Friday, October 04, 2013

မိုးစက်ဝိုင် ရဲ့ ဆုရဓာတ်ပုံများအစုံအလင်ကြည့်နိုင်ပါပြီ

Posted by drmyochit Friday, October 04, 2013, under | No comments


Congratulation Moe Set Wine - Miss Myanmar Universe 2013











သံတွဲ ဆူပူမှု အတွက် ရခိုင် ပါတီ ခေါင်းဆောင် ဖမ်းဆီးခံရ

Posted by drmyochit Friday, October 04, 2013, under | No comments

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရွှေလှေ ကျေးရွာကို
သွားရောက် အားပေး
ရခိုင် ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့ တိုက်ခိုက်မှု မတည်ငြိမ်မှု တွေနဲ့ ပတ်သက်ပြီး ရခိုင် ပါတီ ခေါင်းဆောင် တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။

ဗုဒ္ဓဟူးနေ့ ညဘက်က ဖမ်းဆီး ခံရသူတွေ ကတော့ ဦးစောလှိုင်၊ ဦးမိုးမြင့်အောင်၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦးဝင်းကိုလေးနဲ့ ဦးထွန်းသန့်ကျော်တို့ ဖြစ်ကြ တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။


ဖမ်းဆီး ခံရ သူတွေထဲက ဦးစောလှိုင်ခေါ် ဦးမောင်ပု က ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP သံတွဲ မြို့နယ် ဥက္ကဋ္ဌ ဖြစ်ပြီး ဦးသိန်းဇံနဲ့ ဦးသိန်းဝင်း ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖြစ် ပါတယ်။

လွန်ခဲ့တဲ့ နှစ် ဇွန်လက ရခိုင် ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ မူတွေ နောက်ပိုင်းမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ယောက် ဖမ်းဆီး ခံရတာ အခု တစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

တရားဝင် နိုင်ငံရေး ပါတီက မြို့နယ် ဥက္ကဋ္ဌ ဖြစ်သူ ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ကို ဗုဒ္ဓဟူးနေ့ညက ရဲက ဖမ်းဆီး သွားပုံဟာ တရားဥပဒေမဲ့ လုပ်ပုံ ဖြစ်တယ်လို့ သုံးသပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပြောရေး ဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောပါတယ်။

သံတွဲမြို့နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက်ဖမ်းဆီး အရေးယူ ခံရသူတွေ ထဲမှာ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင် တစ်ယောက်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် နှစ်ယောက် ပါဝင်တာ တွေဟာ ထူးခြားမှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အခု ဖမ်းဆီး အရေးယူမှုဟာ တရားဥပဒေ စိုးမိုးရေး အတွက် အစိုးရ ဘက်က ပထမဆုံး ဆောင်ရွက်မှုလို့ ပြောလို့ ရနိုင်ပေမဲ့ ဖမ်းဆီး အရေးယူတဲ့ နေရာမှာ လက်တွေ့ မီးရှို့ ဖျက်ဆီးမှု ကျူးလွန် သူတွေကို သာမက နိုင်ငံ တဝန်း အမုန်း တရားတွေ၊ မမှန် သတင်းတွေ ပြန့်ပွားအောင် လုပ်ဆောင် သူတွေ ကိုလည်း အရေး ယူသင့်တယ် လို့ ရန်ကုန်တိုင်း ဂျာနယ် ပင်တိုင် ဆောင်းပါးရှင် ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

ကျူးလွန်သူ တွေကိုရော နောက်ကနေ ဦးစီး ဦးဆောင် ပြုသူတွေ ကိုပါ အရေးယူမှသာ အစိုးရ အနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရာ ကျမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင် ခဲ့တဲ့ ဆိုင်ပိုင်ရှင် တစ်ဦးနဲ့ သုံးဘီး ဆိုင်ကယ် တက္ကစီ သမား တစ်ဦးတို့ သာမန် စကား များရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ မှုကြောင့် သံတွဲမြို့နယ်မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကနေ အိမ် ပေါင်း ၇၀ ခန့် မီးရှို့ ဖျက်ဆီး ခဲ့ရ ပါတယ်။

From: BBC

အကယ်ဒမီဆု အတွက် ဆန်ခါတင် နောက်ဆုံးအဆင့် စစ်ဆေး နေဖြစ်ပြီဖြစ်

Posted by drmyochit Friday, October 04, 2013, under | No comments


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် အတွင်း ကျင်းပမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီ ဆုပေးပွဲ အတွက် ရုပ်ရှင် ဇာတ်ကားများ ဆန်ခါတင် စစ်ဆေးမှုဟာ နောက်ဆုံး အဆင့် စစ်ဆေးမှုကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှု တွေမှာ ပထမအဆင့် စစ်ဆေးခဲ့မှုမှာ ဆန်ခါတင် ဇာတ်ကား ၁၇ ကားရှိခဲ့ပြီး ယခုနောက်ဆုံး အဆင့် စစ်ဆေးမှု မှာတော့ ဆန်ခါတင်ရုပ်ရှင် ဇာတ်ကား ၇ ကားသာ ရှိတော့တယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်ကားတွေ ကတော့ လက်ပံ၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ ဥ ၊ မော်ကင်း ဥဒါန်း၊ ကယန်းအလှ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ စတဲ့ ဇာတ်ကားပေါင်း ၇ ကား ပါဝင်တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားများကို အကဲဖြတ်ဖို့ အတွက် ကိုတော့ သက်ဆိုင်ရာ အဖွဲ့များမှ ပညာရှင်များ ပါဝင်တဲ့ အကဲဖြတ် အဖွဲ့ဝင် ၁၇ ဦးတို့မှ အကဲဖြတ် စစ်ဆေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေမှာ သတ်မှတ်ချက်များ အတိုင်း ဇာတ်ကား အားလုံးကို တာဝန်ရှိသူ တွေမှ အဆင့်လိုက် စစ်ဆေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိ စစ်ဆေးမှု ဟာတော့ နောက်ဆုံး အဆင့် စစ်ဆေးတာ ဖြစ်ပြီး ပထမအဆင့် စစ်ဆေးမှု ကတော့ ဇူလိုင် ၃ ရက်နေ့က စစ်ဆေးမှုများ ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

From : ..mrtv4

ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးနှင့် ယုံကြည်မှုမှ ပြည်သူ့ဆန္ဒသို့

Posted by drmyochit Friday, October 04, 2013, under | No comments


 သြဂုတ်လ ၂၉ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်ပါ ဆောင်းပါးရှင် စောမိုးဇက် ရေးသားထားသည့် “ငြိမ်း ချမ်းပြီး လျှင်လည်း စည်းလုံး ကြရမည်” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး ကျွန်တော့်အတွက် အတွေး ပင်လယ် ဝေခဲ့ရ တယ်။


ဆောင်းပါးက ဒုတိယ ၀န်ကြီး အသစ်များ ကတိသစ္စာ ခံယူပွဲမှာ သမ္မတကြီး ပြောကြား ခဲ့သလို မကြာမီ တစ်နိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး တော့မယ့် အတွက် ငြိမ်းချမ်းရေး ရတော့မယ်။ ငြိမ်းချမ်းလျှင်လည်း စည်းလုံးဖို့လိုတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေး ဆဲ ကာလမှာပင် ရှေ့နောက် မညီတာတွေကို ဆောင်းပါးရှင်က မီးမောင်းထိုး ပြထားတာ ဖြစ်ပါတယ်…

တကယ်တော့ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် အနိဌာနရုံကို ခါးခါးသီးသီး ခံစားခဲ့ရတဲ့ မြန်မာ နိုင်ငံသား အားလုံး က ဒီငြိမ်းချမ်းရေးကို အာသာငန်းငန်း တောင့်တနေကြတာ အားလုံးအသိပါ။ သမိုင်းကြောင်းအရ ခံစားချက် ကိုယ်စီနဲ့ လက်နက်ကိုင် လာခဲ့တဲ့ တိုင်းရင်းသား အချင်းချင်း ပြန်လည် သင့်မြတ်ရေးအတွက် အမျိုး သား ရင်ကြားစေ့ရေး ကိစ္စဟာ လက်ငင်း လိုအပ်ချက်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်တယ် ဆိုခဲ့ရင်တောင် ပြဿနာ ဖြေရှင်းခြင်းရဲ့ နိဒါန်းပဲ ရှိပါသေးတယ်.. ။ နိဒါန်းကောင်းနဲ့ တိုင်းရင်းသား အချင်းချင်း ယုံယုံကြည်ကြည် ပူးပေါင်း ဆောင်ရွက်သွားကြမှသာ ပန်းတိုင်အစစ်ကို ရောက်ရှိနိုင်မယ် ဆိုတာ ငြင်းချက် ထုတ်ရန် အကြောင်းမရှိပါ….။

ပူးပေါင်း ဆောင်ရွက်ရာမှာ ယုံကြည်မှု စက်ဝန်း ကျယ်ပြန့်ဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု စက်ဝန်း ကျယ်ပြန့်လေလေ ပူးပေါင်း ဆောင်ရွက်မှု၊ နားလည်မှု ကျယ်ပြန့် လေလေ ဖြစ်ပါတယ်။ ဆရာ ကျော်ဝင်းက ယုံကြည်မှု အချင်းဝက် (radius of trust) ဆိုတဲ့ အယူအဆကို တင်ပြခဲ့ဖူးပါတယ်။ မြန်မာ့ဓလေ့မှာ ယုံကြည်မှု အချင်းဝက် တိုတောင်းမှုကြောင့် ဂိုဏ်းဂဏတွေ ကွဲခဲ့ဖူးတဲ့ သာဓကတွေ အများအပြားရှိ ခဲ့ပါတယ်။ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်နေတဲ့ အချိန်မှာ ကိုယ့်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို ခေတ်မမီတဲ့ အမူအကျင့်နှင့် မစဉ်းစား သင့်တော့ပါ။ အဓိက အကျဆုံးဖြစ်တဲ့ ပြည်သူလူထု၏ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် ဖိအားပေးမှု ဆန္ဒ ထုတ်ဖော်မှုတွေ ကြောင့်လည်း ယခု အခြေအနေကို လျင်လျင်မြန်မြန် ရရှိခဲ့တာ မဟုတ်ပါလား။

ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building)ဆိုတာ လွယ်လွယ်ကူကူတော့ မဟုတ်မှန်း အားလုံး သိကြပါတယ်။ တစ်စုံ တစ်ယောက်က အခြားတစ်ယောက်ကို ယုံကြည်မှု(Trust) ဆိုတာ ယုံကြည်လက်ခံစရာ အကြောင်း အချက်တွေရှိမှ တည်ဆောက်ယူ နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ဆိုတာ တစ်ဘက်တည်း ပြောလို့တော့ မရပါဘူး။ နှစ်ဦးနှစ်ဖက် လုံးနှင့် ဆိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် လုံးက ငြိမ်းချမ်းရေးကို အမှန်လိုလားပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်ဖွယ် ဖြစ်အောင် နေထိုင်ပြုမှု ကြဖို့လည်း လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး စကား ပြောနေချိန်မှာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကို မလုပ်မိကြဖို့ အရေးကြီး ပါတယ်။ ဒါမှလည်း မိမိတို့ လျှောက် လှမ်းနေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့လမ်းကို ယုံကြည်မှု(Belief) ရှိလာပါမယ်။ ကိုယ့်လုပ်ရပ် အပေါ် ယုံကြည်မှု (Belief)ဟာ အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု (Confidence) မရှိရင် Belief ဆိုတာမဖြစ်လာနိုင်ပါ။ ဒီလိုဆိုရင် သူတစ်ပါးကို ယုံကြည်မှု (Trust)ဟာ သိပ်ကိုခက်ခဲသွား ပါလိမ့်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်မှာ စစ်အင်အား တိုးချဲ့တာတွေက ယုံကြည်မှု ပျက်ပြားစေတဲ့အတွက် အပြန်အလှန် ယုံကြည်မှု အားနည်း နေကြတာ တွေ့နေရပါတယ်။ အဓိက ပြောင်းလဲမှု (Change)တိုင်းမှာ စွန့်စွားမှု (Risk) အနည်းအများ ပါရှိစမြဲ ဖြစ်တယ် ဆိုပေမယ့် မိမိ သဘောထား ရပ်တည်မှု မှန်ကန် ရိုးဖြောင့်ရင် ရဲရဲတင်းတင်း လက်ဆွဲနှုတ်ဆက်လိုက် ယုံပါပဲ။ အောင်မြင်သွားမှာပါ။

ပြည်သူလူထုကြီးက အမှန်တကယ် လိုလားနေတာ ထာဝရ ငြိမ်းချမ်းရေးပါ။ ထာဝရ ငြိမ်းချမ်းရေး ရမှသာ ရေရှည် ဖွံ့ဖြိုးရေး ဆိုတဲ့ အာမခံချက်ကို ပေးနိုင်မှာ ဖြစ်တာ နှင့်အညီ ပြည်သူလူထုက နှစ်ဘက် စလုံးကို စောင့်ကြည့်နေ တယ် ဆိုတာ ဂရုပြုသင့် ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ ရန်ကုန်မြို့၊ မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့တဲ့ ဖဆပလ အစည်းအဝေးမှာ လူထုကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ် သားသား ပြောကြား ခဲ့သော မှတ်သားစရာ စကားတစ်ခွန်း ဖြစ်တဲ့ “ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲ အရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့် မယ်” ဆိုတဲ့စကားကို ငြိမ်းချမ်းရေးကို ဖော်ဆောင် နေကြတဲ့ နှစ်ဘက်သော ပုဂ္ဂိုလ်ကြီးတွေ သတိချပ်ကြဖို့ အထူး လိုအပ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကို တစ်တိုင်းပြည်လုံးက ကြည်ညိုလေးစား ခဲ့ကြပေမယ့် ဗိုလ်ချုပ်ရဲ့ စကားကိုတော့ ခုထိ နားမထောင် နိုင်ကြ သေးတာ၊ ဗိုလ်ချုပ်လို စိတ်ဓာတ် မမွေးနိုင်ကြသေးတာ အလွန် ၀မ်းနည်းစရာပါ။ ညီညွှတ်ရေးရှိမှ ပြန်လည် ထူထောင်ရေး လုပ်နိုင်မယ်။ ဒါမှ ကိုယ့်တိုင်းပြည် အောက်ကျနောက်ကျ မဖြစ်မှာ လို့လည်း အခါခါ ပြောခဲ့ဖူးတယ် ဆိုတာတွေကိုလည်း ပြန်လည်ဖော်ထုတ် ပေးပါရစေ။

ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အရှေ့အာရှ နိုင်ငံများဟာ အရေးပါလာခဲ့ပါ တယ်။ Land Theory အရ မြန်မာ နိုင်ငံဟာ မဟာဗျူဟာ ကျပြီး အရေးပါတဲ့ နိုင်ငံဖြစ်တာ နှင့်အညီ အာရှအင်အားကြီး နိုင်ငံများနှင့် နီးကပ်ပြီး ဖွံ့ဖြိုးမှု အလျင်မြန်ဆုံး တံခါးပေါက် ဖြစ်နေတာဟာ မြန်မာနိုင်ငံကို အာရှ အင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အခွင့်အလမ်း ကောင်းတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ ဒါကြောင့် အာရှ အင်အားကြီး နိုင်ငံတစ်ခု ထပ်မံ ပေါ်ပေါက် မလာအောင်နှင့် သူတို့ အကျိုးစီးပွား ကာကွယ်နိုင်ဖို့အတွက် ၄င်းတို့အလိုကျ လိုက်ပါနိုင်မယ့် နိုင်ငံငယ် တစ်ခုဖြစ်အောင်သာ အင်အားကြီး နိုင်ငံများက နည်းမျိုးစုံနဲ့ ချဉ်းကပ်နေတာဟာ “နွားကွဲရင် ကျားဆွဲမယ်” ဆိုတဲ့ စကားပုံကို အမှတ်ရပြီး သတိချပ် စရာပင် မဟုတ်ပါလော။

တိုင်းပြည်သာ အမှန်တကယ် တည်ငြိမ်အေးချမ်းမှု ရရှိနေပြီး စနစ်ကျတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင် ပါက မြန်မာနိုင်ငံရဲ့ အနေအထား အရ အာရှမှာ အင်အားကြီး နိုင်ငံအဖြစ် အရှိန်အဟုန်နှင့် ဖြစ်ပေါ် လာနိုင် တာ ငြင်းနိုင် ဖွယ်ရာ အချက်မဟုတ်ပါ။ အဲ့ဒီလို တိုးတက်ဖြစ်ပေါ်လာတဲ့ နိုင်ငံတော်ကြီးကို လုံခြုံစိတ်ချစွာ ကာကွယ်နိုင်ဖို့ အတွက် ယှဉ်တွဲပြီး လိုအပ်နေတဲ့ အချက်က တပ်မတော်ရဲ့ အခန်းကဏ္ဍပင် ဖြစ်ပါတယ်။ နိုင်ငံတကာ စံနှုန်းများ အရ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲရှိရမည်ဆိုတာ လက်ခံရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။

တစ်ပါးသူကို ရန်စကျူးကျော်ရန် မရည်ရွယ်သော်လည်း နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တိုင်းရင်းသား ပြည်သူတို့၏ အကျိုးစီးပွားကို ထိပါးလာလျှင်မူ လိုအပ်သလို တုံ့ပြန် ကာကွယ်သွားရန် တပ်မတော် အင်အားရှိဖို့ အရေးကြီးပါ တယ်။ နိုင်ငံတော်၏ အဆင့်နှင့် ပုံရိပ်ညီမျှသော အဆင့်မီ တပ်မတော် ရှိနေမှသာ ရန်စကျူးကျော်လို သူများအတွက် အဟန့်အတား တစ်ရပ် ဖြစ်ပေါ်စေသလို ကျရောက်လာသည့် ရန်ကိုလည်း ထိရောက်စွာ ကာကွယ် တွန်း လှန်နိုင် မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည် ထူထောင်ရေး မိန့်ခွန်းတွေ ပြော တိုင်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို အမြဲထည့်ပြောလေ့ ရှိတာကို မမေ့ပျောက် သင့်ကြပေ။ ထိုကြောင့် ပုဂ္ဂိုလ်စွဲ၊ အာဃာတ စွဲတို့ကို ဘေးဖယ်ပြီး အမျိုးသား အကျိုးစီးပွားနှင့် ယှဉ်၍ သုံးသပ်နိုင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ လူမျိုးရေး ခံစားချက်တွေနဲ့ လက်နက်စွဲကိုင် လာခဲ့ကြတဲ့ တိုင်းရင်းသား တပ်တွေဟာလည်း ငြိမ်းချမ်းရေး ရလျှင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး မစ်ရှင်တွေလုပ်တဲ့ နိုင်ငံတကာ စံနှုန်းတွေအတိုင်း တပ်များ ဖျက်သိမ်းခြင်း၊ လက်နက်ဖြုတ် သိမ်းခြင်းနှင့် ပြန်လည်နေရာ ချထားရေး (DDR) လုပ်ငန်းစဉ်တွေကို စနစ်တကျ စီမံခန့်ခွဲ ပေးနိုင်ရေး မဖြစ်မနေ ဆောင်ရွက် ကြရပါဦးမယ်..။ သို့မှသာ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အမှန်တကယ် ငြိမ်းချမ်းရေး အခြေအနေ ရောက်ရှိနိုင်ပါလိမ့် မယ်။ ဤသို့ မဟုတ်လျှင် အချိန်မရွေး ပေါက်ကွဲနိုင်သော အခြေအနေတွင် တည်ရှိနေပြီး ရေရှည်ရင်းနှီး မြှုပ်နှံမှုနှင့် အကျိုးခံစား ခွင့်ကို ရရှိနိုင်မည် မဟုတ်ပါ။

နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု (Legitimacy) ရှိသော အာဏာရ အစိုးရသည် အသာစီး ရှိသည် မှန်သော်လည်း ပဋိပက္ခ ဖြေရှင်းနည်း အဆင့်များအတိုင်း ပဋိပက္ခကို ခွဲခြမ်းစိတ်ဖြာ နားလည်ခြင်း၊ မဟာဗျူဟာ ရေး ဆွဲခြင်းနှင့် ဆွေးနွေး ညှိနှိုင်းခြင်း အဆင့်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် ပြောကြားချက် များအတိုင်း လက်တွေ့ လုပ်ဆောင်ချက်များနှင့် သက်သေပြနေရမှာဖြစ်ပါတယ်။  နိုင်ငံရေး အန္တိမ ရည်မှန်းချက် (political End)သည် ပြည်သူများ၏ ဆန္ဒ(Public Opinion) ဖြစ်သော ထာဝရ ငြိမ်းချမ်းရေး ဖြစ်သည့်အတွက် တွဲမည့် လက်များတွင် ယုံကြည် မှု အပြည့်ရှိရန် အရေးကြီးသည် နှင့်အညီ ယုံကြည်မှု သည်သာ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု တို့အတွက် အခြေခံဖြစ်သော စည်းလုံး ညီညွှတ်မှုကို ဆက်လက် ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ်..။

အာဃာတ တရားများ ဖြေဖျောက်ကာ သံသယစိတ်များ ကင်းကွာမှ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးရလာဒ် လုပ်ငန်းစဉ် များကို ခံစားနိုင်မှာပါ။ သို့အတွက်ကြောင့် ပြည်သူ့ဆန္ဒ ရည်မှန်းချက်များ ထိရောက်စွာ အကောင် အထည် ဖော်နိုင်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် မှန်ကန်သော သဘောထား ရပ်တည်ချက် များနှင့် ထိရောက်သော လက်တွေ့ ဆောင်ရွက်ချက်များ အကောင်အထည် ဖော်နိုင်ကြ ပါစေကြောင်း . . .

ဆောင်းပါးရှင် (ထက်ယံ)
မြ၀တီ

Thursday, October 03, 2013

သုံးနှစ်ခြားပြီးမွေးဖွားလာသည့်အမြွှာ

Posted by drmyochit Thursday, October 03, 2013, under | No comments


Richard Norman ဆိုသူဟာ သူရဲ့ အသက် ၂၆ နှစ် အရွယ် ဩဂုတ်လ ၂၀ဝ၇ ခုနှစ်က ဝှေးစေ့ကင်ဆာ ရှိတယ်လို့ ဝှေးစေ့မှာ အကျိတ်တွေ့ရှိတာကြောင့် ဆေးခန်းသွားပြခဲ့ရာ ဆရာဝန်တွေက ပဋိဇီဝ ဆေးဝါးနဲ့ ကုသပေးခဲ့ပါတယ်။

 ဆေးဝါးနဲ့ ကုသတာ မပျောက်တဲ့အတွက် ဆေး ရုံမှာ စစ်ဆေးကြည့်ရာမှ ဝှေးစေ့ကင်ဆာရှိ မှန်းသိရကာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာ ကလေးလိုချင်ရင် ယူနိုင်အောင် မခွဲစိတ် ခင်မှာ သူရဲ့ သုက်ပိုးတွေကို အေးခဲထားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက အကြံ ပေးထားတာကြောင့် သူရဲ့သုက်ပိုးတွေကို အေးခဲကာ သိမ်းဆည်း ထားခဲ့ပါတယ်။

သူရဲ့ ညာဘက် ဝှေးစေ့ကို ခွဲစိတ်ကုသမှုခံ ယူပြီး သုံးနှစ်အကြာ ၂၀ဝ၉ ခုနှစ် ဧပြီ လမှာ ရောဂါထပ်မံဖြစ်ပွားခဲ့တာကြောင့် ကင်ဆာကု ဆေးဝါးတွေနဲ့ ဆက်လက် ကု သမှုခံယူခဲ့ရပါတယ်။ ဆေးကုသနေစဉ် အတွင်း မစ္စတာ နော်မန်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကို အသုံးပြုပြီး မျိုးအောင်စေခဲ့ပါ တယ်။ မျိုးအောင်နေတဲ့ သန္ဓေသားတစ်ခုကို နော်မန် ရဲ့မိန်းမ သားအိမ်ထဲကို ထည့်သွင်းပြီး ကျန်လေးခုကို အေးခဲတဲ့နည်းနဲ့ သိမ်းထားတယ်လို့ သိရပါတယ်။

 နော်မန်ရဲ့မိန်းမဟာ ၂၀၁၀ ပြည့် နှစ်မှာ အလေးချိန် ခုနစ်ပေါင်နဲ့ ၁၂ အောင်စရှိတဲ့ သားကလေး ချာလီကို မွေးဖွားခဲ့ပါတယ်။ ချာလီကို ကိုယ်ဝန် ငါးလရရှိချိန်မှာ နော်မန်ရဲ့ ကင်ဆာမှ ပျံ့နှံ့လာတဲ့ လင့်အကျိတ်တွေကို ထပ်မံ ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

 နော်မန် အနေနဲ့ သူ့ကလေးကို တွေ့ချင်တာ ကြောင့် ကုသမှုမျိုးစုံကို လက်ခံခဲ့ပါ တယ်။ သူတို့လင်မယားနှစ်ယောက်ဟာ မနှစ်က ဖေဖော်ဝါရီလအတွင်းက ဒုတိ ယကလေးကို ထပ်မံယူဖို့ ဆုံးဖြတ်ခဲ့တာ ကြောင့် အေးခဲထားတဲ့ သန္ဓေသားတစ်ခု ကို နော်မန့်မိန်းမ သားအိမ်အတွင်းသို့ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် ရှစ်ပေါင် ရှစ်အောင်စရှိတဲ့ သမီးငယ် ဂျော်ဂျီယာကို မနှစ်က နိုဝင်ဘာလက မွေးဖွားနိုင်ခဲ့ပါတယ်။ သုံးနှစ်ခြားနေတဲ့ ကလေးနှစ်ယောက် ဟာ အမှန်မှာတော့ အမြွှာပူးကလေးတွေပါ။ တစ်ချိန်တည်းမှာ သန္ဓေအောင်ထား တာကြောင့်ပါ။


                                                                               By Good Health
                                                                               REF:ရိုးရာလေး

တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၂ ဦး သေဆုံး

Posted by drmyochit Thursday, October 03, 2013, under | No comments

အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။

ပျားတူ (ပဒူ)ကောင်များ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံတွင် အသေအပျောက် ပမာဏ (၄၁)ဦးထိ မြင့်တက်လာကြောင်း သိရှိရသည်။ အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ပျားတူကောင်များ ကိုက်ခဲမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည့်တိုင် ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သူ အရေအတွက်မှာလည်း (၁၆၀၀) ကျော်သွားပြီ ဖြစ်သည်။ ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် ပျားတူကောင်များ၏ ရန်ပြုမှုများ ကြုံနေရခြင်း ဖြစ်သည်။ ယခုရာသီမှာ ၎င်းတို့ မိတ်လိုက်ပေါက်ဖွားသော အချိန်မျိုးဖြစ်ပြီး သာမန်ထက် ကြမ်းကြုတ်ရန်လိုနေတတ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့ထိ စာရင်းများအရ ပျားတူများ လက်ချက်ကြောင့် ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် လူ(၄၁)ဦး သေဆုံးကာ (၁၆၇၅)ဦး ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ လူနာ(၃၇)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ဆိုးရွားပြင်းထန်သော အခြေအနေမျိုး ကြုံနေရသည်။ နွေရာသီနှင့် ဆောင်းဦးရာသီ အစောပိုင်းများအတွင်း ကြီးမားသော ပျားတူကောင်များသည် စာသင်ကျောင်းများထဲ ဝင်လာကာ ကလေးငယ်များကို တိုက်ခိုက်ကြသလို လယ်ကွင်းများထဲတွင်လည်း လယ်သမားများကို ရန်ပြုခဲ့ကြသည်။ စိုက်ခင်းကို စစ်ဆေးနေစဉ် ပျားတူကောင်များ တိုက်ခိုက်မှုကို ကြုံရသည့် မူကွန်ဟွီက "သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မရဲ့ ခေါင်းညာဘက်ခြမ်းကို ဝင်တုပ်တယ်။ ကျွန်မခြေထောက်တွေလည်း အတုပ်ခံရတယ်။ ကျွန်မ အရမ်းနာကျင်သွားပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ခုဆိုရင် ကျွန်မခြေထောက်မှာ တုပ်ရာ အပေါက်ကြီးတွေ အများကြီး ကျန်နေတယ်"ဟု ပြောကြားခဲ့သည်။ သူမသည် (၂)လခွဲ ကြာမြင့်သည်အထိ ဆေးရုံမှ မဆင်းနိုင်သေးချေ။ အစိုးရ၏ ကျွမ်းကျင်ပညာရှင်များက ယခုပျားတူကောင်များသည် အာရှပျားတူကြီးမျိုးခေါ် ကမ္ဘာ့အကြီးဆုံး ပျားတူမျိုးနွယ်များ ဖြစ်ကြကြောင်း ပြောဆိုထားသည်။ သိပ္ပံအမည် Vespa Mandariniaဟု ခေါ်ဝေါ်သည့် ယင်းပျားတူမျိုးသည် အဆိပ်ပြင်းထန်ပြီး ခန္ဓာကိုယ် အရွယ်အစား (၃.၅)စင်တီမီတာမှ (၃.၉)စင်တီမီတာခန့်ထိ ကြီးထွားလေ့ ရှိကြောင်းလည်း သိရှိရသည်။

From:Planet Myanmar Network

မန္တလေးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

Posted by drmyochit Thursday, October 03, 2013, under | No comments

လူသတ်မှု ဖြစ်ပွားသည့် Panasonic co.ltd ကုမ္ပဏီ ဂိုဒေါင်ဝင်း (ဓာတ်ပုံ – မင်းထက်ငြိမ်းချမ်း / ဧရာဝတီ)

မန္တလေး ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း သုံးလောင်းပြိုင်လူသတ်မှု ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားသည်။

လုံခြုံရေး ၀န်ထမ်းများ အသတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာ အမရပူရမြိုနယ်တွင် နေထိုင်သူများဖြစ်သည့် ဦးဟန်သောင်း၊ ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည်ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ ဖြစ်သည်။

ဦးဟန်သောင်း၏ သမီး မသန်းသန်းဟန် က“၂ ရက်နေ့ မနက်ကျမှ ကျမတို့ သိရတယ်၊ အဲဒါလည်း ကုမ္ပဏီကို သွားတဲ့ကလေး တယောက်က ၀င်းထဲမှာ ရဲတွေနဲ့လူတွေ အများကြီး ကျမအဖေကို ပက်လက်ကြီး တွေ့ရတယ်၊ သေပြီလားမသိဘူးဆိုပြီး ဖုန်းလှမ်းဆက်လို့ လိုက်သွားရတာ၊ ပါးစပ်ထဲလည်း အ၀တ်တွေ ဆို့ထားတယ်”ဟု ပြောပြသည်။

အောက်တိုဘာ ၂ ရက်နေ့ နံနက်တွင် ပန်နာဆိုးနစ် ကုမ္ပဏီ အရောင်းဝန်ထမ်း တဦးဖြစ်သူ ကိုသက်ပိုင်စိုး ဆိုသူက ကုမ္ပဏီမှ ပစ္စည်းများ ထုတ်ယူရန် လာရောက်စဉ် ကုမ္ပဏီခြံဝင်း တံခါးမကြီး ပွင့်နေပြီး လူသုံးဦး သေဆုံးနေကြောင်း တွေ့ရသည်အတွက် သက်ဆိုင်ရာသို့ အကြောင်းကြား ခြင်းဖြစ်သည်။

“ကုမ္ပဏီဝင်းထဲမှာ ကုမ္ပဏီမော်တော်ယာဉ်တွေက ပြည့်ကျပ်နေတာ၊ အလောင်းသုံးလောင်းက ကားတွေ ကြားထဲမှာ တနေရာစီခြားပြီး သေနေကြတာ မြင်ခဲ့တယ်၊ ၂ ရက်နေ့ မနက်ဆိုရင် ကျနော်တို့ ကုမ္ပဏီမှာ အဘ ဦးဟန်သောင်းတို့ လစာ လာထုတ်ရမှာ အနေအထိုင်တွေ အေးကြပါတယ်၊ ရန်ငြိုးရန်စကြောင့်တော့ မဟုတ်လောက်ဘူး”ဟု ကုမ္ပဏီမန်နေဂျာ ဦးညီနိုင်က ပြောသည်။

သေဆုံးသူများမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် တုံးသောလက်နက်ဖြင့် ထုရိုက် ခံထားရပြီး သေဆုံး ခြင်းဖြစ်ကြောင်း၊ ည ၁၂ နာရီ ၀န်းကျင်၌ သေဆုံးခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ က ယူဆထားသည်။

“အဓိက ကတော့ ပစ္စည်းတွေ မပျောက်ဘူးဆိုပေမယ့် ရုံးခန်းအပေါ်ထပ်က မီးခံသေတ္တာဆီကို လူသတ်တရားခံ သွားတဲ့ သဲလွန် စတွေ တွေ့ရတယ်၊ ဒီတော့ အတွင်းသိ လူသတ်သမားဖြစ်နိုင်တယ်၊ တဦးတည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နိုင်တယ်”ဟု တိုင်း ရဲတပ်ဖွဲ့ ရဲမှူး ဦးအောင်ရွှေက ပြောသည်။

အဆိုပါလူသတ်မှု နှင့် ပတ်သက်၍ မသင်္ကာသူ နေ့စား ၀န်ထမ်း စန်းအောင် ခေါ် စံအောင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကုမ္ပဏီ ၀န်ထမ်းတချို့ အပါအ၀င် လူ ၁၅ ဦးခန့်ကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

မင်းထက်ငြိမ်းချမ်း| ဧရာဝတီ

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

Posted by drmyochit Thursday, October 03, 2013, under | No comments


ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက် (၁၂)နှစ် အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှတ်တမ်းများအရ သိရသည်။

အမျိုးသမီးငယ်သည် ယင်းနေ့ညနေ (၅)နာရီခန့်က မီးဖိုခန်းအတွင်း အလုပ်လုပ်နေစဉ် အိမ်ရှင် ဦးလှထွေးက မုန့်ဖိုးဟုဆိုကာ ငွေ (၁၀၀) ကျပ်ပေးကြောင်း၊ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဆွဲလှဲကာ အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့သောကြောင့် မိမိအိမ်သို့ ငိုယိုကာ ပြန်လာကြောင်း အတူနေထိုင်သည့် အဒေါ်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူမှ တရားလို ပြုလုပ်တိုင်ကြားထားချက်ကို ဒဂုံဆိပ်ကမ်း မမစ(ပ)၃၃၈/၁၃ ၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ် သက်ဝေ(စခမ) က စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဝေလင်း
The Myanma Age

အတင့်ရဲပြည့်တန်ဆာလုပ်ငန်း ကြီးလေးသောပြစ်ဒဏ်ချ၍ နှိပ်ကွပ်ရန် ညွှန်ကြားထားဟု ဆို

Posted by drmyochit Thursday, October 03, 2013, under | No comments


ရန်ကုန်၊  အောက်တိုဘာ ၁

အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအား အ ရောင်းအဝယ်ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံးအားလုံး သို့ ညွှန်ကြားချက်ပေး ပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင် ဝင်းကပြောသည်။

အဆိုပါလုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန် ကြားမှုများထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့်အားဖြည့်၍ ထိ ရောက်စွာအရေးယူနိုင်ရေးကို ဆောင် ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။
ခေတ်ကာလအလျောက် ပြည့် တန်ဆာလုပ်ငန်းများ များပြားလာသဖြင့် ယင်းကိုမနှိမ်နင်းနိုင်ပါက အကျင့်စာ ရိတ္တပျက်ယွင်းခြင်း၊ လူမျိုးဂုဏ်ကျဆင်း ခြင်းနှင့် ကျန်းမာရေးထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ်စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့် တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေး ယူခဲ့သော အမှု ၄၈၁၆ မှုရှိကြောင်း ဝန် ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ¤င်း၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက အစိုးရ သစ်လက်ထက် ၌ ပြည့်တန်ဆာနှိပ်ကွပ် ရေးဥပဒေအရ အရေးယူဆောင်ရွက် နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးကအထက် ပါအတိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့်ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများရှိနေပြီး ရှေးရိုးအ စဉ်အလာ ထိန်းသိမ်းစောင့်ရှောက်လိုသူ များက ယင်း ကိုလူ့ဘောင်ယဉ်ကျေးမှု အရထိန်းသိမ်းသင့်ပြီဟု ဆိုကြပြီး အချို့ မှာ ခေတ်ကာလနှင့်အညီ ပြင်ဆင်ရန် သင့်သည်ဟု ဝေဖန်မှုများရှိနေကြောင်း ဒေါက်တာညိုညို သင်းက ပြောသည်။
၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့အမျိုး သားတွေကိုတော့အရေးမယူဘူး။ အမျိုး သမီးတွေကိုပဲ အရေးယူတယ်။ ဒါက တော့ တစ် မျိုးဖြစ်နေတာပေါ့”ဟု ပြည့် တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ပတ် သက်၍ ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်း များ ရှိရာ ယင်းကဲ့သို့ စီမံ၍ အများပြည် သူများရှေ့တွင် မဖွယ်မရာပြုလုပ်ခြင်းကို သာ ဥပဒေ အရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ် ကွပ်ရေးဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက်မနည်း သုံးနှစ် ထက်မပိုသည့် ထောင် ဒဏ်ကျခံရ မည် ကို တစ်နှစ်ထက်မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့်ငွေဒဏ် ချ မှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်ေ စ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ် ထက်မနည်း ငါးနှစ်ထက်မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ဝေမာထွန်း
Popular

သံတွဲဖြစ်ရပ်နဲ့ အစိုးရရဲ့အောက်တိုဘာ ၂ သတင်းထုတ်ပြန်ချက်

Posted by drmyochit Thursday, October 03, 2013, under | 3 comments


ဒီရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ ညနေပိုင်း အစိုးရရဲ့ သတင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဒါကို ည ၈း၀၀ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။

မဖတ်ရသေးသူ များအတွက်  ကူးယူ ဖော်ပြလိုက်ပါတယ်။


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ပြည်သူချင်း အငြင်း ပွားမှုဖြစ် စဉ်ကိုအကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ် ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်များအတွင်း နှစ်ဘက် လုံးမှ ထိခိုက် ဒဏ်ရာရသေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိ ရပါသည်။ အဆိုပါ ထိခိုက် နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူ များနှင့် ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မှု အတွက် အားသွန် ခွန် စိုက်ကြိုး ပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ် ပွားရခြင်းသည် ရခိုင်ပြည်နယ် အတွက် သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ် ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး၊ပြစ်မှု ကျူးလွန်သူ များအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည် တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် လည်း ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ဖော်ပြအပ်ပါသည်။

အောက်တိုဘာအတွက် ၇ ရက် သားသမီး ကံကြမ္မာ

Posted by drmyochit Thursday, October 03, 2013, under | No comments


တနင်္ဂနွေသားသမီးများအတွက် -

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိ သာသာ အောင်မြင်မူရမည်။

လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။
မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။

ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေ လမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။

လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။
လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။
ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

တနင်္လာသားသမီးများအတွက်
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာ လိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
အိမ်ထောင် မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။

မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီး အကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။

အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင် ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။
မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

အင်္ဂါသားသမီးများအတွက်
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလို ပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများ အရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။

ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်း ကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်း ရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။

စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။
လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်
ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။
သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများ အောင်မြင်ခြင်းများကြုံမည်။
နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့် မည်။

မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။
ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။
ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။
ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။

အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ သွားရတတ်သည်။
ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။
စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

ကြာသပတေးသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။
အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။
မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊
လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။

လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။
ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွား တတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

သောကြာသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်း များ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။

ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။
ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။
ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။
မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

စနေသားသမီးများအတွက်
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။
ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။
သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊
အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။
လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။
ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။
ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။
ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

ဟိန်းတင့်ဇော်

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

Posted by drmyochit Thursday, October 03, 2013, under | No comments


သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံ ရမှုကြောင့် သေဆုံး သူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

သေဆုံး သူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံး ရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီးသေ ဆုံးသွားခြင်းဖြစ်ပါတယ်။

ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ် စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ် တယ်လို့ ဒေသခံများက ပြောပါတယ်။

ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအို တစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

ဇာဏီ
M-Media

အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်

Posted by drmyochit Thursday, October 03, 2013, under | No comments

ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် 'ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ' အမည်ဖြင့် ဟောပြောပွဲ တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြု လုပ် ကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင် ၁၉၅၀ ပြည့်နှစ်အချိန်က ဆရာကြီးရေးသားခဲ့သည့် 'ဧရာဝတီ' ကဗျာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဦးဂိုအင်ကာ၏ အဘိုးဖြစ်သူ သီရိဘာဆာရာလာ လာဂိုအင်ဂါသည် အိန္ဒိယနိုင်ငံ၊ ဗီကာရ်နေပြည်နယ်၊ ကျူရုမြို့မှ မြန်မာနိုင်ငံသို့ ၁၈၇၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် ဦးဂိုအင်ဂါသည် ဆရာကြီး ဦးဘခင်ထံတွင် ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာ တရားတော်များ ပို့ချခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာအနှံ့တွင် ၀ိပဿနာ ရိပ်သာပေါင်း ၁၇၂ ခုအထိ ဖွင့်လှစ်ထားခဲ့သည်။ ဆရာကြီးသည် ၀ိပဿနာ နည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းဦးဆောင်သည့် ၀ိပဿနာ တရားစခန်းများသို့ ၀င်ရောက်အားထုတ်သူ အရေအတွက် နှစ်စဉ် တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယ နိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက် ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် (Global Vipassana Pagoda) တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီး ထီးတော်တင်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဆရာကြီး ကွယ်လွန်ခြင်းကို ရည်စူးပြီး ရန်ကုန်မြို့ရှိ ဓမ္မဇောတိရိပ်သာ၌ သံဃာတော်များကို ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။ ထို့နောက် ယောဂီများက တစ်နာရီကြာ မေတ္တာပို့ အမျှဝေခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ ဓမ္မဂီရိ ရိပ်သာအသီးသီးတွင်လည်း စုပေါင်းတရားထိုင်ပြီး မေတ္တာပို့ အမျှဝေခြင်းများကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်

Posted by drmyochit Thursday, October 03, 2013, under | No comments

ဒေသခံပြည်သူများ။ သပြုချိုင်ရွာ၊ သံတွဲ၊ ရခိုင်ပြည်နယ်၊ အောက်တိုဘာ ၂၊ ၂၀၁၃


ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့ အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပ က္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန် ခဲ့ကြပါတယ်။ လူသေဆုံးမှုတွေ၊ အများအပြား ထိခိုက်ဒဏ်ရာတွေရမှုတွေနဲ့ မူဆလင်ဗလီတွေ၊ အိမ်တွေ မီးရှို့ဖျက် ဆီးခံခဲ့ရပြီးနောက် ရာနဲ့ချီအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိ တဲ့ အကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန် ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဖော်ပြထား ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အခြေ အနေတွေကို အမေရိကန် သံရုံးက ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်သလို၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေကို အကာအကွယ်ပေးနိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

အထူးသဖြင့် မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြဖို့နဲ့ မတူကွဲပြားတဲ့ လူမှု အသိုင်း အ၀ိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားကြဖို့လည်း တောင်းဆို ခဲ့ပါတယ်။ သံတွဲမြို့ မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာတုန်းကလည်း ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်း က အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ဘေးအန္တာရာယ် ကြုံရနိုင်သူတွေကို အကာအကွယ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ပျံ့နှံ့ တာတွေ ကို အဆုံးသတ်အောင်လုပ်ဖို့ ပြဿနာရဲ့ အခြေခံဇစ်မြစ်ကို ရှာဖွေဖြေရှင်းဖို့နဲ့ အပြစ်ရှိသူတွေကို တရားဥပဒေ အရ အရေးယူဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေအပေါ် အားရကျေနပ်မှု ရှိပေမဲ့ လည်း မတူကွဲပြားတဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာဟာ အသွင် ကူးပြောင်းရေး အတွက် စိမ်ခေါ်မှုဖြစ်မယ် လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ နယူးယောက်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Albania နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများ အမျိုးသားများရ သည့်အခွင့်အရေးကိုရနိုင်

Posted by drmyochit Thursday, October 03, 2013, under | No comments


Albania နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး အခွင့်အရေးကို ရနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွင့်အရေးရရှိဖို့အတွက်ကိုတော့ ထိုအမျိုးသမီးအနေနဲ့ တစ်သတ်တာလုံး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုရမှာမဟုတ်ဘဲနဲ့ အပျိုစင်စစ်စစ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ဥရောပအရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Albania နိုင်ငံရဲ့ ဒီရိုးရာယဉ်ကျေးမှုဟာ 15 ရာစုခန့်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ Kanun လို့ အမည်ရတဲ့ ဒီရိုးရာယဉ်ကျေးမှုမှာတော့ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Kanun ဥပဒေအရ အမျိုးသမီးတစ်ယောက်က လက်ထပ်ထားသည်ဆိုလျှင် မဲမပေးနိုင်ပါဘူး, နာရီမ၀တ်နိုင်ပါဘူး, ဆေးလိပ်သောက်လို့မရပါဘူး, မြေယာဝယ်လို့မရပါဘူး, တချို့သောအဆောက်အအုံတွေထဲဝင်လို့မရပါဘူး။ စည်းမျဉ်းကိုချိုးဖေါက်ပါက သေဒဏ်အထိပေးခံရနိုင်ပါတယ်။

အမျိုးသားတွေလို တန်းတူအခွင့်အရေးရချင်သူများအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရှေ့မှာ အပျိုစစ်ကြောင်း စစ်ဆေးခံရပြီး ဘယ်တော့အခါမှ လိင်မှုကိစ္စကိုပြုလုပ်မည်မဟုတ်ကြောင်း ၀န်ခံပြောကြားရပါတယ်။ ထိုသို့ပြောဆိုပြီးလျှင် အမျိုးသားတွေကဲ့သို့ ၀တ်နိုင်ခြင်း, အမျိုးတွေကဲ့သို့ သွားလာလှုပ်ရှားနိုင်ခြင်း, ကခုန်သီဆိုနိုင်ခြင်း, အရက်သောက်နိုင်ခြင်း, သေနတ်ကိုင်ဆောင်ခွင့်ရှိခြင်း နဲ့ အမျိုးတွေလုပ်သော အလုပ်အားလုံးကို လုပ်နိုင်မှာဖြစ်ပါတယ်။

ယခုအချိန်ကာလအထိ ရိုးရာယဉ်ကျေးမှုအစွဲကြီးသော မိဘများက သူတို့သမီးများကို Kanun ဥပေဒအတွင်းသို့ ၀င်ရောက်အောင် ဖိအားပေးခြင်းမျိုးလည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက်အနေနဲ့လည်း များစွာသော အမျိုးသမီးများက သူတို့မိဘများဧ။်ထောက်ခံမှုနှင့်အတူ လက်ထပ်ခြင်းအားဖြင့်လည်း Kanun ဥပေဒကို ဆန့်ကျင်လျှက်ရှိပါတယ်။

Ref : http://en.wikipedia.org/wiki/Kanun
ဝင်းကို ( MM Social Sky )

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်