Thursday, October 17, 2013

နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခု က ဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို

Posted by drmyochit Thursday, October 17, 2013, under | No comments


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLA မှ ဗိုလ်ကြီးစောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝ ပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေး ကစားလိုတဲ့တတိယ အဖွဲ့တစ်ခု လိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကိုလုပ်နေ တယ်လို့ ထင်ပါ တယ်'' ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို KNU/KNLA မှလည်း လေ့ လာစောင့် ကြည်မှုများပြုလုပ်နေ ပြီးလိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီ သွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

YMG

အသက်ရှည်စေဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

Posted by drmyochit Thursday, October 17, 2013, under | No comments


နေ့စဉ် လက်ဖက်စိမ်းရည်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည် နေနိုင်စေမယ်လို့ လေ့လာမှု တစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓာတ်ပေါင်းတွေဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် ပဲဖြစ်ပါတယ်။
ဗြိတိသျှနေ့စဉ်စား အာဟာရဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းရည်ဟာ သဘာဝအတိုင်း အရည်ဓာတ်ဖြည့်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းအကြွယ်ဝဆုံး အာဟာရတစ်မျိုးဖြစ် တယ်လို့ သိရပါတယ်။ လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်ကို အထူးပြုလေ့လာနေတဲ့ Dr.Tim Bond က flavonoids ပါဝင်မှုဟာ လက်ဖက်ရည်ကို နာမကျန်းမှုတွေကနေ ကာကွယ်ပေးစေနိုင် တဲ့ သောက်စရာ ဖြစ်လာစေခဲ့ကြောင်း ပြောကြားထားပါတယ်။
လက်ဖက်ရည်ဆိုရာမှာ လက်ဖက်စိမ်းရည်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝ ဖြစ်ပျက်မှု ဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး အဆီဓာတ်ကို အူကနေ စုပ်ယူခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဖလူအိုရိုက် ပါဝင်တဲ့ အတွက်လည်း လက်ဖက်စိမ်းရည်သောက်ရင် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာ ကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျစေပါတယ်။

သက်ကို
ref;ANI
Health Updates Journal

သွားဖုံးသွေးယို၊ နှာခေါင်း သွေးလျှံခြင်းများ ဖြစ်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

Posted by drmyochit Thursday, October 17, 2013, under | No comments


သွားဖုံးသွေးယိုခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။

ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။

နှာခေါင်း သွေးလျှံတာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီး သွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယားကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။

နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗိုဟိုက်ဒရိတ်ကို မွမ်းမံပြင်ဆင်ထားတဲ့ ဘီစကွတ်၊ ကိတ်မုန့်၊ မုန့်အချိုတွေကို အလွန်အမင်း မစားသင့်ပါဘူး။ အစားအစာနဲ့ သောက်ရေမှာ ဖလူရွိုက် မပါရင်လည်း မဖြစ်သလို များလို့လည်း မဖြစ်ဘူး။ အပင်ရဲ့ ဓာတ်မြေသြဇာက ဘေးထွက်ပစ္စည်း အနေနဲ့ သဘာဝမြေသြဇာ ထွက်ရှိတာမှာ ဖလူရွိုက်ပါတယ်။ ဖလူရွိုက်ဟာ သွားများ အပေါက်ဖြစ်ခြင်းကို လျော့စေတယ်။ သောက်သုံးရေထဲပါရင် အဆိပ်အတောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သွားပေါက်ခါစ ကလေးငယ်တွေ သွားတိုက်ရင် စနစ်တကျ တိုက်သင့်တယ်။ လက်လွတ်စပယ် လူကြီး သွားတိုက်တံနဲ့ အတင်းထိုးနှံခြင်း၊ တိုက်ခြင်း မလုပ်ရ။ နေ့စဉ် သန့်စင်တဲ့ ရေခြောက်ခွက်သောက်ပါ။ နွယ်ချိုဝါးရင် သွားနဲ့သွားဖုံး သန့်ရှင်း စင်ကြယ်စေပြီး ခံတွင်းမှာ မလိုလားတဲ့ ဗက်တီးရီးယားများ ပေါက်ပွား စေခြင်းကို ဟန့်တားပေးတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ အသီးအနှံများမှာ ပန်းသီး၊ ကတွတ်သီး၊ သဖန်းသီးနဲ့ ချယ်ရီသီးကဲ့သို့ အသီးအနှံမှာ ဗီတာမင်စီ ကြွယ်ဝတယ်။ ယင်းတို့ဟာ ကျန်းမာတဲ့ သွားဖုံးနဲ့ သွားများ ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေတယ်။ ဗီတာမင်စီဟာ သွေးခဲ ဓာတ်ပစ္စည်း ၁၂ မျိုး ထွက်ရှိလာဖို့ လှုံ့ဆော်နိုင်တာမို့ နှာခေါင်းသွေးလျှံ ရောဂါမှာလည်း အဓိက သောက်သုံးသင့်တဲ့ အာဟာရ ဖြစ်ပါတယ်။

ဆောင်သင့်တဲ့ အရာများမှာ ထမင်းစားပြီးတိုင်း အသီးအနှံ တစ်မျိုး စားပေးပါ။ ပန်းသီး အကောင်းဆုံး ဖြစ်တယ်။ အသီးအနှံစားခြင်းဖြင့် တံတွေးထုတ်မှု များလာပြီး အယ်လကာလိုင်း ဖြစ်လို့ ဗက်တီးရီးယား များကြောင့်ဖြစ်တဲ့ အက်စစ်ဓာတ်ကို ချေဖျက်ပေးတယ်။ အက်စစ်ဓာတ်ဟာ သွားပိုးစားခြင်းကို ဖြစ်စေတယ်။ ဆိုဒီယမ်လာနိုင်းဆာဖိုက် ပါရှိတဲ့ သွားတိုက်ဆေးဟာ ပါးစောင် အမြှေးကို ပါးလွှာစေပြီး သွားဖုံးတစ်သျှူးများ ထိခိုက်မှု ဖြစ်စေတယ်။ ကယ်လ်ဆီယမ်အောက်ဆိုဒ် ဆေးလုံးကို သွားတိုက်ဆေးပေါ် ညှစ်ချ သွားဖုံးကို တိုက်စေခြင်းဖြင့် သွားဖုံး ခိုင်မာစေတယ်။ ဗီတာမင်စီပါတဲ့ ဆေးဝါးတချို့မှာ သကြားအုပ်ထားပါက ဝါးစားတဲ့ အခါ ကြွေလွှာထိခိုက်စေပြီး သွားဖုံးကျန်းမာရေးကို အဟန့်အတား ဖြစ်စေတယ်။ အရည်အသွေး ကောင်းမွန်တဲ့ အီလက်ထရွန်နစ် သွားပွတ်တံ သုံးပါ။ နေ့စဉ် ခံတွင်းကျန်းမာရေး အတွက် သွားကြားညှပ် ကြိုးနဲ့ သဘာဝ လက်ဖက်စိမ်း ခံတွင်းသန့်ဆေးရည် အသုံးပြုပေးရမယ်။ နေ့စဉ် လက်ဖက်စိမ်း အဆီနဲ့ လေးညှင်းဆီ တစ်စက်စီကို ရေနွေးနွေးမှာထည့်ပြီး အာလုတ်ကျင်းသင့်တယ်။ အချို့ ခံတွင်းသန့်ရှင်း ဆေးရည်များ သုံးနိုင်တယ်။ ရှားစောင်းလက်ပပ်ပါတဲ့ သဘာဝ သွားတိုက်ဆေး၊ တမာသွားတိုက်ဆေးများ သုံးနိုင်တယ်။ သွားဆရာဝန်နဲ့ ပြပါ။ နှာခေါင်းသွေးလျှံသူများ နှာခေါင်းမညှစ်ရ။ နား နှာခေါင်း လည်ချောင်း အထူးကုနဲ့ ပြသင့်ပါက ပြရမယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂) 

မြ၀တီ

မြန်မာပြည်ကသာ ထွက်ရှိသည့် ကမ္ဘာ့အကောင်းဆုံးစိမ်းပြာရေညှိ အထွက်နည်းလာမှုကို အဖြေရှာပြီ

Posted by drmyochit Thursday, October 17, 2013, under | No comments


မြန်မာ နိုင်ငံတွင် ကမ္ဘာ့ရှားပါး သယံဇာတ တစ်ခုဖြစ်သည့် စိမ်းပြာရေညှိထုတ် လုပ်နိုင်မှုမှာ ၇၅ရာခိုင်နှုန်း အထိ လျော့ကျသွားသည့်အပေါ် ပညာ ရှင်များက ဝိုင်းဝန်းအဖြေရှာလျက် ရှိကြောင်း သိရသည်။

ယင်းစိမ်းပြာရေညှိမှာ မြန်မာ နိုင်ငံအပါအဝင် မက္ကဆီကို၊ ကင် ညာ၊ အီသီယိုပီးယား၊ တရုတ်နှင့် ချဒ်နိုင်ငံတို့ တွင်တွေ့ရှိရပြီး မြန် မာနိုင်ငံ တွင် ဒေသလေးခု၌တွေ့ရှိ ရကာ တွင်းတောင်မှထွက်ရှိသည့် စိမ်းပြာရေညှိ မှာ အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

အမှတ်(၃)ဆေးဝါးလုပ်ငန်းစက်ရုံ(စစ်ကိုင်း)မှ DGM ဒေါက် တာမေယုခိုင်က ''ကျွန်မတို့သတိ ထားမိတာကတော့ ၂၀၀၆မှာ Water Level မြင့်တက်လာ တာကို သတိထားမိပါတယ်။ မိုးရေချိန် လျော့ကျပေမယ့်လဲ Water Level မြင့်တက်လာတာက လျော့ကျလာ ခြင်းမရှိပါဘူး။ သူက ရေမကြိုက် ပါဘူး။ ၂၀၁၂-၂၀၁၃ မှာဆိုရင် ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွား တာကိုတွေ့ရပါတယ်''ဟု အောက် တိုဘာ ၁၂ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ကျင်းပခဲ့သည့် အ လုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တစ်ဦးက ''သယံဇာတ ဆိုရင် သစ်တော၊ သတ္တုတွေကိုပဲ မြင်ကြပါတယ်။ စိမ်းပြာရေညှိ ကို ဆိုရင် ရှိမှန်းလဲမသိကြပါဘူး။ ထိန်း သိမ်းရကောင်းမှန်းလဲ မသိကြပါဘူး။ ရှားပါးသယံဇာတဖြစ်တဲ့အတွက် ထိန်းသိမ်းသင့်ပါတယ်''ဟု ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဓာတုဗေဒ ပညာရှင် ဒေါက်တာမောင် ဒီ၊ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာထွန်းလွင်၊ သစ်တော ပညာရှင်ဦးအုန်းနှင့် တက်ရောက် လာသည့်ပညာရှင်များက ရှုထောင့် ပေါင်းစုံ မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

By Yangon Media Group

ဘီးလင်းတွင်ဖမ်းဆီးခံရသူ သုံးဦးက ဖောက်ခွဲမှုများ ကျူးလွန်ကြောင်း ဝန်ခံ

Posted by drmyochit Thursday, October 17, 2013, under | No comments


မွန်ပြည်နယ်ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်ကဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှုတရားခံဟု ယူဆရသူ သုံးဦးက ၎င်းတို့ဖောက်ခွဲမှုများကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုပ်ငန်းအကြိုညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြော ကြားခဲ့သည်။ ဦးမြင့်ဆွေက''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှု တိုင်းမှာ သူတို့သုံးဦးပါဝင်ပတ် သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်''ဟု ပြောသည်။

ယခုဖမ်းဆီးရမိသောသူ သုံးဦးမှာ ရက်ပိုင်းအတွင်း ဆက် တိုက်ဖြစ်ပွားနေသော ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများနှင့်ဆက် နွှယ်ပတ်သက်သောသူများဖြစ်ပြီး ၎င်းသုံးဦးအား ဘီးလင်းမြို့တွင် ဖမ်းဆီး ရမိခဲ့ကာ ထိုမှတစ်ဆင့် ရန်ကုန်သို့ ခေါ်ဆောင် လာပြီး အောက်တိုဘာ၁၅ရက်က စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးမြင့်အေးက''သူတို့ကို ဘီးလင်း ကနေ ဖမ်းဆီးရမိခဲ့တာပါ။ လော လောဆယ်တော့ ဖမ်းဆီး ရမိတဲ့ သူ သုံးယောက်ကို စစ်ဆေးနေ တယ်။ သူတို့တွေ သုံးယောက်က လတ်တလောဖြစ်ပွားနေတဲ့ ပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ်သက် ဆက်နွှယ်မှုတွေရှိတယ်''ဟု ပြောသည်။

၎င်းတို့သုံးဦးသည် ထရိတ် ဒါးဟိုတယ် အခင်းဖြစ်ပွားရာအ ခန်းတွင် အောက်တိုဘာ၁၂ရက် မှ ၁၃ရက်အထိ တည်းခိုနေထိုင် သွားကြောင်း၊ ၎င်းတို့၏ပုံသဏ္ဌာန် များကို သက်ဆိုင်ရာတာဝန်ရှိသူ များက စီစီတီဗွီ ကင်မရာမှ မှတ်တမ်း ရယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့အား စစ် ဆေးဆောင်ရွက်မှုများမှ တစ်ဆင့် ကျန်ဆက်နွှယ်ပတ်သက်သည့် တရားခံများကိုလည်း ဆက်လက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုဖမ်းဆီးရမိသူများမှာ စောမြင့်လွင် ၂၆နှစ်၊ ကရင်ပြည် နယ် ဖာပွန်မြို့တွင် နေထိုင်သူ နှင့် အခြားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ အား သထုံခရိုင်ရဲတပ်ဖွဲ့မှူးပါဝင် သောအဖွဲ့နှင့် ရန်ကုန်တိုင်း ရဲအထူးဖမ်းဆီးရေးတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၉ရက်မှ၁၅ ရက်အထိ ရန်ကုန်၊ ဖြူး၊ တောင် ငူ၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဗုံး ပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုအရေ အတွက်မှာ စုစုပေါင်း ၁ဝလုံးခန့် ရှိကြောင်း သိရသည်။

ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ

Posted by drmyochit Thursday, October 17, 2013, under | No comments


အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ စာမေးပွဲဖြေရန်အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ

မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးတွေ အများဆုံးရောင်းချ ရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေးအရောင်းဆိုင်ကြီး တစ်ဆိုင်မှာ အရောင်းစာရေးတစ်ဦးမှ သလ္လာဝတီ တိုင်းမ်ကိုပြောကြားခဲ့ပါသည်။

condom"ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကို လာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုး ရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသား ကတော့ ရဲတယ် ခပ်တည်တည်ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။
ဝယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။
တစ်ခါတစ်လေ ကျောင်းသူရော ကျောင်းသားပါ အတူတူလာဝယ်ကြတာတွေ ရှိတယ်။ အဲဒီလို စုံတွဲလာပြီ ဆိုရင်တော့ ပဋိသန္ဓေ တားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူ ကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ ပါတယ်။

ThanLarWaddy Times

ကြည့်မြင်တိုင်တွင် နေအိပ်ပေါ်အထိ တက်၍ လူသတ်

Posted by drmyochit Thursday, October 17, 2013, under | No comments


ဗုံးကွဲမှုပြဿနာ သမ္မတကိုယ်တိုင် ကိုင်တွယ် 

=============================
ကိုဇော်ဝင်းလှိုင်

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရထားသူတွေဟာ အဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိနိုင်ပြီး သူတို့ကို တစုံတဦးက ငွေပေးခိုင်းလို့ လုပ်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီကနေ့မှာ ရန်ကုန်မြို့တ၀ိုက်နဲ့ တခြား ဒေသတွေမှာ နောက်ထပ်ဗုံးတွေ မတွေ့တော့ပေမဲ့လည်း လူထုအကြား ဗုံးလန့်တာတွေကတော့ မကြာခဏ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်မှုနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေတာမှာ သူတို့ဟာ အဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိနိုင်တယ်ဆိုတာကို တွေ့ရှိရတဲ့အကြောင်း စုံစမ်း စစ်ဆေးမှုနဲ့ နီးစပ်တဲ့ ရဲတပ်ဖွဲ့ အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။

“အချိန်တန်ရင် သိရပါလိမ့်မယ်။ လောလောဆယ်တော့ မထုတ်ပြန်သေးဘူးခင်ဗျ။ အထုတ်ပြန် မခိုင်းသေးပါဘူး။”

။ ။ သူတို့ကို အခု စစ်ဆေးပြီးသလောက်ပေါ့နော် စစ်ဆေးပြီးသလောက်ဆိုရင် တခြားအဖွဲ့အစည်းတွေနဲ့ ပြည်ပအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နယ်စပ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဆက်နွယ်မှုရှိတယ် ဘာညာများ သိရပါသလားခင်ဗျ။

 “ဆက်နွယ်မှုရှိပါတယ်။ တယောက်က ခိုင်းလို့ လုပ်ရတာပါ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ပိုက်ဆံပေးခိုင်းလို့ လုပ်ရတာပါ။ စစ်ဆေးရေးကာလပဲဖြစ်ပါသေးတယ်။”

။ အခု ကွဲတဲ့ဟာတွေက ဗုံးတွေဆိုတာတော့ သေချာပါတယ်နော် ရဲမှူးကြီး။


 “သေချာပါတယ်။ သေချာလည်း ထုတ်ပြန်ပေးထားတာပဲ။ ဟိုနေရာမှာတွေ့တဲ့အိတ်အမည်းဟာ ဘုန်းကြီးတွေကျန်ခဲ့တာဖြစ်တယ်။ ဟိုဟာတွေဆိုလည်း ကြော်ငြာတွေကျန်ခဲ့တာ အဲ့ဒါတွေရှိတယ်လေ။ ဗုံးမှန်သမျှ ဗုံးဆိုတာ ထုတ်ပြန်ပေးထားတာပဲ။ သေချာအောင်လည်း BE အဖွဲ့အကူနဲ့ စစ်ပြီးပြီလေ။ မသေချာဘဲ မဟုတ်တာကြီးကိုတော့ အဟုတ်လုပ်ပြီး ကျနော်တို့ မပြောပါဘူးခင်ဗျ။”

ဟုတ်ကဲ့ ဆိုတော့ အဲ့ဒီ တခြား ပြည်နယ်တိုင်း ဒေသကြီးတွေမှာ ဖြစ်တာတွေနဲ့ သူတို့ ဆက်စပ်မှုရှိသလား ရဲမှူးကြီး။

 “အဲ့ဒါကို စစ်ဆေးဖော်ထုတ်နေပါတယ်။ စစ်ဆေးနေပါတယ်ခင်ဗျ။”
ရန်ကုန်မြို့တွင်းမှာဆိုရင်တော့ သေချာသလောက် သူတို့လက်ရာတွေ အကုန် ချိတ်ဆက်မှုဆိုတာ…

 “ဟုတ်ကဲ့ အဲ့ဒါ အဲ့ဒါတွေ သေချာပါတယ် ပေါ်ပေါက်ပါတယ်။”

ဒါဆိုလို့ရှိရင် သူတို့ကို ဘယ်လိုမျိုး ဆက်ပြီးတော့ အခု စစ်ဆေးပြီးလို့ရှိရင်တော့ သူတို့ကို သက်ဆိုင်ရာကို ဥပဒေလမ်းကြောင်းအရ သူတို့ကို ဆက်ပြီး…

“လုပ်မှာပါခင်ဗျ။ ဥပဒေလမ်းကြောင်းအရလည်း ယူမယ်။ သတင်းစာရှင်းလင်းပွဲလည်း သူတို့ လုပ်မှာပါ။ ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့။”

 ဟုတ်ကဲ့ခင်ဗျ။ ဘယ်တော့လောက်များလုပ်နိုင်မယ်လို့ ခန့်မှန်းလဲ။

“မပြောသေးဘူးခင်ဗျ။ စစ်ဆေးတဲ့ကာလကို အဖြေကို ကျနော်တို့ကတော့ ထုတ်ပြန်မှုမရှိသေးတဲ့အတွက် သတင်းစာရှင်းလင်းပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ ကျနော်တို့ အချိန်မသိရသေးပါဘူး။ အဲ့ဒါ လူကြီးတွေ ဆုံးဖြတ်ရမယ့်အလုပ် ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေက ဆုံးဖြတ်မှာပါ။”

ရန်ကုန် စည်ပင်သာယာရေး နယ်နမိတ် အပါအ၀င် တခြား တိုင်းဒေသကြီးတွေက မြို့ကြီးတချို့မှာပါ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံး တွေ့ရှိမှုတွေ မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဖြစ်ပေါ်နေတာပါ။

ဒီကနေ့မှာ နောက်ထပ် ဗုံးတွေ့တာမျိုး မရှိပေမဲ့လည်း မနေ့ညက ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဗုံးလန့်သွားတာ၊ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဒီကနေ့ ၃ ကြိမ်တိုင်တိုင် ဗုံးလန့်မှု ဖြစ်သွားတာတွေကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုအကြား အကြောက်တရားဝင်ပြီး နေ့စဉ်လုပ်ငန်းတွေကိုပါ ထိခိုက်လာနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရ ပြောခွင့်ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ အခုလို ဗုံးလန့်မှုတွေ ဖြစ်ပေါ်နေတာဟာ လူထုအကြား နိုးကြားမှု ရှိလာတဲ့အတွက်ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ဗုံးလန့်တယ်ဆိုတဲ့ကိစ္စတွေကလည်း ကျနော်တို့က ပြဿနာမဟုတ်ပါဘူး။ ပြည်သူတွေက အကုန်လုံးက နိုးကြားတဲ့အတွက်ကြောင့်မို့ ဒါက ပြောမှာပဲ။ ပြောရင် ကျနော်တို့က လိုက်ရှင်းရမှာပဲ။ ဒါကတော့ ကျနော်တို့ ဟို စိုးရိမ်စရာကိစ္စမဟုတ်ပါဘူး။ ပြည်သူတွေက Awareness ပိုကောင်းလာတာနဲ့အမျှ ဒီလို သတင်းပေးမှုတွေ ပိုများလာမှာပဲ။ ဒါတွေကတော့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ပိုပြီး အကျိုးရှိပါတယ်။”

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ အ၀၀ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထဲရေးဝန်ကြီးနဲ့ နေ့စဉ်တွေ့ဆုံပြီး ကိုင်တွယ် လုပ်ဆောင်နေတယ်လို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။

“၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်မှာ စပြီး ဖြစ်တဲ့အချိန်ကစလို့ တောက်လျှောက် သမ္မတကြီးဆီကို သတင်းပို့ပြီးတော့ သမ္မတကြီးကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးနဲ့ နေ့စဉ် တွေ့ဆုံပြီးတော့မှ အဲ့ဒီကိစ္စတွေ ကိုင်တွယ်နေပါတယ်။ လုပ်ဆောင်မှုတွေကတော့ သမ္မတကြီးတို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရော၊ တိုင်းဒေသကြီးအစိုးရတွေရော၊ အများပြည်သူ ၀င်ထွက်သွားလာတဲ့နေရာတွေမှာ လုံခြုံရေး သတိရှိဖို့ ပြည်သူတွေကို နှိုးဆော်ဖို့ရယ်၊ နောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပိုပြီးတော့မှ လုံခြုံရေးတွေ တိုးမြှင့်ချထားဖို့ရယ် ကျနော်တို့ လုပ်နေပါတယ်။ မနေ့ကတော့ ဟိုတယ်နဲ့ ခရီးက ဒုတိယ၀န်ကြီးကိုယ်တိုင် ဟိုတယ်တွေကို သွားရောက်တွေ့ဆုံပြီးတော့မှ လုံခြုံရေးကိစ္စတွေ ပြောတာရှိပါတယ်။”

ြ်မန်မာနိုင်ငံဟာ မကြာခင်မှာ SEA GAMES လို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရတော့မှာ ဖြစ်တဲ့အတွက် အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စက အဲဒီလို နိုင်ငံတကာပွဲတော်တွေ ဘေးကင်းလုံခြုံစွာ ကျင်းပပေးနိုင်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာကိစ္စ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အဲဒီလို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ ဘေးကင်းစွာ ကျင်းပနိုင်ရေးအတွက် သူတို့အနေနဲ့ လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ကတော့ လုံခြုံရေးကတော့ ဒီ SEA GAMES ကာလကျတော့ ကြိုပြီးတော့ လုပ်မှာပေါ့ဗျာ။ လန်ဒန်တို့ ဘာတို့မှာလည်း ဒီလိုမျိုး ပေါက်ကွဲမှုမျိုးတွေ ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ လန်ဒန်က အိုလံပစ်ကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်တာပဲ။ ဒါ ဘယ်နိုင်ငံမှာမဆို ကြီးကျယ်တဲ့ အခမ်းအနားကြီးတွေ ပြုလုပ်တိုင်း ပြုလုပ်တိုင်းမှာတော့ ဒီလို အကြမ်းဖက်မှုမျိုးတွေနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ သို့သော် သက်ဆိုင်တဲ့ အိမ်ရှင်နိုင်ငံတွေကတော့ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပဲလေ။ ဒီလိုမျိုးပဲ ကျနော်တို့နိုင်ငံလည်း ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။”

ပြည်သူလူထု အသိပေးချက်ပဲဖြစ်ဖြစ်၊ သတိပေးချက်ပဲဖြစ်ဖြစ် ဟိုဟာပေါ့ ပြည်ထောင်စုအစိုးရကနေပြီးတော့ မကြာခင် ထပ်ပြီးတော့ ထုတ်ပြန်မှုများ လုပ်ဖို့ရှိပါသလားခင်ဗျ။

“သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့မှ ရန်ကုန်တိုင်းမှာရော၊ ကျန်တဲ့ဒေသတွေမှာရော ထုတ်ပြန်ထားတာရှိပါတယ်။ ကျနော်တို့ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ မသင်္ကာဖွယ်ရာ ဖမ်းဆီးရမိထားသူ ၁ ယောက်ရယ်၊ ထွက်ပြေးတိမ်းရှောင်နေသူ ၁ ယောက်ရယ်နဲ့ ပတ်သက်တဲ့ အချက်တွေကို သိလို့ရှိရင် ချက်ချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ဆိုပြီးတော့မှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေပြီးတော့မှ နေ့လည် ၁၁ နာရီကစပြီး နာရီဝက်ကို တကြိမ်၊ အဲ့ဒီလူ ၂ ယောက်ရဲ့ ဓာတ်ပုံကို ဖော်ပြပြီးတော့ လွှင့်ပေးနေပါတယ်ခင်ဗျ။”

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်စဉ်က ထိခိုက်ဒဏ်ရာသွားတဲ့ အမေရိကန် နိုင်ငံသူကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူဖို့အတွက် မနေ့က ပြောင်းရွေ့သွားပြီ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ လူထုအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပေမယ့်လည်း ရန်ကုန်မြို့ခံတွေကတော့ သူတို့ရဲ့ ပုံမှန်လုပ်ငန်းတွေကို အရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အပါအ၀င် နိုင်ငံတော်အစိုးရက လုံခြုံရေးကို အကန့်အသတ်မရှိ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေပေမဲ့လည်း ရန်ကုန်မြို့လယ်မှာတော့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေကို ပေါ်ပေါ်တင်တင် ချထားတာမျိုး မတွေ့ရပါဘူး။
voanews

စောစောအိပ်တတ်သူလား၊နောက်ကျမှအိပ်တတ်သူလား?

Posted by drmyochit Thursday, October 17, 2013, under | No comments


သင်ဟာအစောစောအိပ်တတ်သူလား၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်သူလား။သင့်ရဲ့အိပ်စက်မှုပုံစံဟာသင့်ရဲ့ကျန်းမာရေးကိုညွှန်းဆိုနေပါတယ်။
အိပ်ချိန်ပေါ်မူတည်ကာသင့်ရဲ့ခါးအတိုင်းအတာ၊မျိုးပွားနိုင်ခြေ၊နာကျင်မှုအဆင့်နဲ့ကင်ဆာဖြစ်နိုင်ခြေ ကိုပြောင်းလဲသွားစေပါတယ်။ မိမိရဲ့ကိုယ်ရည်ကိုယ်
သွေးပေါ်မှာတောင်ပြောင်းလဲမှုရှိနိုင်ပါတယ်။
ဆစ်ဒနီနဲ့လီဗားပူးမှသုတေသီတွေကလူပေါင်း၂၀၀ ကျော်ရဲ့ကိုယ်ရည် ကိုယ်သွေးနဲ့ အိပ်စက်တဲ့အကျင့် ကိုမေးမြန်းကာသုတေသနပြုလုပ်ရာမှ
အောက်ပါတို့ကိုတွေ့ရှိခဲ့ပါတယ်။ခန္တာကိုယ်မှာရှိတဲ့တုံ့ပြန်မှုတိုင်း၊ဟော်မုန်း
မျိုးရိုးဗီဇပြောင်းလဲမှုအစရှိတဲ့အားလုံးအပေါ်ဇီဝနရီ ကပဲထိန်းချုပ်ထားပါ
တယ်။ဒီဇီဝနရီကပဲ သင့်ကိုစောစောထတတ်အောင် သင့်ကိုနောက်ကျမှအိပ်
ရာထပြီးညအချိန်ထိအလုပ်လုပ်အောင်ပြုလုပ်ပေးပါတယ်။
စောစောအိပ်တတ်တာ၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်တာတွေကို 
Period-3 ခေါ်တဲ့မျိုးရိုးဗီဇ ဂျင်းကဆုံးဖြတ်ပေးပါတယ်။သိပ္ပံပညာရှင်တွေလေ့
လာမှုပြုလုပ်ရာမှာ Long version နဲ့ Short version ဆိုတဲ့မျိုးရိုးဗီဇ ဂျင်း
ရှုထောင့်နှစ်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ်။Long version ရှိတဲ့သူတွေဟာစော
စောအိပ်တတ်သူတွေဖြစ်ပြီး Short version ရှိသူတွေဟာဇီးကွက်လိုမျိုး
နောက်ကျမှအိပ်တတ်သူတွေဖြစ်ပါတယ်။
မိဘတစ်ယောက်ဆီမှ Period-3 မျိုးရိုးဗီဇဂျင်း Two version ကို ရရှိကြပါ
တယ်။Long version နှစ်မျိုးစလုံးရတဲ့သူ ဒါမှမဟုတ် Short version နှစ်မျိုး
စလုံးရရှိသူတွေဟာစောစောအိပ်တတ်တဲ့အကျင့် ဒါမှမဟုတ် နောက်ကျမှ
အိပ်တတ်တဲ့အကျင့်ကိုလွန်လွန်ကဲကဲရရှိသွားတတ်ပါတယ်။ဒါပေမယ့်များ
သောအားဖြင့် မိဘတစ်ယောက်ဆီက Version တစ်မျိုးစီသာရတတ်လေ့ရှိ
ပါတယ်။
အောက်ပါတို့ဟာ စောစောအိပ်တတ်သူ ဒါမှမဟုတ် နောက်ကျမှအိပ်တတ်
သူရဲ့ကျန်းမာရေးအကျိုးသက်ရောက်မှုအပေါ်နောက်ဆုံးသုတေသနပြုလုပ်
ရာမှရရှိထားတဲ့အဖြေတွေပါ။
-စောစောအိပ်တတ်သူများပိုမိုပင်ပန်းတတ်
ဒီမျိုးရိုးဗီဇတွေဟာအိပ်စက်မှုအပေါ်ဖိအားပေးတတ်ပါတယ်။ဒါ့အပြင်
ဇီဝနရီဟာလည်းအိပ်ချိန်၊ထချိန် တွေကို ထိန်းချုပ်ထားပါတယ်။စောစော
အိပ်တတ်သူတွေမှာအိပ်စက်မှုဖိအားဟာ ပိုပြီးမြန်မြန်တည်ဆောက်နိုင်တာ
ကြောင့်ပုံမှန်အတိုင်းအလုပ်လုပ်ပြီးနောက်ပိုင်းမှာ မြန်မြန်မောပန်းလွယ်
တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဆာလောင်တတ်
စောစောအိပ်တတ်သူတွေဟာအိပ်ရာထပြီးနာရီဝက်အတွင်းနံနက်စာ
စားသုံးတတ်ပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ ညဘက်အလုပ်
လုပ်တတ်တာကြောင့်ညလယ်စာစားသုံးတတ်ကြပါတယ်။နောက်ကျမှအိပ်
တတ်သူတွေဟာ ည၈နာရီနောက်ပိုင်းမှာပုံမှန်စားနေကျထက်ကယ်လိုရီနှစ်
ဆခန့်ပိုမိုစားသုံးတတ်ပါတယ်။ညဘက်စားတဲ့အစာတွေမှန်သမျှဟာနေ့ခင်း
လိုဝမ်းဗိုက်ပြည့်တင်းအောင်စားသုံးတာမဟုတ်ဘဲအစားလွန်ကျူးပြီး ကိုယ်
အလေးချိန်တိုးလာတတ်ပါတယ်။ဦးနှောက်ကိုဗိုက်ပြည့်တင်းတဲ့အကြောင်း
အချက်ပြတဲ့လက်ပတင်ဟော်မုန်း လျေ့နည်းတာကြောင့် လည်းဖြစ်ပါတယ်။
ဒါအပြင်နောက်ကျမှအိပ်တတ်သူတွေဟာမနက်အလုပ်သွားဖို့အိပ်ရာစော
စောထရတဲ့အတွက်ပ်ပန်းနေတတ်ပါတယ်။လေ့လာမှုတစ်ခုအရ အိပ်ချိန်
နည်းသူတွေဟာကာဗိုဟိုက်ဒရိတ် အထူးသဖြင့်သကြားဓာတ်ကို ၃၅ မှ၄၀
ရာခိုင်နှုန်းထိပိုမိုစာသုံးတတ်တယ်လို့သိရပါတယ်။
မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ နောက်ကျမှအိပ်တတ်သူတွေဟာ
စောစောအိပ်တတ်သူတွေထက်ကိုယ်အလေးချိန်အများကြီးပိုများနေတာ
ကိုတွေ့ရှိခဲ့ပါတယ်။

-နောက်ကျမှအိပ်တတ်သူများပိုမိုဟောက်တတ်
ညဘက်မှာအစာစားထားတာတွေဟာနောက်ကျမှအိပ်တတ်သူတွေရဲ့
ကျန်းမာရေးကိုထိခိုက်စေပါတယ်။ပန်ဆာဗေးနီးယား တက္ကသိုလ် မှလေ့
လာချက်အရနောက်ကျမှအိပ်တတ်သူတွေဟာကောင်းတဲ့ကိုလက်စထရော
(HDL)အဆင့်နိမ့်တာကိုတွေ့ရှိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေဟာ
များသောအားဖြင့်ဟောက်တတ်လေ့ရှိပြီးဟောက်တာကြောင့်အိပ်ရာမှနိုး
လာတတ်ပါတယ်။ဒါ့အပြင် နောက်ကျမှအိပ်တတ်သူတွေမှာစိတ်ဖိစီးမှုဟော်
မုန်းအဆင့်တွေလည်းမြင့်တတ်နေတာကြောင့်ဟောက်တာကိုပိုမိုဖြစ်ပေါ်စေ
တတ်ပါတယ်။

-စောစောအိပ်ရာဝင်တတ်သူများကင်ဆာဖြစ်နိုင်ခြေမြင့်မား

လေ့လာမှုအချို့အရစောစောအိပ်တတ်သူတွေမှာသားမြတ်နှင့်အူမကြီး
ကင်ဆာလိုမျိုးတစ်ချို့ကင်ဆာတွေဖြစ်နိုင်ခြေမြင့်မားတယ်လို့သိရပါတယ်။
ဒီကင်ဆာရောဂါတွေဟာ Period-3 မျိုးရိုးဗီဇ Long version နဲ့စပ်ဆက်
နေတာကြောင့်လို့ဆိုပါတယ်။စောစောအိပ်တတ်သူအများစုဟာLong version အမျိုးအစားနှစ်ခုကိုသယ်ဆောင်ထားတတ်တာကြောင့်ပါ။ဒါ့အပြင်
အိပ်စက်မှုကိုအားပေးတဲ့ မယ်လတိုနင် ဟော်မုန်းဟာမှောင်နေတဲ့အချိန်မှာ
အထွက်များပြီး အလင်းရောင်ရှိချိန်မှာ အထွက်နည်းတာကြောင့်ပါ။စောစော
အိပ်တတ်သူတွေဟာအိပ်ရာစောစောထတတ်တဲ့အတွက်အလင်းရောင်နဲ့
ထိတွေ့မှုပိုမိုများပြီးမယ်လတိုနင် အထွက်နည်းတာကြောင့်ပါ။မယ်လတိုနင်
ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိရှိပြီးကင်ဆာကိုလည်းကာကွယ်ထား
နိုင်တာကြောင့်လို့လေ့လာမှုအချို့ကအကြံပေးထားပါတယ်။ဒါပေမယ့်ည
ဘက်မှာအလင်းရောင်နဲ့အလုပ်လုပ်နေတာကြောင့် မယ်လတိုနင် ထုတ်လုပ်
မှုလည်းရပ်တန့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားတာကြောင့်တိတိ
ကျကျအဖြေရဖို့လေ့လာမှုအများအပြားလုပ်ဖို့လိုအပ်နေသေးတယ်လို့
ဆိုထားပါတယ်။

-နောက်ကျမှအိပ်တတ်သူများမှတ်ဥာဏ်အားနည်းနိင်
အိပ်ရာဝင်နောက်ကျတဲ့အတွက်အိပ်ရေးမ၀တာဖြစ်တတ်ပါတယ်။အိပ်
စက်ရာမှာအိပ်စက်တဲ့အဆင့်အမျိုးမျိုးရှိပါတယ်။အိပ်ရာဝင်နောက်ကျပြီး
အလုပ်သွားဖို့မနက်စောစောထရတဲ့အတွက်အိပ်စက်မှုနောက်ဆုံးအဆင့်
ကိုမရောက်ရှိတော့ပါဘူး။အဲဒီနောက်ဆုံးအဆင့်ဟာမှတ်ဥာဏ်ကိုထိခိုက်
တတ်ပါတယ်။ဒီအဆင့်ဟာတစ်နေ့တာလုံးရဲ့အတွေ့အကြုံကိုပြန်လည်မှတ်
မိစေပြီးမှတ်ဥာဏ်အတွက်ကောင်းမွန်စေတာကြောင့်ပါ။

-နောက်ကျမှအိပ်တတ်သူများပျော်ရွင်တတ်သော်လည်းစိတ်ကျနိုင်ခြေမြင့်မား
ခြုံပြီးပြောရမယ်ဆိုရင် နောက်ကျမှအိပ်တတ်သူတွေဟာပိုမိုပျော်ရွင်
တတ်ပါတယ်။လူပေါင်း၈၀၀ ကျော်ကိုပြုလုပ်ထားတဲ့လေ့လာမှုအရစောစော
အိပ်တတ်သူတွေဟာစိတ်ထိန်းချုပ်နိုင်စွမ်းပိုမိုကောင်းမွန်တယ်လို့တွေ့ရှိ
ခဲ့ရပါတယ်။လူပေါင်း၁၀၀ကျော်ကိုပြုလုပ်တဲ့နောက်ထပ်လေ့လာမှုတစ်ခု
အရလည်းသူတို့ဟာညှိနှိုင်းလွယ်ကြပြီးဖြောင့်မတ်သူတွေဖြစ်ကြပါတယ်။
အမှားအမှန်ကိုခွဲခြားနိုင်တယ်လို့သိရပါတယ်။နောက်ကျမှအိပ်တတ်သူတွေ
မှာမူပုံမှန်မဟုတ်တဲ့တစ်ခြားနည်းလမ်းတွေနဲ့ပိုမိုတွေးတောတတ်ကြပါတယ်။
နောက်ကျမှအိပ်တတ်သူတွေဟာစိတ်ကျဝေဒနာဖြစ်နိုင်ခြေမြင့်မားတယ်လို့
အိပ်စက်မှုဆိုင်ရာကျွမ်းကျင်သူတွေကဆိုပါတယ်။

-နောက်ကျမှအိပ်တတ်သူများနာကျင်မှုဝေဒနာပိုခံစားရနိုင်
နောက်ကျမှအိပ်တတ်သူတွေဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုမရှိတာ
ကြောင့်နာကျင်မှုဝေဒနာကိုပိုမိုခံစားနိုင်တယ်လို့အမေရီကန်နိုင်ငံမှသုတေ
သီတွေကတွေ့ရှိခဲ့ပါတယ်။မနက် ၄နာရီလောက်မှာခန္တာကိုယ်သဘာဝအ
တိုင်းရောင်ရမ်းမှုကိုတွန်းလှန်နိုင်တဲ့ပစ္စည်းတွေအများအပြားထုတ်လုပ်လိုက်
တဲ့အတွက်အဆစ်ရောင်တာ၊အဆစ်ကိုက်တာနဲ့ အဆစ်တောင့်တင်းတာတွေ
သက်သာသွားပါတယ်။စောစောအိပ်တတ်သူတွေဟာဒီအကျိုးကျေးဇူးကိုရ
ရှိစေနိုင်ဖို့အတွက်အချိန်မှီအိပ်ရာနိုးလာတတ်ပေမယ့်နောက်ကျမှအိပ်တတ်သူတွေအိပ်ရာထတဲ့အခါဒီအကျိုးကျေးဇူးတွေမရနိုင်တော့ပါဘူး။
အိပ်စက်ချိန်ဟာမျိုးရိုးဗီဇဂျင်းကြောင့်ကွဲပြားကြပေမယ့်အသက်အရွယ်ပေါ်
မူတည်ပြီးတော့လည်းပြန်လည်ပြောင်းလဲနိုင်ပါတယ်။အသက် ၁၀နှစ်ကျော်
လာရင်အိပ်ရာဝင်နောက်ကျပြီး အိပ်ရာထတာလည်းနောက်ကျတတ်ပါတယ်။
အမျိုးသားတွေမှာ ၂၀ နဲ့ ၂၁ နှစ်အရွယ်ထိ၊အမျိုးသမီးတွေမှာ၁၉နှစ်ဝန်းကျင်
အထိ ဒီလိုဖြစ်စဉ်တွေဖြစ်တတ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကျော်လွန်
ပြီးရင်အမျိုးသားတွေဟာအမျိုးသမီးတွေထက်အိပ်ရာဝင်နောက်ကျသွား
တတ်ပါတယ်။အိပ်ချိန်ပြောင်းလဲတာတွေဟာလည်း Sex ဟော်မုန်းအီစထရို
ဂျင်နဲ့ တက်စတိုစတီရုန်းတို့နဲ့လည်းသက်ဆိုင်ပါတယ်။ဒီဟော်မုန်းတွေ
ခန္တာကိုယ်ထဲမှာလျော့နည်းလာရင်အိပ်ရာဝင်ပိုစောတတ်ပါတယ်။ဒီပြောင်း
လဲမှုဟာအထူးသဖြင့်အမျိုးသမီးတွေ မီးယပ်သွေးဆုံးပြီးနောက်ပိုင်းအီစထ
ရိုဂျင်ကျဆင်းသွားချိန်မှာဖြစ်တတ်ပါတယ်။

-နောက်ကျမှအိပ်တတ်သူတွေက ဘာကြောင့်စောစောအိပ်တတ်သူတွေကို
လက်ထပ်သင့်ပါသလဲ။
အသက်ရှည်တဲ့အိမ်ထောင်သည်တွေဟာနောက်ကျမှအိပ်တတ်သူတွေ
နဲ့စောစောအိပ်တတ်သူတွေ ဖြစ်ပါတယ်။သင့်အိမ်ထောင်ဖက်ရဲ့အိပ်စက်မှု
အမူအကျင့်ကိုလိုက်လျောနိုင်ရင်တခြားကိစ္စတွေမှာလည်းတစ်ယောက်နဲ့
တစ်ယောက်နားလည်မှုရှိနိုင်တာကြောင့်ပါ။တစ်ယောက်ရဲ့အကျင့်ကိုတစ်
ယောက်ကပိုမိုသည်းခံနားလည်နိုင်တဲ့အတွက်ကြောင့်ပါ။


ဒေါက်တာခင်မိုးမိုး
By- Good Health

အကြောရောဂါသည် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted by drmyochit Thursday, October 17, 2013, under | No comments


ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေး နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဒလမြို့နယ်၊ ရပ်ကွက်တစ်ခုရှိ ကာယကံရှင်၏ အစ်မဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

သူမသည် တစ်ခြံတည်းနေ ၃၂ နှစ်အရွယ်၊ ကျန်းမာရေးမကောင်း၊ အကြောရောဂါရှိသည့် ညီမအငယ်ဆုံး ဖြစ်သူကို နေ့လယ်စာ ကျွေးပြီး နေအိမ်သို့ ပြန်လာကာ နေ့လယ်ဘက်တွင် ခေတ္တအိပ်စက်ခဲ့ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တူမဖြစ်သူ ကလေးတစ်ဦးက လာရောက်၍ ညီမဖြစ်သည့် အကြောရောဂါ ဝေဒနာရှင်မှာ ငိုနေကြောင်း ပြောပြသဖြင့် စုံစမ်း မေးမြန်းခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ညီမဖြစ်သူအား ကို------(၃၆)နှစ်၊ လက်သမား၊ အမှတ်မရှိ ဒလမြို့နယ်နေသူက လက်ကိုချုပ်၍ မအော်ရန် ခြိမ်းခြောက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ကို သိရှိရသည်ဟုလည်း တရားလိုက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒလရစခန်းက (ပ)၄၆၆/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စခန်းမှူးက ဖမ်းဆီး စစ်ဆေး နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

ဇော်ဇော်ထွေး 
Mizzima - News in Burmese

ဗုံးခွဲသူ တရားခံများ မိပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် စကားများ တာဝန်ရတော့မည်

Posted by drmyochit Thursday, October 17, 2013, under | No comments


နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ နဲ့ တွေ့ဆုံစဉ် 

ဗုံးဖေါက်ခွဲမှုတွေနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ဖန်တီးတဲ့ထောင်ချောက်ထဲ ရောက်မသွားဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက် ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးရပ်နားချိန်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့၊ ဒါပေမဲ့ ကျမကတော့ ယုံကြည်တယ်၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်၊ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ် ရှားရှားဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲမဝင်သွားဖို့ပဲပေါ့၊ တမင်စိတ်လှုပ် ရှားအောင်၊ တမင်လန့်အောင်လမ်းလွဲအောင် အဲလိုလုပ်တာဆိုတော့ ဒီထောင်ချောက်ထဲမဝင်သွားဖို့ပါပဲ၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ရပါတယ်၊ သတိတော့ထားရမှာပေါ့၊ ဒါပေမဲ့ စိုးရိမ်မှုလွန်ကဲနေလို့လဲ ဘယ်ကောင်းပါ့မလဲ”

မနေ့ညပိုင်းက ရန်ကုန်မြို့ Traders ဟိုတယ် ၉ ထပ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူ တစ်ဦးဒဏ်ရာရခဲ့ပြီး မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်အနီးမှာ ဗုံးတစ်လုံးတွေ့ရှိခဲ့ပါတယ်။ အလားတူ ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့သလို စစ်ကိုင်း ဆွမ်းဦးပုညရှင်ဘုရားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ Western Park စားသောက်ဆိုင်မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပါ တယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သာကေတမြို့နယ် မာန်ပြေရပ်ကွက် အမှိုက်ပုံအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေကြောင့် အစိုးရက တနိုင်ငံလုံး လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

အခုလို ဗုံးကွဲမှုတွေနဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို အာအက်ဖ်အေသတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဗုံးကွဲမှုသံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ လူမှုအဖွဲ့ အစည်းတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းပေးပို့ ထားပါတယ်။

ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေးသောက်ရ

Posted by drmyochit Thursday, October 17, 2013, under | No comments


ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေး သောက်ရ

မိမိထက်ဝင်ငွေပိုကောင်းသော အမျိုးသမီးများအား လက်ထပ်ထားသည့် အမျိုးသားများသည် ကာမ အားတိုးဆေး ဗိုင်ယာဂယာကို အခြားအမျိုး သားများထက် ပိုမိုသောက်သုံးလေ့ရှိကြောင်း ဒိန်းမတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုက ဆိုသည်။

ဒိန်းမတ်နှင့်အမေရိကန်နိုင်ငံတို့မှ သုတေသီများသည် ဇနီးမောင်နှံ ၂၀၀,၀၀၀ ကျော်၏ လစာဝင်ငွေများကို လေ့လာခဲ့ရာ ဗိုင်ယာဂရာ ဆေးအပါအ၀င် အခြားပန်းသေပန်းညှိုးရှိသူများ သို့မဟုတ် လိင်ဆက်ဆံရာတွင် အခက်အခဲရှိသူများ သုံးစွဲသည့် ဆေးများသည် ဇနီးဖြစ်သူက အဓိက၀င်ငွေ ရှာသူ ဖြစ်နေသည့် အိမ်ထောင်စု များတွင် အထူးရေပန်းစားနေကြောင်း တွေ့ရှိခဲ့သည်။

ဝင်ငွေ ကောင်းသော ဇနီးသည်များမှာလည်း အိပ်ပျော်စေရန် စိုးရိမ် ပူပန်မှုကို သက်သာစေသည့်ဆေး များကို ပိုမိုသောက်သုံးရ ကြောင်း ဆရာဝန်များ၏ ဆေးမှတ်တမ်း များအရ သိရသည်။အမျိုးသားများသည် သိမ်ငယ်စိတ်ဝင်ခြင်းကြောင့် လိင်မှုကိစ္စတွင် အဆင်မပြေမှုများရှိလာ၍ ဆေးသောက်ရခြင်း ဖြစ်နိုင်ပြီး၊အမျိုးသမီးများမှာမူ သိမ်ငယ်စိတ်ဝင် နေသော ခင်ပွန်းသည်ကြောင့် အိမ်ထောင်ရေး ပြိုကွဲရမည်ကို စိုးရိမ်ခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ဆိုသည်။

အင်ဝိုင်ဒေးလီး

သက်လှိုင်ဘာသာပြန်သည်။ မြန်မာတိုင်း(မ်)

ပရိသတ်ကို ““ကတိ””ပေးတဲ့ မိမိုးမိုးဦး

Posted by drmyochit Thursday, October 17, 2013, under | No comments


မယ်လိုဒီဝေါမှတစ်ဆင့် အဆိုတော်ဖြစ်လာခဲ့သော မွန်တိုင်းရင်းသူ မိမိုးမိုးဦးက ပထမဆုံး တစ်ကိုယ်တော်ခွေကို ဒီဗီဒီအဖြစ် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။

““တစ်ကိုယ်တော်ကို စီဒီမထုတ်ဖြစ်ဘူး။ ပရိသတ်တွေက မိမိုးမိုးဦးကို အရုပ်နဲ့အသံ တစ်ခါတည်းတွေ့ချင် တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ဒီဗီဒီတစ်ခါတည်းထုတ်ဖြစ်တာပါ””ဟု မိမိုးမိုးဦးကပြောသည်။စီးရီအမည်ကို ““ကတိ”” ဟု ပေးထားပြီး ယင်းသီချင်းကို တေးရေးစောလင်းမိုက ရေးသားထားကာ စီးရီးခွေ ထဲမှ သီချင်းများတွင် အကြိုက်ဆုံးဖြစ်သောကြောင့် ယင်းအမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သီချင်းခွေတွင် မောင်အရင်းဖြစ်သူက တစ်ပုဒ်ပါဝင်သီဆိုထားပြီး တစ်ကိုယ်တော်အနေဖြင့် ၁၁ ပုဒ် သီဆို ထားကြောင်း မိမိုးမိုးဦးကပြောသည်။
ဂေါ့သစ်၊ ကမ်းထရီး၊ ပေါ့ပ်၊ ရော့ခ်သီချင်းမျိုးစုံပါဝင်ကာ တေးရေးများအဖြစ် စောလင်းမိုက သီချင်း ခုနစ်ပုဒ်ရေးသားပေးထားပြီး ကေအေတီ၊ ကောင်းဇော်၊ အေသင်နှင့် မိမိုးမိုးဦးကိုယ်တိုင် တစ်ပုဒ်ရေးထား သည်ဟု ၎င်းကပြောသည်။
ယင်းသီချင်းခွေကို ၂နှစ်ခန့် အချိန်ယူ စီစဉ်ခဲ့ရပြီး အောက်တိုဘာ ၅ ရက်ကမှ စတင်ဖြန့်ချိသောကြောင့် ပရိသတ်များထံမှ အသံများမကြားရသေးကြောင်း ၎င်းကဆိုသည်။


7Day Daily

အမေရိကန် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ဆိုင်းငံ့ထားခြင်းကြောင့် ပိတ်ထားရသည့် လေဘာတီ ရုပ်တုပြန်ဖွင့်

Posted by drmyochit Thursday, October 17, 2013, under | No comments


အမေရိကန် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ဆိုင်းငံ့ထားခြင်းကြောင့် ပိတ်ထားရသည့် လေဘာတီ ရုပ်တုကြီးကို ကမ္ဘာလှည့် ခရီးသွားများအတွက် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီဟု သိရှိရသည်။ တနင်္ဂနွေနေ့မှ စတင်ကာ နယူးယော့ခ်ရှိ အထင်ကရ ရုပ်တုကြီးသို့ ဧည့်သည်များ ပြန်လည် ဝင်ရောက် လည်ပတ်ခွင့် ရရှိနေပြီ ဖြစ်သည်။ အစိုးရ၏ အသုံးစရိတ်ကို မြှင့်တင်ပေးရန် လွှတ်တော်တွင်း ဆုံးဖြတ်ချက် အတည်ပြု ချမှတ်နိုင်ခြင်း မရှိသည့်နောက် အစိုးရ လုပ်ငန်းအချို့ကို ရပ်တန့်ထားခဲ့ရာ လေဘာတီ ရုပ်တု၏ ဝင်ရောက် လည်ပတ်ခွင့်လည်း အပါအဝင် ဖြစ်သည်။ အခြားသော နာမည်ကျော် ပြတိုက်ကြီးများ၊ ပန်းခြံကြီးများနှင့်အတူ ပိတ်ထားခဲ့သည့် ရုပ်တုကြီးကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုမှုကို နယူးယော့ခ် အုပ်ချုပ်ရေး အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လက်ခံပေးလိုက်သည်။

ရုပ်တုကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဝန်ထမ်းများအတွက် လုပ်ခလစာ ပေးချေရန် စရိတ်လိုအပ်ချက်ကြောင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် အမျိုးသား ဥယျာဉ်များဌာနက နယူးယော့ခ် အုပ်ချုပ်ရေး အဖွဲ့ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လေဘာတီ ရုပ်တုနှင့်အတူ ဂရင်းကင်ညွန် အမျိုးသားဥယျာဉ် အပါအဝင် နိုင်ငံတဝှမ်းမှ အမျိုးသား ဥယျာဉ်ကြီး (၁၀)ခုကိုလည်း ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ နယူးယော့ခ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုက ကမ္ဘာလှည့် ခရီးသည်များကို လေဘာတီ ကျွန်းပေါ်ရှိ ရုပ်တုကြီးထံ ပို့ဆောင်ပေးသည့် ဝင်ငွေများမှ နေ့စဉ် ဒေါ်လာ (၆၁၆၀၀)ကို ဗဟိုအစိုးရထံသို့ လွှဲပေးရကြောင်း ပြောကြားခဲ့သည်။

အမြင့်(၃၀၅)ပေရှိသည့် ရုပ်တုကြီးသည် နယူးယော့ခ် မြို့တော်ရောက် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆွဲဆောင်မှု အရှိဆုံး အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။ "လေဘာတီကို ပိတ်ထားတယ် ဆိုတာက နယူးယော့ခ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ပိတ်ထားတာနဲ့ တူတူပဲ။ ရေရှည်မှာ ဒေါ်လာ သန်းနဲ့ချီ ထိခိုက် နစ်နာလိမ့်မယ်"ဟု ကူမိုက မှတ်ချက်ပြုခဲ့သည်။ အမေရိကန်တွင် အထိမ်းအမှတ် နေရာများနှင့် ဥယျာဉ်ကြီးများသို့ နှစ်စဉ် လာရောက် လည်ပတ်သူ အရေအတွက် သန်း(၂၈၀)မျှ ရှိကြောင်းလည်း သိရှိရသည်။

ဆီးဂိမ်းကိုကြိုဆိုလိုက်တဲ့ Sexy ကျကျ Model လေးများရဲ့ ရင်ခုန်ဖွယ် အလှအပ ဓာတ်ပုံများ ၁၀ ပုံ

Posted by drmyochit Thursday, October 17, 2013, under | No comments








အသက် ၁၈ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချသေဆုံး

Posted by drmyochit Thursday, October 17, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်ခြံဝန်းအတွင်းရှိ ကားဂိုဒေါင်ထဲ မှ ထုတ်တန်းတွင်ကြိုးပေါင်းတည်မြို့နယ် သဲမဲရွာနေထိုင်သူ (ဘ)ဦးမြစိုး၏သမီး မရီရီစိုး (၁၈)နှစ် သည်ကြိုးဆွဲချသေဆုံးနေလျှက်ရှိခဲ့သည် အဆိုပါ မိန်းကလေးသည် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ်ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်တွင် အိမ်ဖော်လုပ်ဆောင်နေသူဖြစ်ပြီး သေဆုံးနေစဉ် တာဝန်ရှိသူများမှ သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိ ကြိုးကွင်းစွပ်သည့်ဒဏ်ရာသာတွေ့ရှိခဲ့ပါသည်။

အဆိုပါမိန်းကလေးသေဆုံးမှု မှာ (၁၆.၁၀.၂၀၁၃)ရက်နေ့ (၆း၅၀)အချိန်ခန့်တွင် သေးဆုံးလျှက်ရှိပြီး တာဝန်ရှိသူ များမှ အသိသက်သေများရှေ့တွင် အလောင်းအား ဖြုတ်ယူပြီး ပြည်မြို့ ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်အပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါသေဆုံးမှု့နှင့်ပက်သတ်ပြီးပြည်အမှတ်(၃)စခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း(လ.၁၈၆၇၀၉)မှ တရားလိုပြုလုပ်တိုင်တန်းထားပြီး (၈/၂၀၁၃) သေမှုသေခင်းဖြင့် ပြည်အမှတ်(၃)စခန်းမှုးထံသို့ ဓမ္မတာအတိုင်းသေဆုံးသည်
ဟုတ်မဟုတ်စစ်ဆေးပေးပါရန် တတိုင်တန်းထားကြောင်းသတင်းရရှိခဲ့ပါသည်။

By ပြည်သတင်း

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်