ကချင်ပြည်နယ်
ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင် သွားမည်ဟုပြည်ထောင်စု ငြိမ်း
ချမ်းရေး ဖော်ဆောင် လုပ်ငန်း ကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့်
ဦးသိန်းဇော် က ပြောကြား လိုက် သည်။ အောက် တိုဘာ(၆)ရက် မြစ်ကြီး နားမြို့ရှိ
မြို့တော် ခန်းမတွင်
ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့ အကြုံရှင်းလင်း ပွဲနှင့် လူထုတွေ့ဆုံပွဲတွင်
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ပြောတယ်
၊ လွှတ်တော်အတွင်းမှာလည်း ငြိမ်း ချမ်းရေးအတွက် လုပ်ဆောင်နေကြတယ်လို့ပြောတယ်။ ဒါပေမယ့်
ဘယ်လိုတွေလုပ်ဆောင်နေ ကြတယ် ဆိုတာတော့ မပြောသွားဘူး” ဟု ဦးသိန်းဇော်၏ ပြောကြားချက်ကို
ကိုယ်တိုင်နားထောင်ခဲ့သည့် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြန်လည်ပြောပြသည်။
ဦးသိန်းဇော်က ယခုလိုပြောကြားခဲ့သော်လည်း ကချင်ပြည်နယ်ငြိမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ကေ အိုင်အိုအကြား မီဒီယာများမှတဆင့် တစ်ဖက်နှင့်တစ်ဖက်ပြစ်တင်ပြောဆိုနေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံနှင့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ရှိပါတီစုံနှင့် အလွှာအသီး သီးမှ လူထုများ တက်ရောက်ခဲ့ကာ လူထု၏ မေးမြန်းချက်များကိုလည်း ဦးသိန်းဇော်မှ ပြန်လည်ဖြေကြား ခဲ့သည်ဟု ဒေါ်ဘောက်ဂျာထံက သိရသည်။
“မည်သူမဆို စိတ်ဝင်စားသူတိုင်း ဒီတွေ့ဆုံပွဲကို လာတက်လို့ ရတယ်။လူထုကလည်း သူတို့ သိချင် တာလေးတွေကို မေးမြန်းခဲ့တယ်။ ကချင်ပြည်နယ် အစိုးရကလည်း လူထုတွေ့ဆုံပွဲကို တစ်လတစ် ခါလုပ် ပါတယ် ”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည့် ဦးသိန်းဇော် ကနယ်မြေ လုံခြုံရေး အရ ခေ တ္တပြောင်းရွှေ့လာသော ကချင်ပြည်သူများအတွက်ဆန်အိတ်(၁၀၀) လှူဒါန်းသည်ကိုလည်း လက်ခံခဲ့ သည်ဟု ဒေါ်ဘောက်ဂျာကဆိုသည်။
ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် လုံခင်း ကျေးရွာ အနီး တွင် နှစ် ဘက်တိုက်ပွဲ များ ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ အစိုးရစစ်တပ်နှင့်ကေအိုင်အေလက်နက်ကိုင်အဖွဲ့များ အကြား စစ်ပွဲများ ဆက်လက်ဖြစ် ပွားလျက်ရှိပြီး ယခုနှစ်အစောပိုင်းကရွှေလီ တွင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြု လုပ် ပြီးနောက်ပိုင်း၌ ထပ်မံ ဆွေးနွေးမှုများမရှိတော့ပေ။
0 comments:
Post a Comment