Tuesday, October 02, 2012

လွှတ်တော်အစည်းအဝေးများ ၂၂ ရက်နေ့ ပြန်စမည်

Posted by drmyochit Tuesday, October 02, 2012, under | No comments





 ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ယနေ့ည မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီသတင်းတွင် ကြေညာသွားသည်။ 

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

Posted by drmyochit Tuesday, October 02, 2012, under | No comments



From : The Voice

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။

အဆိုပါ ဥက္ကဋ္ဌသစ် အဖြစ် မည်သူ ဖြစ်လာမည် ကို ထွေထွေ ညီလာခံ ပြီးမှသာ ထုတ်ပြန် ကြေညာ မည်ဖြစ်ပြီး၊
အဆိုပါ ဥက္ကဋ္ဌသစ် ရွေးချယ် ရန် အတွက် အရန် ကော်မတီ များ ဖွဲ့စည်းပြီး၊ အစည်းအဝေး များ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြံခိုင်ရေး ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင် ကဆိုသည်။

ကိုလံဘီယာတွင် အင်အားပြင်းငလျင် လှုပ်ခတ်

Posted by drmyochit Tuesday, October 02, 2012, under | No comments


From :planet


ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများတွင် တုန်ခါ လှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။

ကိုလံဘီယာတွင် အင်အားပြင်းငလျင် လှုပ်ခတ်
ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသော ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တောင်အ မေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများတွင် တုန်ခါ လှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့သည့် ငလျင် သည် မြေမျက်နှာပြင်အောက် မိုင်(၁၀၀)နီးပါးကို ဗဟိုပြု လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး ငလျင်နောက်ဆက်တွဲ သေဆုံး၊ ပျက်စီးမှု သတင်းများ မရရှိခဲ့ဟု အာဏာ ပိုင်များက ဆိုသည်။ ပိုပါယန်မြို့မှ မိုင်ပေါင်း (၃၀)အကွာ မြေအောက်ကို ဦးတည် သည့် ငလျင်လှုပ်ရှားမှုကို မြို့တော် ဘိုဂိုတာမှပင် ခံစား သိရှိခဲ့ကြောင်းလည်း ဒေ သခံ များက ပြောကြားခဲ့သည်။

သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ စည်းကမ်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၆)

Posted by drmyochit Tuesday, October 02, 2012, under | No comments

 မြန်မာ့ဂုဏ်ဆောင် နိုင်ငံတော်သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန် စီးနင်းလိုက်ပါလာသော စင်ကာ ပူလေ ကြောင်းလိုင်းလေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက် လာပြီး နိုင်ငံတော် သမ္မ တ ဦးသိန်းစိန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် ကြိုဆိုနေကြသူများ က 'သမ္မတကြီး ကျန်း မာပါစေ' ဟု ကြွေးကြော် ကြိုဆိုခဲ့ကြသည်။




သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ စည်းကမ်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၅)

Posted by drmyochit Tuesday, October 02, 2012, under | No comments

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ မြန်မာနိုင်ငံသို့ ယနေ့ နံနက် ၉ နာရီ ၃၀ခန့် က ပြန် လည်ရောက်ရှိ လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်သူများစွာက WE LOVE OUR PERSIDENT ဟုကြွေးကြော်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းသိရ သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမေရိကန်နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံအရေးကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ချက် များအပေါ် ပြည်သူ အများမှ ကျေနပ်အားရရှိခဲ့သဖြင့် ယခုကဲ့သို့ ကြိုဆို ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
 


UNFC အတွင်း သဘောထားကွဲလွဲနေကြောင်း KIO ဥက္ကဌ ဦဇောင်းဟရား ပြော

Posted by drmyochit Tuesday, October 02, 2012, under | No comments




KIO အဖွဲ့၏ ဗဟိုဌာနချုပ်(လိုင်ဇာ) တွင် စက်တင်ဘာလ (၂၉) ရက်၌ အစည်းအဝေးတစ်ခုကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် KIO ခေါင်းဆောင် ဦးဇောင်းဟရားမှ UNFC အတွင်း၌ သဘောထားကွဲလွဲ လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဲဒီ အစည်းအဝေးကို (၂၉) ရက်နေ့လည်ပိုင်းမှာ လိုင်ဇာဟိုတယ်၌ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် နှင့် KIO ဗဟိုကော်မတီဝင်များ၊ လိုင်ဇာရှိ ရပ်မိ ရပ်ဖများ၊ တစ်ဖက် တရုတ်နိုင်ငံဘက်မှ ကချင်လူမျိုးခေါင်းဆောင်များ စုစုပေါင်း ၄၅ ယောက်လောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

KIA မှ မန်စီတွင် အတင်းအကြပ် လူသစ်စုဆောင်း၊ လူ(၄၀)ဦး ဖမ်းဆီးခေါ်သွား

Posted by drmyochit Tuesday, October 02, 2012, under | No comments



IA/KIO တို့သည် ဗမာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၂ ခုနှစ် အစပိုင်းမှစတင်၍ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းများဖြင့် အင်အားဖြည့်တင်းလျက်ရာ စက်တင်ဘာလ(၂၈ နှင့် ၂၉) ရက်နေ့ များ မှာ  မန်စီမြို့နယ် အတွင်းမှလည်း လူသစ်(၄၀)ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

တပ်မဟာ(၃) လက်အောက်ခံ အူလန်ပါခရိုင်မှူး ဇော်ရှန်းနဲ့အဖွဲ့ဝင်(၁၀)ဦးဟာ စက်တင်ဘာလ (၂၈) ရက်နေ့ မှာမန်စီမြို့နယ် ကွတ်လုံကျေးရွာ၊ ကုန်ခမ်းကျေးရွာ၊ ပန်ခမ်းကျေးရွာနဲ့ နားလုံကျေးရွာ ၀န်းကျင်တို့ တွင် လယ်လုပ်နေသော ရှမ်းလူမျိုးနဲ့ ကချင်လူမျိုး(၁၅)ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရ ပါတယ်။

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

Posted by drmyochit Tuesday, October 02, 2012, under | No comments


 မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်တခု မြင်ကွင်း (ဓာတ်ပုံ – travelnewsworld.blogspot.com )

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူ များက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၄င်း၏ သမ္မတ သက်တမ်း အတွင်း လုံးဝရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန် ထားပြီး ဖြစ်သော် လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘ၀များ၊ သဘာဝအလှများကို ရည်ရွယ်ချက် ရှိရှိ ပျက်စီးစေ ခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက် လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၄င်းက ဆိုသည်။

သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား ရုပ်ရှင် သရုပ်ဆောင်များ၊ ဆရာဝန်များ၊ စက်ရုံဝန်ထမ်းများ နှင့် နိုင်ငံရေးပါတီများ ကလည်း လာရောက်ကြိုဆို ကြိုဆို (၄)

Posted by drmyochit Tuesday, October 02, 2012, under | No comments

သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား ရုပ်ရှင် သရုပ်ဆောင် ဖွေးဖွေး၊ အေးမြတ်သူ၊ ဇင်ဝိုင်း၊ ဒါရိုက်တာ ဝိုင်း နှင့် အဆိုတော် ဇော်ပိုင်၊ ကဗျာဘွဲ့မှူး။ ဝိတိုရိယဆေးရုံ မှ ဝန်ထမ်းများ၊  စက်ရုံဝန်ထမ်းများး နှင့် ဒီမိုကရက်တစ်ပါတီ ၊ NDF ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှ လာရောက်ကြိုဆို ကြိုဆို ခဲ့ကြသည်။ 


သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ သိက္ခာရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၃)

Posted by drmyochit Tuesday, October 02, 2012, under | No comments

ယနေ့ (အောက်တိုဘာ ၁ရက်) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ သည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗီနိုင်းများ၊ ရုပ်ပုံများ၊ အလံငယ်များ ကိုင်ဆောင် လျှက် ကြိုဆိုနေကြသည့်  ပြည်သူများကိုတွေ့ရစဉ်။  



သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ အဆင့်တန်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၂)

Posted by drmyochit Tuesday, October 02, 2012, under | No comments

အမေရိကန်နိုင်ငံမှ Silk Air လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင်ရောက်ရှိလာသော ကမ္ဘာ့အလည်တွင် မြန်မာ့ဂုဏ်ရောင် ထွန်းပြောင်စေရန် စွမ်းဆောင် လာခဲ့သည့် မြန်မာ့ ဒီမိုကရေစီဖခင် ဒေါက်တာ ဦးသိန်းစိန်အား   နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ကြိုဆိုနေကြသူများ။


သမ္မတကြီး ဒေါက်တာ ဦးသိန်းစိန်အား သောင်းချီသော လူအုပ်ကြီးမှ စည်းကမ်းရှိရှိ သောင်းသောင်းဖျဖျကြိုဆို (၁)

Posted by drmyochit Tuesday, October 02, 2012, under | No comments

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈နာရီက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းမတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖိအားပေးစေခိုင်းခြင်းကြောင့်မဟုတ်ဘဲ မိမိတို့သဘောဆန္ဒဖြင့် လာရောက် ဂုဏ်ပြု ကြိုဆို ရန်စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်။


ပြည်တွင်းပဋိပက္ခ ဒေသများအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာ ငါးသန်း ခွဲတမ်းပေးမည်

Posted by drmyochit Tuesday, October 02, 2012, under | No comments

From : Myanmar Express

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးပိုင်းကို အဓိကပံ့ပိုးပေးမည့် ကမ္ဘာ့ဘဏ်၏ အကူအညီ ဒေါ်လာ ၈၅ သန်းအနက် ပြည်တွင်းရှိ ပဋိပက္ခဒေသများအတွက် ဒေါ်လာငါးသန်းကို ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် ရပ်ရွာအဖွဲ့အစည်းများသို့ လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခနေရာများတွင် ယခင်ကတည်းက ရှိခဲ့ဖူးသည့် လူမှုစောင့်ရှောက်ရေး စီမံကိန်းများကို ပိုမိုခိုင်မာလာစေရန် ဒေါ်လာငါးသန်း ကို ယခုကဲ့သို့ ခွဲဝေစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထပ်လောင်းပြောကြားသည်။ ထို့နောက် ကျန်ဒေါ်လာသန်း ၈၀ ကိုလည်း လာမည့်အောက်တိုဘာလတွင် မြန်မာအစိုးရ၏ ရပ်ရွာဖွံ့ဖြိုးရေး စီမံကိန်း များအတွက် တိုက်ရိုက်လွှဲပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံပေါင်း ၉၀ ကျော်တွင် ရပ်ရွာဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများ (Community-driven Development) ကို ၂၅ နှစ်နီးပါး အတွေ့အကြုံရရှိခဲ့ပြီး စီမံကိန်းပေါင်း ၇၅၀ ကျော်ကို လုပ်ဆောင် ခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ကုန်ကျခဲ့ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်များအရ သိရသည်။ ကမ္ဘာ့ဘဏ်သည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသများရှိ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် CDD စီမံကိန်းများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ တွင်လည်း ယင်းစီမံကိန်းကို ယခုနှစ်မှစတင်ကာ နောက်သုံးနှစ်မှ ငါးနှစ်အတွင်း စီမံကိန်းချ မှတ် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်လည် ပတ်တော့မည်ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပယ်မလာကော့စ်က သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှု အခြေအနေ စာရင်း ကောက်ယူမည်

Posted by drmyochit Tuesday, October 02, 2012, under | No comments

From : Myanmar Express

မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ကို ဗဟိုပြု၍ ရန်ကုန်- ပဲခူး လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ ရန်ကုန်-ပုသိမ် လမ်းပိုင်းဟူ၍ လမ်းအပိုင်းသုံးပိုင်း သတ်မှတ်ပြီး ထွက်ခွာသော ကုန်တင်ယာဉ်နှင့် ကုန်ပစ္စည်း တင်ဆောင်မှု အခြေအနေများကို စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။ ရန်ကုန်-ပဲခူး လမ်းအပိုင်းကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ စာရင်းကောက်ယူလျက်ရှိပြီး အဓိကအားဖြင့် အဆိုပါ လမ်းပိုင်းများတွင် ကုန်တင်ယာဉ် ထွက်ခွာ သတင်းပို့စနစ်ဖြင့် စာရင်းကောက်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စာရင်း ကောက်ယူခြင်းအားဖြင့် မြန်မာတစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှုကို အကြမ်းဖျင်း သိရှိနိုင်မည်ဖြစ်ပြီး အဆိုပါ စနစ်သည် ကုန်စည်စီးဆင်းမှုပမာဏ တိုးချဲ့နိုင်ရေးနှင့် ကုန်းလမ်းပို့ဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


MM Speaker Application အကူအညီဖြင့် မြန်မာစကား မတတ်သော ဒေါ်အောင်ဆန်းစုကြည်၏ သားများ အဆင်ပြေစွာပြောဆိုနိုင်မည်

Posted by drmyochit Tuesday, October 02, 2012, under | No comments



မြန်မာဘာသာစကား လုံးဝမတတ်သော ဒေါ်အောင်ဆန်းစုကြည်၏ သား ၊ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြေးများအတွက်  ယခုအခါ MM Speaker Application အကူအညီဖြင့် ယင်းအခက် အခဲကို ပြည်လည်အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သတင်းကြားသိရသည်။ MM Speaker Application သည် မြန်မာဘာသာစကားပြောဆိုရာတွင် မြန်မာစကားတတ်သော ဗိုချုပ်၏ မြေးများ အတွက် အသံထွက်ရန် ခက်ခဲသည့် စကားလုံးများကို မြန်မာသံဖြင့် ထုတ်ဖေါ်ပြောဆိုပေးစေ ရန် ဆော့ဝဲလ်ရေး ဆွဲထားခြင်းဖြစ်ပြီး ယခု Application အား iphone,ipad  နှင့်  iod Touch  များတွင် ထည့်သွင်း အသုံးပြုနိုင်သွားပြီဖြစ်ကြောင်းသိရသည်။

ဒေါ်စု၏ မြေး ပေါက်စလေးများအတွက် အချိန်မှီ သုံးနိုင်ရန် တီထွင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် မသေခင် သင်ကြားနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ အကယ်ရေ အခုချိန် ဒေါ်စု မသာပေါ် သွားပါက ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ မျိုးဆက် တစ်ခုလုံးတွင် မြန်မာစကား လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

From: Myanmar Express

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်