Monday, October 22, 2012

နန်းခင်ဇေယျာ Miss Internet ဆု ရပြီ

Posted by drmyochit Monday, October 22, 2012, under | No comments


 
မြန်မာပြည်မှာ အင်တာနက် မြန်နှုန်း နိမ့်ပေမယ့် အိုကီနာဝါကျွန်း ၂၀၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲမှာ မြန်မာ ပြည်ကိုယ်စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာကတော့ Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ်နယ်က မြန်မာပြည် သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားတာဖြစ်ပါလိမ့်မယ်။

ဖားကန့်ဒေသနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံ ဆန္ဒပြုလက်မှတ် တစ်သိန်းကျော်ကို နိုင်ငံတော်သမ္မတနှင့် ကေအိုင်အေသို့ ပေးပို့

Posted by drmyochit Monday, October 22, 2012, under | No comments


Photo: ဖားကန့်ဒေသနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံ ဆန္ဒပြုလက်မှတ် တစ်သိန်းကျော်ကို နိုင်ငံတော်သမ္မတနှင့် ကေအိုင်အေသို့ ပေးပို့

MONDAY, 22 OCTOBER 2012 02:08

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ငြိမ်းချမ်းရေးလိုလားသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ စကာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့များနှင့် ပေါင်းစည်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖားကန့်ဒေသငြိမ်းချမ်းရေးအတွက် ဒေသခံပြည်သူများက စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှာ အောက် တိုဘာလ ၁၀ ရက်နေ့တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဆန္ဒပြုလက်မှတ်များ ပါဝင်သော စာအုပ်များကို နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ကော် မရှင်ဥက္ကဋ္ဌ၊ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့နှင့် ဖားကန့်ဒေသ ကေအိုင်အေတပ်မဟာ(၂)နှင့် ဌာန ချုပ်သို့လည်းကောင်း အောက်တိုဘာလ ၁၉ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။

''ဒီလက်မှတ်တွေထဲမှာ ဖားကန့် ဒေသမှာရှိတဲ့ ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင် လူမျိုးပေါင်းစုံပါတယ်။ အဓိက ကတော့ ပြည်သူတွေရဲ့ ဆန္ဒကို အခုလာမဲ့ ငြိမ်းချမ်းရေးဆွေနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက အမှန် တကယ်သိစေချင်တယ်။ အခုလောလောဆယ် မိုးညှင်း၊ မိုးကောင်းမှာလည်း ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး ရလိုတဲ့ ဆန္ဒလက်မှတ်တွေကို စုဆောင်းနေတုန်းရှိသေးတယ်''ဟု ငြိမ်းချမ်းရေးလှုပ်ရှားနေသူ ဖားကန့်မြို့ ဒေသခံ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

လာမည့်အောက်တိုဘာ ၂၄ ရက် ကမ္ဘာကုလသမဂ္ဂနေ့တွင် ''ဖားကန့်ဒေသ ငြိမ်းချမ်းပါစေ'' စာတန်း ပါသော စတေကာများကို ဖားကန့်မြို့ငြိမ်းချမ်းရေး လှုပ်ရှားသူများက ဖားကန့်ဒေသများတွင် အခမဲ့ဖြန့် ဝေဦးမည်ဖြစ်ပြီး အခြားသောငြိမ်းချမ်းရေး တောင်းဆိုမှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် ကြဦးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖားကန့်ဒေသအတွင်းတွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ကေအိုင်အေနှင့် တပ်မတော်အကြား နှစ်ဖက်ပစ်ခတ်မှု၊ ဒေသမအေးချမ်းမှုတို့ကြောင့် အရပ်သားလေးဦးသေ ဆုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ကျဆုံးသူဦးရေ ၂၀ နီးပါးရှိနေပြီဟု ဖားကန့်ဒေသခံများနှင့် ယာဉ်မောင်းများက ပြောကြားသည်။ ဖားကန့်ဒေသတွင် အောက်တိုဘာလ ၁၅ ညနေ ၆ နာရီ စာရင်းအရ ‘ဒုက္ခသည်ဦးရေပေါင်း ၃၇၈၉ ဦးရှိနေပြီး အများစုမှာ ဆန်၊ အ၀တ်အထည်၊ ဆေးဝါးလုံလောက် မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

(Eleven) 
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ငြိမ်းချမ်းရေးလိုလားသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ စကာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့များနှင့် ပေါင်းစည်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖားကန့်ဒေ သငြိမ်းချမ်းရေး အတွက် ဒေသခံပြည်သူများက စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှာ အောက် တိုဘာလ ၁၀ ရက်နေ့တွင် လူဦးရေ တစ်သိန်း တစ်သောင်းကျော် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

OIC ကို အမေရိကန်တွင်လည်း ဆန္ဒပြ

Posted by drmyochit Monday, October 22, 2012, under | No comments



မြန်မာ တိုင်းရင်းသား ၁၀၀ ခန့်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ OIC ရုံးချုပ်ရှေ့သို့ သွားရောက်ပြီး အောက်တို ဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။ ဆန္ဒပြပွဲတွင် မြန်မာ နိုင်ငံတွင် Organization of Islamic Cooperation (OIC) အနေဖြင့် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် နေခြင်း အပေါ် ကန့် ကွက်ခဲ့ ကြပြီး၊ ဆန္ဒပြသူများက မြန်မာပြည်သူလူထု၏  သဘောထားကို လေးစား လိုက်နာရန် OIC ကို တောင်းဆိုခဲ့ကြသည်။

အင်းလျားကန်ပေါင်တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ဆန်စွာ ရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

Posted by drmyochit Monday, October 22, 2012, under | No comments

 


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျား ကန်ပေါင် သို့ ဆိုင်ကယ် များဖြင့် အုပ်စုဖွဲ့ လာ ရောက်ပြီး လုံခြုံရေး ၀န်ထမ်းနှင့် ဆိုင်ဝန် ထမ်းများကို မင်းမဲ့ စရိုက် ဆန်စွာ ၀ိုင်းဝန်း ရိုက်နှက် ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ငါးရာဦးခန့် နှုတ်ထွက်ပွဲကျင်းပ မည်ဟုသိရ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ပါတီတွင်းဗဟိုဦးစီးစနစ် ကျင့်သုံးနေ မှုများအား လက်မခံနိုင်တော့၍ ပုသိမ်မြို့ စကားဝါလမ်း တွင်ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပါတီဝင် ငါးရာဦးခန့်သည် လာမည့် အောက်တို ဘာလ  ၂၇ ရက်နေ့တွင် ပါတီဆိုင်းဘုတ် ဖြုတ်ချခြင်းနှင့် ပါတီမှနှုတ်ထွက်ပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။

မောင်တော သစ်တောဦးစီးဌာန ရုံးမှ စာရေးမ တစ်ဦးအား အရေးယူခြင်း ၊ ပြောင်းရွေ့ ခြင်းမရှိသေး (ပေးစာ)

Posted by drmyochit Monday, October 22, 2012, under | No comments


 
မောင်တောခရိုင်ရုးံ မှ စာရေးမ  ဒေါ်နွယ်နွယ်ဦး သည် လက်ထောက် ညွန်ကြား ရေးမှူး ဦးမောင်မောင်နိုင်ကို တိုင်ကြား စာနှင့်ပတ် သက်၍ ဧရာဝတီတိုင်း ဒေသကြီး သို့ ပြောင်းရွေ့ ထွက်ခွာ သွားခြင်း မရှိ ပါ၊  အထက် လူကြီး များ၏ အမိန့်ကို မနာခံခြင်း ၊လေးစားလိုက်နာမှု မရှိဘဲ ကလန်ကဆန် ပြုလုပ်နေသည် ဟု သိရပါသည်၊၊ 

အမေရိကပြည်ထောင်စု နယူးယောက်မြို့ရှိ -OIC- ရုံးချုပ်ရှေ့မှာ ရခိုင်သားတွေ စိန်ခေါ်ဆန္ဒပြ ကန့်ကွက် ကြပြီ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ဤနေ့တွင် နယူးယောက်မြို့ နေ ရခိုင် လူမျိုးများနှင့် တိုင်းရင်းသားလူမျိုများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိ သူများက အင်တိုက်အားတိုက် -OIC- ရုံးခမ်းဖွင့်လှစ်မည့် အဂေးနှင့် ပတ်သက်၍ ဆန္ဒပြကန့်ကွက်ပွဲသို့ လာခဲ့ကြသည်။ ၄င်း ဆန္ဒပြပွဲတွင် ရခိုင်လူမျိုးများ သဘာပတိ ဦးခိုင်အောင်ကျော်မှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ယနေ့ သံတွဲတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့ပို့ ဆောင်ရန်နဲ့ OIC ရုံးဖွင့်ရန်ကန့် ကွက်ကြောင်း ဆန္ဒဖော်ထုတ်

Posted by drmyochit Monday, October 22, 2012, under | No comments


 
ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုး များအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင် ငံသို့ ပြန်လည် ပို့ဆောင်ရန် နဲ့ OIC ရုံးဖွင့်ရန် ကန့်ကွက်ကြောင်း အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့ လည် ၁၂နာရီတွင် ဆန္ဒပြခဲ့ကြသည် ဟုသတင်းရရှိသည်။ 

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး

Posted by drmyochit Monday, October 22, 2012, under | No comments


 
နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော OIC(Origanization of The Islamic Cooperation) က မြန်မာနိုင်ငံ တွင်ရုံး စိုက်မည် ဟု သတင်း များထွက်ပေါ် လာသည့် အတွက် ရန်ကုန်၊ မန္တလေး နှင့် ရခိုင် ပြည်နယ် စစ်တွေမြို့ တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံ တွင် OIC ရုံးကို လုံးဝ ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကယနေ့ နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ကတိပေး ပြောကြားသည်။

OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ (သတင်းအပြည့်အစုံ)

Posted by drmyochit Monday, October 22, 2012, under | No comments


 
IC ဆက်ဆံ ရေးရုံး ဖွင့်မည့် ကိစ္စနှင့်ပတ် သက်ပြီး လူထု ဆန္ဒ ဖော်ထုတ် ပွဲကို သံတွဲမြို့တွင် ယနေ့ နေ့နေ့ လယ် ၁နာရီက ၃နာရီ အထိပြု လုပ်ခဲ့ ကြသည်။ ယနေ့ ဆန္ဒထုတ်ဖေါ်မှုဖြင့် သက်ဆိုင်ရာ၏ တရားဝင် ခွင့်ပြု ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူထုအင်အား ၆၀၀၀ ခန့်ပါဝင်ကြသည်။

မပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

Posted by drmyochit Monday, October 22, 2012, under | No comments


 
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။ 
ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်း ရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာမြို့ထဲရှိ မွတ်ဆ လင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒ ပြခဲ့ ကြသည်ဟု သိရ သည်။၎င်း ဆန္ဒ ဖေါ်ထုတ် ပွဲကို ရဟန်း တော်များနှင့်  ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြု လုပ်ခဲ့ ကြသည်ဟု သတင်း ရရှိသည်။ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့်ပတ်သက်ပြီး နေပြည် တော်တွင် ရောက်ရှိနေ သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာသို့ ပြောသည်။

အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာ ယာမြို့နယ် တွေက အလုပ် သမား သမဂ္ဂ အဖွဲ့ အစည်း တွေက သက်ဆိုင်ရာ မြို့နယ် အသီး သီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက် ထား တာကို အာဏာပိုင် တွေကက ခွင့်ပြု လိုက်ပြီလို့ သိရပါတယ်။

လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေစိုးရိမ်ရ

Posted by drmyochit Monday, October 22, 2012, under | No comments

 
လက်ပန် တောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး၊ လက်ပန် တောင်းတောင် ပြည်သူ့ ညီလာ ခံသို့ ရောက်ရှိ သတင်း ယူနေသူ သတင်း မီဒီယာ သမား တဦး၏ လုံခြုံရေး အခြေ အနေမှာ စိုးရိမ်ဖွယ် ရှိကြောင်း လက်ပန် တောင်းတောင် ဒေသသို့ ရောက်ရှိ နေသော ရန်ကုန် နိုင်ငံရေး သမားတဦးက ပြောကြား သည်။

KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ကချင် လွတ်လပ် ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များ အကြား  တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွား လာခဲ့ သည့် တနှစ်ကျော် ကာလအတွင်း မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံပြည် သူများ ဖမ်းဆီးခံရသူ အနည်းဆုံး ၃၂ ဦးခန့် ထောင်ဒဏ် ချမှတ် ခံရပြီး ဖြစ်ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။ 

မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက် ခဲ့ကြောင်း သတင်း ရရှိသည်။ စုစုပေါင်း ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု မင်းပြား မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးသာကျော်က ပြောသည်။ “ ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါ သွားပါ တယ်။ ဖြစ် တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက် ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်