Friday, October 19, 2012

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မူယစ်ဆေးဝါး သယ်လာသောကား တစ်စီး မီးလောင်မှုဖြစ်ပွား

Posted by drmyochit Friday, October 19, 2012, under | No comments



မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးေ ပါ် ၌အောက် တိုဘာ ၁၄ ရက် နံနက် ၃ နာရီ၃၀ မိနစ်တွင် ကားမီးလောင်သောကြောင့်သက်ဆိုင်ရာမှ လာရောက် စစ်ဆေးစဉ်မူး ယစ် စိတ်ကြွဆေးထုပ်များကိုတောစပ်တွင်ဖွက်ခဲ့၍ယာဉ်ပေါ်ပါလူများ ထွက်ပြေးတိမ်းရှောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။
ယာဉ်နံပါတ် ၉ဂ/၇၃၇၅ ဟိုင်းလတ် ဆပ်အမျိုးအစားယာဉ်တစ်စီးသည် မန္တလေးသို့ ဦးတည်လျက် မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၃၀၈ အရောက်တွင် ကားမီးလောင်မှုဖြစ်ပွားရာ တာဝန်ရှိ ရဲစခန်း နယ်ပိုင်များမှ လာရောက်စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးစဉ် မသင်္ကာ၍ မီးလောင်ကားဘေးသို့ ရှာဖွေခဲ့ရာ ကား၏ညာဘက်ဘေး လမ်းအောက်ဘက် တောစပ်တွင် Y.W မူးယစ်စိတ်ကြွဆေးထုပ်များကို ဖွက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူများမှာ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထို့ကြောင့် အမြန်လမ်းပိုင် သီးကုန်းရဲစခန်းမှ စခန်းမှူး ဦးမင်းလွင် ဦးဆောင်၍ ဒုရဲအုပ် ဦးဇော်လှိုင်မြင့်၊ တပ်ကြပ်ကြီး ဦးထွန်းနိုင်တို့ ရဲတပ်ဖွဲ့မှ ရှာဖွေရာ အလုံးရေ တစ်သောင်းပါ အထုပ်ကြီး ၈ ထုပ်၊ အလုံးရေ ရှစ်ထောင်ပါ အထုပ် ၁ ထုပ်၊ အလုံးရေ ခြောက်ထောင်ပါ အထုပ် ၁ ထုပ်နှင့် မီးလောင်အထုပ် ပျက်ကျပြန် ကောက်ရ အလုံးရေ ၄ ထောင် စသည်ဖြင့် သိမ်းဆည်းရရှိသည်။

ထို့နောက်တွင် အမြန်လမ်းမပိုင် ရဲမင်းကြီး ဦးနေ၀င်း၊ မိတ္ထီလာခရိုင်ရဲမှူး ဦးမောင်မောင်မြင့်၊ မလှိုင်မြို့နယ်မှ ဒုရဲမှူး ဦးတင်မောင်မြင့်နှင့် နေပြည်တော် မူးယစ်တပ်ဖွဲ့၊ မန္တလေး မူးယစ်တပ်ဖွဲ့တို့မှ လာရောက်၍ မူးယစ်ဆေးများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများ သက်သေထား၍ ဆက်လက်သိမ်းဆည်းခဲ့သည်။

ယခုအခါ သီးကုန်းလမ်းပိုင်ရဲစခန်းမှ ကားမီးလောင်ပေါ့ဆမှုကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းနှင့် မလှိုင်ရဲစခန်းမှ မူးယစ်ဆေး ပုဒ်မ ၁၉/၂၁ ဖြင့် တာဝန်ယူ အမှုဖွင့်ထားကြောင်းကို သီးကုန်းရဲစခန်းမှ တပ်ကြပ်ကြီး ဦးအုန်းကြိုင်က သံတော်ဆင့်သို့ ပြောသည်။

ဲမြန်မာသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်