Tuesday, October 23, 2012

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted by drmyochit Tuesday, October 23, 2012, under | No comments


 
အသက် ၇၅နှစ် အရွယ် အဖွားအို တစ်ဦး အဓမ္မ ပြုကျင့် ခံခဲ့ရ မှုကြောင့် ရွှေပြည်သာ ရဲစခန်းတွင် အမှု ဖွင့် ထားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ် ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကား များရန်ဖြစ် နေမှုကြောင့်  သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏ နေအိမ်သို့ ညအိပ် ရန် သွားရောက် ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊ ၄၉နှစ်နှင့် တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက် သောက် ချင်သဖြင့် ၄င်းတို့ နှစ်ဦးမှာ အရက် သွားသောက် ခဲ့ကြောင်း သိရသည်။
ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ် သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိ ရသည်။
ထို့နောက် ဦး---၄၉နှစ်မှ ဒေါ် ---၇၅နှစ်အား တွဲခေါ်လာစဉ် လမ်း၌ သားသမီးများနှင့် တွေ့ခဲ့သဖြင့်  ဦး---၄၉နှစ်မှာ ထွက်ပြေး သွားကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ကို ဒေါ်---၊ ၇၅နှစ်ဖြစ်သူမှ ရဲစခန်းသို့ အောက်တို ဘာလ ၂၁ရက်နေ့တွင် လာ ရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။


ရွှေပြည်သာ မြို့နယ် ရဲခစန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်တင့်နိုင်က '' ကျူးလွန်သွားတယ်လို့ ယူဆရတဲ့ သူက လှိုင်သာ ယာမြို့နယ်၊ ၂၀ရပ် ကွက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းနေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အခု အမှု ခိုင်မာ အောင် တည်ဆောက်ပြီးတော့ တရားစွဲဆို တင်ပို့နိုင်ဖို့ ဆောင်ရွက် နေပါတယ်'' ဟု ပြောကြားခဲ့ သည်။
ယင်းကဲ့သို့ ကျူးလွန်သူကို ရွှေပြည်သာရဲစခန်း (ပ)၄၃၄/၂၀၁၂ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စုံစမ်း စစ်ဆေး လျက်ရှိကြောင်း     သိရှိရသည်။


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်