Thursday, March 28, 2013

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

Posted by drmyochit Thursday, March 28, 2013, under | No comments

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

စာပေ အနုပညာ ဂျာနယ်လား၊ လိင်စိတ်နိုးကြွ သရုပ်ပျက် ဂျာနယ်လား

Posted by drmyochit Thursday, March 28, 2013, under | 2 comments

ဟိုရှာဒီရှာ မြင်မိတာကတော့ စတုတ္တမဏ္ဍိုင်ကြီးက စာပေအနုပညာ ဂျာနယ် အမည်တပ် Sexy စိတ် သွင်းပြီး ဂျာနယ် Cover ရိုက်ရသတဲ့။ MOOD ဆိုတော့ မု ၀င်အောင်တော့ လုပ်ရပေမည်။ သို့သော် သင်္ကြန် အကြိုဖက်ရှင်တောင် ဒီလောက် ဖြစ်နေပါလျှင် သင်္ကြန်ကျလို့ မူးကြ ရူးကြပြီ ဆိုလျှင် မည်သို့ ဖြစ်မည် မသိ။ လွတ်လပ်စွာ ထုတ်ဝေခွင့်၏ အကျိုးဆက်လို့ ပြောရမည်လား မသိတော့ပေ။

From: OPP

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူ လူထု ထံသို့ ရှင်းလင်း ပြောကြားခြင်း

Posted by drmyochit Thursday, March 28, 2013, under | No comments



နေပြည်တော် မတ် ၂၈

မိတ္ထီ လာ အရေး ကိစ္စ အပါ အဝင် လတ် တလော ဆူပူ မှုများ ကူး စက်ပြန့် ပွားရန် ကြိုး ပမ်း လာတဲ့ အခြေ အနေ များနဲ့စပ် လျဉ်းပြီး ကျွန်တော့် အနေနဲ့ ပြည်သူ လူထု တရပ် လုံး ကို လို အပ် တဲ့ ကိစ္စ ရပ်များ အား ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂ လိက အငြင်း ပွားမှု၊ သာမန် မှုခင်း တခုကို အကြောင်း ပြုပြီး မိတ္ထီ လာမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ် စ ပြုလာ သည့် အခြေ အနေမှာ ပြည် သူ လူ ထုကြီး ရဲ့ ရိုးသား မှုကို အခွင့်ကောင်း ယူပြီး ရန် ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံဒေသ အနှံ့ အပြား တွင် ဆူပူ မှုများ ကူးစက် ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှု များကို စိတ် မ ချမ်းမြေ့  ဖွယ် တွေ့မြင် နေ ရ ပါ တယ်။ ဒါကြောင့် ဒီ ကိစ္စ များနဲ့ပတ် သက်ပြီး ကျွန်တော်ရဲ့ သဘော ထားနဲ့ အစိုး ရရဲ့ ရပ် တည် ချက် များကို ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါ တယ်။


ကျွန်တော့် အနေနဲ့ အင် အား သုံးပြီး ပြဿ နာ တွေကို ဖြေရှင်း တာကို မနှစ် မြို့ပါ။ ဒါပေမဲ့ ပြည်သူ လူထု ရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံ မှုကို ထိပါး တဲ့လုပ် ရပ် မှန် သမျှ ကိုတော့ လုံးဝ လက် သင့် ခံမှာ မဟုတ် ဘဲ လိုအပ်လျှင် မြို့ပြ အင်အား သုံးပြီး ထိထိ ရောက်ရောက် တားဆီး နှိမ်နင်း သွားရမှာ ဖြစ်ပါ တယ်။ ဒီနေ ရာမှာ တရား ဥပဒေ စိုးမိုး ရေးတွင် အဓိက တာဝန် ရှိနေတဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အ ညီ ရဲဝံ့ပြတ်သား စွာ ဆောင် ရွက်ကြဖို့ ပြောကြား လိုပါတယ်။


ဒီမို ကရေစီ ရဲ့ ရေသောက် မြစ်လို့ ဆိုရမယ့် တစ်ဦး တစ်ယောက် ချင်းစီရဲ့ လွတ်လပ် ခွင့်ဆိုတာ သူတပါး ကို ထိခိုက်မှု မရှိပဲ လွပ် လပ်ခြင်း ရဲ့ အရ သာကို အားလုံး ခံစား နိုင်ဖို့ ဖြစ်ပါ တယ်။ ကျွန်တော် တို့နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း မိမိ ယုံကြည် ရာကို လွတ် လပ်စွာ ကိုးကွယ် ပိုင်ခွင့်အား နိုင်ငံသား အခွင့် အရေး အနေနဲ့ အာ မ ခံချက် အပြည့် အဝ ပေးထား ပါတယ်။ ဒီနေ ရာမှာ မွန်မြတ် တဲ့ ကိုးကွယ် ယုံကြည် မှုကို ခုတုံး လုပ်ပြီး အလွဲ သုံးတဲ့ အယူသီး အစွန်း ရောက်လုပ် ရပ်တွေ၊ မတူ ညီတဲ့ ဘာသာ တရားတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုး စီးပွား နဲ့ယှဉ် တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ် ထုတ် လုပ်ဆောင် လာမှု တွေကို ပပျောက် သွားအောင် ကျွန်တော် တို့ အစိုး ရအနေ နဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေ များနဲ့အညီ ထိထိ ရောက် ရောက် အရေး ယူ ဆောင်ရွက် သွားမှာ ဖြစ်တယ် ဆိုတာ သတိ ပေး ပြောကြား လိုပါ တယ်။


ဒီလို ပဋိ ပက္ခတွေ၊ အခက် အခဲ အကျပ် အတည်း တွေဟာ ဒီမို ကရေစီ အသွင် ကူးပြောင်း ရေး ကာ လမှာ မဖြစ် မနေကြုံ တွေ့ရမယ့် စိန်ခေါ် မှုတွေ၊ ပြဿ နာတွေ ထဲက တစ်ခု လို့ ရှုမြင် ရမှာ ဖြစ်ပြီး အားလုံး အတူ ပူးပေါင်း ကျော်လွှား ဖြေရှင်း သွား ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြေရှင်း တဲ့ အခါ မှာလည်း နိုင်ငံတည် ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ် လုံးလုံး ကျွန်တော်တို့  နိုင်ငံကို နောက်ကျ ကျန်စေ ခဲ့တဲ့ မတူ တဲ့ အင်အား စုတွေ အကြား ထိပ်တိုက် ရင် ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ် ဖို့ ကြိုးစား ခဲ့တဲ့ အနိုင်-အရှုံး သတ်မှတ် တဲ့ အလေ့ အကျင့် ကို အတိတ် မှာ ချန် ထား ခဲ့ပြီး မ တူ ညီတဲ့ အား တွေကို စုစည်းပြီး အချင်း ချင်း ညှိနှိုင်း ပူးပေါင်း ဆောင် ရွက်ခြင်း နဲ့ အား လုံး အတွက် အကောင်း ဆုံး အဖြေ ကို ရှာတဲ့ ဒီမို ကရေ စီ အလေ့ အကျင့်ကို ကျင့် သုံးခြင်း ကသာ ပေါ်ပေါက် လာတဲ့ အကျပ် အတည်း တွေ ကို ဖြေရှင်း နိုင်ပြီး ဒီမို ကရေစီ အသွင် ကူးပြောင်း ခြင်း ဖြစ် စဉ် ကို ပံ့ပိုး ပေးနိုင် လိမ့် မယ်လို့ ယုံကြည် ထား ပါတယ်။


ယခု မိတ္ထီ လာမှာ ဖြစ် ပျက် ခဲ့ တဲ့ ဖြစ် စဉ်ကို ဖြေ ရှင်း တဲ့နေ ရာမှာ ယခင် ကနဲ့မ တူဘဲ အသိုက် အဝန်း တွေကြား မှာ နားလည် မှုတွေ နဲ့ ယုံကြည် မှုတွေ ပြန်လည် တည်ဆောက် နိုင်ဖို့ အ တွက် အ ရပ် ဘက် လူ့ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာ ပေါင်းစုံက ခေါင်း ဆောင် တွေရဲ့ ပူးပေါင်း ဆောင်ရွက် မှု၊ နိုင်ငံ တကာ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ကူ ညီမှု၊ မီဒီ ယာ များရဲ့ ပိုမို တာ ဝန် သိသိ၊ တာဝန် ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူ တွေရဲ့ အသက် အိုးအိမ် စည်း စိမ် လုံခြုံ မှုနဲ့ ပြန်လည် ထူထောင် ရေး လုပ်ငန်း များအတွက် ဘုန်းတော် ကြီးများ အပါ အဝင် လုံခြုံရေး အဖွဲ့ အစည်း များနဲ့ တပ် မတော် တို့ရဲ့  မှန် ကန်တဲ့ အခန်း ကဏ္ဍက ပါဝင် မှုတွေ ကို တွေ့ရှိ ရပါတယ်။ တချို့ ဒေသ တွေမှာ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင် နေကြတဲ့ ပြည်သူ လူထုတွေ အထိတ် တလန့် ဖြစ်အောင်၊ အကြမ်း ဖက်မှု တွေဖြစ် အောင်၊ ကောလာ  ဟလ တွေနဲ့ သွေးထိုး လှုံ့ဆော် နေ တာတွေ ရှိပေ မယ့် ဒါတွေ က တ ဆင့် အကြမ်း ဖက်မှု တွေ အဖြစ် ရောက်ရှိ မသွား ရအောင် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေ၊ အရပ် ဘက် လူ့ အဖွဲ့ အစည်း တွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ ဘာသာ ရေး ခေါင်းဆောင် တွေ ပူးပေါင်း ကော် မတီ တွေ၊ ဘာသာရေး အဓိ ကရုဏ်း ကာကွယ် တားဆီး ရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ် ပေးနေ ကြတာ တွေကို လည်း အပြု သဘောဆောင်သော ဖြစ်ရပ် များ အဖြစ် တွေ့မြင် နေရ ပါတယ်။


ဒါ့အပြင် သွေးထိုး မှုတွေ လှုံ့ဆော် မှု တွေကြောင့် အခြား မြို့ကြီး များကို ပဋိ ပက္ခများ ကူး စက်မယ့် အန္တ ရာယ် ကိုလည်း အရပ် ဘက် လူ့ အဖွဲ့ အစည်းတွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ သက် ဆိုင်ရာ အစိုး ရ အဖွဲ့ အစည်း တွေ၊ လုံခြုံရေး အဖွဲ့ အစည်း တွေ အားလုံး ဝိုင်း ဝန်း ကာကွယ် လုပ် ဆောင်နေ ကြ တာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစု တွေနဲ့ မတူ ညီတဲ့ ကိုးကွယ် ယုံကြည် မှုတွေ အကြား အချင်း ချင်း အပြန် အလှန် လေးစားမှု၊ နားလည် မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင် တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ ပေါ်မှာ ဂုဏ် သိက္ခာ ရှိရှိ ရပ် တည် နိုင်ဖို့ အတွက် ကြိုးပမ်း နေကြ တယ် ဆို တာ ကိုလည်း သက် သေထူ ရာ ရောက် ပါတယ်။

ကျွန်တော် တို့အစိုးရ အနေနဲ့ အင် အား သုံးဖြေရှင်း ကိုင် တွယ် မှုတွေ ကို တတ်နိုင် သမျှ ထိန်း ထိန်း သိမ်း သိမ်း ဆောင် ရွက် ခဲ့ရတဲ့ အကြောင်း ရင်း ကတော့ မိမိတို့ နိုင်ငံ သားများရဲ့ အရှိန်ယူစ ဒီမို ကရေစီ ကျင့် စဉ်များ စမ်းသပ် ကျင့် သုံးမှု ကို အဟန့် အတား ဖြစ်ပြီး အချိန် မတိုင်မီ ပျက်စီး သွား နိုင်မယ့် အန္တ ရာယ်ကို ရှောင်ရှား လို တဲ့ အ တွက်ကြောင့် ပဲ ဖြစ်ပါ တယ်။ ယခု ကာ လတို အ တွင်း မြေစမ်း ခရမ်း ပျိုးနေ တဲ့ ပြုပြင် ပြောင်းလဲ ရေးများနဲ့ ဒီမို ကရေစီ ရှင်သန် ရေးများကို မဆုံး ရှုံးစေ လိုတဲ့ အတွက် ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ် စည်းစိမ် ကို ထိပါး လာရင်တော့ ကျွန်တော့် ကို အခြေခံ ဥပဒေ က အပ်နှင်း ထားတဲ့ နိုင်ငံတော် သမ္မ တရဲ့ လုပ်ပိုင် ခွင့်တွေ၊ လုံခြုံရေး အဖွဲ့ အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့ အင် အား ကို အသုံး ပြုပြီး အကာ အကွယ် ပေးသွား ဖို့ ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ပြည် သူ လူထု တစ်ရပ် လုံး ကလည်း မေ တ္တာကို အရင်း ခံ၊ ကိုယ်ချင်း စာ တရားကို လက်ကိုင် ထားပြီး အမြင် ကျယ် ကျယ်၊ သတိ ကြီးကြီးနဲ့ ဝိုင်းဝန်း ကူညီ ပူးပေါင်း ဆောင် ရွက် ကြဖို့ ကျွန်တော် အလေး နက် တိုက်တွန်း မေတ္တာ ရပ်ခံ ပါတယ်။


မြန်မာ နိုင်ငံလို တိုင်း ရင်းသား ပေါင်း စုံနဲ့ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နဲ့ ယဉ်ကျေး မှု ပေါင်းစုံ စုစည်း တည်ဆောက် ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေ နဲ့ နိုင်ငံ သား အားလုံး ပါဝင်တဲ့ ဒီမို ကရေစီ စနစ် ကသာ လျှင် တည်ငြိမ် အေးချမ်း မှုကို အာမ ခံနိုင် တဲ့ ဒီမို ကရေ စီစ နစ် ဖြစ်လာ မယ် ဆို တာ ကို အား လုံးက အလေး အနက် ခံယူ ထားကြ ရမှာ ဖြစ် ပါတယ်။ မတူ ကွဲပြား မှုတွေ ရှိနေပေ မယ့် လည်း အဆင်ပြေပြေ ယှဉ်တွဲ နေထိုင် နိုင်ဖို့ အတွက် ဒီမို ကရေ စီ နည်းလမ်း ကျကျ၊ ငြိမ်းငြိမ်း ချမ်းချမ်း ကြိုး ပမ်းကြ ရမှာဖြစ် ပါတယ်။ ကျွန်တော် တို့ တွေရဲ့ မတူ ကွဲပြား မှုတွေ ကို ဂုဏ် ယူကြ ရမှာ ဖြစ် သလို တစ်ပြိုင် နက် တည်း မှာပဲ ကွဲပြားတဲ့ အင်အား တွေကို စု စည်းပြီး ပေါင်း စည်း အား အဖြစ် အသုံးပြု နိုင်မယ် ဆိုရင် ကျွန်တော် တို့ လက်တွေ့ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ အနာ ဂတ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ် မှုတွေ ကို ကျော် လွှား သွားနိုင် မယ်လို့ ကျွန်တော့် အနေနဲ့ ရာနှုန်းပြည့် ယုံကြည် ပါတယ်။


ကျွန်တော့် အနေ နဲ့ ပြည် သူ လူ ထု အား လုံး ကို ပြောကြား လိုတာ ကတော့ အခု ချိန်မှာ ကျွန်တော် တို့ မြန်မာ့ လူ အဖွဲ့ အစည်း ကို ပွင့်လင်း လွတ်လပ်တဲ့ လူ့ အဖွဲ့ အစည်း ဖြစ်အောင် ကြိုးစား နေတာ ဖြစ်တဲ့ အတွက် အစိုးရ ကလည်း ဖြစ် စဉ်ဖြစ် ရပ် အမှန် တွေကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း မြင်သာ မှုရှိရှိ သတင်း ပေးပြန် ကြား သွားမှာ ဖြစ် သလို ပြည် သူ လူ ထု တစ်ရပ် လုံး အနေ နဲ့ လည်း ကောလာ ဟလ တွေ ရဲ့ အန္တ ရာယ်ကို သတိ ကြီးကြီး၊ ဥာဏ် အမြော် အမြင် ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန် သွားကြရင် ကျွန်တော် တို့အား လုံး ဒီ စိန်ခေါ် မှုတွေ ကို သမိုင်း အစဉ် အလာ အရ သဟ ဇာ တ ရှိ ရှိ နေထိုင် ခဲ့တဲ့ လူ အဖွဲ့ အစည်း တစ် ရပ်ရဲ့ ဂုဏ်သိ က္ခာ နဲ့ အညီ အတူ လက်တွဲ ကျော် လွှား သွားကြ ပါစို့ လို့ တိုက် တွန်း ရင်း နိ ဂုံး ချုပ် ပါ တယ်။

နိုင်ငံတော်သမ္မတရုံးမှ

တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်

Posted by drmyochit Thursday, March 28, 2013, under | No comments

J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင် ဆောက် လုပ် သည့် အ ဆင့်မြင့် နည်း ပညာသုံး ကိုယ်ပျောက် တိုက်လေ ယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ် မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက် များ ကို ခြိမ်းခြောက် နိုင် ခဲ့ သည်။

တရုတ်နိုင်ငံ၏ ပဟေဠိ ဆန်သော ကိုယ်ပျောက် ဂျက် တိုက်လေယာဉ် J-20၏ ဝေ ဟင်မှ ဝေဟင် ပစ် ဒုံးကျည် စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက် တိုက်လေ ယာဉ် ဖြစ် ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင် ခဲ့ သည်။

အင်္ဂါနေ့ကမူ အဆိုပါ လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများကို အင်တာ နက်တွင် စတင် လွှင့်တင် လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို တရုတ်စစ်ဘက် ဖိုရမ်တစ်ခုဖြစ်သော iissbbs.com တွင် ပထမ ဆုံး အကြိမ် လွှင့်တင် ခဲ့ခြင်း ဖြစ်သည်။

အသုံးပြု ထားသော ဒုံးကျည်သည် အနီအောက် ရောင်ခြည် အာရုံခံစနစ် ပါရှိသည့် PL-10 အမျိုးအစား မျိုး ဆက် သစ် ဒုံးကျည်ဟု ယူဆရသည်။ ယင်းသည် အမေရိကန်လုပ် AIM-9Xကို ယှဉ်ပြိုင်ရန် တီထွင် ထားခြင်းဖြစ် သည်။

(၂၀၁၂) ခုနှစ်က ကမ္ဘာသို့ မိတ်ဆက် ခဲ့သော တိုက်လေယာဉ်ကို ဆီချွန်ဒေသရှိ ချန်ဒူးတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ် မှု ပြုလုပ် ခဲ့ခြင်း ဟုလည်း ဆိုသည်။ ကျွမ်း ကျင် သူ များက အဆိုပါ ဒုံးကျည်ကို တပ်ဆင်ထားမှု နည်း ပညာ အရ တရုတ် အင်ဂျင် နီယာ များ၏ လက်ရာ ဟု ထောက်ခံ သုံးသပ် ခဲ့ကြ သည်။

အမေ ရိကန် သည် လေတပ် တွင် F-22 ပဉ္စမမျိုးဆက် Raptor တိုက်လေ ယာဉ် များကို အင်အား တိုးချဲ့ လာ ချိန် တွင် တရုတ် ကလည်း ကိုယ်ပျောက်နည်းပညာသုံး J-20ကို တည်ဆောက်လာခြင်း ဖြစ်သည်။ လေ့ လာ သူများ ကမူ F-22သည်J-20ထက် လက်နက် သယ်ဆောင် တပ် ဆင်မှု အပိုင်း တွင် သာလွန်နေ ဆဲဖြစ်ပြီး ဝေဟင် စီးချင်း တိုက်ပွဲများတွင် အကောင်းဆုံး မဟာဗျူဟာမြောက် တိုက်ခိုက်ရေး ယန္တရားများ အဖြစ် ရပ် တည် နေကြောင်း ချီးကျူး ထားသည်။

သို့သော်လည်း Aviation World လစဉ်ထုတ် မဂ္ဂဇင်း၏ ဒုတိယ အယ်ဒီတာဟောင်း ဘိုင်ဝေကမူ J-20၏ လက်နက် တပ်ဆင်ရန် နေရာချ ထားသိုပုံသည် အရှိန်မြှင့် ပျံသန်းသည့် ဝေဟင် စစ်ပွဲများအတွက် ပညာသား ပါပါ ဖန်တီးထားကြောင်း သုံးသပ်ခဲ့သည်။

"J-20ရဲ့ လက်နက် အထားအသို ဒီဇိုင်းက ထူးခြားတယ်။ ပြီးတော့ အရမ်းကို ဖန်တီးမှု ကောင်းပါတယ်။ တပ်ဆင် ထားပုံက လေယာဉ်ရဲ့ တရွတ်ဆွဲ ပျံသန်းမှု အဟန့်အတားကို လျှော့ချပေးနိုင်တယ်။ အင်ဂျင်နီ ယာတွေ ရဲ့ ကြုံတွေ့လာရနိုင်တဲ့ တပ်ဆင်မှု အခက်အခဲတွေကိုလည်း အများကြီး နည်းပါး သွားစေနိုင် တယ်" ဟု ဝေက မှတ်ချက် ပြုခဲ့သည်။

တရုတ်နိုင် ငံသည် J-20 အမျိုးအစား လေယာဉ် အနည်းဆုံး (၂)စင်းမျှကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း ယူဆ ရသည်။ ထို့အပြင် ပြင်ပအခေါ် J-21ဟု ယေဘုယျ သတ်မှတ်နိုင်သည့် လေယာဉ်သစ် တစ်စင်း ကိုလည်း စမ်းသပ် နေကြောင်း သတင်းများ ထွက် ပေါ်နေသည်။

အမေရိ ကန် လေတပ်နှင့် ရေတပ်တွင်မူ ၎င်းတို့ တစ်နိုင်ငံတည်းသာ အသုံးပြုပြီး မဟာမိတ်များထံသို့ပင် မရောင်းချ သည့် F-22 Raptor (၁၉၅)စင်း ရှိနေသလို ထပ်မံ တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်သည်။

ထို့အပြင် F-22များကို ပိုမိုမွမ်းမံ အဆင့်မြှင့်ကာ X-44 Mantaနှင့် FB-22 မျိုးဆက်များကိုလည်း စမ်းသပ်နေ ဆဲ ဖြစ်သည်။အမေရိကန် လေတပ်နှင့်ရေတပ်တို့တွင် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် များကို လည်း အသုံးပြု လျှက် ရှိသည်။

Source: GlobalTimes
Planet Myanmar Network

ခြေ လေးချောင်း နှင့် ကြက်ကလေး

Posted by drmyochit Thursday, March 28, 2013, under | No comments


မတ်လ ၂၄ ရက် နေ့က အမေရိကန် ပြည်ထောင်စု မစ္စစ္စပီတွင် အမျိုး သမီး တစ်ဦး၏ မွေးမြူရေး ခြံမှ ကြက်ဥများ ပေါက်သည့် အထဲတွင် ခြေထောက် လေးချောင်းနှင့် ကြက် ကလေး တစ်ကောင် ပါလာကြောင်း ထူးဆန်းစွာ တွေ့ရှိ ကြရသည်။

အန်နက်တီ ဘရက် ဆိုသည့် အမျိုး သမီး တစ်ဦးက သူ့ ခြေ လေးချောင်း ကြက်လေးကို ကံကောင်းဟု အမည် ပေးခဲ့ပြီး၊ ၂၄ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် အကောင် ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ထို ကြက် ကောင်ပေါက် လေး၏ ခြေထောက် လေးချောင်း စလုံးမှာ ပုံမှန် အနေ အထား အတိုင်း ဖြစ်ကြောင်း WLBT-TV အစီ အစဉ်တွင် ရိုက်ကူး ဖော်ပြ ထားကြောင်း လည်း တွေ့ရသည်။

ဘရက်၏ ပြောကြား ချက်အရ ကြက် ကလေး သည် လက်ရှိ အနေ အထားတွင် ပုံမှန် အနေ အထား မဟုတ် သောကြောင့် လမ်း မလျှောက် နိုင်သေးဟု သိရသည်။ သူမ ခြံထဲတွင် ကြက် အကောင် ၁၀၀ ကျော် ရှိသည့် အနက် ယခု ကြက် ကလေးမှာ အထူး ခြားဆုံး ဖြစ် သဖြင့် ကံကောင်းဟု ခေါ် လိုက်ခြင်း ဖြစ်ကြောင်း ဘရက်က ဆိုသည်။ 

From: မောက္ခနိုင်ငံတကာသတင်း

တစ္ဆေကို မြင်တွေ့ ကြရသည့် ပင်ဆယ် ဗေးနီးယားမှ သုတေ သန အဖွဲ့

Posted by drmyochit Thursday, March 28, 2013, under | No comments


ပင်ဆယ် ဗေးနီး ယားရှိ နယူး ကက်ဆယ် မြို့တွင် အဖွဲ့ တစ်ဖွဲ့သည် သဘာဝလွန် အဖြစ် အပျက် များကို လေ့လာ စူးစမ်း လျက် ရှိကြ သည်။

သူတို့ အုပ်စုသည် ပင်ဆယ် ဗေးနီးယားရှိ  စိတ် ရောဂါကု ဆေးရုံတွင် တစ္ဆေ များကို တွေ့ရှိ ခဲ့ကြ ရခြင်း ဖြစ်သည်။ ကလိဗ်လင်း စိတ်နယ် လွန် အဖွဲ့ဟု အမည် ပေး ထားသော ထို အဖွဲ့က ရှင်းပြ ရာတွင် သူတို့ အဖွဲ့ အနေဖြင့် ထူးဆန်း သည့် တီးတိုး ပြောဆို သံများ၊ အော်ဟစ် သံများကို မှတ်တမ်း တင်နိုင် ခဲ့ကြောင်း၊ ထို့ပြင် သူတို့ သည် အရိပ် များကိုလည်း တွေ့ခဲ့ ရကြောင်း၊ ပိုပြီး ထူးဆန်း သည်မှာ  လည်ဆွဲ တစ်ခုတည်း ရွေ့လျား နေခြင်း ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့က စူးစမ်း လေ့လာ မှုနှင့် ပတ်သက်ပြီး ရုပ်သံ သတင်း ဌာန (WEWS-TV) သို့ ပြောကြားခဲ့ကြ သည်။

သူတို့ လေ့လာ သည့် အဆောက် အအုံ ကြီးမှာ ၁၉၂၆ ခုနှစ် ကတည်းက တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး၊ စိတ် ရောဂါ ဝေဒနာရှင် များနှင့် ဘိုးဘွား စောင့်ရှောက်ရေး ဂေဟာ အဖြစ် ဖွင့် လှစ် ထား ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေး အခြေ အနေကြောင့် ဆက် မဖွင့် နိုင်တော့ဘဲ ပိတ်ထား ခဲ့ရာမှ ယခု ကဲ့သို့ သွားရောက် လေ့လာ ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဖွဲ့ အနေဖြင့် ထူးခြားသည့် အသံများ၊ အရိပ် များကို မှတ်တမ်း တင်နိုင်ခဲ့ ရုံမက၊ အဆောက် အအုံ အတွင်း မြူများ ဆိုင်း သလို ဖြစ်နေခြင်း ကိုလည်း မှတ်တမ်း တင်နိုင် ခဲ့ကြောင်း သိရသည်။

မောက္ခနိုင်ငံတကာသတင်း

မတ္ထီလာသို့ ခရီး သည်တင် ယာဉ်လိုင်းများ ပုံမှန်ပြေး ဆွဲ လျက်ရှိ

Posted by drmyochit Thursday, March 28, 2013, under | No comments


ပဋိပ က္ခများ ဖြစ်ပွား လျက်ရှိ  သော် လည်း မိတ္ထီလာမြို့သို့ ပြေးဆွဲ လျက် ရှိသည့် ခရီး သည်တင် အဝေး ပြေး ယာဉ် လိုင်းများ ပုံမှန် ပြေး ဆွဲ လျက် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်း သိမ်းရေး ကော်မတီ (အဝေးပြေး)အောင် မင်္ဂလာမှ သိရသည်။ မန္တ လေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့တွင် မတ်၂ဝ ရက်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွား ခဲ့သော်လည်း မြို့တွင်း ရှိ အဝေးပြေး ဂိတ်များ မှ အပ ကျန် ခရီး သည်တင် ယာဉ်လိုင်း များမှာ ပုံမှန်ပြေး ဆွဲလျက် ရှိ ကြောင်း သိရသည်။

အောင်မင်္ဂလာ (အဝေးပြေး) မထသမှ လက်ထောက် ဌာနမှူး ဦးခေတ် လှိုင်က ''အခု လက်ရှိ မိတ္ထီ လာမြို့တွင်း  မှာ ဂိတ်ထိုး တဲ့ ယာဉ် လိုင်း ကတော့ ရပ်ထား တယ်။ ဒါပေမဲ့ အမြန်လမ်းက သွားတဲ့ကား တွေက ပြေး ဆွဲနေ ပါတယ်။ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့ တွေက မြို့တွင်း ကား ဂိတ် မရှိ ပါဘူး။ ရန်ကုန်- မန္တလေးကား တွေကို ပဲ စီးပြီး သွားလာ နေကြ တာပါ''ဟု ယင်းကပြောသည်။ အထက် မြန်မာ ပြည် ခရီး စဉ်များ ကိုပြေးဆွဲ လျက် ရှိသည့် ခရီး သည်တင် ယာဉ် လိုင်း အများ စုမှာ လက်ရှိ တွင် ရန်ကုန်- မန္တလေး အမြန် လမ်း မှ တစ်ဆင့် သွား လျက်ရှိကြောင်း အဝေးပြေးယာဉ် လိုင်းများမှ တစ်ဆင့် သိရ သည်။

အဝေးပြေး ယာဉ်လိုင်း ဖြစ်သည့် ရွှေစင်စကြာ ယာဉ်လိုင်းမှ ဂိတ်တာဝန် ခံက ''စဖြစ်တဲ့ နှစ်ရက်က မြို့ထဲဝင် ရင် အန္တရာယ် ဖြစ်မှာ စိုးလို့ မဝင် ပေမယ့် အခု လက်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက် တဲ့ နောက်မှာ ဂိတ်မှာ ပြန်ပြီး ကားရပ် ပေးပါတယ်။ ရန်ကုန်က သွားရင်တော့ နံနက်ပိုင်း ကား တွေစီး လို့ရ ပါတယ်။ ည ပိုင်း ကားက ပုဒ်မ ၁၄၄ ထုတ်တဲ့ အတွက် မဆွဲ နိုင်သေးဘူး''ဟု ပြောသည်။

ထို့ အပြင် အဆိုပါ ရက်များ အတွင်း လက်မှတ် ဝယ်ယူ ထားသူ များကို ယာဉ်လိုင်း များမှ ငွေပြန် အမ်းပေး ကြောင်း နှင့် လက်ရှိ တွင် ရန်ကုန်- မိတ်ထီလာ ကားခ ဈေး နှုန်းသည် ကျပ် ရ၂ဝဝ သာ ရှိပြီး ရန်ကုန်-မန္တလေး အမြန် ကားလိုင်းဖြင့် သွားရောက်ပါက ၁၁ဝဝဝ ကျပ် အထိ ပေးရကြောင်း သိရသည်။

ယင်း အပြင် မိတ်ထီ လာမြို့ အားဖြတ် သန်းပြေးဆွဲ ပေးနေသည့် ယာဉ်လိုင်း တစ်လိုင်း ဖြစ်သည့် ခိုင်မန္တလေး ယာဉ်လိုင်းမှ ဂိတ် တာ ဝန် ခံက ''အခု လက်ရှိ မှာ မိတ္ထီ လာကို သွားချင်တဲ့ ခရီးသည် တွေကို လက်မှတ် ရောင်းပေး ပါတယ်။ ခရီးသည် တွေအနေနဲ့ စိုးရိမ်မှု တွေက ရှိနေ ဆဲပါ။ ဒါပေမဲ့ ခရီးသည် တွေလုံ ခြုံမှု ရှိတယ် ဆိုတာ ဂိတ်က ပြောပေး တယ်။ ကားက မိတ္ထီ လာမြို့ အနီးက Feel စားသောက် ဆိုင်ကား ဝင်းမှာ ရပ် ပေးတယ်''ဟု ရှင်း ပြသည်။

လက်ရှိတွင် မန္တလေး တိုင်းဒေသ ကြီး မိတ္ထီ လာ မြို့၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်း ဖက်မှု များကြောင့် သေဆုံး သူ ဦးရေ ၁၁ ဦး၊ ဒဏ်ရာ ရသူ ၃၉ ဦး၊ ပဋိ ပက္ခကြောင့် နေအိမ် ၁၅၂ လုံး၊ ပညာ ရေး မှူးရုံး အပါ အဝင် ဘာသာ ရေးအဆောက် အအုံ ၁၃ လုံး ပျက်စီး သွားသည်။

ယင်း အပြင် မိတ္ထီလာ ခရိုင် အတွင်း ရှိ မိတ္ထီလာ မြို့နယ် အပါအဝင် ဝမ်းတွင်း၊ မလှိုင်၊ သာစည် မြို့နယ် လေးမြို့နယ် အား နိုင်ငံတော် သမ္မတ ရုံးမှ ဥပဒေကဲ့ သို့ အာဏာ တည်သော အမိန့် အမှတ် (၁/ ၂၀၁၃)ကို ထုတ်ပြန် ထားပြီး ယင်း မြို့နယ် တို့အား အရေးပေါ် အခြေ အနေ ကြေညာ ထား ကြောင်း သိရသည်။

ရန်ကုန်- မိတ္ထီလာ ခရီး စဉ်ကို လက်ရှိ တွင်ပုံမှန် ပြေးဆွဲ လျက် ရှိကာ နေ့စဉ် အောင်မင်္ဂလာအဝေး ပြေး ဝင်းမှ နံနက် ၇ နာရီ ထွက်ပြီး မိတ္ထီ လာမြို့ သို့ ညနေ ၃နာရီ ရောက်ရှိ ကြောင်း သိရသည်။

ညီသစ်လူ
Yangon Media Group

ထိုင်းနိုင်ငံမှာ ကြော်ငြာသွားရိုက်ခဲ့တဲ့ ချစ်သုဝေ

Posted by drmyochit Thursday, March 28, 2013, under | No comments


တန်းဝင် မင်းသမီး အဆင့်ကို ရောက်လာပြီ ဖြစ်တဲ့ ချစ်သုဝေဟာ ထိုင်းနိုင်ငံ ကို သွားပြီး သုံးရက်ကြာ အလှကုန် ပစ္စည်း ကြော်ငြာတွေ ရိုက်ကူး ပေးခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ်။ ချစ်သုဝေဟာ ရိုက် ကွင်းမှာ နှစ်ရက် အချိန် ကုန် ခဲ့ပြီး တစ်ရက် ကိုတော့ ရှော့ပင် ထွက်ခဲ့တာပါ။ “သမီးတို့ ဆီက ရိုက် ကူးရေး စရိတ်နဲ့ သူတို့ ဆီက ရိုက်ကူးရေး စရိတ်က အရမ်း ကွာဟ လွန်းပါ တယ်။ 

အဲဒါကြောင့်လည်း ပံ့ပိုး ပစ္စည်းတွေ အများကြီး သုံးနိုင်ကြ တာပါ။ စည်းနဲ့ ကမ်းနဲ့ စနစ် တက လုပ်တတ် ကြတာကိုလည်း မြင်ခဲ့ရ ပါတယ်။ ဒီမှာကတော့ အချိန် အခက် အခဲနှင့် အရာရာ အခက်အခဲ တွေကြောင့် အဆင် ပြေအောင် ရိုက်ကူး နေရ တာပါ။ ကြော်ငြာ ပရောဂျက် ပိုင်ရှင် ကတော့ မြန်မာ ပြည်က ပါပဲ။ မြန်မာပြည်မှာ ရောင်းမယ့် ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ 

အနုပညာကြေး ကိုတော့ ဟိုမှာ ရိုက်ရလို့ ဆိုပြီး သမီး ပိုမယူ ခဲ့ပါဘူး။ ကြော်ငြာ ကွာလတီကတော့ အရမ်း ကောင်းလာ လိမ့်မယ်လို့ ယူဆ ပါတယ်။ မြန်မာ ပရိသတ် အကြိုက် ပဘေးဘက်ပ် ပါတော့ ထိုင်းက ရိုက်ကူးရေး သမားတွေ ခမျာ သိပ် အဆင် မပြေ ကြပါဘူး။ 

အဲဒီ ပုံစံမျိုးက မြန်မာ ဒါရိုက်တာနဲ့ ရိုက်မှသာ ပိုပျော်ဖို့ ကောင်းပါလိမ့်မယ်”ဆိုတာက ထိုင်းနိုင်ငံ ကြော်ငြာ ကို သရုပ်ဆောင် သစ် စည်ဖြိုးနဲ့ အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ချစ်သုဝေဟာ သင်္ကြန်မှာတော့ မန္တလေးမြို့တော်ဝန် မဏ္ဍပ်မှာ ဆက်ပြီး သီချင်း ဆိုဖို့ အစီအစဉ် မရှိတော့ ပါဘူး။ 

ဒါပြီးရင် သူနဲ့ အကြိုးပေးတဲ့ အောင်ရဲလင်း နဲ့အတူ ဗွီဒီယို ကား နှစ်ကား ဆက်ရိုက် ဦးမယ်လို့ ချစ်သုဝေက ပြောပြသွား ခဲ့ပါတယ်။ ချစ်သုဝေဟာ လင်းလင်းနဲ့ စုံတွဲ ဆိုထားတာ “မီးအိမ်ရှင်” ကိုတော့ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ချစ်သုဝေက ရိုက်ကူးမှာပါ။ သီချင်း အတွက် အကြမ်း အဖျမ်း ဇာတ်ညွှန်းကိုလည်း ချစ်သုဝေက ရေးသားထားပြီး ပြီလို့ လည်း သူမက ပြောပြ သွားခဲ့ ပါသေးတယ်။

Myanmar Daily News မှ ကူးယူ ဖော်ပြ သည်။

အကြမ်းဖက်မှုတွေ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်နိုင်မလဲ

Posted by drmyochit Thursday, March 28, 2013, under | No comments


အားလုံး သိကြတဲ့ အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မြန်မာ နိုင်ငံမှာ အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ် ရပ်တခု ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒါကေတာ့ မန္တလေးတိုင်း မိတ်္ထီလာမြို့မှာ ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံတဲ့ အကြမ်း ဖက်မှု ဖြစ်ပွား ခဲ့ခြင်းပါ။ အကြမ်း ဖက်မှု ဖြစ်ပွားပြီး ၂ ရက်လောက် အတွင်း မြို့ တမြို့ ထဲမှာ ကိုပဲ သေဆုံးသူ အယောက် ၄၀ ကျော်နဲ့ အိုးအိမ် စွန့် ထွက်ပြေး ရသူ ၁ သောင်းကျော် ရှိခဲ့တယ် ဆိုတာ ကြည့်ရုံနဲ့ ဘယ်လောက် ကြီးမား ပြင်း ထန်တဲ့ အကြမ်း ဖက်မှုလဲ ဆိုတာ ခန့်မှန်း နိုင်ကြမယ် ဖြစ် ပါတယ်။ ဒီနေ ရာမှာ ဒီလိုအကြမ်းဖက်မှု ဘာကြောင့် ပေါ်ပေါက် လာရ သလဲ ဆိုတဲ့ တရားခံ ရှာတာမျိုး မလုပ် ချင်တဲ့ အတွက် ဒါမျိုး နောက်ထပ် မပေါ် ပေါက်အောင် ဘယ်လို လုပ်ဖို့ လိုသ လဲ ဆိုတာကို ဆွေးနွေး တင်ပြ သွားပါမယ်။

ပထမ ဦးဆုံး ဆွေးနွေးဖို့ လိုတာ ကတော့ ဒီလို ဘာသာ ရေးနဲ့ လူမျိုး ရေးကို အခြေခံတဲ့ အကြမ်း ဖက်မှုမျိုးဟာ ဘယ်လောက် ကြောက်ရွံ့ ထိတ်လန့် စရာ ကောင်း သလဲ ဆိုတာ နားလည်ဖို့ လိုပါ တယ်။ လူသား တွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာ အတိ ဒုက္ခ ပေးတဲ့ ဆီမှာ ကပ်ဘေး ဆိုးတွေ၊ တိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ သာမန် အကြမ်း ဖက်မှု တွေထက် ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံတဲ့ အကြမ်း ဖက်မှု တွေဟာ ပိုပြီး ကြောက် ရွံ့ ထိတ်လန့် စရာ ကောင်း ပါတယ်။ ဒုတိယ ကမ္ဘာ စစ်အ တွင်း ဂျာမနီမှာ ဟစ် တလာ ဦး ဆောင်တဲ့ ဂျာမန် စစ်တပ်က ဂျူးလူမျိုး ၇ သန်း လောက်ကို သတ်ဖြတ် ခဲ့တာ၊ ရ၀မ်ဒါမှာ ဟူတူနဲ့ တွတ်စီ လူမျိုးရေး အကြမ်းဖက် သတ်ဖြတ် မှုတွေ ဖြစ်ပွားပြီး သန်းနဲ့ချီ သေဆုံး ခဲ့တာ၊ ယူဂို ဆလပ်မှာ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်း ဖက်မှု တွေကြောင့် လူ အ များ အပြား သေပြီး တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာ ကွဲ ခဲ့တာ တွေဟာ ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံပြီး ပေါ်ပေါက် လာခဲ့ တာတွေ ဖြစ် ပါတယ်။

မိတ္ထီလာ အကြမ်း ဖက်မှု ဖြစ်စဉ်မှာ သွားပြီး ကူညီဖို့ ကြိုးစားတဲ့ အန်အယ်လ်ဒီ ပါတီက အမတ် ဦးဝင်းထိန် ဆိုရင် သူတသက် ကြုံခဲ့ ရသမျှ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၈ ဒီမို ကရေစီ တောင်းဆိုမှု အရေး အခင်း ကြီးတွေထက် အများကြီး ဆိုး တယ်လို့ ၀န်ခံပါတယ်။ အကြမ်း ဖက်မှုကို ဖျောင်းဖျ တားဆီးဖို့ ကြိုးစားတဲ့ အခါ သူ့ကိုပါ ရန်လုပ် တာကြောင့် ရက်ရက် စက်စက် သတ်ဖြတ် တာတွေ ကိုတောင် ဘာမှ မတတ် နိုင်ပဲ ရပ်ကြည့် နေရတယ်လို့ စိတ် မသက် မသာနဲ့ ဒီဗွီဘီ ကို ပြောပါတယ်။

နောက် အရေးကြီး တချက်က ဒီ အကြမ်းဖက် မှုတွေရဲ့ ကျယ်ပြန့် နိုင်မှု အတိုင်း အတာပါ။ အကြမ်း ဖက်မှု ဖြစ်ပြီး တဲ့နောက် သတင်း ထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြား ရာမှာ အန်အယ်လ်ဒီ ပါတီရဲ့ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က “ပဋိပက္ခ ဆိုတာကို မကျယ်ပြန့်အောင် မကြာအောင် အားလုံး ၀ိုင်းလုပ် ရမယ်။ အားလုံးမှာ တာဝန် ရှိတယ်။ လူတွေက မိတ်ထီလာ ပဲကွက် မြင် တယ်။ ကျမက မိထ်ထီ လာလို့ ကွက် မမြင်ဘူး။ တနိုင်ငံလုံး လို့ပဲ မြင် လိုက်တယ်။ ဒီက ထွက် လာမယ့် မီးစလေး တွေက မီးလောင်တာ။ ဒါကြောင့် မိတ္ထီ လာ ပဲလို့ ပြောလို့ မရဘူး။” ဆိုပြီး သတိ ပေးခဲ့ ပါတယ်။ နောက်ပိုင်း သူ သတိ ပေး သလို အခြား မြို့ငယ်တွေ ကူးစက် ခဲ့သလို ရန်ကုန် လို မြို့ကြီးမှာတောင် ရပ်ကွက် ထဲ နေသူ တွေ ကိုယ့် ရပ်ကွက် ကိုယ် လုံခြုံရေး ကင်းစောင့် ရတဲ့ အခြေ အနေထိ အရုပ် ဆိုး အကျည်း တန်ခဲ့ ပါတယ်။

ဒီအ ကြမ်းဖက် မှုရဲ့ အတိုင်း အတာ ကြီးမား မှုနဲ့ ကျယ်ပြန့်မှုကို အဓိက အားဖြင့် နိုင်ငံကို စီမံ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့က လေးလေး နက်နက် သိမြင် နားလည်ဖို့ လိုပါတယ်။ အကြောင်း ကတော့ တကယ့် တကယ် အကြမ်း ဖက်မှုတွေ ပြင်းထန် လာရင် အစိုးရ တာဝန် ရှိသူ တွေ က လွဲရင် ဘယ်လူ ပုဂ္ဂိုလ် တွေ ကမှ ၀င်ရောက် ဖျန်ဖြေ ဖြေရှင်း လို့ မရတတ် လို့ပါပဲ။ ဒီအ တွက် ဒီလို အကြမ်း ဖက်မှုတွေ မဖြစ် ပွားခင် ကြို တင် တားဆီး ကာကွယ် ရပါမယ်၊ ဖြစ် လာပြီ ဆိုရင် ချက် ချင်း ရပ်စဲ သွားအောင်၊ ထပ်ပြီး မကျယ် ပြန့်အောင် ဥပေဒနဲ့ အညီ ပြတ်ပြတ် သားသား အရေးယူ ကိုင်တွယ် ရပါမယ်။ ဒါတင် မက ပြန်လည် တည်ငြိမ် သွားပြီ ဆိုရင် တောင် နှစ်ဖက် လူအုပ်စု ၂ ခုအကြား၊ ဘာသာ ၂ ခုအကြား ပြန်ပြီး ရင်ကြား စေ့လာ အောင် အစီ အစဉ် မျိုးစုံ ရေးဆွဲပြီး မတူတဲ့ ဘာသာ ၀င်တွေ၊ မတူတဲ့ လူမျိုးတွေ ချစ်ချစ် ခင်ခင် ရင်းရင်း နှီးနှီး နေထိုင် နိုင်အောင် ကူညီ ပံ့ပိုး ဆောင်ရွက် ပေးရ ပါမယ်။ ဒါကေတာ့ အချိန် အများကြီး ယူဖို့ လိုပါ လိမ့်မယ်။

ဘယ်လို ပဲဖြစ်ဖြစ် ဒီ အရုပ် ဆိုးအ ကျည်း တန်မှု ကနေ ကောင်းတာ တခုတော့ ပေါ်ထွက် လာခဲ့ ပါတယ်။ အဲဒါကတော့ ခု အကြမ်း ဖက်မှုနဲ့ ပတ် သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည် တို့ ၃ ယောက် တွေ့ဆုံ ညှိ နှိုင်းပြီး အချက် ၆ ချက်ပါ အစိုးရ သတင်း ထုတ်ပြန်ချက် တရပ် ထုတ်ပြန် နိုင်ခဲ့ ခြင်းပါ။ ထူးခြား တာက ရခိုင် ပြဿနာ တုန်းက အစိုးရ အဖွဲ့ အနေနဲ့ စဉ်းစား ခဲ့ခြင်း မရှိတဲ့ ပဋိပက္ခကြောင့် ခံစား ထိခိုက် ခဲ့ရတဲ့ လူ အဖွဲ့ အစည်း တွေအကြား ယုံကြည်မှု ပြန် တည်ဆောက်ဖို့ စိတ် ခံစား ချက်တွေ ကုစားဖို့ အလုပ်ရုံ ဆွေးနွေး ပွဲတွေ အကောင် အထည် ဖော် သွား မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ မြန်မာ နိုင်ငံ အနေနဲ့ မတူ ညီတဲ့ လူမျိုး တွေနဲ့ ဘာသာတွေ အကြား အတူ တကွ ချစ်ကြည် ရင်းနှီးစွာ နေထိုင် သွားကြမယ်လို့ အစိုး ရက သဘောထား ဖော်ပြ လိုက်တာ လည်း ဖြစ်ပါ တယ်။ ဒီအတွက် အစိုးရက သတင်း ထုတ်ပြန် ထားတဲ့ အချက် ၆ ချက်ကို မြန်မြန် သွက်သွက် ထိထိ ရောက်ရောက် အကောင် အထည် ဖော်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရ ပါတယ်။

DVB 

ပဲခူးတိုင်း သဲကုန်းနှင့် မိုးညို တွင် ဗလီနှင့် အိမ်များ ဖျက် ဆီးခံရ

Posted by drmyochit Thursday, March 28, 2013, under | No comments


ပဲခူးတိုင်း အတွင်းမှာ အကြမ်း ဖက် ဖျက်ဆီး မှုတွေ မနေ့ ညက ဆက်လက် ဖြစ်ပွား ရာမှာ သဲကုန်း မြို့နယ် ပုတီးကုန်း ကျေးရွာနဲ့ မိုးညို မြို့က ဗလီ တွေနဲ့ မွတ် စလင် အိမ်တွေ ဆိုင်တွေ ဖျက်ဆီး ခံခဲ့ ရပါတယ်။

ပုတီး ကုန်းမှာ ရဲ လုံခြုံ ရေး တပ်ဖွဲ့ ၀င် တွေက ရော်ဘာ ကျည် ဆန်နဲ့ ပစ်ခတ် လူစု ခွဲလို့ ၇ ယောက် ဒဏ်ရာ ရတယ်လို့ ဆိုပါ တယ်။

ပြည်မြို့မှာတော့ ကောလာ ဟလေတွ ပျံ့ပေမယ့် အကြမ်း ဖက် ဖျက်ဆီး မှု မဖြစ်သလို ပေါင်း တည်မြို့ မှာလည်း ဖျက်ဆီး မယ့် သူ တွေကို မြို့ခံ လူငယ် တွေ၊ အရန် မီးသတ် တပ်ဖွဲ့ ၀င်တွေ၊ ရဲ၊ စစ်တပ်နဲ့ မြို့နယ် အုပ်ချုပ် ရေးမှူး ပူးပေါင်း အဖွဲ့က တား ဆီးပြီး လူ ၁၀ ယောက်ကို ဖမ်းဆီး ချုပ်နှောင် ခဲ့တာ ကြောင့် ဖျက်ဆီးတဲ့ အဖြစ်ကို မရောက်ရှိ ခဲ့ ပါဘူး။

ဒီ အခြေ အနေတွေနဲ့ ပေါင်းတည် ရဲစခန်းကို မတ် ၂၈ ရက်နေ့ မနက် ၁၀ နာရီ လောက်မှာ မေးမြန်း ထားပါ တယ်။

ပေါင်းတည် ရဲစ ခန်းမှာ ညက ၁၀ ယောက်ကို ဖမ်းထား တယ် ကြားပါ တယ်။ သူတို့ ဘယ်လို ဖြောင့်ချက် ပေးလဲ၊ သူတို့ ဆီက ဘာတွေ စစ်ဆေး တွေ့ ရှိလဲ ဆိုတာ သိချင်လို့ပါ။

“အခု ကျနော်တို့ စစ်ဆေး နေတုန်းပဲ ရှိသေး တယ်။”

မေး- သူတို့ကို နတ် တလင်း ဘက်မှာ ဖျက်တဲ့ သူတွေက ညွှန်ကြား လိုက်တယ်လို့ ဖြောင့်ချက် ပေးကြတယ် လို့ ကြားတယ် ဟုတ်ပါ သလား။

ဖြေ- အခု လောလော ဆယ်တော့ ကျနော်တို့ စစ်ဆေး နေတုန်းပဲ။

မေး- မနေ့ ညတုန်းက မိုးညိုနဲ့ ပုတီးကုန်း မှာလည်း ဗလီတွေ၊ အိမ်တွေနဲ့ ဆိုင်တွေ ဖျက် တယ်လို့ ကြားရတယ် ဟုတ်လား။

ဖြေ- အဲဒါတော့ အတိ အကျတော့ မသိရ ဘူး ခင်ဗျ။ ကြား တာပဲ ရှိတယ်။

မေး-အဲဒါဆို ညက ပေါင်းတည်မှာ ဖမ်းဆီးတဲ့ ဖြစ်စဉ်လေးကိုပဲ ပြောပြပါ။

ဖြေ- အဲဒါ ကတော့ စခန်းမှူး၊ မြို့နယ်မှူးနဲ့ တွေ့လိုက် ပါ။

မေး- ဒီလိုပါ ဖြစ်စဉ် ကျောရိုး ကိုတော့ ကျနော် သိထား ပြီး ပါပြီ။ ညက ရွာတွေ ဘက်က တက်လာ တဲ့လူ အုပ်ထဲက ၁၀ ယောက်ကို ဖမ်းထား တယ်ဆိုတာ ဟုတ်တယ် မဟုတ်လား။

ဖြေ- လောလော ဆယ်တော့ အဲဒါ ဟုတ် ပါတယ်။

မေး- သံတူး ရွင်းတွေ၊ တူတွေ ကိုင်ထား တယ်ဆို တာ ဟုတ် လား။

ဖြေ- အဲဒါတော့ မဟုတ်ပါဘူး။ တုတ်တွေ ကိုင်ထားတာပါ၊

မေး- မနေ့ ညက အစ်ကိုတို့ ရဲ တပ်ဖွဲ့နဲ့ အတူ မြို့ကို စောင့် ရှောက်တဲ့ ကွန်ရက် အဖွဲ့ ၀င်တွေကို ဖျက် ဆီးမယ့် အုပ်စုက ခြိမ်းခြောက် နေတယ်။ ဒီ ၁၀ ယောက်ကို ပြန်လွတ် အောင် လုပ်မ ပေးရင် မြို့ ကို ဒုက္ခ ပေးမယ်လို့ ခြိမ်းခြောက် နေတယ်လို့ ကြား ပါတယ်။ ဒီအတွက် ဘာ ကူညီ ဆောင်ရွက် ပေးမလဲ။

ဖြေ- ဟုတ်ကဲ့ပါ – ကျနော်တို့က လုံခြုံရေး ဆောင်ရွက် နေတာ ပဲဗျ။

မေး- အဲဒီမှာ စစ်တပ်လည်း ရှိတယ်လို့ ကြား ပါတယ်။

ဖြေ- ဟုတ်ပါ တယ် ခင်ဗျ။

မေး- ဒါဆို လုံခြုံရေး အင်အားက စိုးရိမ် စရာ မရှိ ဘူးပေါ့။

ဖြေ- ဟုတ်ကဲ့- လုံခြုံရေး အင်အား ကတော့ ကောင်း ပါတယ်။

DVB

မတ်လ ၂၈ ရက် နံနက်က တောင် ဒဂုံ စက်မှု ဇုန်( ၂ ) အတွင်းရှိ မုန့် စက်ရုံ တစ်ရုံ မီး လောင်ကျွမ်းမှု ဖြစ်ပွား

Posted by drmyochit Thursday, March 28, 2013, under | No comments


ရန်ကုန် တိုင်းဒေ သကြီး တောင် ဒဂုံ မြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင် လမ်းရှိ မုန့် စက်ရုံ တစ်ရုံ တွင် ယနေ့ (မတ်လ ၂၈ ရက်နေ့) နံနက် ၅ ၀န်းကျင်က မီး လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းရခြင်း၏ အကြောင်း အရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးအား စုံစမ်းစစ်ဆေး လျက် ရှိပြီး မီးလောင် မှုဖြစ် စဉ်ကြောင့် လူသေဆုံး၊ ထိခိုက် ဒဏ် ရာများ မရှိ ကြောင်း မီးလောင်မှု ဖြစ် စဉ်သို့ လာရောက် မီးငြိမ်း သတ်သည့် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦး က ပြော သည်။

မီးလောင် မှုကြောင့် ပေ ၁၀၀ ၀န်းကျင် စက်ရုံ အဆောက် အဦ ပျက် ဆီး ဆုံး ရှုံး ခဲ့သည်။

မီးလောင်မှု ဖြစ်စဉ် အနီးတွင် နေထိုင် သည့် ကို ဇော်ဦးက“ မီးလောင်မှု စဖြစ် တာက နံနက် ငါးနာရီ လောက် ကပါ။ မီးလောင် တာကို သိသိချင်း သက်ဆိုင် ရာကို အကြောင်း ကြားခဲ့ ပါတယ်။ ရွှေမင်း သမီး ဇီးထုတ် စက်ရုံပါ။ အခြား ၀မ်းတီး တို့ ဘာတို့ အမှတ် တံဆိပ် တွေလည်း ထုတ်လုပ် ပါတယ်။ ကျွန်တော်တို့ စက်မှု ဇုန်မှာ က နေ့လည် ၁၂ နာရီ လောက်က တည်းက တစ်ညလုံး မီးဖျက် ထားတာပါ။ လျှပ်စစ် ကြောင့်တော့ မဟုတ်ပါ ဘူး” ဟုပြောသည်။

''မုန့် အထွေထွေ အခန်းမှာ မီးခိုး စတွေ့ တယ်လို့ မုန့်စက် ရုံမှ လုံခြုံရေး တာဝန် ကျတဲ့ သူက ပြော ပါတယ်။ မီးလောင် မှုကြောင့် သေဆုံးမှု ထိခိုက် ဒဏ်ရာ ရတာတွေ မရှိ သလို အခြား ပယော ဂကြောင့် လောင် တာမျိုး မဟုတ် ဘဲ သာမန် မီးလောင် မှုပါပဲ” ဟု မီးလောင် မှုဖြစ် စဉ်သို့ လာရောက်သည့် အုပ်ချုပ်ရေး ပိုင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါ မီးလောင် မှုမှာ နံနက် ၅ နာရီ ၅ မိနစ်တွင် စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ပြီး ၅ နာရီ ၃၀ မိနစ်တွင် မီးထိန်း နိုင်ခဲ့ကြောင်း မီးသတ် တပ် ဖွဲ့ ၀င် များ ထံမှ သိရပြီး မီးလောင်မှု ဖြစ်စဉ်ကို မီးသတ် ယာဉ် ၂၃ စီးနှင့် အထောက် ကူပြုယာဉ် ၇ စီးတို့ဖြင့် ငြှိမ်း သတ်ခဲ့ ရကြောင်း သိရသည်။

Eleven Media Group

ပဲခူတိုင်းမှာ ပဋိပက္ခ ပြန့်နှံ့နေ၊ ကြိုတင် ကာကွယ်မှု လုပ်ဖို့ ကုလ ပြော

Posted by drmyochit Thursday, March 28, 2013, under | No comments

ပဲခူးတိုင်း အနောက်ခြမ်း ဒေသက အုတ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက် မြို့နယ် တွေမှာ မတ်လ ၂၆ ရက် နေ့က ပုဒ်မ ၁၄၄ ထုတ် ပြန် ခဲ့ပြီး နောက် အခြေ အနေ တွေဟာ ငြိမ်သက်မှု မရှိပဲ မနေ့က အထိ ဆူပူ အကြမ်း ဖက်မှုတွေ ဆက်လက် ဖြစ်ပွား ခဲ့တဲ့ အတွက် ညနေ ပိုင်းမှာ ဇီးကုန်း မြို့နယ်နဲ့ နတ်တလင်း မြို့နယ် တွေမှာ ပုဒ်မ ၁၄၄ကို ထုတ်ပြန် ခဲ့သလို အကြမ်းဖက် မှုတွေ ဆက် မဖြစ်အောင် ကြိုတင် ကာကွယ် မှုတွေ လုပ်ဖို့ ကုလ သမဂ္ဂက ပြောလိုက် ပါတယ်။
မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂ ကိုယ်စားလှယ် သွားရောက်လေ့လာခဲ့စဉ် (Credit: AFP) 

ပဲခူးတိုင်း တွင်းရှိ မြို့နယ် ၅ခုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ အကြောင်း ရင်း ကတော့ နတ် တလင်းမှာ နေအိမ် ၈လုံး၊ ဆိုင် ခန်း၁၂ခန်း၊ ဘာသာရေးအဆောက်အဦး ၁ခုနဲ့ ဇီးကုန်း မြို့နယ်မှာ နေအိမ် ၁၄လုံး၊ ဘာသာရေး အဆောက် အဦး ၁ခု ပျက်စီး ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် တွေက သေနတ် ပစ်ဖောက် လူစု ခွဲခဲ့ရ သလို ဇီးကုန်း မြို့မှာ လူ ၁၀ ဦးကို ဖမ်းဆီး ထား ပြီးနောက် ထုတ်ပြန် ရတာလို့ အစိုးရက တရားဝင် ထုတ်ပြန် ခဲ့ပါတယ်။

ပဋိ ပက္ခတွေ ဆက်ဖြစ် နေတဲ့ အတွက် မူဆလင် လူမျိုးတွေ တိမ်းရှောင် နေကြ တယ်လို့ ဇီးကုန်း ဒေသခံ မူဆလင် တဦးက အခုလို ပြော ပါတယ်။

ဟုတ်ပါတယ်၊ နတ် တလင်းတို့၊ ကြို့ပင်ကောက်တို့၊ အုတ်ဖို တို့က ကျနော် တို့ထက် အရင်လေ၊ အရင်စ ဖြစ်တာ အိုးသည်ကုန်း၊ ရေကျော်၊ ပြီးမှ ကျနော်တို့ အဓိက ညနဲ့ ဒီနေ့ပေါ့နော်၊ မီးတော့မရှို့ဘူး၊ အိမ်တွေ၊ ဗလီတွေ ဖျက်လို့ ညက ဖြစ် တာတော့ ၃နာရီကနေ ၅နာရီထိ၊ နေ့ခင်းပိုင်းက ၂နာရီကနေ ၄နာရီ ၁၅ လူတွေ ကတော့ အားလုံး ရှောင်ရတယ်၊ မြို့ပေါ်မှာ မူဆလင်တွေ မရှိ တော့ဘူး၊ ဗလီ ကတော့ ညကတော့ အတွင်း နေရာ ကတော့ ဘာမှ မရှိ တော့ဘူး၊ အပြင်က တိုင်တွေ ဘာတွေ ကျန်တယ်၊ နေ့ခင်း ကျတော့ တိုင်တွေ ဘာတွေက အစ ဖျက် လိုက် တယ်လို့ ကြား တယ်လေ။

ဇီးကုန်း မြို့မှာ ၂၆ ရက်နေ့ ညပိုင်း ကတည်းက လူအင်အား ၃၀၀ လောက်နဲ့ ဗလီ တွေကို လာရောက် ဖျက်ဆီး ခဲ့တာ ဖြစ်ပြီး ပေါင်းတည် မြို့မှာလည်း ကောလ ဟလ သတင်း တွေကြောင့် စိုးရိမ် မှုတွေ ရှိနေ တယ်လို့ ပြောပါ တယ်။

ဇီးကုန်း မြို့နယ်မှာ အကြမ်း ဖက်မှု တွေကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့တဲ့ မူဆလင် လူမျိုး ၉၀ ကျော်ကို ဗုဒ္စ ဘာသာဝင် မညှင်း ကျေးရွာ သူကြီးက ကူညီ စောင့်ရှောက် ပေးထား တယ်လို့ ဒေသခံ မူဆလင် တဦးက အခုလို ပြောပါ တယ်။

သူကြီး ဦးတင် အေး ဆိုတာ မြို့ မျက်နှာ ဖုံးပေါ့၊ ဒီ မညှင်း ကျေးရွာ ဆိုတာ ပေါ့နော်၊ အဲဒါလေး မှတ်တမ်း တင်ပေးပါ၊ ကျနော် တို့အားလုံး ဒီမှာ သူ့ စရိတ် နဲ့သူ ကောင်းမွန်စွာ ကျွေးတယ်၊ ကောင်းမွန်စွာ အိပ် ခိုင်းတယ်၊ ဒီနေ့ ဆိုရင် ကျနော်တို့ မူ ဆလင်တွေ အားလုံး ဒုက္ခသည် ၉၀ ကျော် ပေါ့နော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွား တယ်နော်၊ အဲဒီ ၉၀ ကျော်က ဒီမှာ ကြက် သား ဟင်းနဲ့ ဆိတ် သားဟင်း အား လုံးကို ကျွေး မွေးပြီးတော့ စောင့် ရှောက် ထား ပါတယ်၊ သူက ဗုဒ္စ ဘာသာပါ။

ဇီးကုန်း မြို့မှာ ဖြစ် ပွား ခဲ့တဲ့ အခြေ အနေ တွေကို ဓါတ်ပုံ မှတ်တမ်း ရယူ နေတဲ့ ဒေသခံ တဦးကို လုံခြုံ ရေး တပ်ဖွဲ့ ၀င်တွေ ပစ်ခတ် ခဲ့တဲ့ အတွက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး ဆေးရုံ တင်ထား ရတယ် လို့လည်း ပြောပါ တယ်။

ပဲခူးတိုင်း အနောက်ခြမ်း ဒေသ တွေ ဖြစ်တဲ့ ပြည်မြို့နဲ့ အနီး တ၀ိုက် ရွာတွေမှာ ပဋိ ပက္ခ တွေ ဖြစ်ပွား လာမှာကို တားဆီး တဲ့အနေနဲ့ ည ၉ နာရီ က စပြီး ပုဒ်မ ၁၈၈ ည မထွက်ရ အမိန့်ကို ထုတ်ပြန် လိုက်တယ် ဆိုတာကို အသံ ချဲ့စက် တွေနဲ့ အသိပေး ကြေညာ ခဲ့တယ် လို့လည်း ရေ ဒီယို သြစတြေးလျ သတင်း ထောက် မြတ်မိုးက သတင်း ပေးပို့ ခဲ့ပါတယ်။

အကြမ်း ဖက်မှုတွေ အရှိန် မြင့် မလာအောင် ကြိုတင် ကာကွယ်မှု လုပ်ဖို့ ကုလ သမဂ္ဂ ပြော


မြန်မာ အစိုးရ အနေနဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့ မူ ဆလင်တွေ အကြားမှာ အကြမ်း ဖက်မှုတွေ အရှိန် မြင့် မလာ ရအောင် ကြိုတင် ကာကွယ် မှုတွေ လုပ်သင့် နေပြီ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ အခြေ စိုက် ကုလ သမဂ္ဂ အကြီးတန်း အရာရှိ တစ်ယောက်က တိုက်တွန်း လိုက်ပါတယ်။

လူ သားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကုလ သမဂ္ဂ အရာရှိ Ashok Nigam က ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ် တွေဟာ အတော်လေး ဆိုးဝါး လွန်းတယ် လို့လည်း ပြောပါ တယ်။

မူ ဆလင် တွေရဲ့ နေအိမ် တွေကို အစွမ်း ထက်ထက် ကြမ်းကြမ်း တမ်းတမ်း ပစ်မှတ် ထားခဲ့ တာတွေ ဖြစ်သလို ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့ မူ ဆလင်တွေ အကြား အကြမ်း ဖက်ဖို့ သွေးထိုး လှုံ့ဆော် မှုတွေ လည်း ရှိ နေခဲ့ တယ်လို့ လည်း သူက ပြောပါ တယ်။

မိတ္ထီ လာမှာ တင် အကြမ်း ဖက်မှု တွေဖြစ်ခဲ့ တာမ ဟုတ်ပဲ ကျန် တဲ့ နေရာ တွေမှာ ပါ ဖြစ်ခဲ့ပြီး အရင်က ဗုဒ္ဓ ဘာသာ ဝင်တွေ ကြား ထဲမှာ အေးအေး ချမ်းချမ်း နေလို့ ရခဲ့ ရာ ကနေ အခုလို ရုတ် တရက် အကြမ်း ဖက်မှုတွေ ဖြစ်လာ ရတာကြောင့် မူ ဆလင်တွေ ကြောက်လန့် နေကြ ရာမှာ ပဲဖြစ် တယ်လို့ လည်း ကုလ သမဂ္ဂ အရာရှိ Ashok Nigam က ပြောပါတယ်။

အကြမ်း ဖက် တိုက် ခိုက် ခဲ့မှုမှာ ထူးဆန်း နေတာက အတိုက် ခိုက်ခံ ခဲ့ရ သူတွေ အတွေ့ဖူး မသိဖူး သူ တွေက အဓိက ပါဝင်ပြီး အကြမ်းဖက် နေတာဖြစ် တယ် လို့လည်း မီတ္ထီလာ မြို့ကို ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့တဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားက မှတ်ချက် ပေးထား တယ် လို့လည်း သိရ ပါတယ်။

ဗုဒ္ဓ ဘာသာဝင် တွေနဲ့ မူဆလင်တွေ အကြား အကြမ်း ဖက် မှုတွေ ဟာ ပဲခူး တိုင်း အုတ်ဖို၊ မင်းလှနဲ့ ကြို့ ပင်ကောက် မြို့တွေ မှာဖြစ်ပွား ခဲ့ရာ ကနေ အခု အခါ မှာတော့ ဇီးကုန်း မြို့နဲ့ နတ် တလင်း မြို့တွေ ကိုပါ ကူးစက် နေပြီ ဖြစ်တယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေပါ တယ်။

News From: RadioAustralia

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်