Thursday, December 20, 2012

ဦးပိုင်နဲ့ တပ်မတော် ခွဲပြောချင်တယ်ဆိုရင် စစ်တပ်ထဲ အရင်ဝင်ကြည့်ပါ

Posted by drmyochit Thursday, December 20, 2012, under | No comments

အင်တာနက်ပေါ်က ဦးပိုင် ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀ က ဆင်းရဲ မွဲတေနေကြောင်း၊ ဦးပိုင်ကတော့ ပို၍ ပို၍ ချမ်းသာလာကြောင်းတွေ ဖော်ပြကြတယ်။တစ်ဖက် မှာ လည်း စစ်တပ်မကောင်းကြောင်း၊ စစ်သားမကောင်းကြောင်းတွေ မိုးမွှန်အောင် ပြောရတာနဲ့ ဆက်စပ်ပြီး အစိုး ရ သစ် ၁ နှစ်ကျော်လာတာတောင် စစ်တပ်ကို တိုက်ခိုက်တဲ့ အလုပ် လုပ်လို့ မပြီးကြသေးဘူး။ ဦးပိုင် ဆို တာ က စီးပွားရေး လုပ်ငန်း တစ်ခုလေဗျာ။ ဦးပိုင်နဲ့ ပတ်သက်တာကို မကျေနပ်ရင် ဦးပိုင်ရတဲ့ ၀င်ငွေေ တွ ကို နိုင်ငံတော် အခွန် ဆောင်လား၊ မဆောင်ဘူးလား၊ ဦးပိုင်လုပ်ငန်းတွေ တရားဥပဒေနဲ့ ညီ လား၊ မညီ လား ဖော်ထုတ် ကန့်ကွက်ကြ ပေါ့။ အခုတော့ စစ်တပ်က ဦးပိုင်ကြီး ရှိလျှက်နဲ့ မပြည့်မစုံ ဖြစ်နေ တယ်ဆို တဲ့ စကားက စစ်တပ်က ကိုယ့်စီးပွား ရေး ကိုယ်လုပ်စားရမလို မဖြစ်နေဘူးလား။

ကေအိုင်အေ မလေးများ၏ ပြုံးရွှင်ရယ်မောဖွယ် ချစ်စရာ ဓာတ်ပုံများ(၂)

Posted by drmyochit Thursday, December 20, 2012, under | No comments

ကေအိုင်အေ မလေးများရဲ့ ချစ်စဖွယ် အပြုအမူလေးများ တင်ပြီး ငြိမ်းချမ်းရေး ယူချင်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လက်ညှိုးကွေးလိုက်ရင် သေနတ်ကျည်ဆံထွက်တတ်သဖြင့် လက်ချောင်းလေးများ ပါသည့် ကေအိုင်အေ ၀တ်စုံ ၀တ်ထားသူတိုင်း ရန်သူပင်ဖြစ်သည်။ ယခုလို ပုံများနှင့်တော့ လုံးဝမရ။

Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်

Posted by drmyochit Thursday, December 20, 2012, under | No comments

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

စတုတ္ထတိုင်မလိုပါ..

Posted by drmyochit Thursday, December 20, 2012, under | No comments

မနေ့က ရှမ်းပြည်ရဲ့ အအေးဒဏ်ကို ရှောင်ဖို့ အဖေနဲ့အမေရောက်လာသည်။ အမေကရေခဲသေတ္တာထဲက ရေကိုမသောက်တတ်။ ရေသန့်ဗူးကြီးထဲက ရေကျပြန်တော့ ရေကမအေးဟု ဆိုပြန်သည်။ သဲရေအိုးထဲက ရေကိုသာ ကြေးဖလားခွက်ဖြင့် တစ်သက်လုံးသောက်လာသူဆိုတော့ ကျနော်က သဲရေအိုးနဲ့ ရေအိုးစင်ကိုဝယ်ပြီး ရေသန့်ဗူးထဲကရေကို ထည့်ထားပေးခဲ့သည်။ အမေက ခုမှရေသောက်လို့ဝတော့တယ် ဟု ဆိုတော့ ကျနော်ကျေနပ်ရပါသည်။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။


ဓာတ်ပုံ- မန္တလေးဂေဇက်

တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး အပျိုကြီး အမျိုးသမီး သမ္မတ

Posted by drmyochit Thursday, December 20, 2012, under | No comments

တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အမျိုးသမီး သမ္မတလောင်း ပက်ဂွန်ဟဲ အနိုင်ရရှိ သွား ပြီဖြစ် ရာ တောင် ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို မြင်တွေ့လာရတော့မည် ဖြစ် သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

Posted by drmyochit Thursday, December 20, 2012, under | No comments


၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ 
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကေအိုင်အေ မလေးများ၏ ပြုံးရွှင်ရယ်မောဖွယ် ချစ်စရာ ဓာတ်ပုံများ

Posted by drmyochit Thursday, December 20, 2012, under | No comments

သေနတ်တွေပဲ ကိုင်ကိုင်၊ ဘာတွေပဲ လုပ်လုပ်၊ မိန်းကလေးကတော့ မိန်းကလေးသာ ဖြစ်သည်။ ထိုမိန်းကလေးများကို အကာအကွယ်ပြု တပ်မတော်ကို ခုခံရန် ပြင်သော ကေအိုင်အေကတော့ မည်သို့ အဆုံးသတ်မည် မသိရသေး။ ဤသို့သော မိန်းကလေးများသာ ကေအိုင်အေ အင်အားစာရင်းတွင် ပါဝင်ပါက...

ဗိုလ်ချုပ်အပွင့်၊ အိပ်ရာပေါ်က အရုပ်ကလေးနဲ့ ချစ်စရာ ကောင်းချက်ကတော့

အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်

Posted by drmyochit Thursday, December 20, 2012, under | No comments

နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၁၈၂၀ အချိန် မြစ်ကြီးနားမြို့၏အနောက်ဘက်မိုင်(၅၀)ခန့်အကွာအားဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး(၄.၆)အဆင့်ရှိ မြေငလျင်တစ်ခု (၁)မိနစ်(၃၀)စက်္ကန့်ခန့် လှုပ်ခတ်သွားခဲ့သည်။ ငလျင် လှုပ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့ပေါ်များတွင် အဆောက်အဦ/လူ/ တိရိ စ္ဆာန် များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။

ရွှေအင်းမြေပြိုကျ၍ လူ(၃)ဦးသေဆုံး

Posted by drmyochit Thursday, December 20, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၀၄၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြိုနယ်၊ ရွှေပြည်သာ အင်းအ တွင်း ကျန်ဖတ် လန်ပြုတ်၍ လူ(၃)ဦး မြေပိသေဆုံးကြောင်းသတင်းအရ သပိတ်ကျင်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အင်းအမှတ်(တီ-၃-အမ်-၁) အင်းအနက် ပေ ၄၀၀ ၌ အလုပ် လုပ်နေသည့် သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ကျေးရွာနေ ထွန်းလင်း (၂၅)နှစ်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ခင်ဦးမြို့နယ်၊ ဘိုးတော်တောင်ကျေးရွာနေ မြင့်ဇော်(၃၀)နှစ်နှင့် ၀က်လက်မြို့နယ်၊ ယင်းမတော ရွာနေ မောင်နိုင်(၃၇)နှစ်တို့(၃)ဦးသည် အမြင့်ပေ(၃၀)ခန့်မှ မြေပြိုကျသဖြင့် ထွန်းလင်းတွင် ယာပါး/ကျော ပေါက်ပြဲ ဒဏ်ရာ၊ မြင့်ဇော်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ မောင်နိုင်တွင် ၀ဲပုခုံး/ရင်ဘတ်၊ မျက်နှာ ပေါက်ပြဲဒဏ်ရာတို့ဖြင့် အသီးသီးသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၁၂၁၅ အချိန် သပိတ်ကျင်း ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၄၀/၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိသည်။

အမိုးပေါ်မှ ပြုတ်ကျသေဆုံး

Posted by drmyochit Thursday, December 20, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အဆင့်မြင့်ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းမှ အမိုးကပ် လုပ်သား ဦးနိုင်ဝင်း(၂၄)နှစ်သည် ဘောလုံးကွင်း အမိုးထိပ်၌ အမိုးကပ် လုပ်ငန်း လုပ်ကိုင်နေစဉ် ခြေချော်ပြုတ်ကျသဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ ကုသ ထားကြောင်း သတင်း အရ နေပြည်တော် အမှတ်(၅) ရဲစခန်းမှ တပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေး ခဲ့သည်။ စစ်ဆေးတွေ့ရှိ ချက်အရ ဦးနိုင်ဝင်းတွင် ယာလက်ပွန်းပဲ့၊ ၀ဲခြေကျင်းဝတ် အရိုး အက်ကွဲ ဒဏ်ရာ ၁ ချက်စီဖြင့် ဆေးကုသမှု ခံယူနေရာမှ ၁၆၃၀ အချိန် သေဆုံးသွားခဲ့သဖြင့် ၁၇၀၀ အချိန် နေပြည်တော် အမှတ်(၅) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၂)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိသည်။

ကျိုက်ထီးရိုးတောင်ခြေ ကင်းမွန်းစခန်းတွင် ကရင်သောင်းကျန်းသူများ ဆက်ကြေးဝင်ကောက်သည်ဟု သိရ

Posted by drmyochit Thursday, December 20, 2012, under | No comments


ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖွဲ့အမည် အတိအကျ မသိသည့် ကရင်သောင်းကျန်းသူများ က ကားတစ်စီး လျှင် ၅ သိန်းနှုန်းဖြင့် ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင် ပေးရန် လာရောက်တောင်းရမ်းခဲ့ပြီး မပေးနိုင်သဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးသို့ ရောက်ရှိနေသူ တစ်ဦးမှ ပြောခဲ့သည်။ 

အပစ်ခံရမှာ စိုးရိမ်သည့်အတွက် ကျောင်းသို့ သေနတ်ယူလာသည့် ၁၁ နှစ်အရွယ် အမေရိကန် ကျောင်းသား

Posted by drmyochit Thursday, December 20, 2012, under | No comments


Connecticut မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ကျောင်းသို့ သေနတ် ယူဆောင် လာခဲ့ တဲ့ ၁၁ နှစ် အရွယ် အမေရိကန်ကျောင်းသား တစ်ဦးဟာ သေစေနိုင်လောက်တဲ့ လက်နက် ယူဆောင် မှု ဖြစ်ခဲ့တယ်လို့ Salt Lake City အလယ်တန်းကျောင်းတစ်ခုမှ တာဝန်ရှိသူမှ ပြောခဲ့ ပါတယ်။ အဆိုပါ လူငယ်လေးဟာ .22 caliber handgun အမျိုးအစား လက်နက်ကို ယူဆောင်လာခဲ့တာ ဖြစ်ပြီး ကျောင်း က တာဝန်ရှိသူတွေကို မတိုင်ကြားခင်မှာ အဆိုပါလက်နက်ကို ထုတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ 

မြန်မာများ အပါအ၀င် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ ဖမ်းမိခဲ့သည့် မလေးရှားက နိုက်ကလပ် ဖမ်းဆီးမှု

Posted by drmyochit Thursday, December 20, 2012, under | No comments


သူမနဲ့ သက်တူရွယ်တူ သူငယ်ချင်းများဟာ ဈေးဝယ်ထွက် ကြတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ရုံတွေမှာ ဇာတ်ကား အသစ်တွေ ကြည့်နေ ကြတာပဲ ဖြစ်ဖြစ် အားလပ် ရက်တွေမှာ လုပ်ကြပေမယ့် အသက် ၁၄ နှစ် အရွယ် သူမကတော့ တရားမ၀င် နိုက်ကလပ် တစ်ခုမှာ ယောက်ျားသားတွေကို ဖျော်ဖြေနေပါတယ်။

အမျိုးဘာသာ သာသနာအတွက် တရားအလုပ် မလုပ်ချင်သည့် သင်္ဃန်းဝတ်များ အလိုရှိသည်

Posted by drmyochit Thursday, December 20, 2012, under | No comments


ကျိုက်ထီး ရိုးတောင်သည် ယခုနှစ်တွင် ခရီးသွား စံချိန်တင်ခဲ့ပြီး ဘုရားဖူး လာရောက် သူများ၏ စည်းကမ်း ပျက်မှုများလည်း သိသိသာသာ တိုးပွားလာခဲ့သည်။ မည်သည့်နိုင်ငံတွင်မှ မတွေ့ရသည့် သာသ နာ့မြေပေါ် တွင် စည်းကမ်းမဲ့ ဆော့ကစားသူများ၊ သရုပ်ပျက် အမျိုးသမီးများ၊ အနှောက်အယှက်ပြုသူများကို ထိန်း ကွပ် ရန်အတွက် သာသနာ အလုပ်လုပ်လိုသော ဘုန်းကြီးသည် တုတ်တစ်ချောင်း အိုင်ကွန် တစ်လုံး ဖြင့် အလုပ်ရှုပ်နေရသည်။ 

ကာအိနြေ္ဒပျက်အောင်ပြုပြီး ဆိုင်ကိုပါ ဖျက်ဆီးသည့် ကျောက်ဆည် မှုခင်း

Posted by drmyochit Thursday, December 20, 2012, under | 1 comment

၁၇-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မြောက်ဘက် မြို့အ၀င် ရှိ ““ရွှေကမ္ဘာ ”” စက်သုံးဆီ အရောင်းဆိုင်တွင် ကျောက် ဆည်မြို့၊ မင်းရပ်ရပ် ကွက်နေကျော်မင်းစိုး (၂၀)နှစ် သည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နေ ဆီပန့်ကိုင်သူ မဝေေ၀နိုင် (၂၀)နှစ်ပါ (၅)ဦး တို့နှင့် အတူရှိနေခဲ့သည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်