Saturday, August 25, 2012

ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ

Posted by drmyochit Saturday, August 25, 2012, under | No comments



 
၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည( ၁၀ ) နာရီခွဲအချိန်က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက် တွင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁၀) ရဲစခန်မှ တာဝန်မှူးက အတည်ပြုပြော ကြားသည်။ သေဆုံးသူမှာ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးတင်မောင်မြင့် ဖြစ်ပြီးဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ် ရာတစ်ချက် ၊ ၀ဲလက်မောင်း ပျက်ရှဒဏ် ရာတစ်ချက်နှင့် ၀ဲလက်ခလယ် ပျက်ရှဒဏ်ရာ တစ်ချက်တို့ဖြင့်   မန္တလေး ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံနေရ ကြောင်းသိရသည်။ တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ (၂၃) ရက်နေ့ နံနက်(၃) နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်း သိရပြီး အမှုကြီးအမှတ်စဉ် ( ၂/၂၀၁၂ ) ပုဒ်မ ( ၃၀၂ ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရပြီး အမှုစစ်မှာ စခန်းမှူး ရဲအုပ်သိန်းဦး ဖြစ်ကြောင်းကိုလည်း သိရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်း သို့ကြိုတင်ရောက် ရှိနေပြီး ဦးတင်အောင်မြင့်နှင့် ဇနီးဖြစ်သူတို့ အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှ ထွက်လာပြီး ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ရဲသုံးသပ်ချက် မှတ်တမ်းအရ သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့် ၏အကိုဖြစ်သူ ဒေါက်တာဌေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးသူ ဦးတင်မောင်မြင့်၏ သမီးဖြစ်သူမှ ၎င်းအား ဖုန်းဆက် အကြောင်းကြားခဲ့၍ သိရှိခဲ့ကြောင်းပြောပြခဲ့သည်။
 '' ကျွန်တော့်ဆီ ဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ ချက်ခြင်း လိုက်လာတာ ဒီရောက်တော့ ဓါးဒဏ်ရာနဲ့ လဲနေ တာတွေ့လို့ ဆေးရုံတန်း ခေါ်သွားတယ် ၊ ဟိုရောက်တော့ ဆုံးသွားတယ် '' ဟု ဒေါက်တာဋ္ဌေးမြင့်က ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အား အတိအကျမသိ သေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင် သေး၍ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု ရှိမရှိကို မသိရ သေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။ တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဘုရားရောင်တော် ဖွင့်လုပ်ငန်းလုပ် ကိုင်သူဖြစ်ကာ သေဆုံးသူ ဦးတင်မောင်မြင့်၏ ကြေးသွန်း ပစ္စည်းများကို ၎င်းအိမ်တွင် ယူ၍အရောင်တင်သော အလုပ်လုပ်ကိုင် သူဖြစ်ပြီး ဦးတင်မောင်မြင့်၏ တပည့်ဟောင်း တစ်ဦးလည်းဖြစ် ကြောင်းစုံစမ်း သိရှိရသည်။
 မှုခင်းဖြစ်ပွား သည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ် ရွာသွန်းနေချိန် ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်မှ အိမ်များသိရှိချိန်
နောက်ကျခဲ့ ကြောင်းကိုလည်း ခတ္တန်းရပ် တွင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောကြားသည်။
 `` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်း ဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်း ကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက် ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန် ထပြီးလုပ်ကြတယ် ၊ လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှ ပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်