Monday, October 07, 2013

လှိုင်သာယာ KTV အခန်း ၂ ခန်းက နှစ်လောင်းပြိုင်လူသတ်မှု မိန်းကလေးနှစ်ဦးအပါအ၀င်သံသယရှိသူ ၁၂ ဦးအား ရဲကဖမ်းလိုက်ပြီ

Posted by drmyochit Monday, October 07, 2013, under | No comments


ရန်ကုန် ၊ ၇-၁၀-၂၀၁၃

ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ လှိုင်သာယာ မြို့နယ် အမှတ်(၅) ရပ်ကွက် ၆၉၃/ ၆၉၄ ၊ သုဓမ္မာလမ်း ရှိ Music ကာရာအိုကေ ဆိုင်တွင် အောက်တိုဘာလ ၄ ရက်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု မှ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၁၂ ဦးအား ကရင်ပြည်နယ် ရဲတပ်ဖွဲ့ က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ Music ကာရာအိုကေ ဆိုင်တွင် ဖြစ်ပွား ခဲ့သော လူသတ်မှု တွင် မောင်ဇော် ၃၅ နှစ် နှင့် ကိုသူ ၂၀ နှစ်တို့မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဆိုင်မန်နေဂျာ ကံဝင်းဇော် (ခ) မိုက်မိုက် နှင့် အလုပ်သမား များ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သတင်း ရရှိသဖြင့် လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့ က တိုင်းဒေသကြီး ၊ ခရိုင် အထူးအဖွဲ့ များနှင့် ပူးပေါင်း စုံစမ်း ရှာဖွေပြီး အခြားသော တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ ပြည်နယ် ရဲတပ်ဖွဲ့ များနှင့် ချိတ်ဆက် ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက် ရာတွင် သတင်း ကွင်းဆက်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များသည် သံလွင်တံတား ၌ တပ်ဖြန့် စောင့်ဆိုင်း ခဲ့စဉ် ယာဉ်ကို စစ်ဆေးရာ စစ်ဆေးမှု မခံဘဲ မောင်းတံကို တိုက်၍ ထွက်ပြေး သွားသဖြင့် ၄င်းယာဉ် နောက်သို့ ရဲတပ်ဖွဲ့ဝင် များက လိုက်လံ ဖမ်းဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဇာသပြင် ရဲစခန်း အပိုင် ဇာသပြင် အနောက် ကျေးရွာ လယ်ကွင်း အတွင်း ဖမ်းဆီး ရမိခဲ့ သည်။

ဖမ်းဆီး ရမိသူများမှာ လှိုင်သာယာ ရဲစခန်းမှ ပ / ၁၁၃၁ / ၂၀၁၃ ပုဒ်မ ၃၀၂ လူသတ်မှု ဖြင့် အမှုဖွင့် ထားပြီး ထွက်ပြေး တိမ်းရှောင် လာသော ကဲဝင်းဇော် ၃၄ နှစ် ၊ မျိုးမင်းထိုက် (ခ) ကိုအောင် ၂၉ နှစ် ၊ ကျော်စွာဝင်း ၃၃ နှစ် ၊ ကိုထိုက် (ခ) ကတုံး ၁၉ နှစ် ၊ ကိုကိုနိုင် (ခ)ကိုနိုင် ၂၄ နှစ် ၊ စိုးမိုးကျော် (ခ) ကရင် ၂၇ နှစ် ၊ အောင်သူရ (ခ) အောင်ကျော်သူ ၃၀ နှစ် ၊ စစ်နိုင် (ခ) တင့်နိုင်ဦး ၂၈ နှစ် ၊ ရဲထွဋ်ကျော် (ခ) ရဲကြီး ၂၅ နှစ် ၊ မင်းခန့် ၂၄ နှစ် ၊ ယဉ်ယဉ်ထိုက် ၂၉ နှစ် နှင့် နော်ထူးဖောဆန်း ၂၀ နှစ် စုစုပေါင်း အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦး (ပုံ) တို့အား ၄င်းတို့ ထွက်ပြေး ရာတွင် စီးနင်းသော သက်သေခံ Probox အဖြူရောင် ကားအပြင် ပြစ်မှု ကျူးလွန် ရာတွင် အသုံးပြု ခဲ့သော လက်နက် များကိုပါ သိမ်းဆည်း ရမိ ခဲ့သည်။


ဖြစ်စဉ်အား ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှုခင်း အကူဌာနစု တွင် စစ်ဆေး ဆောင်ရွက်ပြီး ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ ရဲတပ်ဖွဲ့မှူးရုံး အထူး မှုခင်း နှိမ်နင်းရေး ဌာနစု မှ လွှဲပြောင်း လက်ခံ၍ ဆက်လက် စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


By Myawady Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်