Saturday, August 24, 2013

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် အကြီးပိုင်း ရုပ်ရှင် လောကသားများ၏ သဘောထား များစုစည်းမှု

Posted by drmyochit Saturday, August 24, 2013, under | No comments

" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင် (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင် အဖွဲ့ဝင်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဥက္ကဋ္ဌ)၏ သဘောထား "

"ဆန္ဒပြတယ်ဆိုတာ အခု ဒီမို ကရေစီနိုင်ငံကို လျှောက်နေ တဲ့နိုင်ငံ ဖြစ် တဲ့အတွက် ကိုယ်ပိုင်ဆန္ဒဖော် ထုတ်ခွင့် ဆိုတာရှိ တဲ့ အတွက် တားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှာရှိတဲ့ အမှုဆောင် ၂၂ ယောက်လုံးက ရုပ်ရှင်အစည်းအရုံး မှာထိုင်နေပြီးတော့ အလုပ် မလုပ် ကြဘူး စွပ်စွဲချက်ကတော့ အတော် လေး ကို ပြင်းထန်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီမှာအလုပ် လုပ်နေ ကြတဲ့သူတွေသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လစာကို စား နေကြတဲ့သူ တစ်ယောက် မှမပါဘူး။

အားလုံးက စေတနာ့ ၀န်ထမ်းတွေချည်းပဲ။ အဲဒါအပြင်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ ရုပ်ရှင်လော ကသား တွေကောင်းရာကောင်းကြောင်း အတွက် အများကြီး အလုပ်လုပ်နေ ကြတာ။ နေရာလိုချင်လို့ ဒီနေရာ လူကြီး ၀င်လုပ်နေတာ မဟုတ်ဘူး။

ဘာမျှော်လင့်ချက်ထားစရာမှလည်း တစ်ခုမှအကြောင်းမရှိဘူး။ သူ့ အလွှာအလိုက် ခေါင်းဆောင်တွေ ဟာ အလွှာကလူတွေအတွက်ကို အစည်းအဝေးတွေမှာ လိုအပ်ချက် တွေ တင်ပြတယ်။ တစ်ဖက်က ဆန္ဒ ပြတဲ့လူတွေ ဘက်က ပြောဆိုထားတာ က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကြီးက ပြိုကွဲတော့မယ့် အခြေ အနေ ပေါ့။ ပျက်ကြောင်း ဆိုတဲ့တစ်ခုတည်း ထဲမှာ သင်းပျက်အောင်လုပ်နေတဲ့ သူတွေဟာ ဘယ်သူတွေ လဲဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ဖို့လို တယ်။ အခု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက လက်ရှိမြန်မာနိုင်ငံ ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့သွားတူနေ တယ်။ တစ်ခုခုလုပ်ဖို့ ရှေ့ကိုခြေတစ် လှမ်းလှမ်း လိုက်၊ အနောက်ကနေပြီး တော့ အဲဒီလှမ်းနေတဲ့ခြေထောက်ကို လှမ်းဆွဲထားလိုက်၊ နောက်ကြောင်း ပြန်လှည့်ပြီး ရှင်းနေရလိုက် အဲဒီလို နဲ့ပဲ ရုပ်ရှင်အစည်းအရုံးက ၂ နှစ်ဆို တဲ့ကာလထဲကို ရောက်တော့ မယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နာယကကြီးတွေ၊ အတိုင်ပင် ခံအဖွဲ့အစည်းတွေ၊ ဗီဒီယိုလောက ဦးဆောင်အဖွဲ့အစည်းတွေ၊ ပြီးတော့ အမှုဆောင် တွေ ဒီလူတွေဘာလုပ်နေကြ သလဲဆိုတာ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ခေါင်းစီးအောက်မှာ ရှိနေတဲ့ ထဲထဲဝင်ဝင် အနုပညာကို ၀ါသနာပါပြီးတော့ စီးပွားရေးတစ်ခု တည်းမဟုတ်ဘဲနဲ့ အနုပညာအခြေခံ ပြီးဝင်လာတဲ့သူအားလုံးသိ တယ်။ ပြောချင်တဲ့စကားကတော့ ဒီနေ့ ဆန္ဒပြမယ်လို့ကြိုးစားကြတဲ့သူတွေ အနု ပညာလောကကို ဘယ်အချိန်က ၀င် လာခဲ့သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြဖို့လိုတယ်။ တစ်ခုပဲရှိတာက ရုပ်ရှင်လောက အတွက်တော့ ဒါဟာ အမည်းစက် တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီသမိုင်း ကို၊ ကိုယ်ရေးတဲ့သမိုင်းကို ကိုယ်ကိုယ် တိုင် လက်ခံနိုင်ဖို့တော့ အရေးကြီး တယ်။

ရုပ်ရှင်အစည်းအရုံးဘက်ကပဲ ဖြစ်ဖြစ်၊ ဆန္ဒဖော်ထုတ်သူများဘက်က ပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့သမိုင်း အတွက် ကိုယ့်ဘာသာကိုယ် တာဝန် ယူနိုင်ဖို့ အရေးကြီးတယ်။ ကိုယ့် အမည်းစက်ကို ကိုယ့်ဘာသာ ကိုယ် ဖျက်နိုင်ဖို့ အရေးကြီးတယ်"
=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=

" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဒါရိုက်တာဝိုင်း၏ သဘောထား "

ယနေ့ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများဆန္ဒထုတ်ဖော်ပွဲအပေါ် ဒါရိုက်တာဝိုင်းက...

( Media များသို့အသိပေးခြင်း...ကျနော်နှင့်ဦးဝင်းကြည် တို့ဖြစ်ခဲ့သောပြသ နာ သည်...နှစ် ဦးနှစ်ဖက်ကျေ နပ်စွာပြီး ဆုးံသွားပြီဖြစ်ကြောင်း... mediaများမှနေ၍ အသိပေးပြောကြားပြီးဖြစ် ပါသည်... သို့သော် ယခုဆန္နထုတ်ဖေါ်မှုတွင် မိမိတို့၏ နာမည်များအားရေး သားပြီး အနုပညာလော က သားများ အထင်အမြင်လွဲမှားအောင်ပြုလုပ်ခြင်းအား အပြင်း အထန် ရှုတ်ချ ပါသည်... ထိုဆန်ကျင် ဆန္ဒပြခြင်းသည်... အာဏာရရန် အတွက်ကြိုးစားနေသော လူတစု၏ လုပ်ရပ် သာဖြစ်ကြောင်း... မိမိအပါ အဝင် အနုပညာကိုချစ်မြတ်နိုးသူလူအများစုက....လုးံဝရှုတ်ချပါကြောင်းအသိပေးအပ်ပါသည် ) ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=


" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအေးကြူလေး (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ-၂ ) ၏ သဘောထား "
"ဆန္ဒပြတာကတော့ သူတို့ လည်း ရုပ်ရှင်နဲ့ဗီဒီယိုလော က ကောင်းဖို့အတွက် ပြတာဆိုတော့ ဒီမိုကရေ စီလျှောက်နေ တဲ့ အချိန်မှာဘယ်သူပဲဖြစ်ဖြစ် ပြခွင့်ရှိပါတယ်။ ရုပ်ရှင်အစည်းအရုံး လုပ်ဆောင်နေ တာတွေ အားလုံးကလည်း ရုပ်ရှင် လောကနဲ့ ဗီဒီယိုလော ကကြီး တိုး တက်ဖို့လုပ်နေတာပါပဲ။ ရည်ရွယ် ချက်ချင်းကတော့ အတူ တူတွေပါပဲ။ ဘာမှတော့မထူးပါဘူး။ ဒီမိုကရေစီ ခေတ်မှာ ပိုပြီးတော့ တောင် စည်းကမ်းရှိဖို့လိုအပ်တယ်။ ဒီမို ကရေစီဆိုပြီးတော့ လူအတော်များ များပြောနေ တာက ငါလည်း လုပ်ချင် ရာလုပ်မယ်၊ သူလည်း လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ဟာမျိုးတွေကတော့ မရှိသင့်ဘူ။ စည်းကမ်း နဲ့လုပ်ဆောင် ဖို့တော့လိုတယ်။ ရုပ်ရှင်ဆိုလည်း ဥပဒေရှိတယ်။ ဗီဒီယိုဆိုလည်း ဥပဒေ ရှိတယ်။ ဥပမာ- ကျွန်တော်တို့ ဆီမှာလည်း နာယကတွေရှိတယ်။ နာယကအောက်မှာ ရုပ်ရှင်အစည်း အရုံးရှိ တယ်။ အစည်းအရုံးအောက် မှာမှ အခြေခံအလွှာ ၁၀ လွှာရှိတယ်။ ပြီးတော့ အဆင့်ဆင့်ပေါ့။

တစ် ယောက်နဲ့တစ်ယောက် လေးလေး စားစားနဲ့ ဆက်ဆံပြောဆို လုပ်ကိုင် လို့ရှိရင် ဘာဖြစ်ဖြစ် အရာရာ အောင်မြင်မှာပဲ။ အကြောင်းအရာ တစ်ခုဖြစ်ပြီဆိုတာနဲ့ ဒါကြီးက အာဏာရှင်ဆန်တယ်ဆိုပြီး ပြောကြ တယ်။ အမှန်တော့ ဇစ်မြစ်ကိုကြည့် ဖို့လိုတယ်။ အစည်းအရုံးကလုပ်သမျှ သည် တစ်ယောက် တည်းက လုပ်နေ တာတွေမဟုတ်ဘူး။ အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ပြီးမှ အကောင် အထည်ဖော် လို့ရတာ။ လုပ်ခဲ့ သမျှတွေကလည်း အကုန်လုံး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ လုပ် တာပါ။ ဆန္ဒပြတာကိုလည်း ဘာမှ ကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့ ရုပ်ရှင်လောကကြီး ဒီထက်ပိုပြီးတော့ ၀ါးစည်းပြယ် သလို ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်ဖြစ်နေရင်တော့ ပိုဆိုး သွားမှာပေါ့။ တိုးတက်အောင် လုပ် နေကြ တာပဲ။ အခုမှ အစပျိုးခါစရှိ သေးတယ်၊ ပြဿနာတွေများပြီး အကောင်အထည်က သိပ်မပေါ် တော့ ဘူးဖြစ်နေတယ်"
=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=

" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘော ထား "
"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။

ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။ ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင် ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။

ကျွန် တော်တို့ဘက်က ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို ကျွန်တော်တို့အလေးအနက်ထားပါမယ်"


(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)
=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=


" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးညီညီထွန်းလွင် (မြန်မာနိုင်ငံရုပ် ရှင်အစည်း အရုံးဒုဥက္ကဌ) ၏ သဘော ထား "


"ဒါက မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ထဲက တစ်ခုပေါ့။ ကာတွန်းတစ်ခု တောင် သဘောကျတယ်။ ၈၈ အရေးအခင်းတို့ ဘာတို့က နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးဖွားပေး တယ်ပေါ့။ ဒီဘက်ခေတ်ဒီမိုကရေစီ အရိပ်အယောင်လည်း

မြင်လာရော သူရဲကောင်းတွေအများကြီးထွက် လာတယ်။ လူထုခေါင်းဆောင်တွေ က ၈၈တုန်းက လူထုခေါင်းဆောင် တို့ ပေါ့။ အခုမှ သူရဲကောင်းတွေက ထွက်လာတာ။ ဒီမိုကရေစီလည်းရ ရော သူရဲ ကောင်းတွေ က များလာ တယ်။ အန်္တရာယ်မှ မရှိတော့တာ။ မရှိတော့

ပြတော့တာပေါ့။ ဘယ် အလွှာပဲ ကြည့်ကြည့်လေ။ ဒါက အမျိုးမျိုးတော့ ရှိတာပေါ့။ ဥပမာ လယ်ယာမြေ အသုံး ခံရတာတို့၊ အလုပ်သမတွေက ရတဲ့အခြေစာတွေ နည်းလို့။ ဒါမျိုးတွေကို ဆန္ဒပြတယ် ဆိုတာ သဘော ကျပါတယ်။ ဆန္ဒပြ တာချင်းအတူတူ အခြေခံလစာနည်း လို့၊ လယ်ယာမြေအသိမ်းခံရလို့ အဲဒါေ တွက သူတို့မှာ နစ်နာပါ တယ်။ အဲဒီလို ဆန္ဒပြတဲ့လူတွေ ဆိုဒ်ဘက်က ကျွန်တော်တို့ရှိတယ်။ ဒါပေမဲ့ ကိစ္စ တိုင်း မှာတော့ မဟုတ် ဘူး။ မှန်တယ်လို့လည်း မပြောနိုင် ဘူး။ ဘာလို့လဲဆိုတော့ သူရဲကောင်း တွေ များလာတာကိုး။

ကျွန်တော် တောင် ကားတစ်ကားရိုက်ဖူးတယ်။ ဆန္ဒထုတ်ဖော်ဖို့ အငှား လိုက်သည်။ လူတစ်ယောက် ဘယ်လောက် ဆိုပြီး တော့ ဟာသအနေနဲ့ ရိုက်ဖူး တယ်။ အဲဒါလေးတွေကို တွေ့ပြီးတစ် ယောက် ဘယ်လောက် ရမလဲ ဆိုတာ တို့ကို ကြားလို့ ရိုက်ဖြစ်ခဲ့ဖူးတာရှိ တယ်။

အဲဒါကတော့ အခုခေတ် ဆန္ဒထုတ်ဖော်ပွဲတွေ အမြင်ပေါ့။ တချို့ကျတော့ နစ်နာတဲ့သူတွေရှိ တော့ ကျွန်တော် တို့ စာနာပါတယ်။ အခုရုပ်ရှင် အစည်းအရုံးကို ဆန္ဒပြ မှာကတော့ ခုနကပြောတဲ့ သူရဲ ကောင်းတွေ ပြမှာ ဆိုတော့ ပြပါစေ။ သူရဲကောင်းတွေက အများကြီးပေါ်ထွက်လာတာလေ"


From: Poular Journal

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဗွေဆော်ဦးဆန္ဒပြပွဲ

Posted by drmyochit Saturday, August 24, 2013, under | No comments

သြဂုတ်လ ၂၄ ရက်နေ့၊ နေ့ လယ် ၁၁ နာရီက မဟာဗန္ဓုလ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် ရှေ့တွင် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပတ် သက်ပြီး မပြေလည် မှုများကို ရုပ်ရှင် နှင့် ဗီဒီယိုလောကသားတချို့ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော် မှု မစတင်မီ မနက်ပိုင်းကတည်းက ၃၅လမ်း၊ ၃၆လမ်းရှိ ထုတ်လုပ်ရေး တချို့ တွင် ရုပ်ရှင် လောကသား တချို့ ရောက်ရှိနေကြပြီး မြန်မာရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ အလိုမရှိ "၊ 'ဗီဒီယို အခြေခံ အဖွဲ့(ဗဟို)နှင့် အဖွဲ့ထက် ပေး'စာသားပါသည့် တီရှယ်အင်္ကျီ များကို ဆင်တူ ဝတ်ဆင် ထားကြသည်။ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေချိန် တွင် ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတာနှင့်ပတ် သက်ပြီး DVD5 ထုတ်လုပ်ရေးပိုင် ရှင်ကိုအငယ်လေးက "ရုပ်ရှင်နှင့် ဗီဒီယို လောကသားများ ဟာ ခေတ် သစ်၊ စနစ်သစ်မှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူး။ ဒါ ကြောင့်လည်း လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခဲ့ကြ တာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းက NGOစစ်စစ်လို့သာ ပြောနေတာ ဒါပေမဲ့ NGOစစ်စစ် မဟုတ်သေးဘူး။

စီးပွားရေးနဲ့ကွဲနေ တဲ့အတွက် NGO စစ်စစ်မဖြစ်နိုင် ဘူး။ အတ္တတွေလည်း ပါလာတဲ့အခါ အဆင်မပြေနိုင်ဘူး"လို့ ပြောကြာပေး ခဲ့သည်။







From: Poular Journal

မည်သည့်နိုင်ငံတွင်မှမရှိသော ဘင်္ဂါလီများအပါအ၀င် white card ကိုင်ဆောင်ထားသူအား နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းမှုအား အာဏာရပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေ ကန့်ကွက်သဖြင့် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန်ရွှေ့ဆိုင်း

Posted by drmyochit Saturday, August 24, 2013, under | No comments

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့သဖြင့် အမျိုးသားလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအေးမောင်က ယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခြင်း ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ)တွင် ပါရှိသော "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သောပါတီ တည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်" ဆိုသည့် စကားရပ်အစား "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွှတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်" ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က)တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့သူတွေနဲ့ အရွေးခံနိုင်သူများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅(က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ထိုသို့ ဥပဒေကြမ်း တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးလှဆွေက ပြင်ဆင်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သလို ဖြစ်နေသည့်အတွက် ကန့်ကွက်ကြောင်း ပြောကြားသည်။

"ဒီနိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုတာ အခြေခံဥပဒေမှာ အခန်း ၁၀ ပုဒ်မ ၄၀၄(က)မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဒ်မ ၄၀၄(ခ)မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုဖြစ်တဲ့ သူတွေဟာ ဒီမှာဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာ ဖော်ပြထားတာ ဖြစ်တဲ့အတွက်ကြောင့် တန်းတူအခွင့်အရေး ရတယ်၊ ဒါတွေကို အခြေခံ ဥပဒေကို ချိုးဖောက်ပြီးတော့ ဒီလိုမျိုး ပြန်ပြင်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအဆိုကို ကန့်ကွက်ပါတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ပြောကြားခဲ့သည်။

ထို့နောက် ဥပဒေကြမ်း တင်သွင်းမှု အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြုလုပ်ခဲ့သော်လည် လူမစုံသည့်အတွက် မဲခွဲဆုံးဖြတ်သည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။


ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူဘင်္ဂါလီများက မဲပေးခဲ့ကြသဖြင့် ဒေသခံ တိုင်းရင်းသား ရခိုင်အများစုမှ ကျေနပ်ခြင်း မရှိဘဲ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါ white card ကိုင်ဆောင်သူများနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသားအဓိပ္ပာယ် သတ်မှတ်ချက်ကို တိတိကျကျ သတ်မှတ်ရန် တိုင်းရင်းသားပါတီ တစ်ခုအနေဖြင့် ကြိုးပမ်းလာခြင်း ဖြစ်သည်။

From: Eleven

တစ်ကိုယ် လုံးမှာ အရပ်ကိုကြိုက်တယ် ဆိုတဲ့ ချမ်းမီမီကို

Posted by drmyochit Saturday, August 24, 2013, under | 2 comments


ကိုယ့်ကိုယ်ကိုယ်ဘာလို့အောင်မြင်တယ်ထင်လဲ

ကိုယ့်ကိုယ်ကိုယ်ဘာလို့အောင် မြင်တယ်ထင်လဲဆိုရင် မအောင် တော့မအောင်မြင်သေးပါဘူး။ အောင်မြင်တယ်လို့တော့ မဟုတ် သေးဘူး။ ကိုယ်က ဒီအနုပညာ လျှောက်လမ်းလေးမှာ အလျဉ်းသင့်လို့ စ၀င်စလေးပဲရှိသေးတယ်။ အမြဲတမ်းကြိုးစားနေဆဲပေါ့နော်။

ပရိသတ်ဘာကြောင့်ကြိုက်

တချို့ဇာတ်လမ်းတွေမှာ ချမ်းမီက စရိုက်ဆန်ဆန်လေးတွေရိုက် တယ်။ စရိုက်ဆန်ဆန်လေးတွေဆို ရင် ချမ်းမီဈေးထဲမှာ သွားရိုက်တယ်။ ဈေးထဲမှာ ရန်ဖြစ်တဲ့အခန်းသွားရိုက် တာ ဈေးထဲကအစ်မတွေက ချမ်းမီ အဲဒီလိုသရုပ်ဆောင်တာကောင်း တယ်ဆိုပြီးတော့ ပြောကြတယ်။ နောက်နေ့လည်းရောက်ရော သူတို့ က ကိုယ့်ကိုအားကျပြီးရန်ဖြစ်ကြ တယ်။ ကိုယ်က ဈေးရောင်းတာဆို တော့ပါးကွက်ကြီးတွေ၊ နှုတ်ခမ်းနီ ကြီးတွေနဲ့ ရန်ဖြစ်တာ။ အဲဒါကိုသူတို့ က သဘောတွေကျပြီးကြိုက်ပါ တယ်။ သူတို့ရဲ့ကာရိုက်တာလေး တွေနဲ့သွားသွားပြီးတော့ ရယ်စရာ လေးတွေဖြစ်တာပေါ့နော်။ ရယ်စ ရာလေးတွေဖြစ်တော့ ငါတို့လိုပါပဲ လားဆိုပြီးတော့ တူတာလေးတွေ လည်း ယူကြမှာပေါ့။ အကြိုက်ချင်း တူလို့နေမှာပေါ့။

အရပ်ရှည်တာကြိုက်

ခန္ဓာကိုယ်မှာ အလှဆုံးလို့ထင် တဲ့ အစိတ်အပိုင်းကတော့ အရပ် ပေါ့။ သူ့ရဲ့မွေးရာပါအရပ်ကြောင့် ကိုယ်ကအရမ်းလည်းမ၀ဘူး။ အရမ်း လည်းမပိန်ဘူး။ နောက်ပြီးတော့ အမေတို့ကလည်း အရမ်းဝတဲ့အထဲ မှာမပါဘူး။ အဲဒီအခါကျတော့ ကိုယ် က အရမ်းလည်းမ၀ဘူး။ အရမ်း လည်း မပိန်ဘူး။ အဲဒါကြောင့် တစ် ကိုယ်လုံးမှာ အရပ်ကိုကြိုက်တာ။

ချမ်းမီက ဒိုင်ယာလော့ခ်ချ ပေးရင်လွယ်လွယ်ရတတ်လား

အစတုန်းကတော့ လွယ်လွယ် မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အိုက်တင်က စကားပေါ်မှာ အများ ကြီးမူတည်တယ်လေ။ မြန်မာစကား ဆိုတာလည်း အမျိုးမျိုးဆိုတော့ လေ။ အစပိုင်းက အတွေ့အကြုံ နည်းတဲ့အခါကျတော့ ရိုက်တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်သိပ်ပြီးတော့ စိတ်တိုင်းမကျဘူး။ နောက်ပိုင်းကျ တော့ ကားရိုက်တယ်။ ကိုယ်ကိုယ် တိုင်လည်း သဘောကျလာပါတယ်။

ရှုတင်မိတ်ကပ်

ရှုတင်မိတ်ကပ်လိမ်းရတာကို သဘောကျပါတယ်။ မိတ်ကပ်ပါးပါး လေးပဲလိမ်းဖြစ်ပါတယ်။

တစ်ယောက်တည်းနေရင် secret လုပ်တဲ့အကျင့်တွေက

တစ်ယောက်တည်းနေလို့ရှိရင် ကိုယ်က ကြိတ်ကြိတ်ပြီးတော့လုပ် ဖြစ်ပါတယ်။ ကိုယ့်အတွက် သီချင်း တွေနားထောင်တယ်။ ကိုယ့်အတွက် စာအုပ်တွေဖတ်တယ်။ ကိုယ်နဲ့သက် ဆိုင်တာ တစ်ခုမဟုတ်တစ်ခုခုကို တစ်ယောက်တည်းနေလို့ရှိရင်လုပ် ဖြစ်တယ်။
 - မိုးထက်ကျော် (8 DAYS JOURNAL)

အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး၏ကား အခိုးခံရ

Posted by drmyochit Saturday, August 24, 2013, under | No comments

အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး ပိုင်ဆိုင်သော ကားအခိုးခံရမှု တစ်ခုသြဂုတ် ၂၀ ရက်ညက ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ်တွင် နေထိုင်သည့် ဒု-ညွှန်မှူး ဦးနိုင်လင်းသည် သြဂုတ် ၂၀ ရက် ည ၈ နာရီခန့်တွင် သူ၏ ၇က/ဩဩ အာဗီးနီးယား ခဲရောင်ကားကို “စိန်သုံးလုံး”ကြေးအိုးဆိုင်အနီးတွင် ရပ်ထားခဲ့ပြီး ဆိုင်အတွင်း ကြေးအိုးဝင်စားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ကြေးအိုးစားပြီးသည့်နောက် ဆိုင်မှထွက်လာပြီး ကားထားခဲ့သော နေရာသို့ ရောက်သောအခါ ကားကို မတွေ့ ရတော့ဘဲ ပျောက်ဆုံးနေသည်ဟုလည်း ရဲဌာနကဆိုသည်။

ထို့ကြောင့် ကားကိုခိုးယူသူကို စုံစမ်းအရေးယူပေးရန် ဦးနိုင်လင်းက တရားလိုပြုလုပ်တိုင်တန်းထားပြီး ဗိုလ်တစ်ထောင် ရဲစခန်းက အမှုအမှတ်(ပ)၁၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိလျှင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ကား)ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

Posted by drmyochit Saturday, August 24, 2013, under | No comments

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အတည်ပြု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မြေဈေးများ အဆမတန် မြင့်တက်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ထိန်းချုပ်သွားရန် ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည် ဖြေကြားရာ၌ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်း ရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေတက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝမလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ ဒါပေမဲ့ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာမှန်းမသိ၊ ညာနေရာမှန်းမသိ ဖြစ်သွားတယ်။ ဒါကြောင့် ဒလကို ကျွန်တော်တို့ မလုပ်ဘူး။ ဒလကို ကိုရီးယားနဲ့ တံတားထိုးမယ်ဆိုတာ ဆောက်လုပ်ရေးက သွားကြည့်တာနဲ့မှန်းပြီး အဲဒီနေရာမှာ တံတားထိုးမယ်ဆိုပြီး ၀ယ်ကြပြန်ရော။ ကျွန်တော်တို့လည်း အဲဒီအလုပ်တွေက လိုက်လို့ကို မနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

မြေဈေးမြင့်တက် မှုများကို နိုင်ငံတော် အနေဖြင့် အခွန်ဖြင့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်သော အခွန်ဥပဒေများကို ပြုပြင်သင့်တာ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ အရောင်းအ၀ယ်များအား Moniter လုပ်ပြီး အခွန်ဖြင့် လိုက်ထိန်းသွားရန် စီစဉ်နေကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အလိုက် မြေဈေးနှုန်းများအား သတ်မှတ်ကာ တံဆိပ်ခေါင်းခွန်အား အပြည့်အ၀ ရရန်အတွက် ဆောင်ရွက်နေသည် ဟုလည်း သိရှိရသည်။
မြို့နယ်အလိုက် တစ်စတုရန်းပေ ပတ်လည် မြေတန်ဖိုးများကို ပြုစုပြီးပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် တံဆိပ်ခေါင်း ခွန်များအား လျော့ပြကာ ယခုအချိန်တွင် လုပ်ကိုင်နေကြောင်း ကိုလည်း သိရှိရသည်။

From: Eleven

တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်

Posted by drmyochit Saturday, August 24, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၂၂

အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉... ရက်နေ့ တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြောကြားသည်။

“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။

တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် ပဖဘဗမ တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။

The Voice Weekly

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်

Posted by drmyochit Saturday, August 24, 2013, under | No comments


ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ပူးပေါင်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ အကြား အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုသည်။

''ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး ရင့်ကျတ်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အခြေအနေတို့ပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမောက်က ပြောကြားသည်။

ထို့အပြင် ကော်မတီ အနေဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်မည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာဆန်းစစ် ဖော်ထုတ်ကာ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး စသည့်အချက်များကို လေ့လာသုံးသပ်မည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ လေ့လာရာတွင် ပြဋ္ဌာန်းချက်များကို အစုအဖွဲ့များ ဖွဲ့စည်းကာ အပိုင်းလိုက်ခွဲ၍ လေ့လာသုံးသပ် ရမည်ဖြစ်ပြီး အစုအဖွဲ့အလိုက် လေ့လာတွေ့ရှိချက်များကို ပူးပေါင်းကော်မတီ၌ ပြန်လည်ဆွေးနွေး သုံးသပ်မှု ပြုလုပ်ကာ အများသဘော တူညီသည့် အစီရင်ခံစာအား အပိုင်းလိုက်ခွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

From: Eleven

ဖွေးဖွေး - မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ မိန်းကလေးအချင်းချင်းပဲသိမှာပါ

Posted by drmyochit Saturday, August 24, 2013, under | No comments


ဖွေးဖွေးပါဝင်သရုပ်ဆောင် ထားတဲ့ Colourful Lesson ဇာတ် ကားက သူရိုက်ခဲ့တာ ရုပ်ရှင်ဆိုပြီး ရိုက်ခဲ့တာ ခုရုပ်ရှင်အဖြစ် ပြသခွင့် ပြန်တင်နေတာနဲ့ပတ်သက်ပြီး သူ နားမလည်ဘူး။ ထုတ်လုပ်သူပဲ သိပါ လိမ့်မယ်လို့ ပြောပါတယ်။ သူက တော့ သူပါဝင်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုး စားသရုပ်ဆောင်ခဲ့ပြီး ကြီးကြီးမား မားမျှော်မှန်းချက် ဘာမှမရှိဘူးလို့ ဆိုပါတယ်။ သူက ၀ါသနာပါတဲ့ အလုပ်တစ်ခုလို လုပ်ခွင့်ရနေတာနဲ့ တင်ပျော်ရွှင်ပါတယ်။ ၂၅နှစ်ပြည့် မွေးနေ့ပွဲအတွက် မေးထားတဲ့ မေး ခွန်းများကို ဖြေဆိုပေးခဲ့တဲ့ ပရိသတ် များကို ကျေးဇူးတင်ပါတယ်။ ဒီနှစ် မှာ မဆုံဖြစ်ခဲ့ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆုံနိုင်ခွင့်ရလိမ့်မယ် လို့ယုံကြည်ပါတယ်တဲ့ ...

Q. ဖွေး ဒီနှစ်ချစ်သူဆီက ဘာ လက်ဆောင်ရလဲ

A. ရှူးတိုးတိုး

Q. ဖွေးဖွေးကို ဘယ်လောက် သိလဲမေးခွန်းတွေက မများလွန်းဘူးလား

A. မေးခွန်းတွေက ဖွေးဖွေးရယ်၊ အမေရယ်၊ ကိုဝိုင်းရယ် တိုင်ပင်ပြီးမေးကြတာ။ ဖွေး ဒီအနုပညာ အလုပ်လုပ်ကတည်းက ပရိသတ်နဲ့ ရင်ဘတ်ချင်းဆက်ပြီး ခံစားတယ်။ ငါသာ ပရိသတ်နေရာမှာဆိုရင် ဒီ လိုမျိုးကြိုက်ပါ့မလားဆိုပြီး ပရိသတ် ဘက်ကအမြဲတွေးတယ်။ အဲဒီအတွက် ပရိသတ်နဲ့ဖွေးနှလုံးသားချင်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ကတ်သီးကတ်သတ်မေးခွန်းလေးတွေ မေးတာက ပျော်စေချင်လို့မေးတာပါ။ ၂၅ခု မေးတာက ဖွေးအသက် ၂၅နှစ်အတွက် အမှတ်တရလုပ်ပေမယ့်အရမ်းများမှန်းသိတယ်။ အဲဒီ အတွက် အများဆုံးဖြေနိုင်တဲ့သူတွေ ကိုစုပြီး မွေးနေ့ Dinner ကျွေးတဲ့ သဘောမျိုးပါ။ တကယ် အဖြေမှန် တာတစ်ယောက်ပဲရှိတယ်။ သူ့ကို ဖွေး CASIO နာရီလေးလက် ဆောင်ပေးလိုက်တယ်။

Q. လက်ပံတုန်းကလည်း တစ်ကားလုံးက အနီရဲရဲဝတ်တယ် မွေးနေ့ဝတ်စုံက အနီဆိုတော့ အနီရောင်က ဖွေးဖွေးကို ကံကောင်းစေသလား

A. ဟုတ်။ အနီရောင်က ဖွေး အတွက်ကံကောင်းစေတယ်လို့ ပြောလို့ရပါတယ်

Q. အရင်ကဖွေးရဲ့ဝတ်စားဆင် ယင်ပုံက နည်းနည်းလေးယောက်ျား ဆန်ပေမယ့် ခုမိန်းမဆန်ဆန်ဖြစ် လာတာ အချစ်ကြောင့်လား

A. အစကတည်းက ဖွေးဖွေးရဲ့ အပြင်ကာရိုက်တာက ကနွဲ့ကလျမ လုပ်တတ်ဘူး။ ဖွေးက မင်းသမီး တစ်ယောက်ဖြစ်ဖို့ထက် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ခဲ့တာ။ ကာရိုက်တာအကုန်ဝင် အောင်သရုပ်ဆောင်နိုင်သူ ဖြစ်ချင် တော့ အမာပဲဖြစ်ဖြစ် အပျော့ပဲဖြစ် ဖြစ် ပုံစံဝင်အောင်ပြောင်းဖြစ်ပါ တယ်။

Q. မိန်းမပိုဆန်လာတာ ဘာ ဖြစ်လို့လဲ ချစ်တတ်လို့လား

A. ရှင် ...အဲဒါမိန်းမအချင်း ချင်းပဲသိမှာပေါ့။

Q. ဖွေးဖွေး သီချင်းဆိုဖို့ကရော

A. Single ခွေထုတ်ဖို့က ဖွေးဖွေးရဲ့မဖြစ်သေးတဲ့ အိပ်မက်တစ်ခု။ ခုကအလုပ်တွေ ရှုပ်နေတော့ အဲဒီ အိပ်မက်ကလေးဖြစ်လာပါတော့မလားတောင်ဖြစ်နေတယ်။ သီချင်းကို ဖွေးက ကိုယ်တိုင်ရေးတယ်။ သံစဉ် ကလည်း ကိုယ်ပိုင်သံစဉ်ပဲလုပ်တယ်။ တီးတဲ့လူတွေနဲ့ကျတော့ ကိုယ်နဲ့မိသားစုလိုဖြစ်ပြီး စိတ်တိုင်း ကျတဲ့ လူတွေနဲ့ပဲဆိုတော့ ကြာဦး မယ်ထင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

သရက်မြို့တွင် မြစ်အတွင်းအမှိုက်များစွန့်ပစ်ခြင်းများမြင့်မားနေ

Posted by drmyochit Saturday, August 24, 2013, under | No comments


အောင်လံ၊ သြဂုတ်၂၃။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့၏ ဧရာဝတီမြစ်ကမ်းဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်ပုံကြီးများ များပြားလျက်ရှိပြီး ခရီးသွားများသည် အနံ့ဆိုးများ ရှုရှိုက်နေရသည့်အပြင်
မြို့၏ဂုစ်သိက္ခာ ထိခိုက်လာနိုင်သည်အထိ မြင့်မားလာကြောင်း သရက်သို့ နေ့စဉ် ရုံးတက်နေရသော ၀န်ထမ်းတစ်ဦးက ပြောသည်။

“မြစ်ရေက သောက်ရေအတွက် သုံးတာလေ၊ တွင်းရေက ကိုယ့်အိမ်သုံးဖို့ အတွက်သက်သက်ပဲ၊ ရေတက်ချိန်ကြောင့်ရေက နောက်နေပါတယ်ဆိုမှ မြစ်ကမ်းက အမှိုက်ပုံတွေနဲ့ဆိုတော့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယင်းအပြင် မြစ်ရေကိုသာအဓိက အသုံးပြုရသော မြို့ဖြစ်သောကြောင့်လည်း မြစ်ရေများ ညစ်ညမ်းလာမှုကလည်း ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း သရက်မြို့ခံတစ်ဦးက ပြောသည်။

ကမ္ဘာလှည့် ခရီးသွားများ ပါဝင်သော ခရီးသည်တင် သဘောင်္ကြီးများလည်း သရက်မြို့တွင် ဆိုက်ကပ်လေ့ ရှိသောကြောင့် ယင်းကဲ့သို့ အမှိုက်ပုံကြီးများ ရှိနေပါက မိမိတို့မြို့၏ ဂုဏ်သိက္ခာ ထိခိုက်ရမည်ဖြစ်ကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

သရက်မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်ရှိသော ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည့်အပြင် ရေလမ်းခရီးဖြင့် သွားလာမှုများပြီး မန္တလေးစသောမြို့များသို့ ကားဖြင့်ခရီးသွားလိုပါက
မြစ်အရှေ့ဘက်ကမ်းရှိ အောင်လံမြို့သို့ စက်လှေဖြင့်ကူးလာပြီးမှ တဆင့်သွားရသောမြို့ဖြစ်သည်။

ယင်းကဲ့သို့ရေလမ်းခရီး အသုံးပြုများသော မြို့ဖြစ်သောကြာင့် မြစ်ကမ်းနံဘေးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်ပုံကြီးများ ရှိနေခြင်းမှာ လုံးဝမသင့်လျော်ကြောင်း ခရီးသွားများက ပြောကြသည်။

လင်းသက်
The Myanma Age

ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး သက်သတ်လွတ် စားသူ အနုပညာရှင် အဖြစ် အဆိုတော် ဂျေးမက်ဂီးနက် ရွေးချယ်ခံရ

Posted by drmyochit Saturday, August 24, 2013, under | No comments


The Wanted ဂီတအဖွဲ့မှ ဂျေးမက် ဂီးနက်သည် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး သက်သတ်လွတ် စားသည့် အနုပညာရှင် အဖြစ် PETA2 တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဆံနွယ်ခွေများကို ပိုင်ဆိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိ အဆိုတော် ဂျေးက ဂျက်ရတ် လက်တိုနှင့် ရပ်ဆဲလ်ဘရန့်ထ် တို့ကို ဖြတ်ကျော်၍ အဆိုပါ ဘွဲ့တံဆိပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

မိသားစု တစ်ခုလုံးသည် ဘောလုံး ကစားခြင်းကို နှစ်သက်သော်လည်း ငယ်ရွယ်စဉ် ကတည်းက ဂျေးသည် ဘောလုံး ကစားခြင်းကို မနှစ်သက်ဘဲ ပန်းခြံထဲတွင် ဒေစီပန်းများ၊ ပျစား ပိုးများနှင့်သာ စကား ပြောနေတတ်သူ ဖြစ်ကြောင်း၊ ၎င်းသည် တိရစ္ဆာန်များကို ချစ်ခင်တတ်သူ ဖြစ်ကြောင်း ၎င်း၏မိခင် ဖြစ်သူက သားဖြစ်သူ၏ ငယ်ဘ၀ကို ပြန်လည်ပြောပြ ပေး ခဲ့သည်။

မြ၀တီ

ကွန်လွန်သူ RIT ကျောင်းသား ကိုစိုးနိုင် မိသားစုအား ထောက်ပံ့

Posted by drmyochit Saturday, August 24, 2013, under | No comments


၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်ပေါ်လာဖို့ အဓိက ပထမဆုံး ဖြစ်ပွားခဲ့တဲ့ စက်မှု တက္ကသိုလ် ကျောင်းသား တွေကို ပစ်ခတ်သတ်ဖြတ်မှုမှာ ကိုဖုန်းမော်နဲ့ အတူ သေနတ်မှတ် သေဆုံး ခဲ့ရတဲ့ ကိုစိုးနိုင် ရဲ့ မိသားစုကို ကျောင်းသားဟောင်းတွေနဲ့ စေတနာ ထက်သန်သူတွေက စုပေါင်း အလှူငွေကို စုစုပေါင်း သိန်း ၄၀ ကျော်ကို ပုသိမ်မြို့မှာ ရှိတဲ့ ကိုစိုးနိုင်ရဲ့ မိသားစုရှိရာကို သွားရောက် လှူဒါန်းခဲ့ကြပါ တယ်။

၈၈ ကျဆုံး RIT ကျောင်းသား ကိုစိုးနိုင်၏ ကျန် ရစ်သူ မိသားစု အတွက် စက်မှုတက္ကသိုလ်ကျောင်းသား ဟောင်းများနှင့် စေတနာရှင် များမှ ပေးပို့သော ထောက်ပံ့ငွေ ၄ ၀၃၃ ၂၀၀ ကျပ်ကို ပါမောက္ခ ( ငြိမ်း ) ဒေါက်တာ သိန်းလှိုင် မှ မိခင်ကြီးအား ပုသိမ်မြို့နေအိမ်တွင် လွှဲအပ်နေစဉ်၊ ဓာတ်ပုံ- ကိုမြင့်ဦး

 
ကိုမြင့်ဦး၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားတဲ့ အလှူရှင် စာရင်း



၁၉၈၈ မတ်လ ၁၃ ရက်နေ့ တွင် သေနတ်ဒဏ်ရာရရှိပြီး  ကျဆုံးခဲ့သော ကိုစိုးနိုင် ပဉ္စမနှစ် သတ္ထုတူးဖော်ရေး အင်ဂျင်နီယာ ၏  ကျန်ရစ်သူမိသားစုအား ကူညီထောက်ပံ့ငွေစာရင်း။


စဉ်   အမည်   ဘာသာရပ်     ဘွဲ့ ရသည့်နှစ်     နေရပ်       ကျပ် ... မှက်ချက်

၁ ဦးခင်မောင်လွင်(ခ)ကြက်တော Mechanical ၁၉၉၁ ရန်ကုန် 100,000 ၈.၈.၁၃
၂ ဦး ကျော်လှိုင် Mechanical ၁၉၈၇ ၾသစေတ်းလ် 200,000 ၈.၈.၁၃
၃ ဦး မြင့်ဦး Mechanical ၁၉၉၁ ရန်ကုန် 200,000 ၈.၈.၁၃
+
၁ ဦး ၀င်းထိန် Mechanical ၁၉၈၇ စကာင်္ပူ 100,000
၂ ဦး အေးကိုကို Mechanical ၁၉၈၇ စကာင်္ပူ 200,000
၃ ဦး ဇော်ထွဋ် Electronic ၁၉၈၇ ရန်ကုန် 50,000
၎ ဦး သန်းတူးကျော် Electronic ၁၉၉၁ ရန်ကုန် 100,000
၅ ဦး မြတ်တိုး Mechanical ၁၉၈၇ ရန်ကုန် 30,000
၆ ဦး ခင်အောင်ထွန်း(ခ)ညီညီ Electronic ၁၉၈၅ ရန်ကုန် 100,000
၇ ဦး နေ၀င်း(ခ)ဘိုးနေ Mechanical ၁၉၉၁ ရန်ကုန် 20,000
၈ ဦး မြင့်အောင်(၀ါးခယ်မ) Petro ၁၉၉၁ ရန်ကုန် 100,000
၉ ဦး စမျိုးအောင် Mechanical ၁၉၉၁ ရန်ကုန် 5,000
၁၀ ဦး အေးကို Metallurgy ၁၉၉၁ ရန်ကုန် 50,000
၁၁ ဦး မိုးမြင့်ကျော် Mechanical ၁၉၈၇ ရန်ကုန် 100,000
၁၂ ဦး ကျော်လင်း Textile ၁၉၈၇ ရန်ကုန် 500,000
၁၃ ဦး တင်ဦး Electronic ၁၉၉၂ ရန်ကုန် 50,000
၁၄ ဦး အောင်ကျော်ထွန်း Mechanical ၁၉၉၂ ရန်ကုန် 100,000
၁၅ ဒေါ်တူးတူးမာ Mechanical ၁၉၉၁ ရန်ကုန် 200,000
၁၆ ဦးတင်မြင့်(ခ)ရစ်ကီ Mechanical ၁၉၈၇ စကာၤပူ 23,000
၁၇ အမည္မေဖာ္လိုသူ 1 ဦး Mechanical ၁၉၉၁ စကာၤပူ 457,200
၁၈ ဦးကျော်သက်နိုင် Mechanical ၁၉၈၇ မန္တလေး 20,000
၁၉ ဦး မြင့်နိုင် Mechanical ၁၉၈၇(၁၉၉၁) မုံရွာ 50,000
၂၀ ဒေါ်ခင်စန္ဒာထွန်း Electronic ၁၉၉၁ ရန်ကုန် 50,000
၂၁ ဦးစောဂျိုးဆက် Mechanical ၁၉၉၂ ရန်ကုန် 30,000
၂၂ ဦး ၀င်းဘို နှင့် ဒေါ်ခင်လေးဝေ Mining & Ec၁၉၈၇/၁၉၉၁စကာင်္ပူ50,000
၂၃ ဦး မြင့်ခိုင် Mechanical ၁၉၉၁ စကာင်္ပူ 30,000
၂၄ ဦး အေးသွင် Electronic ၁၉၉၂ စကာင်္ပူ 200,000
၂၅ ဦး ကိုကိုလေး Mechanical ၁၉၉၁ မလေးရှား 50,000
၂၆ ဒေါ်ရွှေကြာ ရန်ကုန် 100,000
၂၇ ဒေါ် စန္ဒာသောင်း Civil (တောင်ငူ GTI ) ၁၉၉၅ ရန်ကုန် 100,000
၂၈ ဒေါ်သက်သက်ဝေ၊ဒေါ်သိန်းသိန်းဒေါ်သီတာအေးသင်္ကန်းကျွန်း 330,000
၂၉ ဦးခင်မောင်လင်း (ပါလင်း) Mechanical ၁၉၉၁ ရန်ကုန် 50,000
၃၀ ဦး ထွန်းထွန်းဦး(ဘိုကြီး) Mechanical ၁၉၉၁ ရန်ကုန် 50,000
၃၁ ဦး အောင်ဇော် အယ်ဒီတာ ဧရာဝတီသတင်းဌာန 100,000
၃၂ ဦး ဇော်လင်း Mechanical ၁၉၉၅ စကာင်္ပူ 100,000
၃၃ ဦး ကိုနိုင် + ဒေါ်စန်းသီတာလွင် Mechanical ၁၉၉၄ စကာင်္ပူ 100,000
"ဦးညွန့် လှ + ဒေါ်မော်လီ (ကနေဒါနိုင်ငံ-တိုကျိုမြို့ )ထံမှ"
၁ "ဆရာတော် ဦးကောဝိဒ
(မဟာဓမ္မိကကျောင်း ) CA$ 150" ကနေဒါ 215,000
၂ "ကိုအောင်မြင့် + Teresa Khoo CA$ 100 " ကနေဒါ

စုစုပေါင်း 3,810,200


ဒေါက်တာသိန်းလှိုင်( Professor, Mining Department )
ကိုခင်မောင်လွင်( ကြက်တော ) နှင့်ကျနော် မောင်မြင့်ဦး တို့
၈၈ ကျဆုံး စက်မှုကျောင်းသား ကိုစိုးနိုင်၏ ကျန်ရစ်သူမိသားစု အတွက် ထောက်ပံ့ငွေများပေးအပ်ရန် နက်ဖြန် ၂၄၊၈၊၁၃ နံက် ပုသိမ်သို့ထွက်ပါမည်။

အိမ့်သံစဉ် ~
ဧရာဝတီ

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို လယ်ယာမြေကျူးကျော်ဖျက်ဆီးမှုဖြင့် လယ်သမားကတရားစွဲ

Posted by drmyochit Saturday, August 24, 2013, under | No comments


ကန်ကြီးထောင့်၊ သြဂုတ်လ ၂၃။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင်အား  လယ်သမားတစ်ဦးက လယ်ယာမြေကျူးကျော် ဖျက်ဆီးမှုဖြင့်
ကန်ကြီးထောင့် မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ငါးရှည့်ထူး ကျေးရွာနေ ဒေါ်နော်လာဟေးက ၎င်းပိုင် လယ် ၁၃ ဧကအတွင်း စိုက်ပျိုးထားသည့် စပါးပင်များအား ဦးချစ်လွင်က ၀င်ရောက်ဖျက်ဆီး ထွန်ယက်ခဲ့သည်ဟုဆိုပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ရုံးတော်ကအမှုကို လက်ခံခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ကျမစိုက်ထားတဲ့ စပါးပင်တွေကို ၀င်ဖျက်ဆီးလို့ သူ့ကို တရားစွဲတာပါ။ အဲဒီနေ့က သူ့အလုပ်သမားတွေက လယ်ထွန်စက်တွေနဲ့ ကျမတို့ လယ်ခင်းထဲကို ၀င်မောင်းတယ်။ ကျမတို့ တားပေမယ့် တားလို့မရဘူး။ ဒီလယ်တွေနဲ့ ပတ်သတ်လို့ ကျမတို့မှာ မြေခွန်ပြေစာ၊ ဘဏ်စာအုပ်၊ သီးစားချထားမှု အကုန်လုံး အထောက် အထားတွေ ရှိပါတယ်။ ရုံးတော်က တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ပေးမယ်လို့ ကျမယုံကြည်ပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ်အား တရားစွဲဆိုထားသည့် ဒေါ်နော်လာဟေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေကိစ္စဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား လယ်သမားက တရားစွဲဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင်အား ဆက်သွယ် မေးမြန်းခဲ့ရာ “ကျွန်တော်က သူ့လယ် ၅ ဧကကို ၁ ဧက ၆ သိန်းနှုန်းနဲ့ ၂၀၀၈ ခုနှစ်ကတည်းက ၀ယ်ထားတယ်။ ၅ နှစ်ဆက်တိုက် ကျနော် စိုက်ပျိုး လုပ်ကိုင်ခဲ့ပါတယ်။ အခု အဲဒီနားက လယ်တွေက အတိုင်းအတာ တခုအထိ ဈေးတက်လာတာရော ပတ်ဝန်းကျင် အနှောက်အယှက်ရောကြောင့် ဒီကိစ္စတွေ ဖြစ်ပွားရခြင်း  ဖြစ်ပါတယ်”ဟု ပြောသည်။

သို့သော် လယ်ယာဝယ်ယူမှုနှင့် ပတ်သတ်၍ ယုံကြည်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ့ထံတွင် စာချုပ်စာတမ်း အထောက်အထား မရှိကြောင်းနှင့် လယ်ယာမြေနှင့် ပတ်သတ်၍လည်း အထောက်အထား
တစ်စုံတရာ မရှိကြောင်း ဦးချစ်လွင်က ဆိုသည်။

မိမိတို့အနေဖြင့် ဦးချစ်လွင်အား လယ်ယာမြေ ရောင်းချထားခြင်း လုံးဝမရှိဘဲ ၂၀၀၇ ခုနှစ်က ခြံနှင့် နွား ၆ ကောင် အပေါင်ထားပြီး ၁၀ တိုးဖြင့် ငွေ ၃၇ သိန်းချေးယူခဲ့ခြင်းဖြစ်ကြောင်း၊ အတိုးမဆပ်နိုင်သဖြင့် လယ်ယာမြေမှ ထွက်ရှိသော စပါးအားလုံးနှစ်စဉ် အတိုးအဖြစ် ပေးဆပ်ခဲ့ရကြောင်း ဒေါ်နော်လာဟေး၏ သားဖြစ်သူ ကိုရေချမ်းက ပြောသည်။

“သူက လယ်ကထွက်သမျှစပါး နှစ်တိုင်းရတာကို မကျေနပ်ဘဲ လယ်တွေကို မှတ်ပုံတင်ရာမှာ သူ့နာမည်နဲ့ ပြောင်းပြီး မှတ်ပုံတင်မယ်ပြောတယ်။ ကျနော်တို့က အကြွေးကို ဆပ်ပါမယ်။
လယ်ကိုတော့ မယူပါနဲ့ပြောတာ မရဘူး။ ငွေပြန်ဆပ်တာ သူက လက်မခံတော့ဘူး”ဟု ယင်းက ပြောသည်။

ဦးချစ်လွင်သည် ထိုကဲ့သို့ တောင်သူလယ် သမားများအား ငွေချေး၍ လယ်နှင့် အိမ်ခြံမြေများ သိမ်းယူလေ့ရှိကြောင်း လယ်ယာမြေများ အကြွေးဖြင့်အသိမ်းခံခဲ့ရသည့် ကန်ကြီးထောင့် မြို့နယ်၊
ဆားကွင်းကျေးရွာမှ လယ်သမားများက ပြောသည်။

“ကျနော်က မပြေလည်လို့ သူ့ဆီမှာ ငွေ ၁ သိန်းယူခဲ့တယ်။ မပြေလည်လို့ မဆပ်နိုင်ဖြစ်တော့ အတိုးတက်လာတာ ၄ သိန်းဖြစ်သွားရော။ ပြီးတော့ကျွန်တော့်လယ် ၅ ဧကကျော်ကို သိမ်းသွားတယ်။ ပြေစာတွေကို ကျေးရွာ မြေတိုင်းစာရေးနဲ့ ပေါင်းပြီး ခိုးထုတ်သွားတာ။ ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တောင် မသိလိုက်ဘူး။ အခု သူ့ငွေပြန်ပေးမယ် လယ်ပြန်ပေးပါ ဆိုတာကို သူက လုံးဝလက်မခံဘူး”ဟု ဆားကွင်းကျေးရွာမှ လယ်အသိမ်းခံရဖူးသူ လယ်သမားတဦးက ပြောသည်။

ဦးချစ်လွင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကန်ကြီးထောင့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ ဒုက္ခတွေ့နေရင်တောင် လွှတ်တော်မှာ တင်ပြပြီး ဖြေရှင်းနိုင်အောင် ကူညီဆောင်ရွက်ပေးရမှာ။ အခုဟာက လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် လယ်သမားကို လည်ပင်းတက်နင်းတဲ့ လုပ်ရပ်မျိုး၊ အကြွေးနဲ့ လယ်သိမ်းတဲ့ ဟိုတုန်းက ချစ်တီးတွေလိုမျိုး လုပ်ဆောင်နေတာဟာ ဘယ်လိုမှ မသင့်တော်ပါဘူး”ဟု လယ်သမားအရေး လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ယက်မှ ကိုမောင်မောင်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေကို အကြောင်းပြု၍ မြို့နယ်တရားရုံးများ၌ တရားစွဲဆိုမှု အမြောက်အမြားဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ဆလိုင်းသန့်စင်
The Myanma Age

မိန်းမလျာတစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်လိုက်တဲ့ Prison Break စတားဝန့်ဝေါ့သ်မီလာ

Posted by drmyochit Saturday, August 24, 2013, under | No comments

"Prison Break" ဇာတ်လမ်းတွဲတွေမှာ ယောက်ျားပီပီသသနဲ့ထက်မြက်သူတစ်ဦးအဖြစ် သရုပ်ဆောင် နိုင်ခဲ့ပြီး စကိုဖီးလ်လို့လူသိများထင်ရှားခဲ့တဲ့ အင်္ဂလိပ်-အမေရိကန်မင်းသား ၀န့်ဝေါ့သ်မီလာ
ဟာ မိန်းမ လျာတစ်ဦးဖြစ်တယ်လို့ လူသိရှင်ကြားဝန်ခံပြောကြားလိုက်ပါတယ်။

မီလာကို ရုရှားနိုင်ငံစိန့်ပီတာစ်ဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုကိုတက်ရောက်ဖို့ ဖိတ်ကြား ခဲ့ရာမှာမီလာကရုရှားနိုင်ငံမှာထုတ်ထားတဲ့ မိန်းမလျာတွေကို ဆန့်ကျင်တားဆီးတဲ့ဥပဒေ ကြောင့် မတက်ရောက်နိုင်ကြောင်းအိတ်ဖွင့်ပေးစာပေးပို့ခဲ့ရာမှာ အခုလိုထုတ်ဖော်ဝန်ခံခဲ့တာပါ။

သူက “ကျွန်တော့်ကို ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။မိန်းမလျာစိတ်ဝင်နေတဲ့ ယောက်ျားတစ် ယောက်အနေနဲ့ကျွန်တော်နိမ့်ကျရမှာပါ။ ရုရှားအစိုးရရဲ့ လိင်တူ ချစ်သူတွေ ကိုနှိမ့်ချ ဆက်ဆံနေ တာကို ကြားသိရတာ ကျွန်တော့်အတွက်တကယ်ပဲစိတ်ဆင်းရဲစရာဖြစ်စေပါတယ်။လက်ရှိ အနေ အထားဟာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်း မရှိပါဘူး။တစ်ဦးနဲ့တစ်ဦးပွင့်ပွင့်လင်းလင်း ချစ်ခင်စွာနေ ထိုင်ကြ တဲ့ သူတွေကိုအခြေခံအခွင့်အရေးတွေ မပေးနိုင်တဲ့နိုင်ငံမျိုးမှာ ပြုလုပ် တဲ့ဒီ လိုပွဲမျိုး ကိုကျွန်တော်မတက် ရောက်လိုပါဘူး။ နောက်နောင် အခြေအနေတွေပြောင်းလဲလာမှသာ ကျွန်တော့် ရဲ့စိတ်ကို ပြောင်းလဲသွားမှာပါ”လို့နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ဥက္ကဋ္ဌ မာရီယာ အက်ဗာဘက်ခ်ဆီ သို့စာရေးသားပေးပို့ခဲ့ပါ တယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်ကတည်းကမီလာဟာမိန်းမလျာစိတ်ပေါက်နေသူတစ်ဦးဖြစ်တယ်လို့ သတင်း ထွက်ပေါ်ခဲ့ပေ မယ့်အသက် ၄၁ နှစ်အရွယ်ရှိ သူကမဟုတ်တဲ့အကြောင်း ငြင်းဆိုဖူးခဲ့
ပါတယ်။အဲဒီတုန်းကတော့ သူကအလုပ်ကိစ္စတွေ ရှုပ်ထွေးနေတာကြောင့်ချစ်သူရှာဖွေဖို့ကို အချိန်မပေးနိုင်တဲ့ အကြောင်း ဖြေရှင်းခဲ့ဖူးပါတယ်။

mizzima

အသက် ၂၃ နှစ် အရွယ် ဓာတ်ပုံ ဆရာမ ကို မွမ်းဘိုင်း မှာ အုပ်စုလိုက် မုဒိမ်းကျင့်

Posted by drmyochit Saturday, August 24, 2013, under | No comments


အသက် ၂၃ နှစ် အရွယ် ဓာတ် ပုံ ဆရာ မ တစ်ဦး ကို အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့  မှာ အုပ်စုလိုက်
မုဒိမ်း ကျင့် မှု ဖြစ် ပွား ခဲ့ ပါတယ်။ အဖော် အမျိုးသား တစ်ဦး နဲ့  ဓာတ် ပုံ မှတ်တမ်း ရ ယူဖို့  မွမ်ဘိုင်း မြို့  စွန် ကို သွားရောက်ခဲ့တဲ့ ဓာတ်  ပုံ ဆရာမ ကို လူ ငါးဦး က ချဉ်းကပ် လာ ပြီး မုဒိမ်းကျင့် ခဲ့ တာ လို့  ဂျက်လော့ ဆေးရုံ မှာ ဆေးဝါး ကုသခံ နေတဲ့ ဓာတ်ပုံ ဆရာ မ က ရဲ ဌာန ကို ပြောပါတယ်။
မုဒိမ်းမှု ကြောင့် မွမ်ဘိုင်း မြို့  သား တွေ ဟာ အထူး တုန် လှုပ် ခဲ့ ပြီး သူတို့  မြို့  ဟာ မြို့ တော်
နယူးဒေလီထက် မိန်းကလေးတွေ ကို ပို လုံခြုံမှု ပေး  နိုင်တယ် လို့  အပြော ကြီး ခဲ့ တာ တွေ
ဟာ သဲထဲ ရေသွန် ဖြစ် ရ ပြီ လို့  ဟိန္ဒူ စတန် တိုင်း သတင်းစာ မှာ ဖော် ပြထား ပါတယ်။
ပြီးခဲ့ တဲ့ နှစ် ဒီဇင် ဘာလ က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ  တစ်ဦး ကို မုဒိမ်းကျင့်
သတ် ဖြတ် ခဲ့ မှု ကနေ စရေ တွက် မယ် ဆိုရင် တောင် အိန္ဒိယ မှာ မိန်းကလေး တွေ ကို မုဒိမ်း
ကျင့် မှု ပေါင်း ရာ ကျော် ရှိ နေ ပြီ လို့  မှတ်တမ်းတွေ မှာ ဖော် ပြထား ပါတယ်။

သူနဲ့  အတူ ပါလာတဲ့ အမျိုးသား အဖော် ကို တော့ မုဒိမ်းသမား တွေ က ရိုက် နှက် ခဲ့ ပြီး
သူ့  ကို ကျန်တဲ့ လေးယောက် က ၀ိုင်းချုပ် ပြီး တစ်ယောက် ချင်းစီ သားမယား အဖြစ် ပြု
ကျင့်ခဲ့ တယ် လို့  ပြောပါတယ်။

From: Myanmar Daily News

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်