Monday, June 10, 2013

ပိုင်နက်ကျူးလွန်မှုဖြင့် အလုပ်သမားအချို့အား စက်ရုံပိုင်ရှင်မှ ဖမ်းဆီးခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်

Posted by drmyochit Monday, June 10, 2013, under | No comments

DSC_0082
















ရန်ကုန်၊ ဇွန် ၉။
အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်းနှင့် တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၄ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် အင်းစိန်ထောင်၌ ဖမ်းဆီးခြင်းများကြောင့် ဇွန်လ ၉ရက်နေ့ မွန်းလွဲ ၃နာရီတွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်ရှိ တော်ဝင် စက်ရုံများမှ အလုပ်သမား ၆၀ခန့်သည် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားအခွင့် အရေးကော်မတီမှ ကိုကျော်ကျော်၏ ပြောကြားချက်အရ သိရသည်။

“အခုလိုမျိုး အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာနဲ့ပတ်သက်ပြီး သပိတ်တိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ အဲဒီမှာ ပိုင်ရှင်တွေက ဒီလိုလုပ်တာ တရား မဝင်ဘူး အလုပ်သမားခုံရုံးကိုသွားဆိုလို့ သွားခဲ့တယ်။

အလုပ်သမားခုံရုံးကလဲ တကယ်အလုပ်သမား အခွင့်အရေးဆုံးရှုံးတာ ဖြစ်တယ် ဆိုတာ ကို လက်ခံခဲ့တယ်။ ဒါပေမယ့် အဲဒီလိုမျိုး အလုပ်သမားခုံရုံးကလက်ခံတာကို အလုပ် ရှင်တွေကမကျေနပ်ဘူးဆိုတဲ့အတွက် ကျွန်တော်တို့က ပြည်ထောင်စုအဆင့် တရားလွှတ်တော်ချုပ်ထိ တက်တယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ အလုပ်သမားခုံရုံးမှ အမှန်တကယ် အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများရှိသည်ဟု လက်ခံခဲ့သော်လည်း အလုပ်ရှင်များက လက်မခံ သည့်အတွက် ပြည်ထောင်စုအဆင့် တရားလွှတ်တော်ချုပ်ထိ တက်ရောက်တိုင်ကြားမှုများရှိပြီး အဆိုပါ တရားလွှတ်တော်ချုပ်မှ လက်ရှိအချိန် အထိ အဖြေတစုံတရာ ပြန်လည်ဖြေကြားမှု မရှိသေးကြောင်းနှင့် ယင်းသို့ပြုလုပ်သည့်အတွက် အလုပ်သမားအချို့အား စက်ရုံထဲသို့ခေါ်၍ ရိုက်နှက်မှုများပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း သိရသည်။

“အခုလိုမျိုး အလုပ်သမားတွေကို စက်ရုံက ပိုင်ရှင်တွေက တခါမှမကြားဘူးတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြီး အခု တော်ဝင် အလုပ် သမားတွေကို ဖမ်းထားတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ တော်ဝင်အလုပ်သမားတွေက စက်ရုံပိုင်ရှင်ကို တရားစွဲဆိုမှုတွေ ပြန်လုပ်ထားတာ ရှိတယ်။ ဒါကလည်း အလုပ်သမားတွေကို ရိုက်နှက်တဲ့အတွက်ကြောင့်ပါ”ဟု တော်ဝင်အ လုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မျိုး က ပြောကြားသည်။

အဆိုပါ တော်ဝင်အလုပ်သမားများအား လက်ရှိအချိန်တွင် ပုဒ်မ ၁၈အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရပြီး တော် ဝင်အလုပ်သမားအရေးအား ပါဝင်ဆောင်ရွက်ပေးသည့် အလုပ်သမားခေါင်းဆောင်တဦးဖြစ်သည့် မလဲ့လဲ့ဝင်းအား ရွှေပြည်သာ တရားရုံးမှ ဖမ်းဆီးထားကြောင်း သိရပြီး အဆိုပါအရေးကိစ္စ အဆင်မပြေသည့်ကာလအထိ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့သို့ လာ ရောက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။

TMA
ဓာတ်ပုံ – ဝေယံ
မြန်မာ့ခေတ်

မလေးရှားနိုင်ငံ၌ အသတ်ခံရသည့် မြန်မာလူမျိုး ခြောက်ဦးထိ ရှိနေပြီဖြစ်ပြီး မလေးရှား ဆေးရုံများတွင် အတွင်းလူနာအဖြစ် ၁၂ ဦး ကုသထားရ

အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက်အထိ သေဆုံး သူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦးအထိ တင်ပို့ ကုသ ထား ရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး၏ ရုပ်အလောင်းများကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအထိ သင်္ဂြိုဟ်ခွင့် မရသေးဘဲ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာပြည်မှ ထွက်လာကတည်းက စာရွက်စာတမ်း မပြည့်စုံမှုနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သင်္ဂြိုဟ်ခွင့် ပြုရန်ဆိုသော အကြောင်းကြားစာ မလေးရှားရှိ မြန်မာသံရုံးသို့ မရောက်ရှိသေးခြင်းကြောင့်ဟု ၎င်းကဆိုသည်။

"မေ ၃၀ ရက်ကတည်းက မလေးရှားရောက် မြန်မာတွေ အသတ်ခံနေရတာ ဒီနေ့အထိပဲ၊ အဲဒီ အလောင်းတွေ ခုထိ မသင်္ဂြိုဟ်ရသေးဘူး၊ ဆေးရုံ အသီးသီးမှာ ထားတယ်၊ အဲဒီ သေတဲ့သူတွေက မြန်မာပြည်က ထွက်လာတည်းက အိမ်ထောင်စု စာရင်းတို့၊ မှတ်ပုံတင်တို့ မပြည့်စုံလို့ လို့ပြောတယ်၊ နောက်ပြီး မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ သတ်မှတ်ချက်မှာကလည်း ခုလိုရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ သင်္ဂြိုဟ်ခွင့်စာအုပ် ထုတ်ပေးခွင့် မရှိဘူးလို့ ကြားတယ်" ဟု ပြောကြားသည်။

ထို့အတွက် မြန်မာနိုင်ငံရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သင်္ဂြိုဟ်ခွင့် ပြုသည်ဆိုသည့် အကြောင်းကြားစာကို မလေးရှားနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ယင်းနောက် မြန်မာသံရုံးမှ ယခု ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးရန်၊ ကပုန်း နာရေးကူညီမှု အသင်းသို့ ညွှန်ကြားလာပါက ၎င်းတို့မှ ချက်ချင်းသင်္ဂြိုဟ် ပေးမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ဆိုသည်။

ယခု ခြောက်ဦးမြောက် အသတ်ခံရသူမှာ ခရစ်ယာန် ဘာသာဝင်၊ ကရင်လူမျိုး စောဘာဘလူဂေး (အသက်၂၀နှစ်) (မြန်မာနိုင်ငံ၊ ငပုတောမြို့တွင် နေထိုင်ခဲ့သူ) ဖြစ်ပြီး ၎င်းအပါအ၀င် ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်လေးဦး ဈေးဝယ်ထွက်လာစဉ် မွတ်စလင် အကြမ်းဖက်များ၏ ထိုးကြိတ်ရိုက်နှက်မှုကို ခံရရင်း ဆေးရုံ၌ ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။

"သူတို့ လေးဦးက ဇွန် ၇ ရက်နေ့မှာ အကြမ်းဖက် ခံလိုက်ရတာ၊ နှစ်ဦးက ဆေးရုံမှာ အရေးပေါ် လူနာဌာနမှာ တင်ထားရတယ်၊ အဲဒီနှစ်ဦးအနက် စောဘာဘလူဂေး (အသက် ၂၀)နှစ်က ဇွန် ၈ ရက် (စနေနေ့) (မလေးရှားစံတော်ချိန်) မွန်းလွဲ ၁ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်။ သူက မလေးရှားမှာ တရားဝင် စာရွက်စာတမ်းနဲ့ ရောက်လာတာ လေးရက်ပဲ ရှိသေးတယ်။ ခုလို အကြမ်းဖက်မှုတွေ ဖြစ်နေတုန်းကို ရောက်လာတာ" ဟု ကိုဆန်းဝင်းက ဆိုသည်။

ထို့ကြောင့် မလေးရှားရောက် မြန်မာလူမျိုးများ အသတ်ခံနေရမှုမှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည့် မေ ၃၀ ရက်တွင် တစ်ဦး၊ မေ ၃၁ ရက်တွင် တစ်ဦး၊ ဇွန် ၂ ရက်တွင် တစ်ဦး၊ ဇွန် ၇ ရက်တွင် တစ်ဦး၊ ဇွန် ၈ ရက်တွင် နှစ်ဦးနှင့် စုစုပေါင်း ခြောက်ဦးရှိသွားပြီ ဖြစ်သည်။

"ဇွန် ၇ ရက် (သောကြာနေ့)မှာ ကလန်းအူထာမ အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရတယ်။ သတ်ပြီးတော့ အမှိုက်ပုံမှာ လာပစ်ထားပုံ ရတယ်။ လည်ပင်းကို ဓားနဲ့လှီးထားတာ တွေ့ရတယ်" ဟု ဦးဆန်းဝင်းက ဆိုသည်။

ထို့ပြင် ဇွန် ၇ ရက်၊ သောကြာနေ့ကလည်း ဆွန်ဂိုင်းဘက်ဆီ ဒေသတွင် နေအိမ်အတွင်း ရခိုင်လူမျိုးများ အိပ်ပျော်နေစဉ် အကြမ်းဖက် သမားများက နေအိမ်အတွင်းသို့ spray များဖြင့် ဖြန်းခဲ့ကြောင်း၊ spray အငွေ့ဒဏ် မခံနိုင်၍ ပြေးထွက်လာသူများကို အကြမ်းဖက် သမားများက ဓားများဖြင့် ၀ိုင်းခုတ်ကြကြောင်း၊ ဓားဖြင့် အခုတ်ခံရ၍ ကိုခင်မောင်ဝင်းဆိုသူမှာ လက်ရှိတွင် ဆေးရုံအတွင်းလူနာအဖြစ် တင်ပို့ကုသ ထားရပြီး နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားရောက် မြန်မာ အလုပ်သမားများ၏ အသက်အန္တရာယ်မှာ နိစ္စဓူဝ စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး မြန်မာသံရုံး၏ အကူအညီ လုံးဝမရရှိကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။
"ကွာလာလမ်ပူ လမ်းတွေပေါ်မှာ လုံးဝ အသွားအလာ မရှိဘဲ ခြောက်ကပ်နေတယ်။ မြန်မာအလုပ်သမား အများစု အလုပ်မဆင်း ကြတော့ဘူး။ မြန်မာပြည်ကိုလည်း ဘယ်သူမှ ငွေမလွဲနိုင် ကြတော့ဘူး၊ အကြမ်းဖက် သမားတွေ ဘယ်နေ့လာသတ် မလဲလို့ပဲ စိုးရိမ်တကြီး ဖြစ်နေကြတယ်" ဟု ၎င်းက ဆိုသည်။
သံရုံးတာဝန် ရှိသူများ အနေဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုံခြုံရေးကို တာဝန်မယူ နိုင်သော်လည်း အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အော်ပရာစီဝင်၍ မြန်မာအလုပ်သမားများ နေ့စဉ်လို အဖမ်းဆီး ခံနေရသည်ဟု သိရသည်။

"မြန်မာတွေကို ဖမ်းတယ်။ အဖမ်းခံထားရတဲ့ မြန်မာတွေကိုင်တဲ့ အိုင်ဖုန်း၊ ဂလက်ဆီ ဖုန်းတို့ကို ရဲတွေက သိမ်းတယ်။ ပြန်မပေးဘူး။ ဖုန်းသိမ်းလို့ မရတဲ့ မြန်မာတွေဆီက မလေးရင်းဂစ် ၂၀-၂၅ တောင်းတယ်။ ရင်းဂစ် ၂၀-၂၅ ဆိုတာ မလေးရှားမှာ မြန်မာအလုပ်သမား တစ်ယောက်ရဲ့ တစ်နေ့လုပ်အားခ ရှိတယ်" ဟု မလေးရှားမှ  မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။

၎င်းကပင် "အရင်ကဆိုရင် မြန်မာအလုပ်သမားတွေ အထောက်အထား ပြည့်စုံရင် ပြန်လွှတ်ပေးတယ်။ အခု အင်္ဂါနေ့ ဇွန် ၃ ရက် ကတည်းကစပြီး အထောက်အထား ပြည့်စုံလည်း ချက်ချင်းပြန်လွှတ် မပေးဘူး၊ သုံးပတ်ကြာမှ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ သူဌေးတွေက အာမခံပြီး ပြန်လာထုတ်ရတယ်" ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် မလေးရှားနိုင်ငံရှိ ဆေးရုံအသီးသီးတွင် မြန်မာအလုပ်သမား ၁၂ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေရပြီး ၎င်းတို့ အခြေအနေမှာလည်း စိုးရိမ်စရာ ရှိနေကြောင်း၊ မလေးရှားနိုင်ငံ ဆေးရုံများ၏ လုံခြုံရေးအရ မြန်မာအလုပ်သမားများ တက်ရောက်ကုသ နေရသော ဆေးရုံအမည်များကို လျှို့ဝှက်ထားရကြောင်း၊ ယခုသေဆုံးသူ မြန်မာအလုပ်သမား ခြောက်ဦးတွင် ဗုဒ္ဓဘာသာဝင် ငါးဦး၊ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ကိုဆန်းဦးက  ပြောကြားသည်။

မလေးရှားတွင် သေဆုံးသည့်မြန်မာများ သံရုံးခွင့်ပြုချက်မရသဖြင့် မသင်္ဂြိုဟ်ရသေး


မလေးရှားတွင် လူတစ်စု၏ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ မြန်မာလေးဦး၏ အလောင်းကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သေစာရင်းမပေးသောကြောင့် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက မဇ္ဈိကိုပြောသည်။

မလေးရှားနိုင်ငံ ဆလာရန်းမြို့ရှိ ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုစန်းဝင်း၏ သတင်းပေးပို့မှုကို ကိုဂျင်မီက ပြန်လည်ပြောကြားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအသင်းက အလောင်းများကို တာဝန် ယူထား ရသည်ဟု ဆိုသည်။

''အလောင်းတွေက ပုပ်ပွနေပြီ၊ အဲဒါ သံရုံးရဲ့ခွင့်ပြုချက်ကို စောင့်နေတာ''ဟု သူက ဆိုသည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေး အတွက် နှစ်ဖက်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ကိုဂျင်မီက မှတ်ချက်ပြုသည်။

အကြမ်းဖက်မှုများမှာ မလေးရှားနိုင်ငံ၊ ဆလာရန်းမြို့နယ်တွင် မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး မြန်မာ ခုနစ်ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုပင် ကွာလာလမ်ပူမြို့နေ ကိုအောင်ကြီးက ဇွန်လ ၆ ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။

စာရင်းများမှာ ၎င်းတို့ လက်လှမ်းမီသမျှ ပြုစုထားခြင်းဖြစ်ပြီး အမှန်တကယ် ကိန်းဂဏန်းများ ထိုအရေအတွက် ထက် များနိုင်ဖွယ်ရှိကြောင်းလည်း ဆိုသည်။

အကြမ်းဖက်မှုများကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဇွန်လ ၆ ရက်က ကိုအောင်ကြီး ဦးဆောင်၍ လူ ငါးဦး ဆန္ဒပြခဲ့ကြသေးသည်။

ဆလာရန်းမြို့အနီးတွင် လူတစ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က နိုင်ငံပိုင်ရုပ်သံ၏ မေးမြန်းမှုကို ဇွန်လ ၂ ရက်က ဖြေကြားခဲ့သည်။ ပဋိပက္ခနောက်ခံအခြေအနေ ဇွန်လ ၄ ရက်ကလည်း မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မစ္စတာ အာမက်ဖိုင်ဆဲလ် ဘင်မိုဟာမက်အား မြန်မာနိုင်ငံသားများအား တိုက်ခိုက်ခံခဲ့ရပြီး အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူပြီး သတိပေးခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေးရှားနိုင်ငံ သို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းကလည်း ပြောဆိုထားသည်။

လက်ရှိ၌ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများအန္တရာယ်ကြောင့် အိမ်ခန်းတွင်း၌ တံခါး ပိတ်နေကြခြင်း၊ ဆူပူမှုလျော့ပါးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊ မြန်မာဘုန်းကြီးကျောင်းများ၌ ပြောင်းရွှေ နေထိုင်ခြင်းများ ရှိနေသည်။

မင်းမင်း | by Mizzima - News in Burmese

မိသားစုများနှင့် အတူတစ်ကွ မကြည့်သင့်သည့် မြန်မာ SEXY ကားများ

Posted by drmyochit Monday, June 10, 2013, under | 7 comments


အီစီကလီလုပ်နေကြတုန်း ဖုန်းဝင်လာပါတယ်ခဗျာ...
ကောင်မလေးအဖေဖုန်းပါ။
စီးပွားရေးအကြောင်းတွေ ပြောကြတာပေါ့ခဗျာ...
ဖုန်းပြန်ချလိုက်ပါတယ်ခဗျာ
ကောင်မလေးလည်ပင်းကို ခပ်ဖွဖွဖက်လိုက်ပါတယ်ခဗျာ...
ကောင်မလေးကို အိပ်ရာပေါ်လှဲလိုက်ပါတယ်ခဗျ
ကောင်မလေး နှုတ်ခမ်းလေး ဟစိ ဟစိဖြစ်နေတယ်ခဗျ
ခြေဖျားလေးတွေ ကုပ်ကွေးသွားတယ်ခဗျ
လက်သီးလေးကို ခပ်တင်းတင်းဆုပ်လိုက်ပါတယ်ခဗျ
အသက်ကို ခပ်ပင့်ပင့်လေး ရှုလိုက်သွင်းလိုက်ဖြစ်နေတာပေါ့ခဗျ

အမယ်....
သကောင့်သားက ကောင်မလေးအောက်ပိုင်းကိုခြုံထားတဲ့ စောင်ကြီးထဲကနေ
ခေါင်းတိုးထွက်လာပါတယ်ခဗျ..... အဲ... စပ်ဖြီးဖြီးကြီးခဗျာ....
ကောင်မလေး မျက်နှာနားတိုးသွားပြီး မေးတယ်ခဗျ..... ဟော
““ချစ်... မင်းအဆင်ပြေရဲ့လား”” တဲ့ခဗျာ....
ဟော... ကောင်မလေးက ပြန်ဖြေတယ်ခဗျ...
““ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး ကိုရယ်”” တဲ့ဗျ။

ဆက်ပြပါတယ်ခဗျ...
စောင်ထဲက ခြေထောက်နှစ်စုံ ပူးထားကြတယ်ခဗျ... တစ်ချောင်းနဲ့တစ်ချောင်းလည်း ပွတ်နေကြတယ်ခဗျ....
တစ်ယောက်လက်ကို တစ်ယောက်ကုတ်ကြတယ်ခဗျ... ဆုပ်ကြတယ်ခဗျ
ပွတ်တယ် ပွတ်တယ်.. ကုတ်တယ် ကုတ်တယ်
ဟော.... ကောင်မလေးက အပေါ်ကိုရောက်လာပါတယ်ခဗျ... ပြုံးနေကြတယ်ခဗျ....
တဖြည်းဖြည်းနဲ့ မှောင်သွားပါတယ်ခဗျာ.............

(ကနေ့ကြည့်မိတဲ့ မြန်မာဇာတ်ကား ဇာတ်ဝင်ခန်းလေးတစ်ခုကို ခံစားခြင်း) ငိငိ..........

Video File  ကြည့်လိုပါက  ဒီမှာ  နှိပ်ပါ။

ဖိုင်တွေ အကုန်လုံး Shortcut ပုံစံဖြစ်စေတယ့် Recycler Virus သတ်နည်း

Posted by drmyochit Monday, June 10, 2013, under | No comments


ဒီလို Virus မိပီဆိုရင် မန်မိုရီကတ်ထဲက ဖိုင်တွေ အကုန်လုံး Shortcut ပုံဖြစ်လာမယ်

အကြီးစားမဟုတ်ပေမယ့် အာရုံနောက်ရတဲ့အထဲမှာ ဒီVirusလည်းပါမယ်ထင်ပါတယ်

မန်မိုရီကတ်တွေမှာ ကူးတာများတယ်၊ဖိုင်တွေအကုန်လုံးShortcut ဖြစ်သွားတယ်ဆို

ဒီဟာလေးနဲ့ ရှင်းလိုက် ။တခြားနည်းလမ်းတွေ အများကြီးရှိပေမယ့် ဒီဆော့ဝဲလေးက

သီးသန့် ရှင်းတဲ့ဟာမို့  အဆင်ပြေပါတယ် ။လိုအပ်သူများ ဒေါင်းလုပ်ယူလိုက်ပါ.....။


ဒီလင့်မှာ Download ယူပါ - Shortcut Virus Remover ( Recycler Virus)

From: မောင်စွယ်စုံကျမ်း

Friday, June 07, 2013

မလေးရှားနိုင်ငံ ရှိ မြန်မာ နိုင်ငံသား များအား ဥပဒေကြောင်းအရ တရားဝင် ကာကွယ်ပေးရန် မြန်မာသံရုံးရှေ့၌ဆန္ဒပြတောင်းဆို

Posted by drmyochit Friday, June 07, 2013, under | No comments



မလေးရှားနိုင်ငံသို.ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှု များနှင့်မလေးအာဏာပိုင်များ ၏ဖမ်းဆီးထိန်းသိမ်းခံရမူများအား တရားဥပဒေကြောင်း အရတရားဝင် ကာကွယ်ပေးရန် ဆန္ဒပြတောင်းဆိုမှု ကို ယမန်နေ.က ကွာလာလမ်ပူမြို.ရှိ မလေးရှား နိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့ ၌ပြုလုပ်ခဲ.ကြောင်း မလေးရောက်မြန်မာ လူမှုကူညီရေးအဖွဲ. များထံမှသိရသည်။

ထိုဆန္ဒပြတောင်းဆိုမှုအားမလေးရှားရောက် မြန်မာအတိုက်ခံအဖွဲ့ အစည်းများဖြစ်သည့် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ၊NLD YOUTH (LA) Malaysia ၊ GSC အထွေထွေသပိတ်ကော်မတီနှင့် KEPONG နာရေး ကူညီမှု အသင်းတို့ မှပူးပေါင်း စီစဉ်ကျင်းပခဲ.ခြင်းဖြစ်ပြီး ၊မလေးအာဏာပိုင် များအာဆန္ဒဖော်ထုတ်ခွင့်အားတင်ပြတောင်းဆိုရာ၌မလေးရှားရဲချုပ်မှလူငါးဦးသာဆန္ဒဖော် ထုတ်ခွင့်ပြုခဲ.ကြောင်း ၊ထိုနောက်အဖွဲ.အစည်း များမှ ခေါင်းဆောင်ငါးဦးကနံနက်၁၀ နာရီခွဲအချိန် ခန့် မှစ၍ မြန်မာ သံရုံးအရှေ့၌

(၁) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်လတ်မှ ထုတ်ပြန်ကြေငြာထားသော သတင်း မှားယွင်းကြောင်း ၀န်ခံတောင်းပန်ပေးရန်။

(၂) မြန်မာနိုင်ငံအစိုးရမှ လက်ရှိ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအား ရာထူးမှရပ်ဆိုင်းပေးရန်။

(၃) မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားကိုမဆို မလေးရှားနို င်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားဥပဒေကြောင်းအရ လုံးဝအကာ အကွယ်ပေးရန်။

(၄) လက်ရှိသေဆုံးသွားသူများ အားလုံးအတွက် မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြု သတင်းထုတ်ပြန်ပေးရန် နှင့် ကျန်ရစ်သော၎င်းတို့၏ မိသားစုများအား ကူညီထောက်ပံ့ပေးရန်။

(၅) လက်ရှိဒဏ်ရာရရှိသူများအား တရားဝင် ကျန်းမာရေး နှင့်ဆေးဝါးစောင့်ရှောက်မှု အပြည့်အဝပေးရန်။

(၆) ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာသော မြန်မာနိုင်ငံသား ဒုက္ခသည် အားလုံးနှင့် ထွက်ပြေးနေဆဲသူများအားလုံးကို တရားဥပဒေကြောင်းအရ လုံခြုံမှု အပြည့်အဝပေးရန် နှင့် ဖေးမ ကူညီစောင့်ရှောက်ပေးရန်။
စသော ကြွေးကျော်ချက်များကအင်္ဂလိပ်၊မြန်မာ၊မလေး၊သုံးဘာသာဖြင့ိုထုတ်ဖော်ခဲ.ကြောင်းသိရသည်။ဆန္ဒပြပွဲအပြီးခေါင်းဆောင်များခေတ္တထိန်းသိမ်းခံရကာမလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း များနှင့်လက်ရှိဖြစ်ပေါ်နေသော မလေးရှားရောက်မြန်မာများ အခြေနေ အရပ်ရပ်နှင့်ပြည့်ပရောက်မည်သည့်မြန်မာနိုင်ငံသားအားလုံးနှင့်မြန်မာသံရုံး၏အခြေနေများ အနာဂတ်မြန်မာ မလေးရှားအခြေနေ အရပ်ရပ် ကိုမေးမြန်း စုံစမ်းဆွေးနွေး ၍ ညနေ မလေးရှာစံတော်ချိန် ၃ နာရီခွဲခန် တွင်ဆွေးနွေးပွဲ ကိုအဆုံး သတ်ခဲ့ ကြောင်း ထပ်မံသိရသည်။

Popular Myanmar News Journal

အအေးနှင့် ချွတ်ဆေး လဲထားသည့်မိန်းကလေးကိုဖမ်း

Posted by drmyochit Friday, June 07, 2013, under | No comments

တက္ကသိုလ်ကျောင်းသူတစ်ဦးသည် မိမိအခန်းဖော်သောက်မည့် လဖက်ရည်အေး အစား ချွတ်ဆေးကို လဲလှယ် ထားသည့် အတွက် ဖမ်းဆီး လိုက်သည့် ဖြစ်ရပ်တစ်ခု မစ်ချီဂန်မြို့တွင်ဖြစ်ပွားခဲ့သည်။

မစ်ချီဂန် တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကေလာ အက်ရှ်လင်း ဘွန်ကိုးစကီးဆိုသူသည် သူငယ်ချင်း ဖြစ်သူ အသက် ၂၀ နှစ်အရွယ် အယ်မလီ ဂျိုးဆက်သောက်မည့် အအေးခွက်ထဲတွင် ဓာတုဗေဒခန်းသုံး အရောင် ချွတ်ဆေး များကို လဲလှယ်ထည့်ထားသည့် ပြစ်မှုဖြင့် ကြီးလေးသောပြစ်မှုကို ကျခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဘွန်ကိုးစကီးသည် မစ်ချီဂန် ဗဟိုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး အယ်မလီသည် နှမြောတွန့် တိုလွန်းသောကြောင့် ဤသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်တွင်း သတင်း စာတွင် ရေးသားထားသည်။

အယ်မလီသည် မိမိအနေဖြင့် ဤသို့လုပ်ခြင်းကြောင့် အပြင်းအထန်ခံစားရမည်ကိုသိကြောင်း ဖြောင့် ချက်ပေးပြီး အဆိပ်ခတ်ခံရသည့် အယ်မလီသည် ဆေးရုံတက်လိုက်ရသော်လည်း စိုးရိမ် စရာမရှိတော့ သဖြင့် ပြန်ဆင်းသွား ပြီဖြစ်ကြောင်း ၊ ယခုလုပ်ရပ်ကြောင့် ထောင်ဒဏ် ၁၅ နှစ်ခန့် အပြစ်ဒဏ် ခံရဖွယ် ရှိကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

မောက္ခနိုင်ငံတကာသတင်း

လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ

Posted by drmyochit Friday, June 07, 2013, under | 2 comments



ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။

Mosqueအဆိုပါ မီးလောင်မူကို လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The Independent သတင်းစာက “Mosque under arson attack in London” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။

လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင် ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း မွတ်ဆလင်များ အပေါ် ရန်လို တုန့်ပြန်မူများ တိုးပွားနေချိန်တွင် ယခု အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ မီးလောင်မူနှင့် ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး ဗလီထဲမှ အသော့ရေးထားသော စာတစ်စောင်ကို EDL အမည်ဖြင့် တွေ့ရသည်ဟု ဆိုသည်။ EDL ၏ အဓိပ္ပါယ်မှာ English Defense League ( EDL) ဖြစ်သည်။

သို့သော်လည်း ဗလီမီးလောင်မူမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း EDL က ငြင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့သည် ဗြိတိန် စစ်သား အသတ်ခံရပြီးနောက် လန်ဒန်နှင့် တစ်ခြားနေရာ အများအပြားတွင် ဆန့်ကျင် ကန့်ကွက်မူများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော အဖွဲ့ ဖြစ်သည်။

ပေါက်ကွဲမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗလီအား မီးသတ်ဌာနမှ ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ တစ်စုံ တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သတင်းက ဆိုသည်။

အလားတူ လွန်ခဲ့သော အပတ်ကလည်း Grimsby မြို့ အရှေ့မြောက် အရပ်တွင် ဗလီ တစ်လုံး ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မေလ ၂၂ ရက်နေ့ကလည်း ဗြိတိန် စစ်သား Lee Rigby အသတ်ခံရပြီးနောက် လန်ဒန်မြို့ တောင်ပိုင်းတွင်လည်း အလားတူ တိုက်ခိုက်မူမျိုးရှိခဲ့သည်။

Rigby အသတ်ခံရပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့မှ ဗြိတိန်လူထုကို တည်တည်ငြိမ်ငြိမ် ရှိကြရန် စည်းလုံးညီညွှတ်ကြရန် ဆော်သြခဲ့သည်။ အသတ်ခံခဲ့ရသူ Rigby မိသားစုများကလည်း လက်စားချေ တိုက်ခိုက်မူများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ယခု ဗလီကို တိုက်ခိုက်မူသည် မွတ်ဆလင် အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မူ အများအပြား ထဲမှ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မူ ဖြစ်ကြောင်း ဗြိတိန် မူဆလင် ကောင်စီ အဖွဲ့ အတွင်းရေးမှူး Farooq Murad က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

narinjara

တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်စုပြော

Posted by drmyochit Friday, June 07, 2013, under | No comments

အရှေ့အာရှဆိုင်ရာ ​ကမ္ဘာ့စီးပွားရေးညီလာခံရဲ့ ​ပထမနေ့မှာ ​ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က ​ဆွေးနွေးမှုတွေ ​လုပ်ခဲ့ပြီး ​တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​နှုတ်ပိတ်နေခဲ့တာဆိုတာ ​မဟုတ်သလို ​တိုင်းရင်းသားတွေကို ​ဘယ်တော့မှ ​လျော့မတွက်ခဲ့ဘူးလို့ ​ပြောပါတယ်။

သမ္မတမဖြစ်ချင်ဘူးလို့ ဟန်ဆောင်ရင် ပြည်သူတွေအပေါ် မရိုးသားရာကျမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ (Credit: AFP)

မြန်မာပြည်ရဲ့ ​အနာဂတ် ​ဆို ​တဲ့ ​ခေါင်း ​စဉ် ​နဲ့ ​ပြု ​လုပ် ​တဲ့ ​ဆွေးနွေး ​ပွဲ ​အ ​တွင်း ​ဒေါ် ​အောင် ​ဆန်း ​စု ​ကြည် ​က ​ပြောသွားတာဖြစ်ပြီး ​အဲဒီ ​ဆွေးနွေးပွဲမှာ ​ ပြည်ထောင်စု ​၀န်ကြီး ​ဦးစိုးသိန်းနဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ဟောင်း ​တဦးဖြစ်တဲ့ ​မ ​ဇင် ​မာ ​အောင် ​တို့ ​လည်း ​ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ​ကျင်းပတဲ့ ​ကမ္ဘာ့စီးပွားရေးညီလာခံ ​အဖွင့်နေ့မှာ ​မြန်မာနိုင်ငံရဲ့ ​လက်ရှိအသွင်ကူးပြောင်းရေးနဲ့ ​ပတ်သက်တဲ့ကိစ္စနဲ့ ​ပတ်သက်ပြီး ​ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ပြောကြားချက်တွေကို ​ဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့တဲ့ ​မဇင်မာအောင်က ​အခုလိုပြောပါတယ်။

"တိုင်းရင်းသားအရေးကို ​ဒေါ်အာင်ဆန်းစုကြည်အနေနဲ့ ​နှုတ်ပိတ်ပြီးတော့ ​နေတယ် ​ဆိုတာမျိုးတွေကို ​မေးတာ ​တွေရှိတယ်၊ ​ဆိုတော့ ​အဲဒါမျိုးတွေကို ​ဒေါ်အောင်ဆန်းစုကြည် ​ပြန်ဖြေရှင်းသွားတာတွေရှိတယ်၊ ​ဘယ်တော့မှ ​သူတိုင်းရင်းသားတွေကို ​လျော့မတွက်ခဲ့ဘူး၊ ​နှုတ်ပိတ်ပြီးတော့လည်း ​မနေခဲ့ဘူးပေါ့နော်၊ ​ပြီးတော့ ​အခြေ ​ခံဥပဒေပေါ့လေ၊ ​၂၀၁၅ ​အတွက်ကိုရော ​နောက်ပြန်မလှည့်နိုင် ​အသွင်ကူးပြောင်းရေးဖြစ်ဖို့ကိစ္စတွေရောပေါ့။ ​"

ရိုဟင်ဂျာတွေနဲ့ ​ပတ်သက်ပြီးတော့လည်း ​လူတွေ ​ပြောစေချင်တဲ့အတိုင်း ​သူ့အနေနဲ့ ​မပြောခဲ့တာသာ ​ရှိပြီး ​သူ့အနေနဲ ​နှုတ်ပိတ်မနေခဲ့တဲ့အကြောင်း ​ပြောပါတယ်။ 

အဲ့ဒါအပြင် ​အခြေခံ ​ဥပဒေကိုလည်း ​ပြင်ဆင်ရမှာဖြစ်ပြီး ​တစ်ဦးတစ်ယောက်ကို ​ရည်ရွယ်ပြီးတော့ ​ဥပေဒထဲ ​ရေးဆွဲထားတာမျိုး ​တစ်ခုထဲကို ​ပြောတာမဟုတ်ပဲ ​တခြား ​ပြင်ဆင်စရာအချက်တွေ ​အများကြီး ​ရှိသေးတဲ့အကြောင်း ​တရားစီရင်ရေးအပိုင်းမှာ ​အုပ်ချုပ်ရေးပိုင်းကလူတွေ ​၀င်စွက် ​ဖက်ခွင့်ပေးထားသလို ​ဖြစ်နေတဲ့ ​စာပိုဒ်တွေကိုလည်း ​ ဒေါ်အောင်ဆန်းစုကြည်က ​ထောက်ပြ ​ဆွေးနွေးခဲ့တယ်လို့ ​ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို ​နေပြည်တော်မှာ ​ဗုဒ္ဓဟူးနေ့ ​ကတည်းက ​အကြိုအနေနဲ့ ​စတင်ကျင်းပတာဖြစ်ပြီး ​ကြာသပတေးနေ့မှ ​ညီလာခံဖွင့်ပွဲပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။ 

ဒီဖွင့်ပွဲကို ​သမ္မတဦးသိန်းစိန်လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ​လာအို၊ ​ဗီယက် ​နမ်နိုင်ငံက ​ခေါင်းဆောင် ​တွေလည်းတက် ​ရောက်ခဲ့သလို ​ဥရောပ၊ ​အမေရိကန်နိုင်ငံတို့က ​ပညာရှင်တွေ၊ ​စီးပွားရေးသမား ​တွေနဲ့ ​အာရှဖွံ့ဖြိုး ​ရေးဘဏ်က ​တာဝန်ရှိသူတွေလည်း ​တက်ရောက်နေကြပါတယ်။ ​မြန်မာနိုင်ငံ ​အသွင်ကူးပြောင်းရေးနဲ့ပတ်သက်လို့ ​ဆွေးနွေးတဲ့အခါ ​၀န်ကြီးဦးစိုးသိန်းရဲ့ ​ပြောဆိုဆွေးနွေးချက်တွေက ​သူနဲ့ ​အမြင်မတူ ​တာ ​တွေရှိတယ်လို့ ​ မဇင်မာအောင်က ​အခုလိုဆက်ပြောပါတယ်။

"အသွင်ကူးပြောင်းရေးဘက်မှာ ​သတင်းလွတ်လပ်ခွင့်က ​ဘယ်လိုရှိလာပြီဆိုတာနဲ့ ​ပတ်သက်လို့ ​ကျမတို့အမြင် ​မတူတာလေးတွေရှိတယ်၊ ​ ၀န်ကြီးဦးစိုးသိန်းကဆိုလို့ရှိရင် ​သတင်းလွတ်လပ်ခွင့် ​ဘယ်လိုရနေပြီဆိုတာမျိုးတွေ၊ ​နောက်ပြီး ​တရားဥပဒေစိုးမိုးမှုနဲ့ ​ပတ်သက်လို့ရော ​တရားရုံးတွေဟာ ​ဘယ်လိုလွတ်လွတ်လပ်လပ် ​စီမံခန့်ခွဲလို့ရနေ ​ပြီပေါ့လေ၊ ​အုပ်ချုပ်ရေးမဏ္ဍိုင်၊ ​တရားစီရင်ရေးမဏ္ဍိုင်၊ ​ဥပဒေပြုရေး ​မဏ္ဍိုင်ကသူဟာနဲ့ ​သူဖြစ်နေပြီဆိုတဲ့ ​ကိစ္စတွေမှာ ​ကျမတို့ ​ငြင်းကြခုန်ကြတာတွေရှိတယ်ပေါ့နော်။"

မနေ့က ​ပြုလုပ်တဲ့ ​ကမ္ဘာ့စီးပွားရေးညီလာခံမှာ ​မြန်မာနိုင်ငံရဲ့အနာဂတ်ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​ဆွေးနွေးခဲ့ကြတာဖြစ် ​ပြီး ​ဒီကနေ့မှာတော့ ​Gender ​လို့ ​ခေါ်တဲ့ ​ကျား၊ ​မ ​အကြောင်း၊ ​စွမ်းအင်ဆိုင်ရာအကြောင်းနဲ့ ​ဘဏ်လုပ်ငန်းဆိုင်ရာ ​အကြောင်းအရာတွေကို ​ဆွေးနွေးဖို့ ​ရှိတယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

From: ABC Radio

မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။ ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများအနက် မြန်မာနိုင်ငံမှ စာရွက်စာတမ်း အပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများ ရှိသလို မလေးအစိုးရ၏ 6D program ဖြင့် အထောက်အထား စာရွက်ရရှိခဲ့ကြသူများ ရှိပြီး ၎င်းပရိုဂရမ်တွင် လျှောက်ထားသော်လည်း မလေးအစိုးရမှ အသိအမှတ် မပြုသူများလည်း ရှိကြောင်းကို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်သည့် ကိုကျော်မိုးဦးက ''ဒီလောက်လူတွေ အများကြီး မိသွားတယ်ဆိုတာက ကျွန်တော် ထင်တယ်။ တချို့က 6D program လုပ်တုန်းက မှတ်ပုံတင်ဖို့ လျှောက်ထားတယ်။ သူတို့ကိုယ် သူတို့တော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ ထင်တယ်၊ ဒါပေမဲ့ မလေးအစိုးရက လုပ်ထားတဲ့ စာရင်းတွေမှာ သူတို့နာမည် မတွေ့ဘူး။ ဒါကြောင့် သူတို့က တရားမ၀င်ဖြစ်သွားတယ်။ အရင်တုန်းက ဒီလိုမျိုးဖမ်းရင် ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ တချို့ဆိုရင် အဖမ်းခံရရင် စာရွက်မရှိဘူးလို့ ပြောလိုက်တယ်။ စာရွက်ရှိတယ်ဆိုရင် သူဌေးကိုယ်တိုင် လာရွေးရတယ်။ သူဌေးတွေက သိပ်ပြီးလာရွေးပေးတာမျိုး မရှိတော့ သူတို့က ပိုက်ဆံပဲပေးလိုက်တာမျိုးပေါ့။ အခုဖမ်းတာက ပိုက်ဆံပေးလို့ မရဘူးလို့ မလေးမှာကျန်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေက ပြောတယ်'' ဟုThe Daily Eleven သို့ ပြောပြသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးကလည်း ''အကြမ်းဖက်တာက ဘင်္ဂါလီတွေလို့ ကြားတယ်။ သူတို့လူမှားပြီး မလေးတစ်ယောက်က သတ်လိုက်တဲ့အထဲ ပါသွားတယ်။ ဒါကြောင့် မလေးအစိုးရက အသည်းအသန် ဖမ်းနေတာလို့လဲ ကြားပါတယ်။ ဘင်္ဂါလီတွေက မလေးထဲကို ခိုးဝင်နေတာ တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်တဲ့။ အဲဒါတွေကို ပြန်စစ်ထုတ်နေတာလို့လည်း ကြားတယ်'' ဟု ပြော ဆိုသည်။

မြန်မာအစိုးရက သတိထောက်လွှာပေးအပ်ပြီး နောက်ပိုင်းတွင် မလေးရှားရဲများက မြန်မာများကို အပြင်းအထန် ဖမ်းဆီးပြီး အထောက်အထားမဲ့ မြန်မာများအား ပြစ်ဒဏ်ချမှတ်မည်ဟု ပြောကြားခဲ့ရာ မလေးရှားရှိ မြန်မာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ အနေနှင့် မြန်မာလူမျိုးတို့အား ပိုမိုကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားနေကြသည်။

မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။

မလေးရှိ ထိန်းသိမ်းရေး စခန်းများတွင် အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရသည်ဟု ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိခဲ့သူများက ဆိုသည်။


The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ

EMG

ဆက်သွယ်ရေး လိုင်စင်နှစ်ခုအတွက် ကုမ္ပဏီလေးခုအကြား ယှဉ်ပြိုင်မှု မြင့်တက်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီစာရင်းကို ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်

Posted by drmyochit Friday, June 07, 2013, under | No comments

ဆက်သွယ်ရေး လိုင်စင်ရရှိရန် ကြိုးပမ်းနေသည့် KDDI ကုမ္ပဏီ၏ ရန်ကုန်ရုံးဖွင့်ပွဲကို တွေ့ရစဉ်

ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်နှစ်ခုအတွက် ကုမ္ပဏီလေးခုအကြား ယှဉ်ပြိုင်မှု မြင့်တက်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီစာရင်းကို ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း လိုင်စင်လျှောက်ထားခဲ့သော ကုမ္ပဏီများထံမှ သတင်းရရှိသည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုကို လျှောက်ထားခဲ့သည့် ပဏာမရွေးချယ်ခံရသော ကုမ္ပဏီ ၁၂ ခု အနက် Vodafone နှင့်China Mobile ပူးပေါင်းလျှောက်ထားခဲ့သည့် ကုမ္ပဏီတစ်ခု လိုင်စင်လျောက်ထားမှု ပြန်လည်ရုပ်သိမ်းခဲ့သည်။

ကျန်ရှိသည့် ကုမ္ပဏီ ၁၁ ခုအနက် KDDI Corporation + Sumitomo Corporation + Myanmar Information and Communication Technology Development Corporation(MICTDC) + A1 Construc-tion တို့ ပူးပေါင်းပါဝင်သည့် ကုမ္ပဏီ၊ Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited(M-Tel) တို့ ပူးပေါင်းလျှောက်ထားသည့် ကုမ္ပဏီ၊ တစ်ဦးတည်း လျှောက်ထားသည့် Digicel ကုမ္ပဏီနှင့် MTN Consortium (MTN Dubai + M1 Telecom + Amara Communication) တို့အကြား ယှဉ်ပြိုင်မှု မြင့်တက်နေကြောင်း သတင်းရရှိသည်။

''ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ခဲ့တာပါ။ တခြားကုမ္ပဏီတွေလည်း ဒီလိုပဲ ဖြစ်မှာဆိုတော့ အပြိုင်အဆိုင်ပေါ့။ အခု ဇွန် ၂၇ ရက်ထွက်မယ့် အဖြေကို စောင့်ရမှာ ဖြစ်ပါတယ်။ လိုင်စင်ရပြီးတာနဲ့ အလျင်မြန်ဆုံး လုပ်ငန်းစတင်နိုင်အောင် စီစဉ်ထားပါတယ်'' ဟု Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း နိုင်ငံတကာ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် လိုင်စင်ရရှိသည့် ကုမ္ပဏီများသည် အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် ခန့်မှန်းထားပြီး ကုမ္ပဏီအချို့က အမေရိကန်ဒေါ်လာ ကိုးဘီလျံအထိ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း သိရသည်။

ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် နှစ်ခုသာ ချပေးမည် ဆိုသော်လည်း အဆိုပါ လိုင်စင်ရ ကုမ္ပဏီများကို ထောက်ကူနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရန် အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီများအဖြစ် ကုမ္ပဏီအချို့ကို ခွင့်ပြုပေးသွားဖွယ်ရှိကြောင်း ဆက်သွယ်ရေးကုမ္ပဏီ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီနှစ်ခုနှင့်အတူ ယခုရွေးချယ်ခံရမည့် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုက၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှု နှုန်းမြင့်လာရန် လုပ်ဆောင်မည့် ဈေးကွက်အပေါ် သုံးသပ်ကာ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ၀င်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

From: Eleven

ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၈၅ မိုင်) တွင် ဇွန် ၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် သုံးဦးသေဆုံး

ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင်တွင် နိုင်ငံခြား သားများ ပါ ရှိသော ပါရာဒိုတစ်စီးနှင့် အေဒီဗန် အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန် လမ်းပိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွားပြီး အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသူများအနက် လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၆၂ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား တစ်ဦး၊ အသက် ၈၆ နှစ်အရွယ် ဆွစ်ဇာလန်နိုင် ငံသား တစ်ဦးနှင့် ဘာသာပြန်တစ်ဦး ပါရှိသော ပါရာဒိုယာဉ်အား မောင်းနှင်သူ ကိုတင်ဝင်းဆိုသူက ရှေ့ရှိ မိသား စု ခြောက်ဦး ပါရှိသော အေဒီဗန်ကားအား ကျော် တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အေဒီဗန်မှာ ဘက် ဘယ်ခြမ်းရှိ ချောက်အတွင်းသို့ ကျကာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွား...

ထို့အတူ နောက်မှကျော်တက်၍ ၀င်တိုက်ခဲ့သော ပါရာဒိုကားမှာလည်း ပေ ၅၀ အနက်ရှိ ချောက်အတွင်းသို့ ကျ သွားပြီး ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆို ပါ ဖြစ်စဉ်အပေါ် ရဲမှူးကြီးနေ၀င်းက “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပါရာဒိုကားပေါ်က ယာဉ်မောင်းရဲ့ အိပ်ငိုက် မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်” ဟု ဇွန် ၆ ရက်ည ၁၁ နာရီက ပြန် လည် ဖြေကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာ ရရှိခဲ့သူ လေးဦးအား နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကုသထားပြီး လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ပါရာဒိုယာဉ်မောင်းအား အမှုဖွင့် အရေးယူထားကြောင်း ရဲမှူးကြီးနေ၀င်းက ဆက်လက်ပြောကြားသည်။

From: Eleven

မိမိအစိုးရ လက်ထက်အတွင်း ပုဒ်မ ၄၀၁ကို အသုံးချ အရေးယူခြင်း မပြုဟု သမ္မတကတိပြု

Posted by drmyochit Friday, June 07, 2013, under | No comments


ရန်ကုန်၊ ဇွန် ၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်နေသော ရေဒီယိုမိန့်ခွန်း ပြောကြားမှု မှ တစ်ဆင့် မိမိအစိုးရ လက်ထက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ၄၀၁အား နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးပြု၍ အရေးယူရန် အစီအစဉ်မရှိကြောင်း ကတိပြုပြောကြား လိုက်သည်။

““ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာသက်သက်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေတာဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခု ယူရ တာကလွဲပြီး တခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ် အကျဉ်း ကျခံခဲ့ရသူ များနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ကို နိုင်ငံရေး လက်နက်တစ်ခုအနေနဲ့ အသုံးချပြီး အရေး ယူခြင်းပြု လုပ်ရန် အစီအစဉ်မရှိကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်””ဟု နိုင်ငံတော် သမ္မတက ပြော သည်။

ထို့ပြင် သမ္မတက နိုင်ငံရေးအကျဉ်းသားများကို တစ်ပြိုင်နက် ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်မပြုဘဲ အကြိမ်ကြိမ် ခွဲ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုနေခြင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မပြုခြင်းတို့ပေါ် ပြောကြားနေ မှုများကို ရှင်းလင်းပြောကြားခဲ့သလို ယခင်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်း ချ ထားရာတွင် ရာဇ၀တ်မှုနှင့် နိုင်ငံရေး ပြစ်မှု မကွဲပြားဘဲ ရှုပ်ထွေးခဲ့ကြောင်းလည်း ၀န်ခံပြော ကြားလိုက်သည်။

““ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲတွင် ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇ၀တ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ် ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်ပါတယ်။ ယခုအခါမှာ ထိုကိစ္စရပ်များကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိမ်းမှုအစရှိတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ကာလမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထားတူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်””ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းပါ ပြောကြားချက်များအပေါ် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ကိုမြင့်ဝင်းမောင်က ““နိုင်ငံတော် သမ္မတကြီးပြောတဲ့ စကားကို တို့ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကို တကယ်လွှတ်ပေးတော့မယ်လို့ ထင်ပါတယ်။ ဒါကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နောက် ၄၀၁နဲ့ ပတ်သက်လို့က ပယ်ဖျက်ဖို့ဆိုတာ လွှတ်တော်တင်ရမှာပါ။ ဒါပေမဲ့ သူ့လက်ထက်မှာ မကျင့်သုံးဘူးဆိုတာ တကယ် မင်္ဂလာစကားပါပဲ။ တိုင်းပြည်အတွက် ရင်ကြားစေ့ဖို့ ကိစ္စတွေအတွက် ဒီမိန့်ခွန်းက အထောက် အကူပြုပေးပါလိမ့်မယ်”” ဟု ပြောသည်။

ထို့နောက် ဆက်လက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ယခုအချိန်မှ ယင်းသို့ ပြောကြားရခြင်းမှာ နိုင်ငံတကာ ဖိအားပေးမှုနှင့် ပြည်တွင်းဒီမိုကရေစီ အင်အားစုများ၏ ဖိအားပေးမှု ကြောင့် ဖြစ်နိုင်သလို သမ္မတ အနေဖြင့် အားလုံးနှင့် ပြေလည်စေချင်သည့်ဆန္ဒ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ လာရောက်စေရန်၊ လူ့အခွင့်အရေးများကို လက်ရှိအစိုးရက တန်ဖိုးထားကြောင်း ကမ္ဘာကို အသိပေးချင်၍ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်းလည်း ကိုမြင့်ဝင်းမောင်က သုံးသပ်သည်။

ပြီးခဲ့သည့် မေလအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပုဒ်မ ၄၀၁ဖြင့် အာဏာပိုင်များက အရေးယူမှုပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများက ဝေဖန်ပြောကြားခြင်းများ၊ သတင်းမီဒီယာများမှ ပြင်းထန်စွာ ဝေဖန်ထောက်ပြမှုများပြုလုပ်ခဲ့၍ အရေးယူပြီး မကြာမီ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပြန်လည်လွှတ်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတ၏ တစ်လတစ်ကြိမ် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလာခြင်းဖြစ်သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီတွင် ပါဝင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးသူရ(ခ)ဇာဂနာက ““သမ္မတ၏ ပြောကြားမှုအပေါ် အသုံးမချဘူးဆိုရုံနဲ့မရဘူး၊ ကွင်းလုံးကျွတ်လွတ် တယ်ဆိုတာ တရားဝင် ဖြစ်သွားပြီဆိုတာ တရားဝင် ကြေညာပေးသင့်တယ်””ဟု မီဒီယာသို့ ပြောကြား သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ ၂၀၀ နီးပါး ကျန်ရှိနေသေးကာ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် (၈)ကြိမ်ဖြင့် အကျဉ်းသားပေါင်း ခြောက်သောင်းနီးပါး လွှတ်ပေးခဲ့ကာ ယင်းအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ခဲ့သည်။

by Myanmartandawsint Newspaper
From: Thit Htoo Lwin

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းနှတ်ထွက်စာတင်

Posted by drmyochit Friday, June 07, 2013, under | No comments



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းသည် ကျန်းမားရေး အခြေ အနေကြောင့် ဆေးကု သရန်အတွက် ဥက္ကဌအဖြစ်မှနှုတ်ထွက်စာကို ယနေ့တင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ထို့အတွက် အစည်းအရုံးနာယကများနှင့်အမှုဆောင် အဖွဲ့က အရေးပေါ် အစည်း အဝေး တစ်ရပ်ပြုလုပ် ကာ၎င်းဧ။် နှတ်ထွက်စာ ကိုလက် ခံခဲ့ကြောင်းနှင့်လစ်လပ်သွားသောမြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ နေရာတွင် ဒုတိယဥက္ကဋ္ဌဖြစ်သောသရုပ်ဆောင် လူမင်းမှ ခေတ္တတာဝန် ယူမည် ဖြစ်ကြောင်း သိရ သည်။

From : ..popular

သူမ သွေးစစ်ကြည့်ပေးပါ

Posted by drmyochit Friday, June 07, 2013, under | No comments


ယခုတလော ကြားသိနေရသော သူမနှင့်ပတ်သက်သော သတင်းပေါင်းစုံ အသံများစွာ နားမဆန့်အောင်ဖြစ်နေသည်။
သူမဘာဖြစ်နေသနည်း?
ဘာဖြစ်ချင်နေသနည်း?
ဒီသတင်း ဒီအသံတွေ ဟုတ်မှဟုတ်ပါရဲ့လား?
မှန်ကောမှန်ရဲ့လား?
သံသယပင်ဖြစ်နေမိလို့ ခရီးရောက်မဆိုက် လိုက်လေ့လာကြည့်မိ
တော့ သက်ပြင်းအခါခါချမိရပါသည်။
ကာလတစ်ခုအထိ သူမကိုယုံကြည်မိခဲ့သည်များမှားခဲ့ပြီဟု ပြန်သုံးသပ်မိသည်။
တဏှာ နိုင်ငံရေးတဏှာကျွန် ဘ၀ သူမပြန်ရောက်သွားခဲ့လေပြီ
ခွေးမြီးကောက် ကျည်တောက်စွပ်လို့ဆိုခဲ့ရင် ရိုင်းမည်ဟုမဆိုသာပါ မတူတာတွေဘေးဖယ်ထား ကြမည်ဆိုတုံးက ကျေနပ်မိခဲ့သည်။
လွှတ်တော်ထဲဝင်သွားတော့လည်း အားရလာခဲ့မိပြန်သည်။တရားဥပဒေစိုးမိုးရေးတာဝန်ပေးလိုက်တော့ တကယ်ပဲ ဗိုလ်ချုပ်သမီးပီသလာတော့မည် ထင်ခဲ့မိသည်။
လက်ပံတောင်းတောင်အရေး ပြေးကြည်တော့လည်း ဥပဒေနဲ့အညီလုပ်လာပြီဟု ထင်ခဲ့မိပြန်သည်။
ရခိုင် ကချင် မိတ္ထီလာ ၀င်မပါတာလည်း နိုင်ငံရေးပါးဝလာပြီဟု လွှတ်အထင်ကြီးခဲ့မိသေးသည်။
ကြာတော့သည်လည်းဒီစကားဆိုသလို ပြောတာတွေများလာ အိုဘားမားလာ သူ့အိမ်သွား ပါးတွေနမ်းကြတော့ ဟောဗျလို့ စဖြစ်ခဲ့ရသည်။
ဖုန်းတော်ကြီး တူးတူး ဒူးထောက်လို့ ဖူးမျှော်အရိုအသေပေး ဘာသာများမှားလေလို့လား ပေါ့။
နိုင်ငံခြားအခါခါသွား စုတွေအများကြီးပိုက် ဗိုက်များကြီးလာမလားလို့ စိုးရိမ်မိခဲ့သေး။
ဘာတွေပေးလိုက်သလဲတော့မသိ။
ကမ္ဘာသိအောင်လုပ်ခဲ့တာငြင်းလို့မရပါ။
ကျွန် မ သမ္မတ လုပ်ချင်သည်တဲ့။
ဗုဒ္ဓေါ မြတ်စွာဘုရား ဘုရားရှိခိုးဦး ဘုရား။
ဗုဒ္ဓကို မုတ္တလို့ သမုခ်ခဲ့တဲ့မိန်းမ
ကုလားဖြူ လင်လုပ် မွတ်တွေကို နမ်းရှုတ်ခဲ့သူ
ရိုဟင်ဂျာအားပေး ကုလားကိုဘေးထား
မြန်မာစကား မကျွမ်းကျင်သူ။
လင်မရှိတဲ့မိန်းမ မျက်နှာဖြူကုလား  သားလေး ၂ကောင်ဘေးထား
သမ္မတများလုပ်ခွင့်ရသွားမယ်ဆိုရင် တမလွန်က ဗိုလ်ချုပ်ပင် ကျွန်ပြန်ဖြစ်သွားမယ်ထင်မိ။
သူ့အတွက်အခြေခံဥပဒေပြင်ရမယ်လို့ အဝေးအနီးဘေးတီးတွေနဲ့
ခြေလှမ်းတွေပြင် ခက်ကုန်ကြတော့မယ်ထင်။
မြန်မာပြည်ရောက်စ နိုင်ငံရေးပါးမ၀သေးလို့ နိုင်ငံရေး မဒိန်းကျင့်ခံတာ ဖြစ်မှာပါလို့ နားလည်ပေးခဲ့လို့ရပေမဲ့ အခုပြန်ကြည့်တော့ သူမဟာ အရသာတွေ့သွားတာပါလားလို့
သိလာခဲ့ရပြန်တော့ ဘူးသီးနုနုလို့ သူမကိုယ်သူမ ထင်နေသေးပုံရတာတွေ့နေပြန်တော့ ရင်လေးစရာဆိုတာထက် အထင်သေးစရာတွေပိုလာခဲ့သဖြင့် လှမြင့် နဲ့ဖြစ်ခဲ့တယ်ဆိုတာတောင် ပုံပြင်မဟုတ်ဘဲ ယုံချင်စရာလို့ ထင်နေမိပါပြီ။
နုစဉ်ကအချစ် ပါကစ္စတန်ဖြစ်ခဲ့တယ်ဆိုတော့ မွတ်ဆလင်အရေး
နာကျည်းမှုတွေနဲ့တွေး တာမဆန်းပါဟုဆိုရမည်ပင်။
ဦးသိန်းစိန်အောင်မြင်တာ ပုဂ္ဂလိက အောင်မြင်မှုမဟုတ်ဘဲ တိုင်းပြည်အတွက်ဆိုတာ မခံစားနိုင်မအောင့်နိုင်လောက်အောင် သူမ ဖြစ်ပျက်နေပုံသည်။
အသက် ၇၀ မှ ဗိုက်ကြီးသွားသလို အမြင်မတော်စရာဖြစ်နေပါတော့သည်။
သူမရဲ့ အသွေးအသားတွေမှာ ဗမာ့သွေး ဗိုလ်ချုပ်သွေး ဒေါ်ခင်ကြည်သွေး ရှိမှရှိပါသေးရဲ့လား။
ဘာသွေးတွေများရောကုန်ပါပြီလဲ?
သူမသွေး စစ်ကြည့်ပေးပါ။

From : ..(မောင်ပြည့်စုံ )..(Myanmar Express)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်