ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာ တံတား ညီနောင်တွင် ကေအိုင်အေ (ကချင်) အဖွဲ့မှ မိုင်းအား နင်းမိ၍ (၁) ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိ ၁၆-၁၀-၂၀၁၂ ရက်နေ့ ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ် (ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေး ရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁)ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ မိုင်းပေါက် ကွဲမှု ဖြစ်စဉ်အား သိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည် သူ့ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းထောင်မှု များကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိပြီး သေဆုံးမှု များစွာ ရှိနေ ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment