Monday, September 24, 2012

ရေပေါ်ညဈေးနှင့် အပန်းဖြေ နေရာ မော်လမြိုင်တွင် တည်ဆောက်မည်

Posted by drmyochit Monday, September 24, 2012, under | No comments


From : The Voiceမွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ရေပေါ်ညဈေးနှင့် အပန်းဖြေနေရာကို ယခုနှစ်တွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ရေးသားထား ချက်များအရ သိရသည်။

အဆိုပါအပန်းဖြေနေရာကို ပြည်သူများ ကျန်းမာရေးလုပ်ရှားမှုများကို စနစ်တကျပြုလုပ်နိုင်ရန်၊ သံလွင်မြစ် ပတ်ဝန်းကျင် အလှကို ကြည့်ရှုနိုင်ရန်နှင့် ကမ်းနားလမ်းတွင် ညဈေးရောင်း ချသူများကို စနစ်တကျ ရောင်းချနိုင်ရန် ရည်ရွယ်ကာ ပြည်နယ်အစိုးရ ညွှန် ကြားချက်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

တည်ဆောက်နေသော ရေပေါ်ညဈေး နှင့် အပန်းဖြေ နေရာစီမံကိန်းမှာ အလျား ပေ ၆၀၀ နှင့် အနံပေ ၅၀ တည်ဆောက်ရန် ရည်ရွယ်ထားသောလည်း၊ ယခုနှစ်တွင် အလျားပေ ၃၀၀ နှင့် အနံပေ ၅၀ ကို ကနဦး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းတွင်ဖော်ပြ ချက်အရသိရသည်။


အဆိုပါ ညဈေးနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော် ရုံးပိတ်ရက်ဖြစ်သောကြောင့် ရုံးဖွင့်ရက်တွင် မေးမြန်း ပါရန် အဆိုပါ ရုံး ၀န်ထမ်း အမျိုးသမီး တစ်ဦးက ဖြေကြားသည်။

အာဆီယံချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်းကို MFF ဥက္ကဋ္ဌဦးဇော်ဇော် ကျပ်သိန်း(၁၅၀)ချီးမြှင့်

Posted by drmyochit Monday, September 24, 2012, under | No comments



From :MNL

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တွင်ကျင်းပပြီးစီးခဲ့သည့်၂၀၁၂ ခုနှစ်အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအားဆုကြေး ကျပ်သိန်း(၁၅၀)ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဗီယက်နမ်
အသင်းအား သာမန်ပွဲကစားချိန်နှင့်အချိန်ပိုမိနစ်(၃၀)အထိ ဂိုးမရှိသရေဖြင့် အကောင်း ဆုံးယှဉ်ပြိုင်ကစားပြခဲ့သော်လည်း ပင်နယ်တီအဆုံးအဖြတ်တွင် အိမ်ရှင်အသင်းကို (၄-၃)ဂိုးဖြင့် အရေး နိမ့်ကာ ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရသည်။

" ကစားသမားတွေ မိနစ်(၁၂၀)ကျော်ကို အကောင်းဆုံးကစားပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကြောင့်သာ အရေးနိမ့်သွားရတာပါ။ထိုင်းလို ထိပ်တန်းအသင်းမျိုးကို အနိုင်ကစားပြပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့အပြင် ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပါတယ်။ တစ်သင်းလုံး ရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးကျူးပါတယ်။" ဟု ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသားနှင့်အမျိုးသမီးဘောလုံးလောက နှစ်ခုစ လုံးဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး လာမည့်နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။



အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံစားရရှိသည့်လစာငွေထက် ပိုမို တိုးမြှင့် ပေးသည့်အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း

ထို့အပြင် လက်ရှိမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၃ ဆီးဂိမ်းစ်တွင် ချန်ပီယံဖြစ်ရေးအတွက် ဆက်လက်လေ့ကျင့်ပြင်ဆင်ပေးသွားမည်ဖြစ်ကာ အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံ စားရရှိသည့်လစာငွေထက် ပိုမိုတိုးမြှင့်ပေးသည့်အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းဦးဇော်ဇော်က ထပ်မံပြောကြားခဲ့သည်။ မြန် မာ အမျိုးသမီးလက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင်ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။ 

ယုံကြည်ချက်ကြောင့် ပုသိမ် NLD အများစုပါတီမှ နှုတ်ထွက်ရန် ပြင်ဆင်

Posted by drmyochit Monday, September 24, 2012, under | No comments


From : http://www.kachindailynews.com/2012/09/nld.html

စက်တင်ဘာ(၂၂)


 ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သော မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD ပါတီဝင်များထောက်ခံသော ခေါင်းဆောင်(၃)ဦးအား ပါတီ ၀င်အဖြစ်မှ ရပ်ဆိုင်းခဲ့သော ဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့် ပုသိမ် NLD ပါတီဝင်အများစုမှာ ပါတီဝင် အဖြစ် မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

 “ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း ဘယ်သူထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက် ပါတီကို ဖြိုခွဲဖို့ ကြံစည်နေတဲ့သူတွေက လုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ ပဲ မြင်ပါတယ်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်လူငယ်ခေါင်းဆောင် အဖြစ်တာဝန် ယူခဲ့သော ဦးမြင့် စိုးက ပြောသည်။
ပုသိမ် NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပါတီခေါင်းဆောင် (ပုသိမ်)မှ သုံးဦးအား ထုတ်ပယ်သော
 ကြေ ညာ ချက်ကို မြို့နယ်ပါတီဝင်အများစုက မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေ ညာ ချက်များကို ပြန်လည် ထုတ်ပြန်ထားကြောင်းကိုလည်း သိရှိရသည်။

ဒေါ်စု ဒီလ ၁ရက်နေ့က လာပြီးတော့ ဖြေရှင်းပေးပေမဲ့ သူ့အနီးအနားကလူတွေရဲ့ စကားကို နားယောင် ခဲ့တော့ မြို့နယ်ပါတီဝင်အများစုက အခုလိုခံခဲ့ရတာပါ၊ ကျနော်တို့လည်း မကြာခင် ပါတီဝင် ကဒ်ပြားတွေ ကို ပြန်အပ်ပြီး ပါတီဝင်အဖြစ်က နှုတ်ထွက်မှာပါဟု ပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ် ကွက် အောင်နိုင်ရေး လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။

ဧရာဝတီတိုင်းရှိ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ်တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက ယခုကဲ့သို့ဆိုသည်။
ဒါတွေက အသစ်တွေကို နေရာပေးတဲ့အပေါ်မှာ အဟောင်းတွေက အမြင်မရှင်းတာရယ်၊ လူငယ်တွေ ကို နေရာပေးမှုတွေကို လူကြီးတွေက လက်မခံတာရယ်ကြောင့်ပါဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
 NLD တွင် လက်ရှိအဖြစ်အပျက်များမှာ လူငယ်လူကြီးပြသာာမဟုတ်ကြောင်း ယုံကြည် မှုနှင့် သာဆိုင် ကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

‘’ဒါတွေက လူငယ်လူကြီးပြဿနာမဟုတ်ပါဘူး၊ အသစ်အဟောင်းပြဿနာလည်း မဟုတ်ပါဘူး၊ ၉၀ ပြည့်နှစ် ကတည်းက NLD ကို အနစ်နာခံပြီး လုပ်ခဲ့တဲ့လူတွေကို ပါတီက ယုံကြည်မှုမရှိကြောင်း ပြတာ ကြောင့် မြို့နယ် ပါတီဝင်တွေက လုံးဝလက်မခံနိုင် တာကြောင့် နှုတ်ထွက်ကြမှာပါဟု ပုသိမ် NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။
 မြောင်းမြမြို့ NLDပါတီဝင်များသည် တိုင်းညီလာခံကျင်းပရေးကောင်မတီဖွဲ့စည်းမှုကိုကန့်ကွက် ဆန္ဒပြပြီး နောက် ပုသိမ် NLDမှလည်းတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များသည်ဗဟိုကို အသုံးချကာ ဆရာမွေး၊ တပည့်မွေးအထိ ပြုလုပ်နေကြောင်းနှင့် ယခု ဖွဲ့စည်းလိုက်သော တိုင်းအတွင်းရှိ ညီလာ ခံကော်မရှင်ကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လအတွင်း က   ပြုလုပ်ခဲ့ကြသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သမ္မတ ဦးသိန်းစိန်ကြိုဆို

Posted by drmyochit Monday, September 24, 2012, under | No comments



From : သာနောင်


တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံ တွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုတွေကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်က ဒီကနေ့ပြောကြားလိုက်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ နေမှုဘ၀ တိုးတက်ပြောင်းလဲရေး အတွက် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ အဖြစ်ဆောင်ရွက်နေကြောင်း Nanning မြို့မှာ စက်တင်ဘာလ (၁၈)ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ကျင်းပနေတဲ့ ကုန်စည်ပြပွဲအတွင်းမှာ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ စက်တင် ဘာလ နောက်ဆုံးပတ်မှာတော့ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ဆွေမျိုးပေါက်ဖေါ်အဖြစ် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုကို လည်းပြ သလိုက် တာဖြစ်တယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း ကပြောပါတယ်။ Nanning မြို့မှာကျင်းပနေတဲ့ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းအပြင်၊ စိုက်ပျိုးရေး ထွက်ကုန်၊ ငါး၊ စက်မှုလုပ်ငန်းအပြင် သစ်တော၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း တွေနဲ့ ပတ်သက်လို့ ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ကိုလာရောက် လည်ပတ် လိုပေမယ့် အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဦးဖိုးသံချောင်းက ဆိုပါတယ်။ Nanning ကုန် စည်ပြပွဲမှာ ပြောသွားတဲ့ သမ္မတရဲ့မိန့်ခွန်းမှာ ဒီနှစ်သြဂုတ်လ အထိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ထိ ရှိနေပြီး မြန်မာနိုင်ငံမှာ အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တခုဖြစ်လာတယ်လို့ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ် မှတ်တမ်းဓာတ်ပုံများ

Posted by drmyochit Monday, September 24, 2012, under | No comments















အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

Posted by drmyochit Monday, September 24, 2012, under | No comments





ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက် ကျောင်းသား များနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက် မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရ သည်။ ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။ ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက် မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသား များကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။ တိုက်ခိုက် မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ စစ်တပ် မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။ အခု အခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့် ချထား လိုက်ကြောင်း သိရသည်။ ရမ်ဂါမတီကို ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေ တိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ဘင်္ဂ လာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim” ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)

ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်

Posted by drmyochit Monday, September 24, 2012, under | No comments



From : ကိုမျိုး


ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခု ကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့ တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။ ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်း ကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။ အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်း သိပ် သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နိုင်ငံ ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာ နေပြီ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေသည်ဟု စီးပွား ရေးအသိုက်အ၀န်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟိုစီး ပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံ ကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေ၀န် ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အကျယ်အ၀န်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ်ရှိ ကျောက်ရေတွင်း ဖွံ့ဖြိုးရေး စီမံ ကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။ အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ် ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက် လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေ ရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံ များမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရ သည်။ ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါ စီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက် တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့ သည်။

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

Posted by drmyochit Monday, September 24, 2012, under | No comments




ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသား များနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။ ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။ ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက် မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသား များကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။ တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။ အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့် ချထား လိုက်ကြောင်း သိရသည်။ ရမ်ဂါမတီကို ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေ တိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim” ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)

ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး

Posted by drmyochit Monday, September 24, 2012, under | No comments



From : mgchantharNarajia

မောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာမတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်းကာလတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င် ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။ သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူးယစ်မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာမများက ပြောသည်။ တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။ အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေသောသူဖြစ်ကြောင်း နစကမှ ဆိုသည်။ အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂလာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အသွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။ ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။ ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ ၎င်း၏တပည့်များဖြစ်သော ယင်းဖေါ်ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြသူများလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦးအောင်သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သမားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။ ဦးမောင်ချမ်းသာမှာ မသေခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများအား သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများအား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးက ချမှတ်ထားသော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန်တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။ ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။ 

တာင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား

Posted by drmyochit Monday, September 24, 2012, under | No comments



တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃နာရီတွင်  စတင် ထွက် ခွာသော အမှတ် ၅အဆန် အမြန်ရထားနှင့် လွိုင်ကော်မှရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ   လွိုင်ကော်မှ ရန်ကုန်သို့   ထွက်ခွာလာသော ယာဉ်မောင်းသော ရယ်လွှီစီး၊ (ဘ) ဦးဟယ်ရယ် အသက် ၄၂ နှစ်          (ကယားလူမျိုး) မောင်းနှင်လာသော ခရီးသည် ၄၂ ဦးပါ ယာဉ်အမှတ်  ၆(ဂ)၅၅၉၂ ရွှေရာ ဇာ  နီညိုရောင် ခရီးသည်တင် မှန်လုံအမြန်ယာဉ်သည် ပြည်ထောင်စု အမြန်လမ်းမကြီးမှ တောင်ငူမြို့တွင်း လွိုင်ကော်ဂိတ်သို့ ၀င်ရောက်ပြီး ပြည်ထောင်စု အမြန်လမ်းမပေါ်သို့ ပြန်တက်ရန် ထွက်ခွာလာစဉ် တောင် ငူမြို့ မြောက်ဘက်အထွက်ရှိ ပေါ်တော်မူ မီးရထားသံလမ်းဂိတ်တွင် တောင်ငူဘူတာကြီးမှ မန္တလေးဘက် သို့ ဆက်လက်ထွက်ခွာလာသော အမှတ် ၅ အဆန်အမြန်ရထားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်ပွားရာတွင် မီးရထားခေါင်းမှာ မှန်လုံယာဉ်၏ ခါးလယ်ကိုတိုက်ကာ ချိတ်လျှက်မီးရထားတွဲ ၈ တွဲအရှည် ရှိ ပေ ၄၀၀ ခန့်အထိ ဒရွတ်တိုက်အနေအထားဖြင့် ပါသွားခဲ့သည်။

မှန်လုံယာဉ်၏ ကိုယ်ထည်ဝဲဘက်တစ်ခြမ်းလုံး ရထားခေါင်းစိုက်ဝင် ပျက်စီးသွားပြီး ရထားတွဲများလည်း လမ်းချော်ကျသွားခဲ့ကာ ရထားသံလမ်းများလည်း ပျက်စီးသွားခဲ့သော်လည်း ကားပေါ်တွင်ပါ လာသော ခရီးသည်များအနက် ၆ ဦးသာထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီးကျန်လူများမှာ တစ်စုံတစ်ရာ ထိခိုက်ခြင်း
မရှိကြောင်း သိရှိရသည်။

"ကျွန်တော်က တစ်ဖက်ကဂိတ်တံခါးကိုပိတ်ပြီး ဒီဘက်ကဂိတ်တံခါးကို ပိတ်မယ်လုပ်တော့ အဲဒီကားက အမြန်မောင်း လာတာ တွေ့ရတယ်၊ အဲဒါနဲ့ ကျွန်တော်လည်းရထားကိုတောင် မီးမခေါ်တော့ပဲ ကားဆီကိုပဲ ဓါတ် မီးနဲ့ လှမ်းထိုးပြီးအချက်ပြသေးတယ်၊

ဒါပေမယ့် မရဘူးကျွန်တော်တံခါးပိတ်ချိန်တောင် မရလိုက်ဘူး ကားကမောင်းဝင်လာတာ ကျွန်တော်လည်း လမ်းဘေး ဘက်ကို အမြန်ခုန်ပြီး ရှောင်လိုက်ရတယ်"ဟုမီးရထားသံလမ်းဂိတ်တာဝန်ကျသူမှ ပြောပါသည်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသော ရယ်လွှီစီ(ဘ) ဦးဟယ်ရယ်၊ အသက်၄၂ နှစ် လွိုင်ကော်မြို့နေ သူအား တောင်ငူမြို့ အမှတ် ၁ ရဲစခန်းမှ မီးရထားအက်ဥပဒေ(၁၂၉)၊(ပ) ၅၂၃/၂၀၁၂ ဖြင့်အမှု ဖွင့် အရေး ယူဆောင်ရွက်ထားရှိပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသောမီးရထားနှင့် ကားအား ကရိန်းဖြင့်မတင်ဖယ်ရှားခြင်း
လမ်းပြုပြင်ခြင်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ကြရာ စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၇ နာရီ ၁၅ မိနစ် အချိန်တွင် ဖယ်ရှားရှင်းလင်းခဲ့ပြီး ရထားများ ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း သိရှိရသည်။

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်

Posted by drmyochit Monday, September 24, 2012, under | No comments




မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ  တသိန်း ဆုပေးမယ်လို့ ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ်  အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ  မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။ 

  
ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား 

အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုး လည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ် ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့ ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို
 ပြောပါတယ်။

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို

Posted by drmyochit Monday, September 24, 2012, under | No comments


ပါကစ္စတန်နိုင်ငံတွင် လောလောလတ်လတ် ဖြစ်ပွားခဲ့သော ကိစ္စတခု ဖြစ်သည့် အသက် (၁၁)နှစ်အရွယ် ခရစ်ယာန်ဘာသာဝင် မိန်း ကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက် များအားမီးမွှေး ရာတွင်သုံးသည်ဆိုကာ တရား စွဲဆိုထားသောအမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်း ကလေးအား လိမ်လည်လုပ်ကြံပြီးအမှု ဆင်ခဲ့သည် ဟုသတင်းထွက်လာသော မွတ်စလင်ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန် အမှုခိုင်လုံ ခြင်းရှိမရှိအား ပါကစ္စတန်ရဲမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီးအား ဘာသာရေးအကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ် ပုံတင်ခဲ့သည်ဟု ပါကစ္စတန် ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့ မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာ တအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည် ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာ ခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌ ၀တ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့ သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။




မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန် မတရား သဖြင့် လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား ဖျက်ဆီးမှုသာ ပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူး ကိုယ်ပတ်၍ ထောင်တသက်ကျမည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကိုဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေ မှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။ စွပ်စွဲခံရသူ မိန်းကလေးအား ခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍ တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ် လာမည်ဟုယူဆရသည်။ 

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်

Posted by drmyochit Monday, September 24, 2012, under | No comments



အောင်ပန် ၊ ၊အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကိုင်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်းသို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်းတရားရုံးမှ တရား သူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှစ်နှင့် ငွေဒါဏ်ရူပီးငွေတသောင်းပေးဆောင်ရန် ပြီးခဲ့ သည် ကြာသပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။

၁၉၄၆ခုနှစ် နိုင်ငံခြားသားအက်ဥပဒေအရပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒါဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒါဏ်(၆)လ ထပ်မံ ကျခံရမည်ဖြစ်သည်ဟု The Hindu သတင်းတွင်ဖေါ်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်းများစွာတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ခေါင်းင်းရွက်ဗြတ် ထိုးဈေးသည်၊ ကျပမ်း အလုပ်သမား အဖြစ်လုပ်ကိုင်ငွေရှာရန်အတွက် အိန္ဒိယနိုင်ငံအတွင်း နည်းမျိုးစုံဖြင့် ခိုးဝင်လာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက်ကို တင်းကျပ်သော လုံခြုံရေးအဆင့်ထားရှိစစ်ဆေးနေရသည်။

ရာပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မြန်မာနယ်စပ်နှင့်ကပ်လျက် ရှိသော မဏိပူရပြည်နယ် အတွင်းမှ တဆင့်ခိုးဝင်ရောက်နေမှု များပြားလာသည်။

ယခုခိုးဝင်လာသူများမှာမဏိပူရပြည်မြို့တော် အင်ဖာအရှေ့ဖက် ထောင်ပါးခရိုင် အတွင်းမှတဆင့် ဖြတ်ကျော် ဝင်ရောက်လာစဉ် Serou မြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ် နိုင်ငံသား များအရေးကိစ္စသည် မကြာခင်ကာလအတွင်း ကြီးမားသောအရေးကြီးသည့် ကိစ္စဖြစ်လာဖြစ်လာတော့မည်ဖြစ်ကြောင်းကို ခရိုင်ရဲတပ်ဖွဲ့မှူးကပြောကြားခဲ့သည်။

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်

Posted by drmyochit Monday, September 24, 2012, under | No comments






နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြား ထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ် သုံးနှုန်းရန်ဆွေးနွေးချက်ကို ငြင်း ဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး  အလုပ်ရုံ ဆွေးနွေး ပွဲ ဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ်  ဘူးသီးတောင်အခြေစိုက် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်းက ရခိုင်ကိုယ်စားလှယ်များဆွေးနွေးချက်ကိုကန့်ကွက်ကြောင်း  တိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ကေအိုင်အေးခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး - အပိုင်း(၂)

Posted by drmyochit Monday, September 24, 2012, under | No comments




အစိုးရသတင်းစာမှာဖေါ်ပြထားတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင်လက်နက်ချမှုဟာလည်း အယောက်(၁၀၀)ကျော်ပါပြီ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ကေအိုင်အေစစ်သည်တွေအနေနဲ့ စစ်ကိုမလို လားဘူး ဆက်မတိုက်ချင်တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ စစ်တပ်ကဆုံးရှုံးမှုတွေကိုတော့ စစ်တပ် အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိခဲ့ရာက ပြင်ပမီဒီယာတွေရဲ့ ဖော်ပြချက်တွေထက် အလွန်ပဲ နည်းပါးပါတယ်။

စစ်တပ်က စစ်သားတွေရဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကြေငြာလေ့မရှိတဲ့အတွက် ကေအိုင်အေခေါင်းေ ဆာင် တွေအနေနဲ့ တိုက်ပွဲဖြစ်တိုင်း စစ်တပ်ရဲ့ ထိခိုက်အကျအဆုံးကို ချဲ့ကာပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကျအဆုံးကိုဖော်ပြရာမှာတော့ အမှန်တိုင်းဖော်ပြလေ့မရှိပါဘူး။ ကေအိုင်အေတပ်တွေဟာ စနစ် တကျ ဖွဲ့စည်းထားတာ မဟုတ်ဘဲ ရွာတွေကအတင်းအဓမ္မလူသစ်စု၊ သင်တန်းပေး၊ အတင်းတိုက်ခိုင်း လို့ ရှေ့တန်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ကေအိုင်အေတပ်တွေ ထိခိုက်ကျဆုံးအများအပြား ရှိနေပြီး အောက်ခြေက အခြေအနေတွေကို ကေအိုင်အေလူကြီးတွေ မသိတာဖြစ်နိုင်သလို မသိ ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။

ကေအိုင်အေအနေနဲ့ ဘယ်လောက်ပဲခုခံတွန်းလှန်နေတယ်ပြောပြော စနစ်တကျလေ့ကျင့်ထားပြီး ခေတ်မှီ လက်နက်တွေအသုံးပြုနေတဲ့ စစ်တပ်ကို မယှဉ်နိုင်ပါဘူး။ ကာချုပ်ကြီးရဲ့ အမြော်အမြင်ရှိစွာ စစ်တပ်အပေါ် ကြီးကြပ်ကွပ်ကဲနေတဲ့အတွက်ကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ လိုင်စင်ပို့စ် နေရာလေးလောက်ပဲ ကျန် ပါတော့မယ်။ ပစ်ခက်မှုစတင်ဖြစ်ပွားပြီး ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူကြီးသန်းအောင်နဲ့ ကေ အိုင်အေဒုချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဆွေးနွေးကတည်းက သဘောတူညီထားတဲ့အတိုင်း လက်မှတ်ထိုးနိုင် ခဲ့ရင် ကေအိုင်အေစစ်သည်တွေလည်း အခုလို ထောင်နဲ့ချီပြီး သေစရာမရှိပါဘူး။ 

ဗမာစစ်သားတွေလည်း သေစရာအကြောင်းမရှိသလိုသူတို့ကိုမှီခိုပြီး နေရတဲ့သားမယား၊ ဆွေမျိုးတွေလည်း ဒုက္ခရောက်စရာအကြောင်းမရှိတော့ပါဘူး။ ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီးတော့လည်း ဒုက္ခသည် စခန်းတွေမှာ နေစရာအကြောင်းမရှိပါဘူး။ နှစ်ဦးနှစ်ဘက်သဘောတူပြီး လက်မှတ်ထိုးတော့မယ့် ဆဲဆဲ မှာ ကေအိုင်အေဘက်က မဖြစ်နိုင်တဲ့အချက်တွေ၊ ငြိမ်းချမ်းရေးနဲ့မသက်ဆိုင်တဲ့ အချက်တွေကို ထပ် ပြီး တောင်းဆိုလို့ အခုလို ကချင်ပြည်နယ်အတွင်းမှာ စစ်ရဲ့အနိဌာရုံတွေကို ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ အဲဒီ အချိန်ကတည်းက အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲရင် အခုလောက်ဆို ကေအိုင်အေ ဘက်က အမြဲပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း အတော်ခရီးရောက်နေပါပြီ။

       အခုဆိုရင် ကေအိုင်အေနယ်မြေဟာလဲ လိုင်ဇာ၊ လိုင်စင်နဲ့ မိုင်ဂျာယန်နေရာလေးလောက်ပဲ ကျန်ပါတော့တယ်။ ဒါလည်းကာချုပ်အနေနဲ့ သဘောထားကြီးနေလို့သာ မတိုက်သေးပဲရှိနေတာပဲဖြစ်မှာပါ။ ကျန်နေတဲ့နေရာလေးတွေဘဲ ကေအိုင်အေအနေနဲ့ နယ်မြေသစ်ရဖို့ ပန်းဝါဘက်ကို နယ်ချဲ့ပေမယ့်လဲ NDAK တပ်ဖွဲ့တစ်ဖြစ်လဲ နယ်ခြားစောင့် တပ်တွေကြောင့် အထိအခိုက်အကျအဆုံးများခဲ့ရပါတယ်။ အခုဆိုရင် ကေအိုင်အေရဲ့ အခွန်ကောက်ရာမှောင်ခို လမ်းကြောင်းတွေကလည်း ပိတ်နေတော့ ၀င်ငွေ မရှိတော့ပါဘူး။ ကေအိုင်အေနယ်မြေထဲက သစ်တွေလဲ တရုတ်ကိုခိုးရောင်နေလိုကုန်နေပါပြီ။ 

အခုလဲ လိုင်ဇာမှာနေထိုင်နိုင်ဖို့ ကေအိုင်အေတပ်ဖွဲ့ဝင်အားလုံးနဲ့ မိသားစုဝင်တွေကို ဒုက္ခသည်စာရင်း သွင်းထားပြီး နိုင်ငံတကာအထောက် အပံ့နဲ့ အသက်ဆက်နေရပါတယ်။ ဒီလောက်တောင် ကချင်တစ်မျိုး သားလုံး ဒုက္ခရောက်နေတာကို ဘာကြောင့် ကေအိုင်အို လူကြီးတွေ ဒီတိုင်းကြည့်နေတာလဲ။ ကေအိုင်အေ အနေနဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ချင်တာလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။

          စစ်ရဲ့ဆိုးရွားလှတဲ့ ဒုက္ခတွေကို ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်သားတို့ကလဲ အခုဆိုရင် ကာချုပ်ကြီး ဆီသူတို့ကို ပစ်မထားဖို့၊ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေကို အကာအကွယ်ပေး ဖို့ တောင်းဆိုတဲ့ စာတွေလဲ အပြင်မှာ မကြာခဏတွေ့နေရပါပြီ။ ကေအိုင်အေတို့ ငြိမ်းချမ်းရေးမလိုလားရတဲ့ အဓိကအကြောင်း အရင်းတစ်ခုရှိပါတယ်။ ကေအိုင်အေရဲ့ ရဲဘော်တွေအဆုံးအရှုံးခံ၊ ကချင်ပြည်နယ်ကြီး ထဲက တိုင်းရင်းသား ညီအစ်ကိုတွေကို ခုက္ခခံခိုင်းနေတာတွေက ကမ္ဘာပေါ်မှာ နောင်နှစ်ပေါင်း(၅၀)ကြာရင် မျိုးတုန်းပျောက်ကွယ် တော့မယ့် တန်ဖိုးကြီးမားတဲ့ သံ/ သတ္ထုကြောကြီးက လိုင်စင်ပို့စ်အနီးမှာ ရှိတဲ့ အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကေအိုင်အေခေါင်းဆောင်တွေအနေနဲ့ ရနိုင်သမျှအချိန်ဆွဲထားပြီး ကိုယ်ကျိုးစီပွားအတွက် အမြတ်ထုတ်လက်ဝါးကြီးအုပ်ချင်တဲ့ အရင်းရှင်စနစ်ဆိုးကို လက်ကိုင်ထားနေတယ် ဆိုတာ တွေ့ရပါတယ်။ အေအိုင်အေခေါင်းဆောင်တွေ ကိုယ့်ကျိုးစီးပွားပဲကြည့်နေသ၍ အပစ်အခတ်ရပ် စဲရေးဆိုတာ အလှမ်းဝေးနေအုံး မှာဖြစ်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်