Friday, December 21, 2012

KIO/KIA ရဲ့ထမင်းအိုးကို KIA တပ်ရင်း (၆)က ရိုက်ခွဲလိုက်ပြီ..

Posted by drmyochit Friday, December 21, 2012, under | No comments

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီလောက်မှာ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာရှိတဲ့ ကာမိုင်းမြို့အ၀င်တံတားကြီးကို KIAတပ်ရင်း(၆)အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားကနေ ယာဉ်ကြီး ယာဉ်ငယ်တွေ သွားလာလို့မရတော့ကြောင်းသိရှိရပါတယ်။ ဒီတံတားကြီးဟာ မိုးကောင်းကနေ-ဖာကန့်ကျောက်စိမ်းမှော် ရွှေမှော်တွေကိုသွားတဲ့လမ်းမှာအဓိက ကျတဲ့တံတားဖြစ်တဲ့အကြောင်း သိရပါတယ်။ တံတားကြီးပျက်ဆီးသွားပြီး ဘေးက ရှောင်ကွင်းလမ်းလည်း မရှိတာကြောင့် ဖားကန့်ဒေသမှာ ကျောက်တူး/ရွှေတူး လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္မဏီဝန်ထမ်းတွေ ဒေသခံတွေ ရေမဆေးသမားတွေ အတွက် စားနပ်ရိက္ခာတွေနဲ့ လုပ်ငန်းသုံးဖို့ စက်သုံးဆီနဲ့ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ မလွယ်ကူတော့ သလို ထွက်ရှိတဲ့ကျောက်စိမ်းတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ တရုတ် ပြည်တို့ကို ပို့ဖို့ မဖြစ်နိုင်တော့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြလာပါတယ်။

ကုန်တင်ကားနဲ့ ခရီးသည်တင်ကားများအား ကေအိုင်အေမှအခွန်ပေးသွင်းရန်တဆင့်စေခိုင်း

Posted by drmyochit Friday, December 21, 2012, under | No comments

မိုးညှင်း ဒီဇင်ဘာ ၁၈ရက်
လုံးတုံ-ဟဲပန်-ဆယ်ဇင်း လမ်းမှာပြေးဆွဲနေတဲ့ကားကြီးကားငယ်တွေကို အခွန်ငွေတွေပေးရန် KIO ခရိုင်အုပ်ချုပ်ရေးမှူးမှ သိန်းစန့်ရွာမှ ရာအိမ်မှူးအား ဖုန်းဖြင့်စေခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ အခုလို ပွင့်လင်း ရာသီမှာ အဲဒီလမ်းကြောင်းမှာပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ ခရီးသည်တင်တွေကို အခွန်ငွေ တွေ ကောက်ခိုင်းဖို့စေခိုင်းခဲ့ပါတယ်။ ကုန်တင်ကားတစ်စီးကို ၅၀၀၀၀နှုန်းနဲ့ ခရီးသည်တင် တစ်စီးကို ၂၀၀၀၀နှုန်း နဲ့ ကောက်ခံ ခိုင်းနေပါတယ်။ နောက်ပြီး လမ်ကြောင်းတစ်ခေါက်ကို ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ ကောက်ခိုင်း နေတယ်လို့သိရှိရပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အတွက် အိမ်တွင်း ကုထုံးများ

Posted by drmyochit Friday, December 21, 2012, under | No comments

ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေမှာလည်း ဖြစ် တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်ချိန် မှာ သက်သာစေ မယ့် အလွယ်နည်းတွေကို ရေး သားလိုက်ရပါတယ်။

လူ ၄၀၀ ဖြင့် လူ ၅၀ အား ခြုံခိုတိုက်သည့် ကေအိုင်အေ၏ သမိုင်းဝင်တိုက်ပွဲ

Posted by drmyochit Friday, December 21, 2012, under | No comments


(၁၄-၁၂-၂၀၁၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လဂျားယန်တိုက်ပွဲမှာ KIA ဘက်မှ လိုင်ဇာသို့ ချီတက် တိုက်ခိုက် ရန် ချီတက်လာသည့် စစ်ကြောင်းအား ချေမှုန်းခဲ့သည် ဟု ရေးသားထားသော်လည်း ဒေသခံ တို့၏ ပြောကြားချက်အရ ၎င်းစစ်ကြောင်းသည် လဂျားယန်ကျေးရွာအနီးတွင် စခန်းချထားသည့် အစိုးရ စစ်တပ်မှ စခန်းတစ်ခု ထံသို့ ရိက္ခာပို့ရန် တစ်လတစ်ခါ ပုံမှန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်းနှင့် ၎င်းအင်အား (၅၀)ပါ စစ်ကြောင်းအား KIA အင်အား (၄၀၀)ကျော်မှ စောင့်ကြို၍ ၀ိုင်းဝန်းခြုံခို မိုင်းထောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မောင်တောမှ ဖမ်းဆီးခံမြန်မာစစ်သည်များအရေး အဖြေမပေါ်သေး

Posted by drmyochit Friday, December 21, 2012, under | No comments

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ တွေ့ဆုံ ဆွေးနွေး ရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦး အရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက် မှ ဖြေကြားခဲ့သည်ဟု နစက အသိုင်းအ၀ိုင်းမှ သတင်းရင်းဖြစ်တစ်ခု က Coral Arakan အား ပြောကြား သည်။ 

KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြမည့် ခရစ္စမတ်နေ့ 

Posted by drmyochit Friday, December 21, 2012, under | No comments



Thursday, December 20, 2012 

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆနပြ မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ငါးသန်း ၀န်းကျင်ကူညီ

Posted by drmyochit Friday, December 21, 2012, under | No comments



20 Dec 2012

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဝန်း ကျင် တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်းရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့သတင်း ထုတ်ပြန်သည်။

မသီတာထွေး အရေးကြောင့် ရွာကိုမလာရဟု တားမြစ် ပိတ်ပင်ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ

Posted by drmyochit Friday, December 21, 2012, under | No comments

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေးသေဆုံးပြီးနောက် လုံဆော် မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟုခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။

မဲဆောက်တွင် အသက်မပြည့်သေးသော မြန်မာ လိင်အလုပ်သမများကို ဖမ်းဆီး

Posted by drmyochit Friday, December 21, 2012, under | No comments


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိဘီကေဟိုတယ်တွင် လိင်ဖျော်ဖြေရေးလုပ်ကိုင်နေသည့် အသက် မပြည့် သေးသော မြန်မာ မိန်းကလေးများကိုယနေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီး လိုက်ကြောင်း ထိုင်း သတင်းများ အရ သိရသည်။

တောင်ကြီးမြို့တွင် ၀ိနည်းတော်နှင့်မညီသည့် ဆရာတော်အား အရေးယူ

Posted by drmyochit Friday, December 21, 2012, under | No comments

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မှ ဆရာတော် တစ်ပါးဟာ ဒီဇင်ဘာလ(၁၉)ရက်နေ့မှာ ရှမ်းပြည် နယ် တောင်ကြီးမြို့ မြို့မဈေး အတွင်း ဈေးသည် များကိုဆဲရေး တိုင်းထွာမှုနဲ့ သိက္ခာချ လူဝတ်လဲ ခံရပြီး အရေးယူ အမှု ဖွင့်ထား တယ်လို့ သိရပါတယ်။

ဈေးချိုတော်အနီး တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်

Posted by drmyochit Friday, December 21, 2012, under | No comments


ယနေ့ (ဒီဇင်ဘာ ၂၀) ညနေ (၄)နာရီခန့်မှ စတင်ကာ ၄ နာရီခွဲ အချိန်ထိ ဈေးချိုတော် အနီးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ခုမှ ကိုထင်ကျော် ဆိုသူက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၀၀အချိန် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေး(တောင်)မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်းအရ ရမည်းသင်းမြို့နယ် ၊ ၀ါတိုးအလယ်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ ရွှေအာရုံဦး ကားလက်မှတ်အရောင်ဂိတ်အတွင်း လျှိုမြင့်စီ(ခ) အားဝူ ကျဲနှင့်အောင်စိုး တို့ ၂ဦး အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ လျှိုမြင့်စီ လွယ်ထားသည့် ဘေးလွယ်အိတ် အတွင်း၊ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားပြီး မှိုင်းခံစက္ကူဖြင့်ထုပ်လျက် အပြာရောင် ကပ်ခွာအိတ်အတွင်းမှ 88နှင့်/1 စာတန်းပါ ပန်းရောင်စိတ်ကြွရှူးသွပ်ဆေးပြား ၂၀၀ပြားပါ ၄ ထုပ်၊ နံဘေး အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် 88နှင့်/1 စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၈၁၀ ပြား၊ အလေးချိန်(၈)ဂရမ်၊ တန်ဖိုးငွေကျပ် (၄၀၅၀၀၀၀ိ/-)၊ လက်ကိုင်ဖုန်း၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ရမည်းသင်းရဲစခန်း မယ(ပ)၃/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

ပေါ့ဆမှုကြောင့် မီးလောင်ဆုံးရှုံ့း

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၁၉-၁၂-၂၀၁၂ ရက်နေ့ ၁၂၃၀အချိန် စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်းမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ ဦးဌေးလွင်(၂၉)နှစ်၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်ရှိ မီးဖိုဆောင်မီးကြွင်းမီးကျန်မှ မီးစတင်လောင် ကျွမ်းခဲ့ရာ နေအိမ်အနီးရှိ နွားစာတဲ၊ အိမ်နီးချင်း ဦးစန်းဦး၏နေအိမ်နှင့် ဒေါ်မြသိန်း၏ နေအိမ်များအား ကူးဆက် လောင်ကျွမ်းခဲ့သည်။ မီးအား ရွာသူ/သားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၃၃၅အချိန် မီးငြိမ်းသွား ခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်ပျက်ဆီးမှုမရှိဘဲ တန်ဖိုးငွေကျပ် (၁၂၆၄၀၀၀ိ/-) ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးဌေးလွင်အား မြောင်းရဲစခန်း (ပ)၂၅၂/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမူဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

Thursday, December 20, 2012

လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်း မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Posted by drmyochit Thursday, December 20, 2012, under | No comments


2012-12-19

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးရေး နောက်ထပ် ၃ လသက်တမ်းတိုးပေး

Posted by drmyochit Thursday, December 20, 2012, under | No comments

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အစီအစဉ်ကို နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးပေးရန် တိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်က သဘောတူလိုက်ကြောင်း ဒီဇင်ဘာ ၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်