ဒီမိုမိတ်ဆွေ
၁၀ ပါတီမှ နေပြည်တော်တွင် ဇူလိုင်လ ( ၁၈ )ရက်နေ့ တွင် နိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံမည် ဟုသိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒီမိုမိတ်ဆွေ ၁၀ ပါတီမှ လယ်ယာမြေကိစ္စ ၊ မြစ်ဆုံကိစ္စ ၊ပြည်ပရောက်မြန်မာနိုင်ငံသားမျာ
း ပြန်လာနိုင်ရေး ဥပဒေပြဌာန်းပေးရန် ကိစ္စရပ်များ ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော် သမ္မတ နှင့်တွေ့ဆုံကြမည့် ဒီမိုမိတ်ဆွေ ၁၀ ပါတီမှာ ချင်းအမျိုးသားပါတီ ၊ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးပါတီ ၊ဒီမိုကရက်တစ်ပါတီ ( မြန်မာ )၊ပြည်ထောင်စု
ဒီမိုကရေစီပါတီ ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ါတီ ၊မွန်ဒေသလုံးဆိုင်ရာ
ဒီမိုကရေစီပါတီ် ၊ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တို့ဖြစ်ပြီး ကိုယ်စားလှယ် ( ၁၄ ) ဦးတို့ ပါဝင်မည်ဟုသိရသည်။
Myanmar Express
0 comments:
Post a Comment