Friday, June 29, 2012

ဘင်္ဂလားဒေ့ရှ်ပါလီမန်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ကို အတည်ပြုပေးခဲ့ခြင်း

Posted by Anonymous Friday, June 29, 2012, under | No comments


ဘင်္ဂလားဒေ့ရှ်ပါလီမန်သည် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ် တာကာ ၁.၉၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၄.၃ ဘီလီယံခန့်)ကို ဇွန်လ ၂၈ ရက်နေ့တွင် အတည်ပြုပေးခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီး မူဟစ်က ဇွန်လ ၇ ရက်နေ့တွင် လွှတ်တော်သို့တင်သွင်း ခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုထားသည့်အသုံးစရိတ်မှာ တာကာ ၁.၉၁၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံ)၊ သို့မဟုတ် GDP ၏ ၁၈.၁ ရာခိုင်နှုန်းဖြစ်ပါသည်။ 


စုစုပေါင်းအစိုးရ ဘဏ္ဍာငွေမှာ တာကာ ၁.၄ ထရီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၇.၁ ဘီလီယံ)ဖြင့် GDP ၏ ၁၃.၄ ရာခိုင်နှုန်း ရှိကြောင်း မူဟစ်ကပြောကြားခဲ့ပါသည်။ အသုံးစရိတ်လိုငွေပြမှုမှာ တာကာ ၅၂၀.၆၈ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၃ သန်း)ရှိပြီး GDP ၏ ၅ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း၊ အဆိုပါလိုငွေပြမှုအား ပြည်ပအရင်းအမြစ်များမှ တာကာ ၁၈၅.၈၄ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၂၂ သန်း)နှင့် ပြည်တွင်းအရင်းအမြစ်များမှ တာကာ ၃၃၄.၈၄ ဘီလီယံခန့်(အမေရိကန်ဒေါ်လာသန်း ၄၀) မတည်ထောက်ပံ့သွားမည်ဖြစ်ကြောင်း မူဟစ်ကပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်