Monday, July 09, 2012

ဘိုးရာဇာ၏ တစ်ကွက်ကာတွန်း

Posted by drmyochit Monday, July 09, 2012, under | No comments


မလေးရှားဘောလုံးအဖွဲ့ချုပ်က မြန်မာယူ-၂၂ ကစားသမားများ၏ အသက်နှင့်ပတ်သက်၍ ကန့်ကွက်မှု ရပ်ဆိုင်း

Posted by drmyochit Monday, July 09, 2012, under | No comments

မလေးရှားဘောလုံးအဖွဲ့ချုပ်(FAM)သည် မလေးရှားယူ-၂၂ အသင်းနည်းပြ အွန်ကင်မ်ဆွီးနှင့် မန်နေဂျာ ဒါတွတ်အဖန်ဒီဟမ်ဇားတို့က မြန်မာယူ-၂၂ အသင်းတွင် အသက်ကျော်နေသည့် ကစားသမားများ ပါဝင်နေသည်ဟူသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မည်သည့်အမှားအယွင်းမှ မတွေ့ရကြောင်း ၀န်ခံအတည်ပြုလိုက်သည်။

မလေးရှားနည်းပြနှင့် မန်နေဂျာတို့က စွပ်စွဲခဲ့သည့် မြန်မာကစားသမားသုံးဦးမှာ ကပ္ပတိန်ကျော်ဇေယျာဝင်း၊ ကြည်လင်းနှင့် ကောင်းစည်သူတို့ဖြစ်သည်။  FAM ၏ အဆိုအရ ကျော်ဇေယျာဝင်းအမည်ဖြင့် ကစားသမားနှစ်ဦး တွေ့ရှိရပြီးတစ်ဦးမှာ အသက် ၂၄ နှစ်ဖြစ်၍ ကျန်တစ်ဦးမှာ ခြေစစ်ပွဲတွင် ကစားခဲ့သော အသက် ၂၀ အရွယ် ကျော်ဇေယျာဝင်းဖြစ်ကြောင်းဆိုသည်။ ထို့အပြင် ကြည်လင်းနှင့် ကောင်းစည်သူတို့၏ အသက်များကို ၎င်းတို့၏ ကလပ်အသင်းဝက်ဘ်ဆိုက်များ၌ မှားယွင်းဖော်ပြထားကြောင်းပြောသည်။

FAM  သည် နည်းပြများနှင့် မီဒီယာများ၏ မြန်မာကစားသမားများအပေါ် စွပ်စွဲမှုများ ပေါ်ထွက် ပြီးနောက် တရားဝင်အထောက် အထားများနှင့် နှိုင်းယှဉ်စစ်ဆေး၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကြည်လင်းနှင့် ကောင်း စည်သူမှာ ဖေဖော်ဝါရီလက  AFC  ဖလားပွဲအတွက် ရန်ကုန်ယူနိုက်တက်ကလပ်မှ အမည်စာရင်းတင် သွင်းစဉ် အသက် ၂၀ နှင့် ၁၉ နှစ်စီအသီးသီးရှိခဲ့ပြီး ယခု မေလတွင် ယူ-၂၂ ခြေစစ်ပွဲကစားရာ၌ အသက်မီကြောင်းဆိုသည်။

ယနေ့ လွှတ်တော်အစည်းအဝေး ပထမဆုံး တက်ရောက်လာတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

Posted by drmyochit Monday, July 09, 2012, under | No comments

 ပြည်သူ့ လွှတ်တော် အစည်းအဝေးတက်ရောက်ကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေသည့် ဒေါ်အောင်ဆန်းစုကြည်



ထိုင်ခုံအမှတ် G-22 တွင် ထိုင်လျှက် ပြည်သူ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည် 
ဇူလိင်လ(၉)ရက်နေ့တွင် ကျင်းပသည့်  ပထမကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့သို့         တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
သတင်း-ဓါတ်ပုံ  Popular Myanmar News Journal 

မြန်မာပြည်သူ/သားတွေ အားလုံးချစ်တဲ့သမ္မတကြီး ဦးသိန်းစိန်ဆိုတာ သူပေါ့

Posted by drmyochit Monday, July 09, 2012, under | No comments

သူ ပေါ့..............။
ဒုတိယ ဘုရားသခင်လည်းမဟုတ်ပါဘူး.။

သူပေါ့............။
သူများတွေလို ထောက်ခံမူ့  အများကြီးလည်းမရပါဘူး။

သူပေါ့.............။
နိုင်ငံတကာမှာလည်း နာမည်မကြီးပါဘူး..။

သူပေါ့...........။
ဆုတွေအများကြီးလည်းမရဖူးပါဘူး..။

သူပေါ့..........။
အဖေအဖေလို့ လည်း မခေါ်ခံရပါဘူး..။

သူပေါ့............။
နှလုံးခုန်စက်ထည့်ထားတာတောင် မနားမနေအလုပ်လုပ်နေသူပေါ့.။

သူပေါ့........။
သတ်မှတ်ထားတဲ့ လစာသိန်း(၅၀)ကို မယူပဲ အရင်လက်ဟောင်းလစာလေးကိုသာ စားသုံးနေသူပေါ့..။

သူပေါ့.........။
ရိုးရိုးနဲ့  နေထိုင်တက်သူ ဧရာဝတီတိုင်းသား တစ်ဦးပေါ့.။
 သူပေါ့.....။
သူကြောင့်နဲ့ တော့  အွန်လိုင်းမှာ ဘယ်တော့ မှ ရန်မဖြစ်အောင်ပြောဆိုနေထိုင်သူတစ်ဦးပေါ့။
 သူပေါ့.........။
စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သူတစ်ဦးပေါ့...။

သူပေါ့........။
သံသယမျက်လုံးပေါင်းများစွာထဲက အပြုံးမပျက်ပဲ ကိုယ်အလုပ်ကိုယ်လုပ်နေသူတစ်ဦးပေါ့။သူပေါ့.....။
ဘယ်သူချစ်ချစ် မချစ်ချစ် သမ္မတကြီးကို ကျွန်တော်/မ တို့အားလုံးချစ်တယ်။
                                                                                                          Myanmar Express

နိုင်ငံရေးသမားဖြစ်ဖို့မှာ ကျောင်းပညာအပြင် တခြားဘာတွေ လိုအပ်ပါသနည်း?

Posted by drmyochit Monday, July 09, 2012, under | No comments

မည်သည့် လုပ်ငန်း ကဏ္ဍလုပ်ကိုင်သူ မဆို အခြေခံပညာအပြင်၊ အဲသည်လုပ်ငန်း ကဏ္ဍဆိုရာ အသိပညာ အတတ်ပညာများကို လည်း ပြည့်ဝဖို့လိုအပ်ပါသည်။စီးပွားရေးပညာ၊ လုပ်ငန်းစီမံ  ခန့်ခွဲ မှုပညာများ မတတ်ကျွမ်းဘဲ လုပ်ငန်းကြီးကြီး မားမားလုပ်ကိုင် နိုင်မှာ မဟုတ်သကဲ့သို့ နိုင်ငံရေးဆိုင်ရာ အသိပညာ အတတ်ပညာ သို့မဟုတ် နိုင်ငံရေးဦး နှောက်မရှိဘဲ ထိရောက် ထက်မြက်သော နိုင်ငံရေးသမား   တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ။

ဒို့တိုင်းပြည် ( ကာတွန်း )

Posted by Anonymous Monday, July 09, 2012, under | No comments


ယနေ့ လွှတ်တော်အစည်းအဝေး ပထမဆုံး တက်ရောက်လာတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

Posted by Anonymous Monday, July 09, 2012, under | No comments

ပြည်သူ့ လွှတ်တော် အစည်းအဝေးတက်ရောက်ကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေသည့် ဒေါ်အောင်ဆန်းစုကြည်

ဟင်းကောင်းကောင်စားမယ်

Posted by drmyochit Monday, July 09, 2012, under | No comments


ဂျိုးဖြူကန်အား အဆိပ်ခတ်သူ မွတ်ဆင် (၄) ဦး ဖမ်းမိ (Breaking News)

Posted by Anonymous Monday, July 09, 2012, under | No comments

ရန်ကုန်တစ်မြို့လုံးကို ရေးပေးဝေနေသော ဂျိုးဖြူရေကန် အား အဆိပ်ခတ်သူ မွတ်ဆလင် အမျိုးသား (၃) ဦး နှင့် အမျိုး သမီး တစ်ဦးကို မကြာခင်ကပဲ ဖမ်းဆီးရမိလိုက်ကြောင်း သတင်းရရှိသည်။ တရားခံများကို သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်ပြီး ရေကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တပ်ကုန်း သုတေသနခြံနှင့် စည်ပင် သုတေသနစိုက်ပျိုးရေးခြံများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

Posted by Anonymous Monday, July 09, 2012, under | No comments

နေပြည်တော် ဇူလိုင် ၇

      နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် တပ်ကုန်းစိုက်ပျိုးရေး သုတေသနစိုက်ပျိုးရေးခြံသည် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စုစုပေါင်းမြေဧရိယာဧက ၂ဝဝ ရှိသည့်အနက် နေကြာသီးနှံ၊ အစေ့ထုတ်ပြောင်းသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ စုစုပေါင်း အသားတင် ၁၆၂ ဧကကို တောင်သူပညာပေးစိုက်ကွင်းနှင့် မျိုးသန့်မျိုးပွား စိုက်ခင်းများအဖြစ် တည်ထောင်ထားရှိပြီး တောင်သူများတွက်ခြေကိုက်၍ စိုက်ပျိုးရာသီအချိန်ကိုက် စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။
    ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ခင်းကျင်းပြသထားသော အစေ့ထုတ်ပြောင်းသီးနှံ၊ နေကြာသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ၊ ပဲပုပ်သီးနှံမျိုးစေ့များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက တပ်ကုန်းမြို့နယ်မှ တောင်သူလယ်သမားများအား တွေ့ဆုံအားပေး အမှာစကားပြောကြားရာ၌ မိမိတို့ နိုင်ငံတော်အစိုးရသစ်ကာလတွင် တောင်သူလယ်သမားများ၏

Rule of law ကို ဦးတည်နေတာလား၊ Break of law ကို ဦးတည်နေတာလား NLD

Posted by Anonymous Monday, July 09, 2012, under | No comments

၂၀၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့ သမိုင်းကြောင်းမှာ အလွန်ပဲ အရေးပါလှတဲ့ အလှည့်အပြောင်း ကာလတစ်ခု ဖြစ်တယ်လို့ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင် ပါဘူး။ ဘာလို့လည်း ဆိုတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြုထားကြတဲ့ အနောက်နိုင်ငံ တစ်ချို့က ကြားဖြတ်ရွေးကောက် လွတ်လပ် မျှတခြင်းဟာ အဆုံးအဖြစ်ဖြစ်လိမ့်မယ်လို့ အတိအလင်းပဲပြောဆိုခဲ့ကြ ပါတယ်။ အဓိက အကြောင်း တစ်ခုကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာကလည်း နိုင်ငံ တကာကို ပိုပြီး စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့တယ်လို့ ဆိုချင်တယ်။
အဲဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပ ပေးမယ်လို့ သမ္မတကြီး ကိုယ်တိုင်က ကတိပေး ပြောဆိုခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း သန့်ရှင်းသော၊ လွတ်လပ်သော၊ မျှတသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ အတိအလင်းပဲ ကတိပြု ပြောဆိုခဲ့သလို၊ ပြောတဲ့အတိုင်းလည်း ကျင်းပပေးခဲ့တယ်ဗျာ။ ရွေးကောက်ပွဲ ရလာဒ်တွေ ထုတ်ပြန်လိုက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်အားလုံး နီးပါးကို အနိုင်ရသွားတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ အမေရိကန်သံရုံး အရာရှိတွေနဲ့ တွေ့ဆုံမှုမှာလည်း ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ပါပေတယ်လို့ အမေရိကန် သံရုံး အရာရှိတွေက Credit ပေးခဲ့တာကို တွေ့ရပါတယ်။

သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ခြင်း

Posted by Anonymous Monday, July 09, 2012, under | No comments

ကျွန်တော်ဟာ သတင်းသမား တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းတစ်ခုကို ဖတ်လိုက်ရင် အခြေအမြစ် ရှိတဲ့ သတင်းဟုတ် မဟုတ် ဆိုတာလောက်တော့ ခွဲခြားတတ်ပါတယ်။ သတင်း တစ်ပုဒ်ကို အပြုသဘောနဲ့ ဖော်ပြ ထားတာလား ဒါမှမဟုတ် အပြုသဘော မဆောင်ဘူးလား ဆိုတာလောက်တော့ ခွဲခြားနိုင်စွမ်း ရှိပါတယ်။ သတင်းတစ်ပုဒ်ကို Source တစ်ခုတည်းနဲ့လည်း မရေးသင့်ပါဘူး။ နောက်တစ်ချက်က သတင်းခေါင်း တပ်တာကို ကြည့်လိုက်ရင်ပဲ အပြုသဘောလား၊ အပြုသဘော မဆောင်ဘူးလား ဒါမှမဟုတ် ဘယ်ကို ဦးတည်တာလဲ ဆိုတာ ခွဲခြားဖို့ သိပ်မခက်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ပါ။ တစ်ပုဒ်က ဧရာဝတီ သတင်း ဌာနမှာဖော်ပြထားတာဖြစ်ပြီးတော့ ကျန်တဲ့ တစ်ပုဒ်က (၇.၇.၂၀၁၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
နေပြည်တော် စီမံကိန်းနဲ့ မလွတ်တဲ့ ဘုန်းကြီးကျောင်းတွေဖျက်
အစိုးရ ဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၀ ခန့်ကို အစိုးရက ဖျက်သိမ်း မိန့် ပေးထားသဖြင့် ကျောင်းတချို့ကို မီးရှို့ ဖျက်ဆီးခဲ့ရကြောင်း ကာယကံရှင် တပ်အရာရှိများက ပြောသည်။

နိုင်ငံရေးသမား၏ အရည်အသွေးကို ဘယ်အရာနှင့် တိုင်းတာမည်နည်း?

Posted by Anonymous Monday, July 09, 2012, under | No comments

နိုင်ငံရေးသမားဖြစ်ဖို့မှာ ကျောင်းပညာအပြင် တခြားဘာတွေ လိုအပ်ပါသနည်း?

မည်သည့် လုပ်ငန်း ကဏ္ဍလုပ်ကိုင်သူ မဆို အခြေခံပညာအပြင်၊ အဲသည်လုပ်ငန်း ကဏ္ဍဆိုရာ အသိပညာ အတတ်ပညာများကို လည်း ပြည့်ဝဖို့လိုအပ်ပါသည်။
စီးပွားရေးပညာ၊ လုပ်ငန်းစီမံခန့်ခွဲမှုပညာများ မတတ်ကျွမ်းဘဲ လုပ်ငန်းကြီးကြီး မားမားလုပ်ကိုင်နိုင်မှာ မဟုတ်သကဲ့သို့ နိုင်ငံရေးဆိုင်ရာ အသိပညာ အတတ်ပညာ သို့မဟုတ် နိုင်ငံရေးဦး နှောက်မရှိဘဲ ထိရောက် ထက်မြက်သော နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီက ပါတီတွေ အလျင်စလိုစုဖွဲ့ကြတာ၊ ရွေးကောက်ပွဲဝင်မည့်သူများ ရရှိဖို့အတွက်အပြေးအလွှား လိုက်လံရှာဖွေ စည်းရုံးကြတာ အားလုံး အသိဖြစ်သည်။


စိုးရိမ်ကြောက်ရွံ့မှုကြောင့် ရခိုင်တိုင်းရင်းသားများ စားဝတ်နေရေးခက်ခဲနေ

Posted by Anonymous Monday, July 09, 2012, under | No comments

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများမှ ဘင်္ဂလီမူဆလင်များကို ကြောက်လန့်ကာ မိမိ လုပ်ငန်းများသို့သွားရောက်ကာ မလုပ်ကိုင်ဝံ့ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲရောက် နေကြကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ် အမှတ်(၆) ၊ ၄-မိုင် ငွေတောင်ရွာ အုပ်ချုပ်ရေမှူးက “ ယခု အချိန်မှ ကျနော်တော့ရွာသားတွေဟာ၊ တလန့်လန့်၊ တဖြန့်ဖြန့်နဲ့ အလုပ်အကိုင် မလုပ်ဝံ့ဖြစ်နေကြတယ်၊ ကုလားတွေက တောထဲမှာ ရောက်နေကြတယ်၊ မနေ့ကလည်း ကျနော်တို့ရွာက လယ်ထဲကို သွားတော့ ကုလားနဲ့တွေ့တာနဲ့ ပြန်ပြေးလာရတယ်၊ ရွာက လယ်သမား ၁၅ဦးမှာလည်း ပျိုးခင်းချထားတာ၊ သွားပြီးတော့ မလုပ်ရဲဖြစ်နေတယ်၊ တောင်ယာလုပ်တဲ့သူတွေလည်း တောင်ယာကို မသွားရဲဖြစ်နေကြတယ်၊ 


၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်

Posted by Anonymous Monday, July 09, 2012, under | No comments


ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဆိုပါ နေ့မှာ ဗဟန်း မြို့နယ်ရှိ ရွှေတိဂုံ ဘုရား မြောက်ဘက်
အာဇာနည် ဗိမာန်မှာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်ရာမှာ အခမ်းအနား တက်ရောက် လိုသူတွေဟာ ကျင်းပမယ့်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ထက် နောက်မကျဘဲ အာဇာနည် ဗိမာန် ကွပ်ကဲရေးရုံးကို ကြိုတင် ရောက်ရှိ နေရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောက်ရှိပြီး အဆိုပါ အခမ်းအနားမှာ ပန်းခွေချ ဂါရ၀ပြုမယ့် အမျိုးသား တွေဟာ တိုက်ပုံ အနက်နဲ့ခေါင်းပေါင်း ၀တ်ဆင် ထားရမယ်လို့ သိရပါတယ်။ ဒီလို အခမ်းအနား ပြုလုပ်ပြီး နံနက် ၈ နာရီမှ ၅ နာရီအထိ နတ်မောက် လမ်းမှာရှိတဲ့ ဗိုလ်ချုပ် ပြတိုက်ကို အများပြည်သူတွေ လေ့လာ ကြည့်ရှု နိုင်အောင် ဖွင့်လှစ်ပေး သွားမှာ ဖြစ်ပါတယ်။ အခုလို ဖွင့်လှစ်ထား ရှိမှုမှာလည်း လုံခြုံရေး အရ စိတ်ချရအောင် CCTV ကင်မရာ တပ်ဆင်မှုကို အာဇာနည် ဗိမာန် ၀င်ပေါက်မှာ ၁ လုံး၊ ဂိတ်ထွက်ပေါက်မှာ ၁ လုံး၊ အာဇာနည် ဗိမာန်မှာ ၁ လုံး၊ ပြတိုက် အတွင်း၊ အပြင် တို့မှာ ၂ လုံးနဲ့ ပြတိုက် အ၀င် လုံခြုံရေး ဂိတ်မှာ ၁ လုံး တပ်ဆင်ပေး ထားမယ်လို့ သိရပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်