Saturday, September 22, 2012
အာရှတိုက်၏ အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း... KIA
Posted by drmyochit Saturday, September 22, 2012, under | No comments
အစိုးရနဲ့ ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ညှိနှိုင်းဆွေးနွေးသော်လည်း ငြိမ်း ချမ်းရေးမရနိုင်သေးခြင်းမှာ KIO ခေါင်းဆောင်များအတွင်း သဘောထားနှစ် မျိုးဖြစ်ပေါ်နေခြင်းကြောင့်ဖြစ် ပါတယ်၊ အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်းဟာ KIO နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်၊ အစိုးရက စိတ်ရှည်ရှည်ထားပြီး အလျှော့ပေးညှိနှိုင်းမှုတွေလည်းရှိတယ်လို့ သတင်းတွေကဆိုပါတယ်၊ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ဖို့ အမိန့်ထုတ်ခဲ့တဲ့အချိန်မှာတော့ ကချင်ပြည် နယ်နေရာအနှံ့စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားပါတယ်၊ ဒီအခြေအနေမှာ KIO က တစ်စခန်း ထလာပါတော့တယ်၊ ကြောင်မရှိလို့ ကြွက်ထတဲ့ပုံစံမျိုးပေါ့ဗျာ။
လိုင်ဇာနဲ့ နီးစပ်သူတွထံက သိရှိရတဲ့သတင်းတွေအရ စစ်တပ်ကထိုးစစ်ဆင်မှုတွေ ရပ်တန့် သွားတဲ့ကာလ ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး KIO အတွင်း သဘောထားကွဲလွဲမှုကြီးမားလာခဲ့ပါတယ်၊ ဥက္ကဋ္ဌဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ လိုလားတဲ့သဘောရှိတယ်၊ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့ကတော့ အစိုးရတပ်ငြိမ်နေတဲ့အခြေအနေကို အမိအရ အသုံးချပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်၊ ဥက္ကဋ္ဌဖြစ်တဲ့ ဇောင်းဟရားဟာ အင်ဘန်လတို့အုပ်စုအပေါ် ဘာသြဇာမှမသက်ရောက်နိုင်ဘဲ မည်ကာမတ်တပ် ဟန်ပြသက်သက်သာ ဥက္ကဋ္ဌနေရာ ရပ်တည် နေရသူဖြစ်တယ်၊ ဘယ်လောက်ထိ သဘောထား ကွဲလွဲခဲ့သလဲဆို အစည်း အဝေးတစ်ခုမှာ ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့ အချင်းချင်း ပစ်ကြခတ်ကြတဲ့ အထိဖြစ်ခဲ့တယ်၊ နိဂုံးချုပ်တော့ ဗိုလ်ချုပ် ဂွမ်မော် လိုင်ဇာဆေးရုံ ရောက်သွားတယ်။
ဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က တစ်ကယ်တမ်းတော့ ငြိမ်းချမ်းရေးလိုလားတယ်၊ သူတို့ က နိုင်ငံရေးသမားတွေမို့ အတွေးအခေါ်ရှိတယ်၊ အမြင်လဲကျယ်တယ်၊ သူတို့နဲ့ သက်စွန့်ဆံဖျားလုပ်နေရတဲ့ လက်အောက်ငယ်သားတွေက တစ်သဘောထားအတိုင်းပါပဲ၊ ခက်တာက ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့အုပ်စု၊ ဒီလူတွေက စစ်သွေးကြွတွေလို့ ပြောရင်လဲရတယ်၊ အစည်းအဝေးတွေမှာ တိုက်မယ်၊ ခိုက်မယ်၊ ဗုံးခွဲမယ်ပဲပြောပြီး၊ လက်ခုပ်လက်ဝါး တီးတာကို အရသာခံနေတတ်သူတွေပါ၊ သူတို့ထပ်တလဲလဲပြောနေတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ သူတို့ခေါင်းထဲမှာ ဒါပဲရှိတယ်၊ နိုင်ငံရေး အတွေးအခေါ်မရှိဘဲ စစ်တိုက်ဖို့သက်သက်သာ သိတဲ့လူတွေပါ၊ KIO အတွင်း ဒီအုပ်စု ၂ စု ကွဲနေ တာကြောင့် အစိုးရနဲ့ငြိမ်းချမ်းရေးမအောင်မြင်သေးတာဖြစ်ပါတယ်။
KIO လုပ်လို့ ဖားကန့်က စီးပွားရေးလုပ်ငန်းအကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်၊ ဖားကန့်လို ကျော်ကြားတဲ့ ကျောက်စိမ်းလုပ်ငန်းနယ်မြေဟာ၊ KIO ကြောင့် အတော်အရုပ်ဆိုးခဲ့ရတယ်၊ ကုမ္ပဏီတွေဆီက ဆက်ကြေးတွေ အဆမတန်ကောက်ပြီးတဲ့နောက် ဖားကန့်ဒေသရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပစ်ခဲ့တယ်။
ပြီးခဲ့တဲ့ လေး/ငါးရက်လောက်က ဖားကန့်မှာကျောက်စိမ်းတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို KIO က ကံဆီးကို ခေါ်တွေ့တယ်၊ လုပ်ကွက်ထဲကလူတွေ အကုန်ထွက်သွားရမယ်၊ ဘယ်သူမှမမြင်ချင်ဘူး၊ ဒါပေ မယ့် လုပ်ငန်းသုံးယာဉ်တွေ ဘက်ဟိုးတွေ မြေသယ်ယာဉ်တွေ ကျောက်ဖောက်စက်တွေအားလုံး ကားသော့တွေနဲ့အတူ ထားခဲ့ရမယ်၊ လုပ်ငန်းတွေရပ်ထားလို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆန်၊ ဆီတွေ ထောက်ပံ့ပေးရမယ်၊ ပြီးယင် ဖားကန့်မှာ လူစုပြီး ဆန္ဒပြရမယ်လို့ပြောခဲ့ တယ်။ ပြောပြီး သိပ်မကြာ ခင်မှာပဲ ကချင်ပြည်နယ်အတွင်း ဆိုးရွားတဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ပက်စက်လှတဲ့ အကြံအစည်တစ်ခုကို ဖားကန့်ဘက်မှာ အကောင် အထည် ဖော်ခဲ့တယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံရွာမှာရှိတဲ့ ဝေကုမ္ပဏီရဲ့ အဆောက်အဦတွေ ကို ဖောက်ခွဲဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကုမ္ပဏီဟာ ဖားကန့်မှာ အတော်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုပါ၊ KIO ကိုလည်း ဆက်ကြေးပုံမှန် ပေးခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ငွေပိုလိုလာတဲ့ KIO အဖွဲ့ရဲ့ နောက် ဆုံးတောင်းတဲ့ငွေက သန်း ၂၀၀၀ ဖြစ်ပါတယ်၊ ဒီငွေကိုပေးဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာက သြဂုတ်လ ၂၅ ရက်နေ့လို့ ပြောပါတယ်၊ ကုမ္ပဏီက လူတွေက လုပ်ငန်းမလုပ်ရလို့ သူတို့ပြောတဲ့ သန်း ၂၀၀၀ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တောင်းပန်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက လက်မခံပါဘူး၊ ဖားကန့်ဒေသရဲ့ ကုမ္ပဏီတွေအားလုံး အတွက် စံနမူနာပြ အပြစ်ပေးခြင်းဆိုပြီး ကချင်ပြည်နယ်မှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ KIO ရဲ့ ဖျက်ဆီးမှုကို စီစဉ်ခဲ့တယ်၊ ၂၉ ရက်နေ့ ညနေဘက်မှာ ကံဆီးဘက်က KIO ၁၀ ယောက်လောက်က ကားနှစ်စီးနဲ့ ဝေမိသားစု ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီဝန်းထဲကို အပြင်းမောင်းနှင်လာပြီး ကုမ္ပဏီက၀န်ထမ်းတွေကို ပစ်ခတ်မောင်းထုတ် ခဲ့ပါတယ်၊ နောက်ပြီး သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို စက်သုံးဆီပေပါတွေ၊ ဆီသိုလှောင်ကန်တွေ၊ အဆောက်အဦတွေထဲမှာ အနှံ့လိုက်ကပ်တယ်၊ ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်၊ ပေါက်ကွဲသံဟာ မိုးချုန်းသံလိုပဲ ကျယ်လောင်လှ ပါတယ်၊ သေနတ်သံ ကြားလို့ ရောက်လာတဲ့စစ်တပ်က ၁၀ ယောက်လောက်ရှိတဲ့ အဖွဲ့ဟာ ပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ရတယ်၊ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀ ကျော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပေါက်ကွဲမှုတွေအတွင်းမှာ အစပျောက်ခဲ့ရတယ်၊ နောက်ဆုံး သိရတဲ့ စာရင်းတွေအရ ကုမ္ပဏီဝန်းထဲက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၅၀ လောက် ပျက်စီးခဲ့ပါတယ်၊ ဒီလုပ်ရပ်ကို သက်သေပြုပြီး KIO ဟာ အာရှတိုက်ရဲ့အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်းဆိုတာ နိုင်ငံတကာကို သိစေတော့မှာ ဖြစ်ပါတယ်။
ကချင်တစ်မျိုးသားလုံး၏ ရန်သူအစစ်... KIA ပင်ဖြစ်ပါသည်
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး မရနိုင်သေးခြင်းဟာ ဘာကြောင့်ပါလဲ... ဖားကန့် အကြမ်းဖက် ဖောက်ခွဲမှုကြီးက အဖြေပေးခဲ့ပါပြီ၊ KIA အနေနဲ့ ကျွန်တော်တို့ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု ကို ဘယ်လောက် အထိ ဖျက်ဆီးနေသလဲ သိမြင်နိုင်ကြပါပြီ၊ တစ်ကယ်တမ်းတော့ KIA ဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ကိုယ်စားမပြုသလို ကချင်ပြည်နယ်ကိုလည်း ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး၊ KIA ဟာ ငြိမ်းချမ်းရေးအစီအစဉ်မှာ ကန့်လန့်လုပ်နေတဲ့အကြမ်းဖက်သူပုန်အဖွဲ့တစ်ခုသာဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ပြည်နယ်ရဲ့ ရန်သူအစစ်၊ ကချင်တစ်မျိုးသားလုံးရဲ့ ရန်သူအစစ်ဟာ KIA ပင်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အနီးဆုံးရန်သူကို ရှာဖွေတိုက်နိုင်ရန် ကချင်တိုင်းရင်းသား အားလုံး ရဲ့ကိုယ်စား ဖော်ထုတ်ရေးသားလိုက်ရပါတယ်။
မရန်ခေါင်လွမ်း
UWSA ဖမ်း SSA တပ်ဖွဲ့ဝင်များ ပြန်လွတ်
Posted by drmyochit Saturday, September 22, 2012, under | No comments
စံခလပူရီ (မဇ္ဈိမ)။   ။ ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်ဟောင်း အားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း SSA  က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေ့အော့ရွာရှိ UWSA အမှတ် ၅၅၇ တပ်စခန်းတွင် နှစ်ဦး နှစ်ဘက် အဆင့်မြင့် အရာရှိများ စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့များက ညှိနှိုင်းဆွေးနွေးပြီးနောက် တနင်္လာနေ့တွင် ပြန်လွှတ်ပေးခြင်း ဖြစ်သည်။
“တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက်ပိုင်း သူတို့က တပ်သား စာရင်းဇယား၊ လက်နက်ခဲယမ်း စာရင်းဇယားနဲ့ အားလုံး ကျနော်တို့ကို ပြန်ပြီး အပ်နှံပေးပါတယ်” ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က မဇ္ဈိမကို ပြောသည်။
နေရပ်သို့ ခွင့်တောင်းကာ ပြန်သွားသည့် တပ်ဖွဲ့ဝင် နှစ်ဦးမှအပ ကျန်တပ်ဖွဲ့ဝင် အားလုံး မိမိတို့ ထိန်းချုပ်နယ်မြေသို့ ပြန်လည်ရောက် ရှိလာပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဇူလိုင်လ ၃ဝ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမှုး ကျေးရွာအုပ်စု၊ ပုံတောင်းဒေသ ရာဘာခြံအတွင်း စိုက်ပျိုးရေးလုပ်ရန် အကြောင်းပြချက်ဖြင့် ရောက်ရှိသွားသည့် အရာရှိ နှစ်ဦးပါ SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် တပ်ဖွဲ့ဝင်ဟောင်း ၆ ဦးကို UWSA က ဖမ်းဆီးခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟု UWSA ကို စွပ်စွဲကာ SSA အရာရှိများက သတင်းမီဒီယာများသို့ ပြောဆိုမှု၊ နယ်မြေ ကျူးကျော်မှု၊ သီပေါမြို့နယ်ရှိ ဟုန်ပန်းကုမ္ပဏီ လုပ်သား ၆၀ ကို SSA က ပြန်ပေးဆွဲမှု ဟူသည့် အချက် ၃ ချက်ဖြင့် UWSA ဘက်က SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဲဒီ သုံးချက်လုံး မဟုတ်မမှန်ကြောင်း ကျနော်တို့ဘက်က တာဝန်ရှိသူတွေက သဘောပေါက်အောင် ဖြေရှင်းပြီး တော့ အေးအေးချမ်းချမ်းနဲ့ ပြန်လွှတ်ပေးပါတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။
SSA-S ဘက်ကမူ မိမိတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် နယ်မြေသည် မည်သူ့နယ်မြေဟု အတိအကျ မသတ်မှတ်ရသေးသော နယ်မြေသာ ဖြစ်ကြောင်း၊ နောင်တွင် ပြဿနာများ ဆက်လက် မဖြစ်ပေါ်ရန်အတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်သဘောတူထားသည်ဟု ဆိုသည်။
ဇွန်လအတွင်းတွင်လည်း UWSA ထိန်းချုပ်ဒေသသို့ SSA တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်သည် ဟူသည့် အကြောင်းပြချက်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA တပ်စခန်းတခုကို UWSA က သွားရောက် ဝိုင်းထားရာမှ နှစ်ဘက်ကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ်က လင်းခေး မြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မိုင်းတုံမြို့နယ် မုန်းထားမြို့နယ်ခွဲများအား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။
ထိုဒေသသည် UWSA နှင့် RCSS/SSA အပြင် အစိုးရတပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့များ လည်း လှုပ်ရှားသွားလာရာဒေသ ဖြစ်သည်။
ဝေဟင်မှ မြေပြင် တာဝေးပစ် ဒုံးကျည် တရုတ် (တိုင်ပေ) စမ်းသပ်မှု ပြီးစီး
Posted by drmyochit Saturday, September 22, 2012, under | No comments
တိုင်ပေ စက်တင်ဘာ ၂ဝ တရုတ်(တိုင်ပေ)သည် ၄င်းတို့၏ ပြည်တွင်းဖြစ် ဝေဟင်မှ မြေပြင် တာဝေးပစ် ဒုံးကျည်အား အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝမ့်ချန်းဒုံးကျည် များကို ၂ဝ၁၄ ခုနှစ်မှ စတင်၍ အများအပြား ထုတ်လုပ် သွားမည် ဖြစ်ကြောင်း စစ်ဘက် သတင်းဌာန များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာ တစ်ခုက ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်ကို တရုတ်(တိုင်ပေ) တပ်မတော်၏ သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီ ချွမ်ရှန်းက ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းဖြစ် ချင်းကော့ တိုက်လေယာဉ် များတွင် တပ်ဆင် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဒုံးကျည်သည် လေဆိပ်များကို တိုက်ခိုက်ရန် ထုတ်လုပ်ထားပြီး တရုတ် (တိုင်ပေ) လေတပ်၏ တာဝေး တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် ဂျက် တိုက်လေယာဉ်များ အဆင့် မြှင့်တင်ရန် အတွက် ၂ဝဝ၉ ခုနှစ်မှ စ၍ အမေရိကန် ဒေါ်လာ ၅၇၆ ဒသမ ၃၅ သန်းခွင့်ပြုခဲ့ပြီး အဆိုပါ အဆင့် မြှင့်တင်မှု တွင် ဝေဟင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ မြေပြင်ပစ် ရေဒါစနစ်နှင့် အဆင့်မြင့် အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များပါဝင် မည် ဖြစ်ကြောင်း သိရသည်။
မည့်သည့်တပ်ဖွဲ့ နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော
Posted by drmyochit Saturday, September 22, 2012, under | No comments
ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ် ကာလဖြစ်သဖြင့် တမြေတည်းနေ တရေတည်းသောက်လာသည့် ညီအကိုမောင်နှမများ အပေါ် သျှမ်းပြည် တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင် ပြောသည်။ “ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံးဝ မရှိပါဘူး။ အရင်တုန်းက ရန်သူလို့ သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။  ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကနေ့ခေတ်ကာလမှာ ကျနော်တို့ တမြေတည်းအတူ နေထိုင်လာတဲ့ မောင်နှမသားချင်းတွေကို ဘယ်လိုလုပ်သွားတိုက်ခိုက်မှာလဲ။
 ဖြစ်လာတဲ့ပြဿနာအဝ၀ကို ငြိမ်းချမ်းစွာဆွေးနွေးပြီး ဖြေရှင်းဖို့ဘဲပေါ်လစီရှိပါတယ်။ ကျနော်တို့ ပြည်နယ်အေးချမ်းဖို့အတွက် ရှေ့ဆက်လဲ လက်တွဲပြီး လုပ်ဆောင်သွား ရဦးမယ်လေ” ဟု ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
ယခုလ ၁၃ ရက်နေ့က တောင်ကြီးတိုင်းမ် သတင်းစာမျက်နှာပါ RCSS/SSA က PNLO တပ်ဖွဲ့ကို လမ်းခုလတ် တွင် ခြုံခိုတိုက်ခိုက် ဟူသည့်သတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်က မေးမြန်းရာ ဗိုလ်မှူးလောင်ဆိုင်က  ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ “RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ  တပ်ဖွဲ့နဲ့ ၊လားဟူပြည်သူ့စစ် ၊ အစိုးရတပ် ၊ SSS ပြည်သူ့စစ် အပြင်  PNLO တပ်ဖွဲ့ကိုပါ ပြဿနာရှာသည်” ဟု PNLO တပ်မှူးက ပြောဆိုမှု အပေါ် ဗိုလ်မှူးလောင်ဆိုင်က “ နားလည်မှုမလွဲကြဖို့၊ ထွက်နေတဲ့သတင်းတဖက် တည်းကိုသာ နားမထောင်ဖို့၊ တခြားတပါးသူ၏သွေးထိုးမှုကို နားဝင်ကာ အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုမဖြစ်ရအောင် သတိထားကြဖို့”  ပန်ကြားလိုကြောင်း သျှမ်းသံတော်ဆင့်အားပြောပြသည်။  “တောင်ကြီးတိုင်းမ်သတင်းကိုလည်း ကျနော်ဖတ်မိပါတယ်။ တိုက်ပွဲက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျနော် တို့စီစစ်ဆဲဖြစ်ပါတယ်။ မောက်မယ်မြို့နယ်ဘက်မှာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေတွေ ထပ်နေတာ အများ ကြီးရှိပါတယ်။ တခြားအဖွဲ့အစည်းတွေကို တမင်သက်သက်တိုက်တာမျိုးတော့ လုံးဝ မရှိပါဘူးလို့  အာမခံ ရဲပါ တယ်။ ဖြစ်ခဲ့မယ်ဆိုရင်လဲ နားလည်မှုလွဲမှားလို့ ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။ နောက်တခုက ဗမာစစ်တပ်နဲ့ ပူးပေါင်းလှုပ်ရှားလာခဲ့တဲ့အချိန်မှာ ပစ်မိ ခတ်မိတာ ရှိကောင်းရှိပါလိမ့်မယ်။ ဘာလို့လဲဆို များသောအားဖြင့် ဗမာစစ်တပ်က  ကျနော်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလေ” ဟု ဗိုလ်မှူးလောင်ဆိုင် ကပြောပါသည်။ မောက်မယ်မြို့ နယ် ကဒူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်း အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကို ယခုလ ၁၃ ရက်နေ့ က သျှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA ) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း တောင်ကြီးတိုင်းမ်သတင်း စာမျက်နှာ တွင် ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို
Posted by drmyochit Saturday, September 22, 2012, under | No comments
ချင်းမိုင်(မဇ္စျိမ)။   ။ ရေရှည်တည်တံ့ ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံး ခြေလှမ်းတခုအနေဖြင့် ကချင်ပြည်နယ်တွင် အစိုးရ၏ စစ်ဆင်ရေးများအား ချက်ချင်း ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
တောင်းဆိုလိုက်သည်။  
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ယခုနှစ်အတွင်း အပစ်အခတ် ရပ်ဆိုင်းရန် တောင်းဆိုကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ပြောသည်။ 
“ကျမတို့မြန်မာနိုင်ငံမှာ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲဖို့ ကျမတို့ တောင်းဆိုထားတယ်။ ဒါက ပထမအဆင့်ပေါ့။ ဒီနေ့မှာ ငြိမ်းချမ်ရေးနေ့ ဖြစ်တဲ့အတွက် မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ ခုလမ်းစနေပြီ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်သွားရမယ်လို့ ကျမတို့ မျှော်လင့်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။ 
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း ပြောဆိုသွားသည်။  
KIO အပါအဝင် တိုင်းရင်းသား ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC အဖွဲ့ဝင် KNU မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူညီခဲ့ပြီး ဖြစ်သည်။  
တိုင်းရင်းသားနှင့် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်သည့် “သုံးပွင့်ဆိုင်” ကိုလည်း ဆက်လက် မြှုပ်နှံယုံကြည် ဆဲဖြစ်ကြောင်း KNU က ထပ်မံပြောဆိုလိုက်သည်။ သို့အားဖြင့် တိုင်းပြည်တွင်း စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် တည်ငြိမ်သော အခြေခံတခု ပေးစွမ်းနိုင်သည့် အားလုံးသဘောတူညီချက်များ ရရှိရန် အာမခံနိုင်မည် ဖြစ်သည်ဟု သောကြာနေ့ထုတ် ကြေညာချက်က ထပ်လောင်းပြောဆိုထားသည်။ 
KNU နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ လိုက်နာသင့်သော ကျင့်ဝတ်များ ဆွေးနွေးသည့် ဒုတိယ မူကြမ်းအား စက်တင်ဘာလဆန်းပိုင်းက သဘောတူညီထားပြီး လမကုန်မီ နှစ်ဖက် ထပ်မံတွေ့ဆုံမည် ဖြစ် ကြောင်း သိရသည်။  
အလားတူ ကချင်၊ ရှမ်း၊ ကရင် စသည့် ဒေသများတွင် တိုက်ပွဲများ၊ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား အင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေသည့်အဆင့်မှနောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ငြိမ်းချမ်းရေးနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။   
မြန်မာပြည်သူများအတွက် တရားမျှတပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် အလှမ်း ဝေးသွားမည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားမည်ကို အထူးစိုးရိမ်ကြောင်း ကြေညာချက်က ဆိုသည်။  
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် အနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေးပေါ်ထွန်းရေးကို အရှိန်မြင့် လုပ်ဆောင်ရမည့် အချိန်ရောက်နေပြီ ဖြစ်ကြောင်းနှင့် ထိုမှ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အဆင့်သို့ လျှောက် လှမ်း နိုင်မည်ဟု WLB က တိုက်တွန်းထားသည်။  
ပြည်တွင်းစစ်များ ရပ်စဲရေးအတွက် နေပြည်တော်သို့ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ် လိုသူများကို အာဏာပိုင်များက တားဆီးလိုက်ပြီး ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့များနှင့် ပြည်သူအများအပြား စီတန်းလှည့်လည်မှု လည်း အာဏာပိုင်များ၏ တားမြစ်ခြင်း ခံရသည်။
ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်
Posted by drmyochit Saturday, September 22, 2012, under | No comments
ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် မည်သူ့တွင် အဓိက တာဝန်ရှိသည်၊  မည်သည့် အကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင် ကချင်ဒေသနေ ပြည်သူများ  နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်  မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။  မှားယွင်းသည့် အချက်အလက်များ  (Wrong  information)၊ လွဲမှားစွာ လက်ခံထားသည့် အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက်  အတွေးအခေါ်များ (Opposite idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ မျက်မမြင်ပုဏ္ဏားများကဲ့သို့ ကိုယ်ထင်ရာ ခန့်မှန်း ပြောဆိုနေခြင်းထက် ပကတိ အမှန်တရားဆိုင်ရာ အချက်လက်များကို စေ့ငုစွာရှာဖွေ ဖော်ထုတ်၍ အဖြေရှာသင့်ပါသည်။
    အငြိမ်းစားတရားရေး ၀န်ထမ်းတစ်ဦးအနေဖြင့် ၀ါသနာပါသည့် စာပေနှင့်မွေ့လျော်ရင်း အေးအေးပဲနေဖို့ စိတ်ကူးယဉ်ခဲ့မိသည်။ သို့ပေမယ့် ကျွန်တော်နေသည့် ကချင်ပြည်နယ်အတွင်း အနိဋ္ဌာရုံဖြစ်ရပ်များကြောင့် စိတ်ကူးယဉ်မနေနိုင်တော့ဘဲ စစ်တပ်နှင့် KIA တပ်မတော်တို့၏  မပြီးဆုံးသေးသော တိုက်ပွဲများအကြောင်းကိုသာ အမြဲလိုစဉ်းစားလာမိခဲ့ပါသည်။ ကျွန်တော့အသက်  ၆၅ နှစ်ရှိပါပြီ။ ကျွန်တော့တစ်သက်တာ ကချင်ပြည်နယ် အတွင်းမှာသာ နေထိုင်လာခဲ့ရသည့်အတွက် ကချင်ပြည်နယ်အကြောင်း၊ ကချင်လူမျိုးအကြောင်း၊ စစ်တပ် အကြောင်းနှင့် KIA အကြောင်းတို့ကို ၆၅ နှစ်ကြာ အတွေ့အကြုံအရ စုံစုံလင်လင်သိရှိခဲ့ပြီးပါပြီ။ ကျွန်တော့်ညီအစ်ကိုတော်တချို့ KIA ထဲတွင်ရှိပါသည်။ မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမရှိဘဲ ကြားမှာနေပြီး    ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် လေ့လာသိရှိရသမျှ အခြေအနေမှန်များကို အရှိအတိုင်း ရေးသားလိုပါသည်။
          အစိုးရသစ်သည် ၁၈-၈-၂၀၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခဲ့ပါသည်။
 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ထပ်မံဖွဲ့စည်းပြီး သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ ဒုတိယသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။  လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဗဟိုကော်မတီ အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေးကို လိုလိုလားလား   ဆောင် ရွက်နေကြောင်း    မြင်သာလျက် ရှိပါသည်။
    သမ္မတ၏မိန့်ခွန်းများတွင် အမြင်သဘောထား မတူသည်များကိုထားပြီး အမြင် သဘောထားတူညီသည် များကို ပြည်သူများ အကျိုးအတွက် ပူးပေါင်း  ဆောင် ရွက်ရေးမူဖြင့် ကြိုးပမ်း     ဆောင်ရွက် မည်ဖြစ်ကြောင်း  ပြောကြား ထားပါသည်။ မှန်ပါသည်။အမြင် သဘောထား မတူညီသည်များကို စစ်တိုက်ရင်း     ဆွေးနွေး၍မရကြောင်း  တိုင်းရင်းသားအဖွဲ့အစည်း ၁၀  ဖွဲ့လုံးက လက်ခံ ယုံကြည်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ KIA လူကြီးများကိုလည်း ယင်းသို့လက်ခံယုံကြည်စေလိုပါသည်။
         KIA လူကြီးများနှင့် အစိုးရ တာ ၀န်ရှိ သူများ စုစုပေါင်း ၁၀ ကြိမ် ထက် မနည်း    တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင်  KIA မှ   နိုင်ငံရေး ဆွေးနွေးမှု ကိုသာ  ဦးစွာေ ဆာင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေး(Cease-Fire)အား နိုင်ငံရေး ဆွေးနွေးမှုပြီးမှသာ ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိကြောင်း KIA ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့အတွင်းမှ သိရှိရပါသည်
 အပစ်အခတ် ရပ်စဲခြင်းမရှိသေးဘဲ မည်သည့် ငြိမ်းချမ်းရေးမှ ရနိုင်ဖွယ် မရှိသကဲ့သို့ မည်သည့် နိုင်ငံရေး ဆွေးနွေးမှု ကို မှလည်း တိုက်ပွဲများ အတွင်း ဆောင်ရွက်နိုင်ဖွယ် မရှိဟု ကျွန်တော်မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလိုပါက အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရပါမည်။ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ကြောင့် ဒုက္ခရောက်သူများအား ပြန်လည်နေရာချထားပေးရေးကိစ္စများကို ဆောင်ရွက်သွား သင့်ပါသည်။
ကျွန်တော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင် နာဂအဖွဲ့၊ ကူကီးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ KIA လူကြီးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် စစ်ကို လိုလား နေသယောင်ရှိနေခြင်းကြောင့်   နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသည့် Peace Process များကို ကျွန်တော်တို့ ကချင်ပြည်နယ်  အေးချမ်းရေးအတွက် လက်ခံဆောင်ရွက် သွားသင့်သည်ဟု ရိုးသားစွာအကြံပြုလိုပါသည်။
၁၉၉၄ မှစ၍ ကျွန်တော်တို့ကချင်ပြည်နယ် ငြိမ်းချမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၁ ဇွန်လလောက်မှစ၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဆောင်ရွက်နေသော အစိုးရတပ်ဖွဲ့ဝင်အချို့ကို KIA အဖွဲ့ဝင်များက ဖမ်းဆီးသွားရာမှ တိုက်ပွဲများစတင်ခဲ့ပါသည်။
           KIA နှင့် အစိုးရတပ်  အောက်ခြေအဖွဲ့ငယ်အချင်းချင်း  အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း KIA သည် ကချင်ပြည်နယ်အနှံ့ တံတားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပါသည်။ တစ်ရက်တည်း မှာပင် တံတား ၄/၅ စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ တံတားများဖျက်ဆီးခြင်းနှင့်အတူ ရထားလမ်းများ၊ ကားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး အဆောက်အဦများကိုလည်း  ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်ခဲ့ပါသည်။
 KIA သည် ကချင်လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး၍ လူသစ်စုပါတော့သည်။ လိုအပ်သည့် လက်နက်၊ ခဲယမ်းများ ၀ယ်နိုင်ရန် ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးအဆမတန် ကောက်ခံသည်။ မိုင်းထောင်၊ မိုင်းခွဲသည့် အလုပ်များကို KIA အဖွဲ့ဝင်များအပြင် မသိနားမလည်သည့် ရွားသားများကိုပါ ခြိမ်းခြောက်စေခိုင်းခြင်းများ ဆောင်ရွက်ပါသည်။
 KIA သည် ရိုးသားသည့်ရွာသားများနှင့် ၀န်ထမ်းများကိုလည်း လက်နက်ပြခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
 အစိုးရမှ စစ်တပ်ကို ကချင်ပြည်နယ်တွင် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ KIA စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သတင်းစာဖတ်ရင်း သိရပါသည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ ရိက္ခာပို့ခြင်း၊ လူနာသယ်ခြင်း စသည့်ပုံမှန်လုပ်ငန်းများ မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်စဉ်တွင် ကချင်တပ်မတော်မှ မိုင်းထောင်ခြင်း၊ စောင့်၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်နေသဖြင့်သာ စစ်တပ်မှပြန်လည်ခုခံရင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။
ဤနေရာတွင် အားမရတာတစ်ခုကိုပြောချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်အားလုံးကို မြင်နေ၊ သိနေရသည့်ကျွန်တော့်အတွက် ရေးချင်၊ ပြောချင်လွန်းလှပါသည်။ ရေးသင့်၊ ပြောသင့်၊ ဖော်ထုတ်သင့်ပါလျက် စစ်တပ်မှ ဘာကြောင့်မပြောလဲဆိုတာကို စဉ်းစားမရနိုင်လောက်အောင်ဖြစ်ရပါသည်။
ကျောက်နီမှော် ကိစ္စမှစခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တော၊ စစ်တွေ ပြဿနာများတွင် စစ်တပ်သည် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း အခြေအနြေ ပန်လည်တည်ငြိမ်သွားခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာသာ စစ်တပ်က ၀င်မထိန်းလျင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဟာ ပြောမပြတတ်လောက်အောင် ဆိုးရွား လာမည်မှာသေချာပါသည်။ Internet Website တွေ၊ ဂျာနယ်တွေမှာ ရခိုင်ကိစ္စ အခြေအနေတွေ တောက်လျှောက်ဖော်ပြခဲ့သလို ယခုကျွန်တော်တို့ ကချင်ပြည်နယ်ကိစ္စ တွေကိုလည်း အလားတူဖော်ထုတ်ပြဖို့ အကြံပြုချင်ပါသည်။
ကျွန်တော့်အမြင် ကချင်ပြည်နယ်အကြောင်း ပြောနေသူတွေဟာ ကချင်ပြည်နယ် ဘယ်နားရှိမှန်းမသိ၊ KIA ဆိုတာ ဘာလဲမသိဘဲ ရေးနေပြောနေ ကြသည်ဟုထင်ပါသည်။ ကချင်ပြည်နယ်ထဲက ကချင်တစ်ဦးအတွက်ကတော့ ဂျာနယ်တွေပေါ်က စာသားတွေဟာ ဂွမ်မော်ရဲ့ ပလီစိချောက်ချက် စကားတွေပဲဆိုတာကို တွေးကြည့်ရင်၊ ပြေးကြည့်တာထက် ပိုသိပါသည်။ ဒါကြောင့် စစ်တပ်ကိုအကြံပေးချင်တာက ခင်ဗျားတို့သိတဲ့ ကချင်ပြည်နယ်က အဖြစ်မှန်တွေကို မစားရ၀ခမန်းနှင့် ပြောနေ၊ ရေးနေသူတွေ နှုတ်ပိတ်သွားအောင် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။
          ကချင်ပြည်နယ်အတွင်း ကျွန်တော်တို့ကချင်တပ်မတော်၏ လုပ်ဆောင်ချက်များကို အချိန်ကာလ အပိုင်း ၃ပိုင်း ခွဲခြားမြင်တွေ့ရပါသည်။ အပိုင်း(၁)သည် ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည့်  အခြေအနေမှ ၂၀၁၁ ခုနှစ် ဇွန်လ တာပိန်ရေအားလျှပ်စစ်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အချိန်ထိဖြစ်သည်။ အပိုင်း(၂)သည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရမှ စစ်တပ်သို့ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်သည်။ အပိုင်း(၃)သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အချိန်အထိဖြစ်သည်။
အပိုင်း(၁)တွင် KIA ကချင်တပ်မတော်ကြောင့်သာ တိုက်ပွဲများစတင်ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။ အပိုင်း(၂)တွင် KIA ကချင်တပ်မတော်မှ အဖျက်လုပ်ငန်းမျိုးစုံကို ဆက်တိုက်ဆောင်ရွက်ခဲ့ပါသည်။ အပိုင်း(၃)တွင် KIA ကချင်တပ်မတော်သည် မိမိကိုယ်ကိုခုခံကာကွယ်ရုံသာ ဆောင်ရွက်လျက်ရှိသော စစ်တပ်အား ပိုမိုတိုက်ခိုက် နေသည့်အပြင် စစ်တပ်နှင့်မဆိုင်သည့်လူများကို အဆက်မပြတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။
စစ်တပ်အနေဖြင့် ၎င်းတို့လက်အောက်အဖွဲ့များ ကျွန်တော်တို့လို အရပ်သားများအပေါ် ထိခိုက်စေသည့်  ပြစ်မှုကြီး/ငယ် ကျူးလွန်ပါက ချက်ခြင်းအရေးယူဆောင်ရွက်ကြောင်း မျက်မြင်ဖြစ်ပါသည်။ စစ်တပ်သည် စစ်စည်းကမ်းနှင့် အထက်အမိန့်ကို အလေးထားလိုက်နာကြောင်း ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်ပါသည်။
          အစိုးရမှ ညွှန်ကြားလာသည့်အချိန်တွင် အမိန့်နာခံမှုကောင်းသော စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့် လက်အောက်ရှိတပ်များကို မည်သည့်စတင် တိုက်ခိုက်မှုကိုမျှ ဆောင်ရွက်ခွင့်ပြုမှာ မဟုတ်သလို၊ အစိုးရ၏  ငြိမ်းချမ်းရေး မူဝါဒအတိုင်း လိုက်ပါ လုပ်ဆောင် မည်သာဖြစ်ပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိမှုမရှိခြင်းမှာ   မြန်မာစစ်တပ်၏ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကြောင့် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။
သတင်းစာနှင့်ရုပ်/သံပါ (၆၇)နှစ်မြောက်တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားကြောင်း၊ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားမှုကို ဖတ်မိ၊ ကြားမိခဲ့ပါသည်။ ဤအချက်သည် ၎င်း၏ ငြိမ်းချမ်းရေးအပေါ် သဘောထားဖြစ်ပြီး ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း၊ စစ်ကိုလိုလားခြင်း မရှိကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။
           အထက်ပါ အခြေအနေအရပ်ရပ်အပေါ် မှန်ကန်စွာသုံးသပ်ပါက အစိုးရနှင့် စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ကချင်လူမျိုးများနှင့်အတူ များစွာလိုလားလျက်ရှိပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် KIA ခေါင်းဆောင်များတွင်သာ မူတည်လျက်ရှိပါတော့ကြောင်း ရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်ပါသည်။ Pyi Chit Thar facebook ပါ ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် အဓိကတာဝန်ရှိသူအမှန်အား သိမြင်စေနိုင်ရန် စေတနာထား၍ ရေးသားလိုက်ရပါသည်။
ကချင်ပြည်နယ်မှ အငြိမ်းစားတရားရေးဝန်ထမ်းတစ်ဦး
ကချင်ပြည်နယ်အတွင်းမှ အမှန်တရားများ(၅)
Posted by drmyochit Saturday, September 22, 2012, under | No comments
ကေအိုင်အေတို့လက်ချက်ကြောင့် မကြည့်ဝံ့စရာ သနားစဖွယ်သေဆုံးနေသော ကလေးနှင့် လူကြီးအလောင်းများမှာ ပြည်နယ်ကောင်းစားရေးလား...(ရောဂါရှိသူမကြည့်ရ)
အစုလိုက်သေကြေပျက်စီးမှုများဖြစ်ပေါ်စေရန် ပေါက်ကွဲမှုများ ဆောင်ရွက်ခြင်းသည် ပြည်သူလူထုအရပ်သား များကြားတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ပျံ့နှံ့ဖြစ်ပေါ်စေရန် ရည်ရွယ်သော အကြမ်းဖက်မှုများ ဖြစ်သည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် အနီးကပ်ရှိနေသည့် လူငယ်များ အစုလိုက်သေကြေမှုများအတွက် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး စီမံဆောင်ရွက်သူများရဲ့ ရည်ရွယ်ချက်က ပြည်သူလူထု ထိတ်လန့်ခြောက်ခြားစေရန်။
မိုင်းခွဲသည်၊ ဗုံးထောင်သည်၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် တည်ငြိမ်မှု ကို ဖျက်ဆီးသည်
၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဦးဒယောင်တန်ဂွန်း၏ နေအိမ်မှမီး လောင်ကျွမ်းမှု
 ၁၉-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဦးနော်ရိန်၏နေအိမ် မီးလောင်ပျက်စီးပုံ
  ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဦးလရှုနော်အောင်၏နေအိမ် မီးလောင် ပျက်စီးခဲ့ပုံ
မသိနားမလည်သည့် လူမမယ်ကလေးများ အစုလိုက်သေကြေ ဒဏ်ရာရခဲ့ခြင်းမှာ အစွန်းရောက် အကြမ်း ဖက် သမားများ၏ အသိဥာဏ်ကင်းမဲ့သောလုပ်ရပ်ကြောင့်ပင်ဖြစ်သည်၊
သေဆုံးသွားသည့် အပြစ်မဲ့ကလေးများ အပြစ်မဲ့ပြည်သူများထိခိုက်ဆုံးရှံးမှုအတွက် အကြမ်းဖက်ဖေါက်ခွဲရေး သမားများတွင်တာဝန်ရှိသည်
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်လဆိုင်း၏ပုံ
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်ဂွန်ဂျပ်၏ပုံ
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်ဆိုင်းခွန်၏ပုံ
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်ဆန်အောင်လီ၏ပုံ
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမမီတုန်နန်၏ပုံ
 ၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမဆိုင်းမိုင်၏ပုံ
 ၁၃-၁၁-၂ဝ၁၁မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်မီတုန်ဘရန်မိုင်၏ပုံ
၁၃-၁၁-၂ဝ၁၁ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊ သေဆုံးခဲ့သောမောင်မောင်နော့နော်၏ပုံ
ဆက်ပါအုံးမည်...
ကျေးရွာနေ လူထုနဲ့ ဒုက္ခသည်စခန်းများမှ ညဉ်းတွားသံများ
Posted by drmyochit Saturday, September 22, 2012, under | No comments
ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲအတွင်းမှာရှိတဲ့ ကျေးရွာနေ ဒေသခံများအား KIA အဖွဲ့မှ ညနေ(၅)နာရီမှ မနက်(၆)နာရီအထိ တောင်ယာသွားလာခြင်းများ၊ တောခုတ်ခြင်းများ၊ လယ်ယာလုပ်ကိုင်ခြင်းများ မပြုလုပ် ကြရန်နဲ့ သွားလာပြုလုပ်မှုများကို KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုနှင့်ကြုံတွေ့ပါက မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို ပစ်ခတ်သတ်ဖြတ်သွားမယ်လို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မိရိုးဖလာလုပ်ငန်းများဖြစ်တဲ့ တောင်ယာခုတ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း နဲ့ တောခုတ်ခြင်းများဖြင့် လုပ်ကိုင်စားသောက်နေရသော်လည်း မိမိတို့ကျေးရွာတွေနဲ့ အလွန်ဝေးကွာတဲ့နေ ရာ တွေမှာ သွားရောက်လုပ်ကိုင်ရသူများအနေနဲ့ ၄င်းတို့အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်နေကြရတယ် လို့ သိရပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပေါ်နေတဲ့ လက်တလောပြဿနာတွေကတော့ ဒုက္ခသည်တွေကို ဗမာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးအပ်ထားတဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် အခြား လူသုံးကုန်ပစ္စည်းတွေကို စခန်းတာဝန်ခံတွေက တဖက်လှည့်နဲ့ KIA အဖွဲ့ဝင်တွေထံကို ထောက်ပံ့ပေး ပို့ နေကြ ပါတယ်။ 
ထိုကဲ့သို့ ထောက်ပံ့ပေးပို့နေတဲ့အတွက် အမှန်တကယ်ဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေဟာ မိအေးနှစ်ခါ နာရတဲ့အပြင် ဒုက္ခသည်စခန်းတွေက တာဝန်ခံအများစုဟာ ကချင်လူမျိုး KIA လက်သစ်များသာဖြစ်ပြီး KIA အဖွဲ့မှ ဆွေမျိုးများနှင့် တပ်ဖွဲ့ဝင်တွေကို ဒုက္ခသည်စခန်းတွေမှာ လက်ခံပြီး မြို့ပေါ်မှာရှိတဲ့ အစိုးရဌာန အဆောက်အဦများနဲ့ စည်ကားသောနေရာများတွင် အဖျက်မှောက်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဆိုင်းပြင်းလျက် ရှိ တယ်လို့ သိရပါတယ်။
ဒေသခံများ နေ့ပိုင်းတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး ညပိုင်းတွင် တရုတ်နိုင်ငံအတွင်းသို့ တိမ်းရှောင်နေရ
Posted by drmyochit Saturday, September 22, 2012, under | No comments
KIA တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၆)မှ  KIA အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် မိုင်ဂျာယန်သွား လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေမှာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် စုဆောင်း နေတယ်လို့ သတင်းရရှိပါတယ်။
ဒါကြောင့် ကောင်းဆာကျေးရွာနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ရွာတွေက ကျေးရွာသူကျေးရွာသားတွေဟာ နေ့ပိုင်း တွင် တောင်ယာလုပ်ငန်းများ ပုံမှန်လုပ်ကိုင်ကြပြီး ညဘက်တွေမှာ တဖက်တရုတ်နိုင်ငံအတွင်းသို့ တိမ်းရှောင် နေထိုင်နေရပါတယ်။
KIO ဗဟိုဌာနချုပ်က ခေါင်းဆောင်ကြီးများမှ တပ်သားသစ်များ အလုံ အလောက်ရရှိစေရေး နည်းလမ်းမျိုး စုံနှင့် အင်အားဖြည့်တင်းရန် လက်အောက်ကို ညွှန်ကြားချက်တွေထုတ်ပြန်ထားတဲ့အတွက် ယခုလို အုပ်စုများဖွဲ့ကာ KIO ထိန်းချုပ်တဲ့နယ်မြေထဲမှာရှိတဲ့ ရွာတွေကို လိုက်လံ စုဆောင်းနေကြတာဖြစ်ပါတယ်။
စက်တင်ဘာလ(၁၉)ရက်နေ့ မနက်ပိုင်းက ဗိုလ်ကြီး နော်အောင် ဦးစီးတဲ့ အဖွဲ့ဝင်တွေဟာ ကောင်း ဆာကျေး ရွာ ထိပ်တွင် စောင့်ဆိုင်းကာ ခရီးသွားလာသူများအား စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ညအချိန်တစ်ဖက် တရုတ်နိုင်ငံအတွင်းမှ တိမ်းရှောင်နေထိုင်သူများ နေအိမ်သို့ပြန်လာသည့် ကောင်း ဆာကျေးရွာမှ ယောကျာ်း လေး (၂၀)ဦးနှင့် မိန်းခလေး (၁၀)ဦးတို့ကို တပ်သားသစ်အဖြစ် ဖမ်း ဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါဖမ်းဆီးခံရသူ (၃၀)ဦးအား KIA တပ်ဖွဲ့ ရင်း(၁၆)ဌာနချုပ်သို့ ပို့ဆောင်ကာ ချုပ်နှောင်ထားပြီး အခြေခံ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ ဆွေးမျိုးသားချင်း မိဘများမှ အခကြေးငွေဖြင့် ပြန်လည်ခေါ်ယူရန် ဗိုလ်ကြီး နော်အောင်နဲ့ သွားရောက်ဆွေးနွေးခဲ့သော်လည်း ကချင် ပြည်နယ် လွတ်မြောက်ရေး လိုအပ်ချက်ကြောင့်ဖြစ်သည်။ ပိုက်ဆံလိုချင်၍မဟုတ်ကြောင်း၊ ငွေလို ချင်ရင် ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ဆက်ကြေးကောက်ခံခြင်းနှင့် ပြည်ပနိုင်ငံများ မှ ငွေကြေး အကူအညီ အထောက်အပံ့များ လိုသလောက်တောင်းယူရနိုင်သည်ဟု ပြောဆိုကာ ပြန်လွှတ် မပေးဘဲ ဆက်လက်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ 
`` အခုလက်ရှိတော့ ရွာက လူ(၃၀)လောက် သူတို့ ခေါ်သွားတယ်။ ဒါတောင် ကျွန်တော်တို့ ကောင်းဆာ တစ်ရွာတည်းကချည်းဘဲ။ အခြားရွာတွေကလည်း အဲလိုဘဲ လိုက်ခံစုဆောင်းနေတယ်လို့ ကြားရတယ်။ အခု ဖမ်းခေါ်သွားတဲ့လူတွေကို သင်တန်းကျောင်းကို ချက်ချင်းမပို့သေးဘဲ သူတို့လိုချင်တဲ့အရေ တွက်ရောက်မှ တစ်ခါတည်း စုလွှတ်မယ်လို့ ပြောတယ်။ 
မနက်ဖြန်ကျရင် အဖမ်းခံရတဲ့သူတွေရဲ့ မိဘတွေနဲ့အတူ ကျေးရွာ လူကြီးတွေကော၊ သင်းအုပ်ဆ ရာတွေကော ထပ်ပြီးတော့ သွားတောင်းပန်မယ်လို့ စီစဉ်ထားတယ်။ အဖမ်းခံရတဲ့ အထဲက  တချို့ ကလေးတွေဆို တော်တော်ငယ်သေးတယ်။ (၁၆)နှစ်တောင်မပြည့်သေးတော့ မိဘတွေခဗျာ တော်တော် စိတ်ဆင်းရဲနေရတယ်´´ လို့ ကောင်းဆာကျေးရွာနေ ရွာသားတစ်ဦးမှ KDN သတင်းဌာနသို့ ပြောကြား လာခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းမှ အမှန်တရားများ(၄)
Posted by drmyochit Saturday, September 22, 2012, under | No comments
ကိုယ်နေတဲ့တိုင်းပြည်၊ ကိုယ်ကြီးပြင်းခဲ့တဲ့ ကျေးရွာများကို နိုင်ငံရေးအကြောင်းပြပြီး မီးရှို့ဖျက်ဆီးတာ ဘယ်သူတွေလဲ..
ပုံ- ၂ဝ၁၁ ခု သြဂုတ်လအတွင်း ပူတာမအိုခရိုင်၊ ခရန်ခူးဒေသ၊ ခရမ်ချီဒမ်းကျေးရွာ အား  ကေအိုင်အေ တပ်မဟာ (၁)၊ တပ်ရင်း (၇)ရင်းမှူး လဖိုင်နော်ဆမ်း ဦးစီးအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပုံ
ပုံ(၃-၄)  တိုင်းရင်းသားများ ဘိုးဘွားစဉ်ဆက် ပျော်ရွှင်စွာနေထိုင်လာခဲ့သော ခရမ်ချီဒမ်း ကျေးရွာ '' သဘာဝ အလှ '' နှင့် ကေအိုင်အေ အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် '' အကျည်းတန် မြင်ကွင်း ''
ပုံ- အေးချမ်းစွာနေထိုင်ကြသော အပြစ်မဲ့ရွာသားများအား ကေအိုင်အေ တပ်မဟာ (၁) နယ်မြေအတွင်းသို့ လက်နက်အားကိုးအနိုင်ကျင့် ခြိမ်းခြောက်ဖမ်းဆီးခဲ့ပုံနှင့် ခရမ်ချီဒမ်းကျေးရွာအားကေအိုင်အေ ရင်း(၇)ရင်းမှူး လဖိုင်နော်ဆမ်း ဦးစီးအဖွဲ့မှ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးလျက်ရှိသည့် အကျည်းတန် မြင်ကွင်း
ဆက်ပါအုံးမည်...  
ကချင်ပြည်နယ်အတွင်းမှ အမှန်တရားများ(၃)
Posted by drmyochit Saturday, September 22, 2012, under | No comments
မည်သည့်အကျိုးအမြတ်အတွက် ဒီလိုတိုက်ခိုက်မှုများကို ပြုလုပ်ရသနည်း..
တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးဆောင်ရွက်လျက်ရှိသည့် ဥပဒေဘက်တော်သား များကို ကေအိုင်အေ အဖွဲ့က မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရတို့၏ ငြိမ်းချမ်းရေးလက်ကမ်းကြိုဆိုမှုများကို မထီမဲ့မြင်ဆန့်ကျင်သော လုပ်ရပ် များဖြင့် အပြောနှင့်အလုပ် မတူညီသော တုန့်ပြန်မှုများ
စစ်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားဝန်ထမ်း အိမ်ယာနှင့် ရုံးအဆောက်အဦများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြပြန်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသည်လား...
 ပုံ- ၂၁-၆-၂၀၁၁ ရက်နေ့ မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်း နောက်ခြံဝင်းတံခါး မျက်နှာစာတွင် ကေအိုင်အေအဖွဲ့ထောင်ထားသော မိုင်းကြောင့် ခြံစည်းရိုးနောက်ရှိ ဆိုင်ခန်းဟောင်း ပျက်စီးသွားပုံ
 ပုံ- ၁၇-၁၂-၂၀၁၁ ရက်နေ့ ကေအိုင်အေအဖွဲ့မှ မိုင်းထောင်ဖျက်ဆီးမှုကြောင့် ပြိုကျခဲ့သော မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှ နန့်ယားရဲကင်းအဆေက်အအုံ
 ပုံ- ၂၁-၆-၂၀၁၁ ရက်နေ့ မြစ်ကြီးနားမြို့၊မြို့နယ်လ၀ကရုံးရှေ့ဆင်ဝင်နှင့် အမိုးပျက်စီးခဲ့ပုံ
 ပုံ- ၃-၁၂-၂၀၁၁ ရက်နေ့ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ စည်ပင်ဝန်ထမ်းအိမ်ရာ အားဖျက်ဆီးပုံ
 ပုံ- ၆-၇-၂၀၁၁ ဖားကန့်မြို့နယ် မော်မောင်းဘွမ်ကျေးရွာရှိ ကုမဏီခြံစည်းရိုးပျက်စီးပုံ
 ပုံ- ၇-၆-၂၀၁၁ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ ဆီဆိုင်အား ဖျက်ဆီးခဲ့ပုံ
 ပုံ- ပန်ခမ်းဝင်/ထွက်စခန်း အကောက်ခွန်ဦးစီးဌာနအား ကေအိုင်အေမှ မီးရှို့ဖျက်ဆီးခဲ့မှု
 ဆက်ပါအုံးမည်..
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်