတာလဲဆိုတာ ဆွေးနွေးပေးပါ။

“ပြည်ခိုင်ဖြိုးပါတီဆိုတာက ဘာလို့ဖွဲ့သလဲဆိုရင် တဦးတယောက်တည်း လုပ်တာထက် အများကြီးပေါင်းပြီး လုပ်ရင် ပိုပြီး အောင်မြင်မယ်လို့ ယူဆပြီး ပါတီဖွဲ့တယ်။ နောက်တခါ တပါတီတည်းဆိုတာထက် ပါတီအများကြီးဆွေးနွေးရင် ပိုကောင်း မယ် ဆိုပြီး ပါတီစုံကို ကျနော်တို့ လက်ခံတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေဟာ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံကလာကြတာ၊ အတွေးအခေါ်ပေါင်းစုံလည်းရှိကြတယ်၊ အသိပညာပေါင်းစုံလည်း သူတို့မှာရှိကြတယ်။ သူတို့အတွေးအခေါ်နဲ့ သူတို့အယူအဆနဲ့။ ကိုယ့်ဒေသ အကျိုးအတွက် မေးမယ့်မေးခွန်းတွေဆိုရင် ကျနော်တို့ မကန့်သတ် ဘူး။ ပေးလိုက်တယ်။ အဆိုနဲ့ပတ်သက်လို့ကျတော့ ဒီအဆိုနဲ့ ပတ်သက်လို့ ပိုပြီးတော့မှ တကယ့် လိုအပ်ချက်တွေ ပီပီပြင် ပြင်ဖြစ်လာအောင်၊ နောက် ကျနော်တို့လူတွေကလည်းများတော့ သူကလည်းမေး၊ ဟိုလူကလည်းမေး ထပ်ခါ ထပ်ခါမဖြစ်အောင် အဆိုနဲ့ပတ်သက်လို့တော့ ကျနော်တို့ကြည့်ပါတယ်။ ဥပဒေနဲ့ ပတ်သက်လို့တော့ တော်တော်များများတင်ဖို့ ခက်ပါတယ်။ ဥပဒေဆိုတာကတော့ ကျွမ်းကျင်တဲ့လူတွေမှ လုပ်နိုင်တာ၊ ဟိုအရင်တုန်းကလည်း လေ့လာပြီး သားလူတွေမှ လုပ်နိုင်တာဆိုတော့ ဥပဒေပိုင်းကို ကျနော်တို့က အဖွဲ့နဲ့ စဉ်းစားကြတယ်။”လွှတ်တော်ထဲမှာ အခြေအတင် မဲခွဲဆုံးဖြတ်ဖို့ဖြစ်လာပြီဆိုရင် ပြည်ခိုင်ဖြိုးအမတ်တွေက သူတို့သဘောထားအတိုင်း ရပ်တည်ပြီး တသီးပုဂ္ဂ လဆုံးဖြတ် တာလား၊ ဒါမှမဟုတ် ပါတီကို ကိုယ်စားပြုပြီး အားလုံးက တစုတစည်းတည်း ဆုံးဖြတ်တာလား။“တကယ်ပြောရရင်တော့ ကိုယ်ပိုင်ဆန္ဒအပေါ်ရပ်တည်တယ်လို့တော့ ပြောလို့ရတယ်။ သို့သော် ကိုယ်ပိုင်ဆန္ဒသည် လွှတ်တော်ထဲမှာ ဖြစ်သလားဆိုတော့ ကျနော်တို့ အကြောင်းအရာတခုကို ကြိုသိတာပေါ့။ အဲတော့ အပြင်မှာ ကျနော်တို့ အကျိတ် အနယ်ဆွေးနွေးကြတယ်။ ဆွေးနွေးမှုအပေါ်မူတည်ပြီးတော့မှ အများဆန္ဒကို ကျနော်တို့ ယူတယ်။ ယူပြီးရင်တော့ အဲ့ဆ န္ဒသည်တည်ပါတယ်။”

အရင်တုန်းက လက်ရှိအစိုးရသစ်မပေါ်ခင်တုန်းကတော့ လက်ရှိအစိုးရအဖွဲ့ထဲမှာ ပါနေတဲ့ သမ္မတ၊ ၀န်ကြီး တို့တော်တော်များများက ပြည်ခိုင်ဖြိုးပါတီမှာ ခေါင်းဆောင်ပိုင်းနေရာတွေမှာ ယူထားကြတယ်။ တချို့က အစိုးရပိုင်း ရောက်သွားတော့ ပြည်ခိုင်ဖြိုးပါတီမှာ ခေါင်းဆောင်ပိုင်းနေရာလစ်လပ်မှု၊ အစားမထိုးရသေးတာ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဘယ်လိုများမှတ်ချက်ပြုလိုပါလဲ။

မြန်မာ့စက်မှုဆိပ်ကမ်းအတွက် ကျပ်သန်း ၅၆၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည်

Posted by drmyochit Saturday, August 11, 2012, under | No comments



From:ခေတ်လူငယ်

မြန်မာ့စက်မှုဆိပ်ကမ်း ၃၊ ၄၊ ၅ ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် တည်ဆောက်ရေးအတွက် တိုင်းရင်း သားလုပ် ငန်းရှင်မှ BOT စနစ်ဖြင့် အငှားလုပ်ကိုင်ခွင့်ရရှိကာ ယင်းစီမံကိန်းအတွက် ကျပ်ငွေသန်းပေါင်း ၅၆၀၀၀ နှင့် အမေရိကန် ဒေါ်လာ ၄၅ သန်း ပူးပေါင်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းစီမံကိန်း လုပ်ဆောင်ခွင့်ကို မြန်မာ့ အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) ကုမ္ပဏီလီမိတက်မှ ရရှိခဲ့ကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ယင်းကုမ္ပဏီတို့ကြား BOT စနစ်ဖြင့် တည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းအတွက် ချုပ်ဆိုမည့် ပဋိ ညာဉ်စာချုပ်နှင့် မြေငှားစာချုပ် လက်မှတ်ထိုးပွဲ အခမ်းအနားအား သြဂုတ်လ ၄ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။ “၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် အာဆီယံပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး ရှိတဲ့အ တွက်ကြောင့် နောက်ကျန် ၃ နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို အခြားအာဆီယံနိုင်ငံတွေနဲ့ ရင်ပေါင် တန်းနိုင်အောင် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍကို အားပေးဆောင်ရွက်တာ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းအချိုးကို ကြည့်ရင် နိုင်ငံပိုင်က ၃၃ ရာခိုင်နှုန်း၊ ပုဂ္ဂလိကက ၆၇ ရာခိုင်နှုန်း ရှိတယ်။ အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) အနေနဲ့ ပိုင်ရှင်က တိုင်းရင်းသားစစ်စစ်ဖြစ်တယ်။ ဆိပ်ကမ်း (၁) နဲ့ (၂) ကို ၂၀၀၃ ခုနှစ်ကတည်းက အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို အခု (၃၊ ၄၊ ၅) သုံးခုကိုလည်း တိုးချဲ့ပြီး လုပ်ငန်း အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီအနေဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း (၁၊ ၂) ဆိပ်ခံတံတားများ၏ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင် ရာတွင် အောင်မြင်မှုရှိခဲ့ပြီး တစ်ဆက်တည်းရှိ အလုံသင်္ဘောကျင်းနေရာအား ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် သို လှောင် စခန်းများ တည်ဆောက်ခြင်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခွင့် အဆိုပြုတင်ပြလာပြီး စုစုပေါင်း ပြည်တွင်းသုံးငွေ ကျပ်သန်းပေါင်း ၅၆၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဟု တင်ပြထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဆိုသည်။ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) ရဲ့ တင်ပြချက်အပေါ် မြန်မာ့စက်မှုဆိပ်ကမ်းအမှတ် (၃၊ ၄၊ ၅) တည်ဆောက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့အတွက် ဇူလိုင် ၂၄ ရက်က ခွင့်ပြုမိန့် အမှတ် မနသ ၈၅၆/၂၀၁၂ နဲ့ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါတယ်” ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ အဆိုပါ ဆိပ်ခံတံတား ၃ ခုတည်ဆောက်ပြီးစီးပါက အမှတ်(၁၊ ၂) ဆိပ်ခံတံတားနှင့် တစ်ဆက်တည်း ရှိလာမည်ဖြစ်ကာ ဆိပ်ခံတံတားများ၏ စုစုပေါင်းအရှည်မှာ ၇၅၀ မီတာရှိလာမည်ဖြစ်ပြီး ကုန်သေတ္တာတင် သင်္ဘောကြိး ၅ စီး (သို့မဟုတ်) သင်္ဘောလတ် ၆ စီး တစ်ပြိုင်နက် ဆိုက်ကပ်၍ ဆိပ်ကမ်းဝန်ဆောင်မှုကို လျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည့် နိုင်ငံတ ကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကိုယ်တိုင် Comment တွေ ဖျက်ပြီး စာပေစိစစ်ရေးကိုတော့ မထားဖို့ တောင်းဆိုတဲ့ Eleven Media အတွက် မေးခွန်းများ

Posted by drmyochit Saturday, August 11, 2012, under | No comments


om:ALelLu


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeovT0MSWTawEShEYKWvtCUdJ1buf_A7dYd6uIy6YaLhNudQW5ZepZoYvefF3D5lMV5-tBtXrmHZMcQ-KtUrY4_5LYPaUVrHYUKH7AzAPV8rWOz5_9bDyvBhqn3NQJFMeyXhNYfMr-iXZV/s1600/www.myanmarexpress.net+%252845%2529.jpg
Eleven က ကျွန်တော်မေးထားတဲ့ မေးခွန်းတွေကို မဖြေနိုင်လို့ ကျွန်တော်ရေးပြီး တင်ထားတဲ့ Comment တွေကို ဖျက်ပစ် တယ်ဗျာ......... ဟားဟား ဒါလား တော်တော်ရီစရာကောင်းတဲ့ မီဒီယာ အုပ်စုကြီး ကိုယ့်လုပ်ရပ်တွေ အမှန်တွေပေါ်မှာ ကြောက်တော့ အခုလို ကျွန်တော် မေးထာတာကို ကြောက်ကြောက် လန့်လန့်နဲ့ အကုန်ဖျက်ပစ်တယ် သန်းထွဋ်အောင် တဏှာရူးပါ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ ကျွန်တော် မေးမယ့် ဒီမေးခွန်းလေးတွေကို ဖြေပြီမှာ အမြုတေစာ နယ်ဇင်းကောင်စိကပုဂ္ဂိုလ်တွေရဲ့ကိုယ်ကျင့်တရားတွေကိုထောက်ပြပြောဆိုပါ

၁။ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ သစ်လုပ်င်း လုပ်စဉ်က ၀န်ကြီး ဦးချစ်ဆွေ၊ ဦးအောင်ဘုန်း တို့ကို လာဘ်ထိုးခဲ့ခြင်း ရှိ/မရှိဒေါက်တာသန်းထွဋ်အောင်ရဲ့ဖခင်သစ်လုပ်ငန်းအရာရှိကြိးရဲ့အရှိန်အ၀ါကိုသုံးခဲ့ခြင်းရှိ/မရှိ။

၂။ ဘောလုံးအားကစား ဂျာနယ် ထုတ်ဝေစဉ်က ဒေါက်တာသန်းထွဋ်အောင် ကိုယ်တိုင် လောင်းကစားမှုတွေ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိ။

၃။ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ အိမ်ထောင်ရှက်လျက်နဲ့ မင်းသမီးတစ်ဦးနဲ့ ဖောက်ပြန်ပြီး အဲဒီမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်နိုင်အောင်ငွေထုတ်ပေးခဲ့ခြင်းရှိ/မရှိ။

၎။ ဒေါက်တာသန်းထွဋ်အောင်တို့ ညီအစ်ကို ပူးပေါင်းပြီး တပ်မတော်ကို လက်နတ်များ ရောင်းချခဲ့ခြင်း ရှိ/မရှိ။

၅။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနဲ့ ဗိုလ်မှူးချုပ် စိုးရှိန်တို့ကို Eleven ရှယ်ယာတွေ ထုတ်ပေးခဲ့ခြင်း ရှိ/မရှိ။

၆။ပန်ပန်ကားရောင်းဝယ်ရေးနဲ့ဒေါက်တာသန်းထွဋ်အောင်ပတ်သက်ခဲ့ခြင်းရှိ/မရှိ

အဲဒါလေးတွေ အရင်ဖြေပေးပါ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်က ကောင်းနိုင် စောင့်ထိန်းနိုင်မှာ အခြားသူတွေအပေါ် လက်ညိုးထိုးပါ။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ လူတကာကို လက်ညိုးထိုးဖို့ မလုပ်ပါနဲ့။ ဒေါက်တာသန်းထွဋ်အောင် ခင်ဗျား အမြုတေစာနယ်ဇင်းကောင်စီမှာ ဥက္ကဌ လုပ်မလား။ စာနယ်ဇင်း ကောင်စီကို စာနယ်ဇင်းနယ်ပယ်က လူတွေ မထားလို့ စစ်တပ်က လူတွေ ထားရမှာလား ကဲ ဖြေပါဦးဗျာ။

သောင်းရင်းမြစ်ရေလျှံ၍ထိုင်းမြန်မာ ၁၀၀၀ကျော်ေ ရဘေးတိမ်းရှောင် နှစ်ဘက်န ယ်စပ်ကုန်သွ ယ်ရေးလုပ်ငန်း များရပ်ဆိုင်း

Posted by drmyochit Saturday, August 11, 2012, under | No comments


မဲဆောက်၊သြဂုတ် ၁၀
 
ရက်သတ္တ ၃ ပတ်ကြာမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ကစတင်ကာ ထိုင်း-မြန်မာနယ် ခြားသောင်ရင်းမြစ်ရေလျှံခဲ့ပြီး မြစ်အနီးနေထိုင်ကြသည့်ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ် ရာသို့တိမ်းရှောင်ခဲ့ရပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသည်။မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ ရှိအမှတ် ၁-၂-၃-၅ ရက်ကွက်များရှိပြည်သူအချို့ သောင်ရင်းမြစ်ရေလျှံ၍ ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေး လွတ်ရာသို့တိမ်းရှောင် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရ
ပြီး ရေဘေးဒုက္ခသည်များအတွက် ခရိုင်တာဝန်ရှိသူများက အမှတ် ၂ ရပ်ကွက်နှင့်အမှတ် ၃ ရပ်ကွက်ရှိ ဓမ္မာရုံ ၂ ခုကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ဆန်နှင့်ရိက္ခာခြောက်များဝေငှပေး သည်ဟု ရေဘေးဒဏ် ခံရသူကို သန်းဦးကပြောသည်။ထိုင်းဘက်ရှိဟွေ့မုတ်နှင့်ထာ့အာ
ရွာများတွင် မြစ်ရေလျှံမှုကြောင့် ရွာသားအချို့ဘေးလွတ်ရာတိမ်းရှောင်ခဲ့ပြီး မြန်မာဘက်တင်ပို့မည့် ထိုင်းကုန်စည် များထားသည့် ဂို ဒေါင်အချို့မြစ်ရေ၀င်ရောက်ခဲ့သဖြင့် ဆုံးရှုံးမှုအချို့ရှိသည်ဟု အမှတ် ၂ လှေဆိပ်မှ ကုန်စည်ပို့ဆောင် ရေးမန်နေဂျာနိုင်ဆူချိုင်းကပြောသည်။
 ၎င်းက”ရေကြီးတော့ဘာမှလုပ်လို့မရတော့ဘူး ဂိုဒေါင်ထဲကပစ္စည်းတွေကိုဘဲ ရေဘေးလွတ်အောင်လုပ်နေရတယ် ဗမာပ စ္စည်း ထိုင်းပစ္စည်းဘာမှပို့လို့မရတော့ဘူး ရေကျမှဘဲအလုပ်ပြန်လုပ်လို့ရမယ်”ဟုပြောသည်။ ထိုင်းကုန်သည် ကြီးများ အသင်းက မြ၀တီတွင်ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို သွား ရောက် လှူဒါန်းရန် ပစ္စည်းများထုတ်ပိုးနေသည်ဟု အဖွဲ့တာဝန်ရှိသူနိုင်ဝစ်ချိုင်းကပြောသည်။

ယခင်နှစ်ကအလားတူမြစ်ရေးကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် မြ၀တီဘက်တွင် ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်းရပ်နားခဲ့ရသည်။ မြ၀တီမြို့သည် အနောက်မှအရှေ့ ၃ မိုင် မြောက်မှတောင် ၇၃ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆၅၀တွင်တည်ရှိပြီး ရပ်ကွက် ၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၅ ခု နှင့် ကျေးရွာပေါင်း ၅၀ ရှိသည်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေး၏ နိုင်ငံရေး လက်ထောက်နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့ တွေ့ဆုံ

Posted by drmyochit Saturday, August 11, 2012, under | No comments

From:7day

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၏ နိုင်ငံရေးလက်ထောက် Mrs. Maricanne Hagien နှင့် နိုင်ငံရေးပါတီ ၂၄ ခုတို့သည် သြဂုတ် ၁၀ ရက် မနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။


ထိုသို့ တွေ့ဆုံကြရာတွင် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ကုလသမဂ္ဂ၏ အကူအညီပေးမှုများကို မျှတစွာရရှိရေး၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

“UN အနေနဲ့ ပါတီတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့ ပြောခဲ့ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ နိုင်ငံခြားရေးအတွင်းရေးမှူး ကိုခိုင်ကျော်မိုးက ကုလသမဂ္ဂက ရခိုင်ပြည်နယ်၌ အကူအညီပေးရာတွင် ဒေသခံတိုင်းရင်းသားများကိုပါ အထောက်အပံ့ မျှမျှတတပေးရန် တင်ပြခဲ့ကြောင်း ပြောသည်။

“ဗမာပြည်နဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ အားလုံးပူးပေါင်းဆောင်ရွက်တဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတာ သူ့ကို informationပေးခဲ့တယ်”ဟုတ.စ.ညပါတီဗဟိုအလုပ်အမှုဆောင်ဦးသိန်းထွန်းကပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများမှ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုက ရက်တစ်ပါတီ(မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တက်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ပအိုင်း အမျိုးသားအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ကြသည်။

ဖိလစ်ပိုင်ရေတပ်သည် စပရက်တလီကျွန်းစုမှ တရုတ်ငါးဖမ်းသင်္ဘော ၂ဝ စီးကို မောင်းထုတ် သွားမည်ဟုဆို

Posted by drmyochit Saturday, August 11, 2012, under | No comments


 
ဖိလစ်ပိုင် ရေတပ် သင်္ဘောများသည် နိုင်ငံ၏ရေပိုင်နက် အတွင်းရှိ တရုတ်ငါးဖမ်း သင်္ဘောများအား ထွက်ခွာသွားရေး အသိပေးရန်အတွက် စပရက်တလီကျွန်းစုသို့သွားရောက်ရန်အသင့်
ရှိကြောင်း ဖိလစ်ပိုင် အနောက်ပိုင်းရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်မှူးချုပ် ရတ်စတွန်ပီနာက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တရုတ်ငါးဖမ်းသင်္ဘော ၂ဝ စီးသည် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် ပူအာတိုပရင်စီဆာ မြို့မှ ရေမိုင် ၂၄ဝ ခန့်အကွာ၊ စပရက်တလီကျွန်းစုရှိ ဖိလစ်ပိုင်နိုင်ငံကသိမ်းပိုက်ထားသည့် ကျွန်းကြီး ၉ ကျွန်းတွင် အကြီးဆုံးဖြစ်သည့် Pagasa ကျွန်းမှ ရေမိုင် ၅ မိုင်ခန့်အကွာသို့ရောက်ရှိနေသဖြင့် ၎င်းတို့အား စောင့်ကြည့်လျက်ရှိကြောင်း ရေတပ်ဗိုလ်မှူးချုပ်ပီနာကပြောကြားခဲ့ပါသည်။ ရေတပ်အနေဖြင့် အဆိုပါ ကိစ္စရပ်အား ချက်ချင်းစုံစမ်း စစ်ဆေး သွားမည်ဖြစ်ပြီး အကြောင်းအချက်ခိုင်လုံပါက ဖိလစ်ပိုင်ရေပိုင်နက် အတွင်းမှထွက်ခွာသွားရေး အဆိုပါ တရုတ်ငါး ဖမ်းသင်္ဘော ၂ဝ စီးကို အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် ရေတပ်သင်္ဘောများ အနေဖြင့် ရာသီဥတု အခြေအနေဆိုးရွားမှုကြောင့် တရုတ်ငါးဖမ်းသင်္ဘောများ တည်ရှိနေ သည့်နေရာသို့ ချက်ချင်းသွားရောက် နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ရာသီဥတုအခြေအနေကောင်းမွန် သည်နှင့် တစ်ပြိုင်နက် အနောက်ဖိလစ်ပိုင် ပင်လယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြား ခဲ့ပါသည်။

'' ဒုသမ္မတဘယ်သူဖြစ်မလဲ ... ''

Posted by drmyochit Saturday, August 11, 2012, under | No comments


    တပ်မတော် သားအစု အဖွဲ့မှ ဒုသမ္မတဖြစ်လာသော ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေ အနေကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင်နှုတ်ထွက်လွှာ တင်သွင်း ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားမှ ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နှုတ်ထွက် သွားသော ဒုသမ္မတ နေရာတွင် ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရန် ဖြစ်သော်လည်း ယခုအချိန်ထိ ဒုသမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးချေ။


ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါသည်။
          ပြည်ခိုင်ဖြိုး ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့် နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။


          ဦးဌေးဦးသည် တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်တွင် လည်းကောင်း၊ပြည်ခိုင် ဖြိုးပါတီ၌ တာဝန် ထမ်းဆောင်စဉ် တွင်လည်းကောင်း ပေါင်းသင်း ဆက်ဆံရေးပြေပြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တစ်ဦးအဖြစ် နာမည်ရှိသူ တစ်ဦးဖြစ်ပါသည်။ 

 
          ဦးတင်အေးသည် ဗိုလ်ချုပ်ကြီး တာဝန်ထမ်း ဆောင်စဉ်က တပ်မတော်၏ စစ်လက်နက် ပစ္စည်းကိစ္စ များနှင့် တပ်မတော်၏ ဦးပိုင် ကော်ပိုရေးရှင်းကို ဦးဆောင်ခဲ့  သူတစ်ဦး ဖြစ်ပါသည်။ တပ်မတော် တစ်ရပ်လုံး၏ သက်သာချောင်ချိရေး ကိစ္စရပ်များအတွက်  ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ခဲ့သူ ဖြစ်ပြီး စီးပွားရေး အမြင်ရှိသူ တစ်ဦး ဖြစ်ပါသည်။ 


          
 




ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် လက်ရှိရေတပ် ဦးစီးချုပ် ဖြစ်ပြီး ၎င်းသည် ရေတပ်နှင့် ပတ်သက်၍ တိုးတက် ခေတ်မီအောင် စွမ်းဆောင်နိုင်သူ တစ်ဦးဟု အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်ပါသည်။ခေတ်မီ စစ်ရေယာဉ်နှင့် လက်နက်ပစ္စည်းများ များစွာ တည်ဆောက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။


နေပြည်တော် ဝန်ထမ်းရပ်ကွက်နှင့် နီးစပ်သော အသိုင်းအဝိုင်း ကလည်း ဦးတင်အေးနှင့် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့အားရွေးချယ်နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး ကိုကိုသည် အလုပ်လုပ် ကိုင်ရာတွင် တိကျပြတ်သား မှုရှိသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်း အသိအမှတ်ပြုထား ခြင်းခံရသူတစ်ဦး ဖြစ်ပါသည်။
ဒုသမ္မတ ရာထူးနှင့် ပတ်သက်၍ အသိုင်းအဝိုင်း အမျိုးမျိုးတို့က ထင်ကြေး အမျိုးမျိုးပေးကာ ခန့်မှန်း ကြလျက် ရှိသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းခံရမည့် ဒုသမ္မတလောင်း အမည်စာရင်းကို စိတ်ဝင် တစား မျှော်လင့် စောင့်စားလျက် ရှိကြောင်း သိရှိရပါသည် ။

အမှိုက်များခွဲခြားစွန့်ပစ်ခြင်း မရှိပါက စက်တင် ဘာလ ၁ ရက်နေ့မှ စတင်ကာ အရေးယူမည်

Posted by drmyochit Saturday, August 11, 2012, under | No comments




ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနရဲ့ ပြောကြားချက် အရ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ
အမှိုက်စိုနဲ့ အမှိုက်ခြောက် များကို ခွဲခြား စွန့်ပစ်ခြင်း မပြုလုပ်ပါက အရေးယူ ဆောင်ရွက် သွားခြင်းများ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို အရေးယူမှု မပြုလုပ်ခင် ဧပြီလမှ စတင်ကာ ယခု ကာလကို ပညာပေး ကာလအဖြစ် သတ်မှတ် ထားပြီး စက်တင်ဘာလ မှာတော့ ပညာပေး ကာလ ကုန်ဆုံးမှာ ဖြစ်ပြီး အရေးယူမှုတွေ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အမှိုက်များ ခွဲခြား စွန့်ပစ်ခြင်း မရှိပါက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း အဖြစ် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ် သွားမယ့် အကြောင်းကို မြို့နယ်များ၊ ရပ်ကွက် များမှာ အများ ပြည်သူများ သိရှိစေဖို့ စပီကာများနဲ့ ကြေညာ သွားမယ့် အပြင် သတင်းစာ၊ ဂျာနယ်များမှာ လည်း ထုတ်ပြန် ကြေညာ သွားမယ်လို့ သိရပါတယ်။ အမှိုက်အိတ်များနဲ့ ခွဲခြား စွန့်ပစ် ရမယ့် အမှိုက်အိတ် ဈေးနှုန်း တွေမှာ ၁၂ လက်မ၊ ၁၅ လက်မ အရွယ်အစားကို ယခင်က ၂၀ ကျပ် နှုန်းမှ ယခုအခါ ၁၅ ကျပ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြီး ၁၆ လက်မ၊ ၃၂ လက်မ အရွယ်ကို ယခင်က ၈၀ ကျပ်နှုန်းမှ ယခုအခါ ၅၅ ကျပ်သို့ အသီးသီး ပြောင်းလဲ သတ်မှတ် ထားပါတယ်။

အဆိုပါ အမှိုက်အိတ်များကို မြို့နယ်တိုင်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာန ရုံးများ၊ အမှိုက်သိမ်း ကားများ၊ လှည်းများ စတဲ့ နေရာတွေမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ခွဲခြား စွန့်ပစ်ရာမှာ အမှိုက်စိုများကို အပြာရောင် အ မှိုက်အိတ်များနဲ့ စွန့်ပစ် သွားရမှာဖြစ်ပြီး အမှိုက် အခြောက်များကို အစိမ်းရောင် အမှိုက်အိတ်များနဲ့ စွန့်ပစ်ရမှာ ဖြစ်ပါ တယ်။  အဲ့ဒီလို စွန့်ပစ်ရာမှာ မီးဖိုချောင်ထွက် အမှိုက်များနဲ့ သာမန် အမှိုက်များကို အမှိုက်ကန်၊ အမှိုက်သိမ်း လှည်းတွေမှာ စွန့်ပစ်ရမှာ ဖြစ်ပြီး အခြားခြံထွက် အမှိုက်များနဲ့ ဆေးရုံထွက် အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီသို့ ဆက်သွယ်ကာ စွန့်ပစ် ရမယ်လို့ သိရပါတယ်။ 

ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသ ကိစ္စကို ရှင်းလင်းတင်ပြမည်ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Posted by drmyochit Saturday, August 11, 2012, under | No comments



From:ခေတ်လူငယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တူရကီ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး H.E.Mr.Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr.Ahmet Davutoglu က ရခိုင်ဒေသကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်- မိမိသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာများကို လေ့လာထားသူတစ်ဦးဖြစ်၍ မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှု စံပြနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိထားပြီးဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားခြင်း၊ သည်းခံခြင်းတရား လက်ကိုင်ထားသော ဘာသာဖြစ်ပြီး အစ္စလာမ် ဘာသာသည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော ဘာသာဖြစ်ပါကြောင်း၊ ဘာသာကြီးနှစ်ခု၏ ဘာသာဝင်များသည် ရှေးယ ခင်ကပင် အတူတကွ လက်တွဲနေထိုင်လာခဲ့ကြပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် အချိန်တိုကာလအတွင်း ပြုပြင် ပြောင်းလဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော နိုင်ငံဖြစ်သည်ဟု နိုင်ငံတကာက အသိအမှတ်ပြု လေးစားကြပါကြောင်း၊ ရခိုင်ဒေသ အရေးကိစ္စကြောင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ပုံရိပ်ကို မထိခိုက်စေလိုပါကြောင်း၊ မိမိ၏ ယခု ခရီးစဉ်တွင် သမ္မတကြီးက ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပြု၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းဒေသ၏ ပကတိ အခြေအနေကို သိရှိရလျှင် အခြားနိုင်ငံများသို့ တင်ပြရှင်းလင်းနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပါကြောင်း၊ လာမည့် သီ တင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသအရေးကိစ္စကို ရှင်းလင်း တင်ပြပေးမည်ဖြစ်ပါကြောင်း။ နိုင်ငံတိုင်းတွင် လူမျိုးစုများ၊ ဘာသာကွဲများ တစ်ခါတစ်ရံ ပဋိပက္ခဖြစ်လေ့ရှိပါကြောင်း၊ မိမိတို့ သည် လက်ရှိဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားမှုဖြင့် ရှုမြင်ပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဒဘာ သာဝင်များ အားလုံးကို ကူညီထောက်ပံ့ရမည်ဖြစ်ကြောင်း၊ TICA၊ လခြမ်းနီအဖွဲ့အပြင် NGO အလှူရှင်များက ဒုက္ခရောက်နေသူများအားလုံးကို ကူညီထောက်ပံ့လိုပါကြောင်း၊ လောလောဆယ်တွင် ရခိုင်ဒေသကိစ္စအတွက် တူရ ကီနိုင်ငံရှိ အလှူရှင်များထံမှ အလှူငွေ အမေရိကန်ဒေါ်လာ သန်း(၅၀) ရရှိခဲ့ရာ မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ ဆေးဝါး များ ၀ယ်ယူ၍ ဒုက္ခသည်များအား ဖြန့်ဝေပေးလိုပါကြောင်း၊ ရွက်ဖျင်တဲများ၊ အဆောက်အအုံများလည်း လှူဒါန်း လိုပါကြောင်း၊ ထပ်မံလှူဒါန်းလိုသူ အများအပြား ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရက ရခိုင်ဒေသရှိ ဒုက္ခသည်များအား အစွမ်းကုန် ကူညီထောက်ပံ့နေမှုများကို အသိအမှတ်ပြုပါကြောင်း။ ယခုကဲ့သို့ အရေးကြီးကာလတွင် တလွဲအသုံးချခံရမှုကို ဟန့်တားသွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာမှ အဖွဲ့အစည်းများကို ဖြစ်စဉ်ဒေသများသို့ လေ့လာခွင့်ပြုခြင်းဖြင့် တလွဲအသုံးချလှုံ့ဆော်မှုများကို ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိမိသည် တူရကီနိုင်ငံက မြန်မာနိုင်ငံအပေါ် တလွဲမြင် နေမှုများအား ကာကွယ်ပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ နေထိုင်နိုင်သော နိုင်ငံ ဖြစ်၍ အစ္စလာမ်သာမက အခြားဘာသာဝင်များပါ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်သော နိုင်ငံဖြစ်ကြောင်းကို ပြသနိုင်သော နိုင်ငံဖြစ်သည်ဟု မိမိယူဆပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရန် ခွင့်ပြုခြင်းအားဖြင့် OIC နိုင်ငံများက အထင်အမြင်လွဲမှားမှုကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် အဆွေတော်၏ အကြံဉာဏ်နှင့် ကူညီလိုမှုများကို ကြားသိရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင် ပြည်နယ်တွင် ကြုံတွေ့နေရသော ဒုက္ခသည်များအား ပေးအပ်ရန် ထောက်ပံ့ရေးပစ္စည်းများယူလာ၍ ကျေးဇူးတင် ရှိပါကြောင်း၊ ယင်းထောက်ပံ့ရေး ပစ္စည်းများကို ဒုက္ခသည်များထံ စနစ်တကျ ဝေငှပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော နိုင်ငံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး၊ လူမျိုးရေးကြောင့် ဖြစ်ပွားခြင်းမဟုတ်ပါကြောင်း၊ ယင်းပြဿနာသည် မိန်းကလေးတစ်ဦးကို အနိုင်အထက် ပြုကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြဿနာ၏အစသည် တရားမဲ့ ပြုကျင့်မှုကြောင့် စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ အုပ်စုတစ်စုနှင့်တစ်စု ကလဲ့စားချေမှုများ ဖြစ်ပွားခဲ့၍ နှစ်ဖက်စလုံး ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ မိမိတို့အစိုးရက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ထပ်မံမဖြစ်ပွားစေရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း။ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော ဒုက္ခသည် (၆၀၀၀၀) ကျော်၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက် ဆေးဝါးများ အမှန်တကယ် လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် ကုလသမဂ္ဂ အေဂျင်စီများနှင့် NGO အဖွဲ့ စုစုပေါင်း (၉)ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် နေပါကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်နေပါကြောင်း၊ OIC အတွင်းရေးမှူးကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားပြီး ဖြစ်စဉ်အခြေအနေမှန်ကို လက်တွေ့ပြသရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ ၄င်းကိုလည်း လက်တွေ့မျက်မြင် တွေ့ရှိသွားစေလိုပါကြောင်း။ အဆွေတော် လာရောက် လည်ပတ်ခြင်းကြောင့် ဖြစ်စဉ်အမှန်ကို သိရှိနားလည်ပြီး အဆွေတော်မှတစ်ဆင့် ထပ်မံဆင့်ပွား ရှင်းလင်းပေးနိုင်မည်ဟု ယူဆပါကြောင်း၊ မကြာမီကျင်းပမည့် OIC အစည်းအဝေးတွင် အခြေအနေပေးပါက ဖြစ်ရပ်မှန်များကို မြန်မာနိုင်ငံဘက်က ရပ်တည်၍ ရှင်းလင်းတင်ပြပေးစေလိုပါကြောင်းဖြင့် ပြောကြားဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။


အစ္စလာမ်နိုင်ငံအချို့၏ ခြိမ်းခြောက်မှုများကို မြန်မာအစိုးရဘက်မှ သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရုံး ညွှန်မှူးပြောကြား

Posted by drmyochit Saturday, August 11, 2012, under | No comments


  
From:ခေတ်လူငယ်

မကြာခင် ရက်သတ္တပတ်အတွင်းက အစ္စလာမ်ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘူဘာကာဘာရှားက မွတ် ဆလင်တွေဆက်ပြီး ဖိနှိပ်သတ်ဖြတ်ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သောကြာ နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ဘဲ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံ တော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် မကြာ ခင်ရက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးတချို့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စား လှယ်တို့ကို ရှင်းပြခဲ့တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင်ပြသခဲ့ကြောင်းလည်း သူကပြောပါတယ်။ “သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာ ဗျူဟာ၊ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော် ဌေးက ပြောပါတယ်။ လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန်ဖြစ်နိုင်သလို တချို့ကတော့ အမှန်တကယ် မဟုတ်ဘဲ ကြောက်လန့်ရုံသက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ် သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဂျပန်မှ နာမည်ကြီး ကားလုပ်ငန်းစုများက တစ်စီးလုံး ထုတ်လုပ်ရန် ပဲခူးတွင် မြေဧက ၁၀၀ တောင်းထားပြီ

Posted by drmyochit Saturday, August 11, 2012, under | No comments


From : Pyi Myanmar Journal

 

ဂျပန်နိုင်ငံမှ နာမည်ကြီး ကားကုမ္ပဏီတစ်ခုသည် ပဲခူးတိုင်းဒေသကြီးတွင် ကားတပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းကို ကားတစ် စီးလုံးအစမှ အဆုံးထုတ်လုပ်သွားရန် မြေဧက ၁၀၀ ကို အဆိုပြုထားကြောင်းနှင့် မလေးရှားနိုင်ငံမှ လုပ်ငန်းစုတစ်ခုလည်း ပါဝင်နေကြောင်း ၁-၈-၂၀၁၂ ရက်က သိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်က ကျင်းပသော ကားထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ကားလုပ်ငန်းရှင်များကို ကြိုတင်ပြင်ဆင်ထားကြရန် အချက်ပြလိုက်ပြီဖြစ်သည်။ “ဂျပန်က နစ်ဆန်း ကားကု မ္ပဏီက ပဲခူးမှာစက်ရုံတည်ဖို့ မြေဧက ၁၀၀ လောက် တောင်းထားတယ်။ မလေးရှားကလည်း မြေနေရာ ရှာနေတယ်။ သူတို့ တွေက ဒီကိုလာဖို့ ပြင်နေကြပြီ” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တကယ်လိုအပ်တာ ကားတစ်စီးလုံးလား၊ အစိတ်အပိုင်းလိုက်လားဆိုတာ ခွဲခြားတတ်ဖို့လိုတယ်။ ဂျပန်တို့၊ ဘာတို့ လာမယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်တာပဲ အား ပေးစေချင်တယ်” ဟု SSS ကားကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ကားတပ်ဆင်ထုတ်လုပ်မှု၌ ကားတစ်စီးလုံး ပုံစံမျိုးသာ များနေပြီး အမှန်တကယ် ကားထုတ်လုပ်မှု အဆင့် အတန်းမြင့်လိုသူများအနေဖြင့် ကားအစိတ်အပိုင်းလိုက် ထုတ်လုပ်တပ်ဆင်စနစ်ဖြင့် လုပ်ဆောင်သင့်ပြီး တစ်ဆင့်ချင်းစီ ပြည်တွင်းပစ္စည်း သုံးစွဲထုတ်လုပ်မှုများ ပြုလုပ်လာသင့်ကြောင်း သိရသည်။ “ဂျပန်ကားတွေက မြန်မာမှာ အများဆုံး ရှိနေတယ်။ Slide နဲ့ ရှင်းပြချက်ကိုကြည့်ရင် သိသာတယ်။ ဂျပန်ကနေ တင်သွင်းတာ ၉၈ ရာခိုင်နှုန်းအထိတောင် ရှိနေတယ်။ တရုတ်အပါအဝင် အခြားနိုင်ငံတွေက ကားတွေကတော့ ၂ ရာခိုင်နှုန်းပဲ ရှိနေတဲ့အထိ မြန်မာလူထုက ဂျပန် ကားကိုပဲ နှစ်သက်ကြတာ” ဟု မြန်မာနိုင်ငံ၏ လက်ရှိ ကားဈေးကွက် အနေအထားကို အဆိုပါပွဲကို တက်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ 

Chip ကတ်များ စတင်သုံးစွဲ နိုင်တော့မည်

Posted by drmyochit Saturday, August 11, 2012, under | No comments


From:.MRTV4
Myanmar Payment Union စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေကို စက်တင်ဘာ လပိုင်း လောက်မှာ အများပြည်သူတွေ စတင် အသုံးပြုနိုင် တော့မှာ ဖြစ်တယ်လို့ သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့အသုံးပြု နိုင်မယ့် Chip ကတ်တွေကို သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း ၁ လကြာ စမ်းသပ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ် ကာလတွေ ကတော့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထားတဲ့ MPU စနစ်မှာ အသုံးပြုရမယ့် Chip ကတ်တွေဟာ လက်ရှိမှာ လူထု အကြား အသုံးပြုနေတဲ့ ATM ကတ်တွေထက် ပိုမိုပြီး လုံခြုံစိတ်ချ ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြောင်းလဲ အသုံးပြုမယ့် MPU စနစ်နဲ့ Chip ကတ်တွေဟာ ဘဏ်အသီးသီးက ချပေးထားတဲ့ ATM စက်တွေ တိုင်းမှာ ငွေသား ထုတ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဘဏ်အလိုက် ကတ်တွေ ခွဲခြား အသုံးပြုဖို့မလိုအပ်ဘူးလို့ သိရပါတယ်။ အဲ့ဒီလို MPU စနစ်မှာ အသုံးပြု ရမယ့် Chip ကတ်တွေ ကိုတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွေက မှာယူ ထားတာ ဖြစ်ပါတယ်။ ဒီလို မှာယူထား ရာမှာတော့ Chip ကတ် တစ်ခုကို အမေရိကန် ဒေါ်လာ ၄ ဒေါ်လာနှုန်းနဲ့ ၀ယ်ယူရ တယ်လို့ သတင်း ရရှိပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းများ မန်းလေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုလျှင် ခွင့်ပြုပေးမည်

Posted by drmyochit Saturday, August 11, 2012, under | No comments


From : Popular News Journal

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၊ မန္တလေး လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုပါက ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“မန္တလေးက Tour ဧရိယာမို့ တိုက်ရိုက်ပျံသန်းချင်ရင် စိတ်ဝင်စားရင် ခွင့်ပြုပေးသွားမယ်လို့တော့ လေကြောင်းလိုင်းတွေကို ပြောထားတယ်။ ရန်ကုန်လေဆိပ်မှာ ဆင်းရတာ ကျပ်လို့ မန္တလေးဘက်ကို ခွင့်ပြုတာတော့ မဟုတ်ပါဘူး” ဟု လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၄ ရက်နေ့မှ စတင်၍ ဘန်ကောက်-မန္တလေး တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို Air Asia လေကြောင်းအား ပျံသန်းခွင့် ပြုထားပြီးဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက် ပြေး ဆွဲနေရာမှ ဘန်ကောက်-မန္တလေးကို ထပ်တိုးပြေးဆွဲခြင်း ဖြစ်ပြီး ဘန်ကောက်-မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် လေး ကြိမ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးလေဆိပ်ကို ပြည်တွင်း လေကြောင်းလိုင်းများသာ အများဆုံး ဆင်းသက်နေပြီး ပြည်ပလေကြောင်းများတွင် ချာတာအနေဖြင့် မန္တလေး-ဂယာ ခရီးစဉ်ကို ပြေးဆွဲလျက် ရှိသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များသို့ ပြည်ပ လေကြောင်းလိုင်းများ ဆင်းသက် ပျံသန်းလျက် ရှိသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို

Posted by drmyochit Saturday, August 11, 2012, under | No comments

   



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်း ရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှု မရှိတဲ့အတွက် အခုလို တိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက RFA ကို အခုလိုပြောပါတယ်။
"အဓိက ဆွေးနွေးတာကတော့ အခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ မစ္စတာ ကင်တားနားက သွားပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကနေ သွားကြည့်တယ်မလား။ သွားလေ့လာတယ်ပေါ့နော်။ အဲဒီအပေါ်မှာ သူတို့က အခြေခံပြီး ပြောသွားတာ။ အဲဒီမှာ မစ္စတာ ကင်တားနားက သွားကြည့်တဲ့ အခါမှာ အများ သုံးသပ်သွားတာကတော့ ဘက်လိုက်တယ်ဆိုတဲ့ အကြောင်း၊ ပြည်တွင်းမှာ ဝင်ရောက် စွက်ဖက်တယ် ဆိုတဲ့အကြာင်း ဘာကြောင့်လည်းဆိုတော့ ဒီ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရမယ်။ ဥပဒေပြဋ္ဌာန်းပြီး သတ်မှတ် ပေးရမယ် အဲလိုပြောသွားတာက ဘက်လိုက်တာ ဆိုပြီးတော့ သုံးသပ်ကြတယ်။ မစ္စတာ ကင်တားနားကိုတောင် နောက် တစ်ကြိမ် မြန်မာပြည်ထဲမှာ သူ့ကိုယ်စားပေါ့၊ တခြား တစ်ယောက်ကို အစားထိုးပေးပါ။ သူ့ကို လာပြီးတော့ လေ့လာတဲ့ ပုဂ္ဂိုလ်အနေနဲ့တော့ မထားပါနဲ့တော့ ဆိုပြီးတော့ အဲလောက်အထိကို ပြောသွားတယ်"
မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ တိုင်းရင်းသား ညီလာခံ ခေါ်ယူရေးကိစ္စ၊ ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက် အရာရှိတွေထံ ပြန်လည် အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တက္ကသိုလ် ဆရာ ဆရာမများအသင်း ပေါ်ပေါက်လာပြီ

Posted by drmyochit Saturday, August 11, 2012, under | No comments


၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ တက္ကသိုလ် ဆရာ ဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
ပထမအဆင့် အနေနဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နဲ့ ဒဂုံ တက္ကသိုလ် စတဲ့ တက္ကသိုလ် (၄) ခုက ဆရာ၊ ဆရာမတွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး များမကြာမီ နိုင်ငံတ၀ှမ်းလုံးက တက္က သိုလ်တွေ အားလုံးနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ ဖွဲ့စည်းသွားမယ် လို့ သိရပါတယ်။
ဒီအသင်း ဖွဲ့စည်းရတာဟာ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ မွေးထုတ်ရေး စတဲ့အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက RFA ကို ပြောပါတယ်။
"ဆရာ ဆရာမများရဲ့ အကျိုးစီးပွား၊ နောက်တစ်ခုက သူတို့ရဲ့ သာရေး နာရေး၊ နောက်တစ်ခုက ဘာတွေလာမလဲဆို ကျွန်တော်တို့ ပညာရေးပေါ့။ ပညာရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့်၊ ပညာရေးမှာ ထိရောက်တဲ့ ပညာရေးပိုင်းကို ပွင့်လင်းဖို့အတွက်ကို ကျွန်တော်တို့ ဝိုင်းဝန်းကူညီဖို့ အတွက်ရယ်၊ နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်လို့ ပညာရေး မြင့်မားတိုးတက်လာဖို့ အတွက် ဝိုင်းဝန်းပြီးလုပ်ဖို့၊ နောက် ကျွန်တော်တို့ scholar တွေလွှတ်ဖို့တို့ ဒီအ သင်းကြီး ကနေပြီးတော့ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ကလေးတွေ ထွက်ပေါ်လာဖို့ ဒီဟာတွေပါ ရည်ရွယ်တာပေါ့နော်"
ဒီကနေ့ခေတ် မြန်မာနိုင်ငံက တက္ကသိုလ် ဆရာ ဆရာမတွေဟာ လစာ အထူးနည်းပါးတဲ့အပြင် သာရေး နာရေး ကျန်း မာရေး အခြေခံ အခွင့်အရေး အထောက်အပံ့ မရရှိတဲ့အပြင် ပညာသင်ကြားရေး အပိုင်းမှာ လွတ်လပ်မှုမရှိဘဲ ၀န်ကြီး ဌာနတွေရဲ့ ၀င်ရောက်စွက်ဖက်မှု ခံနေရတယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
ဒီအသင်း ဖွဲ့စည်းရာမှာ ပါမောက္ခချုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် တက္ကသိုလ်ဆရာ ဆရာမတွေ အကြားမှာ အသင်းဝင်အဖြစ် ပါဝင်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက် ထောက် ကထိက ဒေါက်တာ ကျော်သန်းမိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လဲ

Posted by drmyochit Saturday, August 11, 2012, under | No comments


 


ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ တာစူနေတဲ့ ယနေ့မြန်မာပြည်မှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး သတင်းမီဒီယာ နှစ်မျိုး ရှိပါတယ်။ နှစ်ခုစလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ထားပါတယ်။ ပုဂ္ဂလိက စာနယ်ဇင်းကို စာပေစီစစ်ရေးဌာနက ချုပ်ကိုင်ပြီး ကန့်သတ်ချက်အမျိုးမျိုးလုပ်ထားပါတယ်။ ဇွန်လက ‘လျှပ်တပြက်’ စာစောင်ကို ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခဲ့ပြီး ရန်ကုန်တိုင်းအစိုးရက အယ်ဒီတာချုပ်ကို ပုဒ်မ (၅၀၅) ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေမှုနဲ့ တရားစွဲထားပါတယ်။ ဇူလိုင် လကုန်မှာ The Voice နဲ့ Envoy သတင်းဂျာနယ်တွေရဲ့  ထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းလိုက်ပြန်ပါတယ်။

အငြိမ်းစား ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး လေဖြတ်လို့ စင်္ကာပူမှာ ဆေးကုသမှုခံယူနေရတဲ့သတင်းကို ဇူလိုင်လ (၈) ရက်နေ့က ဖော်ပြတဲ့ Venus နဲ့ Yangon Times အပတ်စဉ်ဂျာနယ်တွေကို ခွင့်ပြုချက်မယူတဲ့အတွက် စာပေစီစစ်ရေးက ခေါ်ယူသတိပေးပါတယ်။ နောက်ဒါမျိုးလုပ်ရင် ဂျာနယ်ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်တယ်လို့ ခြိမ်းခြောက်ကြောင်း မဇ္ဈိမသတင်းမှာ ဇူလိုင် (၁၃) ရက်နေ့က ဖော်ပြပါတယ်။ အကျင့်ဟောင်းကို မစွန့်တာလား၊ မပြောင်းလဲနိုင်တာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

ဗမာစစ်အာဏာပိုင်တွေဟာ Public Opinion (ခေါ်) ပြည်သူ့သဘောထားကို ချုပ်ကိုင်ဖို့ ကြိုးစားလာတာ အနှစ် (၅၀) ရှိပြီဖြစ်ပါတယ်။ မီဒီယာကို တိုက်ရိုက်ချုပ်ကိုင်တဲ့နည်း၊ တဖက်သတ်ဝါဒဖြန့်နည်း၊ လွတ်လပ်စွာ ဆွေးနွေးမှုကို ပိတ်ပင် တဲ့နည်း စတဲ့ နည်း (၃) မျိုးနဲ့ ပြည်သူ့သဘောထားကို ချုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေဟာ ပြည်သူ့ဆီမှာ အမြဲတမ်းကိန်းအောင်းနေပါတယ်။ ၁၉၈၈ နဲ့ ၂၀၀၇ မှာ ပြည်သူ့ သဘောထားပေါက်ကွဲလာတာကို တွေ့နိုင်ပါတယ်။ ပြည်သူ့သဘောထားကို ပြည်သူ့ကိုယ်စားလှယ်ကတဆင့် တင်ပြ နိုင်သလို ပုဂ္ဂလိကစာနယ်ဇင်းကလည်း ဖော်ပြနိုင်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ပုဂ္ဂလိကစာနယ်ဇင်းဟာ အရေးကြီးတဲ့အခန်းကပါဝင်နိုင်ကြောင်းအင်ဒိုနီးရှားသတင်းစာတွေကသက်သေပြနေပါတယ်။

အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ

Posted by drmyochit Saturday, August 11, 2012, under | No comments


မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ ဒီကောင်စီထဲမှာ ပါဝင်သူတွေကိုယ်တိုင်က သူတို့ပါနေတယ်ဆိုတာ သတင်းစာထွက်လာမှပဲ သိခွင့်ရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ဘန်ကောက်ရုံးကနေဆက်သွယ်စုံစမ်းထားတဲ့ကိုဇော်ဝင်းလှိုင်ကတင်ပြပေးပါမယ်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာအင်္ဂလိပ်လိုရော၊မြန်မာလိုပါဖော်ပြထားတာပါ။

လက်ရှိ အစိုးရခေါင်းဆောင်တွေက လွှတ်လပ် ပွင့်လင်းမှုတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အခုလို အချိန်မျိုးမှာ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခြင်း မရှိဘဲ အထူးသဖြင့်တော့ သတင်း စာနယ်ဇင်းလောကလူတွေကို အသိပေးခြင်းမရှိခြင်း မရှိဘဲ ဖွဲ့စည်းလိုက်တဲ့အတွက် ဒီကောင်စီ စတင် ဖြစ်ပေါ်လာမှုနဲ့ လုပ်ငန်းစဉ်တွေအပေါ် မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“ဒီကောင်စီဖွဲ့ဖို့ ဘယ်က Authorize လုပ်ပြီးဖွဲ့တာလဲဆိုတဲ့ဟာက ပထမမေးခွန်းပေါ့နော်၊ လွှတ်တော်မှာလည်း ဘာမှ ဒီအကြောင်းမကြားရဘဲနဲ့ အဖွဲ့ဖွဲ့ချလိုက်တဲ့ဟာပေါ့နော်၊ ဘာနဲ့သွားဆင်တူလဲဆိုတော့ ဟိုးအရင်တုန်းက ကျနော်တို့ အမျိုးသားလူ့အခွင့်အရေး ကောင်စီတဲ့ ပုံသဏ္ဍန်မျိုးပဲ၊ နောက်ပိုင်းကျတော့ ဒီအမျိုးသား လူ့အခွင့်အရေးကောင်စီကို ဘတ်ဂျက်က ဘယ်ကပေးမှာလဲ၊ လွှတ်တော်က ဘတ်ဂျက်ပေးဖို့ သဘောမတူဘူး ဘာညာဆိုတဲ့ ဟာမျိုးတွေဖြစ်လာတာမျိုးပေါ့နော်၊ နောက်တခုက သူတို့က ဘာတွေ ဆောင်ရွက်မှာလဲ၊ သူတို့ရဲ့လုပ်ငန်းစဉ်တွေနဲ့၊ သူတို့ရဲ့ လုပ်ပိုင်ခွင့် တွေနဲ့၊ သူတို့ရဲ့တာဝန်တွေက ဘာတွေလဲဆိုတာတော့ ကျနော်တို့ တိတိကျကျသိဖို့လိုသေးတာပေါ့။

အကျင့်ပျက် တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရ ဦးအောင်ကိုတင်ပြ

Posted by drmyochit Saturday, August 11, 2012, under | No comments


 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က လွှတ်တော် အစည်းအဝေး ပြုလုပ်နေစဉ်။ 
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်။ 

တရားစီရင်ရေးမှာ တာဝန်မကျေပွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနဲ့ ပြန်လည်အစားထိုး ခန့်အပ်ဖို့လိုကြောင်း စသဖြင့် ပြောဆိုခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"မြန်မာနိုင်ငံဟာတဲ့ တရားဥပဒေ စိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းမှာ ကမ္ဘာက ထည့်သွင်းထားတာကို တွေ့ရတယ်တဲ့။ တရားစီရင်ရေး မဏ္ဍိုင် အဂတိတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်း ပြည်ပက ကျယ်လောင်စွာ ဝေဖန် အော်ဟစ်နေကြ တယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို အချိန်တို ကာလအတွင်း ဖြောင့်မတ်ကြံ့ခိုင်လာစေဖို့ ဆောင်ရွက်တဲ့ နည်းလမ်းတွေက လက်တွေ့ဆန်တဲ့နည်းလမ်း ၃ မျိုးရှိပါတယ်တဲ့။ တရားသူကြီး၊ တရားရေးအရာရှိ လုပ်တဲ့ဟာက အဓိက မဟုတ်ဘူးတဲ့။ ဖြောင့်မတ် မှန်ကန်မှုနဲ့ လူထုအပေါ် မေတ္တာထားရန်သာ ပဓာန ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့လို့ တရားလွှတ်တော်ချုပ် အဆင့်တွေမှာ သီလ၊ သမာဓိ၊ ပညာပြည့်ဝတဲ့ ပြင်ပဥပဒေ ပညာရှင်များကိုပါ ထည့်သွင်းပြီးတော့ တာဝန်ပေးသင့် တယ်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည့်သူ့ အကျိုးစီးပွားဘက်က ရပ်တည်ပြီးတော့ ကာကွယ်ပေးရတယ်တဲ့။ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့သင့်တာမျိုး လုပ်သင့်တယ်။ သူတို့က အကြံပြုတယ်"
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ကော်မတီကို တင်ပြ တိုင်ကြားတာတွေ ရှိနေကြောင်း၊ မြန်မာနိုင်ငံမှာ အဆင့်မြင့် တရားသူကြီးတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ဖြောင့်မတ်မှန်ကန်မှု မရှိတဲ့ စီရင်မှုတွေအတွက် အရေးယူ ဆောင်ရွက်နိုင်မဲ့ ဥပဒေ တိတိကျ ပြဋ္ဌာန်းဖို့ လိုအပ်ကြောင်း၊ အခြေခံဥပဒေမှာလည်း တရားသူကြီးများကို ကာကွယ်ထားတာ တွေ့ရတာကြောင့် တင်ပြရတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒီအဆိုနဲ့ သုံးသပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးဖို့ရှိကြောင်းလည်း သိရပါတယ်။



ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း

Posted by drmyochit Saturday, August 11, 2012, under | No comments


ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ) ။   ။ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေ ရန်နှင့် ရခိုင် ပြည်သူလူထုကို တိုင်းရင်းသားအချင်းချင်း စည်းရုံးဖြောင်းဖြရန် သမ္မတဦးသိန်းစိန်က ရခိုင် ပါတီနှစ်ခုကို တိုက်တွန်း လိုက်ကြောင်း အဆိုပါ ပါတီများ၏ ခေါင်းဆော င်များက ပြောသည်။ရ ခိုင်ဒီမို ကရေ စီအ ဖွဲ့ချုပ် ALD နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့အား ဗုဒ္ဓ ဟူးေ န့ တွေ့ ဆုံရာတွင် သမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ALDဥက္ကဋ္ဌဦးအေးသာအောင်ကမဇ္ဈိမကိုပြောသည်။


“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောဖြစ်တာပေါ့။ သမ္မတ က ပြောတယ်၊ တိုင်း ရင်းသားကိစ္စတွေကို ဗမာတွေ ပြောတာထက်စာရင် တိုင်းရင်းသားအချင်းချင်း ပြောတာက ပိုအဆင်ပြေမယ်တဲ့။ ရခိုင်ပြည်သူတွေကရခိုင်ပါတီတွေနဲ့ပိုနီးစပ်တယ်လေ”ဟုပြောသည်။

သမ္မတနှင့် တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အဓိကထား ပြောဆိုသွားသည်ဟုလည်း RNDP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကမဇ္ဈိမကိုပြောသည်။

“တည်ငြိမ်အေးချမ်းရေး အခြေအနေတွေကိုပဲ ပြောဖြစ်ကြတယ်။ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေမှာ ကျနော်တို့ပါတီတွေက ပူး ပေါင်းပါဝင်ပေးဖို့ပေါ့။ပါတီတွေရဲ့အကြံဉာဏ်တွေလည်းတောင်းတာပေါ့”ဟုပြောသည်။

တွေဆုံပွဲသို့ ALD ပါတီမှ ဦးအေးသာအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဦးသန်းဝင်း၊ ဦးညိုထွန်း၊ ဦးမျိုးကျော်တို့ ပါဝင်ပြီး RNDP မှ ဒေါက် တာအေးမောင်၊ ဦးဘရှင်၊ ဦးထွန်းအောင်ကျော်နှင့် ဦးဖေသန်းတို့ ပါဝင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်ကပြောသည်။

ဇွန်လဆန်းပိုင်း ကတည်းက စတင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် မြန်မာ အစိုး ရအနေနှင့် အချိန်မီ တားဆီးခွင့်ရှိပါလျက်နှင့် တားဆီးဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW)ကယခုလ၁ရက်ကထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတခုတွင်ဖော်ပြခဲ့သည်။

အာရှမှ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့အပါအဝင် အခြား မူဆလင်နိုင်ငံများမှ ဘာသာရေး အခြေခံ အဖွဲ့ များနှင့် NGO အချို့က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မူဆလင်များ ထောင်နှင့်ချီ၍ သတ်ဖြတ်ခံနေရကာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကလည်း၎င်းတို့အပေါ်တရားလက်လွတ်ပြုကျင့်နေကြကြောင်းစွပ်စွဲမှုများရှိနေသည်။

ထိုကဲ့သို့ စွပ်စွဲပြောဆိုမှုများမှာ မှားယွင်းနေပြီး လုံခြုံရေး လျှော့ချရန်လည်း မဖြစ်နိုင်သေးကြောင်း ဦးဘရှိန် က ပြောသည်။

“ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် လုပ်စရာတွေအများကြီး လုပ်ရမယ်။ ပြင်ပက လူတွေက ရခိုင်ပြည်နယ်အတွင်း ဥပဒေချိုးဖောက်ပြီး ဝင်ရောက်လာတယ်။ တခါတည်း ရောက်ပြီးသားဆိုပြီး တိုင်းရင်းသား အခွင့်အရေး တန်းပေးလိုက် ရမလို၊ ရခိုင်တွေအဖို့ ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင် အခွင့်အရေးတောင် မရှိရတော့သလို၊ ကျနော်ကတော့ လက်မခံနိုင်ဘူး။ ရခိုင်ကို အစ္စရေး၊ ကွန်ဂို၊ ကိုဆိုဗို အဖြစ်မခံနိုင်ဘူး။ လုံခြုံရေးကို လျှော့ချလိုက်ရင် ထိခိုက်မှုတွေ အများကြီး ဖြစ်လာ
နိုင်တယ်”ဟုမဇ္စျိမကိုပြောသည်။

ရှမ်းပြည်နယ် အကျယ်အဝန်းခန့်သာရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွတ်လပ်ရေး ရပြီးကာစ (၁၉၆၂)က လူဦးရေ သန်း ၆ဝ ခန့်သာရှိခဲ့ရာမှ ယခုအခါ သန်း ၁၆ဝ ခန့် ရှိလာခဲ့ပြီး ထိုနိုင်ငံမှ ဝင်ရောက်လာသူများသည် အိမ်ရှင်ယဉ်ကျေးမှု၊ ဓလေ့ ထုံတမ်းများကိုလေးစားလိုက်နာရမည်ဟုဦးဘရှိန်ကပြောသည်။

ထို့ပြင် မြန်မာအစိုးရ အဆက်ဆက်ကလည်း ရခိုင်တိုင်းရင်းသားများအပေါ် စောင့်ရှောက်မှု အားနည်းခဲ့၍ ရခိုင်ဒေသ မလုံခြုံဖြစ်ခဲ့ရသည်ဟုလည်း၎င်းကဆိုသည်။

ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်ဒေသများတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂါလီလူမျိုး ၉၈ ရာခိုင်နှုန်းရှိနေသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အရေအတွက် ရှစ်သိန်းကျော်ရှိမည် ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRမှခန့်မှန်းထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ
နောက်ဆုံးပတ်က ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့ပြီး ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီးဖြစ်သည့် OIC မှ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေးဝန်ကြီးသည်လည်း သြဂုတ်လ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက် လေ့လာသည်။

လွှတ်တော်ပြင်ပ တွင်ညှိုနှိုင်းအဖြေရှာရန် ဒီချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများ မှ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ် တစ်ကြိမ်တွေ့ဆုံမည်

Posted by drmyochit Saturday, August 11, 2012, under | No comments



From -YagonMedaiGroup

နိုင်ငံတော် တိုးတက်ရေး ကိုဆောင်ရွက်ရာတွင် လွှတ်တော်ပြင်ပတွင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဒီချုပ်အဖွဲ့ ဥက္ကဌနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် နှစ်ပတ်တစ်ကြိမ် တင်္နလာနေ့ တိုင်း တွေ့ဆုံ ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဩဂုတ် (၆)ရက်နေ့ကတိုင်း ရင်းသား ပါတီအသီးသီး မှလွှတ်တော်များ နှင့်ပထမဆုံး အကြိမ်တွေ့ဆုံသော အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်းသိရသည်။ထိုသို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးကြရာ တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တ.စ.ည) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းရင်းသားလွှတ် တော်ကိုယ်စား လှယ်များ ပါပူးပေါင်းပါ ဝင်ရန်ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေး နွေးပွဲကို လွှတ်တော် ကိုယ်စားလှယ် များတည်းခိုရာ စည်ပင်ဧည့်ရိပ်သာ အစည်းအဝေး ခန်းမတွင် နှစ်ပတ် တစ်ကြိမ်တင်္နလာနေ့ညနေတိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုဆွေး နွေး ပွဲတွင် တိုင်းရင်းသားများနှင့် အချို့ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ၊လွှတ်တော်ထဲ တွင် ဆောင် ရွက်ရန် ကိစ္စရပ်များကို အချိန်မကြာမြင့်စေ ရန် လွှတ်တော်ပြင်ပတွင် စောလျှင် စွာဆွေးနွေး ညှိုနှိုင်းပြီးမှ လွှတ် တော် တွင်တင်ပြသွားရန်၊ဒီမိုကရေစီနိုင်ငံ များတွင် ကျင့်သုံး သည့် လွှတ်တော် ပြင်ပတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ ပြီး ပိုမိုပြည့်စုံ၊ထိရောက်သောဆွေး နွေးမှုများကို လွှတ်တော် တွင်ကျယ် ပြန့်စွာကျင့်သုံးသွား နိုင်ရန်ရည်ရွယ်ပြီး ထိုသို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များ နှင့်တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးမင်းသူ ထံမှသိရသည်။

''လွှတ်တော်ထဲမှာ ၄ဝရာ ခိုင်နှုန်းလောက်ပဲလုပ်ပြီး လွှတ်တော် ပြင်ပမှာ၆ဝရာခိုင်နှုန်းလောက်ပြီး မြောက်အောင် လုပ်ဆောင်သွားကြ ဖို့ပါ။လွှတ်တော်ပြင်ပမှာ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာ ကြပြီး လွှတ်တော်ထဲမှာ ထိထိ ရောက်ရောက်တင်ပြဆွေးနွေးသွား ကြဖို့နဲ့တိုင်းပြည် အတွက် အားလုံးပူး ပေါင်းဆောင်ရွက်သွားကြဖို့ အန်တီ ကပြော ခဲ့တယ်။နောက်ပြီး တ.စ.ည နဲ့ ပြည်ခိုင်ဖြိုး ပါတီက တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ပါဝင်စေချင် တယ်လို့ အန်တီက ပြောခဲ့တယ်''ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ် ပါတီမှပြည် သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းမောင်တင်က''တောင်ပေါ်ဒေသတွေက တိုင်းရင်းသား တွေကိုအားလုံး ပါဝင်စေချင်တယ်။ ဒါကြောင့် တ.စ. ညရော၊ပြည်ခိုင်ဖြိုးက တိုင်းရင်းသား ကိုယ်စားလှယ် တွေကို ဖိတ်ခေါ်ချင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲဒီမှာဒေါ်အောင်ဆန်းစုကြည် ကတော့ ရခိုင် အရေးမှာဆိုလည်း ရခိုင်တိုင်းရင်းသား တွေသာမက တိုင်းရင်းသားအားလုံး ကဆွေး နွေးသွားဖို့နဲ့ပါဝင်ဆွေးနွေးသွားဖို့ ပြောတယ်။တိုင်းရင်းသားပါတီတွေ ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ဆွေး နွေးခဲ့ကြတယ်''ဟုဆိုသည်။
ထိုသို့ပင်ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က''တိုင်းရင်း သားတွေ အားလုံးတန်း တူညီမျှအခွင့် အရေးရှိဖို့ သူမအနေနဲ့လိုလားတယ် လို့ပြောတယ်။နောက်ပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးကို ဘယ် လိုချဉ်းကပ်မလဲဆိုတာ၊လွှတ်တော် တွင်း၊လွှတ်တော်ပြင်ပ ကိစ္စရပ်တွေ ကိုနှစ်ပတ်တစ်ကြိမ်ဆွေးနွေးအဖြေ ရှာသွား မယ်ဆိုတာတွေဆွေးနွေးခဲ့ ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ကိုအား လုံးနဲ့ညီညီညွှတ် ညွှတ်သွား ကြဖို့နဲ့တတိယ အင်အားစုအနေနဲ့ ဘယ်အင်အားစုပါတီကြီးတွေနဲ့မှမ ပူးပေါင်းပဲကြား ခံအနေ ဖြင့်သာ ဆက်လက်ရပ်တည်သွား မှာဖြစ်တယ် အတွက် ကောင်းတာတွေကိုညှိုနှိုင်းဆောင် ရွက်သွား ကြမယ်''ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့ လွှတ်တော်များတွင်တက်ရောက် နေကြသည့် တိုင်းရင်းသား ပါတီများ ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုက ရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါ တီ၊ချင်း အမျိုးသားပါတီ၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါ တီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ၊''၀''ဒီမိုကရက်တစ်ပါတီ၊ကရင်ပြည်နယ်ဒီမိုက ရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီစသည့်တိုင်းရင်းသားပါတီများ

တူရကီဝန်ကြီး မြန်မာ့မြေကို ရေသန့်ဗူးထဲ ထည့်ယူသွား

Posted by drmyochit Saturday, August 11, 2012, under | 1 comment


လူသားချင်းစာနာရေး အကူအညီ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ EU တိုက်တွန်း

Posted by drmyochit Saturday, August 11, 2012, under | No comments



အိမ်နီးချင်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရောက်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို လူသားချင်းစာနာရေး အဖွဲ့တွေက အကူအညီ ဆက် လက်ပေး ခွင့်ပြုဖို့ EU ဥရောပကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနေ့က တိုက် တွန်း လိုက်ပါတယ်အီးယူ ဥရောပသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး မဟာ မင်းကြီး Ms. Kristalina Georgievaဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒုက္ခသည်တွေကို ဆက်လက်နှင်ထုတ်နေပြီး လွန်ခဲ့တဲ့ သီတင်းပတ်က နယ်စပ်ဒေသမှာ လုပ်ငန်း ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့သုံးခုကို လုပ်ငန်းတွေ ရပ်ဆိုင်း ပစ်လိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး မဟာမင်းကြီး Ms. Georgieva က ဘင်္ဂလီရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အ ထူး  စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ တာဝန်သိသိ ဆောင်ရွက်ဖို့ အထူးတလည် မေတ္တာရပ်ခံကြောင်း၊ ဒါ့အပြင် လိုအပ်နေသူတွေ အားလုံးကို အကူအညီပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကိုလည်း အားလုံးအတွက် အကျိုး ကျေးဇူးရှိမယ့် လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းကြောင်း သူ့ကြေညာချက်မှာ ဖော် ပြထားပါတယ်။
စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ၂၀၀,၀၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
ဥရောပသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဒီနှစ်ထဲ ယူရို ၁၀ သန်း အကူအညီပေးဖို့ လျာထားပါတယ်။

ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ

Posted by drmyochit Saturday, August 11, 2012, under | No comments


 
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခပြဿနာတွေဟာ ရခိုင်ပြည်နယ်ရဲ့  မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ နောက်မှာဝင်လာသူတွေဆိုတဲ့ ဘာသာကွဲပြား စကားမတူတဲ့ ဘင်္ဂါလီနွယ်ဖွားတွေကြားမှာ နှစ်ပေါင်းအတော်ကြာရှိနေခဲ့တဲ့ မုန်းတီးမှုနဲ့ သံသယမီးပွားတွေ ထပြီးတောက်လောင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့ ဒီလူအစု၊ လူအဝေးကို ဒေသခံတွေက အကြောင်းအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးကြောင့် သံသယကြီးစွာနဲ့ မယုံကြည် လက်မခံနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးရဲ့  အစဉ်အဆက် ကိုင်တွယ်မှုမှားယွင်းမှုအပြင်၊ နိုင်ငံရေးအမြတ်ထုတ်မှု၊ နိုင်ငံသားဖြစ် ဥပဒေအားနည်းချက်၊ လူ့အခွင့်အရေးချိုးဖောက်မှု စသဖြင့်လည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ မှာ ရှိနေတဲ့ Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မဝေနှင်းပွင့်သုန်ဟာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးရဲ့  သမီးလည်း ဖြစ်ပါတယ်။
မဝေနှင်းပွင့်သုန် ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။ ရခိုင်ပြည်နယ်မှာဖြစ်တယ်ဆိုတဲ့ဟာက တော်တော်များများ ပြောတဲ့လူတွေကတော့ ရခိုင်ပြည်သူပြည်သားတွေဖက်ကလည်း ပြောတဲ့လူတွေရှိသလို။ ဒီလိုမျိုး ရခိုင်ပြည်သူတွေဖက်မှာနေနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ ပြောတဲ့လူတွေလည်းရှိတယ်။ ကျမအနေနဲ့ကတော့ တယောက်နဲ့တယောက် အမြင်ချင်းမတူတာ၊ ဘာသာချင်းမတူတာ။ အကိုပြောသလို ဒါက နှစ်တွေ၊လတွေ များစွာ စုပေါင်းပြီးတော့ဖြစ်လာတဲ့ ပြဿနာ။ အခုအချိန်မှာ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒါကလုံးဝမဖြစ်သင့်တဲ့ ပြဿနာ။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသင့်တယ်။ ကိုယ်နဲ့ဘာတူညီလဲ။ ကိုယ်နဲ့ဘာကွဲခြားသလဲဆိုတာကို ကြည့်မှာထက်။ တူညီတဲ့နေရာကနေ စပြီးတော့ ဘယ်လိုမျိုး ငြိမ်းချမ်းစွာနေသွားသင့်သလဲ။ ဘယ်လိုမျိုး နိုင်ငံကို။ လူမျိုးရေးပြီးတဲ့အခါကြတော့ ဘာသာရေးပိုထွန်းကားလာအောင်၊ ပြီးတော့ ပိုပြီးကာကွယ်လို့ရအောင် ဘယ်လိုမျိုး လုပ်မလဲဆိုတာတွေက အကြမ်းဖက်နည်းနဲ့သွားမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတခုပါ။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက မဝေနှင်း အခုနပြောသလို၊ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ နေရာမှာ အခုပြဿနာရဲ့  အရင်းခံကို အများစုသုံးသပ်တာကတော့ ဒါဟာ တိုင်းရင်းသားပြဿနာ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ပြီး အခေါ်ခံနေရတဲ့လူစုကို ရိုဟင်ဂျာအနေနဲ့ မခေါ်ချင်ဘူးဆိုကတည်းကိုက ဘယ်လိုလုပ် ဆွေးနွေးမှု ဖြစ်လာနိုင်မလဲ။
မဝေနှင်းပွင့်သုန် ။ ။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူးဆိုရင် မင်းတို့ဘယ်လို ခေါ်ချင်သလဲ။ ဆွေးနွေးမှုဆိုတာ အဲဒီလို စတင်တယ်။ ဒါပေမဲ့ တကယ်တမ်း အခုဖြစ်နေတဲ့ဟာက သူတို့အနေနဲ့က ကျမတို့ ရိုဟင်ဂျာလူမျိုးရယ်လို့ မပြောပါနဲ့ ရန်ကုန်၊ မန္တလေးမှာရှိနေတဲ့ မြန်မာမူစလင်လူတွေကိုယ်တိုင်က တချို့ ဆိုရင် မှတ်ပုံတင်မရှိတဲ့လူတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့  မိသားစုအခြေအနေကြောင့်။ ဒါမှမဟုတ်လို့ရှိရင် ပြီးတဲ့အခါကြရင် ပိုက်ဆံမရှိတာလား။ ပြီးတဲ့အခါ ဘယ်နေရာမှာ နေထိုင်တာလဲ။ အဲဒီလိုမျိုး ကွဲခြားပြီး မှတ်ပုံတင်မရှိတဲ့လူတွေ ရှိနေတုန်းပဲ။ ဆိုတော့ ဒီနေရာမှာ တရားမဝင်လာနေထိုင်ဆိုပြီးထားပါအုန်း။ တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူအခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်