Tuesday, April 02, 2013

ကိုးရီးယားကျွန်းဆွယ် စစ်ရေးမာန်ဖီမှု အထွတ်အထိပ်ရောက်

Posted by drmyochit Tuesday, April 02, 2013, under | No comments

တောင်နဲ့ ​မြောက် ​ကိုးရီးယား ​နှစ်နိုင်ငံ ​စစ်စာချုပ်ကို ​မြောက် ကိုးရီးယား နိုင်ငံက ​ပယ်ဖျက်ပြီး ​နှစ်နိုင်ငံ ​​ဆက်ဆံရေး ​​တင်းမာ နေတုန်း ​​ပြီးခဲ့တဲ့ ​​ရက်ပိုင်း ကပဲ ​​မြောက် ကိုးရီးယား နိုင်ငံဟာ ​​တောင် ကိုးရီးယား နိုင်ငံနဲ့ ​​စစ်ဖြစ် နေပြီလို့ ​​ကြေငြာ ခဲ့တဲ့အတွက် ​​တောင် ကိုးရီးယား အစိုးရက ​တိုက်ခိုက်မှု မှန်သမျှကို ​တုန့်ပြန်ဖို့ ​ကာကွယ်ရေး တပ်ကို ​မှာကြား ​လိုက်ပြီး ​တင်းမာ မှုတွေ ​အထွတ် အထိပ် ​ရောက်ရှိ နေပါတယ်။


မြောက် ကိုးရီးယားနိုင်ငံကို ဝင်ရောက်မယ့် ကားတွေကို တောင်ကိုးရီးယားလုံခြုံရေးတပ်တွေ စစ်ဆေးမှု လုပ်နေ (Credit: AFP)

ဗီဒီယို နျူကလီးယား အစီအစဉ် တိုးချဲ့မယ်လို့ မြောက်ကိုးရီးယားပြော

အ ​မေ ​ရိ ​ကန် ​နိုင်ငံ ​ကလည်း ​မြောက်ကိုးရီးယား ​နိုင်ငံက ​လွှတ်တင်တဲ့ ​ဒုံးကျဉ်တွေကို ​ပစ်ချနိုင်မယ့် ​စစ် သင်္ဘောတွေ ​အသင့် နေရာ ​ယူထား ပြီလို့ ​သိရပါတယ်။

အရင် ရက်တွေ တုန်းက ​အ ​မေ ​ရိ ​ကန် ​နိုင်ငံက ​တောင်ကိုးရီးယား ​နိုင်ငံနဲ့ ​စစ်ရေးလေ့ကျင့်ဖို့ ​F-22 ​စစ် ​လေ ​ယာဉ် ​တွေ ​ကို ​တောင်ကိုးရီးယား ​နိုင်ငံကို ​စေလွှတ်တုန်း ​တောင်ကိုးရီးယား ​သမ္မတ ​Park ​Geun-Hye ​က ​မြောက် ကိုးရီးယား ​တိုက်ခိုက်မှုတွေကို ​တုန့်ပြန်ဖို့ ​သတိပေးလိုက်တာ ​ဖြစ်ပါတယ်။

မြောက် ကိုးရီးယား နိုင်ငံရဲ့ ​နေ့စဉ်နှင့်အမျှ ​ချိမ်းခြောက်မှုတွေကို ​တောင်ကိုးရီးယားအနေနဲ့ ​အလေး အနက် ထားပြီး ​စောင့်ကြည့် နေပြီး ​တုန့်ပြန်မှု လုပ်မယ်လို့ ​ဆိုပါတယ်။

အမေ ရိကန် နိုင်ငံက ​မိမိရဲ့ ​စစ်လေယာဉ် အစွမ်း တွေကို ​တောင် ကိုးရီးယား နိုင်ငံနဲ့ ​မီဒီယာ တွေကို ​ပြသဖို့ ​စေလွှတ်ခဲ့ ပေမယ့် ​အဲဒီ အစီ အစဉ်ကို ​ဖျက်သိမ်း လိုက်တယ်လို့ ​သိရပါတယ်။

မြောက် ကိုးရီးယား အစိုးရရဲ့ ​ဆိုးဝါးတဲ့ ​တုန့်ပြန်မှုကို ​ရှောင်ရှားလိုတဲ့အတွက် ​အမေရိကန်အစိုးရက ​အဲဒီ အစီ အစဉ်ကို ​ဖျက်သိမ်းတာ ဖြစ်နိုင် တယ်လို့ ​ထင်ကြေး ပေးနေ ကြပါတယ်။

ဒါပေမယ့် ​မြောက် ကိုရီးယား နိုင်ငံက ​လွှတ်တင်တဲ့ ​ဒုံးကျဉ် တွေကို ​ပစ်ချ နိုင်မယ့် ​အမေရိကန်နိုင်ငံ ​စစ် သင်္ဘော တွေတော့ ​အသင့်နေရာ ​ယူထား ပြီလို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​တပတ်ကပဲ ​ကိုးရီးယားကျွန်းဆွယ်ပေါ်ကို ​အမေရိကန်နိုင်ငံရဲ့ ​ဗုံးကျဲလေယာဉ် ​B-2 ​ဖြတ်သန်းပြီးနောက် ​မြောက် ကိုးရီးယား အစိုးရကို ​အကြီး အကျယ် ​ဒေါသ ထွက်စေ ခဲ့ပါတယ်။

တောင် ကိုးရီးယားနဲ့ ​အမေရိကန်နှစ်နိုင်ငံ ​စစ်ရေးလေ့ကျင့်မှုဟာလည်း ​မြောက်ကိုးရီးယားနိုင်ငံကို ​တိုက်ခိုက်ဖို့ ​ပြင်ဆင်ဖို့ ဖြစ်တယ်လို့ ​မြောက်ကိုးရီးယားက ​စွပ်စွဲထားပြီး ​ကန့်ကွက်မှုတွေ ​ခြိမ်းခြောက်မှုတွေ ​လုပ်ခဲ့ပါတယ်။

မြောက် ကိုးရီးယား နိုင်ငံက ​ခြိမ်းခြောက် မှုတွေ ​လုပ်လာတာ နဲ့အမျှ ​နိုင်ငံ တကာ ကလည်း ​ပိုမို တင်းကြပ်တဲ့ ​ဒဏ်ခတ် ပိတ်ဆို့မှုတွေ ​ချမှတ်ဖို့ ​ကြိုးစားနေပြီး ​သြစတြေးလျနိုင်ငံကလည်း ​ငွေရေးကြေးရေးနဲ့ ​ကုန်သွယ်ရေး တွေမှာ ​ဒဏ်ခတ် ပိတ်ဆို့ မှုလုပ်ဖို့ ​စဉ်းစားနေပါတယ်။

မြောက် ကိုးရီးယား နိုင်ငံနဲ့ ​ရင်းနှီး မှုရှိတဲ့ ​တရုတ်အစိုးရနဲ့ ​ဘင်ကျင်းမြို့မှာ ​တွေ့ဆုံတဲ့အခါ ​မြောက်ကိုးရီးယားကို ​ဖိအားပေးဖို့ ​တိုက်တွန်းမယ်လို့ ​သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

တောင် ကိုးရီးယား နိုင်ငံက ​ကျွမ်းကျင် ပညာရှင် တစ်ဦးကတော့ ​ဒဏ်ခတ် ပိတ်ဆို့မှုတွေ ​ထိရောက်မှု မရှိတဲ့ အတွက် ​တခြား နည်းလမ်းတွေ ​အသုံး ပြုသင့် ပြီလို့ ​ပြောပါတယ်။

လက်ထောက်ပါမောက္ခ ​John ​Delury ​က ​မြောက်ကိုးရီးယားနိုင်ငံဟာ ​အစာရေစာ ​ပြတ်တောက်မှု ဒဏ် ကိုလည်း ​ခံနိုင်စွမ်း ရှိတဲ့ ​နိုင်ငံ ဖြစ်တဲ့ အကြောင်း၊ ​၁၉၉၀ ​ပြည့်နှစ် ဝန်းကျင် တွေ မှာလည်း ​လူဦးရေ ​၂၄ ​သန်းလောက် ရှိတဲ့အချိန်မှာ ​လူပေါင်း ​၅၀၀၀၀၀ ​ကျော်ကို ​သတ်ဖြတ်ခဲ့တဲ့အတွက် ​အခက်အခဲ ​မှန်သမျှကို ​ကျော် လွှား ​သီးခံ နိုင်တယ်ဆိုတာကို ​ပြသ ခဲ့ပြီလို့ ​ဆိုပါတယ်။

အခက် ခဲကြားမှာ ​နှစ်ပေါင်း ​၆၀ ​လောက် ​ရပ်တည်လာနိုင်ခဲ့ပြီ ​ဖြစ်တဲ့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ​မြောက်ကိုးရီးယား အာဏာရှင် စနစ် ဖြုတ်ချရေးမှာ ​ထိရောက်မှုမရှိဘူးလို့ ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

From: ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်