Wednesday, July 04, 2012

ယူရိုနိုင်ငံများအလုပ်လက်မဲ့များပြား

Posted by Anonymous Wednesday, July 04, 2012, under | No comments


ဥရောပသမဂ္ဂမှထုတ်ပြန်သော သတင်းအချက်အလက်များအရ မေလအတွင်း ယူရိုဇုန်၌အလုပ် လက်မဲ့နှုန်းသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ၁၁.၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။ မေလအတွင်း ယူရိုဇုန်ဒေသ၌ အလုပ်လက်မဲ့ဦးရေသည် ၁၇.၅ သန်းကျော်ရှိကြောင်း  ယူရိုဇုန်သတင်းအချက်အလက်ဌာနမှ ထုတ်ပြန်ချက် များအရ သိရှိရပါသည်။ မေလတွင်ယူရိုဇုန်ရှိ အသက် ၂၅ နှစ်အောက် လူငယ်များ၏ ၃.၄ သန်းကျော်သည် အလုပ်လက်မဲ့ဖြစ်လျက်ရှိကြောင်း ဖော်ပြလျက်ရှိပါသည်။ ယူရိုဇုန်၌ ဧပြီလအတွင်း အလုပ်လက်မဲ့နှုန်းသည် ၁၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှစ၍ ဒုတိယမြောက် အလုပ်လက်မဲ့နှုန်း အများဆုံးလဖြစ်ကြောင်း သိရှိရပါသည်။

အီရန်စစ်ရေးလေ့ကျင့်ခြင်း

Posted by Anonymous Wednesday, July 04, 2012, under | No comments


အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Islamic Revolution Guards Corps) အနေဖြင့် အကြီးမားဆုံး ဒုံးပျံလေ့ကျင့်ခန်း The Great Prophet 7 အား အီရန်နိုင်ငံအလယ်ပိုင်း၌ ဆောင်ရွက်ခဲ့ပါသည်။ အီရန်နိုင်ငံ၏ အကြီးမားဆုံးမြေပြင်မှမြေပြင်ပစ်ဒုံးပျံများအား စမ်းသပ်ရန်ရည်ရွယ်၍ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအားပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အီရန်နိုင်ငံအလယ်ပိုင်း Semnan ခရိုင်၌ ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်ပါသည်။ Semnan  ခရိုင်မြောက်ပိုင်းရှိ ပုံစံတူပြုလုပ်ထားသော နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တပ်ဖွဲ့များ၏ လေတပ်အခြေစိုက်စခန်းများအား တာဝေးပစ်၊ တာလတ်ပစ်နှင့် တာတိုပစ် ဒုံးပျံများဖြင့် ပစ်ခတ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း အီရန်အစ္စလာမ္မစ်အစောင့်တပ်ဖွဲ့ လေကြောင်းတပ်မ အကြီးအကဲ ဗိုလ်မှူးချုပ် Amir -Ali Hajizadeh က ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Tharallah အမည်ရှိ ၄ ရက်ကြာစစ်ရေးလေ့ကျင့်ခန်းအား အီရန်လေတပ်မှ ပြုလုပ်ခဲ့ပြီးနောက် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့မ Val Fajr အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား ဖေဖော်ဝါရီလအတွင်း သဲကန္တာရ အလယ်ပိုင်း Marhazi  ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

နေရာပျောက်တော့မဲ့ အိုဘားမား

Posted by Anonymous Wednesday, July 04, 2012, under | No comments

အခုတစ်လော တွေ့ရတဲ့ပြောင်းပြန် ကိစ္စရပ်လေးတွေကို တင်ပြလိုပါတယ်။ အဲဒါကတော့ ဒေါ်စုရဲ့ နိုင်ငံခြားခရီးစဉ်နဲ့ ပတ်သက်လို့ပါ။ လက်ရှိအစိုးရသစ် မတိုင်ခင် စစ်အစိုးရလက်ထက် အင်တာနက်ပေါ်က ဒီမိုတွေရဲ့ ဝက်ဆိုဒ်တွေမှာ ဒေါ်စုရဲ့ ဂုဏ်ပုဒ်များနဲ့ ပတ်သက်ပြီး အင်မတန်မှ အမွှန်းတင်ပြီး ရေးသားကြတာ တွေ့ခဲ့ရပါတယ်။ ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေကတော့ စာပေစိစစ်ရေး လက်ချက်မိပြီး ဒါမျိုးတွေ သိပ်ဖော်ပြလေ့ မရှိခဲ့ကြပါ။ ဒါပေမယ့် အခုတွေ့ရတာ ကတော့ပြောင်းပြန်ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဒီမိုဝက်ဆိုဒ်တွေမှာ ဒေါ်စုရဲ့ဥရောပ ခရီးစဉ်အတွင်း အပြောအဆို လွဲချော်မှုတွေ၊ အစီအစဉ် လွဲချော်မှုတွေနဲ့ ဒေါ်စုရဲ့ပုဂ္ဂလိက ရေးရာများကိုပါ တိုက်ခိုက်လာတာ တွေ့ရပါတယ်။ပြည်တွင်းဂျာနယ် တွေရဲ့ မျက်နှာဖုံး သတင်းမှာ တော့ဒေါ်စု ဓါတ်ပုံတွေက မမြင်ချင်အဆုံးပါ။ရေးထားတာတွေကလဲ တကယ့်ကိုဒေါ်စုဟာ ကမ္ဘာ့ခေါင်းဆောင်ကြီးလိုလို။ အိုဘားမားနေရာပဲလုတော့မလိုလို အမွှန်းတင်ရေးထား တာတွေလဲတွေ့ရပါရဲ့။ နာမည်ရှေ့ကနေ ထည့်ထားတဲ့ ဂုဏ်ထူးဆောင် ဂုဏ်ပုဒ်တွေကလဲ မျိုးစုံအမွှန်းတင်ရေးထားတာ၊ပြည်တွင်း ဂျာနယ်တွေမှာတွေ့ရပါရဲ့။

၎-၇-၂၀၁၂ ( နံနက်ပိုင်း )

Posted by drmyochit Wednesday, July 04, 2012, under | No comments

-        မြန်မာအစိုးရက အကျဉ်းသား ၄၆ ဦး ပြန်လွှတ်ပေး ဖတ်ရန်
-        နိုင်ငံရေးအကျဉ်းသား ၂ဝ လွတ်မြောက် ဖတ်ရန်
-        ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ဖတ်ရန်
-        နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် လွတ် ဖတ်ရန်
-        ဖောက်ခွဲမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဦးသန်းဇော် လွတ်လာပြီ ဖတ်ရန်
-        Aung San Suu Kyi Press Conference on Europe Tour  ဖတ်ရန်
-        နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ငါးရပ် ထုတ်ပြန် ဖတ်ရန်
-        Aung San Suu Kyi Press Conference on Europe Tour  ဖတ်ရန်
-        ဥရောပ ခရီးစဉ် အကြောင်း ဒေါ်စု သတင်းစာရှင်း ဖတ်ရန်
-        အမေစုကိုနမ်းလိုက်ရသူများနှင့်... ဖတ်ရန်
-        ဂျက်ကီချန်း၏ မြန်မာပြည် ၃ ရက်ခရီး ယခုတပတ်အတွင်း အစပြုမည်  ဖတ်ရန်
-        မိန်းကလေးများ အပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုပြီ ဖတ်ရန်
-        နေပြည်တော်မှာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းခန့် မီးရှို့ ဖျက်ဆီးခံရ ဖတ်ရန်
-        RCSS/SSA အား ထိုင်းအစိုးရက ဆုချီးမြှင့်ခြင်းကို မြန်မာအစိုးရမှ ကန့်ကွက် ဖတ်ရန်
-        ငြိမ်းချမ်းရေးစင်တာ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖတ်ရန်
-        ဘောလုံးပွဲ အားပေးသူများနဲ့ ဘောလုံးသမားများကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက် ဖတ်ရန်
-        နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ AI တိုက်တွန်း ဖတ်ရန်
-        ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော လွှတ်တော်လုပ်ငန်းကော်မတီဖွဲ့စည်း ဖတ်ရန်
-        မြန်မာ့အရေး ကူညီလိုသူ များပြား ဖတ်ရန်
-        ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည် ဖတ်ရန်
-        အမေရိကန်မှ ပက်စီအချိုရည်နှင့် မြန်မာမှ ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူချိတ်ဆက် လုပ်ကိုင်မည် ဖတ်ရန်
-        ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ အမေးအဖြေများ ဖတ်ရန်
-        ဇူလိုင်လ၊(၃)ရက် ၌ နိုင်ငံရေးအကျဉ်းသား(၂၃)ဦး လွတ်မြောက် ဖတ်ရန်
-        ကနောင်မင်းသားကြီး၏ မြစ်ရတနာနတ်မယ် စားတော်ကျမ်းတစ်ခု ရေးနေ ဖတ်ရန်
-        ခံတွင်းနံ့နံခြင်း (Halitosis) ဖတ်ရန်
-        သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ ဖတ်ရန်
-        ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ဟု မလေးရှားနည်းပြပြော  ဖတ်ရန်
-        U-22 ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် မြန်မာအသင်း အနိုင်ရ  ဖတ်ရန်
-        လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ် ဖတ်ရန်
-        ပုဂ္ဂိုလ်ရေးမေးခွန်းများ မမေးရန် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများသို့ပြောဆို ဖတ်ရန်
-        တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ယခု အစိုးရ လက်ထက် အတွင်း ကျင်းပပြုလုပ် သွားမည် ဖတ်ရန်
-        သုဝဏ္ဏကွင်းတွင် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည့် မြန်မာ ယူ-၂၂ ~ မလေးရှား ၁-၂ မြန်မာ ဖတ်ရန်






Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်