Monday, December 09, 2013

စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း အွန်လိုင်းတွင် ဖော်ပြ

Posted by drmyochit Monday, December 09, 2013, under | No comments



ဘာလင် ၊ ဒီဇင်ဘာ ၈ ။ ။ ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီးနောက် ထွက်ပြေး တိမ်းရှောင်ခဲ့သော စနိုဒင်ကို ရုရှားနိုင်ငံသို့ ရောက်အောင်ပို့ ဆောင်ပေးခဲ့သူမှာ ဝီကီလိစ်ဂျာ နယ်လစ်တစ်ဦးဖြစ် သူ မစ္စဆာ ရာ ဟာရစ်ဆန်ဖြစ်သည်ဟု သိရ သည်။

အသက်၃၁နှစ်အရွယ်ရှိ ပြီး ဝီကီလိစ်ပိုင်ရှင် ဂျူလီယန် အက်ဆန့်ခ်ျ၏ ချစ်သူဟောင်း အဖြစ် သတင်းထွက်ပေါ်ခဲ့သော မစ္စဟာရစ်ဆန်သည် စနိုဒင်ကို ဟောင်ကောင်၌ သွားရောက်တွေ့ ဆုံခဲ့ပြီး အီကွေဒေါနှင့် မော်စကို ခရီးစဉ်များကို အတူတကွခရီး ဆက်ခဲ့သည်ဟု သိရသည်။

ရုရှားသို့ရောက်ရှိချိန်တွင် အမေရိကန်က စနိုဒင်၏ ပတ်စ် ပို့စ်ကို တရားမဝင်ရုပ်သိမ်းခဲ့ပြီး မစ္စဟာရစ်ဆန်သည် စနိုဒင်၏ နိုင်ငံရေးခိုလှုံခွင့်အတွက် နိုင်ငံ ပေါင်း ၂၁နိုင်ငံသို့ နိုင်ငံရေးခိုလှုံ ခွင့်လျှောက်ထားပေးခဲ့သည်ဟု သိရသည်။ နိုင်ငံရေးခိုလှုံခွင့်ရရှိ ရန် မျှော်လင့်ထားခြင်းမရှိဘဲ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာအစိုးရများ၏ တုံ့ပြန်မှုကို စမ်းသပ်ချက်တစ်ခုအဖြစ် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအနည်း ငယ်သာ စနိုဒင်ဘက်မှ ရပ်တည်ခဲ့သည် ဟု မစ္စဟာရစ်ဆန်က ဆိုသည်။

ထို့နောက် စနိုဒင်နှင့် မစ္စ ဟာရစ်ဆန်တို့သည် ရုရှားလေ ဆိပ်တွင် ရက်ပေါင်းလေးဆယ် ခန့် ဘာကာနှင့်ပီဇာများစားကာ ရုရှားနိုင်ငံက ခိုလှုံခွင့်ပေးခဲ့သည် အထိ နေထိုင်ခဲ့ရကြောင်းနှင့် ၎င်းတို့ လေဆိပ်၌ပိတ်မိနေစဉ် အင်တာနက် အဆက်အသွယ် ရရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်ဖြစ် ပေါ်လာသော သတင်းများကို စောင့်ကြည့်ခဲ့ ရကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။

ဇွန်လ တွင် ဟောင်ကောင်မှ ရုရှားသို့ ခရီးစဉ်ပြီးနောက် ပထမဆုံးအ ကြိမ်ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မစ္စဟာရစ်ဆန်သည် မိမိအ နေဖြင့် အမေရိကန်နှင့်ဗြိတိန်မှ အလိုရှိနေသူတစ်ဦးဖြစ်ကြောင်း ဟာသနှော ကာပြောဆိုခဲ့ပြီး ယခု အခါတွင် ဂျာမနီရှိ ဘာလင် တွင် နေထိုင်နေကြောင်း သိရှိရသည်။

မစ္စဟာရစ်ဆန်သည် စနို ဒင်အား ကူညီခဲ့သည့်အတွက် ရင် ဆိုင်ရမည့်ပြဿနာများကို ကြို တင်သိသည့်တိုင် ယခုလုပ်ဆောင် ခဲ့သည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မေးလ် အွန်လိုင်းဝက်ဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။

Ref: Mail Online
Yangon Media Group

အတိတ်ကို တွေးတောမနေပဲ လက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာ စဉ်းစားပါတယ် လို့ဆိုတဲ့ သရုပ်ဆောင် ဂန္တ၀င်

Posted by drmyochit Monday, December 09, 2013, under | No comments


စန္ဒီ

လတ်တလော အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ပရိသတ် တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ အားလုံးပွက်လောရိုက်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဂန္တ၀င်ကတော့ ‘အခုချိန်မှာအနုပညာအလုပ်တွေ ကိုအကောင်းဆုံးလုပ်ကိုင်ပြီးရပ်တည်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အတိတ်ကို တွေးတောမနေပဲလက်ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာစဉ်းစား ပါတယ်’လို့ ပြောပြခဲ့ပါတယ်။

ဂန္တ၀င်ဟာ သြစတြေးလျမှာ တစ်လကြာသွားရောက် သီဆိုဖျော်ဖြေခဲ့တာမို့ သြစတြေးလျ မှာတွေ့ကြုံလာ ခဲ့ရတဲ့ အမှတ်တရတွေနဲ့အတူ သူ့ရဲ့ခံစားချက်အချို့ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ ‘အစ်မက သြစတြေး လျကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ တစ်လကြာသွားရောက်ဖျော်ဖြေရတဲ့ အတွက်လည်း အရမ်းပျော်ပါ တယ်။ ဂုဏ်လည်းယူမိပါတယ်။ သြစတြေးလျမှာရှိတဲ့ နေရာတော်တော် များများကိုလျှောက်လည် ဖြစ်ခဲ့ တယ်။ အဲဒီလိုလျှောက်လည်ခဲ့ တုန်းကဆို ကိုယ့်ကိုယ်ကိုယ် ပင်ပန်းလို့ ပင်ပန်းရမှန်း၊ အချိန်တွေကုန် သွားမှန်းတောင် မသိခဲ့ပါဘူး။ သြစတြေးလျမှာ အစ်မရဲ့ ပရိသတ်တွေ နဲ့လည်းတွေ့ခဲ့ရပါတယ်။ အစ်မက သင်္ကြန်၊ ခရစ္စမတ်၊ နယူးရီးယားရောက်တိုင်း သီချင်းနဲ့ ဖျော်ဖြေ ဖြစ်တယ်။ အဆိုဘက်ကို ၀ါသနာပါပါ တယ်။ စီးရီးထုတ်ဖို့လည်း စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ အကောင်အထည် ဖော်ဖို့က လိုပါသေးတယ်။ အတွဲ အခွေ တွေလောက်ပဲ ပါဝင် သီဆိုသွားဖြစ်မှာပါ။ အဆိုနဲ့ ပတ်သက်တဲ့ လေ့လာမှု ကတော့ အိမ်မှာသီချင်း နားထောင်ဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားသီချင်းခွေတွေ ကြည့်ပြီးနားထောင် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သီဆို ဖျော် ဖြေမှု တွေကို ပရိသတ်တွေက လက်ခံအားပေးကြပါတာတွေ့ရလို့ အရမ်းပီတိ ဖြစ်ရပါတယ်။ ရှေ့ ဆက်ပြီး အနုကညာလောကမှာ သီချင်းဆိုဖို့နဲ့ သရုပ်ဆောင် နှစ်မျိုးလုံးလုပ်ကိုင်သွားဖို့ဆိုတာ ချိန်ရအုံး မှာပါ။ အရင်ကတည်းက ကိုယ်ကသရုပ်ဆောင် အလုပ်လုပ်လာခဲ့တဲ့သူဆိုတော့ နှစ်မျိုးလုံးလုပ်ဖို့ ကျတော့ ပိုပြီးတာဝန်ကြီးတယ်လို့ အစ်မအနေနဲ့ ထင်ပါတယ်။’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် လူ ၂၇ ဦးကို စင်ကာပူရဲ ဖမ်းဆီးထား

Posted by drmyochit Monday, December 09, 2013, under | No comments

Little India တွင် လူ ၄၀၀ ခန့်က ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြသည် (ဓာတ်ပုံ – Reuters)


စင်ကာပူနိုင်ငံ Little India ခေါ်သော အရပ်တွင် ယမန်နေ့ညက လူ ၄၀၀ ခန့်က ကားများကို မီးရှို့ဖျက်ဆီး ဖြစ်ပွားခဲ့ပြီး ယခုအခါ စင်ကာပူ ရဲတပ်ဖွဲ့က လူ ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်မှ နိုင်ငံသားများ အများအပြား လာရောက်အလုပ်လုပ်ရာ ရပ်ကွက်ကြီးတွင် ဘတ်စ်ကားတစီးက နိုင်ငံခြားသား အလုပ်သမားတဦးအား တိုက်မိရာက စပြီး လူအုပ်ကြီးက အဆိုပါ ဘတ်စ်ကား၊ ရဲကားများနှင့် သူနာပြု ကားတို့ကို ဖျက်ဆီး မီးရှို့ခဲ့ကြသည်။ ယင်းဖြစ်ရပ်တွင် လူ ၁၈ ဦး ထိခိုက် ဒဏ်ရာရပြီး အများစုသည် ရဲအရာရှိများဖြစ်သည်။

“မနေ့ညက ဖြစ်ခဲ့တဲ့ Little India က ဆူပူအုံကြမှုဟာ အတော်အတင့်ရဲတဲ့ ဖြစ်ရပ်ပါ။ ရဲအရာရှိတွေလည်း တော်တော်များ များ ဒဏ်ရာရသွားတယ်။ မော်တော်ယာဉ်တွေလည်း ဖျက်ဆီးခံရလို့ ပျက်ဆီး ဆုံးရှုံးသွားတယ်။ အခြေအနေကတော့ အခု ထိန်းချုပ်ထားနိုင်ပြီး စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကသူ၏ ဖေ့စ်ဘုတ်တွင် ရေးသား ထားသည်။

သူက ဆက်လက်ပြီး “ဘယ်လိုအကြောင်းကြောင့် ဆူပူမှုစခဲ့တာဖြစ်ပါစေ ဒီလို ဖျက်လိုဖျက်ဆီး၊ ရာဇဝတ်သားတွေလို လုပ် တဲ့ အပြုအမူ အကြမ်းဖက်မှုမျိုးကို ခွင့်လွှတ်လို့မရဘူး”ဟုလည်း ဆိုသည်။

ပြစ်မှု ကျူးလွန်သူများကို စင်ကာပူနိုင်ငံ၏ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ကြီးချုပ် လီရှန်လွန်း က စင်ကာပူနိုင်ငံသားများအား အေးချမ်းစွာ နေကြရန်လည်း တိုက်တွန်း ပြောဆိုထားသည်။

ယခု နိုင်ငံခြားအလုပ်သမား အုံကြွမှုသည် နှစ် ၄၀ အတွင်း စင်ကာပူတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လူဦးရေ ၅ ဒဿမ ၃ သန်းရှိသော ကြွယ်ဝချမ်းသာသည့် ကျွန်းနိုင်ငံပေါ်တွင် လာရောက်အလုပ်လုပ်နေကြသော နိုင်ငံခြားသား အလုပ်သမား ၁ ဒဿမ ၃ သန်းအရေး ပိုအာရုံစိုက်လာစရာဖြစ်သည်။

ပြီးခဲ့သောနှစ်များအတွင်း အလုပ်ရှင်များက ခေါင်းပုံဖြတ်၍ လုပ်ခနည်းအလုပ်သမားများ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်သားများအကြား မကျေနပ်ချက်များ ပေါ်ထွက်လာသလို မနှစ်ကလည်း တရုတ်နိုင်ငံမှ လာပြီး ဘတ်စ်ကားမောင်းနေကြသော အလုပ်သမား ၁၇၀ ၏ တရားမဝင် ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ခဲ့သည်။

စင်ကာပူနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ High Commissioner က ယနေ့ ကြေညာချက်တစောင်ထုတ်ပြန်ရာ ဘတ်စ်ကားအတိုက်ခံရသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားသည် ပြဿနာ စတင်ဖန်တီးသူ အဖြစ် သတင်းမီဒီယာတချို့၏ ဖော်ပြမှုအပေါ် ငြင်းဆိုသွားခဲ့ပြီး အဓိကရုဏ်းဖြစ်ပွားမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးတလေမျှ မပါဝင်ခဲ့ကြောင်း၊ ၄င်းတို့ နိုင်ငံသားများအား အေးချမ်းစွာ နေထိုင်ရန်နှင့် တရားဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ယနေ့ နံနက်ပိုင်းက အခင်းဖြစ်ပွားခဲ့သည့် Little India အရပ်တွင် ပိတ်ဆို့တားမြစ်မှုများ မရှိတော့ပဲ ပုံမှန်အခြေအနေအတိုင်း ဖြစ်နေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း နောက်ဆုံးရရှိသော သတင်းများက ဆိုသည်။ သို့ရာတွင် ဆိုင်အများအပြား ပိတ်ထားဆဲ ဖြစ်သည်။

စင်ကာပူနိုင်ငံသားများအဖို့ ယခုဖြစ်ရပ်သည် ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကို အမှတ်ရစရာ ဖြစ်လာစေသည်။ စင်ကာပူ၏ နောက်ဆုံးအကြိမ် လူမျိုးရေးအဓိကရုဏ်းမှာ ၁၉၆၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူများစု တရုတ်များနှင့် လူနည်းစု မလေးတို့အကြား တင်းမာမှုကြောင့် ဖြစ်သည်။



ဧရာဝတီ

THE LADY-KILLERS FILES (မိန်းမပျိုလေးများ အပျော်ကျူးတာလား၊ ကိုယ်ကိုကိုယ် ဖျက်ဆီးနေကြတာလား)

Posted by drmyochit Monday, December 09, 2013, under | No comments


Casanova ဒါမှမဟုတ် Lady Killers တွေလို မြာပွေတတ်တဲ့ သူတွေက အပြောညက်ပြီး အပျော်ကျူး ကြသူ တွေလား၊ ကိုယ့်ကိုကိုယ် ဖျက်စီး နေကြတဲ့ စိတ်ခံစားမှု မူမမှန်သူ တွေလား။

ယောက်ျားတွေမှာ မိန်းမ တွေကို ညို့ယူဖို့ ဗျူဟာတွေ ရှိကြပါတယ်။ သူတို့ သုံးတတ်တဲ့ ဗျူဟာတွေနဲ့ သူတို့ရဲ့ အတွင်းက စိတ်အခြေအနေကို လေ့လာ ကြည့်ကြ ရအောင်လား။ ဇာတ်ညွှန်း ရေးဆရာ Paul Janka တစ်ယောက် ပထမတန်းစား 'မ'ညှို့ရှင် ဖြစ်ခဲ့တုန်း ကဆိုရင် သူ့မှာ သေ ချာ စမ်းသပ် ထားတဲ့ ဗျူဟာ တစ်ခု ရှိခဲ့ပါတယ်။ အရပ်မြင့်မြင့် ရုပ်ချောချော ဟားဗတ် ကျောင်းထွက် Janka ဟာလမ်းပေါ်မှာ တွေ့တဲ့ သူ့ပစ် မှတ်ကို ချစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ အပြောလေးနဲ့ ချဉ်းကပ်ပြီး တစ်နေ့နေ့ တစ်ခုခု သွားသောက် ရအောင်လို့ စလိုက်တာပါ။ အခြေအ နေတွေ ကောင်းနေ ရင်တော့ Janka ကသူ့အခန်း အနီးမှာရှိတဲ့ အေးအေးဆေးဆေး ထိုင်လို့ရတဲ့ တစ်နေရာမှာ တွေ့ကြပါတယ်။ "မိန်းမ တွေဟာ စိတ်ညို့ရ လွယ်ပြီး သူတို့ အကြောင်းတွေကို ပြောတတ် ကြပါတယ်။" လို့ Janka ကပြောပါတယ်။ အဲဒီတော့ သူက ချိန်းတွေ့တဲ့ နေရာ လေး အကြောင်းလို စိတ်ခံစားမှုကို ဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုကို စလိုက်ပြီး မိန်းမတွေကို ရင်ဖွင့်စေ ပါတယ်။ ညနေစောင်း လာပြီဆို သူ့မဒီကို အထိအတွေ့တွေ စပေးပြီး တုန့်ပြန်မှုကို လေ့လာ ပါတယ်။ နောက်တွန့် သွားသလား၊ တိမ်းညွတ် လာသလား စသဖြင့်ပေါ့။ သူနဲ့အိမ် လိုက်လာမယ့် မိန်းမမျိုး မဟုတ်ဘူး ဆိုရင် အချိန်နဲ့ ငွေကို ချွေတာတဲ့ အနေနဲ့ ချိန်းတွေ့ချိန်ကို ခဏလေးနဲ့ ဖြတ်လိုက် ပါတယ်။ ဒါပေမယ့် မိန်းမတွေက ပါလာကြတာ များပါတယ်။ Janka ဟာမိန်းမ အယောက် တစ်ရာကျော်နဲ့ အိပ်ခဲ့ဖူး ပါတယ်။



Janka ဟာသူ့ဗျူဟာကို အသက် သုံးဆယ် နီးနီးမှာ အကောင်းဆုံး ဖြစ်အောင် ပြုပြင်ယူ နိုင်ခဲ့ ပါတယ်။ "နယူးယောက်မြို့မှာ သိမ်းသွင်းခြင်း - လူလွတ်တို့ အတွက် နည်းပညာ" "Getting Laid in NYC: Technology for the Single Man" လို့အမည် ပေးထားတဲ့ စာမျက်နှာ ၁၇မျက်နှာရှိ လုပ်ထုံး လုပ်နည်း စာစဉ်လေးကို ရေးသားခဲ့ ပါသေးတယ်။ ဒီစာအုပ်ကို အင်တာနက် ပေါ်မှာ ရယူနိုင် ပါတယ်။ အခုတော့ တစ်လင် တစ်မယား စနစ်ကို ပျော်ရွှင်စွာ ကျင့်သုံးပြီး ခြေငြိမ်သွား ပြီဖြစ်တဲ့ Janka ဟာသူ့ရဲ့ မြာပွေတဲ့ နေ့ရက် တွေကို ပြန်ပြောင်း ပြောပြ ပါတယ်။ "မိန်းမ တစ် ယောက်ဆီမှာ ကျွန်တော် လိုချင်တာ ရှိနေပြီ ဆိုရင် သူ့ဝတ်လဲတော်ကို လှစ်ဟဖို့ အခြေအနေ ဖန်တီးရ တာပေါ့ဗျာ။ မိန်းမ တစ်ယောက်ကို မိ မွေးဖမွေး အတိုင်း မြင်ရတာ ဘာနဲ့မှ မတူဘူးဗျ။ လက်ဆောင် ထုပ်ကို ဖွင့်ရသလို ပဲပေါ့။ စိတ်လှုပ်ရှားဖို့ အကောင်း ဆုံး ကတော့ အဲဒီ အ ခြေအနေကို ရောက်အောင် ကျွန်တော် ဘယ်လောက် မြန်မြန် ဖန်တီး နိုင်သလဲ ဆိုတာပါပဲ။" မြာပွေသူ လူရှုပ်လူပွေ တွေဟာ သူတို့ရဲ့ စွမ်း အင်တွေ အတော် များများကို မိန်းမ များနိုင် သမျှ များများနဲ့ အိပ်စက်နိုင်ဖို့ မြှုပ်နှံထား တတ်သူ တွေပါ။ သူတို့ဟာ နှစ်လိုဖွယ် နေတတ် ကြ ပြီး (ဒီလို နေတတ်မှလည်း ဖြစ်မှာပါ။) မိန်းမတွေရဲ့ စိတ်ခံစားမှု အကြောင်းတွေကို နောကြေနေ တတ်ကြလို့ မိန်းမတွေ တစ်ခါတည်း မြောက် ပြီး ကြွေသွား လောက်အောင် လုပ်တတ်ကြ သူတွေပါ။ ဒါပေမယ့် ဒီအကျင့်ဟာ သူတို့လိုက်တဲ့ မိန်းမတွေ အတွက် သာမက သူတို့ကိုယ် တိုင် အတွက်ပါ အပျက် သဘောတွေ ရှိနေတတ် ပါတယ်။ မိန်းမတွေကို တစိုက်မတ်မတ် လိုက်နေရလို့ သူတို့ရဲ့ အလုပ်ရှေ့ရေးနဲ့ လူမှု ဆက်ဆံ ရေး တွေမှာ အာရုံတွေ နည်းသွား ပါတယ်။ မိန်းမကျမ်း ကျေသူ တစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ လူ့စိတ်ကို လှည့်ဖျား ကိုင်တွယ် တတ်တဲ့ အ ကျင့်ဟာလည်း ကိုလူရှုပ်တို့ ခြေရှုပ်ပြီး သေချာ အခြေချ တော့မယ် ဆိုရင် သူတို့ကို ဒုက္ခပြန် ပေးတတ် ပါတယ်။



Janka ငါးနှစ် အရွယ်မှာ မိဘတွေ ကွာရှင်းခဲ့ ကြပါတယ်။ သူ့အဖေဟာ လမ်းတကာ လှည့်ပြီး မိန်းမအရှာ ထွက်ခဲ့တာကို အားကျခဲ့ တာတွေကို သူအမှတ်ရ နေတတ် ပါတယ်။ "ယောက်ျား ပြည့်တန်ဆာ လောက်နီးနီးကို ဖြစ်ခဲ့တာ။" လို့ Janka ကပြောပြပါတယ်။ စိတ်ကုထုံး ပညာရှင်နဲ့ "အထိ မခံသော ယောက်ျား" "The Irritable Man" စာအုပ်ကို ရေးတဲ့ Jed Diamond ကတော့ တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ဆွဲ ညှို့သူ တွေဟာ ဖခင် အုပ်ထိန်းမှု လွတ်ပြီး ကြီးပြင်းလာ သူတွေ ဖြစ်တတ် ကြပါတယ်လို့ ဆိုပါတယ်။ ဖခင် တစ်ယောက်လို စံပြုရမယ့် သူမ ရှိဘဲ ကြီးပြင်း လာရတာမို့ သူတို့ကို လူတွေ လက်မခံ မှာကို စိုးရိမ်ပြီး စိတ်လုံခြုံမှု မရှိတတ် ကြဘဲ မိန်းမတွေကို ဖြားယောင်း သွေး ဆောင်ပြီး ကုစားတတ် ကြပါတယ်လို့ Diamond ကဆိုပါတယ်။ Janka ကိုယ်တိုင် ကလည်း သူ့ရဲ့ မြာပွေတဲ့ အကျင့်ဟာ သူအသက် ၁၇နှစ် အထိ ကြိုး သိုင်း အကျီင်္ကို ဝတ်ဆင်ပြီး ကြီးထွား ရင့်ကျက်မှု နောက်ကျတာ၊ ကောလိပ်ရောက် တဲ့အထိ လူပျိုစစ်စစ် အဖြစ်နဲ့ ကုန်ဆုံးခဲ့ ရတာနဲ့ ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ သူက ဒီလိုပြော ပါသေးတယ်။ "အထက်တန်း ကျောင်းတုန်းက အခွင့်အရေး တွေကို နမော်နမဲ့နဲ့ လက်လွတ်ခံ ခဲ့ရပါတယ်။ အထက်တန်း အောင်တော့ ကြိုးသိုင်း အကျီင်္ မဝတ်တော့ဘဲ ဆိုင်ကယ် တစ်စီးရ လာတာရယ်၊ သဲသောင်ပြင် ဘော်လီဘော ကစားပြီး အသားအရေ ကြေးနီရောင် ဖြစ်လာတာ တွေကြောင့် အရာရာက ပြောင်းလဲစ ပြုလာတာပါ။" အရောင်းရဆုံး စာရင်းဝင် မှတ်တမ်း တစ်ခုဖြစ်တဲ့ "The Game: Penetrating the Secret Society of Pick Up Artists" "ကစားပွဲ - မြာပွေသူ တို့၏ လျှို့ဝှက် အသိုင်းအ ဝိုင်းထဲ ထွင်းဖောက် ဝင်ရောက်ခြင်း မှတ်တမ်းများ" စာအုပ်ကို ရေးသားခဲ့တဲ့ Neil Strauss ကလည်း ဒီလို အခြေအနေ တွေဟာ သူတွေ့ဖူးတဲ့ ကို လူပွေတို့ရဲ့ ဘဝ အခြေအနေ တွေနဲ့ ထပ်တူပါပဲလို့ ဆိုပါတယ်။ ဘဝင်စိတ်က ဘယ်က ဖြစ်လာတာ လဲဆိုရင် အရင် အထက်တန်း ကျောင်း တုန်းက လူမသိ သူမသိ ရှက်ရွံ့တတ်သူ တစ်ယောက်ဟာ ဘားသို့မဟုတ် ပါတီတစ်ခုကို ရောက်ပြီး မိနစ်ပိုင်းအတွင်း လူတိုင်းက စိတ်ဝင်စား မှုကို ရရှိတဲ့အခါ ဖြစ်ပေါ်လာ တာပါလို့ ဆိုပါတယ်။



မိန်းမတွေကို များနိုင်သမျှ များများလိုက် နေချင်ကြတဲ့ စိတ်ဆန္ဒရဲ့ အဓိက သော့ချက်က ကိုယ့်ကိုကိုယ် တန်ဖိုးထား လေးစားမှု ပြဿနာတွေ ကြောင့်လို့ Diamond က ယုံကြည်ပါတယ်။ "မြာပွေသူ တွေဟာ အမြဲ ပျော်ပါး နေကြတယ်လို့ ထင်နိုင်စရာ ရှိပေမယ့် သူတို့ဟာ တကယ်တော့ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်လုံခြုံမှု မရှိကြဘူး" လို့ဆိုပါတယ်။ "ကျွန်တော် လူလွတ် ဘဝတုန်း ကတော့ မိန်းမလိုက်လို့ ဖြစ်ပေါ် လာတဲ့ စွဲဆောင်နိုင်မှုနဲ့ ကိုယ့်ရဲ့ အစွမ်းအစ တွေကို နှစ်သက် ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က SAT စာမေးပွဲ ဖြေမယ့် ကျောင်းသား တွေကို စာပြခဲ့ပြီး ကျွန်တော့်ရဲ့ တီထွင် ကြံဆနိုင် စွမ်းတွေ အားလုံး ရပ်တန့် နေပါတယ်။ အခုတော့ ကိုယ့်အစွမ်းအစကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ကျေနပ် လာပြီမို့ မိန်းမလိုက်ပြီး သက်သေ ပြစရာ မလိုတော့ ပါဘူး။" လို့ Janka ကပြောပါတယ်။ "လူတကာနဲ့ အိပ်စက်ရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ထဲက တွန်းအားက တစ်ခါတစ်ခါမှ ဖြစ်တာမို့ စွဲလမ်းမှု ဖြစ်စေပါတယ်။" လို့အသုံးချ စိတ်ပညာရှင် Nando Pelusi က ဆို ပါတယ်။ "အအောင်မြင်ဆုံး ငပွေးတစ်ယောက် တောင်မှ နောက် အခြေအနေ တစ်ခု ဘယ်လို ဖြစ်လာ လိမ့်မယ်ဆိုတာ မသိနိုင်ပါဘူး။ အမြဲ တမ်း အောင်မြင် နေတာ မဟုတ်ဘဲ တစ်ခါတစ်ခါမှ ဖြစ်ပေါ် ရရှိလာတဲ့ အရာတိုင်းဟာ လူစိတ်ထဲမှာ စွဲလမ်းမှုကို ဖြစ်စေတတ် ပါတယ်" လို့ သူက ဆိုပါတယ်။ ယောက်ျားသား တွေရဲ့ ကိုယ့်ကိုကိုယ် ခံယူချက် ကလည်း အသော မသတ်နိုင်တဲ့ အဖော်အသစ် ရှာဖွေရေး ဖြစ်စဉ်ကို အားပေးရာမှာ ပါဝင်နေ ပါတယ်။ "များလေ ကောင်းလေလို့ ခံယူထားရင် မတူတာတွေ များများ လိုက်ရှာ ဖြစ်သွားပြီး ရလာလေလေ ထပ်ရှာဖို့ စိတ်တွန်းအား ပိုလာလေလေ ဖြစ်လာ တာပါ။ သူတို့ဟာ တစ်ယောက် ပြောင်းတိုင်း လိင်ကိစ္စမှာ ကျွမ်းကျင် လာပေမယ့် လိင်ကိစ္စ သက်သက် ကြောင့်တော့ မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်တည်းနဲ့ ဆက်ဆံရင် ရိုးသွားတတ် ကြပါတယ်။



မြာပွေသူ တွေဟာ စိတ်ပိုင်း ဆိုင်ရာ မူမမှန်မှု အရိပ်အယောင် တွေလည်း ပြတတ် ပါတယ်လို့ "Without Conscience" "ဆင်ခြင်တုံ တရား ကင်းမဲ့၍" စာအုပ်ကို ရေးသားသူ University of British Columbia မှဂုဏ်ထူးဆောင် ပါမောက္ခ Robert Hare ကဆိုပါတယ်။ "သူတို့တွေဟာ Brad Pitt လိုစွဲဆောင်မှု မရှိ သရွေ့ မိန်းမတွေကို ဖြားယောင်း သွေးဆောင် နေကြဦး မှာပါ" လို့သူက ဆိုပါတယ်။ သစ်စိမ်းချိုး ချိုးသလို မ နှစ်မြို့ဖွယ်ရာ နည်းလမ်း တွေကို သူအပါအဝင် အခြား လူပွေတွေ ဘယ်လို သုံးတတ် ကြသလဲ ဆိုတာကို သူ့စာအုပ် ထဲမှာ အသေးစိတ် ရေး သား ထားပါတယ်။ ကိုလူရှုပ် တစ်ယောက် မိန်းကလေး တစ်ယောက်ကို အိပ်ရာ ထဲမှာ နမ်းနေတယ် ဆိုပါစို့။ မိန်းကလေးဟာ ရှေ့ဆက် မတိုး နိုင်ဖို့ ကြိုးစား ရုန်းနေတဲ့ အချိန်မှာ အေးတိအေးစက် အမူအရာနဲ့ ရုတ်တရက် ခွာလိုက်ပြီး laptop ထဲမှာ email ထစစ်လိုက် သလိုပေါ့။ တဒင်္ဂ အခိုက်အတန့်မှာ သူမဟာ သင့်ရဲ့ ဂရုစိုက်မှုကို ကြည်နူးစွာ ခံစားနေပြီး ရုတ်တရက်ကြီး ဒါတွေ အားလုံးကို ပြန်ရုပ်သိမ်း လိုက်သလို ဖြစ်သွား တာမျိုးပါ။ Janka ကတော့ သူလှည့်ဖြား ခဲ့တဲ့ တစ်ခု တည်းသော အချက်က သူအရက် မသောက် တတ်တာကို သောက်တတ် ဟန်ဆောင်ခဲ့ တာပါပဲလို့ ပြောပါတယ်။ မိန်း ကလေး တွေနဲ့ ပတ်သက်ပြီး သူက အကြံအစည် တွေနဲ့ မလှည့်ဖျား ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လိင်စိတ် မွှန်ထူလို့ လိင်ဆက်ဆံ လိုစိတ်တွေ မဖြစ်မနေ လုပ်ရတော့ မတတ် ပြင်းပြ နေခြင်းဟာ စိတ်ဝေဒနာ ရှင်တွေမှာ တွေ့ရ တတ်တဲ့ စိတ်ခံစားမှု တိမ်ခြင်းနဲ့ တခြားသူ အပေါ် တွယ်ငြိမှု မရှိနိုင် ခြင်းစတဲ့ လက္ခဏာ တွေနဲ့ အလားသဏ္ဍာန် တူပါတယ်လို့ Hare ကဆိုပါတယ်။ ဒါပေမယ့် လူတစ်ဦး က မိန်းမတွေနဲ့ လိုက်အိပ် နေရုံနဲ့တော့ သူဟာ စိတ်ခံစားမှု ဝေဒနာ တစ်ခုခု ရှိတယ် လို့တော့ ပြောလို့ မရပါဘူး ဆိုတာ သတိပြု ဖို့လည်း ပြော သွားပါ သေးတယ်။ Janka ကတော့ သူပွေလီခဲ့တဲ့ နေ့ရက် တွေကို ရှက်စိတ် နည်းနည်း လေးမှ မဖြစ်မိ ပါဘူးတဲ့။ ဒါပေမယ့် ခုလက်ရှိမှာ အချစ်ရေး ဖြောင့်ဖြူးဖို့ အတွက်တော့ အတတ်ပညာ အသစ်တွေချည်း သူလေ့လာ ခဲ့ရပါတယ်။ "ကျွန်တော် အရင်တုန်းက လူ့အန္ဓ တစ်ဦးလို နေလာ ခဲ့တာပါ။" မိန်းမတွေကို မျှားခေါ်တာမျိုး မဟုတ်ဘဲ မိန်းမ တစ်ယောက်ကို သူ့ဘဝမှာ နေရာပေးဖို့ ကြိုးစားခဲ့တာ ခုဆို သူရလဒ်ကောင်း တွေ ရရှိခံစား နေရပါပြီ။ "ကျွန်တော့် ကောင်မလေးရဲ့ နွေးထွေးမှု၊ အားပေးမှုနဲ့ အချစ် တွေဟာ မိန်းမလိုက် ရတဲ့ စိတ်လှုပ်ရှား မှုထက် အများ ကြီး သာလွန် ပါတယ်လို့ သူက ပြောသွား ပါသေး တယ်။


သင်လည်းပဲ မြာပွေသူ တစ်ယောက် ဟုတ်မဟုတ် အောက်ပါ မေးခွန်းတွေကို မိမိကိုယ်မိမိ မေးကြည့် နိုင်ပါတယ်။ တဒင်္ဂ ဆန္ဒအတွက် လိင်ဆက်ဆံရပြီး ရလာတဲ့ စိတ်ခံစားမှု ဒီလှိုင်းအပေါ် တွယ်တာ နေခြင်း ဟာ သင့်ဘဝရဲ့ တခြားသော အစိတ်အပိုင်း တွေကို ထိပါးလာ စေပါ တယ်။ တဏှာကို ခုံမင်စွဲလမ်း နေတာလား၊ ပေါ့ပေါ့ပါးပါးပဲ အပျော်ရှာ ချင်နေတာ လားဆိုတာကို ဆန်းစစ် ကြည့်လိုက် ကြရအောင်။

(၁) သင့်အတွက် အရေးကြီးတဲ့ သူတွေကို သင့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထား ပါသလား။

(၂) သူငယ်ချင်း တွေရဲ့ ကာမပိုင် ဇနီးမယား တွေနဲ့ ပွေရှုပ်ခြင်း မပြုတော့ပါလို့ မိမိကိုယ်ကို ကတိတွေ ပေးပြီး တည်ရန် ခက်ခဲနေ ပါသလား။

(၃) မစားကောင်းတဲ့ အသီးကို စားမိနေ ပါသလား။

ဒီမေးခွန်း သုံးခုလုံးကို 'ဟုတ်တယ်' လို့ဖြေခဲ့ရင်တော့ သင့်ရဲ့ လိင်မှုဘဝဟာ အကျိုးထက် အဆိုးဘက်ကို ဦးတည် နေပါပြီ။ စိတ်ပညာရှင် Nando Pelusi ကတော့ လိင်စိတ်ရှိ နေနိုင်ပေ မယ့်လည်း မလုပ်မဖြစ် လုပ်ရမယ် ဆိုတဲ့ စိတ်အယူကို ခွာချဖို့ အကြံပြု ပါတယ်။ သင့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို သတိပေး နေရမှာ က "ရနိုင်ပေမယ့် အရယူဖို့ မလိုဘူး" ဆိုတာပါပဲ။ ကိုယ့်ကိုကိုယ် အဖိုးမတန် သလို ဖြစ်နေတဲ့ ခံစားမှုတွေနဲ့ မိန်းမတွေ ဆီကနေ ကိုယ့်ကို လူမှု အသိုင်းအဝိုင်းက လက်ခံကြ တယ်ဆိုတဲ့ ခံစားမှုကို သက်သေထူဖို့ လိုတယ် ဆိုတဲ့ စွဲလမ်းမှု ပြဿနာ တွေအတွက် စိတ်ကုထုံး တွေက အကူအညီ ပေးနိုင်ပါ လိမ့်မယ်။

The Lady Killers Files

အမျိုးသမီးများကို ဦးတည် လုယက်မှု မြင့်တက်ခဲ့သည့် မုံရွာတွင် ဒုရဲအုပ် အမျိုးသမီးကို တည်ကြက်လုပ်၍ လုယက်သူများအားဖမ်းမိ

Posted by drmyochit Monday, December 09, 2013, under | No comments

မုံရွာ၊ ဒီဇင်ဘာ ၈

တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက လမ်း မကြီး များတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲ စခန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒုရဲအုပ် အမျိုးသမီး စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို ထည့်စေပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီးနင်းခဲ့ရာ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ကန်သာယာ ဘုရားအနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်က အိတ်ကို ဆွဲယူခဲ့သည့်အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ် အမျိုးသားနှင့် ကြိုတင် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ လုယက်သူတွေက အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ ဆိုင်ကယ်နောက်က အိတ်လုတဲ့လူကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့ ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့သည့် မုံရွာမြို့မစခန်းမှူး ဦးကျော်ကျော်ညွှန့်က ဆိုသည်။

ဖမ်းဆီးရမိထားသူမှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်မှုတွင် ပါဝင်ဆက်နွှယ်သော နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်းလေးဦး ဖမ်းမိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး ဆရာဝန်တစ်ဦး ပထမဆုံးအကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇ နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့် ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်ပြီး ပြန်လာသည့် ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။

ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။

The Voice Weekly

တရုတ်ခရီးမှာ ရန်ကုန်က ဝတ်သွားတဲ့အတိုင်း၂ ရက်တိတိ နေခဲ့ရသူများ

Posted by drmyochit Monday, December 09, 2013, under | No comments



တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါတယ်။

တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook) ဒီရုပ်ရှင် ပွဲတော်ကို မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အောင်ခိုင်၊ Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ခင်စန္ဒာမြင့်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲတော်သွားရောက်မှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး

“ကျနော်တို့ တဖွဲ့လုံးက တရုတ်စကား ပြောတတ်တဲ့သူ တယောက်မှ မပါဘူး ဆိုတော့ သွားတဲ့ရက်မှာ ကျနော်တို့ လေယာဉ် အကူးအပြောင်းလုပ်တဲ့ ကူမင်းမြို့မှာ လေယာဉ်ချိန် ပြောင်းသွားတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းကနေ တာဝန်ယူပြီး ဟိုတယ်တခုကို ပို့ပေးတယ်။
စကား လုံးဝ မပေါက်တဲ့အတွက် လန့်လည်းလန့်တယ်။ စိတ်လည်း ပူတယ်။ ညကြီး ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖုန်းဆက်လို့ မရဘူး။ ရင်ခုန်စရာလေးနဲ့ အမှတ်တရ တခုလေးပါ။ နောက်တနေ့ ရောက်တော့လည်း ကူမင်းကနေ ပွဲတော်လုပ်တဲ့ ၀ူဟန်မြို့ကို လေယာဉ် အဆင်ပြေပြေနဲ့ ရောက်ပေမဲ့ ဟိုရောက်တော့ ကျနော်တို့ရဲ့ အိတ်တွေ မပါလာဘူး။
ခရီးသွားတုန်း ၀တ်ထားတဲ့ အ၀တ်အစားတွေ ကျနော်တို့ တဖွဲ့လုံး နှစ်ရက်ဆက်တိုက် ၀တ်လိုက်ရတယ်။ ပြန်တွေးကြည့်တော့ ပျော်စရာကြီးဗျ။ ပွဲတော်က တရုတ်ရုပ်ရှင် ပွဲတော် ပါတယ်၊

International ရုပ်ရှင်ပွဲတော် ပါတယ်။ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲ ပွဲတော်ရှိတယ်။ အဲဒီထဲက ပွဲတော်တခုကို ဒီကနေ ၀တ်သွားတဲ့ နှစ်ရက်စာ အ၀တ်အစားနဲ့ ကျနော်တို့ တက်လိုက်ရတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ International ရုပ်ရှင်ပွဲတော်မှာ ပြပွဲတင် ၂၈ ကားရှိပြီး အဲဒီ ၂၈ ကားထဲမှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားပါတယ်။

“ပြပွဲဝင်တဲ့ကားတွေကို သူအချိန်နဲ့သူ ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးတာမျိုးတွေ မရှိပါဘူး။ အခြား ရုပ်ရှင်ကား ကြည့်ဖို့လည်း အခွင့်အရေး မရပါဘူး။
ကျနော်တို့ကို နောက်တရက်မှာ ဧည့်သည်တွေ အနေနဲ့ သူတို့ မြို့တွင်းနေရာများကို လိုက်ပို့ပါတယ်။ လည်ဖို့ ပတ်ဖို့ စီစဉ်ပေးတယ်။ Dinner တွေ ဖိတ်ကျွေးတယ်။
တရက်က International ရုပ်ရှင် ဆုပေးပွဲ တက်ရပါတယ် ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ပြပွဲမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် ဆုပေးပွဲကို ရုပ်ရှင်ရုံ တရုံမှာ အကျဉ်းရုံး ပြုလုပ်တာ ဖြစ်ပြီး တရုတ်ရှပ်ရှင် ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားကို အကြီးအကျယ်၊ အခမ်းအနားဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။

“ဆုပေးပွဲကတော့ ကျနော်တို့ဆီမှာလိုပါပဲ၊ တင်ဆက်မှုတွေ၊ ဆုတဆုနဲ့ တဆုကြားမှာ Performance တွေ၊ သီချင်းဆိုတာတွေ၊ တင်ဆက်တာတွေကို ခမ်းခမ်းနားနား လုပ်ပါတယ်။
ပြီးတော့ ထူးခြားတာက ပွဲမစခင်မှာ Celebrity တွေ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ Red Carpet (ကော်ဇောနီ) လျှောက်တဲ့ အခမ်းအနား ပါဝင်ပါတယ်။
ကော်ဇောနီ လျှောက်တဲ့ အခမ်းအနားကို စနစ်တကျ သီးသီးသန့်သန့် စီစဉ်ထားတာပါ။
၅ နာရီမှာ ကော်ဇောနီလျှောက်ဖို့ စမယ်ဆိုရင် ၄ နာရီလောက် ကတည်းက တဖွဲဖွဲ ရောက်လာပြီး နားနေခန်းထဲမှာ နေကြတယ်။ ၅ နာရီမှာ ကော်ဇော်နီ စလျှောက်တယ်။
ကော်ဇောနီပေါ် ပရိသတ်တွေရော၊ စာနယ်ဇင်းတွေရော၊ ကင်မရာမန်းတွေရော တက်လို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြတယ်။
အဲ့ဒီတော့ ကျနော်တို့ဆီမှာလို ၀ရုန်းသုန်းကား ရှုပ်ပွနေတာတော့ မရှိဘူး” လို့ စိုင်းစိုင်းခမ်းလှိုင်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

တရုတ်နိုင်ငံ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ် လမ်းလျှောက်ရတာနဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲ ၀င်တဲ့ လမ်းကြောင်းပေါ် လျှောက်ရတာ ခံစားမှု ကွာခြားလားဆိုတာနဲ့ ပတ်သက်ပြီး

“ဘယ်လိုပဲ ခမ်းနားအောင် ပြင်ဆင်ထားပေမဲ့လည်း ဒီပရိသတ်က ကိုယ့်ပရိသတ်မှ မဟုတ်တာ။ ဘယ်သူမှ မသိဘူး။
ဒီအတိုင်းပဲ လျှောက်တယ်ဆို လျှောက်သွားတာပဲပေါ့။
သူတို့မင်းသားတွေ အတွက်ကတော့ သူတို့ပရိသတ်တွေနဲ့ ပျော်စရာကောင်းမှာပေါ့၊
ကျနော်ကကျတော့ ကျနော့်ပရိသတ်က ဒီမှာပဲရှိတာကိုး၊
ဒီမှာ ကျနော်တို့ကို ချစ်တဲ့လူတွေ ပရိသတ်တွေ ရှိတယ်ဆိုတော့ ကော်ဇောနီပဲ လျှောက်ရ လျှောက်ရ ကော်ဇောမပါပဲ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်ပရိသတ်ကြားမှာ လျှောက်သွားရတဲ့ အရသာကိုပဲ ပိုကြိုက်တာပေါ့။ ပိုပြီးပျော်တယ် ” လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ကားကို တရုတ်နိုင်ငံရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ပြသမှုနဲ့အတူ အတွေ့အကြုံ ရချင်လို့၊ ရောက်ဖူးချင်လို့ စိုင်းစိုင်းခမ်းလှိုင်က သွားခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပေမဲ့ နောက်ထပ် ရုပ်ရှင်ပွဲတော်တွေကို သွားဖို့ မပြောတတ်သေးဘူးလို့ သိရပါတယ်။

ခင်လေးမြင့်
မူရင်း - အလင်းတန်းဂျာနယ် အောက်တိုဘာ ၇

အလင်းတန်းဂျာနယ်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။

ဧရာဝတီ

ရေနှင့်မတည့်သောကြောင့် ငိုလျှင်ပင် မျက်ရည်ကြောင့်သေနိုင်သောမိန်းကလေး

Posted by drmyochit Monday, December 09, 2013, under | No comments

ဝေလပြည်မြောက်ပိုင်း ဖလင့်မြို့၌ နေထိုင်သော အသက်၂၇နှစ်အရွယ်ရှိ ကက်တီဒဲလ်အမည်ရှိ မိန်းကလေးသည် ရေနှင့်ဓာတ်မတည့်သောကြောင့် ငိုမိလျှင်ပင် မျက်ရည်ကြောင့် သေနိုင်သည်ဟုဆိုသည်။ သူသည် ပြင်းထန်သော ရေနှင့် ဓာတ်မတည့်သည့် Aquagenic urticariaဟုခေါ်သော ရောဂါရှိပြီး တစ်ကမ္ဘာလုံး၌ ယင်းရောဂါမျိုးရှိသူ ၃၅ဦးသာ တွေ့ဖူးရာ အလွန်ရှားပါးသော ရောဂါဖြစ်သည် ဟုဆိုသည်။ သူသည် ငိုလိုက်လျှင်ပင် အလွန်နာကျင်သော အနီကွက်များ ဖြစ်ပေါ်လာသည် ဟုဆိုသည်။ သူသည် အဆိုပါရောဂါကြောင့် သူ၏ အလုပ်အကိုင်ဖြစ်သော အကသင်တန်း ဆရာမအလုပ်မှ ထွက်ခဲ့ရသည်။ သူ၏ အခြေအနေသည် ပိုမိုဆိုးဝါး၍ လာနေရာ သူသည် ယင်းကြောင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည် ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အသက်၁၆နှစ် အရွယ်တွင် အာသီးဖြတ်ပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အား ဖြန့်ချိရေး ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ အင်ဒီ(၃၂နှစ်)က အချိန်ပြည့် စောင့်ရှောက်ပေး နေရကြောင်း သိရသည်။


 ပြည်မြန်မာ

ထိုင်းပြည်သူ့ လွှတ်တော်ဖျက်သိမ်း

Posted by drmyochit Monday, December 09, 2013, under | No comments

ပြည်သူ့ လွှတ်တော်ဖျက်သိမ်းလိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် ထပ်စင်ချင်န၀ပ် (9/12/2013) ထိုင်းစံတော် ချိန် နံနက် 9 နာရီနီးပါးအချိန်မှာ ကြေညာ လိုက်ပါတယ်။ ထိုင်းလွှတ်တော်သက်တမ်း 4 နှစ်မှာ ယင့်လတ်ခ် အစိုးရဟာ 2 နှစ်နဲ့  5 လလောက် သာ အစိုးရအဖြစ် ထမ်းဆောင်နိုင်ခဲ့ တာဖြစ် ပါတယ်။ အခုလို လွှတ်တော်ဖျက်သိမ်းဖို့ ကြေညာခဲ့ ရတာကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်ပါတီလွှတ်တော်အမတ် 153 ဦးလွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်လိုက်တာကတစ်ကြောင်း အစိုးရကို ဆန့် ကျင်ဆန္ဒပြနေတာကလည်း လနဲ့ ချီကြာမြင့်ဆန္ဒပြနေသလို ဆန္ဒပြပွဲတွေကို ရုတ်သိမ်းမယ့်အနေအထားမရှိပဲ ဖိအားပေးဆန္ဒပြနေတာကြောင့် ပြည်သူတွေကို အာဏာပြန်အပ်လိုက်တဲ့သဘောနဲ့  လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ယင့်လတ်ခ် အစိုးရကိုဆန္ဒပြနေတဲ့သူတွေကတော့ ယင့်လတ်အစိုးရက ကြားဖြတ်အစိုးရအဖြစ်လုပ်ဆောင်နေတာကိုလည်း အပြီးနှုတ်ထွက်ပေးရမယ်။ ပြည်သူကိုယ်စားပြုလွှတ်တော်(ပြည်သူ့ ကောင်စီ) ဖွဲ့ စည်းဖို့ ကိုပဲ တောင်းဆိုနေတုန်းဖြစ်ပါတယ်။ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ်ရဲ့  မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားပေးရမယ်လို့ တောင်းဆိုနေပါတယ်၊

လက်ရှိဖွဲ့ စည်းပုံအရ 45 ရက်အတွက် ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိလူထုထောက်ခံမှုအရပြောရမယ်ဆိုရင် ယင့်လတ်ခ် ချင်န၀ပ် ပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီ(ထိုင်း အတွက်ပါတီ) ကပဲ မဲအများစုရမယ့် အနေအထားဖြစ်ပါတယ်။ ဖုယာထိုင်း ပါတီက အနိုင်ရပြီး အစိုးရထပ်လုပ်မယ်ဆိုရင် လက်ရှိဆန္ဒသူတွေက ဆက်လက်ပြီး ဆန့် ကျင် ဆန္ဒကြဦးမှာဖြစ်တယ်၊ အကြောင်းပြချက်က တိုင်းပြည်ငွေအလွဲသုံးစားမှုနဲ့ ထောင်ဒဏ် 2 နှစ် အပြစ်ပေးခံထားရလို့ ပြည်ပမှာ တိန်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ် ကြောင့် တိုင်းပြည်အတွင်းမှာစိတ်ဝမ်းကွဲမှုတွေဖြစ်ခဲ့ရတယ်။ မိသားစုကိုယ်ကျိုးစီပွားရှားအကြီးအကျယ်ရှိခဲ့တယ်။ ထပ်စင် ချင်န၀ပ် မျိုးရိုးတွေ နိုင်ငံရေးကနေ လုံးဝဖယ်ရှားရမယ်လို လို့ တောင်းဆိုနေတာကြောင့်ဖြစ်ပါတယ်။

တခါလက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ ဆိုရင် ထပ်စင် ချင်န၀ပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန့် ကျင်ဆန္ဒပြကြမှာဖြစ်ပါတယ်။ ရှပ်နီတွေရဲ့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ 3 နှစ်က ရှပ်နီတွေဆန္ဒပြတာကို အင်အားသုံးပြီဖြိုခွင်းခဲ့ရာမှာ လူပေါင်း 100 နီးပါးသေဆုံးပြီး 2500 လောက်ဒဏ်ရာရခဲ့တယ်တယ်။ ဒီလိုသွေးစွန်းတဲ့လက်တွေကို အစိုးရလုပ်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုမှုရှိနေပါတယ်။
ဒီလိုနိုင်ငံရေးတင်းမာမှုတွေအပေါ် ပညာရှင်တွေရဲ့ ထောက်ပြချက်တွေ အမျိုးမျိုးရှိနေပါတယ်။

တချို့ ပညာရှင်တွေ တင်ပြတာကတော့ လွှတ်တော်ဖျက်သိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ထိုင်းနိုင်ငံရေးမှာ ဘာတွေပြုပြင်ချင်သလဲ ဖွဲ့ စည်းပုံကို ဘာတွေပြင်ချင်သလဲဆိုတာ ကို တိုင်းပြည်အကျိုးကိုရှေ့ ရှူပြီး အတိအကျပြောကြားပြီးမဲစွယ်ပါ၊ လွှတ်တော်အမတ်အများဆုံး ရတဲ့ ပါတီက မဲစွယ်ထားတဲ့အတိုင်း ပြင်ပို့ တိုက်တွန်းပါတယ်။

တချို့ ပညာရှင်တွေတင်ပြတာက လာမယ့်ရွေးကောက်ပွဲဟာ ဖွဲ့ စည်းပုံ ပြင်ရေးအတွက် အဓိကဖြစ်တယ်၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲရေး ကိုယ်စားလှယ်ရွေးချယ်ရေးအတွက် အဓိကလုပ်ဆောင်ရမယ်။ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဖွဲ့ စည်းပုံဖြစ်လာရေးဆွဲရမယ်။ ဒီတော့မှာ နိုင်ငံရေးတည်ငြိမ်မယ်လို့ ပြောနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရေးရှေ့ အလားအလာကတော့ ဘယ်ကိုဦးတည်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘီဘီစီ ၀င်းမြင့် BBC Winmit's

Facebook,Web တွေပေါ်က ဗွီဒီယိုတွေ ဒေါင်းလုတ်ဆွဲမရပါဘူးဆို သူတွေအတွက် Video downloader

Posted by drmyochit Monday, December 09, 2013, under | No comments

ဒီဆော့ဝဲလ်လေးကတော့ မိမိတို့  facebook ,web တွေက ဗွီဒီယိုတွေ  download ဆွဲရတာ အဆင်မပြေသူတွေအတွက် ဖြစ်ပါတယ် … ဒီဆော့ဝဲလ်လေးက တခြားဆော့ဝဲလ်လေးတွေထက်အသုံးပြုရတာ ပိုပြီး လွယ်ကူ မြန်ဆန်တာ ကိုတွေ့ရပါတယ် .ပထမ ဆော့ဝဲလ်လေးကို  install ထားလိုက်ရုံပါပဲ..

ပြီးရင် မိမိဒေါင်းချင်တဲ့ ဗွီဒီယိုဖိုင်ပေါ်မှာ  လက် ခလေး သုံးစက္ကန့် လောက်ဖိထားရင် မျှားလေးနဲ့ တက်လာပါလိမ့်မယ် …ရွေးပေးလိုက်ပါ … အော်တိုဒေါင်းနေတာကို တွေ့ရပါမယ် ..





   Download Here:
    Mirror Download link: http://www.mediafire.com/download.php?wfdb1ly9jq2bdz5

From: Myanmar Mobile

အသက် ၁၈ နှစ်လောက် ပုံစံမျိုးတော့ ရိုက်လို့မရဘူး အေးမြတ်သူ

Posted by drmyochit Monday, December 09, 2013, under | 12 comments


အေးမြတ်သူ အသက်(၁၈)နှစ် လောက်ပုံစံမျိုးတော့ ရိုက်လို့မရ တော့ဘူး။ အေးမြတ်သူ အသက် (၂၈)နှစ်ဖြစ်ပြီလေ။ (၁ဝ)နှစ်ကြာ သွားတဲ့အချိန်မှာဖြတ်သန်းလာတဲ့ Life နဲ့မျက်လုံးတွေ၊ လူ့ရဲ့ဟန်ပန် အမူအရာတွေကမတူတော့ဘူး။ (၁၈)နှစ်မှာ အရမ်းလွတ်လပ်မယ်၊ ပေါ့ပါးမယ်၊ ဘယ်သူ့ကိုမှလူမထင် တာလည်းဖြစ်ရင်ဖြစ်မယ်။ မထီမဲ့ မြင်ပုံစံလည်းဖြစ်နိုင်တယ်။ အသက် (၂၈)နှစ်မှာ အရာရာအားလုံးကိုဆင် ခြင်နိုင်ပြီ၊ တွေးတောနိုင်ပြီ။ မျက်လုံး တွေရော၊ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ရော၊ ကိုယ့်ရဲ့ဟန်ပန်လှုပ်ရှားပုံ၊ ကိုယ့်ရဲ့အသိဥာဏ်တွေ ကအစအား လုံးပြောင်းလဲ သွားတယ်။
အသက် (၁၈)နှစ်နဲ့အခုရောက်နေတဲ့ (၂၈) နှစ်ကိုတိုင်းတာကြည့်လိုက်တဲ့အခါ အရမ်းကွာခြားသွားတယ်။


အရင် တုန်းကတော့ မထီမဲ့မြင်ပုံစံမျိုး လောကကြီးကိုအရွဲ့တိုက်တဲ့မိန်းမ တစ်ယောက်ပုံစံမျိုးဖြစ်နိုင်ချေရှိ တယ်။ ငယ်ဂုဏ်လည်းရှိတာကိုး။ လူကငယ်ဂုဏ်ရှိတော့ လှတယ်ဆို တဲ့စိတ်လည်းရှိတော့ တစ်ခါတလေ လူတွေအားလုံးကိုမထီမဲ့မြင်ပုံလေး တွေရှိတတ်တယ်။ ခနဲ့တဲ့စိတ်ကူး လေးတွေရှိတယ်။ အဲဒါကမှားလား၊ မှန်လားအရှေ့မှာမသိသေးဘူး။ ဆယ်နှစ်စာဖြတ်သန်းတဲ့အခါကျမှ ခနဲ့တာဟာ ကောင်းလား၊ ဆိုးလား၊ မထီမဲ့မြင်လုပ်တာက ကောင်းလား၊ ဆိုးလား၊ လူတွေကရွဲ့နေတာက ကောင်းလား၊ ဆိုလားဆိုတာ ကိုယ် ကသိလာပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ Life ကများ လာပြီ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် စဉ်းစားတတ်လာတယ်။ တွေးခေါ် တတ်လာတယ်။
အဲဒီအတွက် လူ့ ရဲ့နေထိုင်ပြောဆိုပုံက အများကြီး ကွာခြားသွားတယ်။ အဲဒါကြောင့် လူတွေက မိန်းမတွေအသက်ကြီး ရင်ရင့်ကျက်လာကြတယ်လို့ပြော ကြတယ်။ အဲဒီစကားကို အေးမြတ် သူလက်ခံလို့ရတယ်။ အေးမြတ်သူ က အသက်(၃ဝ)မှာ မိန်းမတစ် ယောက်ဟာ တည်ငြိမ်ရင့်ကျက်မှုရှိ တယ်လို့ယူဆတယ်။ အသက်(၁၈) နှစ်လောက်မှာလှတာကငယ်လို့သာ ငယ်ဂုဏ်ရှိလို့လှတာ။ တကယ် Perfect လှတာက ၂၅၊ ၂၆၊ ၂၇ အဲဒီ ပတ်ဝန်းကျင်မှာလှတာက ပြီးပြည့် စုံတဲ့အလှလို့ယူဆတယ်။ အဲဒီလို အချိန်မှာ ကိုယ့်ရဲ့တွေးခေါ်မှုတွေ၊ စဉ်းစားမှုတွေအများကြီးရှိသေးတာ ကိုး။

ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ

Posted by drmyochit Monday, December 09, 2013, under | No comments



သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံး မြွေစာရင်းဝင် အီစတန် ဘရောင်းမြွေဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထော က်မ၍ မြွေအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ကွင်းစ်လန်းပြည်နယ်၊တောင်းစ် ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည် မြွေဥများကို ၄င်း၏အိပ်ခန်းတွင်း သိမ်းဆည်း ထားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၄င်း၏မိခင်ဖြစ်သူက သတိပြုမိခဲ့သဖြင့် အသက်မသေ ခဲ့ခြင်းဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ သိမ်းဆည်းထားသည့် မြွေများအနက် အခိျု့မှာ အကောင်များပေါက်လာပြီဖြစ်သည်။အီစတန်ဘရောင်းမြွေသည် သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့အဆိပ်ပြင်းဆုံးမြွေ ၁၀ မျိုးစာရင်းဝင် မြွေတစ်မျိုးဖြစ်သည်။

နန်းသီရိမောင် ကတော့ လုပ်ချလိုက်ပြန်ပြီ

Posted by drmyochit Monday, December 09, 2013, under | 2 comments








 Nang Thiri Mg

ယူကရိန်းဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ

Posted by drmyochit Monday, December 09, 2013, under | No comments

ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တု ကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)

ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။

ယူကရိန်းအစိုးရက EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပစ်ပယ်ပြီး ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် ဆုံးဖြတ်လိုက်တဲ့ အတွက် ထောင်နဲ့ချီတဲ့လူထုက ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ Kyiv မြို့လယ် လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေစုဝေးပြီး EU နဲ့ ယူကရိန်းအလံတွေ ဝှေ့ယမ်းနေကြပါတယ်။

Mr. Yanukovych ဟာ သမ္မတတာဝန်ယူဖို့ တရားဝင်မ၀င်တော့တဲ့အတွက် ရာထူးက နုတ်ထွက်ပေးပါရန် အကျဉ်းကျနေတဲ့ ယူကရိန်း ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko က စာရေးသားလိုက်ပါတယ်။ အဲဒီစာကို သမီးဖြစ်သူက ဆန္ဒပြသူလူအုပ်ကြီးကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် Arsenity Yatsenyuk ကလည်း ဥရောပနိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံမယ် အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ သဘောတူမယ်ဆိုရင် သမ္မတ Yanukovych နဲ့ စေ့စပ် ဆွေးနွေးမယ်လို့ ပြောပါတယ်။

ယူကရိန်းထောက်လှမ်းရေးဌာနကတော့ အတိုက်အခံခေါင်းဆောင်တွေဟာ အာဏာသိမ်းဖို့ ကြံစည်နေကြတယ်လို့ သံသယရှိတာကြောင့် စုံစမ်း စစ်ဆေးနေပြီလို့ တနင်္ဂနွေနေ့က ကြေညာပါတယ်။

တချိန်တည်းမှာပဲ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso က Mr. Yanukovych အနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့နဲ့ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကို လေးစားပါရန် တနင်္ဂနွေနေ့က တယ်လီဖုန်းဆက် ပြောဆိုလိုက်တယ်လို့ ဥရောပကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဟာလည်း ယူကရိန်း အကြပ်အတည်းက လွတ်မြောက်ရေး နည်းလမ်းတွေဆွေးနွေးဖို့ Kyiv မြို့ကို ဒီသီတင်းပတ်ထဲ သွားရောက်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ခင်ဝင့်ဝါ နဲ့ အင်တာဗျူး

Posted by drmyochit Monday, December 09, 2013, under | No comments


ခင်ဝင့်ဝါဟာ Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု ၄ ဆု ရရှိခဲ့ သူဖြစ်ပါ တယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ မျက်ကြည်လွှာကို လှူဒါန်းထားကြောင်းလည်း သိရတဲ့အတွက် အလှမယ် ခင်ဝင့် ၀ါကို ဧရာဝတီသတင်းဌာနက တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။


မေး။ ။ The Ideal Beauty ၀က်ဘ်ဆိုက်ကနေ ၂၀၁၃ ခုနှစ်အတွက် ပြိုင်ပွဲ ၆ ခုထဲကမှ အလှဆုံးအယောက် ၁၀၀ ကို ရွေးတဲ့ထဲမှာ ခင်ဝင့်ဝါ ပါဝင်နေတာ တွေ့ရတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ဒီလိုမျိုး အယောက် ၅၀၀ ကျော်ထဲကမှ ၁၀၀ ပဲရွေးတာ။ အဲဒီထဲမှာ ပါဖို့ဆိုတာက ကံ အရမ်း
ကောင်းမှ ရမှာပါ။ ညီမက နံပါတ် ၅၆ ဖြစ်တဲ့အတွက် အရမ်းအရမ်းကို ၀မ်းသာပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားပြိုင်ခဲ့ပြီး ဒီလိုမျိုးလည်း ထပ်ပြီးရွေးချယ်ခံရတယ်၊ အသိ အမှတ်ပြု ခံရတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ်။

မေး။ ။ တကယ်လို့ The Winners of Ideal Beauty သာရခဲ့မယ်ဆိုရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
ဖြေ။ ။ သူတို့တတွေက ဘယ်လိုပုံစံမျိုး ရွေးချယ်သွားမယ်တော့ မသိဘူး။ ငါ ရကိုရရမယ်လို့တော့ မျှော်မှန်း ထား တာမျိုး မရှိပါဘူး။ ကိုယ့်ထက် အများကြီးသာတဲ့ မယ်တွေ၊ ကိုယ့်ထက် အရမ်းအရမ်း လှတဲ့သူတွေ လည်း ရှိတော့ အရမ်းကြီး မျှော်လင့် မထားပါဘူး။ တကယ်လို့ အဲဒီစိန်ကို ရယူနိုင်မယ်ဆိုရင် အတိုင်းမသိ ပီတိဖြစ်မိမှာ အသေအချာပဲ။ ရတဲ့ဆုကိုလည်း ဘုရားကိုလှူမှာပါ။ ရွှေတိဂုံဘုရား ဌာပနာထဲမှာ ထည့်ပြီး လှူဒါန်းချင်တယ်။

မေး။ ။ ခင်ဝင့်ဝါ အနေနဲ့ ပြိုင်ပွဲတွေ ၀င်တဲ့အချိန်မှာ၊ အလုပ်တွေ လုပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကို ဘယ်လို တည်ဆောက်လဲ။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မွေးမြူတဲ့ နေရမှာ ကြိုတင် စိတ်ကူးထားတာမျိုးတော့ မရှိပါဘူး။ ဘယ်အလုပ်ကိုမဆို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ယုံကြည်မှုရှိရှိ လုပ်ဖြစ်တယ်။ ကိုယ့် ကိုယ် ကိုယ်လည်း အမြဲတမ်း လိုအပ်သေးတယ်ပဲ တွေးဖြစ်တယ်။ ငါ Perfect ဖြစ်နေပြီလို့ ဘယ်တော့မှ မတွေးမိ ဘူး။ အဲဒါကြောင့်လည်း Perfect ဖြစ်တဲ့သူဆိုတာ မရှိဘူး။ ဘယ်အရာ မဆို လိုအပ်သေးတာပဲလို့ မြင်ပြီး ကြိုးစားဖြစ်သွားတာပါ။ ဘယ်အလုပ်ကိုမဆို အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားတာပေါ့။ အရမ်းကြီး လွန်လွန်ကဲကဲကြီးတော့ ယုံကြည်ချက်ကို မထားပါဘူး။

မေး။ ။ ပြိုင်ပွဲဝင်နေတဲ့ ကာလတလျှောက်မှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူခဲ့ ရတော့ အခုလိုမျိုး ထပ်လောင်းရွေးချယ် ခံရတဲ့အပေါ် ဘယ်လိုမြင်မိသလဲ။
ဖြေ။ ။ ကံတရားအပေါ် မူတည်တယ်လို့ ပြောရပါမယ်။ အဓိကကတော့ ဘုရားတရားပေါ့။ ကိုယ်က ဗုဒ္ဓ ဘာသာ တယောက် ဖြစ်တဲ့အတွက် ဘုရားတရား အပေါ်လည်း ယုံကြည်တယ်။ ဘုရားမတာလည်းပါတယ်။ အခက်အခဲကနေ ကြိုးစားမှုအပေါ် မူတည်လာတဲ့ ရလဒ်တခုလို့ မြင်မိပါတယ်။ ညီမကို တိုက်ခိုက် မှုတွေတော့ ကြုံရပါတယ်။ အဲဒီလို တိုက်ခိုက်တဲ့ သူတွေကိုလည်း ဘယ်လိုမှ မတုံ့ပြန်ပါဘူး။ အားပေးတဲ့သူ ရှိသလို၊ အားမပေးတဲ့သူလည်း ရှိတယ်။ ဝေဖန်တဲ့သူရှိသလို ချီးမွမ်းတဲ့ သူလည်း ရှိတဲ့အတွက် အကုန်လုံးကိုတော့ တသမတ်တည်းပဲ စိတ်ထားပါတယ်။

မေး။ ။ ခင်ဝင့်ဝါ မျက်ကြည်လွှာလှူထားတယ်လို့ သတင်းကြားမိတယ်။ အဲဒါဟုတ်လား၊ ဘယ်လိုဖြစ်လို့ လှူဖြစ်ခဲ့တာလဲ။

ဖြေ။ ။ လှူဒါန်းဖြစ်တာက တော်တော်လေး ကြာပါပြီ။ မျက်ကြည်လွှာ လှူဒါန်းဖြစ်တာက ညီမ သူငယ်ချင်းတွေကနေ စတာပေါ့။ အမှန်အတိုင်း ပြောရရင် ညီမအရင်တုန်းက မျှော်မှန်းထားတာက ခန္ဓာကိုယ်ကို လှူဒါန်းချင်တာပေါ့။ ခန္ဓာကိုယ် ဆိုတာက ကိုယ်သေသွားရင် ဘာမှ မလိုအပ်တော့ဘူးလေ။ တကယ် လိုအပ်တဲ့ သူတွေအတွက် ကိုယ့်မှာရှိတဲ့ မျက်လုံးပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းထဲက ဘယ်ဟာ ကို ပဲ ဖြစ်ဖြစ် လှူဒါန်းလိုက်ရတဲ့ အတွက် ကိုယ်သေသွားလည်း ကုသိုလ် ရတယ်လို့ မြင်တယ်။ ငယ်ငယ်လေး ကတည်းက လှူဒါန်းချင်ခဲ့တာပါ။ တကယ်တမ်း အသက်အရွယ်ရလာတော့ လှူဒါန်းချင်လို့စုံစမ်းတော့ ခန္ဓာကိုယ်လှူဒါန်းမှုက ပြည့်သွားလို့ လက်မခံတော့ဘူး ဆိုပြီးကြားတယ်။ ဒါပေမယ့် လှူဒါန်းလို့ရတာ မျက်ကြည်လွှာတော့ အဆင်ပြေမယ်ပေါ့။ အဲဒါကြောင့် မျက်ကြည်လွှာပဲ လှူဖြစ်ခဲ့တာပါ။ ကိုယ်သေဆုံး သွားလို့ ကိုယ့်အတွက် တန်ဖိုးမရှိတဲ့အရာက သူများတွေအတွက် အထောက်အပံ့ဖြစ်ရင် ၀မ်းသာမိမှာပါ။

မေး။ ။ လှူဒါန်းမယ့် မျက်ကြည်လွှာကို ဂရုတစိုက် လုပ်ဖြစ်တာရှိလား။
ဖြေ။ ။ လှူဒါန်းမယ့် မျက်ကြည်လွှာကိုလည်း ကိုယ်သေသွားတဲ့အခါ တခြားတယောက် ထပ်မံ အသုံးပြုလို့ရအောင် လေ့ကျင့်ခန်းတွေ၊ မျက်လုံးသန့်စင်နည်းတွေနဲ့ ဂရုစိုက်ဖြစ်ပါတယ်။


မေး။ ။ ပရဟိတ ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သလဲ။ ဘာကြောင့် ပရဟိတတွေ အလုပ်တွေ လုပ်ဖြစ်တာလဲ။
ဖြေ။ ။ ပရဟိတတွေ လုပ်ဖြစ်တယ်။ ဒါပေမယ့် ညီမက ပရဟိတဆိုတဲ့ အဓိပ္ပာယ်ကို သေချာ နားမလည်ပေမယ့် လိုအပ်နေတဲ့ နေရာတွေမှာ သွားကူညီဖြစ်တယ်။ တကယ်လိုအပ်တဲ့ သူတွေကို လှူဒါန်းခွင့်ရလို့ ကိုယ်လည်း ပီတိဖြစ်ရသလို သူတို့လည်း ၀မ်းသာနိုင်မယ်။ အဲဒါကြောင့် ပရဟိတ အလုပ်တွေကို လုပ်ဖြစ်နေတာ ပါ။

မေး။ ။ ညီမအနေနဲ့ ၂၀၁၃ ဆီးဂိမ်းမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဖို့ စိတ်ကူးထားသလဲ။
ဖြေ။ ။ ညီမအနေနဲ့ ဆီးဂိမ်း အစတုန်းကတော့ ကူညီပေးဖြစ်တယ်။ နယ်တွေမှာ အားကစားသမားတွေကို သွား အားပေးတာတော့ လုပ်ပေးဖြစ်တယ်။ အခုတော့ ဆီးဂိမ်းမှာပါဝင်ဖို့ ကမ်းလှမ်းထားတာမျိုး မရှိသေးပါဘူး။ ကိုယ့်မြန်မာနိုင်ငံမှာ လုပ်တဲ့အတွက် ဘယ်လိုအခန်းကဏ္ဍ မျိုးပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင်လည်း လုပ်ပေးသွားဖို့ရှိပါတယ်။

မေး။ ။ လတ်တလော အနုပညာ လှုပ်ရှားမှုတွေ ပြောပြပါအုံး။
ဖြေ။ ။ သစ္စာနေခြည်၊ ရွှေစင်ဦး ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးတို့နဲ့ ဇာတ်ကားနှစ်ကား ရိုက်ပြီးပြီ။ ၁၀ ကားစီ စာချုပ်လည်း ချုပ်ထားပါတယ်။ ဒါရိုက်တာတွေက ညီမနဲ့လိုက်မယ့် ဇာတ်တွေကိုပဲ ရွေးပြီးရိုက်ပေးတယ်။ ညီမကလည်း သဘောကျတယ်။ စိတ်နဲ့ ထပ်တူကျပါတယ်။

မေး။ ။ ခင်ဝင့်ဝါကိုစောင့်ကြည့်နေတဲ့ ပရိသတ်ကို ဘာများပြောချင်သေးလဲ။
ဖြေ။ ။အခုနောက်ပိုင်း facebook သိပ်မသုံးဖြစ်တော့ ပရိသတ်တွေက ညီမဘာလုပ်နေသလဲဆိုတာ မသိကြဘူး။ အလုပ်တွေ အရမ်းရှုပ်နေတော့ ပရိသတ် ထိတွေ့မှုလည်း အားနည်းခဲ့ပါတယ်။ အဲဒါကြောင့် ပရဟိတတွေ၊ လူမှုရေး လှုပ်ရှားမှုတွေ လုပ်ဖြစ်နေပြီး ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေတဲ့အတွက် အားပေးကြပါ၊ ဝေဖန်ကြပါ။ ပရိသတ်တွေလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အရာအားလုံး ပြီးပြည့်စုံပါစေလို့ ဆုတောင်းပါတယ်။



မေမြန်မာ ~
ဧရာဝတီ မြန်မာပိုင်း စာမျက်နှာတွင် ဖော်ပြထားသည့် အင်တာဗျူးကို ပြန်လည် ကူးယူဖော်ပြ
ပေးလိုက်ပါတယ်။

Pattern Unlock tool (Beta) for Root android devices

Posted by drmyochit Monday, December 09, 2013, under | No comments


Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့

အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို

လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး

လိုက်ပါတော့တယ်။

Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။

ဒီ tool လေးက ခက်ခက်ခဲခဲ သုံးစရာတော့ ဘာမှမရှိပါဘူး ဖုန်းက root access ရှိရမယ် Debugging on
ထားရမယ်။ ဖုန်းကို ကွန်ပြူတာနဲ့ ချိပ်ပြီး Check Device နှိပ်လိုက်ရင် ရပြီ ကိုယ့်ဖုန်းက root access ရှိ
ရဲ့သားနဲ့ (Yes) or (No) မေးလာရင် Yes ကိုနှိပ်လိုက်ပါ။
Delete pattern ကိုနှိပ်လိုက်လို့ 100% ရောက်ပြီး Thanks you ပေါ်လာရင် reboot ကျတဲ့
အထိ စောင့်ပါ။

DOWNLOAD HERE

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်