Tuesday, October 23, 2012

မိုးကောင်းမှာထွက်တဲ့ ငါးပေါက်သီးကလည်း လောင်စာတစ်မျိုးပါပဲ

Posted by drmyochit Tuesday, October 23, 2012, under | No comments


Photo: မိုးကောင်းမှာထွက်တဲ့ ငါးပေါက်သီးကလည်း လောင်စာတစ်မျိုးပါပဲ
အောက်တိုဘာ(၂၂)

ကချင်ပြည်နယ်ဒေသကြီး၊  မိုးညှင်းမှထွက်သောငါးပေါက်သီး  များကို ကောလင်းစည်ပင်ဈေးသို့   မီးရထားဖြင့်သယ်ပို့ရောင်းချကြ သည်။စည်ပင်ဈေးတွင်ငါးပေါက် သီးများကို ခင်းကျင်းပြသပြီး၊နို့ဆီ ဗူးဖြင့်ချင့်တွယ်၍လည်းကောင်း၊   ပြည်တောင်းဖြင့်ချင့်တွယ်၍လည်း ကောင်း၊လိုသလောက်ရောင်းချ ပေးသည်။နို့ဆီဗူးတစ်ဗူး(၂၀၀)  ကျပ်၊တစ်ပြည်(၁၅၀၀)ကျပ်နှုန်း   ပေါက်ဈေးရှိသည်။
သဘာဝအလျောက်သစ် တောရှိ ငါးပေါက်သီးပင်ကြီးများ   မှငါးပေါက်သီးများကိုရရှိသည်။  ငါးပေါက်သီး၊ငါးပေါက်ဆံ၊ငါး ပေါက်သီးယိုမုန့်မျိုးစုံကိုလုပ်ငန်း ရှင်များက ပြုလုပ်ရောင်းချကြ သည်။မိုးညှင်းငါးပေါက်သီးယိုကို   မန္တလေး၊ရန်ကုန်၊နေပြည်တော်သို့ တိုင်တင်ပို့နေကြသည်။
ငါးပေါက်သီးတွင် အဆံငါး    ခုတွင် အဆီအနှစ်ပြည့်ဝသော  ငါးဆံကို၊အမျိုးသမီးများ၏ဆံညှပ်   ဖြင့်ထုတ်၍စားကြသည်။ကြွင်း ကျန်သော ငါးပေါက်သီးအခွံကို   နေလှန်း၍မီးဖိုတွင် ထင်းမီးအဖြစ် အသုံးပြုကြသည်။
ငါးပေါက်သီးပေါ်ချိန်ရာသီ တွင် ငါးပေါက်သီးပင်တောသို့ သွားရောက်၍ကောက်ယူစုဆောင်း  ကြပြီး၊ဈေးကွက်၌ ရောင်းချကြရာ    မိသားစုအပိုဝင်ငွေအကွက်အဆင်    ပြေသောလုပ်ငန်းတစ်ခုဖြစ်သည်။
ငါးပေါက်သီးပင်မှာအပင် သက်တမ်း(၁၅)နှစ်ကျော်မှ အသီး အားကောင်းသည်။သို့ရာတွင် ထင်းရှာကြသူများက ငါးပေါက် သီးပင်ကြီးများကိုခုတ်၍ ထင်း အဖြစ်ရောင်းချခြင်း၊အသုံးပြုခြင်း တို့ကြောင့် ငါးပေါက်သီးပင်များ  မျိုးသုဉ်းမည်ကိုပင် ဒေသခံများမှ စိုးရိမ်နေကြသည်။
ကချင်မြေမှ စုန်ဆင်းလာ သော ငါးပေါက်သီးမှအဆံသည်  အာဟာရအဖြစ်ပေးစွမ်းနိုင်သကဲ့ သို့၊ထင်းရှားပါးမှုကိုလည်း တစ်  ဖက်တစ်လမ်းကထိန်းသိမ်းပေးနေ သဖြင့်၊ပေါက်သီးပင်များပြုစုပျိုး ထောင်ရေးကို သဘာဝထိန်းသိမ်း ရေးလုပ်ငန်းတစ်ခုအနေဖြင့် ပြောင်းပေးဆောင်ရွက်သင့်ပါပြီ။
နိုင်ငံတော်က ၁၉၉၅ခုနှစ်ကို   ““ထင်းအစား၊အခြားလောင်စာဆီ တီထွင်သုံးစွဲရေးလှုပ်ရှားမှုနှစ်””အဖြစ်   ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။
ထို့ကြောင့် ရှားပါးမှုမဖြစ် စေရန်၊သဘာဝရာသီဥတုကာကွယ်     ထိန်းသိမ်းရန်အတွက် ထင်းအစား  လောင်စာဆီတီထွင်သုံးစွဲရာတွင်   ငါးပေါက်သီးကလည်း တစ်ခန်း ကဏ္ဍပါဝင်သင့်ပါကြောင်း၊ဒေသခံ ပြည်သူများအား အသိပေးချင်ပါ တယ်။

(Hot News) 
ကချင် ပြည်နယ် ဒေသကြီး၊ မိုးညှင်းမှ ထွက်သော ငါးပေါက်သီး များကို ကောလင်း စည်ပင် ဈေးသို့ မီးရ ထားဖြင့် သယ်ပို့ ရောင်းချကြသည်။ စည်ပင် ဈေးတွင် ငါးပေါက် သီးများကို ခင်းကျင်း ပြသပြီး၊နို့ဆီ ဗူးဖြင့် ချင့်တွယ်၍ လည်းကောင်း၊ ပြည်တောင်းဖြင့်ချင့်တွယ်၍လည်း ကောင်း၊လိုသလောက်ရောင်းချ ပေးသည်။ နို့ဆီဗူး တစ်ဗူး(၂၀၀) ကျပ်၊တစ်ပြည်(၁၅၀၀)ကျပ်နှုန်း ပေါက်ဈေးရှိသည်။


သဘာဝ အလျောက်သစ် တောရှိ ငါးပေါက်သီး ပင်ကြီးများ မှငါးပေါက်သီး များကိုရ ရှိသည်။ ငါးပေါက်သီး၊ ငါးပေါက်ဆံ၊ ငါး ပေါက်သီးယိုမုန့်မျိုးစုံကိုလုပ်ငန်း ရှင်များက ပြုလုပ်ရောင်းချကြ သည်။မိုးညှင်း ငါးပေါက် သီး ယိုကို မန္တလေး၊ရန်ကုန်၊ နေပြည်တော်သို့ တိုင်တင်ပို့နေကြသည်။
ငါးပေါက် သီးတွင် အဆံငါး ခုတွင် အဆီအနှစ်ပြည့်ဝသော ငါးဆံကို၊အမျိုးသမီးများ၏ဆံညှပ် ဖြင့်ထုတ်၍ စားကြသည်။ ကြွင်း ကျန်သော ငါးပေါက်သီးအခွံကို နေလှန်း၍မီးဖိုတွင် ထင်းမီးအဖြစ် အသုံးပြုကြသည်။

ငါးပေါက်သီး ပေါ်ချိန်ရာသီ တွင် ငါးပေါက်သီးပင်တောသို့ သွားရောက်၍ကောက်ယူစုဆောင်း ကြပြီး၊ ဈေးကွက်၌ ရောင်းချကြရာ မိသားစုအပိုဝင်ငွေအကွက်အဆင် ပြေသောလုပ်ငန်းတစ်ခုဖြစ်သည်။
ငါးပေါက် သီး ပင်မှာအပင် သက်တမ်း(၁၅)နှစ်ကျော်မှ အသီး အားကောင်းသည်။သို့ရာတွင် ထင်းရှာကြ သူများ က ငါးပေါက် သီးပင်ကြီးများကိုခုတ်၍ ထင်း အဖြစ်ရောင်းချခြင်း၊အသုံးပြုခြင်း တို့ကြောင့် ငါးပေါက် သီးပင်များ မျိုးသုဉ်း မည်ကိုပင် ဒေသခံများမှ စိုးရိမ်နေကြသည်။

ကချင်မြေမှ စုန်ဆင်းလာ သော ငါးပေါက်သီးမှအဆံသည် အာဟာရအဖြစ်ပေးစွမ်းနိုင်သကဲ့ သို့၊ ထင်းရှား ပါးမှုကို လည်း တစ် ဖက်တစ်လမ်းကထိန်းသိမ်းပေးနေ သဖြင့်၊ပေါက်သီးပင်များပြုစုပျိုး ထောင်ရေးကို သဘာဝ ထိန်းသိမ်း ရေးလုပ်ငန်းတစ်ခုအနေဖြင့် ပြောင်းပေးဆောင်ရွက်သင့်ပါပြီ။

နိုင်ငံတော်က ၁၉၉၅ခုနှစ်ကို ““ထင်းအစား၊အခြားလောင်စာဆီ တီထွင်သုံးစွဲရေးလှုပ်ရှားမှုနှစ်””အဖြစ် ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။

ထို့ကြောင့် ရှားပါးမှုမဖြစ် စေရန်၊သဘာဝရာသီဥတုကာကွယ် ထိန်းသိမ်းရန်အတွက် ထင်းအစား လောင်စာ ဆီတီ ထွင်သုံး စွဲရာတွင် ငါးပေါက်သီးကလည်း တစ်ခန်း ကဏ္ဍပါဝင်သင့်ပါကြောင်း၊ဒေသခံ ပြည်သူများ အား အသိပေးချင်ပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်