Monday, December 09, 2013

စင်္ကာပူက ကားမတော်တဆတိုက်မှုကနေ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု

Posted by drmyochit Monday, December 09, 2013, under | No comments

စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။








ဖြစ်ပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။

Source : Yahoo
ပုံရိပ်(burmesehearts.com) မှ

SCR Screen Recorder Pro root v0.11.4 beta Apk (3MB)

Posted by drmyochit Monday, December 09, 2013, under | No comments


SCR Screen Recorder Pro ★ root အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
6ရက်နေ့ထွက် အပ်ဒိတ်လေးပါ သူကတော့
မိမိဖုန်းမှာ Screen Recorder လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက်
အဆင်ပြေမယ့် ဆောစ့်ဝဲလ်လေးဖြစ်ပါတယ် သူကိုအသုံးပြုဖို့အတွက်
မိမိဖုန်းက အသုံးပြုနိုင်ဖို့
Android version 4.0.3 နှင့်အထက်ရှိရမည့်အပြင် ဖုန်းမှာ Root access ပါရှိရပါမယ်

https://play.google.com/store/apps/details?id=com.iwobanas.screenrecorder.pro
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

mirrorcreator (or)zippyshare (or)amyokaungtarr

From: မောင်စွယ်စုံကျမ်း

တောင်ကိုရီးယားကလည်း လေကြောင်းကာကွယ်ရေး ဇုန်သစ် ကြေညာ

Posted by drmyochit Monday, December 09, 2013, under | No comments

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ Kim Min-seok သတင်းစာရှင်းလင်းပွဲမှာ လေကြောင်းကာကွယ်ရေးဇုန်သစ်နဲ့ပတ်သက်လို့ သတင်းထောက်များကို ပြောကြားစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)



တောင်ကိုရီးယားနိုင်ငံဟာ လေကြောင်းကာကွယ်ရေးနယ်မြေတိုးချဲ့ကြောင်း ကြေညာသွားပြီး အဲဒီထဲက တချို့အပိုင်းတွေဟာ တလောကပဲ တရုတ်တို့ ကြေညာသွားတဲ့ လေကြောင်းဇုန်နဲ့ ထပ်နေပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင်အကျုံးဝင်မယ့် ဒီနယ်မြေထဲမှာ တောင်ကိုရီးယား တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ တည်မှာရှိပြီး တရုတ်တို့က suyan လို့ခေါ်တဲ့ ရေပေါ်ပေါ်နေတဲ့ သန္တာကျောက်ကျွန်း Ieodo လည်း ပါဝင်ပါတယ်။ တောင်ကိုရီးယားက သူတို့ဒီလိုလုပ်မယ်ဆိုတာ အမေရိကန် ဒုသမ္မတ Joe Biden နဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye တို့ရဲ့ သောကြာနေ့က ဆွေးနွေးမှုမှာအပါအဝင် အမေရိကန်နဲ့ အရင်တိုင်ပင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြောသွားပါတယ်။

အဲဒီဒေသတွင်းက မဟာမိတ်တွေ မိတ်ဖက်တွေရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ပိုပြီး တည်ငြိမ်ရေး၊ တွက်လို့ရတဲ့ အနေအထားမှာ ပိုရှိပြီး နိုင်ငံတကာရဲ့ စည်းမျဉ်းတွေနဲ့ ပို ကိုက်ညီမှုရှိဖို့ အမေရိကန် ပြည်ထောင်စုဟာ သူတို့တွေနဲ့ ဆက်ပြီးအနီးကပ် တိုင်ပင်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့က သူတို့ရဲ့ ပိုင်နက်တွေပါလို့ ပြောထားတဲ့ အရှေ့တရုတ်ပင်လယ်ထဲကနယ်မြေတချို့ကိုပါထည့်ပြီး တရုတ်က လေကြောင်းကာကွယ်ရေး နယ်မြေသစ် တခုကို နိုဝင်ဘာလ ၂၃ ရက်နေ့က ကြေညာသွားတာကို တောင်ကိုရီးယားက အခုလို တုံ့ပြန်လိုက်တာပါ။

အဲဒီသတ်မှတ်နယ်မြေထဲကို ဝင်လာတဲ့ လေယာဉ်မှန်သမျှ သူတို့ရဲ့ ပျံသန်းမှုအစီအစဉ်ကို အရင်ကြိုတင်ပြရမယ်၊ တရုတ်အာဏာပိုင်တွေက ပျံသန်းခွင့်မပြုဘဲ ငြင်းခွင့်ရှိတယ်လို့ တရုတ်က ကြေညာထားတာပါရှင်။


တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်သစ်ပြ မြေပုံ။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)


ဗွီအိုအေ (မြန်မာဌာန)

Sunday, December 08, 2013

တရုတ်တွင် ကလေးငယ်တစ်ဦး သံကြိုးခတ်ခံဘ၀နှင့် ရှင်သန်နေရ

Posted by drmyochit Sunday, December 08, 2013, under | No comments



တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှ ဆင်းရဲသော မိသားစုတစ်စုမှ ကလေးငယ်တစ်ဦးသည် သံကြိုးခတ် ခံဘ၀နှင့် ရှင်သန်နေရသည်။

လက်ရှိအချိန်တွင် ၁၁နှစ်အရွယ် ရောက်နေသည့် He Zili သည် တစ်နှစ်သား အရွယ်က ဦခေါင်းတွင် မတော်တဆ ဒဏ်ရာ ရရှိခဲ့ပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့သည်။

မိသားစုဝင်များ၏ အဆိုအရ ကလေးကို မလွှဲမရှောင် သာလွန်း၍ သံကြိုးခတ်ထားရခြင်းဖြစ်သည်ကြောင်း၊ Zili သည် သူ့အနားကပ်လာသူတိုင်းကို မထင်လျှင်မထင်သလို ရန်မူတတ် ကြောင်း ပြောသည်။

Zili ၏ မိခင်မှာ ကင်ဆာရောဂါနှင့် သေဆုံးများသဖြင့် လက်ရှိ
အချိန်တွင် သူ့ကို မသန်မစွမ်းဖြစ်နေသော အဘိုးနှင့် သူ၏ ဖခင်တို့၏ စောင့်ရှောက်ပေးလျက် ရှိသည်။

Ref: Daily Mail
မြန်မာ့ခေတ်

Android PC Suit Pack 2013

Posted by drmyochit Sunday, December 08, 2013, under | No comments


ဒါလေးက အခုမှ စတင်ကာ Mobile ကို

ကွန်ပြုတာဖြင့် ချိတ်ဆက်အသုံးပြုမယ့်

Mobile User များအတွက် သီးသန့် ဖြစ်ပါတယ်

Samsung , HTC , Sony , Huawei စတဲ့

မြန်မာပြည်မှာ အသုံးများတဲ့ Mobile Phone များ ရဲ့

PC Suit များ Driver များကို ထည့်သွင်းပေးထားပြီး

Root လုပ်နိုင်ဖို့ Root Tools ကိုပါ ထည့်သွင်းပေးထားပါတယ်

အားလုံးဟာ 3.12.2013 အတွက် UPDATE တွေဖြစ်ပါတယ်…

စုစုပေါင်း Download ဆွဲရမယ့် ဆိုက်ကတော့ 348 MB ရှိပါတယ်

ရန်ကုန်က လူတွေကတော့ ပန်းပဲတန်းမြို့နယ် မှာ ရှိတဲ့

မောင်သစ် ဆီမှာ လာယူနိုင်ပါတယ်…

အင်တာနက်ကနေ Download ဆွဲမယ့်သူတွေအတွက်

လွယ်ကူအောင်တော့ 100 MB ဖိုင်လေးတွေ အဖြစ်

၎ ဖိုင် ခွဲပြီး UPLOAD တင်ပေးထားပါတယ်…

သုံးမယ့် User တွေလဲ အသုံးပြုရလွယ်အောင်

Install လုပ်ဖို့ One Click နှိပ်ယုံဖြင့် Install တန်းလုပ်နိုင်မှာပါ။



(1)http://www.mediafire.com/download/9vqu5c0x00ssuhu/Android%20PC%20Suit%20Pack.part1.exe


(2)http://www.mediafire.com/download/1yrm19ngf75rce2/Android%20PC%20Suit%20Pack.part2.rar


(3)http://www.mediafire.com/download/jccd2p03vr0x8aj/Android%20PC%20Suit%20Pack.part3.rar


(4)http://www.mediafire.com/download/a7khpz97vg2ku77/Android%20PC%20Suit%20Pack.part4.rar


From: Myanmar Mobile App

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး

Posted by drmyochit Sunday, December 08, 2013, under | No comments



ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ် စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို၏ မောင်ဖြစ်ကြောင်း သတင်းရ ရှိသည်။

ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လသာအမှတ် (၂)အထက် တန်းကျောင်း ဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော် လမ်းနှင့် မြို့မကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှ လမ်းမတော် ဘက်သို့မောင်း လာသည့် ၀က်သားခြမ်းများတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်ချင်းတွေ ပါတယ်ပြော တယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြ တယ်။ ၀က်သားခြမ်းတွေ သံဈေးလာပို့တဲ့ကားပေါ်က ဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ ပွဲချင်းပြီးသေ သွားတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူ အမျိုး သားကြီး တစ်ဦး ကပြော သည်။

မိုးဟေကိုတွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။

မတ်ခ်တူး ကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင် နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Photo- fb.com/linneain.thit
7Day News Journal

ဆီးဂိမ်းအကြမ်းဖက်မည့် သတိပေးကြေညာချက် ရဲချုပ်ရုံးမသိ၊ ပြန်ကြားရေးဒုဝန်ကြီးက မဖြစ်နိုင်ဟုဆို

Posted by drmyochit Sunday, December 08, 2013, under | No comments



နေပြည်တော်- ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦး ရန်ကုန်မြို့သို့ထွက်ခွာသွားပြီး ၎င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းကို ဗီနိုင်းဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံက ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ရန် ရန်ကုန်တွင်ရောက်ရှိနေသော အစ္စလာမ်ဘာသာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ နေပြည်တော်ရဲချုပ်ရုံးကမသိဟု တာဝန်ရှိသူများကပြောသည်။

ကြေညာချက်တွင် ကေအိုင်အေအဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဖြစ်သော အသက် ၂၈နှစ်အရွယ် ဗိုလ်ကြီးအဆင့်ရှိ ကရင်လူမျိုး ရန်အောင်၊ အသက် ၂၄နှစ်အရွယ် ဒုအရာခံဗိုလ် ကရင်လူမျိုး မျိုးနိုင်နှင့် တပ်ကြပ်အဆင့်ရှိ ကချင်လူမျိုး ရဲဝင်းဟု ဖော်ပြထားသည့်အတွက် ကေအိုင်အေမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးကိုမေးမြန်းရာ ၎င်းတို့အနေဖြင့် ထိုသို့အကြမ်းဖက်လိုလျှင် တရားဝင်ကြေညာပြီးမှ လုပ်မည်ဖြစ်ပြီး ဆီးဂိမ်းကိုအနှောင့်အယှက်မပေးဘဲ ကူညီရန်သာရှိသည်ဟုပြောသည်။

“လုပ်ချင်ရင် တရားဝင်ကြေညာပြီးမှလုပ်မယ်။ အစ္စလာမ်နဲ့ ပူးပေါင်းစရာမလိုဘူး။ နမ့်လင်းပါကိစ္စပြီးကတည်းက စစ်တပ်ကစနစ်တကျလုပ်နေတာပါ။ ဆီးဂိမ်းလို နိုင်ငံတော်အနေနဲ့ကျင်းပတဲ့ပွဲမှာ အနှောင့်အယှက်ပေးမှာမဟုတ်ဘူး။ ဒီပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်မှာလည်း မဟုတ်ဘူး။ ဆီးဂိမ်းလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်တဲ့ပွဲမှာ နိုင်ငံ့ဂုဏ်သိက္ခာကို ၀ိုင်းဝန်းတည်ဆောက်ပေးမယ်ဆိုတာ အရင်ကတည်းကပြောပြီးသား”ဟု ဦးဒေါင်ခါးက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

ထို့အပြင် နေပြည်တော်ရဲချုပ်ရုံးမှ ဒုတိယရဲမှူးချုပ်တစ်ဦးကလည်း လုံခြုံရေးအတွက် သတင်းများနေ့စဉ်ဖလှယ်နေပြီး အဆိုပါသတင်းကို မိမိတို့မသိရှိဘဲ ဒီဇင်ဘာ ၇ ရက် ညနေပြုလုပ်သော အစည်းအဝေးတွင်လည်း အစီရင်ခံခြင်းမရှိဟုပြောသည်။ ၎င်းကိုယ်တိုင် ဒီဇင်ဘာ ၇ ရက် ညနေတွင် မြို့မဈေးမှပြန်လာခဲ့ပြီး အဆိုပါကြေညာချက်ကို မတွေ့ခဲ့သည်ဟုဆိုသည်။

“ရဲချုပ်ကြီးနဲ့လည်း နေ့တိုင်းသတင်းဖလှယ်ရေးအစည်းအဝေးတွေလုပ်နေတာ။ ဒီသတင်းမျိုး အစီရင်ခံတာမကြားမိဘူး”ဟု အထက်ပါဒုရဲချုပ်ကဆိုသည်။

သို့သော် ဗီနိုင်းများကို နေပြည်တော်မြို့မဈေးဝန်းနှင့် ဘောဂသီရိအဝေးပြေးကားများတွင် ဒီဇင်ဘာ ၆ ရက်က စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဲဒီသတင်းကတက်လာတာ။ မှန်လည်းမှန်တယ်။ မှန်လို့လည်း ဗီနိုင်းတွေထုတ်ပြီးတော့ အသိပေးထားတာဖြစ်မယ်။ တော်ဝင်ကားဂိတ်နားမှာလည်းရှိတယ်”ဟု နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက ဒီဇင်ဘာ ၇ ရက် ညဦးပိုင်းတွင် ပြောကြားသည်။

နေပြည်တော်ဆီးဂိမ်းလုံခြုံရေးဆောင်ရွက်နေသော ရဲအရာရှိကြီးတစ်ဦးကလည်း “အခုအချိန်မှာ အရမ်းအရေးကြီးနေပါတယ်။ သတင်းရရင်တော့ ကိုယ့်ဘက်က လက်ဦးမှုရအောင် ကျိတ်ဖမ်းလိုက်မှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ၂၄ နာရီလုံး တပ်လှန့်ထားပါတယ်။ ဆီးဂိမ်းကို အဖျက်အမှောင့်လုပ်မယ့်သူတွေ နေပြည်တော်ကို ရောက်နေတယ်ဆိုတာမဟုတ်ပါဘူး။ မြို့မဈေးမှာသွားပြီး ကြေညာချက်ထုတ်ထားစရာလည်းမလိုပါဘူး။ ရဲချုပ်ရုံးကိုလည်း အဲဒီသတင်းမရောက်ပါဘူး”ဟု ဆိုပြန်သည်။

အလားတူ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်ကလည်း အထက်ပါအကြမ်းဖက်မှု အသိပေးချက်ကို မကြားမိသေးသလို၊ ယင်းသတင်းမှာ မဖြစ်နိုင်ဟု ၎င်းအနေဖြင့်ထင်မြင်ကြောင်း ဆီးဂိမ်းပြိုင်ပွဲကျင်းပမှုများမှာ အေးအေးချမ်းချမ်းရှိနေကြောင်း ဒီဇင်ဘာ ၇ ရက် ညက ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)သို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါသတင်းအချက်အလက်ကို မရရှိသေးကြောင်း MPC ၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောကြားသည်။

“ကျွန်တော်တို့ မသိသေးဘူး။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ပေးတဲ့ အလုပ်အဖွဲ့အနေနဲ့ပဲ အလုပ်လုပ်တာပါ။ လုံခြုံရေးကိစ္စတို့ဘာတို့တော့ မသိနိုင်ဘူး”ဟု ဦးလှမောင်ရွှေကပြောသည်။

အထက်ပါကြေညာချက်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်နေပြီး အပစ်အခတ်ရပ်စဲရေးကြိုးပမ်းနေချိန်တွင် ကေအိုင်အေအဖွဲ့အမည်ကို အတိအလင်းတပ်ထားကာ (KIA) ကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦးဟု သုံးနှုန်းထားသည်ကိုတွေ့ရပြီး ထိုသုံးဦးတွင် ကရင်တိုင်းရင်းသားနှစ်ဦး ပါဝင်သည်ကိုတွေ့ရသည်။ ထိုသုံးဦးကိုတွေ့လျှင် အကြောင်းကြားပေးရန်လည်း ဖော်ပြထားပြီး၊ ကြေညာချက်ကို ဈေးများဌာနကကပ်ခိုင်းသည်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အထူးရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်ထွန်းလွင်ကလည်း ဆီးဂိမ်းတွင် ဆန့်ကျင်ဖက်အဖွဲ့အစည်းအချို့၊ ဖျက်လိုဖျက်ဆီးလုပ်မည်ဟု သတင်းမျိုးစုံရထားသော်လည်း ရဲတပ်ဖွဲ့က မည်သည့်အဖွဲ့ကဟု အတိအကျထုတ်ပြန်ထားသည်မျိုးမရှိဟုလည်း ပြောသည်။

7Day News Journal

လူအများ သုံးနေတဲ့ Wireless Connection တခုကို မိမိ တဦးတည်း လိုင်းအကောင်းဆုံးဖြစ်အောင် လုပ်နည်း

Posted by drmyochit Sunday, December 08, 2013, under | 1 comment


Wireless Connection တစ်ခုကို ဆယ်ယောက်လောက် အတူဝိုင်းသုံးနေတယ်..အဲဒါဆိုရင်လိုင်းကတော့နှေး
နေမှာပါ..ဒီလို ၀ိုင်းသုံးနေတဲ့ကြားထဲကမှ အဲဒီအင်တာနက်လိုင်းအကုန်လုံးကို မိမိတစ်ဦးတည်းပိုကောင်းစေ
ဖို့အတွက်နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်..စမ်းကြည့်ပါ ရှယ်အကျိုးထူးပါလိမ့်မယ်..
(1) Right Click on Computer > Device Manager

(2) Scroll down, expand the Network Adapters list, and Double Click your WiFi Adapter


(3) Then Click Advanced tab to show all available modifications

(4) Select the property called Speed & Duplex and change the Value from Auto Negotiation to 1.0 Gbps Full Duplex
(5) Click Ok to Apply all settings, you may also need to restart the computer.
Done! You'll now get all the Internet Connection and speed up your LAN & WLAN Bandwidth to the maximum speed.

Source by : www.mmithelper.com

အားလုံးအဆင်ပြေပါစေ.......။

*** ကြင်စဦးဇနီးမောင်နှံများ မှတ်သားလိုက်နာဖွယ် ***

Posted by drmyochit Sunday, December 08, 2013, under | No comments


နှစ်ကိုယ်တူချစ်ရည်မျှ၍ဘဲဖြစ်ဖြစ်၊ မိဖဘိုးဘွားများဆန္ဒကိုမလွန်ဆန်နိုင်၍ဘဲဖြစ်ဖြစ် အိမ်ထောင် ကျပြီဆို ပါစို့ ။ မင်္ဂလာရက်မြတ်မှသည် ရတုအဆက်ဆက်တိုင်အောင် “ ဒီလင် ဒီမယားအိုအောင်မင်းအောင်ပေါင်း ရပါစေ” လို့ လူကြီးသူမတွေက ဘယ်လိုပင် ၀ိုင်းဝန်းဆုတောင်းပေးကြပါစေ… ကာယကံရှင် ဇနီးမောင်နှံရဲ့ အပြန် အလှန် တာဝန်ယူ သိတတ်မှုကသာ ပဓာဏကျလှပါတယ်။ ကြင်စဦးကာလမှာ အမှတ် မထင် လက်လွတ် စပယ် ပြုမူ-ပြောဆို-ဆက်ဆံလိုက်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ
အိမ်ထောင် သက်တလျှောက်လုံး အဖုအထစ်လေးတွေ ဖြစ် လာစေနိုင် တာကြောင့် အောက်ပါနည်း လမ်းကောင်းများဖြင့် ကြိုးစား ကျင့်ကြံစေလိုပါတယ်။

(၁) ကလေး(အစ)/လူကြီး(အဆုံး) လူသားတိုင်းချီးမွှမ်းခံရတာကိုနှစ်ခြိုက်သူများပေ မို့ ၊ သူ(အိမ်ထောင်ဖက်)က ပြုလုပ်နိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုခုအတွက် ပိုပိုသာသာလေး ချီးမွမ်းစကားပြောပေးလိုက်ပါ။

(၂) အကယ်၍ သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေးအသက်ကြီးနေပါစေ “ငါသိငါတတ် ဆရာကြီးလေသံ” မျိုးနဲ့  ဘယ်တော့မှ မပြောမိပါစေနဲ့ ။

(၃) “လင်နဲ့ မယား လျှာနဲ့ သွား” ဆိုသလို အမြင်မတူလို့ ခွန်းကြီးခွန်းငယ်စကား များကြပြီ ဆိုပါစို့ ။ “စကားနည်း ရန်စဲ” ဆိုတဲ့အတိုင်း နှုတ်မကျွံမိရစေအောင် စကား ကို ကုန်အောင်မပြောဘဲအစားကိုကုန်အောင်စားပြီး၊ အိပ်ရေး၀၀သာအိပ်ပစ်လိုက်ပါ။
ဘေးထိုင်ဘုပြောနေတာမျိုးကို (လုံးဝ) မလုပ်မိပါစေနဲ့ ။

(၄) အပြန်အလှန်နားလည်အောင် ကြိုးစားနေတဲ့ ကြင်စဦးကာလမှာ၊အပေးအယူမမျှ ခင် ဘယ်လိုအကြောင်းအရာကို၊ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ်၊ ဘယ်လိုစကား မျိုးတွေဘဲပြောပြော၊မိမိပြောဆိုတဲ့ စကားအဓိပ္ပါယ်ဟာ လောဘ-ဒေါသ-အတ္တ -မာန ကင်းပြီး“ချစ်ခင်ရင်းနှီးမှု” ကို ပြတဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်တတ်ပါစေ။

(၅) အကယ်၍ မိမိဘက်ကအမှားတစ်ခုခုလုပ်မိပါက၊ သူ (အိမ်ထောင်ဖက်)ကို “မှားသွား တယ်… ဆောရီးနော်.. တောင်းပန်ပါ တယ်” လို့  ပြောဆိုရတဲ့အခါ၊ သူ့ကို မိမိ မျက်စေ့ နဲ့  သေသေချာချာကြည့်ပြီး (လိုအပ်ရင်လက်ကလေးကိုကိုင်၍)လှိုက်လှိုက် လှဲလှဲ ပြောပေးပါ။

(၆) သူ(အိမ်ထောင်ဖက်)က ၄င်းရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ရင်ဖွင့်လာတဲ့အခါပြက်ရယ် မပြုမိပါစေနဲ့ ။ “အနာဂတ်အတွက် ပစ္စု ပ္ပန်မှာ အိပ်မက်တစ်ခုခုတော့ရှိကို ရှိသင့်တာပေါ့ ” လို့  အားပေးနှစ်သိမ့်လိုက်ပါ။

(၇) အရာရာတိုင်းမှာ ငါနဲ့ အမြင်ချင်း ထပ်တူကျနေရမယ်လို့မျှော်လင်မထားပါနဲ့ ။ အပြန် အလှန် နားလည်မှုနဲ့  ခွင်လွှတ်တတ်ပါမှအောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ဖန်တီး နိုင်မှာပါ။ (ဒီနည်းက ၁၀၀%မလွယ်ကူပေမယ့် ဖြည်းဖြည်းချင်း ကျင့်ယူရမှာပါဘဲ)

(၈) အပေးအယူမမျှလို့  စကားစစ်ထိုးကြပြီဆိုပါစို့ ။ “အချစ်” “အသက်”ချစ်စနိုးအခေါ် အဝေါ်တွေပျောက်ကာ “နင်-ငါ-မင်း-ခင်ဗျား-ကျုပ်” (သို့ မဟုတ်)အမည်နာမတွေ တပ်ပြီးမခေါ်မိပါစေနှင့်။ (တစိမ်းဆန်သွားစေပါတယ်)

(၉) သူ့ ဆွေမျိုး၊ ငါ့ဆွေမျိုးရယ်လို့  ခွဲခြားပြီး မမြင်မိအောင်ကြိုးစားကျင့်ကြံပါ။

(၁၀) အမြင်မတူတာလေးတွေကို ညှိနှိုင်းရာမှာ၊ သူ (အိမ်ထောင်ဖက်)က နားဝင် လာအောင် စကားကိုဖြည်းဖြည်းပြောရင်း၊ သူ က မိမိအမြင်ကို လက် ခံ/မခံ မျက်လုံး- ဦးနှောက်တို့ ဖြင့် အကဲခတ်တတ်ပါစေ။ (သင်ပြောတာကို လက်ခံတဲ့ပုံပေါ်ရင် ရှေ့  ဆက်ပြော ပါ၊ လက်ခံနိုင်ပုံမပေါ်ရင်တော့ ဒီနေ့ အဖို့ အဲဒီစကားကိုတခန်း ရပ်ပြီး နောက်အလျဉ်းသင့်တဲ့အခါမှထပ်ပြောပါ)

(၁၁) အထူးသဖြင့် အမျိုးသမီးတို့ သဘာဝအရ သိချင်စိတ်အားကြီးတာကြောင့်
ခရေစေ့တွင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီ လိုအခါမျိုးမှာအမျိုးသား အနေဖြင့် “မင်းစပ်စုလှချည်လားကွာ၊ အရာရာမင်းသိဖို့ မလိုဘူးလေ”လို့  မာမာထန်ထန်ပြန် မပြောဘဲ “မေးခွန်းတွေကလဲ များလှချည်လားကွာ” လို့အတတ်နိုင်ဆုံး ပြုံး၍ ခပ်ပေါ့ပေါ့ဖြေပါ။

(၁၂) ဆွေမျိုး-အသိုင်းအ၀ိုင်း-မိတ်ဆွေတွေရှေ့ မှာ တဦးပေါ်တဦးအနိုင်ယူတဲ့အပြု အမူမျိုးကိုရှောင်ပြီး၊ ဖေးဖေးမမ နဲ့  ပွဲထုတ် တတ်ပါစေ။(ဒီနည်းက သင့်အိမ်ထောင်ဖက် က သင့်ကို “နှစ်ကိုယ့်တစ်စိတ်”အဖြစ် နှလုံးသားထဲထိအောင်ယုံကြည်မှုဖြစ်စေ နိုင်ပါ တယ်)

(၁၃) ပြဿနာ သေးသေးလေးကို ရိုးမယ်ဖွဲ့ ပြီး မြည်တွန်တောက်တီး ဇာချဲ့ မနေပါ နဲ့ ။ “ကျောပူသာခံလိုက်မယ်၊ နားပူတော့ မခံချင်ကြဘူး” လေ။

(၁၄) အကယ်၍ မိမိဘက်က အမှားတစ်ခုလုပ်မိခဲ့တယ်ဆိုပါစို့ ၊ သိသိချင်းမှာဘဲအဲဒီ အမှားကို (အမြန်ဆုံး) ပြန်လည်ပြုပြင်နိုင် အောင်ကြိုးစားပါ။

(၁၅) သူ(အိမ်ထောင်ဖက်)ဆီက ဖုန်းခေါ်ဆိုလာတဲ့အခါ၊ ဘယ်လောက်ပဲ အလုပ်များလို
့စိတ်ရှုပ်ထွေးနေပါစေ အတတ်နိုင်ဆုံး နှုတ်ခမ်းတစ်စုံကိုပြုံးပြီးဖုန်းဖြေဆိုလိုက်ပါ။ သင့်ရဲ့  သာယာနာပျော်ဖွယ် တုန့် ပြန်မှုက သူ့ ကို ဟတ်(heart) ထိသွားစေပါတယ်။

(၁၆) မိမိတစ်ယောက်တည်းရှိနေချိန်မှာ တစ်နေ့ လျှင် ၁၀-မိနစ်လောက်အ ချိန်ပေးပြီးတော့၊ “ ငါ ဒီနေ့ အဖို့ သူ့ ကို စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး လုပ်ခဲ့ မိလား ” စသည်ဖြင့်မိမိကိုယ်ကိုဝေဖန်သုံးသပ်ပါ။

အထက်ပါ နည်းလမ်းများစွာဖြင့်ကျင့်ကြံရင်း၊ ရွှေရောင်လွှမ်းတဲ့နေ့ သစ်ဆီသို့  လျှောက် လှမ်းကြည့် ပါလို့ တိုက်တွန်းလိုက်ပါရစေ။

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား Americak Daily Health Tips on 5th Dec ’13)
--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

ပုဒ်မ ၃၇၇ ကြောင့် လိင်စိတ်ခံယူမှု ကွဲပြားသူများ တန်းတူညီမျှမှု ရရှိရေး အခက်တွေ့

Posted by drmyochit Sunday, December 08, 2013, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၈။

မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် သက်ရောက်သည့် ပုဒ်မ ၃၇၇ ရှိနေခြင်းကြောင့် လိင်စိတ် ခံယူမှု ကွဲပြားသူများ တန်းတူညီမျှမှုရရှိရေး အတွက် ဆောင်ရွက်မှုများအပေါ် အခက်အခဲ များသည်ဟု လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ရန်ကုန်အခြေစိုက် လိင်တူချစ်သူများ ဖွဲ့စည်းထားသည့် Kings & Queens အဖွဲ့မှ အဖွဲ့ဝင် ကိုမိုးအောင်၏ ပြောကြားချက်မှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ တိရိစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။

“ကျွန်တော်တို့လို ယောင်္ကျားပုံစံလို၊ Gay တွေပုံစံလိုမှာ သိပ်မရှိပေမယ့် Transgendar (ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်စားဆင်ယင် ပြုမူနေထိုင်သူ)တွေအပေါ် အထိများတယ်။ ကြည့်လိုက်လိုရှိရင် သူတို့က ကွက်ကွက်ကွင်းကွင်း မြင်သာတဲ့ ပုံစံတွေနဲ့ဖြစ်နေတယ်။ ယောင်္ကျားလေး ပုံစံကနေ မိန်းကလေးပုံစံနဲ့ ၀တ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ကြည့်လိုက်တဲ့မျက်လုံးတွေက အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ အဲဒါကစ စပြီးတော့ခွဲခြားခံရတာပဲ။ မိသားစုတွေကလည်း ကိုယ်တွေရဲ့ လိင်စိတ်ခံယူမှုကို နားလည်မှုမပေးဘူး။ သူ့ရဲ့လိင်စိတ်ခံယူမှုဖြစ်ချင်တဲ့အပေါ်မှာ နေခိုင်းတာမဟုတ်ပဲနဲ့ အတင်းအဓမ္မ သွပ်သွင်းတဲ့ နေထိုင်မှု ပုံစံထဲမှာ နေထိုင်ခဲ့ကြရတာတွေ ရှိတယ်”ဟု  Kings & Queens အဖွဲ့တွင် ပါဝင်ကာ လိင်တူချစ်သူများ၏ လူ့အခွင့်အရေး တန်းတူညီမျှမှုရရှိရရေး၊ လိင်စိတ်ခံယူမှု အပေါ် လူသားများ ပိုမိုသိရှိရေး၊ ပညာပေးမှု၊ ဗဟုသုတဖြန့်ဝေမှုများတွင် ပါဝင်လှုပ်ရှားနေသူ ကိုတင်ကိုကိုမှ ပြောကြားသွားသည်။

လိင်စိတ်ခံယူမှု ကွဲပြားသူများသည် ဆွေမျိုးသားချင်း မိသားစုများ၏ ခွဲခြားဆက်ဆံခံရခြင်းများနှင့်အတူ လူမှုပတ်ဝန်းကျင်တွင် အထင်သေးဆက်ဆံခံရမှုများကြောင့် မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် ဝေးကွာကာ သိမ်ငယ်မှုများကြောင့် ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားကြတော့ပဲ အလုပ်အကိုင် အခွင့်အလမ်းများတွင် နောက်ကျကျန်ကာ ခက်ခဲကြမ်းတမ်းသော ဘ၀များကို ရင်ဆိုင်ဖြတ်သန်းနေရသည်ဟု သိရသည်။

ထို့ကြောင့် လိင်တူချစ်သူများ အနေဖြင့် လက်ရှိတွင် လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ချိတ်ဆက်ထားသည့်  မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် လိင်တူချစ်သူ အဖွဲ့အစည်း ၁၉ ဖွဲ့မှ လိင်စိတ်ခံယူမှုနှင့် ပတ်သက်သည့် ပညာပေးမှု၊ ဗဟုသုတများကို ပြည်သူများသိရှိအောင် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူအများကြားတွင် ခွဲခြားဆက်ဆံခံနေရမှုများ၊ အများနည်းတူ လွတ်လပ်စွာ နေထိုင်ခွင့်မရှိမှုများ၊ လက်ထပ်ခွင့် မရှိမှုများ၊ နှိမ့်ချဆက်ဆံခံနေရမှုများကြောင့် တန်းတူညီမျှသည့် လူ့အခွင်အရေး ရရှိအောင် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

လိင်တူချစ်ခင်မှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေများရှိနေခြင်းသည် လိင်တူချစ်သူများအကြား HIV/AIDS ကုသရေးတွင် အခက်အခဲ၊ အဟန့်အတားဖြစ်နေကြောင်းနှင့် လိင်တူချစ်သူများအကြား HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ ဖြစ်နေရခြင်းမှာ လူထု အတွင်း ခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲများ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၁၉ ရက်က ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ပေးပို့သော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဖိုးစနေ
မြန်မာ့ခေတ်

ပူလောင်တဲ့အချစ်မျိုးနဲ့ပဲ ကြုံခဲ့ဖူးတယ်လို့ဆိုတဲ့ ၀တ်မှုန်ရွှေရည်

Posted by drmyochit Sunday, December 08, 2013, under | No comments

ပရိသတ်တွေသိချင်တဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေထဲမှာ ချစ်စရာ ကောင်းတဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးလည်း ပါဝင်နေပါ တယ်။ အားလုံးသိပြီးသား အဆိုတော်၊ မင်းသားနဲ့ ပြတ်သွားတဲ့နောက်ပိုင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရတော့တဲ့ ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးကတော့ ‘အချစ်ရေးက မစဉ်းစားတာတော့ မဟုတ်ပါဘူး။ ကစ်စိတ်ချမ်းသာချင်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာဖို့ကလဲ ကစ်အချစ်ရေး ဘက်ကို စဥ်းစားလိုက်ရင် ၊ အဲ့ဒီဘက်ကို အားသာသွားရင် အလုပ်ဘက်မှာ အားလျော့သွားမှာ စိုးတယ်။ ကစ်စဉ်းစားချင်ရင်တောင်မှ မစဉ်းစားမိအောင် နေပါတယ်။ ကစ်ကတော့ အချစ်ဆိုတာကို ပူလောင်တယ်လို့ပဲထင်ပါတယ်။ ဒါကလဲ ပူလောင်တဲ့အချစ်မျိုးနဲ့ပဲကြုံဖူးလို့နေမှာပါနော်။ အေးချမ်းတဲ့ အချစ်မျိုးကိုလဲ မရှာတော့ပါဘူး။ သူ့အလိုလိုကံပါရင် ရောက်လာပါလိမ့်မယ်။ ကစ် ရဲ့ အချစ်ရေးကတော့ ဘာမှမရှိပါဘူး။ အရင်အတိုင်းပါပဲ။

ဘာမှမရှိသေးတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားစရာမရှိပါဘူး’တဲ့။ ပရိသတ်တော်တော်များများရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရတဲ့သူမက ‘ဘာပဲဖြစ်ဖြစ်ပရိသတ်တွေ ကစ်ကို ချစ်ကြ၊ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတစ်ယောက်ကို ချစ်ရတယ် ဆိုတာလဲ တကယ်ပင်ပန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခံပြီး ချစ်ပေးကြတဲ့ အတွက်၊ အချစ်ခံရတဲ့အတွက် ကစ်အရမ်းပျော်ပါတယ်။ ပရိသတ်အချစ်တွေနဲ့ပဲ ဒီအလုပ်တွေကို အားရှိရှိနဲ့လုပ်နေတာပါ။ ကစ်ရဲ့ဇာတ်ကားတွေကို ပုံစံတွေပြောင်းပြီး ရိုက်ထားပါတယ်။ ကစ်ရဲ့လှုပ်ရှားမှုအသစ်လေးတွေကို ဝေဖန်အားပေးကြပါဦး’လို့ ဆိုသွားပါတယ်။















ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများအတွက် Mobile အမျှဝေပွဲ လုပ်မည်

Posted by drmyochit Sunday, December 08, 2013, under | No comments

ခရီးသွားလာရင်းဖြင့် ယာဉ်တိမ်းမှောက်သေ ဆုံးခဲ့ ကာ မကျွတ်လွတ်သေးသူများ အတွက် အမျှ အတန်းပေးဝေ ပွဲ အား လားရှိုး -မန္တလေး
လမ်း ပိုင်း အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူစာရေးဆရာ သီပေါကိုလတ် ထံမှ သိရှိရသည်။

'' ဒီပွဲကိုလုပ်တာ ဘာအရောင်အသွေးမှ မပါပါဘူး၊ အဓိက လမ်းတွေပေါ်မှာသေဆုံးပြီး မကျွတ် လွတ်နိုင်ဖြစ်နေ တဲ့ သူတွေကို ကျွတ်လွတ်သွားစေချင်တဲ့စေတနာနဲ့ ခရီးသွားပြည်သူတွေအပေါ်မှာ ဒီလိုမကျွတ်လွတ်တဲ့သူတွေအနှောင့်အယှက်ပေးတာမျိုး မကြုံရအောင်ဆိုတဲ့ စေတနာနဲ့ လုပ်တာပါ '' ဟု
အဆိုပါ ပွဲစီစဉ်သူမှ ပြောသည်။

အဓိကပြုလုပ်မည့်နေရာများမှာ ယာဉ်မကြာခဏတိမ်မှောက်လေ့ရှိသည့် နာမည်ကြီးနေရာများဖြစ်သော စဥ့်အင် - လားရှိုး၊ စဥ့်အင် - ကုန်းသာအကြား၊ သီပေါ - ကျောက်မဲအကြား မောင်ဖုန်းတောင်ဒေသ၊
ကျောက်မဲ - နောင်ချိုအကြား ဂုတ်တွင်းအတက်အဆင်းနေရာနောင်ချို - ပြင်ဦးလွင် အကြားနှင့် ပြင်ဦးလွင် - မန္တလေးအကြား (၂၁)မိုင်အဆင်း၊ (၂၆) မိုင် (၆) ဖာလုံ အတက်နေရာများတွင် အဓိကထား
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

'' ဒီလိုပွဲမျိုးက အမျိုးသမီးနဲ့ကလေးတွေပါရင် အန္တရာယ်များတယ်၊နောက်ပြီး အရက်သေစာသောက်တဲ့သူ၊ နောက်တတ်ပြောင်တတ်တဲ့သူတွေ ပါလို့မရပါဘူး၊ သေချာဂရုစိုက်ပြီး လုပ်ပေးသွားမှာ ဖြစ်ပါတယ် '' ဟု အဆိုပါပွဲတွင် ပါဝင်ကူညီပေးသူများမှ ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် ယခင် နေပြည်တော် - မန္တလေးလမ်းပိုင်း အကျွတ်အလွတ် ပွဲပြုလုပ်ခဲ့ဖူးသူများ ထံမှ လည်း အကြံဥာဏ်များ ရယူထားကြောင်းနှင့် ရရှိသောအတွေ့အကြုံပေါ်မူတည်ပြီးနေပြည်တော် - မန္တလေး၊ မူဆယ် - လားရှိုးလမ်းပိုင်း ယာဉ်တိမ်းမှောက်မှုမကြာခဏဖြစ်ပွားလေ့ရှိသော နေရာများတွင် လည်း ဆက်လက်၍အမျှအတန်းပေးဝေ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် သိရှိလိုသည်များ၊ အကြံဥာဏ်ပေးလိုသည်များရှိပါက သီပေါစာရေး ဆရာအ သင်းရုံး၊ဖုန်းနံပါတ် ၀၉ - ၄၀၃၇၀၈၈၉၇ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

The Myanma Age

အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ

Posted by drmyochit Sunday, December 08, 2013, under | No comments


အမေရိကန်ပြည်ထောင်စု၊ စပရင်းဒေးမြို့ မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ဆီ ခရီးထွက်သွားပြီး ပြန်အလာမှာ သူတို့ အိမ်ဧည့်ခန်းမှာ လူတစ်ယောက်က ခြေပစ်လက်ပစ်လှဲနေတာကို တွေ့ လိုက်ရပါတယ်။ မိသားစုက မေးတဲ့အခါ ဒီအိမ်ဟာ သူ့ အိမ်ဖြစ်ပြီး သူ့ မှာ ဟာမင်တန်တရားရုံးနဲ့ လုပ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေရှိကြောင်း ပြန်ပြောလိုက်ပါတယ်။

တကယ်တမ်းတော့ ရော်ဘတ်ကားဆိုသူဟာ ခရီးထွက်သွားတဲ့ မိသားစု ရဲ့ အိမ်ကိုခိုးဝင်ပြီး တံခါးသော့ကို ပြောင်း ၊ အိမ်တစ်ခုလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီး သူ့ အိမ်ဖြစ်ကြောင်း စာချုပ်အတုတွေလုပ်ထားတာပါ။ သူ့ အဆိုအရ တော့ “ ကျွန်တော် အိမ်မှာဝင်မနေခင် ဒီအိမ်မှာဘယ်သူမှမရှိကြောင်းသေချာအောင်လုပ်ပါတယ်။သူတို့ အိမ် ကနေ ထွက်ခွာသွားတာနဲ့ ဒီအိမ်ကို သူတို့ မပိုင်တော့ဘူးလေ၊ဒါကြောင့်ကျွန်တော်ဝင်နေလိုက်တယ်။ ကျွန်တော်ရှိနေရင် ဒါကျွန်တော့်အိမ်ပေါ့လို့ ” ကားလ်က ပြန်လည်ချေပခဲ့ပါတယ်။

အခုဆို ၂၁ နှစ်ကြာ အဲဒီ့အိမ်မှာနေထိုင်လာတဲ့ မိသားစုဟာ တစ်ပါတ်လောက် အိမ်ကနေ ထွက်ခွာသွား မိတာနဲ့  အိမ်တစ်လုံးကို ဆုံးရှုံးရတော့မှာပါ။ အခုတော့ ကားလ်ကို တရားစွဲဆိုထားပြီး မကြာမီ အမှုကို စစ်ဆေးသွားမှာပါ။

ကားလ်ရဲ့သီအိုရီကတော့ “ ခင်ဗျား အိမ်ကနေ ထွက်ပြီး တစ်နေရာကို သွားတာနဲ့  အဲဒီအိမ်ဟာ ခင်ဗျားပိုင်ဆိုင်မှု မဟုတ်တော့ပါဘူး၊ခင်ဗျားစွန့် ပစ်လိုက်သလိုပါပဲ ။တစ်ယောက်ယောက်က အိမ်ထဲ ၀င်သွားပြီး အိုး - ဒါငါ့ဟာ လို့ ပြောနိုင်ပါတယ် “ တဲ့။ ကားလ်ဟာ ဒီအိမ်တစ်အိမ်ထဲကို အခုလိုလုပ်ခဲ့တာမဟုတ်ဘဲ တခြား အိမ် ၁၀ လုံးကျော်ကိုလည်း အခုပုံစံအတိုင်း လုပ်ဖို့ စီစဉ်ခဲ့သေးတယ် လို့ သိရပါတယ်။


1Tap Eraser Pro v 2.2 for android(latest version)

Posted by drmyochit Sunday, December 08, 2013, under | No comments


Android phone/Tablet ကိုင်ဆောင်သူများအတွက် အကောင်းဆုံး Cleaner ဆော့ဝဲလ်လေး တစ်ခုဖြစ်ပါ တယ်..တစ်ချက်တို့ထိရုံနဲ့ မိမိဖုန်းကို ရှင်းလင်းရေးလုပ်ဆောင်ပေးမယ့် 1Tap Eraser Pro ဖြစ်ပါတယ်.. မိမိ အလို မရှိတော့တဲ့ -

App cache ဖိုင်များ
☆ Call logs/ call history
☆ SMS/MMS
☆ Browser history
☆ Picture albums/items (PRO)
☆ SD Card (highlight caches of uninstalled apps – PRO)
☆ Chrome history
☆ Other search history စတာတွေကို 1 Click လုပ်ရုံနဲ့ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်…ရှင်းလင်းပုံကိုလည်း

☆ Automatic eraser
☆ On-the-fly eraser (PRO)
☆ 1-click eraser
☆ 1-click widget eraser
☆ Erase per history type

Mode (4) မျိုးနဲ့ မိမိကြိုက်နှစ်သက်သလို လုပ်ဆောင်နိုင်ပါတယ်.. Google Play မှာ 1.49 ဒေါ်လာနဲ့ ၀ယ်ယူသုံးစွဲရမှာဖြစ်ပြီး Myanmar Mobile App Store မှာ Freedownload ရယူနိုင်ပါပြီ..


1Tap Eraser Pro အားရယူရန်




Myanmar Mobile App

စည်ပင်ဝန်ထမ်းအချို့ နှင့် မိကျောင်းကန်သပိတ်စခန်းဖွင့်လှစ်သူများ ပဋိပက္ခဖြစ်ပွား အမျိုးသမီး ၉ဥိးထိခိုက်ဒဏ်ရာရ

Posted by drmyochit Sunday, December 08, 2013, under | No comments



ဘိုးဘွားပိုင်မြေများ ပြန်မရမချင်း အသေခံတောင်းဆိုမည်ဟု သရဏဂုံတင် သပိတ်စခန်းဖွင့်လှစ်ထားသည့် မိကျောင်းကန် ရပ်ကွက်နေပြည်သူများနှင့် တပ်မြိုနယ်စည်ပင်ရှိဝန်ထမ်းများ ပဋိပက္ခဖြစ်ပွားမူဖြစ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းအတွင်းမှအမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

မိကျောင်းကန် သပိတ်စခန်း အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆီးဂိမ်းလုံခြုံရေးအတွက်နှင့် တံတိုင်းခတ်ခြင်းများ စတင်လုပ်ဆောင်ခဲ့ပြိးတံတိုင်းခတ်သည့် တပ်စည်ပင်ဝန်ထမ်းများနှင့် ပဋိပက္ခအသွင်ဆောင်မည့် သဘောများရှိခဲ့ကြောင်း သပိတ်စခန်းဦးဆောင်သူများကဆိုသည်။

" တံတိုင်းခတ်တာ သစ်ပင်ခုတ်တာတွေက သူတို့ အလုပ်သူတို့ လုပ်တာဆိုပေမယ့် မထိတထိနဲ့ ဆိုတော့ ပြသနာဖြစ်မှာစိုးလို့ အရင်ရက်တွေထဲက ထိန်းသိမ်းထားခဲ့တာ အခုလိုအတင်းအဓမ္မပုံစုံလုပ်တော့ ဖြစ်ကုန်တာပေါ့။ ပြည်သူချင်းရန်တိုက်ပေးနေသလိုပါပဲ " ဟု
သပိတ်စခန်း အနီးမှ တက်ကြွလူပ်ရှားသူ ကိုသိန်းအောင်မြင့်ကဆိုသည်။

အဆိုပါ ပဋိပက္ခကြောင့် သပိတ်စခန်းအတွင်းမှ အမျိုးသမီး ၉ ဥိးထိခိုက်ဒဏ်ရာ ရခဲ့ပြိး သယန်းကျွန်း ပြည့်သူ့ ဆေးရုံသို့  တက်ရောက်ဆေးဝါးကုသနေရကြောင်းသိရသည်။

မိကျောင်းကန် မြေနေရာကိစ္စနှင့် သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သတ်၍ လွတ်တော်ကိုယ် စားလှယ် များဖြစ် သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ လွတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် NDF ပါတီ လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ မှ
ဝင်ရောက်ညှိနိုင်းမူများ ပြုလုပ်ခဲ့ပြီး မြေယာကော်မရှင် နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ ပြင် မိကျောင်းကန် အရေးအတွက် ရက်ပိုင်းအတွင်း မြိုတော်ဝန်နှင့် သပိတ်စခန်းဖွင့်လှစ်သည့် ပြည်သူများ တွေ့ ဆုံပေးမည်ဖြစ်ကြောင်းသိရသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရှိသိမ်းဆည်းခံမြေယာများအတွက် သယန်းကျွန်းမြိုနယ် ဝေဇယန္တာလမ်းမဘေးတွင် နိုဝင်ဘာ ၂၆ရက်မှ စတင်သပိတ်စခန်းဖွင့်လှစ်
ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့် ဖြင့် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်ကာ နှစ်ကြိမ်မြောက် သပိတ်စခန်းဖွင့်လှစ်တောင်းဆိုခဲ့သော်လည် တောင်းဆိုချက်များအား လိုက်လျောခြင်းမရှိဘဲ
အရေးယူ ဖမ်းဆီးမူများသာရှိခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ က ဘိုးဘွားပိုင်မြေပြန်ရဖို့ အတွက် တောင်းဆိုနေတာ မရမချင်းဆက်လုပ်သွားမှာ အသေခံလုပ်ဖို့ လဲ သရဏဂုံတင်ပြီးသား။
နောက်ဆုံးအစာငတ်ခှံဆန္ဒပြသွားမယ် ဒီလိုတံတိုင်းလာခတ်တဲ့လုပ်ရပ်ကိုလဲ လက်မခံနိုင်ဘူး" ဟု သပိတ်စခန်းတွင် ပါဝင်သည့် မိကျောင်းကန်ပြည်သူတစ်ဦးကဆိုသည်။

သယန်းကျွန်းမြိုနယ် မိကျောင်းကန် (၁၊၂၊၃) ရပ်ကွက်ရှိမြေယာများ ဘိုးဘွားပိုင်မြေများဖြစ်ပြီး ပါလီမန် ဒီမိုကရေစီလက်ထက်မှစကာ စည်ပင်ခွန် စသည့်အခွန်ခများ ပေးဆောင်နေထိုင်ခဲ့ကြောင်း
တပ်ပိုင်နယ်မြေဟုဆို၍ မြေယာများအား သိမ်းယူသွားခဲ့ကြောင် သပိတ်စခန်းဖွင့်လှစ်သည့် မိကျောင်းကန်ပြည်သူများမှ ကြေညာ၍ မြေယာများပြန်ရသည် အထိ တောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပန်မိုးဝါ(ရိုးရာလေး)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်