အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ စီစဉ်ခဲ့တဲ့ အဓိကခေါင်းဆောင်လို့ ယူဆရသူနဲ့ ဗုံးပြုလုပ် သူလို့ ယူဆ ရသူတွေကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
အင်ဒိုနီးရှားရဲတွေက အကြမ်းဖက်သမားများကို လိုက်လံနှိမ်နှင်းနေပုံ (Credit: Reuters)
ခေါင်းဆောင် လို့ ယူဆရတဲ့ Sigit Indrajit ကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးတာဖြစ်ပြီး ဗုံးပြုလုပ်သူလို့ သံသယရှိသူ Rohadi ကိုတော့ မနေ့ကပဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ Rohadi ကို ဖမ်းဆီးတဲ့အခါ သူ့ရဲ့နေအိမ်မှာ ဓာတ်မြေသြ ဇာ အပါအဝင် တခြား ဗုံးပြုလုပ်တဲ့ ပစ္စည်းတွေပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၂ရက်နေ့တုန်းကလည်း မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ဦးတည်ခဲ့တဲ့ လူနှစ်ယောက်ကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပြီး သူတို့နဲ့အတူ ရေပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး ၅ လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်နှိမ်နှင်းမှု လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်ခဲ့ပြီး အကြမ်းဖက် သမားလို့ ယူဆရသူ လူ ၈ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၀ ကျော်ကို ဖမ်းဆီးမှု လုပ်ခဲ့ပါတယ်။
ခုအခါမှာတော့ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးကိုင်စီစဉ်သူကို ဖမ်းမိတာလို့ အင်ဒိုနီးရှား အကြမ်းဖက်သ မားတိုက် ဖျက်ရေး ရဲအရာရှိ Rafli Anmar က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်လူမျိုးတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအစိုးရကို မကျေနပ်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ပိုများပြားလာတယ်လို့လည်း သိရပါတယ်။
From: ABC Radio
0 comments:
Post a Comment