Facebook စာမျက်နှာ တွေမှာ ကျနော်နဲ့ ကျနော့်ရဲ့ အမျိုးသမီး မစုစုနွေး တို့ကို မကြာ ခန တိုက် ခဲ့ တာ တွေ ရှိ ပါ တယ်။ အထူး သဖြင့်တော့ ကျနော့် ကို တည်ပြီး မစုစု နွေးကို တိုက်ကြ ပါတယ်။ ဘယ်တုန်း ကမှ ကျနော်တို့ တုန့်ပြန်လေ့ မရှိ ခဲ့ပါဘူး။ unfriend, block … စတာတွေ မလုပ် ခဲ့ပါဘူး။
comment တွေကိုတောင် ရိုင်းရိုင်း စိုင်းစိုင်းတွေ မဟုတ်ရင် ဖြုတ်ပစ်လေ့ မရှိ ပါဘူး။
အခုမှ ကိုယ့်ရဲ့စိတ်ထဲ အမှန်ရှိတဲ့ သဘောထား အမြင်တွေကို ဖော်ထုတ်ခွင့်၊ အထိုက် အလျောက် လွတ်လွတ် လပ်လပ် ရေးသားခွင့် ရှိလာ စဉ်မှာ အဟန့် အတား မလုပ် ချင်လို့ပါ။ အဓိ ကက တော့ ကျနော် ဟာ မွတ် ဆလင် ကုလား တစ်ယောက် ဖြစ်တယ် ဆိုပြီး တိုက်ကြတာပါ။
ဘယ် ဘာသာ ကိုပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြား ဆက်ဆံလေ့ မရှိတဲ့ အတွက် ကျနော် မွတ် ဆလင် ကုလား မဟုတ်ကြောင်း ဆတ်ဆတ် ထိမခံ တုန့်ပြန် စရာ မလို ဘူးလို့ပဲ ခံယူ ထား ပါတယ်။
ပြီးတော့ မွတ်ဆလင် ကုလား ဆိုပြီး တိုက်ခိုက် နေကြတဲ့ အပေါ် မှာလည်း ကျနော် အားပေး အားမြှောက် မလုပ်ချင် လို့ပါ။
နောက် ထပ် အဓိက ကျတဲ့ အချက်က ရခိုင်ဘက်မှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခ အပေါ် မှာလည်း နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ ကျနော့်ရဲ့ခံယူချက် ရှိပြီး သား မို့ပါ။
နယ်စပ် ဖြတ်ကျော် ခိုးဝင် လာတဲ့ ကျူးကျော် သူတွေနဲ့ အစ္စလာမ် ဘာသာ ကိုလည်း သီးခြား စီပဲမြင် ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အန္တရာယ် ရှိတဲ့ ပထဝီဝင် သဘာဝ၊ ရခိုင် တိုင်းရင်းသား တို့ရဲ့ စိုးရိမ် ပူပန်မှုနဲ့ အမျိုးသား ရေးစိတ်၊ ဒါတွေကိုလည်း ကျနော် ရှင်းရှင်းလင်းလင်း နားလည် ထားပါတယ်။
ဒါ့ကြောင့် ကျနော် တို့ကို တိုက်ခိုက် နေတဲ့ အပေါ်မှာ အထူး အထွေ လည်း မခံစား ရပါဘူး။ နစ်နာ လှချည် ရဲ့လို့လည်း မခံစား ခဲ့ရပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့က တုန့်ပြန်မရှင်းတဲ့အတွက် ပုဂ္ဂိုလ်ချင်း ရင်းနှီးသူ မိတ်ဆွေ တွေကရော၊
လူချင်း မမြင် ဖူးကြတဲ့ မိတ်ဆွေ တွေ ကပါ အားမလို အားမ ရ ဖြစ်လာ ကြပါတယ်။ တချို့ဆိုရင် ထင်ယောင် ထင် မှားတွေ တောင် ဖြစ် လာကြပုံ ရပါတယ်။
ဒါ့ကြောင့် ဘယ်တုန်း ကမှ ဖြေရှင်း လိုစိတ် မရှိ ခဲ့တဲ့ကျနော် အခုတော့ ….
ကျနော့် မာမီက စိန့်ဂျွန်း ကွန်ဗင့် ကျောင်း(ယခုလသာ၂) ထွက်ပါ။ မွန် ဗမာ လူမျိုး RC ခရစ်ယန်ပါ။ ကျနော့် ဒယ်ဒီက ဗမာ လူမျိုး ဗုဒ္ဓ ဘာသာပါ။
RC ဘာသာ ရဲ့ ထုံးစံကို ဗုဒ္ဓဘာ သာ ယောက်ျား ကျနော့်ဒ ယ်ဒီက လိုက်လျော ခဲ့လို့ ကျနော်ဟာ မွေးကင်း စ က တည်းက RC ခရစ် ယန်ဖြစ် ခဲ့ပါတယ်။
ခရစ် ယာန် နာမည် Mark ဆိုပြီး ရေဖြန်း ခံခဲ့ရ တာပါ။ Mark ဆိုတာကို ကျနော် တို့ ဝန်း ကျင်မှာ အခေါ်ရ ခက်လှ တာမို့ Marky (မာကီ)ဆိုပြီး နာမည် တွင်ခဲ့ ရပါတယ်။
ငယ်စဉ် ကလေး ဘ၀ တစ်လျှောက် လုံး Church တက် ခဲ့ရ ပါတယ်။ အသက် ၁၈/ ၁၉ မှာ စာပေတွေ က တစ် ဆင့် လက်ဝဲ အယူ ဆတွေ ၀င်လာ ပါတယ်။
(ဒယ်ဒီ ရော၊ မာမီရောက စာဖတ် သမား တွေမို့ ကျနော့် ကိုလည်း စာဖတ် ၀ါသနာ ပါစေ ပါတယ်) အဲဒီက တစ်ဆင့် ကွန်မြူ နစ် စာပေ၊ အ ယူ အ ဆ တွေရဲ့ လွှမ်း မိုးခြင်း ခံခဲ့ ရပါတယ်။
ငယ် စဉ် က တည်းက ဗုဒ္ဓ ဘာသာ ပတ်ဝန်းကျင်၊ ဗုဒ္ဓ ဘာသာ စာပေ တွေ နဲ့ နီး နီး စပ်စပ် ကြီးပြင်း ခဲ့ရ ပေမယ့်၊ ကျနော် ကိုက ဘာသာ ရေး ကို စိတ်မ ဝင်စား ခဲ့ပါဘူး။
ဗုဒ္ဓ တရားတော်တွေကို လေ့လာ ဖြစ်တဲ့ အခါ မှာလည်း ကြည်ညို သဒ္ဓါ စိတ်နဲ့ မဟုတ်ဘဲ၊ ငြင်းခုန်ဖို့ အချက် အလက် ရှာတဲ့ အနေ နဲ့ပဲ ဖတ်ရှု ခဲ့တာမို့ ကျနော်ဟာ ဗုဒ္ဓ ဘာသာ ဝင်တစ် ယောက် မဖြစ် ခဲ့ပါ။
ပြီးတော့ လူငယ့် သဘာဝ ပတ်ဝန်း ကျင်ကို စူးစမ်း တဲ့အ ခါမှာ လည်း ပါးစပ် က ဘုရား ဘုရား လက်က ကား ယား ကား ယား ဆို တဲ့ သူက ခပ်များ များမို့ ဘာသာ တရားနဲ့ ခပ်ကင်း ကင်းပဲ ဖြစ်ခဲ့ ပါတယ်။
အဲဒါ ကတော့ ကျနော့်ရဲ့ လူငယ် ဘ၀ တစ်လျှောက်လုံး ဆိုပါ တော့။ မာမီက သူကိုယ် တိုင် လွတ်လပ် ခွင့်ကို မြတ်နိုး သူမို့ ကျနော့် အသက် ၁၈နှစ် ပြည့် တဲ့နေ့ မှာ Church မတက်လိုက မတက် ဘဲနေနိုင်ခွင့် ပေးခဲ့ပါ တယ်။
၁၉၉၆ ခုနှစ် ဒုတိယ အကြိမ် ထောင်ကျ လို့ မြစ်ကြီးနား ထောင် ရောက်နေ စဉ် (၁၉၉၈ခုနှစ် ကျနော့် အသက် ၃၀ကျော်) မှာ အပြောင်း အလဲ စဖြစ် ပါတယ်။
ကျနော်တို့ ထောင်ထဲ မှာ နေ့စဉ် ရင်ဆိုင် ကြုံတွေ့ နေရတဲ့ ပြဿ နာတွေ ရဲ့ ရိုက် ခတ် မှုကြောင့် ကျနော့် စိတ်တွေ အတော်ပူလောင် ညှိုး ချုံးခဲ့ ရတယ်။ ဒေါသ ဖြစ်လွယ်ပြီး မကြာ ခန ပေါက်ကွဲ ချင် လာတယ်။
ရန်လို လာတယ်။ ဒါနဲ့ မဖြစ် တော့ ဘူး ဆိုပြီး Meditation လုပ်ဖို့ ကြိုး စားတယ်။ တရား ထိုင်တယ်။ တစ်နာရီ လုံးလုံး ထိုင် တာကို တစ်မိနစ် ပြည့်အောင် မရဘူး။ အလွယ် ဆုံး လို့ ပြော လို့ ရတဲ့ ဂဏ ကမ္မ ဌာန်းတောင် မှတ်လို့မရခဲ့ဘူး။
တစ် နှစ် သုံး လေး ငါး .. စသဖြင့် ရေတွက် တာ ပေါ့လေ။ တစ်ဆယ်ပြည့် အောင်တောင် ရေတွက်လို့ မရခဲ့ဘူး။ အဲဒီ့အချိန်မှာ ထောင်က ဖွင့်ပေးနေတဲ့ sound box ကနေ ဆရာ တော် ဦး ဇောတိ ကရဲ့တရားကို စတင်ကြား နာ ရတာပဲ။
အရှုပ် ထဲမှာ ရှင်းအောင် နေ တဲ့။ စ ကြား ခါစက ဘယ်ဆရာ တော်မှန်းတောင် မသိပါဘူး။
ကိုယ့်ကို ရည်ရွယ်ပြီး ဟောနေ တယ် လို့ကို ထင်ရ လောက်အောင် ထိမိ လွန်းလို့ စုံစမ်းတော့မှ ဆရာတော် ဦးဇော တိ က မှန်း သိရတာပါ။
အဲဒီ ကစပြီး ဆရာ တော်ရဲ့ စာအုပ် တွေကို ဆက်တိုက် ဖတ်ဖြစ် ခဲ့တယ်။ မြတ် ဗုဒ္ဓရဲ့အဆုံး အမ တွေကို ယုံကြည် လက်ခံ ခဲ့တယ်။
တတ်နိုင် သမျှလည်း အဆုံး အမနဲ့ ညီအောင် ကြိုးစားပြီး နေထိုင် ပါတယ်။ အဲဒီ လောက် ကို ဗုဒ္ဓ ဘာသာပါလို့ သတ်မှတ် မယ် ဆို ရင်တော့ ကျနော် ဗုဒ္ဓ ဘာသာ ပါပေါ့။
ဒါပေမယ့် ကျနော် ကတော့ ကိုယ့်ကို ကိုယ် အပြည့် အ၀ မကျင့်ကြံ၊ မနေထိုင် နိုင်သေးတဲ့ အဆုံး အမတွေ ရှိနေ သေးတာမို့ ကိုယ့် ကိုကိုယ် ဗုဒ္ဓ ဘာ သာပါ လို့ ပြောရမှာ မြတ် ဗုဒ္ဓကို အားနာ နေ မိ ပါ တယ် ... ။
ကိုမာကီ
Posted From Ko Marky
Thit Htoo Lwin blog
0 comments:
Post a Comment