Thursday, October 25, 2012

မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားလျှက်ရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments



မြောက်ဦး မြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက် မီးရှို့ တိုက်ခိုက် မှုများယနေ့ အချိန် ထိ ဆက်လက် ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။ ယနေ့တိုက်ခိုက်မှုမှာ နေ့လည် (၁)နာရီ ခန့်၌ မြောက် ဦးမြို့အနီး တွင်ရှိသော ရခိုင် ရွာတစ်ရွာ သို့ ဘင်္ဂလီများ၏ အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်းကို ရခိုင်များက ဝင်ရောက် တားဆီးရာမှ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့များ လုံခြုံရေးအဆင့် မြှင့်

Posted by drmyochit Thursday, October 25, 2012, under | No comments


၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသား နေအိမ် များသို့မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ  စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညနေ ပိုင်းတွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံး သူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

Posted by drmyochit Thursday, October 25, 2012, under | No comments


ကျောက်ဖြူမြို့တွင် ယမန်နေ့ကတိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက်မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့်ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည် ကို ကိုယ်တိုင် သွားကြည့် ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

(ယခုသတင်း) အရေးအခင်းအတွင် ဘုန်းကြီး (၂) ပါးအပါအ၀င် လူ (၆)ဦးထက်မနည်း သေဆုံး

Posted by drmyochit Thursday, October 25, 2012, under | No comments


၎း၁၈ နာရီ မြောက်ဦးမြို့ သတင်းမြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာ အရေးအခင်းအတွင် ဘုန်းကြီး (၂) ပါးအပါ အ၀င် လူ (၆)ဦးထက်မနည်း သေဆုံးကြောင်းကို သိရှိရပါသည်။ ဤသတင်းကို အတည်ပြုနိုင်ရန်အတွက် RSV က ဆက်လက်ကြိုးစားနေပါသည်။ ထိခိုက် ဒဏ်ရာ အများအပြား ရှိကြောင်းလည်း သိရှိရ ပါသည်။

"မပြေလည်သေးသော ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်"

Posted by drmyochit Thursday, October 25, 2012, under | No comments


ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလား ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ''ရခိုင်ပြည်နယ်အရေး အတွက် စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ် နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။ ရခိုင် ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက် သွား အောင်လို့ ဥပဒေစိုးမိုး ရေး ရှိရမယ်ဆိုတာ ပြောတာ။

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments


မောင်တောမြို့နယ် ဝန်ထမ်းများ နေထိုင်သည့် ဖက်ဝန်းချောင်းကျေး ရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တ ရာယ်ကို စိုးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ သွားရောက် အကြောင်းကြား သော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

မြောက်ဦးမြို့အဓိကရုဏ်းအတွင်း စစ်တွေသို့ဆေး ကုသရန် ရောက်ရှိနေသူများ စာရင်း

Posted by drmyochit Thursday, October 25, 2012, under | No comments


မြောက်ဦးမြို့နယ် ပုရိန်ရွာနှင့် ယိုင်သည်ရွာတို့မှ ဘင်္ဂလီများ တိုက်ခိုက်မှုကြောင့် စစ်တွေဆေးရုံတွင် တက်ရောက် ကုသနေ ရသည့် ဒါဏ်ရာရ ရခိုင် တိုင်းရင်းသားများ အားအာရ်ကန်တိုင်းမ်စ် သို့သတင်း ပေးပို့ချက်အရ ဖော်ပြပေး လိုက်ရပါသည်။

မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားလျှက်ရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments


မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုများ ယနေ့ အချိန်ထိ ဆက်လက်ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။ ယနေ့တိုက်ခိုက်မှုမှာ နေ့လည် (၁)နာ ရီခန့်၌ မြောက်ဦးမြို့ အနီးတွင်ရှိသော ရခိုင် ရွာတစ်ရွာသို့ ဘင်္ဂလီများ၏ အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်း ကို ရခိုင်များက ဝင်ရောက် တားဆီးရာမှ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘန်ကီမွန်းလည်း Gangnam Style သင်ယူနေပြီ

Posted by drmyochit Thursday, October 25, 2012, under | No comments


ကိုရီယား အဆိုတော် PSY ရဲ့ Oppa Gangnam Style ဆိုတဲ့ ကမ္ဘာတ၀ှမ်း လူကြိုက်များတဲ့ အကနဲ့ သီဆိုဖျော်ဖြေ မှု ဟာ အခုဆိုရင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် ကိုရီယား လူမျိုး လည်းဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်း ဆီပါ ရောက်လာပါပြီ။ ဒီအတိုင်းဆိုရင် အိုပါ ယူအန်စတိုင်လို့ ခေါ်ရမ လား။ အိုပါး ဘန် ကီစတိုင်လို့ ခေါ်ရမ လားရယ်ပါ။ 

ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြီ

Posted by drmyochit Thursday, October 25, 2012, under | No comments


ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့တွင် ရခိုင်နှင့် မွတ်ဆ လင်များ တစ်ဘက်နှင့် တစ်ဘက် အကြီး အကျယ် မီးရှို့ နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ “ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင် နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မီးရှို့မှု ဖြစ်ပွားနေ(ယခု သတင်း)

Posted by drmyochit Thursday, October 25, 2012, under | No comments



ရခိုင် ပြည်နယ် ပေါက်တောမြို့ တွင်အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မီးရှို့မှု ဖြစ်ပွား လျက်ရှိ ကြောင်း သိရသည်။ ပေါက်တောမြို့ ဗ၀န်း ရပ်ကွက် တွင်ရှိသော ဘင်္ဂလီ များနှင့် ပေါက်တောဒေသခံ အချို့ ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ယခုအခါ တွင် ဗ၀န်းရပ်ကွက်ရှိ အိမ်အချို့နှင့် တောင်ဖူမြစ်ကမ်းနား တွင် နေထိုင်လျက် ရှိသော အိမ်အချို့ မှာ မီးလောင် မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယနေ့  ၃ နာရီရရှိလာသော ဒုက္ခသည်များ မိမိရွာများ၊ အိမ်များကို ပစ်ပြီး မြောက်ဦးမြို့သို့ ထွက်ပြေးလာ

Posted by drmyochit Thursday, October 25, 2012, under | No comments


ပုရိန်ရခိုင်ရွာကို ဘင်္ဂလီများ ၀င်ရောက် တိုက်ခိုက်
-မြောက်ဦးမြို့နယ် ပရိန်ကျေးရွာကို ဘင်္ဂလီကုလားများ ၀င်ရောက် တိုက်ခိုက်လျှက်ရှိပါသည်။ ယခု သတင်း အရ ရခိုင်(၃)ယောက် ဒဏ်ရာအပြင်းအထန်းရရှိထားသည်ဟု RSV သတင်းထောက်မှ သတင်း ပေးပို့ လာပါသည်။ ယခုအခါ အခြေအနေမှာ ပို၍ ဆိုးရွာလာသည်ဟု သိရှိရပါသည်။ ဓာတ်ပုံများကို ညနေ ဖက်တွင် ပို့ပေးမည်ဟု RSV မှ သတင်းပို့ပေးသည်။

သီရိလင်္ကာ သမ္မတ၊ တမီးလ်သူပုန်များနှင့် ကေအိုင်အေ

Posted by drmyochit Thursday, October 25, 2012, under | No comments


ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ဆိုတဲ့ကာလအစောပိုင်းမှာ သီရိလင်္ကာနိုင်ငံရဲ့ အစိတ်အပိုင်းဒေသတွေမှာ တမီးလ် သူပုန် တွေရဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ဒါကို သဘောပေါက်ခဲ့တဲ့အတွက် သီရိလင်္ကာ သမ္မတ ဟာ တမီး လ် သူ ပုန်ေ တွကို အမြစ်ဖြုတ်တိုက်မှ နိုင်ငံအေးချမ်း တိုးတက် မယ်ဆိုတာ သဘောပေါက် ခဲ့ပြီး သော င်း ကျန်း သူ အမြစ်ဖြတ်ချမှုန်းရေးကို လုပ်ဆောင်ခဲ့ပါတယ်။

တမီးလ် သူပုန်များကို ကြည့်မယ်ဆိုရင် ၁၉၇၀ အစောပိုင်းကာလများထဲက ပညာရေး၊ ကျန်းမာရေး၊ ဘာ သာ စကား၊ လူမျိုးရေးခွဲခြားမှုတွေကို  တွေကို ဆန့်ကျင်တော်လှန်ရာမှ လက်နက်ကိုင် အင်အားစု၊ လက် နက် ကိုင် တပ်ဖွဲ့၊ တမီးလ် တပ်မတော် ဆိုပြီး ဖြစ်လာပါတယ်။( မြန်မာနိုင်ငံ မှာ တော့ လွှတ်တော်ကြီးရှိေ န တာေ ကြာင့် ဘာမှ အငြင်းပွားစရာ မရှိပါဘူး) လက်နက်ကိုင် အကြမ်းဖက်မှုတွေကိုလုပ်၊ တပ်မတော်ကို တိုက်ခိုက်တာတွေလုပ်လာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာေ တာ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့ပါတယ်။ တမီးလ်တွေလဲ လုံးဝ ခွဲထွက်ရေး၊ လွတ်လပ်ရေး မဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ တောင်းဆိုဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဆုံး ဆြို ပီး အားလုံး ၀ိုင်းပြော ခဲ့ကြ တဲ့ ထိုငြိမ်း ချမ်းမှုဟာ တာရှည်မခံပါဘူး။

တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်မှုတွေ ပြန်ဖြစ်လာကြတယ်။ အစိုးရအဖွဲ့အနေနဲ့ သည်းမခံနိုင်စ ရာ တွေဖြစ် လာ ခဲ့တဲ့နောက်တော့ ၂၀၀၉၊ ဖေဖော်ဝါရီ မှာ အစိုးရကနေ တမီးလ်တွေကို အပြီးသတ် ချေမှုန်းမယ်   ဆိုပြီး ကြေငြာခဲ့ ပါတော့တယ်။စစ်ပွဲတွေ မှာ သုံးရတဲ့ ပိုက်ဆံတွေကြောင့် တမီးလ်တွေ ရန်ပုံငွေ နည်းလာ တယ် ။ ကြာတော့  အချင်းချင်း အကွဲကွဲအပြားပြား ဖြစ်တယ်။ ဘယ်နိုင်ငံက ပြောပြော ဂရုမစိုက် ကိုယ့်ြ ပည်တွင်းရေး လို့ ခံယူတယ်၊ အပစ်ရပ်ပေးပါ ပြောလဲ လက်မခံဘူး ၊ မီဒီယာတွေ ပါချင်ပါ မပါချင်နေ၊ အာရုံ တော့နောက်အောင် လာမလုပ်နဲ့ဆိုပြီး လုပ်ထားတယ်၊  အိမ်နီးချင်းနိုင်ငံတွေကလည်း သဘော တူပြီ ဆိုမှ တော့ တမီးလ်ေ တွ ပြေးစရာ မြေမရှိတော့ပါဘူး။

ဝန်ကြီး ဦးအောင်မင်းက UNFCနှင့် အလွတ်သဘော တွေ့ဆုံလို

Posted by drmyochit Thursday, October 25, 2012, under | No comments


Photo: ၀န်ကြီး ဦးအောင်မင်းက UNFCနှင့် အလွတ်သဘော တွေ့ဆုံလို

24 Oct, 2012

ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်းက မကြာသေးခင်ရက် ပိုင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့်  အမြန်ဆုံးတွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်း ကြားလာခဲ့သည်ဟု UNFC ဘက်က သိရသည်။

ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် အလွတ်သဘောတွေ့ဆုံလိုခြင်းဖြစ်သည်ဟုUNFC အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ က ယခုကဲ့သို့ ဆိုသည်။
“ဒီ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကပဲလေ၊ တွေ့နိုင်ဖို့ ညှိနှိုင်းတာပါပဲ။ ဒါ တရားဝင်ဆုံတွေ့တဲ့ အနေအထားတွေ မရောက်သေးဘူးလေ၊ အလွတ် သဘောအနေနဲ့ တွေ့ဆုံမယ်၊ ပြီးရင် အစီအစဉ်တွေကို ညှိနှိုင်းကြမယ်အဲ့ဒီ သဘောပါပဲ။ ဘာမှ ရေရေရာရာတော့ မရှိသေးဘူးဗျ၊ (၂၅) လောက်မှာတွေ့ဖို့ အဲ့သလို ပြောတယ်၊ ဘာကိစ္စဆွေးနွေးမှန်းလဲ မပြောတတ်သေးဘူး၊”ဟု   နိုင်ဟန်သာ က ပြောသည်။

UNFC အနေဖြင့်  ၀န်ကြီးဦးအောင်မင်းဦးဆောင်သော ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် စက်တင်ဘာ (၁၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင်ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ ညီလာခံတွင် ချမှတ်ခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေး လုပ် ငန်းစဉ် (၆)ရပ်အား ဆွေးနွေးရန် ပြင်ဆင်ထားကြောင်းကိုလည်း သိရ သည်။

 “ကျွန်တော်တို့ဆီက ချမှတ်ထားတဲ့ Road Map ကို တင်ပြမှာပါ၊ တိုင်းရင်းသားညီလာခံက ထုတ်တဲ့ (၆)ချက်နဲ့ ကျွန်တော်တို့က အဲ့ဒါ ရပ်တည်ပြီးတော့ ဆွေးနွေးသွားမှာပါ၊”ဟု နိုင်ဟံသာက ဆိုသည်။
 တိုင်းရင်းသားလူမျိုးများညီလာခံမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွင်ပါဝင်မည့်အချက်များအား ချင်းမိုင် တိုင်းရင်းသား လူမျိုးများ ညီလာခံမှ သဘောတူထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါ ညီလာခံမှ  တိုင်းရင်းသားလူမျိုးများ ဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက် (Union Accord)အား  အချိန်အတိအကျသတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားရန်အတွက်သဘောတူခဲ့ခြင်းဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တွင် အဖွဲ့ဝင် (၁၁) ဖွဲ့ရှိပြီး ၄င်းအဖွဲ့များမှာ မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသား အစည်း အရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP၊ ပအို့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်PNLO၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမို ကရက်တစ်ပါတီLDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF တို့ဖြစ်သည်။

(မြစ်မခ)

ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်းက မကြာ သေးခင်ရက် ပိုင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်း ကြားလာခဲ့သည်ဟု UNFC ဘက်က သိရသည်။

ကချင်ပြည်နယ်နေ ပြည်သူများမှ စစ်တပ်သို့ ပန်ကြားချက်

Posted by drmyochit Thursday, October 25, 2012, under | No comments


ကျွန်တော်ဟာ ကချင် ပြည်နယ် မှာမွေး၊ ကချင် ပြည်နယ် မှာပဲ ကြီးပြင်း လာတဲ့ ကချင် တိုင်းရင်းသား တစ် ယောက်ပါ။ ကချင်ပြည် နယ်မှာ အေးအေး ချမ်းချမ်းနဲ့ နေထိုင် ခဲ့ရတဲ့ အချိန် တွေကျော် လွန်ခဲ့ပြီး တဲ့ နောက် လက်နက် ကြီးသံ၊ လက်နက်ငယ်သံ၊ မိုင်းသံ တွေကြားမှာ  ပြည်သူတွေဟာ ကျီးလန့် စာစား ဘဝကို ရောက်နေ ရပါပြီ။ KIA ထဲမှာ ကျွန်တော့ဆွေမျိုးရင်းချာတချို့ရှိသလို စစ်တပ်ထဲမှာလဲ ကျွန်တော့် မိတ်ဆွေ တွေ ရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ်က စစ်ရေးလေ့လာသူတွေထဲမှာလည်း ရင်းနှီးသူ တွေမနည်း ပါဘူး။ အခြေအနေ အရပ်ရပ်ကို သိရှိနေသူတစ်ဦးအတွက် ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရဖို့ ကျွန်တော့်အမြင်ကို ရှင်းရှင်း လင်းလင်းရေး သားချင်ပါတယ်။ တစ်ဆက်တည်း ကချင်ပြည် နယ်က ပြည်သူတွေ အားလုံးရဲ့ကိုယ်စား စစ်တပ် ကိုလည်း ပန်ကြားချင်တယ်။      

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်