Tuesday, April 02, 2013

မြန်မာ ပဋိပက္ခ အပေါ် စုံစမ်းဖို့ HRW ပြော၊ မီးလောင် ပျက်စီး ပုံကို ဂြိုလ်တု ဓာတ်ပုံနဲ့ ယှဉ်ပြ

Posted by drmyochit Tuesday, April 02, 2013, under | No comments

မြန်မာ နိုင်ငံမှာ ​ရဲတပ်ဖွဲ့တွေက ​ဗုဒ္ဓ ဘာသာနဲ့ မူစလင် ဘာသာကြား ​ပဋိ ပက္ခတွေ ​အိမ်တွေ ​ဗလီတွေ ​မီး ​ရှို့ ဖျက်စီး မှုတွေ​ကို ​တားစီးခြင်း မပြုလုပ် ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ​စုံစမ်း စစ်ဆေးရေး ပြုလုပ်ဖို့ ​နိုင်ငံတကာ ​လူ့ အခွင့် အရေး ​စောင့်ကြပ်ရေး ​အဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ပဋိပက္ခ မဖြစ်ခင်နဲ့ ပဋိပက္ခ ဖြစ်ပေါ် ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက် အစီးတွေကို ဆက်တ လိုက် ဓာတ်ပုံနဲ့ နှိုင်း ယှဉ်ပြထား (Credit: AFP)

ဗီဒီယို မြန်မာနိုင်ငံမှာ ပဋိပက္ခမဖြစ်ခင်နဲ့ ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို ဆက်တလိုက်ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပြထား

မိတ္တီလာ ​မြို့လည်ခေါင်မှာ ​မကြာသေးခင်က ​မီးလောင် ​ပျက်စီး ​သွားပြီး ​ပြာကျနေတဲ့ ​မြင်ကွင်းတွေကို ​လူ့ အခွင့် အရေး ​စောင့်ကြပ်ရေး ​အဖွဲ့ ​က ​ဂြိုဟ်တုကနေ ​ရိုက်ထားတဲ့ ​ပုံတွေကို ​ထုတ်ဖေါ် ​ခဲ့ပါတယ်။

မြန်မာ နိုင်ငံတွင်း ​က ​ဗုဒ္ဓဘာသာနဲ့ ​မူစလင် ​ဘာသာကြား ​ပဋိ ပက္ခတွေမှာ ​ရပ်ကွက်လိုက် ​မီးရှို့မှုတွေ ​သတ်ဖြတ် မှုတွေ နဲ့ ​ပတ် သက်ပြီး ​တရားခံတွေကို ​စုံစမ်းဖေါ်ထုတ်ပေး ​ဖို့ ​အစိုးရမှာ ​တာဝန်ရှိ ​တယ်လို့ ​လူ့ အခွင့် အရေး ​ဆိုင်ရာ ​အဖွဲ့အစည်းရဲ့ ​ဒါရိုက်တာ ​ကပြောသွားပါတယ်။

လူ့အခွင့် အရေးဆိုင် ​ရာအဖွဲ့က ​ထိခိုက်ပျက်စီးမှု ​အများဆုံးဖြစ်ခဲ့တဲ့ ​မိတ္တီလာမြို့မှာ ​ရဲတပ်ဖွဲ့ ​အနေနဲ့ ​ပဋိ ပက္ခ တွေ ကို ​ရက်အနည်းငယ် ​ဆက်လက်ဆိုးဝါး ​လာ ​နေတဲ့ ​အထိ ​အရေးယူခြင်း ​မရှိ ​ခဲ့ဘူးဆိုတဲ့ ​သက်သေ ​သာဓက တွေကို ​တွေ့ ​ခဲ့ ​တယ်လို့ ​ဆိုထားပါတယ်။

ဆက်လက်ပြီးတော့ ​မိတ္တီလာမှာ ​ဖြစ်ပွါးခဲ့ ​တဲ့ ​ဖြစ်စဉ်ဖြစ်ရပ်တွေဟာ ​ရခိုင်ပြည်မှာ ​ဖြစ်ပွါးသွားခဲ့ ​တဲ့ ​အခြေ အနေ မျိုး ​- ​လူပေါင်း ​၁၈၀ ​လောက်သေဆုံးပြီး ​လူနေရပ်ကွက်တွေ ​မီးလောင်ပြာကျခဲ့ ​တဲ့ ​အခြေအနေ ​နဲ့ ​တူနေ ​တဲ့ ​အကြောင်း ​-- ​မိတ္တီလာမြို့မှာ ​မူစလင်ဘာသာဝင်ဦးရေ ​သိသိသာသာများပြားမှု ​ရှိ ​နေတယ် ဆိုတာ ​တွေ့ ရှိ ​ခဲ့ရ တဲ့ ​အကြောင်းတွေကိုပြောသွားပါတယ်။

ပြီးခဲ့တဲ့ တပါတ်က ​သမ္မတဦးသိန်းစိန်က ​နေပြီး ​အကြမ်းဖက်သူတွေ ​ကို ​ထိထိ ရောက်ရောက် အရေးယူမှာ ဖြစ်တဲ့ အကြောင်း၊ ​နိုင်ငံရေး ​အခွင့်အရေးသမားတွေ ​နဲ့ ​ဘာသာရေး ​အစွန်းရောက်သူ ​တွေရဲ့ လက် ချက်ဖြစ် တဲ့ အကြောင်းတွေ ​ကို ​ပြောဆိုပြီး ​နောက် ​အခြေအနေ ​ငြိမ်သက်သွားတဲ့ ​သဏ္ဍန်ရှိ ​တယ်လို့ ​လူ့အခွင့် အရေး ​စောင့်ကြပ်ရေး ​အစီရင် ခံစာမှာဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ​နှစ်က ​ရခိုင်ပြည်အရေးအခင်းမှာ ​လုံခြုံရေးတပ်ဖွဲ့တွေ ​ဟာ ​မူစလင်ရွာသူရွာသားတွေကို ​သတ်ဖြတ်ခဲ့ပြီး ​အစိုးရ ​စစ်တပ် ဖွဲ့ဝင်တွေက ​ဘာမှ ​မလုပ်ဘဲ ​ကြည့်နေကြတယ်လို့ ​လူ့ ​အခွင့်အရေး ​စောင့် ​ကြပ်ရေးအဖွဲ့က ​စွပ်စွဲ ခဲ့ပါတယ်။

ဒီ တချီမှာ ​လဲ ​အလားတူ ​အခြေ အနေ မျိုးတွေကို ​မြင်တွေ့ ရတဲ့ ​အကြောင်း ​လုံခြုံရေး တွေက ​ဆူပူ မှုတွေ ငြိမ်း သွားအောင် ​မိုးပေါ်ကို ​ထောင်ပြီး ​သေနတ်ပစ်ခဲ့ ​တဲ့ ​အကြောင်း၊ ​ဒါပေ ​မဲ့ ​တိုက်ခိုက်မှု ​တွေကို ​လက် ပိုက် ကြည့် ​နေခဲ့တယ်လို့ ​စွပ်စွဲပြော ​ဆိုသွားပါတယ်။

စောစော ပိုင်းက ​ကုလသမဂ္ဂ ​က​နေ ​စွပ်စွဲ ထားတာ တွေကို ​မြန်မာ ​အစိုး ​ရ က ​အခြေ ​အမြစ် မရှိတဲ့ ​စွပ်စွဲ ချက် တွေလို့ ​ငြင်းဆို ထားပါတယ်။

အစ္စလာမ် ဘာသာဝင် နိုင်ငံများ ​ပေါင်းစည်း ထားတဲ့ ​OIC ​အဖွဲ့ဝင် နိုင်ငံက ​ဝန်ကြီး တွေက ​လာမည့် ​စနေ နေ့မှာ ​မြန်မာ ​နိုင်ငံက ​ဘာသာရေး ​ပဋိပက္ခ ​နဲ့ ​ပတ်သက်ပြီးတွေ့ဆုံဆွေးနွှေးမှာဖြစ်တဲ့အကြောင်းနဲ့၊ ​ကုလ သမဂ္ဂ ​လုံခြုံရေး ကောင်စီ ​ကို လဲ ​အရေးယူ ဆောင်ရွက်ပေး ​ဖို့ ​တောင်းဆို ထားတယ်လို့ ​သိရပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်