Sunday, October 07, 2012

ဗုဒ္ဓဘာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲ ပြသမည်

Posted by drmyochit Sunday, October 07, 2012, under | No comments


From :  ကြေးမုံ



ရွှေတိဂုံစေတီတော်ရင်ပြင်၏ ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ နိုဝင်ဘာ ၃ ရက် မှ ၁၈ ရက်အထိ မြန်မာ-ဂျပန် နှစ်နိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲကို (ဒုတိယအကြိမ်) ပြသမည် ဖြစ်သည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သူရဲကောင်းစစ်သည်ဗိမာန်အတွင်း လွမ်းသူပန်းခြင်းနှင့် အလေးပြု

Posted by drmyochit Sunday, October 07, 2012, under | No comments



ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tana- sak Patimapragorn နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်ဖွဲ့ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ထိုင်းနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၈ ရက် နံနက်ပိုင်းက သူရဲကောင်း စစ်သည်ဗိမာန်သို့ သွားရောက်ပြီး လွမ်းသူပန်းခြင်းချကာ အလေးပြု ကြသည်။



သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကြောင့် မြန်မာအားငွေကြေး အထောက်အပံ့ပေးမည့် ဥပဒေအား အိုဘားမားလက်မှတ်ထိုး အတည်ပြု

Posted by drmyochit Sunday, October 07, 2012, under | No comments



အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း များမှတစ်ဆင့် မြန်မာနိုင်ငံအား ငွေကြေး အထောက်အပံ့ပေး ခွင့်ပြုမည့် ဥပဒေ မူကြမ်းအား ဥပဒေ တစ်ခု အဖြစ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယနေ့တွင် လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။

နေ့ လည်ကျောင်းဆင်း ထမင်းစားနားချိန်တွင် ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရ

Posted by drmyochit Sunday, October 07, 2012, under | No comments



အောက်တိုဘာ ၂ရက်နေ့ က နေ့ လည်ပိုင်းထမင်းစားကျောင်းဆင်း ချိန်တွင်စစ်ကိုင်းမြို့ နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်း ထောင်ကျ

Posted by drmyochit Sunday, October 07, 2012, under | No comments



ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊ ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုး ယူပြီး စာနယ်ဇင်းသမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံး တစ်ရုံး ကနေ စနေနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ကဒုံကနိ ရဲစခန်းတွင် အချုပ်ခံရသူများ လွတ်မြောက်ရန် လူစုလူဝေးဖြင့် ဆန္ဒပြ

Posted by drmyochit Sunday, October 07, 2012, under | No comments



ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ရဲစခန်းတွင်ရေလုပ်ငန်းရှင် မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့်ဖမ်းဆီးထားသည့် ရွာသား ၂၅ ဦးကို ပြန်လည်လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များကရဲစခန်းရှေ့တွင် တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက ပြောကြားသည်။

ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်

Posted by drmyochit Sunday, October 07, 2012, under | No comments


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များအား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့ကအကြမ်း ဖက်မှု များပြု လုပ်နေခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေး ရာ ကောင်စီဌာန ချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။

မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

Posted by drmyochit Sunday, October 07, 2012, under | No comments



ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင်၏ နေအိမ်သို့  သေနတ်အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။
ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။ ခင်ပွန်းသည် ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ ရောက်လာတဲ့ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြခဲ့ တာကြောင့်အ ထက်ပါ လိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ


``နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ် ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲ ကိုရောက်လာပါတယ်။

 အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော် မှစေလွှတ်လိုက်တဲ့ သူဖြစ် ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီး ထပ်တောင်းပါတယ်။

ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ် လို့ပြောပြီး ပြန်ထွက်သွားပါ တယ်။ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆို တာတွေကို ဆောင် ရွက်ပေးခဲ့ တာပါလို့ ´´ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။





တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေ ပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒို ကား (နံ့သာ ရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်းသို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီး နိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်း ကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက် စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။

ရှမ်းသတင်း


အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းမှ ရလဒ်ကောင်း ရရှိခဲ့

Posted by drmyochit Sunday, October 07, 2012, under | No comments




AFF SUZUKI Cup 2012 ခြေစစ်ပွဲစဉ်များ ထဲမှ တစ်ပွဲဖြစ်သည့် အိမ်ရှင်မြန်မာ အသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရပါတယ်။

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

Posted by drmyochit Sunday, October 07, 2012, under | No comments



အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamzaနဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန် ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေးအခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်"

Posted by drmyochit Sunday, October 07, 2012, under | No comments



`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင် ကယ် စီးယောကျား တစ်ဦး မှအောက်တိုဘာ၎ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရ သည်။

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ

Posted by drmyochit Sunday, October 07, 2012, under | No comments



ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင် ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက် သည်။

ဖားကန့် ဂွေခါမော်မှာ တိုက်ပွဲဖြစ်၊ KIA (၃) ယောက်ကျ ဗမာတပ် တစ်ယောက်ဒဏ်ရာရ

Posted by drmyochit Sunday, October 07, 2012, under | No comments



KIA တပ်မဟာ (၂) တပ်ရင်း(၆) တပ်တွေနဲ့ ဗမာစစ်တပ်တို့ ဖားကန့် ဒေသ ဂွေခါမော်မှာမနေ့က (အောက်တို ဘာ(၅)ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဗမာတပ်များ တက်လာစဉ်တွင် KIA တပ်တွေနဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး မနက် (၇) နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲ မှာ နှစ်ဘက်တပ်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက် လောက်ကြာ သော အခါ KIA ဘက်ကရှောင်ထွက်သွားတယ်လို့ သိရပါတယ်။

KIA ကဆရာကြီး မဂျီလဆိုင်း ကျွဲတွေကိုဖမ်းဆီးပြီး တရုတ်သို့ ကိုယ်တိုင်သွားရောင်းစား

Posted by drmyochit Sunday, October 07, 2012, under | No comments



အောက်တိုဘာလ (၄) ရက်တွင် KIA တပ်မဟာ(၃)၀န်ဂေါဘွမ်မှာရှိနေတဲ့တပ်ရင်းမှ ဆရာကြီး မဂျီလဆိုင်း သည် တစ်ဖက်တရုတ်ပြည်သို့ ကျွဲမှောင်ခို ကုန်ကူးလာသော လထော်ထံမှကျွဲအကောင်(၃၀)အား  မန်စီမြို့နယ် ၊ဂျာမိုင်ရွာနားမှာ ဖမ်းဆီးပြီး တောလမ်းအတိုင်း တရုတ်နိုင်ငံထဲမှာ ကိုယ်တိုင် သွားရောင်းခဲ့ တယ်လို့ သိရ ပါတယ်။ ဆရာကြီး မဂျီလဆိုင်းနှင့်အတူ KIA တပ်သား လေးယောက်ပါလာပြီး ဖမ်းစဉ်တွင် KIA ၀တ်စုံများ ၀တ်ထားကြောင်းနှင့် ဂျာမိုင်ရွာ နားက တောလမ်းမှာ စောင့်နေပြီးဖမ်းသွားတာဖြစ်ကြောင်း သိရပါတယ်။

ရေဓာတ်ငွေ့ဖြင့် အင်ဂျင်မောင်းနိုင်သည့်နည်းကို စီးပွားဖြစ်သုံးနိုင်ပြီ

Posted by drmyochit Sunday, October 07, 2012, under | No comments



ချောင်းရေ၊ မြစ်ရေနှင့် အ၀ီစီရေတို့မှ ဓာတ်ငွေ့ဖြင့် အင်ဂျင်များကို မောင်းနှင်နိုင်သည့်နည်းကို စီးပွားဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အာဆီယံအင်ဂျင်နီယာအသင်းဝင် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်သစ်မှ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်